Author Topic: အမောပြေဟာသမှတ်စု  (Read 439392 times)

0 Members and 2 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10913
Re: အမောပြေဟာသမှတ်စု
« Reply #110 on: May 19, 2011, 11:13:55 AM »
ဖတ်ဖူးတဲ့ဘလော့တစ်ခုထဲကပါ. ...
မည်သည့်နိုင်ငံတွင် အရက်သမား ပိုများသနည်း ဆိုသည်ကို
ဂေါ်ဘာချော့နှင့် ရေဂင်တို့ အလောင်းအစား လုပ်ကြသည် ၊
မော်စကိုသို့ ရေဂင်ရောက်လာသည် ၊ ၄င်းလက်ထဲသို့ နာမည်ကျော် "
ကာလတ်ရှနီကော့" အော်တိုမက်တစ် ရိုင်ဖယ်တစ်လက် ထည့်ပေးလိုက်ပြီး
" မြို့ထဲလျှောက်ကြည့်ပါ . .အရက်သမားတွေ့ရင် ပစ်သာပစ်လိုက်ပါ" ဟု
ဂေါ်ဘာချော့က ပြောသည်။
ရေဂင်သည် မော်စကိုမြို့လယ်ရှိ ရင်ပြင်နီသို့ထွက်လာသည်။
လီနင်အုန်ဂူရှေ့တွင် "ရေချိန်လွန်" နေသူ လူတန်းကြီးကိုတွေ့သည် ။
ကျည်ကပ် တစ်ကပ်ပြီးတစ်ကပ် ကုန်အောင် ရေဂင်ဆွဲချလိုက်သည် ။
ထို့နောက် ဂေါ်ဘာချော့ထံ ပြန်လာပြီး
" ခင်ဗျားတို့ဆီမှာ တွေ့သမျှလူတွေတိုင်း အရက်သမားတွေချည်းပါလား . .
ကျုပ်တို့ဆီကို လာကြည့်စမ်းပါ"
"စိတ်ချ . . လာခဲ့မယ် . .လာကိုလာခဲ့မယ်" ဟု ဂေါ်ဘာချော့စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
ဂေါ်ဘာချော့ . .နယူးယောက်ကို ရောက်လာသည် ။ အမ် ၁၆ တစ်လက် ကိုင်ကာ မြို့ထဲလျှောက်သည်။
နေရာအနှံ့ "ဆေး" သမား များကိုသာ တွေ့သည်။
ညနေပိုင်းရောက်လာ သောအခါ ပင်ပန်းပြီး စိတ်တိုနေသော ဂေါ်ဘာချော့သည်
ဘရောဒ်ဝေးဘက် တက်သည်။
မိုးပျံအဆောက်အအုံဧ။် အထပ် ၆၀ ခန့်တွင် တစ်ထပ်လုံးမီးလင်းနေပြီး ဆူညံသံ
ပုလင်းကွဲသံများ ကြားရသည်။
"ဒီနေရာမှာ အရက်သမားတွေရှိမှာပဲ "ဟု တွေးကာ ယင်းအထပ်သို့ တက်သည် ၊
ရောက်သော် အရက်ဘားတစ်ခုဖြစ်နေပြီး လူ၅၀ ခန့် မူးရူးပျော်ပါးနေကြသည်ကိုတွေ့
သည်။
အားလုံးလဲမူးနေသည်။
အားလုံးကို အမ်၁၆ ဖြင့်ဆွဲချလိုက်သည်။
နောက်တစ်နေ့သတင်းစာများတွင် " နယူးယောက် ဘားတစ်ခုမှာ နဖူးပေါ်တွင်
အမာရွတ်ပါသော အကြမ်းဖက်သမားတစ်ဦး
ဆိုဗီယက် သံရုံး ၀န်ထမ်းများအားလုံးကို ပစ်သတ်လိုက်ခြင်း"
ခေါင်းစဉ်ဖြင့် မျက်နှာဖုံးသတင်း ပါလာလေသည်။

*ရော်နယ်ရေဂင် ထိုစဉ်ကအမေရိကန်ပြည်ထောင်စုကသမ္မတ
*ဂေါ်ဘာချောဂ့် ယခင်ဆိုဗီယက်ယူနီယံ သမ္မတ
စစ်အေးတိုက်ပွဲကာလ အတွင်းမှ ဟာသဖြစ်ပါသည်

+6

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10913
Re: အမောပြေဟာသမှတ်စု
« Reply #111 on: May 19, 2011, 11:31:50 AM »
သတင်း

လူရွှင်တော်မင်းသားတစ်ဦးသည် အချိန်အတန်ကြာ ရုပ်ရှင်ကား ရိုက်ရန်
မည်သည့်ကုမ္ပဏီမှ မဖိတ်ခေါ်သဖြင့် စိတ်ဓာတ်ကျလျက်ရှိသည် တစ်နေ့ အိမ်သို့

ပြုံးပြုံး ရွှင်ရွှင်နှင့်ရောက်ရှိလာပြီး ကုမ္ပဏီတစ်ခုနှင့်
ကားရိုက်ရန်စာချုပ် ချုပ်လိုက်ပြီဖြစ်ကြောင်း၊မနက်ဇြန်တွင်
နယ်ထွက်ရိုက်ရမည်ဇြစ်ကြောင်း ဇနီးဖြစ်သူအားပြောသည်။

``သူတို့ စိတ်ပြောင်းခဲ့ရင် ဒီနေ့ ည ၁၂-နာရီ မတိုင်မီ
ကြေးနန်းနဲ့အကြောင်းကြားမယ်ကွ။´´

ည ၁၂-နာရီ မတိုင်မီ ၅ မိနစ် အလိုတွင် ကြေးနန်းရုံးမှ ကြေးနန်းစာလာပို့သည်။

မင်းသားသည် မျက်နှာအပျက်ကြီး ပျက်ကာ ကြေးနန်းစာကို ဖွင့်မဖတ်ဝံ့အောင် ဖြစ်နေသည်။

မိန်းမကတိုက်တွန်းသည်။

``ဖတ်မှာသာဖတ်စမ်းပါ၊ရှေ့မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူပြောနိုင်တာမှတ်လို့။´´

လက်နှစ်ဘက် တုန်တုန် ယင်ယင်ဖြင့်
ကြေးနန်းစာကိုမင်းသားဖွင့်သည်။တဖြည်းဖြည်းနှင့် ၎င်း၏မျက်နှာရွှေလမင်း
လိုဝင်းလက်လာသည်။

ထို့နောက် ကုလားထိုင်မှ ထခုန်ကာ ၀မ်းသာအားရပြောသည်။
``ဟေး ဟေး ဟေး၊ဟန်ကျလိုက်တာ၊စာချုပ်ကို သူတို့မဖျက်ဘူးဟေ့၊အခုကြေးနန်းက
မင်းအမေသေကြောင်း အကြောင်းကြားတဲ့ ကြေးနန်းကွ ရော့ ဖတ်ကြည့်။
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #112 on: May 19, 2011, 12:41:29 PM »
မေ.နေလို.

စိတ်ရောဂါကုပါရဂူကြီးသည် သူ၏ခြံထဲတွင်စိုက်ထားသောသစ်ပင်များအား
ရေမလောင်းရသည်မှာ အတော်ကြာနေပြီဖြစ်သဖြင့်
ရေပုံးလေးဆွဲ၍ အပြင်သို့ ထွက်မည်အပြုတွင်
မိန်းမဖြစ်သူမှ လှမ်းအော်ပြောလေသည်။
မိန်းမ…" ဟဲ့..ယောင်္ကျား ဒါကဘယ်တုန်း "
ယောင်္ကျား… " ခြံထဲဆင်းပြီး ပန်းပင်ရေလောင်းမလို့လေကွာ"
မိန်းမ…" ရှင်ရူးနေလား …အပြင်မှာ မိုးရွာနေတာကို "
ယောင်္ကျား…" အော်အေ..မင်းပြောမှဘဲသတိရတော့တရ်…ထီးယူဖို့မေ့နေတယ်"
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #113 on: May 19, 2011, 12:47:28 PM »
အရင်ထုတ်လိုက်ရမှာ

အမျိုးသမီးတစ်ယောက်သည် ဆရာဝန်ထံသို အော်ဟစ်ရောက်လာပြိး ..ဆရာဆရာ ကူပါအုံး ကျွန်မယောင်္ကျား

ကြွက်တစ်ကောင်မြိုချမိလို့.....ဆရာဝန်ကပြန်ပြောသည်  .....သူဆီပြန်သွားလိုက်ပါ၊သူပါးစပ်ရှေ့မှာ ဒိန်ခဲတစ်တုံးဝေ့ယန်းပြလိုက် ကျွန်တော်လိုက်လာခဲ့မယ်...

ဟုဆရာဝန်ကပြောလိုက်သည်။
ငါးမိနစ်လောက်ကြာမှဆရာဝန်ရောက်လာသည်။လူတစ်ယောက်သည်စက်တီပေါ်တွင်လှဲနေသည်။အမျိုးသမီးက

ထိုလူ၏ပါးစပ်နားတွင်
ငါးသလောက်ခြောက်တစ်ကောင်ကိုဝေ့ယန်းနေလေသည်။

ခင်ဗျားရူးနေလား ခင်ဗျားကို ကျုပ်    ဒိန်ခဲပြပါဆိုနေ...
ကျွန်မသိပါတယ်ဆရာရယ်ဒါပေမယ့် ကျွန်မကြောင်ကိုအရင်ထုတ်ရမှာဖြစ်လို့ပါ..
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #114 on: May 19, 2011, 12:50:40 PM »
တော်မှမတော်တာ

အလွန်နာမကျန်းဖြစ်နေသောအမျိုးသမီးသည် ခင်ပွန်းသည်အားပြောလေသည်။
.
.ကျွန်မသေမယ်ဆိုရင် ရှင်နောက်အိမ်ထောင်ပြုပါ၊ ဒါပေမယ့်ကျွန်မအဝတ်အစားတွေကိုတော့ နောက်မိန်းမကို ပေးမဝတ်ပါဘူးလို့

ကတိပေးပါ ဟုပြောလေသည်။ ယောက်ျားက

 စိတ်ချပါ ငါပေးမဝတ်ပါဘူး၊ ပြိးတော့

အဲဒါတွေကလည်းသူနဲ့မတော်ပါဘူးကွာဟု ပြန်ပြောလိုက်လေသည်။
+6

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #115 on: May 19, 2011, 03:26:38 PM »
ညစာအတူစားရအောင်
----------------------
"ခင်ဗျားနဲ့ ကျွှန်တော် မနက်ဖြန် ညစာ အတူစားကြရင် မကောင်းဘူးလား"
"သိပ်ကောင်းတာပေါ့"
" အဲဒီလိုဆိုရင် မနက်ဖြန် ည ရှစ်နာရီ၊ ခင်ဗျားအိမ်မှာ စားကြမယ်"

 

ဂီတ ချစ်သူ
__________
အရာခံဗိုလ်က တပ်သားများကို တန်းစီခိုင်းပြီးပြောသည်။
"ဂီတ ၀ါသနာပါတဲ့သူ ရှေ့ကို ခြေ ၃ လှမ်းတိုး "
တပ်သားနှစ်ယောက် ရှေ့သို့တိုးလိုက်သည်။
"ဒီ စန္ဒယားကို ၅ ထပ် တိုက်ပေါ်တင်လိုက်"
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #116 on: May 19, 2011, 03:32:30 PM »
သေတာပဲကောင်းတယ် . .
---------------------------------
တောမြို့လေးတစ်ခုတွင်ဖြစ်သည်။ အပျို ကြီး ၂ယောက် ခုံတန်းရှည်ပေါ်ထိုင်ကာ
ကြက်ဖ က ကြက်မ၏နောက်လိုက်သည်ကို ကြည့်နေကြသည်။ ကြက်မက ရှေ့ကပြေးသည်၊
ကြက်ဖကထက်ကြပ်မကွာ လိုက်သည်။ ကြက်မသည်အိမ်ကိုပတ်ပြီးပြေးနေရာမှ
ကတ္တရာလမ်းပေါ်တက် လိုက်သည်။ ထိုစဉ် အရှိန်နှင့်မောင်းလာသော ကုန်တင်ကား
ကကြက်မကို ကြိတ်သွားသည်၊ အပျိုကြီးတစ် ယောက်က အားတက်သရောပြောသည်။
"တွေ့တယ်မဟုတ်လား၊ သေတာကမှ ပိုကောင်းသေးတယ် ဆိုပြီး ကြက်မကဆုံးဖြတ်သွားတယ်"
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #117 on: May 19, 2011, 04:39:20 PM »
လွဲတုံးပဲ

 

မုဆိုးတစ်ယောက်ကအခြားတစ်ယောက်ကိုပြောသည်။

``ကျွန်တော့်ခွေးဟာ အင်မတန်ထူးဆန်းတဲ့ခွေးဗျ၊ ကျွန်တော် သားကောင်ပစ်လိုက်တိုင်း မထိရင်မြေပေါ်လှဲချပြီး ဟက်ဟက်ပက်ပက်ရယ်တယ်ဗျ။´´

``ခင်ဗျား ပစ်လို့ထိတဲ့အခါ ဒီကောင်ဘာလုပ်လဲဗျ´´

``မသိဘူး။ဒီကောင် ကျွန်တော့်ဆီရောက်တာ သုံးနှစ်ပဲရှိသေးတယ်။´´

 

မေမေကူပါ

 

ပီတာလေးကန်လိုက်သောဘောလုံးအိမ်နီးချင်းပြူတင်းပေါက်ကိုထိပြီးမှန်ကွဲသွားသည်။အမေဖြစ်သူက

ပီတာလေးကိုခြောက်လှန့်သည်။

``မင်းအဖေ မှန်အသစ်မယူလာမချင်း ပေါက်နေတဲ့အပေါက်ကို မင်းရဲ့ဖင်ပြောင်နဲ့ပိတ်ပေးရမှာပဲ၊ နားလည်ထား။´´

ပီတာလေးမျက်ရည်များကြားကပြောသည်။

``ကျွန်တော်ထမင်းစားချိန်မှာ ကျွန်တော့်အစား မေမေပိတ်ပေးနော်။´´

 

မှားပြီ

 

အမျိုးသမီး - လမ်းတစ်လျှောက်လုံး ရှင်ဘာဖြစ်လို့ကျွန်မနောက်လိုက်နေရတာလဲရှင့်။

အမျိုးသား - အခုခင်ဗျားကျွန်တော့်ဘက်လှည့်ပြီးပြောလိုက်တော့မှအဲ့ဒီမေးခွန်းကို

ကျွန်တော့်ကိုယ်ကျွန်တော်မေးမိတယ်ဗျာ။

 

ဖြေနိုင်တာကိုး

 

ဆရာကတပည့်ကိုမေးသည်။

``တပည့်ရဲ့နာမည်ဘယ်လို´´

``မောင်မြပါ´´

ကျောင်းသားကကျေနပ်ပြီးပြုံးသည်။

``ဘာဖြစ်လို့ပြုံးတာလဲ´´

``ပထမမေးခွန်းကို ဖြေလိုက်နိုင်လို့ပါ။´´

 
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #118 on: May 19, 2011, 04:43:12 PM »
ကူညီပါရစေ

 

မော်ဒယ်အမျိုးသမီးကိုဓာတ်ပုံဆရာကပြောသည်။

``ကိုင်းအခုလေးလေးနက်နက်စဉ်းစားနေတဲ့ပုံလေး လုပ်လိုက်ပါ။ မဟုတ်ဘူး။ ဒီလိုမဟုတ်ဘူး၊ ခက်ခက်ခဲခဲတွေးနေရတဲ့မျက်နှာ အမူအရာဗျာ၊

ဟာ ဒီလိုလဲမဟုတ်သေးဘူး၊ကိုင်း ခင်ဗျားကို ကျွန်တော်ကူညီမယ်။ ရှစ်ကိုးလီဘယ်လောက်လဲဗျာ၊ပြောစမ်း....ကဲ။´´

 

 

မုဆိုးသုံးယောက်အရက်ဘားတွင်ထိုင်ပြီးမိမိတို့၏အောင်မြင်မှုအကြောင်းကိုပြောနေကြသည်။

ပထမလူကပြောသည်။

``ကျွန်တော့်ဆီကို ကြံ့ကြီးတစ်ကောင်ပြေးလာတယ်။ သုံးကိုက်အကွာအထိ ဒီကောင်ကျွန်တော့်အနား ပြေးလာခွင့်ပြုပြီးမှ ကျွန်တော်

မောင်းကိုဖြုတ်ချလိုက်တယ်။ ပွဲခြင်းပြီးသေပါလေရော။´´

ဒုတိယလူကပြောသည်။

``ကျွန်တော်ဆင်တွေကိုလိုက်တုံးကဆင်ရိုင်းတစ်ကောင်ကို၂ကိုက်အထိ အနားကပ်ခွင့်ပြုလိုက်ပြီးမှ ကျည်တစ်တောင့်တည်းနဲ့ဒီကောင့်ကို ဘုန်းကနဲ

လဲအောင်လုပ်လိုက်နိုင်တယ်။´´

တတိယလူကပြောသည်။

``ကျွန်တော့်ကျတော့ကျွဲရိုင်းဗျ ဒီကောင်ကျွန်တော့်ကိုဝှေ့ဖို့အတင်းပြေးလာတယ်။ ၁ကိုက်အကွာမှာ ဒီကောင့်ကိုကျွန်တော်ပစ်ချလိုက်တယ်။´´

ဘေးစားပွဲတွင်ထိုင်နေသောလူကြီးတစ်ယောက်က၀င်ပြောသည်။

``ခင်ဗျားတို့ပြောတာဘာဟုတ်သေးလဲ

ကျွန်တော့်အဖြစ်ကိုပြောပြမယ်။ခြင်္သေ့ကကျွန်တော့်ကိုမကျေမနပ်ဟိန်းတယ်။

ကျွန်တော်ဒီကောင့်အနားကိုကိုက်ဝက်လောက်ထိကပ်သွားတယ်။

ဘာလက်နက်မှလဲမပါဘူး။ ဒီကောင့်အပေါ် ကျွန်တော်ရှူးရှူးပေါက်ချလိုက်တယ်´´

မုဆိုးသုံးယောက်စလုံးအံ့သြသံဖြင့်ဝိုင်းမေးကြသည်။

´´အဲ့ဒီတော့ဘာဖြစ်သွားသေးလဲဗျ´´

´´ဘာဖြစ်ရမလဲ၊ တိရစ္ဆာန်ရုံဝန်ထမ်းတွေ ကျုပ်ကိုလက်သီးစာကျွေးပစ်လိုက်တာပေါ့´´
+8

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3984
Re: အမောပြေဟာသမှတ်စု
« Reply #119 on: May 20, 2011, 12:48:34 AM »
မြန်မာ စကားပုံများနှင့် မြန်မာ့အင်တာနက်


Gateway များပြုပြင်ပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကို ဆိုလိုသည်။

 

ကိုယ့်ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင်

Connection မကောင်းလျက်နဲ့ Facebook ဗီဒီယိုများကြည့်လိုခြင်းကို ဆိုလိုသည်။

 

ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း

Connection ကောင်းရာ လိုင်း/ အင်တာနက်ဆိုင် ကိုပြောင်းသုံးသည်။

 

ဂါထာပေး တေးဖြစ်

မြန်မာနိုင်ငံတွင် MS Office 2007, 2010 စသည်တို့ကို ဖောဖောသီသီ သုံးစွဲခြင်းကိုဆိုလိုသည်။

 

ငါးစိမ်းမြင် ငါးကင်ပစ်

ပထမ Dial-up, နောက် Broad Band, ADSL, IP star, WiMax, CDMA 800Hz, McWiLL, Sky Net, FTTX  စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲ ခြင်းကို ဆိုလိုသည်။

 

စိန်ကောင်း ကျောက်ကောင်းရောင်းဝယ်ရာ ဆေးရိုးသည်ကန့်လန့်

ဆေးရိုးသည် = Access Denied Page

 

ဆင့်ပါးစပ် နှမ်းပက်

ဆင့်ပါးစပ် = Internet Users

နှမ်း         = Internet Bandwidth

 

ညောင်ဦးကမ်းပါးပြို စမ္မနဂိုက နွားမပေါင်ကျိုး

မိုးခြိမ်းသဖြင့် အင်တာနက်လိုင်းကျသွားသည်.... :D

 

တစ်ခါသေဖူး ပျဉ်ဖိုးနားလည်

ဒုတိယအကြိမ် ကွန်ပျူတာသွားဝယ်ခြင်းကို ဆိုလိုသည်

 

တစ်ရွာ တစ်ကျီဆောက်သည်

ရောက်ရာ ဆိုဒ်၊ ရောက်ရာ နေရာတွင် အကောင့်များစွာဖွင့်သည်

 

ထိုင်နေရင်အကောင်း ထသွားမှ ကျိုးမှန်းသိသည်

ကောင်းမလားလို့ Windows 7 (64-bits) ပြောင်းတင်ကာမှ Drivers ရှာမရတာနဲ့ တိုးနေသည်။

 

ဒူးလောက်တင်မှ ရင်လောက်ကျသည်

Download ဆွဲနေစဉ် ကြာမည့်အချိန်တွင် ပေါ်သော နာရီဂဏန်းကို ဆိုလိုသည်။

 

နဂိုရှိမှ နကိုင်းထွက်သည်

Laptop အဟောင်းကို ပစ္စည်းထည့်၊ မွမ်းမံနေရုံဖြင့် သိသိသာသာ ပိုမမြန်နိုင်၊ ပိုကောင်းသာ အသစ်ဝယ်မှရမည်။

 

ပန်းထိမ်မတတ်ခင် ရွှေခိုးသင် (ဝမရှိပဲ ဝိလုပ်သည်)

မြန်မာစာလက်ကွက်ကို ကောင်းစွာ မရိုက်တတ်သေးပဲ ချက်တင်ပွားချင်သူများကို ဆိုလိုသည်။

 

ပျက်အစဉ် ပြင်ခဏ

MPT (ဟိုတလောက လိုင်းတွေပြင်တုန်းက အင်တာနက် အရမ်းကောင်းသည်)

 

ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်

ဘန်းဆိုက်များကို proxy ဆိုဒ်ဖြင့် ကျော်ကြည့်နိုင်သော်လည်း ထို proxy ဆိုဒ်ကိုပါ ပိတ်ထားသောအခါ...

 

ဗူးကောင်းမှစင်ခံ၊ လင်ကောင်းမှစံ

ကွန်နက်ရှင်ကောင်းမှ အင်တာနက် အရသာကိုသိနိုင်သည်။

 

ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း

ဒေါင်းလုပ်ဆွဲထားရင်း ချက်တင်ပွားခြင်းကို ဆိုလိုသည်။

 

မမှားသောရှေ့နေ၊ မသေသောဆေးသမား

မကျဖူးသော ကွန်နက်ရှင်လိုင်း....

 

မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည်

နေ့လည်ပိုင်းကြီး ကွန်နက်ရှင်ကောင်းနေခြင်းကို ဆိုလိုသည်။

 

ရှင်ဘုရင့်ပုဆိုး ပိုးချည်းပဲ

Mac Book Air, Pro, iPad 2, iPhone 5

 

လင်းတလောက်တော့ ငှက်တိုင်းလှသည်

လင်းတ = မြန်မာပြည် ကွန်နက်ရှင်

 

လယ်ထွန်သွား နွားမေ့

အင်တာနက်သုံးရန်သွားရာ Facebook, G-mail account Password များမေ့နေခြင်းကို ဆိုလိုသည်။

 

လသာတုန်းဗိုင်းငင် (မိုးရွာတုန်းရေခံ၊ အချိန်ရှိခိုက် လုံ့လစိုက်၊ အချိန်နှင့် ဒီရေသည် လူကို မစောင့်)

ညဥ့်နက်သန်းခေါင် လူများအိပ်ချိန် ဒေါင်းလုပ် ထဆွဲခြင်းကို ဆိုလိုသည်။ လင်းကြက်တွန်လျှင် လိုင်းပြန်ကျတော့မည်။ (ကွန်နက်ရှင် လဲ သရဲကားထဲက သရဲတွေလိုပဲ။ နေ့ပိုင်းပျောက်နေ။ ညပိုင်းပေါ်လာ.. မိုးလင်းလျှင် မရှိတော့)

 

ဝက်ဖြစ်မှ မစင်မကြောက်နှင့်

အင်တာနက်သုံးမှတော့ ထိုင်စောင့်ရမှာ မကြောက်ပါနဲ့။

 

သန်းခေါင်ထက် ညဥ့်တိုးမနက်

Connection Speed ဟူသည် 0KB/s သာရှိသည်။ -5KB/s ဟူ၍ မရှိပါ။

 

သေချင်တဲ့ကျား၊ တောပြောင်း

မြန်သည်ဟုပြော၍ EVDO ပြောင်းသုံးကာမှ လိုင်းကျတာနဲ့ချည်းတိုးနေသည်။

 

အုတ်ရောရော ကျောက်ရောရော

Facebook News Feed များကို ဆိုလိုသည်။ အရေးကြီးတာရော၊ မကြီးတာရော၊ Spam များပါ တက်လာလေ့ရှိသည်။

 

အရေးကြီးတော့ သွေးနီးရာ

အင်တာနက်သုံးသူအချင်းချင်း ကောင်းတာလေးတွေ၊ Proxy, softwares စသည်ဖြင့် မျှဝေသည်။

 

အငိုလွယ်လျက် အရှိုက်ခက်သည်

Download လွယ်သလောက် Upload ခက်သည်။

 

အရူးမီးဝိုင်းသလို

တပြိုင်တည်း G-talk 20 ဦး ခန့် ကိုပြောခြင်း။

 

အကြံတူရန်သူ

အင်တာနက်ဆိုင်တွင် ၂ယောက်တပြိုင်တည်း ဒေါင်းလုပ်ပြိုင်ဆွဲသည်။

 

အနာပေါ်တုတ်ကျသည်

ဤစာကို MPT မှ လူများဖတ်သည့်အခါ ဖြစ်မည့်ပုံစံ.. :D

 

 

Credit By Than Htike Aung
+16
« Last Edit: May 20, 2011, 12:50:11 AM by drlanmadawthar »
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Tags: