Author Topic: အမောပြေဟာသမှတ်စု  (Read 433177 times)

0 Members and 2 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #60 on: May 10, 2011, 04:19:56 PM »
မာလိုးနိမ်း

တစ်ခါက နိုင်ငံခြားသား တစ်ယောက်ဟာ အိန္ဒိယကို ရောက်တော့ တက္ကစီ ငှားစီးပါတယ်။ တက္ကစီနဲ့ လျှောက်သွားရင်း တစ်နေရာ ရောက်တော့ အလွန်ခမ်းနားတဲ့ အိမ်ကြီး တစ်အိမ်ကို တွေ့ပါတယ်။ အဲဒါနဲ့ သူက တက္ကစီ ဒရိုင်ဘာကို “ဒါဘယ်သူ့ အိမ်ကြီးလဲ။” လို့ မေးတော့ တက္ကစီသမားက “မာလိုးနိမ်း” လို့ ပြန်ဖြေပါတယ်။

အဲဒီလိုနဲ့ ဆက်သွားရင်း တနေရာ အရောက်မှာ အပျံစား ကားကြီး တစ်စီးကို တွေ့ပြန် ပါတယ်။ အဲဒီ အခါမှာလည်း သူက “ဒါဘယ်သူ့ ကားကြီးလဲ။” လို့ မေးကြည့်ပါတယ်။ တက္ကစီ ဒရိုင်ဘာက “ မာလိုးနိမ်း” လို့ ပြန်ဖြေ ပြန်ပါတယ်။ နိုင်ငံခြားသားကတော့ မာလိုးနိမ်းဆိုတဲ့သူ အတော် ချမ်းသာတာပဲ လို့ တွေးပါတယ်။

အဲဒီလိုနဲ့ ဆက်သွားရင်း လမ်းမှာ အသုဘ တစ်ခုကို တွေ့ပြန်ပါတယ်။ အဲဒီအခါမှာ နိုင်ငံခြားသားက ဒါဘယ်သူ့ အသုဘလည်း မေးတော့ တက္ကစီသမားက “မာလိုးနိမ်း” လို့ ပြန်ဖြေပါတယ်။ နိုင်ငံခြားသားကတော့ “အော်။ မာလိုးနိမ်းကြီး သေရှာပြီကိုး။” လို့ သနားတဲ့ အသံနဲ့ ရေရွတ် လိုက်ပါတယ်။
(မာလိုးနိမ်း= မသိဘူး။)
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #61 on: May 10, 2011, 04:33:42 PM »
ဗိုလ်ချုပ်ကြီး

အတန်းပိုင်ဆရာမက ပီတာလေးကို ဆူသည်။

"မောင်ပီတာ၊ မင်းဟာ လွန်လွန်းပြီကွယ့်၊ မနေ့က လေ့ကျင့်ဖို့လေ့ကျင့်ခန်း စာအုပ်မပါဘဲ ကျောင်းကိုလာတယ်၊ ဒီနေ့ ကျောင်းသုံးစာလုပ် ပါမလာပြန်ဘူး၊ လက်နက်မပါတဲ့ စစ်သားကို ဘယ်လိုခေါ်သလဲ သိလား"

"သိပါတယ်၊ ဗိုလ်ချုပ်ကြီး"

အိုင်ယာလန်တစ်ဦးက ခရီးသွားကုမ္ပဏီတစ်ခုကို ဖုန်းလှမ်းဆက်တယ်

“ကျွန်တော်လေယာဉ်နဲ့ အင်္ဂလန်သွားမလို့ပါ။ လေယာဉ်ဘယ်လောက်ကြာစီးရမလဲ?”

ကုမ္ပဏီဝန်ထမ်းက လေယာဉ်ခရီးစဉ်ဇယားမှာ စစ်ဆေးဖို့ ခဏစောင့်ပါ Just a second Mr.လို့ ပြောလိုက်တယ်။ ဒါကို အိုင်ယာလန်သားက ၀မ်းသာအားရ ကျေးဇူးပဲလို့ပြောပြီး ဖုန်းချသွားခဲ့တယ်။

စကောတလန်တစ်ဦး အင်္ဂလန်က ပြန်လာခဲ့တယ်။ အိမ်သားတွေက အင်္ဂလန် ဘယ်လိုနေလဲလို့မေးတော့ သူက...

“မကောင်းဘူး.. အင်္ဂလန်လူမျိုးတွေ သိပ်ထူးဆန်းတယ်။ သူတို့ကအရူးလို့ပဲ.. ကျွန်တော်တည်းတဲ့ အခန်းနံရံကို တစ်ညလုံး လာရိုက်ပုတ်နေတယ်”

“အဲဒီအချိန်မှာ ခင်ဗျားဘာလုပ်နေတာလဲ?”

“ကျွန်တော်ဘာမှ မလုပ်ဘူး။ တစ်ညလုံး ပုလွေထိုင်မှုတ်နေတယ်”
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #62 on: May 10, 2011, 04:43:44 PM »
အိုင်ယာလန်တစ်ဦးက အင်္ဂလန်ကို အလည်အပတ်သွားခဲ့တယ်။ အဆင့်မြင့်ဟိုတယ်တစ်ခုမှာ တည်းဖို့စီစဉ်ခဲ့တယ်။ အားလုံးစီစဉ်ပြီး ဟိုတယ်ဝန်ထမ်းက တည်းခိုမယ့်အခန်းကို လိုက်ပြခဲ့တယ်။ အဲဒီမှာ အိုင်ယာလန်သား ဒေါသတကြီး အော်ဟစ်တော့တယ်။

“ဘာဖြစ်လို့ ကျွန်တော့်ကို ဒီလိုအခန်းကျဉ်းထဲမှာ တည်းခိုင်းရတာလဲ? အိုင်ယာလန်က လာတယ်ဆိုပြီး အထင်သေးနေတာလား?”

“ဟာ.. မဟုတ်ပါဘူး.. မဟုတ်ပါဘူး.. ကျွန်တော်အထင်မသေးပါဘူး။ ဒါ ဓာတ်လှေကားပါ”

ဟိုတယ်ဝန်ထမ်းက အမြန်ရှင်းပြရရှာတယ်။



ဆရာ - မောင်ပု မင်း ရဲ. "ကျွန်တော်.ရဲ. ခွေး" ဆိုတဲ. essay က
မင်းအစ်ကိုရေးတာ နဲ. တထပ်ထဲပါလားကွ။ မင်းကူးချ တာလား။မှန်မှန်ပြောစမ်း။
မောင်ပု - ကူးမချပါဘူး ဆရာ၊ ဒါပေ.မယ်. ခွေးက အဲ.ခွေးပဲလေ။


ဆရာ - မောင်ပု၊ မင်းအဖေ မှာ ပိုက်ဆံ ၁၀ ရှိတယ်။ မင်းက သူဆီက ၆ ကျပ်
မုန်.ဖိုးတောင်းရင်။ မင်းအဖေ ဆီမှာ ဘယ်လောက်ကျန်မလဲ။
မောင်ပု - ၁၀ ပါ ဆရာ။
ဆရာ - မင်း က သချာင်္ ကို နားမလည်ဘူးပဲ။
မောင်ပု - ဆရာ လဲ ကျွန်တော်.အဖေ ကို နားမလည်ပါဘူး။


ဆရာ - မာရီယာ ထွက်ခဲ.၊ ဟောဒီ ကမ္ဘာမြေပုံ ကနေ အမေရိကား တိုက်ကို ထောက်ပြစမ်း။
မာရီယာ - ဒီမှာ ပါ ဆရာ။
ဆရာ - မှန်တယ်။ ကဲ ကလေးတို.ရေ အမေရိကား တိုက်ကို ဘယ်သူရှာဖွေ တွေ.ရှိခဲ. သလဲ။
အတန်း - မာရီယာပါ ဆရာ။
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #63 on: May 10, 2011, 04:51:41 PM »
သူဌေးနဲ့နွား

လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။

သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို

စေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်

ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။

စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။

သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။

``ငါသိပါတယ်ကွာ´´

သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။

``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´

တန်ဖိုးမရှိသောသူ

သူငယ်ချင်းနှစ်ယောက် အလောင်းအစားလုပ်ကြသည်။

တက္ကစီကားမှတ်တိုင်သို့ရောက်လာပြီး တစ်ယောက်က တက္ကစီကားဒရိုင်ဘာကိုမေးသည်။

``ဒီကနေ မြို့ထဲကို ဘယ်လောက်ပေးရမလဲ။´´

``နှစ်ရာ´´

``ကျွန်တော့်သူငယ်ချင်းပါ ကျွန်တော်နဲ့လိုက်မယ်ဆိုရင်ကော´´

``နှစ်ရာပါပဲ´´

``ကြားတယ်မဟုတ်လား ဘမောင်၊မင်းဟာ ဘာတန်ဖိုးမှ မရှိတဲ့ အကောင်ဆိုတာ ယုံပြီလား။´´
+9

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #64 on: May 10, 2011, 05:14:00 PM »
ရေအိမ်ထဲက မိုဘိုင်းဖုန်း

Jin Jin  - ဟယ်လို။

အမျိုးသမီး - ကို လား.....၊ ချစ်ပါ ၊ ကို.... ကလပ်ရောက်နေလားဟင်။

ဲJin Jin  - အင်း။

အမျိုးသမီး - ချစ် ရှော့ပင်ထွက်နေတာ၊ ဒီမှာ သားရေဂျာကင်လေးတစ်ထည် အရမ်းလှတာပဲ၊ ဒေါ်လာ ၁,၀၀၀ တည်းရယ်၊ ချစ် ၀ယ်လိုက်ရမလား ဟင်။

Jin Jin  - အင်း... ချစ်အရမ်းကြိုက်နေရင်လည်း ၀ယ်လိုက်လေ။

အမျိုးသမီး - နောက်ပြီး ဒီမှာ စိန်ဘယက်တစ်ခုလည်းတွေ့တယ်၊ ချစ် အရမ်းကြိုက်တဲ့ ပုံစံလေး။ ကို တွေ့ရင်လဲ ကြိုက်မှာပဲ။

Jin Jin - အဲဒါက ဘယ်လောက်လဲ။

အမျိုးသမီး - ဒေါ်လာ၂၀,၀၀၀ တည်းပါ။

Jin Jin - အဲဒီဈေးနဲ့ဆိုရင် အလျော့တွက်၊လက်ခတွေ လျှော့ခိုင်းအုံးနော်။

Jin Jin - ဘိုင်........ ချစ်။

ကို Jin Jin က ဖုန်းပိတ်လိုက်သည်။ ရေအိမ်ခန်းထဲက တခြားယောက်ျားများက သူ့ကို တအံ့တသြကြည့်နေကြသည်။

ထို့နောက်တွင် ကို Jin Jin က `` ဖုန်းတစ်လုံးကောက်ရထားတယ်..... ဒါဘယ်သူ့ဖုန်းလဲ´´ ဟု အခန်းထဲမှ လူများကို အော်မေးရင်း အပြင်သို့ ထွက်သွားလေသည် ။ :P
+13

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #65 on: May 10, 2011, 05:31:06 PM »
နားမထိုင်းဘူး

 "ဒေါက်တာ ကျွန်တော် နှားစေးနေတယ် ခင်ဗျ..."

 "ဒီလောက်အော်ပြောစရာ မလိုဘူး၊ ကျွန်တော် နားမပင်းဘူး၊ နားလည်လား"

 "ကိုင်း.....ကိုက်တဲ့ သွား.ဘယ်သွားလဲ ပြော"

ကြွားဝါတတ်သော အမေရိကန်လူမျိုးတယောက်သည် လန်ဒန်ကိုရောက်ခိုက် တက္ကဆီငှား၍ လျှောက်လည်လိုက်သည်။

“ဒီဟာက လန်ဒန်မျှော်စင်ပါခင်ဗျား”

“ဒီအဆောက်အဦးက ဘုရင်မကြီးနေတဲ့ ဘက်ကင်ဟမ်နန်းတော်ပါခင်ဗျား”

“ဒီနန်းတော်လောက်တော့ ငါတို့ အမေရိကန်မှာ တစ်ပတ်နဲ့ ဆောက်လို့ရတယ်”

သူတို့ကားသည် ၀က်မင်စတာ ဘုရားရှိခိုးကျောင်းဘေးမှ ဖြတ်သွားစဉ် တိုးရစ်က မေးလိုက်သည်။

“ဒါက ဘာအဆောက်အဦးကြီးလဲကွ”

“ကျွန်တော် မသိဘူးဆရာ၊ ဒီမနက်အထိတော့ ဒီမှာမရှိသေးဘူးဗျ”
+8

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #66 on: May 10, 2011, 06:05:56 PM »
ဖရီးရိုက်စီး

ကာယလေ့ကျင့်ခန်း နည်းပြဆရာမှ တပ်သားသစ်တစ်စုကို လေ့ကျင့်သင်တန်းပေးနေစဉ်…

‘မင်းတို့ အားလုံးပက်လက်လှန်ပြီးခြေထောက်တွေကို လေထဲမြှောက်ထားကြပြီးတော့ မင်းတို့စက်ဘီးစီးနေကြသလို ခြေထောက်တွေကိုလှုပ်ရှားကြ ကဲ…စကြတော့’ ဟုပြောလိုက်ချိန်တွင် တပ်သားသစ်တစ်ဦးမှာ

အချိန်အတော်ကြာ သည် အထိ မလှုပ်ရှားဘဲနေသဖြင့် သင်တန်း ဆရာမှသူ့ကို မေးဆတ်၍ ဘာလဲဟူသော ပုံစံနှင့်ကြည့်လိုက်ရာ ထိုလူသစ်မှ ပြန်လည်ဖြေကြားလိုက်သည်မှာကား…

“ခဏလေးပါဆရာ၊ ကျွန်တော်ဖရီးရိုက်စီးကြည့်နေတာပါ”

ဲဒီအတိုင်း

၁၈ နှစ်အရွယ် မိန်းကလေးနဲ့ လက်ထပ်ထားတဲ့ ၉၅ နှစ်အရွယ် အဖိုးကြီးက ဆရာဝန်ကိုပြောပါတယ်...

"ဒေါက်တာ.. ကျွန်တော့်အမျိုသမီးမှာ ကျွန်တော့်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပါပီ"

ဆရာဝန်က...

"အဘကို ကျွန်တော် ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်...

တစ်ခါတုန်းက သတိမေ့တတ်တဲ့ မုဆိုးတစ်ယောက်ရှိတယ်

တစ်နေ့ အမဲလိုက်သွားတော့ သေနပ်ယူဖို့ မေ့ကျန်ခဲ့တယ်တဲ့

လမ်းမှာ ကျားတစ်ကောင်နဲ့ ရင်ဆိုင်တိုးမိတော့မှ သေနပ်ပါမလာတာကိုသိရတာပေါ့

အဲဒါနဲ့ မထူးပါဘူး ဖြစ်ချင်ရာဖြစ်ဆိုပြီး လက်ကိုသေနပ်ပုံစံလုပ် ကျားကိုချိန်ပီး ပါးစပ်က ဒိုင်း လို.အော်လိုက်တာ

ကျားလဲ ကျည်ဆန်မှန်ပီး လဲသေသွားပါရော"

အဖိုးကြီးက.. "ဟာ အဲတာတော့ မဖြစ်နိုင်ပါဘူးဒေါက်တာ တစ်ယောက်ယောက် ၀င်ပြစ်လိုက်တာနေမှာပေါ့" ဆိုတော့

ဆရာဝန်က...

"အခုလဲ အဲဒီအတိုင်းပဲထင်မိပါတယ်ဲခင်ဗျာ"
+8

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #67 on: May 10, 2011, 06:52:21 PM »
ရထားနောက်မကျအောင်

လန်ဒန်မြို့ ရထားဌာန၌ အလုပ်လာလျှောက်သူတစ်ဦးအား အရာရှိကလူတွေ့ စစ်ဆေးလေသည်။

" နာမည်ပြောပါ "

" စမစ်လို့ခေါ်ပါတယ် "

" မီးရထားလုပ်ငန်းအကြောင်းလေ့လာထားလား "

" ဟုတ်ကဲ့ "

" မြို့ပတ်ရထားတွေအမြဲနောက်ကျနေတာကို နောက်မကျအောင် ဘယ်လိုလုပ်မလဲ "

အနည်းငယ်စဉ်းစားပြီးနောက်....

" မီးရထားအ၀င်အထွက် အချိန်ဇယားကပ်ထားတာကို ဖြုတ်ပြီးသိမ်းထားလိုက်ပါ့မယ်..."

အလောင်းအစား


ဂျွန်နီကလေး ယနေ့ကျောင်းစတက်ရသည်။ အဖေဖြစ်သူက ဆရာမအား ``ကျွန်တော့်သားက အလောင်းအစားလုပ်တာ အရမ်းဝါသနာပါတယ်။ သူ့ကို သတိထားပါ`` ဟုပြောရာ ဆရာမက ``စိတ်မပူပါနဲ့၊

ကျွန်မငယ်ငယ်က သူ့ထက်တောင်ဆိုးသေးတယ်။ ကျွန်မ သူ့ကို ထိန်းနိုင်ပါတယ်`` ဟု ဆိုသည်။

ညနေကျောင်းဆင်းချိန်တွင် ဆရာမက ဂျွန်နီကလေး၏ဖခင်အား ဂုဏ်ူယူစွာဖြင့် ``ဒီနေ့ အလောင်းအစားလုပ်တာ ကျွန်မ နိုင်လိုက်တယ်။ နောက်ဆို သူကျွန်မကို စိန်ခေါ်ရဲတော့မှာ မဟုတ်ဘူး။ ကျွန်မ တင်ပါးမှာ

မှဲ့ရှိရမယ်လို့ သူက ငါးဒေါ်လာကြေး လာလောင်းလို့ မရှိဘူးဆိုတဲ့ အကြောင်း သူ့ကို သက်သေပြလိုက်တယ်လေ`` ဟု ဆိုရာ ဂျွန်နီလေး၏ ဖခင်က စိတ်ပျက်စွာဖြင့် ဆိုလိုက်သည်က ``အဲဗျာ…. ဒါဆို ကျွန်တော်တော့

ရှုံးပြီ။ သူက ဒီနေ့ နေ့မကူးခင် ဆရာမရဲ့ တင်ပါးကို ရအောင် ကြည့်ပြမယ်ဆိုပြီး ကျွန်တော်နဲ့ ဒေါ်လာ ၁၀၀ ကြေး လောင်းထားတာလေ…`
+9

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #68 on: May 10, 2011, 06:59:54 PM »
အကြောင်းပြချက်

မနက်စောစောမှာ မိခင်ဖြစ်သူက သားကို ကျောင်းသွားဖို့ နှိုးတယ်။

``ထတော့… သား။ ကျောင်းသွားဖို့ အချိန်ရောက်နေပြီ``

``ဘာဖြစ်လို့လဲ အမေရဲ့ ။ မသွားချင်ဘူးဗျာ``

``မင်းက ဘာကိစ္စ မသွားချင်ရတာတုံး။ အကြောင်းပြချက် နှစ်ခုလောက် ပေးစမ်းပါဦး``

``တစ်အချက် ကျောင်းသားတွေက ကျွန်တော့်ကို ကြည့်မရကြဘူး။ နှစ် အချက် ဆရာတွေကလည်း မကြိုက်ကြဘူး။ ကဲ….``

``မရဘူးဟေ့… မရဘူး။ ဘာအကြောင်းပဲ ရှိရှိ မင်းကျောင်းတော့ သွားကို သွားရမယ်``

``ကွိုင်ပဲ အမေရာ၊ ကျွန်တော့် ဘာဖြစ်လို့ ကျောင်းသွားသင့်တယ်ဆိုတဲ့ အကြောင်းပြချက်လေး နှစ်ခုလောက် ပေးပါဦး``

တွေ့ကြသေးတာပေါ့ဆိုတဲ့ မျက်နှာထားနဲ့ မိခင်ဖြစ်သူ ပြောလိုက်တာကတော့

``တစ်အချက်က မင်းအသက် ၅၃ နှစ်ရှိနေပြီ။ နှစ်အချက်က မင်းက ကျောင်းအုပ်ဆရာကြီး ဖြစ်နေလို.

အရှက်ကြီးတတ်ပုံ


ဝင်ဒီက ပျော်ပွဲစားထွက်ခဲ့သည့်အကြောင်း ယောက်ျားကို ပြောပြသည်။

``ပင်လယ်ကမ်းခြေကို ခရီးထွက်ရတာ တော်တော်ပျော်စရာကောင်းတာပဲ။ ဒါပေမယ့် ဒီပျော်ရွှင်မှုတွေ တာရှည်မခံလိုက်ဘူး။``

ယောက်ျားလုပ်သူက ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ``ဘာတွေ ဖြစ်သေးလို့လဲ``

ဝင်ဒီက​  ``ကျွန်မရေဆင်းကူးတာ ရေကူးရင်း အောက်ပိုင်းအဝတ် ကျွတ်သွားတယ်``။

ယောက်ျားလုပ်သူက ``ဘုရားရေ.. ဒါဖြင့် မင်းဘယ်လို ဖြေရှင်း လိုက်လဲ။``

ဝင်ဒီက ``ကျွန်မလို အရှက်ကြီးတဲ့ မိန်းမတစ်ယောက်အနေနဲ့ ဘာလုပ်မယ်လို့ ရှင်ထင်လဲ။ ရှက်လွန်းလို့ မျက်နှာကို လက်ဝါးနဲ့လုပ်ပြီး ဘန်ဂလိုအထိ တစ်ချိုးတည်း ပြန်ပြေးလာခဲ့ရတာပေါ့။``
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #69 on: May 10, 2011, 07:12:16 PM »
 ယောက်ကျားအမျိုးမျိုး


တစ်ခါက အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရထားပေါ်တွင်

ဆုံကြသည်။ အမျိုးသမီးက အမျိုးသားအား

မြူဆွယ်ချင်သောကြောင့် သူမ အလွန်ချမ်းကြောင်း ပြောသည်။ အမျိုးသားက

သူ၏စောင်ကို အမျိုးသမီးအား ခြုံစေ

သည်။ သူမချမ်းနေသေးကြောင်း ပြောပြန်သည်။

"ဒါဆို ကျွန်တော်ဘယ်လို ကူညီရမလဲ" အမျိုးသားမှာ စိတ်မသက်မသာဖြင့် ပြောသည်။

"ကျွန်မ ငယ်ငယ်ကဆို အမေက သူ့ကိုယ်ငွေ့နဲ့ ကျွန်မကို နွေးစေတယ်"

"ဒီလိုဆို ကျွန်တော် ဘယ်လိုမှ မကူညီနိုင်ပါဘူး ခင်ဗျား..ကျွန်တော်

ရထားပေါ်က ခုန်ချပြီး ခင်ဗျားအမေကို လိုက်ရှာ

လို့မှ မဖြစ်နိုင်လို.ပါဗျာ။

အသစ်

လေတဟူးဟူးတိုက်နေသော ကမ်းခြေတစ်ခုတွင်

အဖွားအိုတစ်ဦး မှာ သူ့ဦးထုပ်ကို လက်နှစ်ဖက်ဖြင့် ဖိထားပြီး ရပ်နေရှာသည်။

လူငယ်တစ်ဦးက ပြေးလာပြီးအဖွားအိုကို ပြောလိုက်သည်

လူငယ် - အဖွား လေတွေတအားတိုက်နေတယ်။

အဖွားအို - အေးကွဲ့။

လူငယ် - အဖွား ဂါဝန်လန်နေတာသိရဲ့လား။

အဖွားအို - ဟုတ်ပါရဲ့ကွယ်၊ အဖွားလဲ လက်မအားတာနဲ့။

လူငယ် - အဖွား အောက်ခံလဲ ဘာမှ ၀တ်မထားဘဲနဲ့။

အဖွားအို - ဒီမယ် - မင်းအခုမြင်နေရတာက လွန်ခဲ့တဲ့ ၆၅နှစ်ကတည်းက ဟာတွေ။

ငါ့လက်ထဲက ဦးထုပ်က မနေ့ကမှ ၀ယ်ထားတာ။ ပျောက်သွားလို့မဖြစ်ဖူး။

+5

Tags: