Author Topic: အမောပြေဟာသမှတ်စု  (Read 470196 times)

0 Members and 2 Guests are viewing this topic.

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #40 on: May 03, 2011, 02:26:16 PM »
တခါကပန်းခြံတစ်ခုရှေ့မှာ စောင့်တဲ့ရဲတယောက်နားကို ကလေးလေးတယောက် ရောက်လာပါတယ်
ပြီးတော့ ရဲသားကြီးကို "ဟေ့ ရဲသားကြီး နောက်15မိနစ်လောက်နေရင်
တားတားဖင်လာနမ်းလှည့်"လို့ပြောပြီး
ထွက်ပြေးသွားတယ်။။။
ရဲသားကြီးကလည်း ပထမတော့ကြောင်နေတာပေါ့ နောက်တော့မှာဒေါသူပုန်တွေထပြီး
အဲ့ကလေးလေးနောက်ကို ပြေးလိုက်တာပေါ့ အင်မတန်ရိုင်းတဲ့ကလေး
မှတ်လောက်အောင်ဆုံးမယ်ပေါ့
အဲ့လိုကလေးနောက်ကိုပြေးလိုက်ရင်းနဲ့ လမ်းမှာ ရဲမှုးကြီးနဲ့သွားတိုးတယ်
ရဲမှုးကြီးက"ဟေ့ ရဲဘော် ဘာလို့တာဝန်ကျနေရာမှာမရှိဘဲ လျှောက်ပြေးနေရတာလဲ"
ဒီတော့ ရဲသားကြီးက "ဟိုရှေ့မှာပြေးသွားတဲ့ကလေးလေ ကျွန်တော့်ကို နောက်15မိနစ်နေရင်
သူ့ဖင်လာနမ်းလှည့်လို့ပြောသွားလို့ "
အဲ့လိုပြောလိုက်ရော ရဲမှုးကြီးက
"မင်းကလဲကွာ အေးဆေးပေါ့ 15 မိနစ်ကြီးတောင် ကျန်သေးတာကိုး"


သားလိမ္မာ
----------

“မောင်တိုးလေး... မင်းဖေဖေနဲ့ မေမေ ညကျရင် ဘယ်လိုအိပ်သလဲကွ...
မင်းသိလား...“
“ဟီး...ဟီး...သိတာပေါ့ဗျာ.... ကျွန်တော်နဲ့ တူတူအိပ်တာပဲဟာ....
“ဟုတ်လား...အဲဒါဆို အစ်ကိုတို့ကို ပြောပြပါလား...“
“ဟာဗျာ... ပြောစရာလားဗျ...မပြောချင်ပါဘူး....“
“ပြောပါကွ... မောင်တိုးလေးက လိမ္မာပါတယ်....“
“ဟာဗျာ... မပြောရဲပါဘူးဗျာ... သွားတော့မယ်...ဗိုက်ဆာလာပြီ.....“
“နေပါဦး မောင်တိုးလေးရ...ကိုကြီးတို့ မုန့်ဝယ်ကျွေးမှာပေါ့...
မင်းကြိုက်သလောက်စား....“
....
“ကဲ.. မောင်တိုးလေး.. စားပြီးပြီဆို ပြောပြတော့လေ...ဟီး..ဟီး..“
“ပြောဆိုလည်း ပြောပြရတာပေါ့ဗျာ... အမေက စောင်လေးခြုံပြီး အိပ်တယ်ဗျ...အဖေကတော့
လက်နှစ်ဘက်ကို ပေါင်ကြားထိုးပြီး ကွေးကွေးလေး အိပ်တယ်ဗျ....“
“ကောင်းကွာ...“


မမြင်ရက်လို့ပါ
--------------

ဘတ်စ်ကားပေါ်မှာ လူတစ်ယောက် မျက်စိကြီး အတင်းမှိတ်ပြီး ထိုင်နေတဲ့သူကို သူ့ရှေ့ကလူက
“မိတ်ဆွေ.. ခင်ဗျား ခေါင်းမူးနေလို့လား... အန်ချင် နေတာလား.... ကျွန်တော်ဘာများ
ကူညီပေးရမလဲ ခင်ဗျ....”
“ကျုပ်ကတော့ ဘာမှ မဖြစ်ပါဘူးဗျာ... ကျုပ်ရှေ့မှာ သက်ကြီးရွယ်အိုတွေ မတ်တပ်ရပ်
ဒုက္ခရောက်နေတာကို မမြင်ရက်လွန်းလို့ပါဗျာ....”



+9

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #41 on: May 03, 2011, 02:29:51 PM »

ပြောပြပါ့မယ်
-------------

ဘယ်ညာ အချက်ပြမီး ပျက်နေလို့ ကားမောင်းရင်း လက်တစ်ဖက်ကို အပြင်ထုတ်ထုတ်ပြီး အချက်ပြ
နေရတဲ့ ဘတ်စ်ကား ဒရိုင်ဘာကို အစိုးရိမ်ကြီးတဲ့ အဘွားအို တစ်ယောက်က
“သားလေးရယ် သားလေးရဲ့ လက်တွေကို အဲဒီ ဘီးအဝိုင်းကြီးကိုသာ
မြဲမြဲကိုင်ထားပြီး ဆက်မောင်းပါ
ကွယ်.... အပြင်မှာ မိုးရွာမရွာ သိချင်ရင် အမေကြီး သေချာ ကြည့်ထားပေးပါ့မယ်နော်...“


တစ်ကိုယ်လုံးပေါ့
-----------------
“ကျွန်တော်က ကြုံတိုင်းရွာမှာ မွေးတာပါ....“
“ဟုတ်လား ကြုံတိုင်းဆို ကျုပ်သိတယ်... ဘယ်အပိုင်း မွေးတာလဲ...“
“တစ်ကိုယ်လုံးပေါ့ဗျ... ရူးနေလားမသိဘူး....ပေါက်ပေါက်ရှာရှာ မေးတတ်တယ်“




ဘယ်လိုလုပ်ရမလဲ
ကျွန်တော် သူ့ကိုချစ်မိနေလို့ သူငယ်ချင်း တစ်ယောက်နဲ့တိုင်ပင်တယ်ဗျာ။
အဲဒါကို မောင်မင်းကြီးသားက “မလုပ်နဲ့ အဲဒါကြိုတင်ကြံစည်မှု” တဲ့၊
အဲဒါကြောင့် သူအပြင်ထွက်တဲ့အခါ စာလိုက်ပေးမယ်ပြောပြန်တော့ သကောင့်သားက
“မလုပ်နဲ့ အဲဒါ ၀တ္တရားနှောက်ယှက်မှု” တဲ့ဗျာ။“အိုကွာ ဒါဆိုရင်
သူမြင်သာအောင် သူ့အိမ်ရှေ့ ခေါက်တုံ့ ခေါက်ပြန်လုပ်မယ်ကွာ”၊ “ဟကောင်ရ
အဲဒါ မသင်္ကာမှုနဲ့ ငြိမယ်ကွ မလုပ်နဲ့” တဲ့၊ “ဟာဒါဆိုရင်တော့
ဂစ်တာလေးတီးပြီးတော့ သူသိအောင် လုပ်ပါရစေကွာ”၊ “သြော်
မင်းကဆူပူသောင်းကျန်းမှုနဲ့ ငြိချင် နေပြီထင်တယ်” တဲ့၊
လုပ်ပြန်ပြီဗျာ၊ကျွန်တော် ဘယ်လိုလုပ်ရတော့မလဲ။ “ကျွန်တော်ချစ်တာကို
သူမသိနိုင်ရင်နေပါစေတော့၊ ချောင်ကွယ်တနေရာကနေပဲ ငေးတော့မယ်ကွာ၊
ကိုယ်ချစ်နေရရင်ပြီးတာပါပဲလေ”၊ “ဟာ မင်းကလဲကွာ မှောင်ရိပ်ခိုမှုတွေ
ဘာတွေနဲ့ငြိနေဦးမယ်နော်၊ ကြည့်လုပ် ကြည့်လုပ်”၊ “ဟ မင်းဟာက အမှုတွေ
များလှချည်လား၊တော်ပြီကွာ မချစ်တော့ဘူး”၊ “ဟေ့ ဟေ့ မလုပ်နဲ့ မလုပ်နဲ့
အဲဒါမှထိန်ချန်မှုနဲ့ တိုက်ရိုက် ငြိသွားမယ်” တဲ့။
ဘယ်လိုလုပ်ရတော့မလဲဗျာ၊ကျွန်တော်လဲ မကြံတတ်တော့ဘူး၊ စဉ်းစားပေးကြပါဦး။
+12

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #42 on: May 03, 2011, 02:54:32 PM »
ခွဲစိတ်ခန်းထဲသို့ လူနာ ဂျေဂျေကို ခေါ်ဆောင်လာခဲ့သည်။
လူနာအား မေ့ဆေးပေးရန်အတွက် မေ့ဆေးဆရာဝန် ရောက်လာသည်။
ရေချိန်ကိုက်နေသော မေ့ဆေးဆရာဝန် ဒေါက်တာ ဖရိုက်အား လူနာဂျေဂျေမှ
“ဆရာ မူးနေတာလား ခင်ဗျာ”
“ဗျာ... ကျွန်တော့်ကို မူးနေတယ်လို့ ပြောတာလား ကျွန်တော်မမူးပါဘူး
  မူးတာက ခွဲစိတ်ဆရာဝန် ဒေါက်တာ လမ်းမတော်သားဗျ
  ဒီလူမှ တကယ်မူးနေတာ သူရောက်လာရင်ကြည့်”  ;) ;) ;)

မစ္စဝေးဆိုသောအမျိုးသမီးငယ်တယောက်အသံလေ့ကျင့်ခန်းလုပ်ပြီးကိုယ့်ဟာကိုယ်ကျေနပ်နေသည်
။သို့ သော်သူမစိတ်ထဲတွင်ဘဝင်မကျတာတခုက..သူမအသံလေ့ကျင့်ခန်းလုပ်တိုင်း
..သူမအဖေကလည်းအိမ်ရှေ့ ဝရန်တာ သို့ ထွက် ကာကိုယ်လက်လေ့ကျင့်ခြင်း
ဖြစ်သည်.။ထို့ ကြောင့်တနေ့ တွင်
“ အဖေ“
“ဟေ“
“ ဘာဖြစ်လို့ သမီးအသံလေ့ကျင့်တိုင်း..အဖေကလည်းဝရန်တာထွက်ပြီး
ကိုယ်လက်လေ့ကျင့် ရတာလဲ “
“ဒီကိစ္စ ကိုပြောရရင်.......“
အဖိုးကြီးကသမီးမျက်နှာကိုတချက်ကြည့်ပြီးဆက်ပြောသည်
“ငါနင့်အမေကိုရိုက်နေတာမဟုတ်ဘူးဆိုတာ..အိမ်နီးချင်းတွေမြင်စေချင်လို့ ပါကွယ်“
+8

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #43 on: May 04, 2011, 09:28:55 PM »
(၁)
လူတစ်ယောက်ဟာ ဆိုင်ကယ်စီးရင် လေတိုးသက်သာအောင်ဆိုပြီး အနွေးထည်ကို
နောက်ပြန်ဝတ်တတ်သတဲ့။ တစ်နေ့တော့ အရက်မူးပြီး သူဆိုင်ကယ်မှောက်တယ်။
ဆိုင်ကယ်မှောက်တဲ့နေရာကိုရဲတွေရောက်လာတယ်။
ပထမရဲ။။ဟာ...တော်တော်ဖြစ်သွားတာပဲ။

ဒုတိယရဲ။။ဟုတ်တယ်။ကြည့်စမ်း..ခေါင်းတောင်နောက်ပြန်လည်သွားပြီ။

ပထမရဲ။။အသက်ရှုနေသေးတယ်။ခေါင်းကိုတည့်ပေးလိုက်ကြရအောင်

ဒုတိယရဲ။။လာ..၁..၂..၃...အင်း..ခေါင်းတည့်သွားပြီ။

ပထမရဲ။။အင်း..အခုမှအသက်မရှုတော့ဘူး

(၂)
တစ်နေ့မှာ ခရီးသွားတစ်ယောက် ခရီးသွားရင်း လမ်းမှားခဲ့တယ်။ ခရီးသွားက
လမ်းဘေးမှာ ဆော့ကစားနေတဲ့ကလေးတစ်ယောက်ရဲ့ခေါင်းကိုကိုင်ပြီးလမ်းမေးတယ်။

"ဟေ့..ချာတိတ်ဒီနေရာကိုဘယ်လိုခေါ်လဲ?"

"ဒါကျွန်တော့်ခေါင်းလေဗျာ"

(၃)
"လကမ္ဘာဆိုတာ အကြီးကြီးပဲ။ လူ သန်းပေါင်းအများကြီး နေနိုင်တယ်"
ပထဝီဝင်ဆရာတစ်ဦးက ကလေးတွေကို ရှင်းပြတယ်။ အဲဒီမှာ ကလေးတစ်ယောက်က
ထအော်တယ်။

"ဒီလိုဆို မလွယ်ဘူးဆရာ... လဆန်း၊ လကွယ်ရောက်ရင် လူတွေ ကျပ်ညှပ်ပြီး
သေကုန်ကြလိမ့်မယ်"  ;D ;D ;D ;D
+7

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #44 on: May 05, 2011, 04:48:22 PM »
ပြောမယ်

နာမကျန်းတဲ့ အဘိုးအိုတစ်ဦး ဆရာဝန်သွားပြတော့ ဆရာဝန်က စမ်းသပ်ပြီး ရောဂါအခြေအနေ ဆိုးမှန်းသိတော့ အဘိုးအို လုပ်သင့်တာ လုပ်နိုင်အောင် မကွယ်မ၀ှက်ဘဲ ပြောပြလိုက်တယ်။
ဆရာဝန်က အဘိုးအိုကို “ခင်ဗျားလည်း ခင်ဗျားရောဂါ အခြေအနေအမှန်ကို သိချင်နေမယ်ထင်တယ်။ အခြေအနေကတော့ သိပ်မကောင်းဘူး။ ခင်ဗျားဘယ်သူနဲ့ တွေ့ချင်သလဲ ပြောပါ ကျွန်တော် ကူညီမယ်” လို့ ပြောတော့ အဘိုးအိုက ခေါင်းညိတ်ပြီး လေသံ တိုးတိုးလေးနဲ့ “ ဟုတ်ကဲ့... ကျွန်တော် နောက်ဆရာဝန် တစ်ဦးနဲ့ တွေ့ချင်တယ်” လို့ ပြောလိုက်တယ်။

သတိထား
ဆေးခန်းကို လူနာတစ်ယောက် ရေးကြီးသုတ်ပြာ ပြေးလာပြီး
“ဆရာ..ဆရာ.. ကျွန်တော့်ကို ကယ်ပါ။ ကျွန်တော် ဓာတ်ဆီ မှားသောက်မိလို့” လို့ ပြောတော့ ဆရာဝန်က “ ကိစ္စမရှိဘူး။ ဒီရက်အတောအတွင်း ခင်ဗျား ဆေးလိပ်မသောက်နဲ့” လို့ ပြန်ဖြေသတဲ့။

+8

Offline ပိုးနှံကောင်

  • ကျောင်းသား
  • *
  • Posts: 55
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +108
Re: အမောပြေဟာသမှတ်စု
« Reply #45 on: May 06, 2011, 01:38:15 PM »
လက်ထပ်ခွင့်ပန်ပြီးတဲ့အချိန်-


အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး-ဟင်းနော်....ထားသွား
လိုက်ရမလား?
အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး-တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?
အမျိုးသား-အချိန်မရွေးပဲ
အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
အမျိုးသား- မင်းရူးများရူးနေလားကွာ
အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
အမျိုးသား-အင်း
အမျိုးသမီး-မောင်ရယ်...

လက်ထပ်ပြီးတဲ့အခါ....
အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ ဒီအတိုင်းပါပဲ။

မာယာအတွက်နော်
 :P :P :P :P :P :P :P
+11

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #46 on: May 09, 2011, 04:44:07 PM »
ဒီကစောင်.နေသူ

တစ်နေ့မှာ ရုတ်တရက် မိုးရွာချလာလို့ စိတ္တဇဝေဒနာသည်တွေအားလုံး အင်္ကျီ၊ ဇလုံတွေ ယူပြီး မိုးရေဆင်းချိုးကြတယ်။ ဒါပေမယ့် လူတစ်ယောက်က ရေမဆင်းချိုးဘဲ ဝရန်တာမှာ ရန်နေတာတွေ့လို့ ဆရာဝန်က "ခင်ဗျားဘာဖြစ်လို့ သူတို့နဲ့အတူ ရေမဆင်းချိုးတာလဲ" လို့ မေးလိုက်တယ်။ လူနာပြန်ဖြေလိုက်တာက...

"ကျွန်တော် ရေနွေးတဲ့အထိ စောင့်နေတာပါ"

ဒါကြောင်.ပါ

ဆရာဝန်က စိတ္တဇဝေဒနာသည်တွေ စိတ်အခြေအနေ တိုးတက်မှု ရှိမရှိ စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်။ ဆရာဝန်က နံရံတစ်ခုပေါ် တံခါးပေါက်ပုံဆွဲပြီး လူနာတွေကို "ဒီတံခါးပေါက် ဖွင့်နိုင်တဲ့သူကို ဒီအခန်းက လွတ်ပေးမယ်" လို့ ပြောပြီး စမ်းသပ်လိုက်တယ်။ ဆရာဝန်စကားကြားတာနဲ့ ရှိသမျှ လူတွေအားလုံး တံခါးပေါက်ကို ပြေးဖွင့်ကြတယ်။ ဒါပေမယ့် လူတစ်ယောက်က နေရာမှာတင် ထိုင်နေခဲ့လို့ ဆရာဝန်က သူ့စိတ်တိုးတက်မှုရှိပြီ ထင်ပြီး မေးလိုက်တယ်။

"ခင်ဗျား ဘာဖြစ်လို့ သူတို့လို တံခါးသွားမဖွင့်တာလဲ"

လူနာက ဆရာဝန်ကို တစ်ချက်စိုက်ကြည့်ပြီး ဖြေလိုက်ပါတယ်။

"အဲဒီတံခါးသော့က ကျွန်တော့်ဆီမှာဗျ..."

အေနှင်.ဘီ

ဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လဲပြီး သီချင်းဆိုနေခဲ့တယ်။ သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လဲပြီး ဆက်ဆိုပြန်တယ်။ ဒါကို ဆရာဝန်က မြင်တော့ "ခင်ဗျား ဘာဖြစ်လို့ ဟိုလှန်ဒီလှန် လုပ်နေရတာလဲ" လို့ မေးလိုက်တယ်။

သူပြန်ဖြေလိုက်တာက "ခင်ဗျား သိပ်တုံးတာပဲ? အေဆိုက်ကုန်လို့ ဘီဆိုက်လှန်လိုက်တာပေါ့"
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #47 on: May 09, 2011, 04:57:01 PM »
ဒီလိုဒီလို

 ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့် ကို

ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့  ဆို

ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲလုံ့ လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့  ရဲ့

အားနည်းချက်လို့  ဆိုရမလားပဲ…။

ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။

ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့…မယ်ဆိုတော့ တအားကိုပဲ

ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့

ရှေ့  မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို

့…။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက

ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

“ပထမ အချက်အနေနဲ့ … … … အဟမ်းအဟမ်း…”

ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ

လေးလေးပင်ပင်နဲ့ …

“ရင်ခွဲရုံမှာ… ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ…

ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ

့လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ

့ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။

“အီးးးးးးး”

“အူးးးးးးး”

“အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက

အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …

“ကဲ… အားလုံးမြင်ပြီးကြတဲ့အတိုင်း… မင်းတို့  တွေ

ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့… ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”

မယုံမရှိကြပါနဲ့ ။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။

စောစောတုန်းက ‘ဟင်’ ရယ် ‘ ဟယ်’ ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ

မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။

လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ
မြည်အောင် စုပ်…။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။

အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့

တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။

“ဒုတိယအချက်ကတော့… ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ

မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က

ဘာလဲဆိုတော့… မျက်စိလျင်လျင်ထားပြီး… စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”

“အခုနတုန်းက… ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က…

လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့… လက်ခလယ် မဟုတ်ဘဲ… လက်ညှိုးကို

ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်… ဒီအချက်ကို…

ဘယ်ကျောင်းသားမှ… သတိမမူမိလိုက်ကြပါဘူး…”
+11

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #48 on: May 09, 2011, 05:31:50 PM »
ပြင်ရေးပေးပါ

နာမည်ကြီးပြဇာတ်တစ်ခု တင်ဆက်ရန် ပြဇာတ်ရေးဆရာက လက်စွမ်းပြ ရေးသားပြီးနောက် ပြဇာတ်ဒါရိုက်တာ ဖြစ်သူအား ဖတ်ရှုပြင်ဆင်ရန် ပေးလိုက်လေသည်။

ဒါရိုက်တာ။ ။ ပြဇာတ်က ဖတ်လို့ကောင်းပါတယ်။

ပြဇာတ်ရေးဆရာ။ ။ လက်စွမ်းပြထားတာပါ။

ဒါရိုက်တာ။ ။ စိတ်ဝင်စားဖို့လည်း ကောင်းတယ်ဗျ။

ပြဇာတ်ရေးဆရာ။ ။ သေသေချာချာ ရေးထားတာမို့ပါ။

ဒါရိုက်တာ။ ။ တစ်ချက်လောက်တော့ ပြင်ချင်တယ်။

ပြဇာတ်ရေးဆရာ။ ။ ရပါတယ်၊ ပြင်ပါ။

ဒါရိုက်တာ။ ။ နိဂုံးပိုင်းမှာ ဇာတ်လိုက်မင်းသမီးက အဆိပ်သောက် သေတဲ့အစား သေနတ်နဲ့ ပစ်သတ်လိုက်တာ ပိုကောင်းမယ် ထင်တယ်။

ပြဇာတ်ရေးဆရာ။ ။ ဘာဖြစ်လို့လဲဗျာ။

ဒါရိုက်တာ။ ။ ပြဇာတ်ကြည့်ပြီး အိပ်ပျော်နေတဲ့သူတွေ နိုးသွားအောင်လို့ပါ။

ပြဇာတ်ရေးဆရာ။ ။ ဗျာ......
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #49 on: May 09, 2011, 05:40:26 PM »
လာမညာနဲ့

"ကျုပ်မိန်းမက အညာမပဲဗျ" လို့ ဒေါသတကြီးဖြစ်နေတဲ့ ခင်ပွန်းသည်က ကရုဏာ သက်နေ သူ သူငယ်ချင်းကို ကားမောင်းရင်း ပြောပါတယ်။

"ခင်ဗျား ဘယ်လိုသိသလဲ?" မိတ်ဆွေက မေးပါရော။

"သူ မနေ့ညက အိမ်ပြန် မလာဘူးလေ။ ကျုပ် သူ့ကို သူဘယ်မှာ ရှိခဲ့သလဲ လို့မေးတော့ သူ တစ်ညလုံး သူ့အစ်မ ဂျက်ဆီနဲ့ အတူ ရှိခဲ့တယ်တဲ့"

"ဆိုတော့?"

"ဆိုတော့ကာ၊ သူ ညာတာပေါ့။ တစ်ညလုံး ကျုပ်က သူ့အစ်မဂျက်ဆီနဲ့အတူ ရှိနေခဲ့တာလေ"

ဒီအတိုင်းပဲ

ဆရာဝန် တစ်ယောက်ဟာ သူ့လူနာထံ ဖုန်းဆက်တယ်။

ဆရာဝန်။ ခင်ဗျားပေးတဲ့ ချက်လက်မှတ်က အဆင်မပြေဘူးဗျ။

လူနာ။ အို၊ ခင်ဗျားကုတာလည်း အဲဒီအတိုင်းပါပဲဗျာ။

ပြောချင်ပါဘူး

"အပေါင်းအသင်းက ဘာကြောင့် ရောက်လာ ရတာလဲ" ဟု ထောင်ထဲက အဖော်က အခြား တစ်ဦးကို မေး၏။

"ကုန်ခြောက်ဆိုင်ကို လုယက်ခဲ့တာကြောင့်ပေါ့"

"ဘယ်လောက် ရခဲ့လဲ?"

"ဒေါ်လာ ၁၅၀၀ လောက်"

"ဘယ်လိုလုပ်ပြီး အဖမ်းခံရတာလဲ?"

"မြန်မြန် ထွက်မပြေး နိုင်လို့"

"ဘာလို့ မပြေး နိုင်ရတာလဲ?"

"ငွေအိတ်တွေပေါ့ကွာ၊ အရမ်းလေးတာကွာ။ အားလုံးက အကြွေစေ့တွေချည်းပဲကွာ"
+6

Tags: