Author Topic: အမောပြေဟာသမှတ်စု  (Read 426432 times)

0 Members and 3 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10835
Re: အမောပြေဟာသမှတ်စု
« Reply #70 on: May 10, 2011, 07:14:47 PM »
တရုတ်အတီး ဆွမ်းတင်ပုံ

ရန်ကုန်မြို့ ရဲ့ သူဌေးရပ်ကွက်တစ်ခုမှာ လင်မယားနှစ်ယောက်နေထိုင်ကြသတဲ့။

ယောက်ျားကတရုတ်။ မိန်းမက မြန်မာမ။

ယောက်ျားနာမည်က အတီး။ မိန်းမနာမည်က မိကြည်။

သူတို့နှစ်ယောက်လုံး ဗုဒ္ဓဘာသာဝင်တွေပါ။  နေ့စဉ်နံနက်တိုင်း ဆွမ်းတော်ကပ်လေ့ရှိကြတယ်။ ဆွမ်းတော်အမြဲကပ်လေ့ရှိတဲ့ သူကတော့ မိကြည်ပါ။ မိကြည်ကို အတီးက ချစ်စနိုးလေးနဲ့ အကြည်လို့ဘဲ ခေါ်တယ်။

မိကြည်တစ်ယောက် ဆွမ်းတော်ကပ်ပြီဆိုရင် ဘုရားစင်ရှေ့ မှာ ထိုင်ပြီး အကြာကြီးရွတ်ဖတ်ပြီးမှ ဘုရားကို ဆွမ်းတော်ကပ်လေ့ရှိတယ်။

“အရဟတာဒိ န၀ဂုဏေဟိ အရဟံအစရှိသော…………ဆွမ်းတော်ကို ကပ်လှူပါ၏ဘုရား။

ဤကောင်းမှုကြောင့်…. နိဗ္ဗာန်ကို ရရပါလို၏အရှင်ဘုရား”

အဲဒီဆွမ်းတော်ကပ်နည်းကို အတီးတစ်ယောက် အလွတ်မရရှာပါဘူး။ အဲဒါတွေက မိန်းမအလုပ်လို့ဘဲ သူကထင်တယ်လေ။

တစ်နေ့မှာ မိကြည်တစ်ယောက် ကိစ္စရှိလို့ သူ့ရဲ့ မိဘအိမ်မှာ နှစ်ရက် သုံးရက်လောက်သွားနေတယ်။

အိမ်မှာ အတီးတစ်ယောက်ထဲဘဲ ကျန်ခဲ့တယ်။ မနက်ရောက်တော့ ထမင်းဟင်း ကိုယ်တိုင်ချက်ပြုတ်တယ်။

ပြီးတော့ နေ့စဉ်လုပ်နေကျဖြစ်တဲ့ ဆွမ်းတော်ကပ်တဲ့အလုပ်ကို သူလုပ်ချင်တယ်။

ဒါပေမဲ့ ဆွမ်းတော်ကပ်နည်းကို သူအလွတ်မရဘူး။ အဲဒါမှ ဒုက္ခ။

အတီးတစ်ယောက် ဆွမ်းတော်ပန်းကန်ကို ပြင်ဆင်လိုက်တယ်။ ဆွမ်းနှင့်ဆွမ်းဟင်းကို ကျကျနန ဆွမ်းတော်ပန်းကန်ထဲ တည့်လိုက်တယ်။

ပြီးတော့ ဘုရားရှေ့ သွားပြီး ဆွမ်းတော် ကပ်တယ်။

“ရော့.. အရှင်ဘုရား… ကြိုက်သလောက် အကုန်လုံးစားပါ။

ပလီပလာကိုတော့ အကြည်ပြန်လာမှဘဲ ပြောပါလိမ့်မယ်ဘုရား”
+8

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10835
Re: အမောပြေဟာသမှတ်စု
« Reply #71 on: May 10, 2011, 07:38:39 PM »

အယူမသီးသူ


မင်းမှာ လုပ်ငန်းအတွေ့အကြုံ ဘာတွေရှိလဲ”

“ကျွန်တော်က အခုမှကျောင်းပြီးခဲ့တာပါ”

“ဘယ်လိုအလုပ်မျိုးကို လုပ်ချင်တာလဲကွ”

“လုပ်ပိုင်ခွင့်ရှိတဲ့ ဒု-ဥက္ကဋ္ဌလို ရာထူးမျိုးပေါ့ ခင်ဗျာ”

“ငါတို့ကုမ္ပဏီတွေမှာ ဒု-ဥက္ကဋ္ဌတွေ ဆယ့်နှစ်ယောက်တောင်ရှိတယ်”

“ရပါတယ်။ ကျွန်တော်က ဆယ့်သုံးယောက်မြောက်ဆိုလည်း အယူမသီးပါဘူး”

ကြော်ငြာအစွမ်း

“ခင်ဗျားတို့ဂျာနယ်ထဲ ကြော်ငြာထည့်လိုက်တာ အတော်ထိရောက်တာပဲ”

“ဘာလဲ ရောင်းအားမြင့်တက်လာလို့လား”

“ဟင့်အင်း၊ ဂိုဒေါင်စောင့်တစ်ဦး အလိုရှိသည် လို့ ကြော်ငြာလိုက်တာ အဲ့ဒီညမှာပဲ ဂိုဒေါင် အဖောက်ခံလိုက်ရတယ်”
+6

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10835
Re: အမောပြေဟာသမှတ်စု
« Reply #72 on: May 10, 2011, 07:51:14 PM »
ချစ်ရတဲ့ မြေးလေး


အငြိမ်းစား တရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။

“ကျွန်တော်ဟာ သူငယ်တန်းက ဆန်းနီလေး ရဲ့ အဘိုးပါ။ ကျွန်တော့မြေးလေး ကျောင်းတက်တာကို လာကြည့်တာပါ”

“သြော်ဟုတ်ကဲ့၊ ဆန်းနီလေးဟာ သူ့အဘိုး အငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို လိုက်ပို့စရာရှိလို့ဆိုပြီး ခွင့်ယူသွားပါတယ်ရှင်”


လောင်စာကုန်မှ

မိန်းမတစ်ယောက် ဆရာဝန်ထံ ဖုန်းဆက်ပြောသည်။

“ဆရာ၊ ကျွန်မယောကျာ်း ဓာတ်ဆီသောက်မိလို့”

“အခု သူဘာလုပ်နေလဲ”

“သူခြံကို ပတ်ပြေးနေတယ်”

“ထားထားလိုက်၊ ဆီကုန်ရင် သူ့အလိုလိုရပ်သွားလိမ့်မယ်”
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10835
Re: အမောပြေဟာသမှတ်စု
« Reply #73 on: May 10, 2011, 08:12:23 PM »
သဘော

 ဒေါ်ဒေါ် … ကျွန်တော် ဒေါ်ဒေါ့်သမီးကို

လက်ထပ်ပါရစေ၊ ပွဲစားကြီးကိုတော့

ပြောပြီးပါပြီ။ ဒေါ်ဒေါ်ရဲ့သဘောက

အဓိကဆိုလို့…”

“ ငါ့သမီးကို လက်ထပ်ချင်တာတော့

ဟုတ်ပါပြီ၊ မင်းဖဲရိုက်တတ်သလား”

“ ဒေါ်ဒေါ် ၀ါသနာပါရင် မင်္ဂလာကိစ္စ

စကားပြောပြီးမှ ရိုက်ကြတာပေါ့ခင်ဗျာ…”

ဒါကို ပိုနှမြောတယ် … *

ကမ်းပေါ် တတ်ခွင့်ရသဖြင့်  သင်္ဘောသားများ မြို့ ထဲလျှောက်လည်ကြသည်။

သတ်မှတ်ချိန်ရောက်သောအခါ သင်္ဘောသားများ အစီအရီ သင်္ဘောဆီ ပြန်လာကြသည်။

အရာရှိက တစ်ယောက်ချင်းစစ်သည်။ သင်္ဘောသားတစ်ယောက်သည် လက်နှစ်ဖက်တွင်

ဝီစကီတစ်ပုလင်းစီ ကိုင်၍ အရာရှိကို ကျော်တတ်၏ ။ အိပ်ထောင့် ထဲ ထည့်ရန် လုံးဝပင်

စိတ်မကူးဘဲ ယခုကဲ့ သို့ ဗြောင်ကျလွန်းသည်ကို အရာရှိက လုံးဝသဘောမတွေ့ ပေ။

" ဟေ့  ရပ်လိုက်စမ်း "

သင်္ဘောသား ရပ်လိုက်သည်။ နောက်မှ လိုက်လာသည့် သင်္ဘောသားများ

ဝိုင်းကြည့်နေရာ ပုလင်းကိုင် သင်္ဘောသားရှက်သွားမည်ဆိုးသဖြင့် အရာရှိက

အောက်ပါအတိုင်း အောက်ပါအတိုင်းပြောလိုက်သည်။

" ငါမျက်လုံးနှစ်ဖက်ပိတ်ပြီး တစ်ကနေ သုံးအထိရေမယ်။ အဲ့ ဒီအချိန်အတွင်းမှာ

ရေထဲကို ပစ္စည်းကျတဲ့ အသံနှစ်ခုကြားချင်တယ်။ ကိုင်း တစ်၊ နှစ်၊ သုံး "

" ဗလွမ်း ၊ ဗလွမ်း "

အရာရှိ မျက်လုံးဖွင့်လိုက်သည်။

"အေး ဒီလိုမှပေါ့ ကိုင်း မင်းသွားနိုင်ပြီ "

သင်္ဘောသားပြေးတတ်သွားသည် ။ နောက်မှလိုက်ကြည့်နေသော အရာရှိက အံသြတကြီးမေးသည်။

" ဟေ့  ဟေ့  မင်းခြေထောက်မှာ ဘာလို့ ဖိနပ်မပါရတာတုန်း "
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10835
Re: အမောပြေဟာသမှတ်စု
« Reply #74 on: May 10, 2011, 08:21:25 PM »
လုပ်အားခ *

အစိုးရဌာနတစ်ခု၏ မန်နေဂျာက မီးခံသေတ္တာဖွင့် ရာတွင် သော့ နံပါတ်များ တစ်ခုနှင်.

တစ်ခုရှုပ်ထွေးပြီးငြိနေသဖြင့် ဖွင့် မရဘဲရှိနေသည်။ မန်နေဂျာက အကြံရပြီး အနီးရှိ

ထောင်တစ်ခု၏ထောင်ပိုင်ထံ ဖုန်းဆက်ပြီး မီးခံသေတ္တာဖွင့် ခြင်းကို ကျွမ်းကျင်သော

ထောင်ကျအကျဉ်းသားရှိပါက စေလွှတ်ပေးပါရန် အကူအညီတောင်းခံလိုက်သည်။ မကြာမီ ထောင်ဝါဒါတစ်ဦးနှင်.

အတူအကျဉ်းသားတစ်ဦးရောက်ရှိလာသဖြင့် မီးခံသေတ္တာကို ပြလိုက်သည်။ အကျဉ်းသားက

နံပါတ်လှည့် သည့် ခလုတ်များကို လေ့ လာစစ်ဆေးပြီး ခဏအကြာတွင် မီခံသေတ္တာကို

အလွယ်တကူ ဖွင့် ပေးလိုက်ရာ မန်နေဂျာမှာ အတော်ဝမ်းသာသွားသည်။

မန်နေဂျာ ။ ။ ကျေးဇူးတင်လိုက်တာကွာ။ မီးခံသေတ္တာဖွင့် ခဘယ်လောက်ပေးရမလဲ။

အကျဉ်းသား။ ။ ကြည့် သာပေးဗျာ။ ကျုပ်နောက်ဆုံးမီးခံသေတ္တာ ဖွင့် တုန်းကတော

့ငါးသိန်းရတာပဲ။

*အားလုံးသဘောတူရင် *

သင်္ဘောတစ်စီးတွင် ရေယာဉ်မှူးအသစ် အပြောင်းအလဲလုပ်ကြသည်။

ရေယာဉ်မှူးအဟောင်းက သင်္ဘော၏ နောက်ကြောင်းရာဇ၀င်ကိုပြောပြီး

သင်္ဘောသားများကို ရေယာဉ်မှူးအသစ်နှင့်  မိတ်ဆက်ပေးသည် ။

ရေယာဉ်မှူးအသစ် " မင်းတို့ အားလုံးသိအောင် တစ်ခုတော့ ရှင်းရှင်းပြောထားမယ်။

ဒီသင်္ဘောဟာ မင်းတို့ သင်္ဘောလည်းမဟုတ်ဘူး။ ငါ့ သင်္ဘောလည်းမဟုတ်ဘူး။

တို့ အားလုံးရဲ့ သင်္ဘောဖြစ်တယ်ဆိုတာပဲ။"

ထိုအခိုက် သင်္ဘောသားများထဲမှ အသံတစ်သံကြားထွက်လာသည်။

" ဟာ အရမ်းကောင်းတာပဲ။ အားလုံးသဘောတူရင် ရောင်းစားလိုက်ကြရအောင်"
+6

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3961
Re: အမောပြေဟာသမှတ်စု
« Reply #75 on: May 11, 2011, 12:02:01 AM »
အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန် ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာ ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့ "အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ" ဆိုတဲ့စာကြောင့် လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။ ဒါကိုအမေတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ ရေးထားတာက "အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အကျီင်္ချွတ်ပါ" ဆိုတာဖြစ်တယ်။

ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းပုဒ်တစ်ခုယူပြီး သမီးကိုကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်က "လူကြီး ၁ဝဝ၊ ကလေး ၅ဝ၊ အယောက်၂ဝအထက် အထူးလျော့ဈေး" ဆိုတဲ့စာကြောင့် လူတွေ ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။ နောက်ဆိုင်းပုဒ်တစ်ခုကို အမေ ယူလိုက်တယ်။ အဲဒီဆိုင်းပုဒ်ကြောင့် အမေ မူးလဲမတတ်ဖြစ်သွားတယ်။ ဆိုင်းပုဒ်ပေါ်ရေးထားတာက "မနက်၉နာရီမှ ည၁ဝနာရီထိ၊ အများသုံးနေရာဖြစ်သောကြောင့် သန့်ရှင်းမှုကို ဦးစားပေးပါ" ဆိုတာကြောင့်ဖြစ်တယ်။

လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အမေ နောက်ဆိုင်းပုဒ်တစ်ခုကို ယူလိုက်ပြန်တယ်။ ဒီဆိုင်းပုဒ်ကြောင့် အမေမူးလဲသွားတယ်။ လူတွေ ဝါးလုံးကွဲရယ်ကြတော့တယ်။ ဆိုင်းပုဒ်ပေါ်မှာ ရေးထားတာက "အမွေးအမျှင်များ ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ အသုံးပြုအဆင်ပြေစေရန်၊ အသုံးပြုနေစဉ်အတွင်း ဦးထုပ်ဆောင်းပါ" ဆိုတာပဲဖြစ်တယ်။

@facebook
+6
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3961
Re: အမောပြေဟာသမှတ်စု
« Reply #76 on: May 11, 2011, 12:37:58 AM »
အမူးဒီဂရီများ

    အဖေနှင့် သောက်နေစဉ် "မင်းမျက်နှာကို ငါ တစ်နေရာရာမှာ မြင်ခဲ့ဖူးသလိုလိုပဲ" ဟု ပြောခြင်း။
    တက္ကစီသမားက "ဘယ်ကိုသွားမလဲ" ဟြု မေးသည့်အခါ "မင်း သောက်လုပ်မဟုတ်ဘူး" ဟု ဖြေခြင်း။
    မိန်းမနှင့် သောက်နေစဉ် "တစ်ခွက်စီထပ်ချပြီးရင် မြာတွေဆီ သွားရအောင်" ဟု အဖော်ညှိခြင်း။
    ညနေပိုင်း မိန်းမဆီ ဖုန်းဆက်ရာတွင် "ရုံးမှာ အစည်းအဝေးရှိတယ်၊ မိုးချုပ်မှ အစည်းအဝေးပြီးရင် သူ့ဆီမှာပဲ ဒီည ငါ အိပ်လိုက်တော့မယ်" ဟု ပြောခြင်း။
    စားသောက်ဆိုင်တွင် "ဟေး ဘွိုင်၊ တံခါးကို ဒီဘက်ဆွဲလာခဲ့စမ်း၊ ငါ အပြင်ထွက်မလို့" ဟု အမိန့်ပေးခြင်း။
    လမ်းပေါ်က ကတ္တရာစေးများ ကြွတက်လာပြီး မျက်နှာကို နာကျင်စွာ ထိုးနှက်ခြင်း။
    "ဘယ်ကို ပို့ရမလဲ" ဟု တက္ကစီသမားက မေးသည်ကို "ဘယ်ကို ရမလဲ၊ အိမ်ကိုပေါ့ကွ" ဟု ဖြေခြင်း။



အရွယ်သုံးပါး

    တစ်ညလုံးသောက်သည်၊ မြာလျှောက်ပွေသည်၊ မနက်ကျတော့ တစ်ညလုံး အိပ်ခဲ့ရသလို လန်းဆန်းနေသည်။
    တစ်ညလုံးသောက်သည်၊ မြာလျှောက်ပွေသည်၊ မနက်ကျတော့ တစ်ညလုံးသောက်ခဲ့၊ မြာလျှောက်ပွေခဲ့သလို ပင်ပန်းနွမ်းနယ်နေသည်။
    တစ်ညလုံး အိပ်သည်၊ မနက်ကျတော့ တစ်ညလုံး သောက်ခဲ့၊ လျှောက်ပွေခဲ့သလို ပင်ပန်းနွမ်းနယ်နေသည်။

credit to မောင်ကောင်းထိုက်
+7
« Last Edit: May 11, 2011, 12:40:36 AM by drlanmadawthar »
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3961
Re: အမောပြေဟာသမှတ်စု
« Reply #77 on: May 11, 2011, 12:38:50 AM »
ယုံစမ်းပါ

ယောက်ျားဖြစ်သူ ည ၁ နာရီတွင် အိမ်ပြန်ရောက်လာသည်၊ မိန်းမက အိပ်ခန်းထဲမှနေ၍ လှမ်းမေးသည်။

 

"ဘယ်နှနာရီ ရှိပြီလဲ"

 

"၁၀ နာရီ"

 

တိုက်တိုက်ဆိုင်ဆိုင် တိုင်ကပ်နာရီမှ "ဒင်" ဟု တစ်ချက်တီးသည်။

 

"ရှင် ကျွန်မကို လှိမ့်ပြန်ပြီလား၊ နာရီတစ်ချက်တီးသံ ကျွန်မကြားရတာပဲ"

 

"ဟေ့၊ သုညကိုပါ မင်းက တီးစေချင်လို့လားကွ ဟေ"



အလိမ်မိခြင်း

ကြက်သားလေးတစ်ကောင်ကို ၀ံပုလွေမ ဖမ်းမိသည်။ စားမည်ပြုရာ ကြက်သားလေး ရှိုက်ကြီးတငင် ငိုယိုပြီး တောင်းပန်သည်။

 

"ကျွန်တော့်ကို လွှတ်ပါဗျာ၊ ကျွန်တော့် မေမေနဲ့ ဖေဖေကို ခေါ်လာပေးပါ့မယ်"

 

ကြက်သားလေး၏ စကားကို ၀ံပုလွေမ ယုံပြီး လွှတ်ပေးလိုက်သည်။ ကြက်သားလေး အိမ်ခေါင်မိုးပေါ်တက်ပြီး အားရပါးရ ရယ်သည်။

 

"ဟဲ ဟဲ၊ ၀ံပုလွေကို တစ်ပတ်ရိုက်ရတာ ၀မ်းသာလိုက်တာ။ မှတ်ထား၊ ငါ့မှာ အဖေအမေ မရှိဘူး။ ငါဟာ ဥဖောက်စက်နဲ့ မွေးတဲ့ကြက်၊ နားလည်လား၊ ဟားဟား"

Credit to မောင်ကောင်းထိုက်
+8
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline ဂိ ဂိ

  • အငြိမ်းစား ကထိက
  • ***
  • Posts: 558
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +3387
Re: အမောပြေဟာသမှတ်စု
« Reply #78 on: May 11, 2011, 07:54:08 PM »
ထပ်ပေးဦး

ယူကရိန်းသားတစ်ယောက်ဆေးဆိုင်တွင် အရောင်းစာရေးမအားပြောနေသည်။
"ကျွန်တော့်ကို ကွန်ဒုံးအခု ၁၀၀ ပေးပါ"
ဆိုင်ရှေ့မှဖြတ်သွားသောကောင်မလေး ၂ ယောက်ကြားသောအခါ ရီကြလေသည်။ ယူကရိန်းသားက ထိုကောင်မလေး ၂ ယောက်အားကြည့်ပြီး
"နောက်ထပ် ၂ ခု ထပ်ပေးဦး"

*********************

စင်္ကာပူ ၀န်ကြီး ။ ။ လိမ္မော်သီး အခွံတွေကို ဘာလုပ်ပစ်လဲ။
ထိုင်းဘုရင် ။ ။ ဘာမှ လုပ်လို့ မရဘူး။ ဒီမှာ လွှတ်ပစ်လိုက်တယ်။
စကာင်္ပူ ၀န်ကြီး ။ ။ ဟာ.. ကျွန်တော်တို့ ဆီမှာဆို၊ စက်ရုံတွေကို ပို့
ပြစ်ပြီး လိမ္မော်သီး ယို လုပ်တယ်ဗျ။

ဒါနဲ့ စကာင်္ပူ ၀န်ကြီးလဲ ပီကယ်မှာလိုက်ပါတယ်.စားပြီးသွား
တော့ ပန်းကန် ပေါ် ပြန်တင်လိုက်ပြီး မေးခွန်း ဆက်မေးပါတယ်။

စင်္ကာပူ ၀န်ကြီး ။ ။ ပီကယ် ကိုရော ဘုရင် တို့ ထိုင်းနိုင်ငံမှာ ဘာလုပ်သလဲဗျ။
ထိုင်းဘုရင် ။ ။ ဟာ.. ပီကယ် စား ပြီးသားကို လွှတ်ပဲ ပြစ်တယ်။
စင်္ကာပူ ၀န်ကြီး ။ ။ ကျွန်တော်တို့စီမှာဆို စားပြီးသား ပီကယ်ကို
စက်ရုံတွေပို့ပြီး Condom လုပ်တယ်၊ ပြီးတော့ထိုင်းနိုင်ငံကို တင်ပို့
ရောင်းချတယ်။

ဆက်ပြီးတော့ ဘုရင်ကို ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်လိုက်ပါတယ်။
ပြန်ခါနီးကြမှ ဘုရင် က မေးခွန်းတစ်ခု ထမေးပါတယ်။

ထိုင်းဘုရင် ။ ။ မင်းတို့ Condom သုံးပြီးသွားရင်ရော ဘာလုပ်ပြစ်သလဲ။
စင်္ကာပူ ၀န်ကြီး ။ ။ ကျွန်တော်တို့ ဘာမှမလုပ်ဘူး လွှတ်ပြစ်တယ်။
ထိုငိးဘုရင် ။ ။ အေး၊ ငါတို့ စီမှာတော့ Condom သုံးပြီးရင် စက်ရုံတွေကို
ပို့ပြီး စင်္ကာပူကို တင်သွင်း ရောင်းချဘို့ ပီကယ်ပြန်လုပ်တယ်ကွ။

***************************************

အမယ်လေး...ဒကာမရယ်...


တခါတုန်းကပေါ့......

ရုပ်ရှင်မင်းသမီး၁ယောက် နာမည်ကြီးဆရာတော်၁ပါး ကိုဆွမ်းကပ်လေသတဲ့။

ဒီခောတ် မင်းသမီးများက သိသည့်အတိုင်း..။

ကိုရီးယားအပျော့သားအင်္ကျီ ကိုဝတ်ထားလေတော့.....။

အပေါ်မှ ဆွမ်းကပ်ခံသူ ဆရာတော်က ဟိုက်နေသောနေရာအားမြင်သွားကာ....

တစ်ခွန်းတည်းသော စကားက်ုသာမိန့် လေတော့သည်။

"ဒကာမရယ်.....ငါ့ကို ဂဏာနို့ဆွမ်း ကပ်နေတာလားဟ"

ခရက်ဒစ်တူ ---> မြန်မာဟာသဂရု ဖေ့စ်ဘွတ်



ဂိဂိ



+9
လုပ်သလို မဖြစ်ရင် ... ... ဖြစ်သလို လုပ်မယ် ... ... ဒါဘဲ

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3961
Re: အမောပြေဟာသမှတ်စု
« Reply #79 on: May 12, 2011, 12:45:35 PM »
လူပြော သူပြောများတဲ့ ကွန်ဒုံးနဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ခု။HIV လို့ ထင်ပေါ်ခါစ ၁၉၈၀ ၀န်းကျင်၊HIV ရှိတဲ့ လူတစ်ဦး လေယာဉ်ကို ပြန်ပေးဆွဲတယ်။ လက်တစ်ဖက်မှာ ရှိတဲ့ ဘလိတ်ဓားနဲ့ လက်ဖျံသွေးကို ဖောက်ပြီး ငါ့မှာHIV ရှိတယ်။ အနားမကပ်နဲ့ လေယာဉ်ကို အပိုင်စီးလိုက်ပြီ။ အားလုံး ဟင်၊ ဟာနဲ့ ထိတ်လန့် တုန်လှုပ်ပြီး ဘယ်သူမှ မလှုပ်ရဲဘူး။ ဒီအချိန်မှာ ရေအိမ်ထဲက ထွက်လာတဲ့ လူတစ်ယောက်က

အတင်းဝင် လုံးပြီး ဖမ်းဆီးလိုက်တယ်။ သူရဲကောင်းကို အားလုံးက လက်ခုပ်တီး အားပေးကြတယ်။ မေးခွန်းတွေ မေးကြတယ်။

“သူ့မှာHIV ရှိတာ နင် မကြားဘူးလား၊ မကြောက်ဘူးလား”

“ကြားပါတယ်၊ မကြောက်ပါဘူး၊ ရေအိမ်ထဲမှာ ကတည်းက ကွန်ဒုံးစွပ်ပြီး ၀င်ဖမ်းတာပဲ၊




Credit to ရယ်လိုက်ရအောင် Facebook
+6
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Tags: