Author Topic: အမောပြေဟာသမှတ်စု  (Read 432141 times)

0 Members and 4 Guests are viewing this topic.

Offline မောင်ဖွကြီး

  • ကျောင်းသားကြီး
  • **
  • Posts: 89
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +884
Re: အမောပြေဟာသမှတ်စု
« Reply #980 on: March 08, 2013, 08:04:21 AM »
ဘယ်လိုရလာတာလဲ

်အမြန် .... လမ်းမကြီးမှာ ကားမောင်းလာရင်း မူးမေ့လဲခါနီး အမျိုးသမီးတစ်ယောက် အကူအညီတောင်းလို့ ဆေးရုံ လိုက်ပို့လိုက်တယ်။

ဆေးရုံမှာ ခဏကြာစောင့်တော့ ဆရာဝန်က လာပြောတယ်။ ဝမ်းသာစရာပဲ ဗျာ။ ခင်ဗျား အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပြီဗျ။

"ဟာ ဘယ်ကလာ။ သူကကျွန်တော့မိန်းမ မဟုတ်ဘူးဗျ။"

ယင်းအမျိုးသမီးအား ဆရာဝန်က မေးမြန်းသောအခါ " ဟင့်အင်း သူက ကျွန်မ ယောင်္ကျားပါ"

အဲဒီမှာ ကျွန်တော် ဇောချွေးတွေ ပြန်နေပါတော့မယ်။

မဟုတ်ပါဘူးလို့ ငြင်းရရဲ့သား ဒီကောင်မလေးက ဘာစိတ်ကူးပေါက်လို့ သူ့ယောက်ျားလို့ဆိုမှန်းမသိ။

ဒီတော့ တာဝန်မဲ့ချင်ရလားဆိုပြီး ဆရာဝန်များက ကျွန်တော့်ကို DNA စစ်ဆေးမယ်လို့ဆိုပါတယ်။

သဘောတူလိုက်ပြီး DNA စစ်ဆေးလိုက်ရာ အဖြေထွက်လာပါတော့တယ်။

"ဟုတ်ပါတယ် ခင်ဗျားက သူ့ယောင်္ကျားမဟုတ်ပါဘူး။ မိတ်ဆွေက မွေးကတည်းက မြုံနေသူ ဖြစ်ပါတယ်။

ဘယ်တော့မှ ကလေးမရနိုင်ပါဘူး။ ဆောရီးဗျာ။ လူကြီးမင်း ပြန်နိုင်ပါပြီ။"

အဲဒါနဲ့ ကျွန်တော်လည်း အိမ်ကိုအပြန် ဟိုင်းဝေးလမ်းမကြီးမှာ တစ်ယောက်တည်း ဇောချွေးတွေ ပြန်နေပါတယ်။

်......ဒါဆို င့ါမိန်းမ မွေးတဲ့ သားနဲ့သမီးက ဘယ်လိုရလာတာလဲ.......
+8

Offline မောင်ဖွကြီး

  • ကျောင်းသားကြီး
  • **
  • Posts: 89
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +884
Re: အမောပြေဟာသမှတ်စု
« Reply #981 on: March 08, 2013, 08:05:34 AM »
မိန်းမနဲ့ ကလေးတွေ ရှိသေးတယ်....

ဦးမောင်အေးရယ်၊ ထိုင်းစစ်ဦးစီချုပ်ရယ် မြ၀တီမှာတွေ့ ကြတယ်။ သူတို့နှစ်ယောက်မူးလာ တော့ သူတို့ စစ် သားတွေဘယ်လောက် အမိန့်နာခံကြောင်း အကြွား ပြိုင်ကြသတဲ့ …

ထိုင်း စစ်ဦးစီင်္းချုပ်က သူ့ စစ်သားတယောက်ကို ခေါ် လိုက်ပြီး …

ထိုင်းစစ်ဦးစီချုပ် …

“မင်းခြေတောက်ကို မင်း သေနပ်နဲ့  ပစ်ချိုးပြလိုက်စမ်းလို့” အမိန့်ပေးသတဲ့

ထိုင်းစစ်သားက …

“ကျနော်မှာ မိန်းမနဲ့ ကလေးတွေ ရှိသေးတယ်”

ဆိုပြီး မလုပ်ဘူးတဲ့။ ဒီတော့ ထိုင်းစစ်ဦးစီးချုပ် မျက်နှာပျက်သွားတယ်။

ဒီအခါမှာ မောင်အေး က မြန်မာစစ်သားတယောက်ကိုခေါ်လိုက်ပြီး “မင်းခြေထောက်ကိုမင်း သေနပ်နဲ့  ပြစ်ချိုး လိုက်စမ်း”

လို့ အမိန့်ပေးလိုက်တဲ့အခါမှာ မြန်မာစစ်သားက စဉ်းစားမနေဘူး …

“ဒိုင်း”

ကနဲ ဆိုပြီး သေနပ်နဲ့ သူခြေထောက်ကို သူဖါသာသာသူ ပစ်ချိုးလိုက်သတဲ့။

မောင်အေး က …

“ငှဲ ငှဲ ငှဲ ငှဲ”

နဲ့ ထိုင်းစစ်ဦးစီးချုပ်ကို ပြုံးပြလိုက်သတဲ့။

ထိုင်းစစ်ဦးစီးချုပ်လည်း အရှက်ကွဲသွားတယ်။ ပြီးတော့ မြန်မာစစ်သားကို မဲဆောက် ဆေးရုံကို တင်ပေးဖို့ခေါ်လာရင်း လမ်းမှာ ထိုင်းစစ်ဦးစီးချုပ်က …
“မင်းနဲ့  ကွာ ဘာကြောင့်မစဉ်းမစား သူအမိန့်ပေးတိုင်း ခြေထောက်ကို ပစ်ချိုးလိုက်ရ တာလဲ” လို့ မေးသတဲ့

မြန်မာစစ်သားက မျက်နှာကိုရှုံ့မဲ့ရင်း …

“ကျနော့်မှာ မိန်းမနဲ့ ကလေးတွေ ရှိသေးတယ် ခင်ဗျ”

လို့ ပြန်ဖြေသတဲ့။..တိန်....

ရီမောစေလိုသောဆန်ဒပါ...ဟာသအနေနဲ့နော်...ဟီးဟီး...လက်မပါကြေး...
+11

Offline မောင်ဖွကြီး

  • ကျောင်းသားကြီး
  • **
  • Posts: 89
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +884
Re: အမောပြေဟာသမှတ်စု
« Reply #982 on: March 08, 2013, 08:07:58 AM »
မိန်းမတွေရဲ့ တန်ဖိုး
*************

“ဒကာရေ ဒီမာတုဂါမတွေကြောင့်ပဲ သံသရာလည်နေကြသကိုးကွဲ့”
”မှန်ပါ”

“အဲဒီတော့ မာတုဂါမတွေ မရှိမှ သံသရာဝဋ်က ကျွတ်မယ် ဒီလိုမဟုတ်လား”
“ မှန်ပါ ကျွတ်မှာပါဘုရား”


“ ကဲ ဒီလိုဆို မာတုဂါမတွေကို လှေကြီးတစ်စင်းထဲ စုပြုံထည့်ပြီးမျှောလိုက်ကြရအောင် လှေကြီးလုပ်ဟေ့”
“မှန်ပါ လုပ်သင့်ကြောင့်ပါ”

“ကဲ ကြာတယ် ခုပဲ လုပ်ကြစို့”
“မှန်ပါ လုပ်ပြီးကြောင်းပါ”
(ဆရာဒကာ အတိုင်အဖောက်ညီနေတာပါ။)

“ ကိုင်း ဒကာရေ လှေလုပ်ပြီးရင် မိန်းမမှန်သမျှ ဘုစုခရု မျိုးစေ့ပါမကျန် စုပြုံထည့်ကွာ”
“ထည့်ပြီးကြောင်းပါဘုရား”

“မျှောဖို့ အသင့်ဖြစ်ပြီလား”
“ ဖြစ်ပါပြီဘုရား”

“ဟဲ့ ဟဲ့ နေကြဦး ဒကာတို့ ဒို့များကို ဘယ်သူက ဆွမ်းချက်ကပ်ကြမတုန်းကွယ်။ အိမ်က ဘုရားခန်းမှာ သောက် တော်ရေချမ်းဆီမီးပန်းတွေ ဘယ်သူတွေက ကပ်လှူကြမတုန်းကွယ်။ မောင်တို့ စီးပွားရှာနေတုန်း အိမ်ကို သပ်ရပ်သန့်ရှင်းပြီး သာသာယာယာဖြစ်အောင် ဘယ်သူက ဆောင်ရွက်ကြမတုန်းကွယ်။ မောင်တို့သားတွေ သမီးတွေ ဘယ်သူက အုပ်ထိန်းကြမတုန်းကွယ် ”

စသည် စသည် ဆရာတော်ကြီးက မိန်းမတွေရဲ့ တန်ဖိုးကို ဟောပါတော့တယ်။
+7

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4770
Re: အမောပြေဟာသမှတ်စု
« Reply #983 on: March 09, 2013, 07:11:21 PM »
အိမ်မှာမွေးတဲ့အကောင်...

> ဆရာမတစ်ဦးကမူကြိုကလေးတွေကိုအိမ်မွေးတိရိစ္ဆာန်အခေါ်အဝေါ်တွေသင်ပေးနေတယ်။

> ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။

> မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။

> မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"

> ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။

> အဲဒီအချိန်မှာ ကလေးတစ်ယောက်ကထအော်လိုက်တယ်"မေမေ"တဲ့။

တိန်...တေရော
+4

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4770
Re: အမောပြေဟာသမှတ်စု
« Reply #984 on: March 09, 2013, 07:14:28 PM »
တော်လိုက်တဲ့ငါ့သား......

ကောင်လေးတယောက်ကဈေးကနေပြီးတော့ကြက်တွေထည့်ထားတဲ့ခြင်းတောင်းကိုဆွဲပြီးပြန်လာပါတယ် .....သူ့အဖေကဈေးသိမ်းနောက်ကျမှာမို့သူ့ကိုကြက်တွေအရင်ယူသွားခိုင်းတာပါ။

ကောင်လေးလဲအဖေ့ရဲ့ယုံယုံကြည်ကြည်နဲ့ခိုင်းတာခံရလို့ပျော်ရွှင်စွာနဲ့ပြန်လာတယ်ဒါပေပမယ့်ကံဆိုးစွာပဲရပ်ကွက်ထဲဝင်တဲ့လမ်းကျမှခြင်းတောင်းလွတ်ကျပြီးကြက်တွေထွက်ပြေးကုန်ပါရော။

ကောင်လေးလဲစိတ်ပျက်နေမဲ့အစားကြက်တွေကိုရပ်ကွက်တခွင်ပြဲပြဲစင်အောင်လိုက်ဖမ်းရင်းမိုးစုပ်စုပ်ချုပ်မှအိမ်ပြန်ရောက်သွားတယ်၊

ဒါနဲ့ကြက်ခြင်းကိုအဖေ့ကိုပေးပြီးလမ်းမှာကြက်တွေလွတ်ကုန်လို့လိုက်ဖမ်းတာနဲ့နောက်ကျသွားတယ်အဖေ ဒါပေမဲ့မပူပါနဲ့

ကျွန်တော်ကြက်၁၂ကောင်လုံးမိအောင်ပြန်ဖမ်းလာခဲ့ပါတယ်ဆိုတော့

့ စောစောကအိမ်ပြန်နောက်ကျလို့ဒေါသဖြစ်နေတဲ့အဖေက ပြုံးလာပြီး

သူ့သားကိုပြောလိုက်တာက..

တော်လိုက်တဲ့ငါ့သား..အဖေပေးလိုက်တဲ့ကြက်၇ကောင်ကိုနေချင်းပွါးအောင်လုပ်ပြစ်လိုက်နိုင်တာပဲတဲ့.........
+5

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4770
Re: အမောပြေဟာသမှတ်စု
« Reply #985 on: March 09, 2013, 07:15:49 PM »
ကားခ.....

တစ်ကိုယ်လုံး ဘာမှဝတ်မထားတဲ့ အမျိုးသမီးတယောက် တက်ခ်စ်ီတားတယ်..ကားသမားကရပ်ပေးလိုက်တယ်...


.အမျိုးသမီးက ကားပေါ်တက်ထိုင်တယ်..ကားသမားက ကားကိုေ၇ှ့ကိုကြည့်မမောင်းဘဲ


အဲဒီမိန်းမကိုပဲ ဟိုကြည့်ဒီကြည့်နဲ့... ကြည့်ပြီးမောင်းနေတယ်

..ကြာတော့ အမျိုး သမီးကမေးတယ်..

`ရှင် ဘာလို့ ကျွန်မကိုပဲ ကြည့်နေ၇တာလဲ.ရှင်ကနှာဗူးပဲ..´

ကားသမားက ပြန်ပြောတယ်..

`ကျွန်တော်နှာဗူး မဟုတ်ပါဘူး..ကျွန်တော် စဉ်းစားနေတာက ခင်ဗျားကျွန်တော့်ကားပေါ်က ဆင်းရင်

ကျွန်တော့်ကို ဘယ်အိတ်ထဲကနေ TAXI ခ ပေးမလို့ကြည့်နေတာပါ..´---------
+7

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4770
Re: အမောပြေဟာသမှတ်စု
« Reply #986 on: March 09, 2013, 07:18:04 PM »
ခေတ်သစ်သစ်ခုတ်သမား

တရက်တွင် ဧရာဝတီမြစ်ကမ်း နဖူး ၌် ပေါက်နေသော သစ်ပင်ကြီး ၏ သစ်ကိုင်းတခု အား သစ်ခုတ်သမားက ခုတ်ချနေ၏။

ထိုစဉ် လက်ချော်ကာ ခုတ်နေသည့် ပုဆိန်မှာ မြစ်ထဲသို့ကျသွား၏။

ကျသွားသည့် နေရာကိုမှန်းဆ ကာ ရေငုပ်ရှာဖွေသော်လည်းမတွေ့ချေ။ အချိန်မှာလည်း မရှိတော့ ။နေ၀င်ချိန်သို့ပင်ရောက်ပေပြီ။

နောက်ဆုံး စိတ်ဓါတ်ကျစွာဖြင့် တစ်ယောက်ထဲ စိတ်လွတ်ကိုယ်လွတ် အော်ဟစ်ငိုယိုမိ၏။

သူ့အော်ဟစ်ငိုသံကျယ်လွန်းလှ၍ ဧရာဝတီမြစ်ဆုံ စီမံကိန်းကြောင့် အစိမ်းသေဖြစ်ရရှာသောဧရာဝတီ မြစ်စောင့်တရုတ်နတ်မင်းသည် ကြားသွားလေ၏။

သို့နှင့် နားညည်းလွန်းသောကြောင့် ကိုယ်ထင်ပြကာ..." ....သစ်ခုတ်သမားအား ...အဘယ်ကြောင့်ငိုနေသလဲ "... ဟုမေး၏ ။

" သစ်ခုတ်သမား လည်း ပုဆိန်ကျ၍ ငိုရခြင်းဖြစ်ကြောင်း " ပူဆွေးသောအသံဖြင့် .ငိုယိုကာပြောလေ၏။

မြစ်ဆောင့်နတ်လည်း သူ၏ အပိုင်စားဖြစ်သော ဧရာဝတီမြစ်တွင်းဆင်းကာ ရေငုပ်ရှာဖွေသော် ရွှေပုဆိန် တစ်လက်အားတွေ့၍ သစ်ခုတ်သမားအားပေး၏။

သစ်ခုတ်သမားမှ..." .ဒါ ကျနော့်ပုဆိန်မဟုတ်ပါ " ဟုငြင်း၏။

နောက်တစ်ကြိမ် မြစ်ဆောင့်နတ်လည်း ရေငုပ်ကာ ရှာပြန်ရာ ကြေး ပုဆိန် တစ်လက် တွေ့၍ ယူလာကာပေးပြန်၏။

" ဒါလည်း မဟုတ်ပါ " ဟု သစ်ခုတ်သမားမှ ဆိုပြန်၏။

တတိယ အကြိမ် မြစ်ဆောင့်နတ် မြစ်ထဲပြန်ဆင်းပီး ရှာပြန်ရာ သစ်သား ရိုးဖြင့်ပြုလုပ်ထားသော သံပုဆိန်တလက်ပါလာလေ၏။

ထိုအခါ.." ..ဟားးး..ဒါမှ ကျနော့် ပုဆိန်အစစ်ပါ မြစ်စောင့်နတ်မင်းကြီးခင်ဗျာ " ဟု သစ်ခုတ်သမားကဆိုကာ ၀မ်းသာအားရယူလေ၏။

မြစ်စောင့်တရုတ်နတ်လည်းသစ်ခုတ်သမား၏ ရိုးသားမှူကိုအသိအမှတ်ပြုသောအားဖြင့်......

ရွှေပုဆိန်နှင့် ကြေးပုဆိန်( လက်ပံတန်းထုတ်)ကိုပါပေးလေ၏။

တစ်နေ့ ထိုသစ်ခုတ်သမားသည် သူ့လှည်းပေါ်မှ ဆင်းကာ လေညှင်းခံနေစဉ်.....လှည်းမှာခုန်းဆင်းတွင် ထားမိ၍ မြစ်အတွင်းသို့ကျလေ၏။

ထိုအခါ သူပင်ပန်းဆင်းရဲစွာဖြင့်ဝယ်ထားသော လှည်းအား မြစ်ထဲကျသွား၍ ......

ကျယ်လောင်စွာငိုယိုသောအခါတရုတ် မြစ်ဆောင့်နတ်သည် ဘွားကနဲပေါ်လာ၏။

မြစ်ဆောင့်နတ်သည် ချက်ချင်းမြစ်အတွင်းဆင်း ၍ မော်တော်ကား တစ်စီးနဲ့အတူပြန် ပေါ်လာ၏။

" ဒါ သင့် ပစ္စည်းလား.."....ဟုမေး၏။

" ဟုတ်ပါတယ် ဟုတ်ပါတယ်...ဒါကျနော့်ပစ္စည်း...ဒါ....ဒါကျနော့်ကားအစစ်ပါ "ဟုဖြေ၏။

ထိုအခါ မြစ်ဆောင့်နတလည်း အရမ်းဒေါသထွက်သွား၏။

" မင်းဟာ တကယ်တော့ လူလိမ်လူညာပဲ ..ဒါ ငါတို့တရုတ်ထုတ် ချယ်ရီ ၀က်စစ်ဂွန်ကားကွ.မင်းပစ္စည်းမဟုတ်ဖူး .".....ဟု ဆိုလေ၏။

ထိုအခါ သစ်ခုတ်သမားမှ ......

" အိုမြစ်စောင့်နတ်မင်း......ကျနော့်အားခွင့်လွှတ်တော်မူပါ။

တကယ်လို့ ကျနော်က မဟုတ်ဖူးပြောရင် အသင်နတ်မင်းက

နောက်ထပ်ရွာမ သံရည်ကြိုစက်ရုံ...မှ ခိုးရောင်းသော သိန်းနှစ်ဆယ်တန် ( without) လိုင်စင်မဲ့ကားကိုပြပါလိမ့်မယ်။

( စကားကြွင်း။ ။အော် ဒါကြောင့်လဲ ရွာမသံရည်ကြိုစက်မှာ မီးလောင်တာကိုး ဟု တရုတ်မြစ်ဆောင့်နတ်ကတွေးမိ၏။)

ဒါကိုမှ ထပ်ငြင်းရင် အရှင်က ကျနော့်လှည်း အဟောင်းကြီးကို ပြန်ဆယ်လာမှာသေချာပါတယ်။

ဒီလိုဆယ်လာမှ အဲဒါ ကျနော့်လှည်းပါလို့ပြောလိုက်ရင်.....နိုင်ငံတော်ပေါ်လစီအရ နှစ် ၃၀ အထက်ဖြစ်နေတဲ့ ကျနော့်လှည်းဟာ စလစ်နဲ့

နောက်တစ်စီး ၀ယ်ရပါလိမ့်မယ်။ဒါကြောင့် ပထမ ချယ်ရီကား မှာ ကတည်းက ဟုတ်ပါတယ်လို့ ပြောလိုက်မိတာပါ.....ခင်ဗျာ။ " ဟုဖြေလေ၏။
+7

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4770
Re: အမောပြေဟာသမှတ်စု
« Reply #987 on: March 09, 2013, 07:18:56 PM »
တံခါးပေါက်....

ဆရာဝန်က စိတ္တဇဝေဒနာသည်တွေ စိတ်အခြေအနေ တိုးတက်မှု ရှိမရှိ စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်။

ဆရာဝန်က နံရံတစ်ခုပေါ် တံခါးပေါက်ပုံဆွဲပြီး လူနာတွေကို "ဒီတံခါးပေါက် ဖွင့်နိုင်တဲ့သူကို ဒီအခန်းက လွတ်ပေးမယ်" လို့ ပြောပြီး စမ်းသပ်လိုက်တယ်။

ဆရာဝန်စကားကြားတာနဲ့ ရှိသမျှ လူတွေအားလုံး တံခါးပေါက်ကို ပြေးဖွင့်ကြတယ်။

ဒါပေမယ့် လူတစ်ယောက်က နေရာမှာတင် ထိုင်နေခဲ့လို့ ဆရာဝန်က သူ့စိတ်တိုးတက်မှုရှိပြီ ထင်ပြီး မေးလိုက်တယ်။

"ခင်ဗျား ဘာဖြစ်လို့ သူတို့လို တံခါးသွားမဖွင့်တာလဲ"

လူနာက ဆရာဝန်ကို တစ်ချက်စိုက်ကြည့်ပြီး ဖြေလိုက်ပါတယ်။

"အဲဒီတံခါးသော့က ကျွန်တော့်ဆီမှာဗျ..."...တဲ့...

ရီမောပျောရွှင်ပါစေ
+10

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4770
Re: အမောပြေဟာသမှတ်စု
« Reply #988 on: March 09, 2013, 07:20:03 PM »
သူချောလာမှ ....

လူတစ်ယောက်ဟာ သူ့ရဲ့တစ်နေ့တာ အလုပ်တွေအပြီးမှာ သူအကြိုက်ဆုံး အရက်ဆုံးအရက်ဆိုင်ကိုရောက်လာတယ်

တစ်ခွက်မှာ ပြီး ဇိမ်နဲ့သောက်နေတုံး........

နောက်လူတစ်ယောက်ဟာ ညှိုးငယ်တဲ့မျက်နှာနဲ့ သူ့မှာဝင်ထိုင်ပြီး ဆိုင်မှာရှိတဲ့ အပြင်းဆုံးအရက်ကိုမှာသောက်တယ်

သူကတစ်ခွက်သောက်လိုက် အိတ်ကပ်ကို ငှုံ့ကြည့်လိုက် နောက်တစ်ခွက်ထပ်သောက်လိုက်လုပ်နေတယ်

အဲ့ဒါနဲ့ ပထမလူက "ခင်များကို ကြည့်နေတာကြာပြီ ဘာလို့ အိတ်ကပ်ကို ငုံ့ငုံ့ ကြည့်နေတာလဲ" ဆိုတော့

" ဪ ကျွန်တော့် မိန်းမပုံအိတ်ထဲမှာထည့်လာတာလေ သူချောလာမှ ကျွန်တော်အိမ်ပြန်မလို့ပါ" တဲ့....xP

ရီမောနိုင်ပါစေ.....
+7

Offline ရွာဆော်ကြီး

  • ကောလိပ်ဂျင်
  • ****
  • Posts: 784
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +4770
Re: အမောပြေဟာသမှတ်စု
« Reply #989 on: March 09, 2013, 09:19:23 PM »
ကျယ်လာမှာပါ…

သူဌေးကတော်ကို ပလပ်စတစ် ခွဲစိပ်မှုပြုလုပ်တယ်....

ပိုနေသော အဆီများကိုထုတ်ပစ်၏။

နှာခေါင်းပုံသဏ္ဍာန်ကို ပြောင်းပေး၏။

ခွဲစိတ်မှုပြီးသောအခါ မှန်ထဲ မိမိကိုယ်မိမိ ကြည့်ရင်း သူဌေးကတော်က ပြောသည်။

“ခွဲစိတ်မှုကို ယေဘုယျအားဖြင့် ကျေနပ်ပါတယ်၊ မျက်လုံးတစ်ခုပဲ…”

“ဘာကို ဆိုလိုတာလဲခင်ဗျာ”

“သြော် ကျွန်မရဲ့ မျက်လုံးကို နည်းနည်းချဲ့ပေးလိုက်ရင်များပိုကောင်းသွားမလားလို့ပါ”

“ဒီအတွက်တော့ စိတ်မပူပါနဲ့၊ ခွဲစိတ်ခ ဘောက်ချာကို မြင်တဲ့အခါမှာ

အစ်မကြီးရဲ့ မျက်လုံးတွေ အလိုလို ကျယ်လာပါလိမ့်မယ်…”...တဲ့.......

တိန်...ရီမောပျော်ရွှင်ပါစေ
+10

Tags: