Author Topic: အမောပြေဟာသမှတ်စု  (Read 464499 times)

0 Members and 3 Guests are viewing this topic.

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4813
Re: အမောပြေဟာသမှတ်စု
« Reply #990 on: March 09, 2013, 09:20:13 PM »
ဘာမှတ်လဲ

ယောင်္ကျား။ ။ “ငါသေသွားလို့ကတော့ မင်းငါ့လို့ ယောက်ကျားမျိုး ဒီတစ်သက်

ထပ်ရှာတွေ့ မှာမဟုတ်ဘူး ဘာမှတ်လဲ....”

မိန်းမ။ ။“ကျွန်မကလည်း ဒီတစ်သက် ရှင့်လိုယောင်္ကျားမျိုး ထပ်ရှာမယ် ထင်နေလို့လား... ဘာမှတ်လဲ”

တိန်......ကောင်းရော...

ရီမောပျော်ရွှင်ပါစေ
+8

Offline မောင်ဖွကြီး

  • ကျောင်းသားကြီး
  • **
  • Posts: 89
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +908
Re: အမောပြေဟာသမှတ်စု
« Reply #991 on: March 10, 2013, 06:09:55 PM »
နှစ်ခါ .........

လစဉ် လခထုတ်ရက်တွင် အမျိုးသမီးဝန်ထမ်းတစ်ယောက်သည် ခါတိုင်းရနေကျ လစာ ထက် ပို၍ ရရှိရာ မသိချင်ယောကင်ဆောင်ပိး ထုတ်ယူသွားလေ၏။

နောက်တစ်လ လစာ ထုတ်ရက်တွင်ရနေကျ လစာ ထက်လျော့နဲနေ၍ အထက်လူကြီးထံသွား၍ လစာအပြည့်မရကြောင်း လစာမှားနေကြောင်း တိုင်လေ၏။

ထိုအခါ အုပ်ချုပ်သူအထက်လူကြီး မှ .......

" နေစမ်းပါအုန်း ကွယ်။ခုကျတော့မှ မင်းက ဒီလိုပြောရသလားကွ။ မင်း အရင်ပြီးခဲ့တဲ့လ ... လခ ထုတ်တုန်းက ပိုရတော့ ဘာမှမပြောပါလား။.."

ဟု မေးလိုက်၏။

ထိုအခါ ၀န်ထမ်းအမျိုးသမီးမှ ခပ်အေးအေးပင်ပြန်ဖြေ လိုက်ပုံမှာ.....

" .အမှားဆိုတာ တခါတလေတော့ဘယ်မြင်ပါ့မလဲ ဆရာရယ်။အခု ဒီလမှာပါ ကျမရသင့်တဲ့လစာအမှန်မဟုတ်ပဲ လျော့နေတာကျတော့

နှစ်ခါ မှားတာမဟုတ်ဖူးလား....ဒီတော့ နှစ်ခါဆိုရင်တော့ကျမတွေ့တာပေါ့ ..."...တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ....
+8

Offline မောင်ဖွကြီး

  • ကျောင်းသားကြီး
  • **
  • Posts: 89
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +908
Re: အမောပြေဟာသမှတ်စု
« Reply #992 on: March 10, 2013, 06:13:16 PM »
အလိုက်မသိတဲ့ဂျပန်

အနုတ် ၁၀၀၀ ဒီဂရီ စင်တီဂရိတ် အထိ အအေးဓါတ်ပေးနိုင်သော ရေခဲသေတ္တာ တမျိုးကို ဂျပန်တို့က တီထွင်လိုက်ကြသည်။

ဤ ရေခဲသေတ္တာ အထဲတွင် အကြာဆုံးနေနိုင်သူအား တိုရှီဘာ ကုပ္မဏီ ကို အလကားပေးမယ်ဟု ကြောငြာလိုက်၏။

ပထမဆုံးပြင်သစ်က မိမိအရင်ဝင်ထိုင်မည်ဟုပြော၏။

အမျိုးသမီးတဦးနဲ့ အရက် တစ်သေတ္တာ ပေးရန်လည်းတောင်းဆို၏။ဂျပန်တို့ ကလည်းခွင့်ပြု၍ ပြင်သစ်လဲဝင်ထိုင်လိုက်၏။

အနုတ် ၂၀၀ ဒီဂရီတွင် တစ်မိနစ်မျှအောင် ပင် မထိုင်နိုင်ပဲပြန်ထွက်လာ၏။

နောက် ရှရုားလူမျိုးမှ လည်း ဗော်လ်ကာ အရက် နှင့်သိုး.ကင်တခု ယူဆောင်ကာ ၀င်ထိုင်လိုက်၏။

အနုတ်ဒီဂရီ ၃၀၀ ခန့်တွင် ရှရုားလူမျိုးလည်း မခံနိုင်တော့ပဲ ချက်ချင်းဆိုသလို အော်ဟစ်ပီး ထွက်လာပြန်၏။

တိုအခါ မြန်မာ ကိုယ်စားလှယ်မှ မြန်မာ့ဆက်သွယ်ရေးမှရောင်းချပေးသောအင်တာနက်ဖုန်းတလုံးနှင့်လက်တော့ တစ်လုံးကိုကိုင်ကာ မိမိ ၀င်ထိုင်မည်ဟုပြော၏။

ဂျပန်တို့က လည်း အရက်ကောယူဦးမလားဟုမေး၏။

မြန်မာက.....နိုး။......ဟုပြောကာရေခဲသေတ္တာ ထဲဝင်ထိုင်လိုက်လေ၏။

အအေးဓါတ်ကို အနုတ် ၁၀၀၀ ဒီဂရီ စင်တီဂရိတ် အထိနှိမ့်ချလိုက်သည်။

၁-နာရီကြာသွား၏။မြန်မာကားထွက်မလာ။သို့နှင့် ဂျပန်အချင်း၂ ပြောကြ၏။

" ဒီမြန်မာတော့ ရေခဲပီး သေနေလောက်ပီ ထင်တယ်။တံခါးဖွင့်ပီး သူ့ကို ထုတ်ကြရအောင်ဟေ့..." ..လို့ဆိုပီးဂျပန်တယောက်မှတံခါးကို ဖွင့်လိုက်လေ၏။

ထိုအခါ ချွှေးတလုံး၂ ဖြင့် ရေခဲသေတ္တာ အတွင်းမှ ထွက်လာသောမြန်မာက ဂျပန်၏ ခေါင်းကို တယ်လီဖုန်းဖြင့်ထုလိုက်၏။

နုတ်မှလည်း......

" အင်တာနက်လိုင်းမမိလို့ ချွှေးပြန်နေရတဲ့ကြားထဲ ဒီကောင်က တံခါးကို လာဖွင့်နေရသေးတယ်။အလိုက်ကန်းဆိုးလုံးဝ မသိတဲ့ အကောင်တဲ့..."

..တိန်
+15

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4813
Re: အမောပြေဟာသမှတ်စု
« Reply #993 on: March 14, 2013, 07:33:55 AM »
.....စိတ်ခိုင်ချက်......

ကျနော့် ရပ်ကွက်ထဲတွင် အဖေတခု သားတခု မိသားစု တခု ရှိ၏။

ခက်တာက အဖေ လုပ်သူက အေးဆေးသလောက် သားဖြစ်သူက မိုးလင်းမှ မိုးချုပ် သောက်သည့် ဇိုးသမားဖြစ်သည်။

အဖေ လုပ်သူလည်း အမိမဲ့ မို့ သနားကာ မသိချင်ယောင် ဆောင်ပါသော်လည်း သားဖြစ်သူမှာ ပို ပို သာသောက်လာ၏။

သို့နှင့် နောက်ဆုံး မိဘမေတ္တာ ခံစားချက်ဖြင့်....ဆုံးမရန်စဉ်းစား၏။

ရိုက်နှက်ဆုံးမ ရမည့် အရွယ်လဲမဟုတ်၍ အနုနည်းသုံး၍ ဖြောင်းဖြ အရက်ဖြတ်ရန် စဉ်းစားလေ၏။

တစ်ခုသောမနက်ခင်းတွင် သားဖြစ်သူ အိပ်ယာမှနိုးလာခိုက် အရက်ဆိုင်မသွားမီ ဖခင်ဖြစ်သူမှ .......

ဖခင်။ ။ငါ့သား......မင်းအရက်သောက်တာကြာပီကွ။ကြာရင်မင်းကျန်းမာရေး ထိခိုက်တော့မယ်။ ဒီတော့ မင်း ဒီအရက်ကိုဖြတ်နိုင်မလား။

ဖခင်၏ မှန်ကန်သော စကားကြောင့် သားဖြစ်သူမှာ ခေါင်းညိတ်ရမလို ။ ခေါင်း ခါရမလိုဖြစ်သွား၏။

ခဏမျှလည်း ဖခင်မျက်နှာကိုကြည့်ကာ ငိုင်သွား၏။ ပီးနောက် ဆုံးဖြတ်ချက်ချပီးဟန်ဖြင့် သားဖြစ်သူမှ.....ပြောလိုက်တာက....

သား။ ။အဖေ.....ကျနော်ယောက်ကျားပါဗျာ။ စိတ်ခိုင်ပါတယ်။ကျနော်အရက်ဖြတ်နိုင်ရင် ........

အဖေ ကျနော့်ကို ဘလက်လေဘယ်လ် တစ်လုံးဝယ်ပေးမလား...ကဲ...ပြော ...အဖေ.............တဲ့
+8

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4813
Re: အမောပြေဟာသမှတ်စု
« Reply #994 on: March 14, 2013, 07:34:53 AM »
ကျွံသောစကား နုတ်မရ.......

ကျနော်အဲဒီနေ့ က....ရုံးမှာအလုပ်တွေများနေတာနဲ့ တော်တော်မိုးချုပ်မှ အိမ်ပြန်ရတယ်ဗျ။

အိမ်က မှာလိုက်တာလေးတွေ ၀ယ်ဖို့ကို ဘတ်စစ်ကားပေါ်က ဆင်းမှ သတိရတယ်ဗျို့။

ဒါနဲ့ ကျနော်လည်း ဘတ်စစ်ကားမှတ်တိုင်အနီးမှာရှိတဲ့ဆိုင်ပိတ်ကာနီး စူပါမတ်ကက်တခုထဲ ၀င်ပြီး လိုအပ်သမျှလေးတွေကို ရွေးပီး အမြန်ဝယ်လိုက်ပါတယ်။

ဝယ်စရာတွေစုံတော့ ကောင်တာမှာငွေသွားချေ။ ပြန်အမ်းငွေကိုတောင် မစစ်တော့ပဲ ဆိုက်ကားငှားပီး အိမ်ပြန်ဖို့ ခပ်သွက်သွက် လှမ်းခဲ့မိတယ်။

ဆိုက်ကား ဂိတ်ရောက်တော့ အကြွေ ပေးဖို့ ဆိုပီး အိပ်ကပ်ထဲ က ငွေကိုထုတ်လိုက်တဲ့အခါ ....

စူပါမတ်ကပ်မှ ပြန်အမ်းငွေ မှာ အမှတ်မထင် ရေတွက်ကြည့်ရာ မှားနေကြောင်းတွေ့လိုက်ရတယ်ဗျ။

ဒါနဲ့ စူပါမတ်ကပ် ကောင်တာ ကို အမြန်ပြန်ပြေးပီး အကျိုးအကြောင်းပြောလိုက်တယ်။

ကျနော်။ ။ဒီမှာခင်ဗျ။ ခုန က ညီမ ပြန်အမ်းလိုက်တဲ့ ငွေက မှားနေတယ်ဗျ။

ကောင်တာမှ စာရေးမ။ ။အို.........ခုမှလာပြောတာကတော့ ဘယ်ရတော့မှာလဲရှင့်။

အစ်ကို့အနေနဲ့ ကောင်တာကမထွက်မီ ငွေပြန်အမ်းချိန်ကတည်းက သေသေချာချာစစ်မှပေါ့။

ဟွင်းးး....ခုတော့ဆောတီးပါရှင့်.........

ခုဆိုင်ကလည်းပိတ်ပီမို့.........ကျမအနေနဲ့ ဘာမှ တာဝန်ယူမပေးနိုင်ပါဖူး။ငွေစာရင်းအပ်လိုက်ပါပီ....

ကျေးဇူးပါအစ်ကို.....နောက်လည်းလာအားပေးပါ.နော်... ( ခေါင်းကိုညွှတ်ကာ ပြုံးလျက် ရိုသေစွာပြော၏ )

ကျနော်။ ။အင်းဗျာ.....ဆိုင်ကလည်းပိတ်ကာနီး။ ကျနော်ကလည်း အရေးကြီးနေလို့ မစစ်မိလိုက်တာပါ။ကျနော်ကိုက မှားတာပါဗျာ။

ခု ဆိုက်ကားဂိတ်ရောက်နေမှ ဒီကိုပြန်လာတာဗျ။

ဆိုက်ကားပေါ်တက်ကာနီး တော့ ညီမ ပြန် အမ်းလိုက်တဲ့ငွေက အတော်လေးကိုပိုနေလို့ပါဗျာ။

ကောင်တာမှ စာရေးမ။ ။အွတ်စ် ...........အမငေးးးးး....
+12

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4813
Re: အမောပြေဟာသမှတ်စု
« Reply #995 on: March 14, 2013, 07:35:38 AM »
"တော်လိုက်တာ….""

စိတ္တဇ ဆေးရုံတစ်ခု ဟာလူနာတွေကိုလေယာဉ်နဲ့ တင်ဆောင်လာပြီးတော့ အခြားဆေးရုံတစ်ခုကို ပြောင်းပါတယ်။

ဆရာဝန်ကတော့လေယာဉ်မှုးဘေးမှာထိုင်နေပါတယ်။

အဲဒီမှာ လေယာဉ်ထဲ ကနေ အသံတွေကိုဆူညံနေအောင်ကြားရပါတယ်။

ဆရာဝန်က အရူးခေါင်းဆောင်ကိုဘဲလ် နှိပ်ပြီးလှမ်းခေါ်လိုက်တယ်။

"ဘာလုပ်နေကြတာလဲ..ဆူညံနေတာပဲ"

"ဘောလုံးကန်နေကြတာပါ ဆရာ"

"ဟာ…..လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူး ဆိုတာမသိဘူးလား..သွားစမ်း"

"ဟုတ်ကဲ့ပါဆရာ"

အရူးခေါင်းဆောင်ထွက်သွားလေသည်။ ခဏနေ တော့ဘာသံမှ မကြားရတော့။

ဆရာဝန်သည်သဘောကျသွားသည်။ ဘဲလ် နှိပ်ပြီး အရူးခေါင်ဆောင်ကိုလှမ်းခေါ်လိုက်သည်။

"မင်းဘယ်လိုထိန်းလိုက်တာလဲ…တိတ်ဆိတ်သွားတာပဲ"

"ဆရာဘဲ လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆို…..အဲဒါနဲ့ ကျွှန်တော်လည်း လေယာဉ် တခါးပေါက်ကိုဖွင့်ပေးလိုက်တာ

အခုသူတို့ အကုန်အောက်ဆင်းပြီးဘောလုံးကန်နေကြပြီ "---

--------------------ဟီးဟီး

ရီမောပျော်ရွှင်ပါစေ....
+8

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4813
Re: အမောပြေဟာသမှတ်စု
« Reply #996 on: March 14, 2013, 07:36:06 AM »
......သရဲမ...

အောင်မောင်း က သရဲအရမ်းကြောက်တတ်သည် ။ ခက်တာက ခု သချိုင်္င်းအနားကို ဖြတ်မောင်းရမည် ။

..ဒီသချိုင်္င်းကလဲသရဲအရမ်းခြောက်ဟု ...နံမည်ကြီးသည်။

သူ့ ခပ်သွက်သွက်လေး မောင်းလာ၏ ။

သိပ်မကြာ .. အပင်ကြီးတစ်ပင်အောက်မှာ မိန်းမ တစ်ယောက် ဆံပင်ဖားလျား အနက်ရောင်ဂါဝန်ကြီးနှင့်လက်တားနေတာတွေ.သည်။

သူ ကြောက်စိတ်က ၀ုန်းဆိုထသည်။ " ကားကြုံလေး လိုက်ပါရစေကွယ် "ဟု ငြင်ငြင်သာသာ ပြော၏။

ကူညီမည်ဟုတွေးမိပီး သူမအားအထဲကိုပထမ.. ထိုင်ခိုင်းပြီးမှ ကြောက်စိတ်ကြောင့် ပြန်နှင်ထုတ်ပစ်လိုက်သည် ။ပြီး မောင်းထွက်လာ၏။

" ဟူး တော်ပါသေးရဲ့ " ဟု သက်ပြင်းချကာစ ရှိသေးအနောက်မှာ ပြေးလိုက်လာတာတွေ.သည်။

ဆံပင်ဖားလျားကြီးမှာလဲ ကြောက်မက်ဖွယ် ဖွာလျက် ၊အသံနက်ကြီးဖြင့် ပါးစပ်ကလဲ ပလုံးပထွေးအော်လာသည် ။

ကျော့ထဲစိမ့်သွား၏ ။သူ သရဲခြောက်ခံရပြီဟုတွေးရင်းလီဗာကိုမြှင့်သည် ။ မရပါ....ထပ်ချပ်မကွာ....

သူမ.. ကလဲ ဇွဲကောင်းစွာ လိုက်လာဆဲ ။ အောင်မောင်းတစ်ယောက် အရမ်းထိတ်လန့်နေပြီ ။

နောက်ဆုံး ရဲစိတ်တင်ပြီးကားကိုရပ်လိုက်သည် ။

မျက်လုံးစုံမှိတ်ကာ ကြောက်လန့်စွာဖြင့်သရဲမအား မေးလိုက်သည် ။

" ခင်ဗျား ဘာလို့......ကျူပ်နောက်ကို လိုက်နေတာလဲဗျ ? "

သရဲမ.. မှ.... မောဟိုက်စွာနှင့် ပြန်ဖြေသည် ။

" ဟဲ့ သေနာရဲ့ ငါ့ဂါဝန်နဲ့ နင့်ကားနဲ့ ညိနေတာကိုးဟဲ့ "...တဲ့

ရီမောပျော်ရွှင်ပါစေ(..အမှတ်တရ..သူငယ်ချင်းတဦးသို့)
+9

Offline ကြောင်ပါး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 935
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +10726
Re: အမောပြေဟာသမှတ်စု
« Reply #997 on: March 14, 2013, 11:43:02 AM »

ဝက်စာကျွေးနည်း

လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။
” ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ ”
” ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် ”
” ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။ အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ရပါလိမ့်မယ် ”
ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံးစမ်းပြန်၏ ။
“ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ ”
” ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ ”
” အားပါး၊ အံ့သြစရာပဲ၊ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ ။ ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေရတာကိုတောင်မှ ခင်ဗျားကခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ် ”
ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။
” ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား ”
” တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ် ”
javascript:void(0);javascript:void(0);javascript:void(0);

~~~~~~~~~~~~~~~~~~~~~~~~~~


မှတ်ပြီလား Made in Japan

အမေရိကန်သို့ ခပ်ကြွားကြွား ဂျပန်တစ်ယောက် အလည်အပတ် ရောက်ရှိ နေ၏။ ပြန်မည့်နေ့တွင်
လေဆိပ်ဆင်းရန် တက္ကစီတစ်စင်း ငှား၏။
တက္ကစီဖြင့် လေဆိပ်ကို လာစဉ် လမ်း၌ အရှိန်ပြင်းပြင်း မောင်းလာသော ဟွန်ဒါကားတစ်စင်းက ၄င်းတို့တက္ကစီကို
ကျော်တက်သွားရာ ဂျပန်က ကားအပြင် ခေါင်းထွက်၍ လက်သီးလက်မောင်း တန်းကာ ဟစ်ကြွေး လိုက်သည်။
“ဟွန်ဒါကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ”
တိုယိုတာ တစ်စီးက ကျော်တက်သွားပြန်ရာ ကိုရွှေဂျပန်က အထက်ပါအတိုင်း
“တိုယိုတာကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” ဟု ထအော်ပြန်ရာ ကားသမား အမေရိကန် အမြင်ကပ်စ ပြုလာသည်။
မစ်ဆူဘီရှီ ကားတစ်စင်း ကျော်တက်သွားပြန်သော အခါတွင်လည်း
“မစ်ဆူဘီရှီကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” ဟု ထကြွားပြန်ရာ ကားသမား အမေရိကန်
သူ့ကို အတော်လေး ပေါက်နေပြီ ဖြစ်သည်။ သို့သော် စိတ်ကို ထိန်း၍ ဘာမှတော့ မပြော။

လေဆိပ်သို့ ရောက်သော အခါ ကားခ အမေရိကန်ဒေါ်လာ ၃၀၀ ကျသင့်ကြောင်း
ဒရိုင်ဘာက တောင်းလေရာ ဂျပန် မျက်လုံး ပြူးသွား၏။
“၀ါး…. ဈေးကြီးလှချည်လား”

“မီတာဗျ။ အရမ်းမြန်တယ်။ Made in Japan လေ”  javascript:void(0);

~~~~~~~~~~~~~~~~~~~~~~~~~~~~
+12

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4813
Re: အမောပြေဟာသမှတ်စု
« Reply #998 on: March 16, 2013, 08:23:51 AM »
အခြေအနေ

ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။

"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လို အခြေအနေရှိလဲ..အေးဆေးပဲလား"

"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"

"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."

"ကျွေးပါတယ်ဆရာရယ်..."

"အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့

ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား"

"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"

"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"

"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်..ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....."

"အေးပါ...မြန်မြန်ပြောစမ်းပါ..."

"ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....."

"ဘာ....ငါ့မြင်းကြီး...ဟုတ်လား.."

"ဟုတ်...ဟုတ်...သေသွားပြီဆရာ.."

"ဟေ!!!!...."

"သူကတော့ပင်ပန်းပြီးသေတာဆရာ"

"ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား.."

"မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ..."

"ဘာ!!!!...ရေ.........ဟုတ်လား....????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"

"ဟို..ဟိုလေ....မီးလောင်လို့..."

"ဘာ!!!!!! မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်.."

"ဆရာ.အိမ်ပေါ့ဆရာရယ်"

"ဘာကွ...ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"

"ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က"

"...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်"

"ဆရာ့အမေ...."

"ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား...အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ"

"ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ...လူရိပ်တစ်ရိပ်...ဖျတ်ခနဲမြင်တာနဲ့..ဟ..သူခိုးဟ..ဆိုပြီး..

.အနားမှာတွေ.တဲ့ဂေါက်ရိုက်တနဲ့ ရိုက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်တခါတည်းပွဲချင်းပြီးသွားတယ်...ဆရာ.."

"ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..

..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း...မင်း..သေပြီသာမှတ်...".....:)
+8

Tags: