Author Topic: အမောပြေဟာသမှတ်စု  (Read 438935 times)

0 Members and 2 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10912
Re: အမောပြေဟာသမှတ်စု
« Reply #80 on: May 12, 2011, 12:59:56 PM »
ရိုက်စစ်စရာတောင်မလိုဘူး…
==============

လူတစ်ယောက်ဟာ ကားမောင်းနေစဉ်မှာ သူ့နောက်က ရဲကားလိုက်လာတာနဲ့ ရပ်ပေးလိုက်ရတယ်. ပြတင်းပေါက်မှန်ကိုချပြီးတော့ ကားမောင်းသူက ရဲကိုပြန်မေးတာပေါ့.

ကားမောင်းသူ။ “ဘာများပြဿနာရှိလို့လဲ ဆရာ”

ရဲအရာရှိ။ “No. No. ဘာမှ ပြဿနာမရှိပါဘူး. ခင်ဗျားကားမောင်းသွားတာ အရမ်းကိုကောင်းမွန်ပါတယ်. ဒါကြောင့်မို့ Safe Driver Award အနေနဲ့ $ 5000 ဆုချမလို့ပါ. ချီးကျူးပါတယ်ဗျာ. ဒါနဲ့ ဒီဆုကြေးငွေကို

ခင်ဗျားဘာလုပ်မယ် စိတ်ကူးထားလဲဗျ.

ကားမောင်းသူက ခဏလောက်စဉ်းစားပြီးတော့

“အင်း. ကားလိုင်စင် သွားလျှောက်မယ်လို့ စဉ်းစားထားပါတယ်..”

အဲဒီ့အချိန်မှာပဲ ကားနောက်ခန်းမှာ ထိုင်နေတဲ့ အမျိုးသမီးက ရဲအရာရှိကို အော်ပြောသတဲ့။

“ဆရာ. သူပြောတာတွေကို အရေးစိုက်မနေပါနဲ့. သူကမူးရင်အဲလိုပဲ ပေါက်ကရလေးဆယ် လျှောက်ပြောတတ်တယ်..”

အဲလိုပြောနေစဉ်မှာပဲ နောက်ခန်းမှာထိုင်နေတဲ့ နောက်ထပ် ယောင်္ကျားတစ်ယောက်က လှမ်းပြောသတဲ့။

“ငါ မင်းတို့ကို ပြောသားပဲ. ခိုးလာတဲ့ကားကိုမောင်းရင် ဒီလောက်ဝေးဝေးသွားနိုင်မှာ မဟုတ်ဘူးလို့”

အဲလိုချီတုံချတုံပြောနေစဉ်မှာပဲ ကားနောက်ခန်းအံဝှက်ထဲကနေ အသံခပ်အုပ်အုပ်ထွက်လာသတဲ့။

“ပော့ ငါတို့ နယ်စပ်ကို ကျော်ပြီးသွားပြီလား..”

by ရန်အောင်
+7

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10912
Re: အမောပြေဟာသမှတ်စု
« Reply #81 on: May 12, 2011, 01:19:12 PM »
စိတ်ချ

" အချစ်အတွက်ဆိုရင် ဘာပဲ လုပ်ရလုပ်ရ ၊ ဘာနဲ့မှ မလဲနိင်ဘူး ။

အရာအားလုံးကို စွန့်လွှတ်ရဲတယ်ဘယ်အရာမှ လာပြီး တားလို့ မရဘူးကွ "

" ကဲပါ ယုံပါပြီ ရှင်ရယ် ၊ ဒီညနေ ရုပ်ရှင်လိုက်ပြဖို့

ချိန်းထားတာလည်း မေ့မနေနဲ့ဦးနော် "

" စိတ်ချ စိတ်ချ ဖဲဝိုင်းမလုပ်ဖြစ်ဘူးဆိုရင် ဆက်ဆက်

လာခေါ်မယ် စောင့်နေ "

သူဘယ်မှာလဲ....

ကိုလှ - ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ

ဘာဖြစ်နေတာလဲဗျ။

ကိုမြ - သွားကိုက်လို့ပါဗျာ။

သွားဆရာဝန်ကောင်းကောင်းတစ်ယောက်လောက်ခင်ဗျားသိလား။

နှုတ်ပစ်မလို့ အဲဒီသွားကို။

ကိုလှ - ဟာ.နှုတ်ပစ်စရာမလိုပါဘူးဗျာ။ ကျနော့လိုလုပ်ပါလား။

ဟိုနေ့ကကျနော်လဲသွားကိုက်တာ၊

အဲဒါကျနော့မိန်းမကိုခေါ်ပြီး

နှုတ်ခမ်းချင်းစုပ်ပြီးနမ်းလိုက်တာဘယ်လိုဖြစ်တယ်မသိဘူး ကောင်းသွားရောဗျ။

ခင်ဗျားလည်းစမ်းကြည့်ပါလား။

ကိုမြ - ဟာ...အဲဒါဆိုမဆိုးဘူးဗျ။ ကျနော်စမ်းကြည့်မယ်ဗျာ။

ဘယ်မှာလဲ ခင်ဗျားမိန်းမ။
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10912
Re: အမောပြေဟာသမှတ်စု
« Reply #82 on: May 12, 2011, 01:33:18 PM »
နေရာ

မျက်နှာမသာမယာဖြင့် ကိုချူချာ အိမ်ပြန်ရောက်လာသည်။

ဦးလေးဖြစ်သူက ။ ဘာဖြစ်လာတာလဲ ချူချာ

ချူချာ ။ ရေးကူးသင်တန်းက ထုတ်ခံရလို့ဗျ

ဦးလေး ။ ဘာဖြစ်လို့လဲကွ

ချူချာ ။ ရေကန်ထဲ ရှုးပေါက်မိလို့ဗျ

ဦးလေး ။ ဟေ…သူများတွေလည်း ဒီလိုပဲ မသိမသာလေး ပေါက်နေကြတာလေ

ချူချာ ။ အဟီး……ကျွန်တော်က ဒိုင်ဗင်စင်ပေါ်ကနေ တက်ပေါက်မိလို့ပါ။

*တွေ့ရင်ပြောမယ်*

ကိုချူချာကို လူဆိုးနှစ်ဦး တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ပြီး ကမ်းဆိပ်သို့ အတင်းဆွဲခေါ်လာသည်။

ကိုချုချာ၏ခေါင်းကို ရေထဲနှစ်လိုက်သည်။ ခဏအကြာတွင် ပြန်ပြီးမေးသည်။

“ပိုက်ဆံရှိသလား”

“မရှိဘူး”

ကိုချူချာကို ရေထဲနှစ်လိုက်ကြပြန်သည်။ ပထမအကြိမ်က ထက် အနည်းငယ်

ပိုကြာအောင်ထားလိုက်သည်။ ထို့နောက် ပြန်ဖော်ပြီးမေးသည်။

“ရွှေကောရှိသလား”

“မရှိဘူး”

“ခေါင်းမာတဲ့ အကောင်” ဟုပြောပြီး လူဆိုးများ ကိုချူချာကို

ရေထဲနှစ်လိုက်ပြန်သည်။ ခဏကြာသောအခါ ပြန်ဖော်ပြီးမေးသည်။

“ပိုက်ဆံမရှိဘူး ဟုတ်လား”

“ဟုတ်တယ် မရှိဘူး”

“ရွှေလည်းမရှိဘူး ဟုတ်လား”

“ဟုတ်တယ် မရှိဘူး”

“အဲဒါဆို ဘာရှိလဲပြော”

“ရေနောက်နေတော့ ဘာမှ မမြင်ရဘူး၊ ကျွန်တော့်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊

တွေ့ရင်ပြောပါ့မယ်။”       by  ourmandalay
+7

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10912
Re: အမောပြေဟာသမှတ်စု
« Reply #83 on: May 12, 2011, 04:33:01 PM »
ကျေးဇူးပါ

 

ကုမ္ပဏီပိုင်ရှင်တစ်ယောက်က ၃လ အတွင်း မန်နေဂျာရာထူးအထိရောက်ရှိလာသော လူငယ်တစ်ယောက်အား ခေါ်ယူကာ ချီးကျူးပြောဆိုလေသည်။

ပိုင်ရှင်။   ။ မင်းဟာ ဒီအလုပ်ကို လွန်ခဲ့တဲ့ ၃ လမှ စလုပ်တယ်။ ၂ ပတ်အတွင်းမှာပဲ ရာထူးတက်တယ်။ နောက် ၁ လ အကြာမှာ လက်ထောက်မန်နေဂျာဖြစ်လာတယ်။ နောက် ၆ ပတ် အကြာကြတော့ မင်း

မန်နေဂျာရာထူးအထိ ရောက်လာတယ်။ မင်းတော်တော်ကြိုးစားတဲ့ သူငယ်ပဲ။ မင်းကိုပိုင်ဆိုင်ရတဲ့အတွက် ဂုဏ်ယူတယ်ကွာ။ ကဲ… ဘာပြောချင်သေးလဲ။

လူငယ်။   ။ ကျေးဇူးပါအဖေ။

" သူဌေး ဖြစ်သွားပုံ "

" တောကနေပြီး ဒီမြို့  ကို ကျွန်တော် ရောက်စမှာတော့ လက်ထဲမှာ ငါးဆယ်တန် တစ်ရွက်ပဲ ရှိတယ် ဗျ...အဲဒါနဲ့  ဈေးထဲမှာ အာလူးနည်းနည်း ၊ ခရမ်းသီးနည်းနည်း ၊ ကုလားပဲ နည်းနည်း စီဝယ်ပြီး

ဟင်းချက်ရောင်းတာ တစ်ရာရတယ် ...ရလာတဲ့  ငွေတစ်ရာနဲ့  ကုလားပဲ၊ အာလူး ၊ ခရမ်းသီး ဝယ်ပြီး ဟင်းချက်တာ ငွေနှစ်ရာ ဖြစ်လာတယ် .....

" အော် သိပြီ သိပြီ ...အခုလို ဆပြန်တိုး အရင်းပြုပြီး ဟင်းချက်ရောင်းရင်း ကုမ္ပဏီပိုင် သူဌေးကြီး ဖြစ်လာတာပေါ့ နော် "

" ဟင့် အင်း ... အဲလို ဟင်းချက်ရောင်းနေတုန်း တစ်နှစ်လောက် ကြာတော့  ကျွန်တော့်  ဦးလေး ဆုံးသွားတယ်..သူက လူပျိုကြီးဆိုတော့  အမွေဆက်ခံသူအဖြစ် ကျွန်တော့်  ကို သူပိုင်တဲ့  ကုမ္ပဏီ

လွှဲပေးသွားတယ်လေ."

 
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10912
Re: အမောပြေဟာသမှတ်စု
« Reply #84 on: May 12, 2011, 05:13:15 PM »
စေတနာပိုသွားတယ်

တစ်ခါကဆိုဗီယက်ဝန်ကြီးများရုံးသို့ လူငယ်တစ်ဦး အလုပ်လာလျှောက်သည်။ အိမ်သာသန့်ရှင်းရေးလုပ်သားနေရာသာ လစ်လပ်နေသဖြင့် လုပ်လိုက လုပ်နိုင်ကြောင်းလူငယ်အား ပြောသည်။

လူငယ်က သဘောတူလိုက် ရာ်.စစ်ဆေးမှုသေချာလုပ်ပြီးခန်.လိုက်၏။ လူငယ်လည်း အလုပ်လုပ်ရင်း သီချင်းနားထောင်နိုင်ရန် အိမ်သာရှေ.နားတွင် ကက်ဆက်တစ်ခုထားလိုက်ပ်ါသည်။

လူငယ်ပထမဆုံးအလုပ်စဆင်းသည့်နေ့ဖြစ်သည်။

ဝန်ကြီးရုံးသို့ ၀န်ကြီးတစ်ဦးရောက်လာပြီး အိမ်သာဘယ်မှာလဲဟု လူငယ်အားမေးရာ လူငယ်က ၀န်ကြီးကို အိမ်သာသို့ လိုက်ပို့ပေးသည်။

အိမ်သာခန်းထဲသို့ ၀န်ကြီးဝင်သွားသောအခါကတ်ဆက်ကို လူငယ်ဖွင့်လိုက်သည်။်´အော်ဂန်အသားပေးပြီးတီးထားသော´သီချင်းသံငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။

မကြာမီ အိမ်သာခန်းထဲမှ စောစောက၀န်ကြီးထွက်လာသည်။

“မောင်ရင် ဒီမှာ အလုပ်လုပ်နေတာ ကြာပြီလား´´

“ဒီနေ့ ပထမနေ့ပါခင်ဗျ´´

“အေး မင်းကိုရာထူးတိုးပေးရမယ်´´

မကြာမီ နောက်အရာရှိကြီးတစ်ဦး ရောက်လာသည်၊ အိမ်သာခန်းထဲ အရာရှိကြီးရှိနေစဉ်´ခပ်မြူးမြူး´တေးသွားကိုဖွင့်ပေးလိုက်သည်။

ထိုအရာရှိလဲ စိတ်ကျေနပ်မှုရကာရာထူးတိုးအောင် ထောက်ခံပေးမည်ဟု လူငယ်ကို ကတိပြုသွားသည်။

နောက်တစ်ခါ ရောက်လာသူကား ထိုစဉ်ကခေါင်းဆောင်ကြီးကိုယ်တိုင်ဖြစ်သည်။

“ဒီအနားမှာ အိမ်သာရှိသလားဟေ့´´

လူငယ်ကခေါင်းဆောင်ကြီးကို လိုက်ပို့သည်၊

ထို့နောက် “နိုင်ငံတော်သီချင်း´´သီချင်းကိုဖွင့်ပေးလိုက်သည်။

အတန်ကြာသောအခါ အိမ်သာခန်းထဲမှ မျက်ထောက်ကြီးနီပြီး ခေါင်းဆောင်ကြီးထွက်လာသည်။

“မင်းဒီမှာ လုပ်နေတာကြာပြီလား´´

“ပထမနေ့ပါခင်ဗျာ´´

“အေး- ပထမနေ့နဲ့နောက်ဆုံးနေ့ပဲ မှတ်လိုက်ပေတော့´´

“ဘာဖြစ်လို့လဲခင်ဗျာ၊ ကျွန်တော်ဘာများမှားတာလုပ်မိပါလို့လဲ ခင်ဗျာ´´

“ငါ့တစ်သက်မှာ ဒီတစ်ခါပဲ မတ်တပ်ရပ်ပြီး ကျင်ကြီးစွန့်ရလို့ဟေ့´´


+6

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10912
Re: အမောပြေဟာသမှတ်စု
« Reply #85 on: May 12, 2011, 05:15:46 PM »
မခေါက်နဲ.

ညအချိန်မတော် မိမိ၏ အိမ်ခန်းတံခါးကို ပြင်းထန်စွာ ခေါက်သံကြားသဖြင့်

ကိုမြသည် စိတ်ဆိုးမာန်ဆိုးဖြင့် ၊

“ဟေ့ ၊ ဘာလို့တံခါးခေါက်တာလဲ ၊ ဘာလိုချင်လို့လဲ” ဟု အသံမာမာဖြင့် မေးလိုက်သည် ။

“ခင်ဗျားရဲ့  အထပ်မှာ မီးလောင်နေလို့ဗျို့ ” ဟု အပြင်မှ ပြန်အော်ပြောသည်

“အဲဒါ ဘာဖြစ်လဲ ကျုပ်က ထမင်းချက်ပဲ ၊ မီးသတ်သမားမှ မဟုတ်တာ”.. ဟာသများ - အလင်းသစ်

ယုံကြည်ပြီးသား


ရုပ်ရှင်မင်းသားတစ်ယောက်အား အင်တာဗျူးလုပ်ရာတွင်...

ဗျူး။...........။ မင်းသားကအနုပညာသမားဆိုတော့ တစ်ချိန် စီးပွားရေးလုပ်ရင် ဒါနဲ့ပတ်သက်တာပဲလုပ်မှာလား ....

မင်းသား။.....။ တစ်ချိန်တော့ မပြောတတ်သေးဘူး...အခုတော့ ထီဆိုင်ဖွင့်ထားတယ်
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10912
Re: အမောပြေဟာသမှတ်စု
« Reply #86 on: May 12, 2011, 06:00:57 PM »
ရာသီခွင်နှင်.ပက်သက်သော

(၁) Aries (မိဿရာသီဖွား — မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ)

မေမေ “Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။ ကောင်လေးတွေ

သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်”

Aries “ဟုတ်ကဲ့ပါ မေမေ”

ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး “မေမေ… မေမေ ဒီနေ့

အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်”

မေမေက စိတ်တိုပြီး “စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?”

Aries “သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင် ချွတ်ထားပြီးမှ

ဒါန်းစီးတာပါ”

(Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်)



၂) Taurus (ပြိဿရာသီဖွား–ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ)

ဖရဲသီးရောင်းသူ “လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး”

ရေဆာနေတဲ့ Taurus ” အတော်ပဲ… ကျွန်တော့်ကို မချိုတာပေးပါ”

(Taurusဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ဘေးချော်ချင်သည့်တိုင်

ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)



(၃) Gemini (မေထုန်ရာသီဖွား– မေ ၂၁ မှ ဇွန် ၂ဝ အတွင်းမွေးဖွားသူ)

မေမေ “Gemini ရေ ထတော့ ကြက်ဖတောင်တွန်နေပြီ”

Gemini “အာ….. မေမေကလဲ! ကြက်ဖတွန်ရင် တွန်ပစေပေါ့။ သမီးက ကြက်မမှမဟုတ်တာ”

(Gemini ဖွားက ကိုယ့်ကို သိတတ်လိုစိတ်၊ ကိုယ်ပိုင်တွေးတောစိတ်

ပြင်းထန်သူဖြစ်တယ်)



(၄) Cancer (ကရကဋ်ရာသီဖွား– ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်းမွေးဖွားသူ)

Cancer “ဒီည သားမေမေနဲ့အိပ်မယ်”

မေမေ “သား မိန်းမယူပြီးလည်း မေမေနဲ့အိပ်မှာလား?”

Cancer “အင်း”

မေမေ “ဒါဆို သားမိန်းမဘယ်လိုလုပ်မလဲ?”

Cancer “ဖေဖေနဲ့ ပေးအိပ်လိုက်မယ်”

(Cancerဖွားက မိခင်ကိုစွဲလမ်းသူ၊ မှီခိုသူဖြစ်တယ်)


Leo (သိဟ်ရာသီဖွား– ဇူလိုင် ၂၃ မှ သြဂုတ်၂၂ အတွင်းမွေးဖွားသူ)

Leo “ဒီတင်ပါးပုံပေါက်စီကို လူတွေဘာလို့ စားကြတာလဲ?”

ဆိုင်ထဲက ပေါက်စီစားသူတွေ နေရထိုင်ရခက်ကုန်တယ်။ Leoက ပဲပေါက်စီတစ်လုံး

ယူလိုက်တယ်။

Leo “မေမေ.. မေမေ… တင်ပါးထဲမှာ အီးတွေနဲ့….”

ပေါက်စီစားသူတွေ အန်လုလုဖြစ်ကုန်ကြတယ်။

(Leoဖွားက ကိုယ်ပိုင်ခံစားချက်နဲ့ ဘေးလူရဲ့အကြည့်၊ အပြောကို

သိပ်ဂရုမစိုက်တတ်သူဖြစ်တယ်)


(၆) virgo (ကန်ရာသီဖွား– သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသူ)

virgoက ကိုယ့်ချက်ကိုကြည့်ပြီး “ဒါဘာလဲ”လို့ ဖေဖေကို တအံ့တသြမေးတယ်။

ဖေဖေက “ချက်ကြိုးက ကလေးငယ်ကို မိခင်နဲ့ဆက်ထားပေးတယ်။ မိခင်ဝမ်းတွင်းက ခွါတာနဲ့

ဆရာဝန်က ချက်ကြိုးကိုဖြတ်ပြီး အထုံးထုံးပေးလိုက်တယ်။ အဲဒီလိုနဲ့

ချက်ဖြစ်လာခဲ့တယ်” လို့ အတိုချုံးရှင်းပြလိုက်တယ်။

virgo “ဆရာဝန်က ဘာဖြစ်လို့ လိပ်ပြာပုံဖဲကြိုးလေး မထုံးပေးတာလဲ မသိဘူးနော်”

(virgoဖွားက စူးစမ်းလိုစိတ်များပြီး ပြီးပြည့်စုံမှုကို လိုလားသူဖြစ်တယ်)


(၇) Libra (တူရာသီဖွား– စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသူ)

ဖေဖေ “Libra သား.. ဒီနေ့ကျောင်းမသွားနဲ့တော့၊ မနေ့ညက သားအတွက် သားမေမေက

အမွှာလေးမွေးပေးလိုက်တယ်။ ဆရာမဆီ ခွင့်တစ်ရက်တိုင်လိုက်နော်”

Libra “ဟုတ်ကဲ့ဖေဖေ… ဒါပေမယ့် တစ်ယောက်ပဲမွေးတယ်လို့ သားပြောမယ်။

ကျန်တစ်ယောက်ကို သားကျောင်းမသွားချင်တဲ့နေ့မှ ထပ်ပြောမယ်”

(Libraဖွားက ထက်မြက်ပြီး ချင့်ချိန်ကြံဆတတ်သူဖြစ်တယ်)


(၈) Scorpio (ဗြိစ္ဆာရာသီဖွား– အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

Scorpioအိပ်ပျော်ခါနီးမှ ခြင်တစ်ကောင်က သူ့ကိုကိုက်လိုက်တယ်။ ဒါနဲ့

Scorpioထလာပြီး ခြင်ကို မောင်းထုတ်တယ်။ ဘယ်လိုမောင်းထုတ်ထုတ် အခန်းထဲကနေ

ခြင်ထွက်မသွားဘူး။

“ကောင်းပြီ…. မင်းမထွက်ရင် ငါထွက်တယ်ကွာ!”

ပြောပြောဆိုဆို အိပ်ခန်းထဲကနေ Scorpioထွက်သွားပြီး တံခါးကိုသော့ခတ်လိုက်တယ်။

ပြီးမှ အားရကျေနပ်ဟန်နဲ့—

“ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး။ အခန်းထဲမှာ မင်းကို အငတ်ထားပြီး

သတ်ပစ်မယ်”

( Scorpio ဖွားက မရေရာသူ၊ လက်တွေ့ထိုးထွင်းဥာဏ် နည်းသူဖြစ်တယ်)


(၉) Sagittarius (ဓနုရာသီဖွား– နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

Sagittarius “ဖေဖေ… ဖေဖေ့ဆံပင်ဖြူတွေ ဘာဖြစ်လို့ ဒီလောက်များရတာလဲ?”

ဖေဖေ “သား မလိမ္မာလို့ပေါ့။ သားမလိမ္မာလို့ ဖေဖေဆံပင်ဖြူများရတာပေါ့”

Sagittarius တအောင့်လောက် စဉ်းစားပြီး…..

“ဘိုးဘိုးဆံပင်တွေ တစ်ခေါင်းလုံးဖြူရတာက ဘာကြောင့်လဲဖေဖေ?”

ဖေဖေ “…………”

(Sagittarius ဖွားက တွေးတောတာကို နှစ်သက်သူဖြစ်တယ်)


(၁ဝ) Capricorn (မကာရရာသီဖွား– ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသူ)

တစ်နေ့မှာ Capricornနဲ့မေမေ လမ်းထွက်လျှောက်တယ်။ လမ်းခုလပ်ရောက်တော့

ရုတ်တရက်မိုးရွာချတယ်။ မေမေက Capricorn လက်ကိုဆွဲပြီး “မိုးရွာပြီ…

ပြေးပြေး.. ရှေ့ကိုပြေး!” လို့ပြောတော့ Capricornက တုံ့နှေးနှေးနဲ့ “ရှေ့မှာ

မိုးမရွာလို့လား?” တဲ့။

(Capricorn ဖွားက အမှန်ကိုသိပေမယ့် လိုက်ပြုပြင်ပြောင်းလဲဖို့

ပျင်းရိသူဖြစ်တယ်)


(၁၁) Aquarius (ကုံရာသီဖွား– ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသူ)

Aquarius “ကြက်ဥက ဘယ်ကထွက်လာတာလဲ မေမေ?”

မေမေ “ကြက်မက ထွက်လာတာပေါ့”

Aquarius “‘ကြက်မက ဘယ်ကထွက်လာတာလဲ မေမေ?”

မေမေ “ကြက်ဥက ပေါက်လာတာပေါ့”

Aquarius “ကြက်မနဲ့ကြက်ဥ ဘယ်ဟာက အရင်ရှိတာလဲ မေမေ?”

(Aquarius ဖွားရဲ့ အတွေးတွေက သာမန်လူတွေရဲ့အတွေးတွေနဲ့ အမြဲကွဲပြားတတ်တယ်)


(၁၂) Pisces (မိန်ရာသီဖွား– ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ အတွင်းမွေးဖွားသူ)

ဖေဖေက သူ့ငယ်စဉ်အကြောင်းတွေ Pisces ကို ပြောပြနေခဲ့တယ်။

ဖေဖေ “ဖေဖေတို့ ငယ်ငယ်တုန်းကဆို အစာရေစာမဝလို့ အမြဲငတ်ပြတ်ခဲ့ရတယ်”

Pisces “သနားလိုက်တာနော်။ ဖေဖေက စားစရာမရှိလို့ သားတို့အိမ်ကို

ရောက်လာခဲ့တာပေါ့နော်”

(Piscesဖွားက ကိုယ်ချင်းစာ၊ အကြင်နာစိတ်ရှိပေမယ့် အခြေအနေကို

မခွဲခြားတတ်သူဖြစ်တယ်)

(၁၂) ရာသီနှင်.ပက်သက်သော ပို.စ် များအား     ကိုရပ်(ပ်)မောင်     ကို    ခရပ်ဒစ် ပေးပါသည်။
+8
« Last Edit: May 13, 2011, 04:34:08 AM by imail »

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #87 on: May 12, 2011, 07:58:00 PM »
ပညာရှိ သတိဖြစ်ခဲ

နာမည်ကြီးကျောင်းတစ်ကျောင်းမှ ဘွဲ့ရသော အတော်ဆုံးကျောင်းသားတစ်ယောက်ကို company များက သူတို့ company တွင် အလုပ်လာလုပ်ရန် အလုအယက် ခေါ်ကြလေသည်။
ထိုကျောင်းသားမှာ အကောင်းဆုံး company တစ်ခုကိုရွေးပြီး အလုပ်ဝင်လုပ်သည်။
၎င်းကျောင်းသားသည် စာတော်သလောက် မာနလည်းကြီးပြီး မည်သည့်ကိစ္စမဆို သူများကိုမေးရန်စိတ်ကူးမရှိပဲ သူချည်းတတ်သည်ဟုယူဆထားသည်။
အလုပ်ဝင်သောနေ့  နေ့လည်ဘက်အားလပ်ချိန်တွင် အလုပ်သမားများ ကိုယ်စီကိုယ်စီ မိမိ စိတ်ဝင်စားရာအလုပ်များလုပ်နေသည့်အချိန်တွင် ထိုကျောင်းသားလည်း ဘာလုပ်ရမှန်းမသိသဖြင့် company နောက်ဘက်ရှိ ရေကန်သို့သွားပြီး ငါးမျှားလေသည်။ ၄င်းဘေးတွင် ထို company မှ စီနီယာ 2 ယောက်လည်း တူတူငါးမျှားနေသည်။ ထိုအချိန်တွင် စီနီယာတစ်ယောက်သည် ရေကန်ထဲမှ လမ်းလျှောက်ပြီး အိမ်သာရှိရာဘက်သို့သွားလေသည်။ ထိုလူပြန်လာပြီးသည့်အချိန်တွင် နောက်စီနီယာတစ်ယောက်လည်း ပထမလူနည်းတူ သွားလေသည်။ ကျောင်းသားလူငယ်လည်း အရမ်းအံ့သြသွားပြီး စိတ်ထဲမှ '' အင်း သည် company ကလူတွေ ကွန်ဖူးတွေ တတ်လားမသိဘူး။ ရေပေါ်လမ်းလျှောက်သွားနေကြတယ်။ အင်းး ငါလည်း တော်တဲ့သူတစ်ယောက်ပဲ သူတို့တောင်သွားနိုင်သေးတာ ငါမသွားနိုင်ရင် ငါ့ကိုအထင်သေးတော့မယ်။ ငါလည်း သွားနိုင်ရမယ်'' ဆိုပြီး ရေထဲခြေလှမ်းလိုက်ရာ နစ်သွားလေတော့သည်။ ထိုအခါ စီနီယာနှစ်ယောက်လည်း ပြေးလာပြီး ရေကန်ထဲမှ ၀ိုင်းဆယ်ကြရတော့သည်။ ဆယ်ပြီးနောက် ထိုလူငယ်ကို ၀ိုင်းမေးကြသည်။
စီနီယာများ   '' ဘာလို့ ရေကန်ထဲကို ဆင်းရတာလဲ ''
လူငယ်        '' မသိဘူးလေ အကိုတို့က ရေပေါ်လမ်းလျှောက်သွားတာကို ''
စီနီယာများ   '' ဟားဟားဟား မင်းကမေးမှမမေးတာကို
                   ငါတို့က ရေပေါ်လမ်းလျှောက်သွားတာမဟုတ်ဘူး
                   ဒီရေကန်ထဲမှာ အိမ်သာဘက်ကိုသွားတဲ့ တံတားလေးတစ်ခုရှိတယ်
                   အခုရေတက်နေတော့ အဲဒိတံတားကို ရေဖုံးသွားတယ်လေ
                   ဒါကြောင့် တံတားကိုမမြင်ရတာ
                   ငါတို့က အဲဒါကိုသိတော့ အဲဒီတံတားပေါ်ကနေ သွားကြတာ ဟားဟားဟား''
လူငယ်        '' ဟာ အဲလိုမှန်းမသိလို့ပေါ့ဗျာ ''



ကျွန်တော်ကြိုက်တဲ့ ဟာသလေးတစ်ခု မျှဝေခံစားလိုက်တာပါ။ ဟာသဆိုပေမယ့် ပညာပေးလေးတစ်ခုပါပဲ။ ကိုယ့်ကိုယ်ကို ပညာတတတ်တယ်လို့အထင်ကြီးနေသူတွေ အတွက် သတိချပ်စရာလေးပါ။ ဘယ်သူ့ကိုမှ မရည်ညွှန်းပါဘူး။ တိုက်ဆိုင်မှုတွေရှိလာရင် နားလည်ပေးကြပါ။



+7

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +809
Re: အမောပြေဟာသမှတ်စု
« Reply #88 on: May 13, 2011, 11:57:02 AM »
ဟာသလို့ပဲမှတ်ယူပေးပါ

'' နိဟောင် … ကြည့်ရှောင် '' ''တွေးပူချိ … ဘေးလူသိ '' '' ရှဲရှဲနီ … အသည်းစွဲသည် '' '' ကမ်းပေး … အလှမ်းမဝေး ” “ ဝဲလ်ကမ်း … အကဲစမ်း''  '' ဟောင်းဒူး ယူဒူး … မတောင်းဘူး မယူဘူး ''
0

getitout

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #89 on: May 13, 2011, 04:17:30 PM »
အချစ်ဆုံး

အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး-ဟင်းနော်....ထားသွားလိုက်ရမလား?
အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး--တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?
အမျိုးသား-အချိန်မရွေးပဲ
အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
အမျိုးသား- မင်းရူးများရူးနေလားကွာ
အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
အမျိုးသား-အင်း
အမျိုးသမီး-မောင်ရယ်...

လက်ထပ်ပြီးတဲ့အခါ....
အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ
+1

Tags: