Author Topic: အမောပြေဟာသမှတ်စု  (Read 456251 times)
0 Members and 2 Guests are viewing this topic.
Offline စိုင်းရွှေတိုး
  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10958
Re: အမောပြေဟာသမှတ်စု
« Reply #50 on: May 09, 2011, 05:50:48 PM »
တော်လောက်ပါပြီ
အိမ်ထောင်သက် ဆယ်နှစ်ပြည့်သော်လည်း လင်မယားနှစ်ယောက်တွင် သားသမီး
မထွန်းကားချေ။ ၄င်းတို့နှစ်ဦး ဆရာဝန်အသီးသီးထံ ပြကြည့်သည်။
အကျိုးမထူးချေ။ တစ်နေ့တွင် ပယောဂ ဆရာတစ်ဦးက ရောမမြို့ရှိ
စိန့်ပီတာဘုရားကျောင်းသို့ သွားပြီး ဖယောင်းတိုင်ထွန်း ဆုတောင်းရန်
၎င်းတို့ကို အကြံပေးသည်။
…နှစ်အနည်းငယ် ကြာသွားသည်။ ပယောဂဆရာသည် မိမိအကြံပြုလိုက်သည့်
လင်မယားတို့၏ အခြေအနေကို သိချင်သည်နှင့် ၄င်းတို့ နေထိုင်ရာအရပ်သို့
ရောက်လာသည်။ အိမ်ရှေ့တွင် ကလေးငယ် ငါးဦး ဆော့ကစားနေသည်ကို တွေ့ရာ ဤသို့
မေးသည်။
“ကလေးတို့ရေ…မင်းတို့ရဲ့မေမေ ဘယ်မှာလဲကွယ်”
“သားဖွားဆေးရုံမှာ”
“ဖေဖေကော”
“စိန့်ပီတာဘုရားကျောင်းမှာ ထွန်းထားတဲ့ ဖယောင်းတိုင်ကို သွားမှုတ်ဖို့
ရောမမြို့ကို တက်သွားတယ်…”
အမျိုး
စိတ်ရောဂါဝေဒနာသည်ကို ဆရာဝန်က မေးသည်။
“ကိုဥက္ကာ၊ ခင်ဗျားဆီ ဘာဧည့်သည်မှ လာတာမတွေ့ပါလား၊ ခင်ဗျားမှာ ဆွေမျိုးမရှိဘူးလား”
“အများကြီး ရှိတာပေါ့၊ သူတို့အားလုံး ဒီမှာရောက်နေကြတယ်။”
+7
Offline စိုင်းရွှေတိုး
  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10958
Re: အမောပြေဟာသမှတ်စု
« Reply #51 on: May 09, 2011, 05:54:16 PM »
နိုးပါ
…အသည်းအသန် နာမကျန်းဖြစ်နေသော ယောက်ကျားဘေးတွင် ညပေါင်းများစွာ မအိပ်ဘဲ
လူနာစောင့် နေရသော ဇနီးသည်က ပင်ပန်းနွမ်းနယ်သံဖြင့် ပြောသည်။
“ကို...၊ ကျွန်မ နည်းနည်းအိပ်မှ ဖြစ်တော့မယ်၊
ရှင်သေမယ်ဆိုရင် ကျွန်မကို နိုးနော်…”
“ မဆိုင်သူ မ၀င်ရ
…လူနာနှစ်ယောက် ဆေးရုံဝင်းအတွင်း အပန်းဖြေ လမ်းလျှောက်နေကြသည်။
ရေခဲတိုက်ကို ဖြတ်သောအခါ ချိတ်ထားသည့်  “ မဆိုင်သူ မ၀င်ရ” စာတမ်းကို
တစ်ယောက်က အသံထွက်ဖတ်ပြီး အခြားတစ်ယောက်ကို မေးသည်။
“၀င်ခွင့်ရှိတယ်ဆိုရင် ခင်ဗျားဝင်မှာလားဗျ…ဟင်…”
ရှိပါတယ်
…လူတစ်ယောက် ခွေးရောင်းနေသည်။ ၀ယ်မည့်သူက မေးသည်။
“ခင်ဗျားခွေးက သစ္စာရှိရဲ့လားဗျ”
“ဟာ…သစ္စာရှိတာတော့ မပြောနဲ့၊ ဒီကောင့်ကို ကျွန်တော်ရောင်းတာ
သုံးခါရှိပြီ၊ အမြဲတမ်း အိမ်ကို ပြန်လာတယ်…”
+6
Offline စိုင်းရွှေတိုး
  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10958
Re: အမောပြေဟာသမှတ်စု
« Reply #52 on: May 09, 2011, 05:59:56 PM »
မ သဘာဝ
အမျိုးသမီးတယောက် ဘူတာရုံမှတည်းခိုခန်းသို့ရောက်
လာသည်... မန်နေဂျာအား
အခန်းရဦးမလား မေးသည် မန်နေဂျာမှ ဟာ ... အခန်းကုန်သွားပြီ...
မရှိတော့ဘူး.... အမျိုးသမီးက ... အို ရအောင်လုပ်ပေးပါ...
အချိန်လည်းမရှိတော့ဘူး... တခြားကိုသွားဖို့မလွယ်လို့ပါ... ထိုအခါ
မန်နေဂျာမှ .. အင်း.. ခင်ဗျားလိုချင်ရင် တစ်ခန်းတော့ရှိတယ်... ဒါပေမယ့်
အဲဒီအခန်းထဲမှာ ယောင်္ကျား (၃) ယောက် ရှိတယ်....
သူတို့မေးတဲ့မေးခွန်းကိုဖြေနိုင်ရင်တော့ ခင်ဗျား
တစ်ယောက်တည်းအေးအေးဆေးဆေး အိပ်လို့ရမယ်.... အဲ.. မဖြေနိုင်ရင်တော့
သူတို့အားလုံးနဲ့အိပ်ရလိမ့်မယ်... ဘယ့်နှယ်လဲ... အမျိုးသမီးမှ ...
ရတယ်လေ... အဲဒီအခန်းကိုပဲပေးပါ... အခန်းထဲရောက်သောအခါ ..... ယောင်္ကျား (၃)
ယောက်က အမျိုးသမီးအားမေးသည် အပင်ကပုပု.. အသီးကနီနီ.. အဲဒါဘာသီးလဲ...
အဖြေမှန်မှာ စတော်ဘယ်ရီသီးဖြစ်သည်... အမျိုးသမီးကလည်းသိသည်.. သို့သော်
ခရမ်းချဉ်သီးဟုဖြေလိုက်သည်... သို့နှင့် သူတို့အိပ်လိုက်ကြသည်...
နောက်တစ်ကြိမ် ထိုမေးခွန်းပဲထပ်မေးသည် အမျိုးသမီးကလည်း ခရမ်းချဉ်သီးဟုပဲ
ဖြေသည်... နောက်တစ်နေ့မိုးလင်းသော်.... အခန်းထဲမှ ..... အမျိုးသမီးရော
ယောင်္ကျား (၃) ယောက်ပါ ထွက်မလာသေးသဖြင့် မန်နေဂျာမှ ဘာများဖြစ်နေသလဲဟု
သွားကြည့်သည်... ထိုအခါအခန်းထဲတွင် ယောင်္ကျားသုံးယောက်မှာ ကုတင်အောက်မှ
ဒူးတုပ်ထိုင်ပြီး အမျိုးသမီးအားတောင်းပန်နေသည်... လုပ်ပါအစ်မရယ်....
စတော်ဘယ်ရီသီးလို့ပြောပေးပါ.... ဟင့်အင်း....ခရမ်းချဉ်သီးပဲ....
ရောဂါဟောင်း
ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည်
သူ့ဆေးခန်းသို့ပထမဆုံးရောက်လာသည့်လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့်
ချွေးပြန်လာသည်။
ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်...
ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့
ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစ်ဖူးပါတယ်
ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ
ရပါတယ်
ဗျို့ ကားဆရာခဏရပ်ပါဦး။ နောက်က တွယ်စီးတဲ့ လူတစ်ယောက် ပြုတ်ကျကျန်ရစ်ခဲ့လို့။
ကိစ်စမရှိဘူး။ သူ့ဆီက ကားခရပြီးသားပါ။
+5
Offline စိုင်းရွှေတိုး
  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10958
Re: အမောပြေဟာသမှတ်စု
« Reply #53 on: May 09, 2011, 06:06:04 PM »
ဈေးလျှော့ယူခြင်း....
လူငယ်တစ်ယောက် မိမိအပ်ထားသောဖိနပ်ကိုလာရွေးသည်။ ဖိနပ်ပြင်သမားကပြောသည်။
" ပြင်ခ ၂၀၀ - ကျပါတယ် "
" နည်း လှချည်လား ...ကျွန်တော် လာအပ်တုန်း ကလေးရာကျမယ်ဆို "
" ခင်ဗျားရဲ့ ဖိနပ်တစ်ဖက် ပျောက်သွားလို့ပါ "
မထိလို့
တရားသူကြီးက တရားခံကို မေးသည်။
"ဦးဘမောင်ကို ဘာဖြစ်လို့ ဖန်ခွက်နဲ့ နှစ်ခါတိတိ ပစ်ပေါက်ရတာလဲ"
"ပထမအကြိမ်မှာ လွဲသွားလို့ပါ"
အကြောင်းသိတွေ
တရားသူကြီးက တရားခံကို မေးသည်။
"မောင်းမင်း ခိုးခဲ့တဲ့ ဒေါ်လာတစ်ရာကို မောင်မင်း ဘာလုပ်လိုက်သလဲ"
"ဟော်တယ်က မေရီဆိုတဲ့ ကောင်မလေးကို ပေးပြီး သူနဲ့ တစ်ည အချိန်ဖြုန်း လိုက်ပါတယ်"
"ရုံးတော်ကို မလိမ်နဲ့၊ မေရီဟာ ဘယ်တော့မှ ဆယ်ဒေါ်လာထက် ပိုမယူဘူး"
+7
Offline စိုင်းရွှေတိုး
  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10958
Re: အမောပြေဟာသမှတ်စု
« Reply #54 on: May 09, 2011, 06:16:47 PM »
လူမထွက်ဘူး
ဒကာမတစ်ယောက်သည် ဘုန်းတော်ကြီးကျောင်းသို့လာရာ
ဘုန်းကြီး။ ။ ဟဲ့ဒကာမ၊ ဘာဖြစ်လို့လာသတုံး။
ဒကာမ ။ ။ အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား။
ဘုန်းကြီး ။ ။ ဟာ ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာကမှ မရှိဘူးဟ။ တစ်နေ့က လာအပ် တဲ့ ကလေးနှစ်ယောက် ဟာဘယ်သူက မွေးတာတုံးဟ။
ဒကာမ ။ ။ တပည့်တော်မက မွေးတာပါဘုရား။
ဘုန်းကြီး ။ ။ အိမ်း! တစ်သက်လုံးမှတ်ထား၊ ဒကာမကသာ လူထွက် သဟ။
ချစ်တဲ့အကြောင်းပဲ ပြောပါ
"ရှင် ကျွန်မကို ချစ်တယ်နော်"
"သိပ်ကို ချစ်ပါတယ်"
"အဲဒါဆို ဘယ်တော့ လက်ထပ်ကြမလဲဟင်"
"ဟေ့ ဟေ့၊ ခေါင်းစဉ်ကို ဗြုန်းစားကြီး ပြောင်းမပစ်နဲ့လေ"
+5
« Last Edit: May 09, 2011, 07:45:44 PM by ဂိ ဂိ »
imail
  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #55 on: May 10, 2011, 03:12:24 AM »
ကွင်းစ်တောင်းက မင်းအကြောင်းကို စဉ်းစားမိတော့… အိစ်ကုတ်မှာ
ငပိဖုတ်နဲ့တူတဲ့ မင်းမျက်နှာကို စနမ်းတာကို သတိရမိတယ် ။
မရီနာဘေးမှာ မဒီကညာလေးနဲ့ အထင်လွဲတော့ ဒီတခါဝေးပြီလို့ မင်းပြောခဲ့တာလေ ။
ဂျူယောင်းမှာ မင်း.. ပူဖောင်း လိုချင်တယ်ဆိုလို့ ကို စုဆောင်းထားတဲ့
ငွေလေးနဲ့ ၀ယ်ပေးခဲ့တယ်လေ..။ ပြီးတော့ အတန်းသွားမတက်ဘဲ.. စမ်းမားဆက်မှာ
မရမ်းပြားအစပ် ၀ယ်စားမိလို့ လဗမ်းဒါးမှာ
ဝမ်းသွားတာတွေရော မေ့ပြီလား ။ အောချက်ရောက်တော့ ငါ့ကို
အပြောမညက်လို့ဆိုပြီး မင်း ဘောတစ်ချက်ကန်လိုက်တာ အခုထိ
အကြောညက်နေတုန်းပဲကွယ် ။
တခါ..ဒိုဗာမှာ ချိန်းထားတုန်းက အကိုမလာလို့ဆိုပြီး ငိုရှာတော့
ဟာသအတိုအထွာနဲု့ ဂျိုကာလို လုပ်ပြီး ချော့ခဲ့တာ မှတ်မိသေးရဲ့လား ။
အဲဒီတုန်းက ငိုလိုက်တာများ..ကလက်ကီးဘက်ကျေ
တာ့ နှပ်ချီးထွက်ကျလို့ဆိုပြီး မင်း အရှက်ကြီးရှက်ရတယ်လေ..၊
ကိုယ်အလိုက်မသိဘဲ၇ယ်မိလို့ လက်သီးတစ်ချက်သမ ခံလိုက်ရသေးတယ်..ဟီးဟီး ။
ဘွန်လေးမှာ သူငယ်ချင်းတွေ ချွန်ပေးတာနဲ့ပဲ မင်းနဲ့ပြတ်မလိုဖြစ်သွားသေးတယ်
။ လိပ်စိုက်ရောက်တော့ ကိုယ့်ပုခုံးပေါ် မင်း အိပ်ငိုက်နေတုန်း မင်းအကိုနဲ့
ထိပ်တိုက်တွေ့တာ ကိုယ်ဘာလုပ်ရမှန်းမသိ စိတ်အိုက်ခဲ့ရသေးတယ် ။
တိုဖားရိုးမှာ မင်းကို ဟိုကြားတိုးမိလို့ အကိုတအားဆိုးတယ်ဆိုပြီး
စိတ်တိုတိုနဲ့ မူနေတာများ…။ ဘူးဂစ်မှာ နှစ်ဦးမေတ္တာ ပြတ်သုဉ်းလို့ ရင်ထဲ
ဆူးနစ်ကာ အသက်ဆုံးတော့မလို နာကျင်ခဲ့ရပါတယ်။ ရက်ဟေးမှာ
လက်ကလေးကိုင်မိလို့ ရှက်ရှက်နဲ့ ထွက်ပြေးတာတွေ ၊ စီးတီးဟောမှာ
တဟီးဟီးပြောခဲ့တာတွေ ၊ ဂေလမ်းမှာ အသေနမ်းခဲ့တာတွေ ပြန်စဉ်းစားရင်း
အယ်ဂျူးနစ်အရောက် တကယ်အရူးဖြစ်လောက်အောင် ခံစားခဲ့ရပါပြီ ..။
တချိန်က အတိတ်ပုံတွေကိုသတိရရင်း..လောကကြီးကို စိတ်ကုန်လို့
ဘုန်းကြီးဝတ်ဖို့အကြံအစည်နဲ့ ချန်ဂီကနေ မြန်ပြည်ကို..ပြန်ပြီ အချစ်ရယ်..
:'(
(ငါမှတ်မိတဲ့ အမ်အာတီလည်း ဒီလောက်ပဲရှိတယ်)
sawgangster blog မှာတွေ့လို့ ကူးယူဖော်ပြပါတယ်
+12
Offline စိုင်းရွှေတိုး
  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10958
Re: အမောပြေဟာသမှတ်စု
« Reply #56 on: May 10, 2011, 03:37:30 PM »
မြန်မာလူမျိုး တော်တော်များများဟာ အင်္ဂလိပ်စာကို အကျွမ်းကြီး မဟုတ်တောင်
နဲနဲပါးပါးတော့ပြောနိုင်ဆိုနိုင်ကြပါတယ်။ ဆိုက်ကားသမား Taxi သမားကအစ၊
မြင်းလှည်းသမား အဆုံး နဲနဲပါးပါးတော့ ပြောတက်ကြပါတယ်။ ဒါပေမယ့်လည်း
လူတိုင်းသတိထားရမှာက နိုင်ငံခြားသားတိုင်း အင်္ဂလိပ်စာမတက်ဖူးဆိုတာပဲ။
ပြင်သစ် တော်တော်များများ အင်္ဂလိပ်စာဘက်မှာ အားနည်းပါတယ်။
ဒီအဖြစ်အပျက်ကလေးကတော့ Taxi သမားတစ်ယောက်ကြုံခဲ့ရတဲ့ဟာလေးပေါ့။
တစ်ခါက ကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်… နိုင်ငံခြားသားတွေနဲ့ပဲ….
ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့…..
ကလောရောက်တော့ နှစ်ညအိပ်တယ်... နောက်တစ်နေ့မနက်စထွက်မယ်ဆိုတော့
မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… သွားတဲ့အချိန်ကလဲ
ဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ…
ဒါပေမယ့်ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီး
ဒေါသတွေထွက်နေပြီ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ..
ကားကတစ်လမ်းလုံးကောင်းနေပြီးတော့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိ
နဲ့ပေါ့… ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေ
မီးတုတ်တစ်ခုတောင်းလိုက်တယ်…. နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင်
အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heat
တိုက်တယ်လို့လဲခေါ်တယ်လေ… အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံး
ပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေ၀ုန်းကနဲ
ကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကို
မီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး Heat တိုက်လို့ကောင်းတုန်း…
အင်ဂျင်ပူလောက်ပြီထင်မှ ကားအောက်ကနေထွက်လာတယ်… အဲဒီမှာတင် ခေါင်းဆောင်
နိုင်ငံခြားသားကမေးလိုက်တယ်…
Are u crazy?
အာ ယူ ကလေးစီး… တဲ့....
ကားသမားလဲ နဂိုကမှ ကားစက်မနိုးလို့ဒေါသထွက်နေရတဲ့အထဲ အခုလိုလာပွားတော့
တင်းသွားပြီး
This is not ကလေးစီး. This is လူကြီးစီး……. ဆိုပြီးတော့ ပြောလဲပြော
ကားပေါ်လဲတက်ပြီး စက်နှိုးလိုက်တာ ၀ူး….
ကနဲနိုးသွားပြီးလိုရာခရီးကိုဆက်သွား ခဲ့ရတယ်လေ….
အဲဒီမှာတင်နိုင်ငံခြားသားတွေက မီးတုတ်ကြီးတွေမြင်တိုင်း
လူကြီးစီး.......လူကြီးစီး… ဆိုပြီးထအော်တော့တာပဲ….
+8
Offline စိုင်းရွှေတိုး
  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10958
Re: အမောပြေဟာသမှတ်စု
« Reply #57 on: May 10, 2011, 03:53:57 PM »
 စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
 လက်ထဲတွင်လည်း  သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။
                  "ဟေ့ကောင်.......မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်.."
                  "မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.."
                 "မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.."
                  "မဆင်းဘူးဆရာ...မဆင်းဘူး"
                               ဆရာဝန်လဲ ကြံရာမရ  ဖြစ်နေတယ်။အဲဒီ အချိန်မှာ  နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က
 အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး
        "ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."
          "ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.."
                         ပထမလူနာလဲ  သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ ဆရာဝန်က
   "မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာလဲ.."
+10
Offline စိုင်းရွှေတိုး
  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10958
Re: အမောပြေဟာသမှတ်စု
« Reply #58 on: May 10, 2011, 04:02:04 PM »
အင်တာဗျူးတစ်ခုတွင်….
မန်နေဂျာ။ ။ မင်းမွေးနေ့ ပြောပါ
ကိုထုံ ။ ။ အောက်တိုဘာ ၁၃
မန်နေဂျာ။ ။ ဘယ် နှစ်လဲ
ကိုထုံ ။ ။ နှစ်တိုင်း
နိုင်ငံခြားခရီးမှ ပြန်ရောက်လာသော ကိုထုံက သူမိန်းမကိုမေးတယ်…
“ငါက နိုင်ငံခြားသားနဲ့များ တူနေလား”
“တူပါဘူး၊ ဘာလို့ လဲ”
“လန်ဒန်မှာ အမျိုးသမီးတယောက်က ငါ့ကို
နိုင်ငံခြားသားလားလို့ လာမေးနေလို့”
အမေရိကန်တိုးရစ် တစ်ယောက်က ကိုထုံကို မေးကြည့်တယ်….
အမေရိကန်။ ။ ဒီရွာမှာ ကြီးကျယ်မြင့်မြတ်တဲ့လူ တစ်ယောက်ယောက်များ
မွေးခဲ့ဘူးသလား
ကိုထုံ ။ ။ ဟင့်အင်း…ကလေးလေး တွေဘဲ မွေးတာ
စာသင်ခန်းအတွင်း၌ဖြစ်သည်…
ဆရာ ။ ။ ဂန္ဒီ ဂျရမ်သီ အကြောင်း မှတ်ချက် ရေးပါ
ကိုထုံ ။ ။ ဂန္ဒီ ဟာကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဂျရမ်သီ
ကိုတော့ ကျနော် မသိပါဘူး။
ကိုထုံနဲ့ သူ့ဇနီးသည်တို့ ကားငှားစီးလာစဉ်ဖြစ်သည်။
ကားဒရိုင်ဘာက နောက်ကြည့်မှန်ကို ချိန်နေပါတယ်။ ဒါကိုမြင်တဲ့ကိုထုံက…
“မင်းက ငါ့မိန်းကို ခိုးကြည့်မလို့ပေါ့လေ၊ ဘယ်ရမလဲကွာ…ဖယ်စမ်း ငါမောင်းမယ်၊
ဒီမှာလာထိုင်”
+6
Offline စိုင်းရွှေတိုး
  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10958
Re: အမောပြေဟာသမှတ်စု
« Reply #59 on: May 10, 2011, 04:04:58 PM »
အင်တာဗျူးတစ်ခုတွင်….
မန်နေဂျာ။ ။ မင်းဟာ သုံးထပ်တိုက်ပေါ်ရောက်နေတယ်လို့
စိတ်ကူးကြည့်လိုက်၊ အဲဒီတိုက်ကိုမီးလောင်နေပြီဆိုပါတော့၊ မင်းဘာဆက်လုပ်မလဲ
ကိုထုံ ။ ။ လွယ်လွယ်လေး၊ စိတ်ကူးနေတာကို ရပ်လိုက်မှာပေါ့၊
ကိုထုံ ။ ။ အဲဒီကောင်မလေးက နားလေးနေတယ်ထင်တယ်ကွ
သူငယ်ချင်း ။ ။ ဘာလို့ လဲ
ကိုထုံ ။ ။ ငါက သူ့ကိုချစ်တယ်လို့ပြောတာကို…သူ့ ထီးက အသစ်ကြီးနော်
လို့ပြန်ပြောတယ်လေ
စာသင်ခန်းအတွင်း၌ဖြစ်သည်…
ဆရာ ။ ။ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး သတ္တဝါကို ပြောပါ
ကိုထုံ ။ ။ မြင်းကျား
ဆရာ ။ ။ ဘာလို့လဲ
ကိုထုံ ။ ။ သူက အဖြူအမဲ ဘဲရှိသေးတယ်လေ…
ကွန်ပြူတာကုမ္မဏီ ၏ အင်တာဗျူးတစ်ခုတွင်….
မန်နေဂျာ။ ။ မင်း MS office ကို သိသလား
ကိုထုံ ။ ။ လိပ်စာသာပေးလိုက်ပါ၊ ရအောင်ရှာသွားလိုက်ပါမယ်…
စာသင်ခန်းအတွင်း၌ဖြစ်သည်…
ဆရာ ။ ။ လိမ္မော်သီး နဲ့ ပန်းသီး ရဲ့ခြားနားချက်ကိုပြောပါ
ကိုထုံ ။ ။ လိမ္မော်သီးရဲ့ အရောင်က လိမ္မော်ရောင်ဖြစ်ပေမယ့်
ပန်းသီးရဲ့အရောင်က ပန်းရောင်မဟုတ်ဘူးလေ။
+9
Tags: