Author Topic: အမောပြေဟာသမှတ်စု  (Read 493729 times)

0 Members and 1 Guest are viewing this topic.

Offline မောင်ဖွကြီး

  • ကျောင်းသားကြီး
  • **
  • Posts: 89
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +916
Re: အမောပြေဟာသမှတ်စု
« Reply #970 on: March 06, 2013, 08:14:42 AM »
[ ချစ်သောဇနီး ] ...............

လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ
အခန်းယူပြီး သူ့အခန်းထဲကို ၀င်တော့ အခန်းထဲမှာ ကွန်ပြူတာတစ်လုံးတွေ့တာနဲ့ သူအတော်ဝမ်းသာသွားတယ်။
ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲဆိုပြီး အီးမေးလ်တစ်စောင်ပို့လိုက်တယ်။
... ဒါပေမယ့် သူ အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင်မသိလိုက်ဘူး။
အဲဒီအီးမေးကို ပို့လိုက်မိ ပြီလေ။

အဲဒီအချိန် ....
ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောက်ျားရဲ့အသုဘ ပို့ရာကနေ ပြန်ရောက်လာပြီး သူ့ကွန်ပြူတာမှာ အီးမေးလ်စစ်ဖို့ ပြင်ဆင်နေတယ်။ နိုင်ငံရပ်ခြားရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ အားပေးစကားလေးတွေ ကြားရမလားလို့ အီးမေးလ်ကို စစ်လိုက်တယ်။ ခဏအကြာမှာ အောင်မလေး လို့အော်တဲ့အသံကြားရလို့ သူ့သားက အပြေးလေးဝင်လာတော့
အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။
ဒါနဲ့ ကွန်ပြူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက

သို့ ... ချစ်ဇနီး
အကြောင်းအရာ ။ ။ ကိုယ်ရောက်ပါပြီ
နေ့စွဲ ။ ။ ၂၁ ရက် အောက်တိုဘာလ ၂၀၀၇
မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။ သူတို့ဆီမှာလည်း ကွန်ပြူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကို အီးမေးလ်ပို့ဖို့ ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်း အဆင်ပြေပါတယ်။ မင်း မနက်ဖြန်လာရင် အဆင်ပြေအောင် ကိုယ်အားလုံးစီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင် မင်းကိုလာကြိုပါ့မယ်။ မနက်ဖြန် တွေ့ကြတာပေါ့။
မင်းကိုချစ်တဲ့
မောင်....
+7

Offline မောင်ဖွကြီး

  • ကျောင်းသားကြီး
  • **
  • Posts: 89
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +916
Re: အမောပြေဟာသမှတ်စု
« Reply #971 on: March 06, 2013, 08:16:31 AM »
ဝမ်းဒေါ်လာ.........
သူငယ်ချင်းနှစ်ယောက် စက်မှု ကောလိပ်မှ ကျောင်းပြီး သွားကြသည်...
တစ်ယောက်က အကြံအစည် တစ်ခုရပြီး စက်တစ်မျိုးကို တည်ထွင်လိုက်သည်....
ထိုစက်မှာ.... အမေရီကန် ဒေါ်လာ တစ်ဒေါ်လာ ထည့်တိုင်း လှ ပချောမော သော အိမ်ထောင်ရှင်မတစ်ယောက်ထုတ်ပေးသည်။ သူ၏စက်အလွန်ရောင်းကောင်းသည်... အနယ်နယ် အရပ် ရပ် မှ မှာယူကြသည်... သိပ်မကြာခင်မှာ ပဲ သူ ဒေါ်လာ တစ်သန်းခန့် ရပြီး သန်းကြွယ်သူဌေးဖြစ်သွားသည်.....တစ်နေ့ လမ်းတွင် .... သူငယ်ချင်းဟောင်းနှင့် ပြန်တွေ့ သည်...
" ဟာ ဟိတ်ကောင် မင်းကြည့်ရတာ တယ်ဟုတ်ပါလား.. ငါ့ထက်တောင် သားနားနေသေးတယ်"
" ဟုတ်တယ်.. မင်းက သန်းကြွယ် သူဌေးပဲရှိသေးတယ်... ငါတော့ ခု ဘီလီယျံနာ ဖြစ်နေပြီ"
" တယ်ဟုတ်ပါလားကွ.. မင်းဘာတွေများတည်ထွင်လိုက်သလဲ"
" စက်တစ်လုံးတည်ထွင်လိုက်တယ်လေ..... ငါ့စက်က မိန်းမတစ်ယောက်ထည့်လိုက်တိုင်း ထည့်လိုက်တိုင်း အမေရီကန်ဒေါ်လာ တစ်ဒေါ်လာ ပြန်ထုတ်ပေးတယ်...... အဲဒီ စက် အတော်ရောင်းကောင်းခဲ့တယ်"
+7

Offline မောင်ဖွကြီး

  • ကျောင်းသားကြီး
  • **
  • Posts: 89
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +916
Re: အမောပြေဟာသမှတ်စု
« Reply #972 on: March 06, 2013, 08:17:51 AM »
မုန့်လုပ်နည်း...

မုန့်လုပ်တာဝါသနာပါတဲ့ဒေါ်ခင်ကြည်တစ်ယောက်
ညနေ ငါးနာရီမှာ ရေဒီယိုက ကိတ်မုန့်ဖုတ်နည်း
အသံလွှင့်မယ်ဆိုလို့ ခဲတံနဲ့စာအုပ်ဖွင့်ပြီးစောင့်နေပါတယ်...

ညနေငါးနာရီထိုးတော့ ရေဒီယိုကကိတ်မုန့်ဖုတ်နည်းအသံလွှင့်တာတော့လာပါတယ်

ဒါပေမယ့် ကပ်ရက်လိုင်းက ကျန်းမာရေးလေ့ကျင့်ခန်းကအသံတွေနဲ့ရောနေတော့
ဒေါ်ခင်ကြည်ရဲ့မှတ်စုစာအုပ်ကို အသံလွှင့်အစီအစဉ်အပြီးမှာကြည့်လိုက်ရင်

• ဂျုံမှုန့်သန့်သန့်တပိဿာကိုယူပြီး ဒူးကိုကွေးလိုက်ပါ

• ကြက်ဥနှစ်လုံးကိုဖောက်၍ အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ပါ

• ဂျုံမှုန့်နှင့်ကြက်ဥနှစ်ကိုရောနယ်၍ ကြမ်းပြင်ပေါ်ပက်လက်လှဲလိုက်ပါ

• သကြားနှင့်ထောပတ်အနည်းငယ်ရော၍ ဒူးနှစ်ဖက်ကိုကွေး၍ထောင်ပါ

• ၁ နာရီခန့်အပူပေးပြီး ခြေနှစ်ချောင်းကိုကားပြီးချိန်တွင် အသင့်စားသုံးနိုင်ပါပြီ...

အဲဒီမှတ်စုကိုဖတ်ပြီးလက်တွေ့လုပ်ရင်သိပ်ကြည့်ကောင်းမှာပဲ…အဟိ...

(ဆရာဦးအောင်သင်း၏ဆောင်းပါးတစ်ပုဒ်မှ မှီငြမ်းပါသည်)
+7

Offline မောင်ဖွကြီး

  • ကျောင်းသားကြီး
  • **
  • Posts: 89
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +916
Re: အမောပြေဟာသမှတ်စု
« Reply #973 on: March 06, 2013, 08:18:40 AM »
ခုန်ချက်......

၁၃ ထပ်တွင်ရှိသော ရုံးခန်းတွင် မောင်ထုံ ထိုင်နေသည်။

ထိုအချိန်တွင် လူတစ်ယောက် အမောတကောတက်လာပြီး အော်ပြောလိုက်သည်။

"ကိုအုန်းကြိုင်၊ ခင်ဗျားသမီးလေး ချယ်ရီ ကားအက်ဆီးဒင့်ဖြစ်လို့ သေပြီဗျ။!"
...
မောင်ထုံ အရမ်းစိတ်ထိခိုက်သွားသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ ပြတင်းပေါက်မှ ခုန်ချလိုက်သည်။

အောက်သို့ ပြုတ်ကျနေရင်း ၁၀ ထပ်ခန့်သို့ ရောက်သောအခါ သူ့တွင် ချယ်ရီဆိုသည့် သမီးမရှိကြောင်း စဉ်းစားမိသည်။

၅ ထပ်ခန့်သို့ ရောက်သောအခါ သူသည် အိမ်ထောင်မရှိသူ လူပျိုကြီးဖြစ်ကြောင်း စဉ်းစားမိသည်။

မြေကြီးပေါ်သို့ ရောက်ခါနီးတွင် သူသည် အုန်းကြိုင်မဟုတ်ကြောင်း သတိရသည်။
+9

Offline မောင်ဖွကြီး

  • ကျောင်းသားကြီး
  • **
  • Posts: 89
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +916
Re: အမောပြေဟာသမှတ်စု
« Reply #974 on: March 06, 2013, 08:20:32 AM »
ရှိဘူး........

အိမ်ဆောက်ပစ္စည်းတွေေ၇ာင်းတဲ့ ဆိုင်တဆိုင်ထဲကို လူတယောက်ဝင်လာပြီးမေးတယ်။

“တူ၇ှိလား
...
“မ၇ှိဘူး။”

“သံေ၇ာ။”

“မ၇ှိဘူး။”

“ဒါဆိုတိပ်ေ၇ာ။”

“အဲဒါလဲ မ၇ှိဘူး။”

“ပလာယာတို့၊ဆောက်တို့၊သွပ်နန်းကြိုးတို့.....”

“ဘာမှမ၇ှိဘူး။”

“ခင်ဗျားဆိုင်က ဘာမှလဲမ၇ှိဘဲနဲ့ ဘာလို့ ဆိုင်ဖွင့်ထားတာလဲဗျ။”

“ဆိုင်ပိတ်ဖို့ သော့မ၇ှိလို့။”

ရီမောပျော်ရွှင်ပါစေ....
+7

Offline မောင်ဖွကြီး

  • ကျောင်းသားကြီး
  • **
  • Posts: 89
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +916
Re: အမောပြေဟာသမှတ်စု
« Reply #975 on: March 06, 2013, 08:22:22 AM »
ဘီဆိုက်

ဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လဲပြီး သီချင်းဆိုနေခဲ့တယ်။

သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လဲပြီး ဆက်ဆိုပြန်တယ်။

ဒါကို ဆရာဝန်က မြင်တော့ "ခင်ဗျား ဘာဖြစ်လို့ ဟိုလှန်ဒီလှန် လုပ်နေရတာလဲ" လို့ မေးလိုက်တယ်။

သူပြန်ဖြေလိုက်တာက "ခင်ဗျား သိပ်တုံးတာပဲ? အေဆိုက်ကုန်လို့ ဘီဆိုက်လှန်လိုက်တာပေါ့" ဟူတည်း။

ပျောရွှင်ပါစေ...
+7

Offline ကြောင်ပါး

  • ဘွဲ့ရ
  • ******
  • Posts: 1117
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12166
Re: အမောပြေဟာသမှတ်စု
« Reply #976 on: March 07, 2013, 11:30:12 PM »
Sexဆိုတာ…

ရယ်စရာလေးတခုလောက်ပြောပြချင်ပါသေးတယ် ။ကလေးငယ်လေးတယောက်က
ဖခင်ဖြစ်သူကိုကပ်ပြီး တိုးတိုးလေးမေးတယ် ။
“ဖေဖေ……sex ဆိုတာဘာလဲဟင်” တဲ့ဖခင်ဖြစ်သူဟာ အတော်အဖြေရခက်သွားတယ် ။
ကလေးငယ်ရဲ့သိလိုစိတ်ရှိတဲ့ စူးစမ်းမှုကိုလည်း ပိတ်ပင်ငေါက်ငမ်းပြီး မတားမြစ်ချင်ဘူး ။
တည့်တည့်ကြီးပွင့်ပွင့်လင်းလင်း ပြောချလိုက်ဖို့ကလည်းကလေးငယ်ရဲ့စိတ်ထဲမှာ ညစ်ညမ်းတဲ့
မဖွယ်မရာစိတ်ကူးတွေ ၀င်သွားမှာစိုးတယ် ။ ဒါနဲ့….
“အေး…..ဒီလိုသားရဲ့။
sex ဆိုတာ လူသားမျိုးနွယ်တွေ ပေါက်ဖွားဖို့အတွက် လိုအပ်တဲ့ကိစ္စတခုပေါ့ကွာ ။
ဒီကိစ္စဟာဆိုရင်…… ဘာညာဘာညာနဲ့ လျှောက်သွယ်ဝိုက်ပြီး ပြောရတော့တာပေါ့ ။
ပြီးတော့မှ “ဖေဖေရှင်းပြတာ သဘောပေါက်ရဲ့လား”လို့မေးတယ် ။
ကလေးငယ်ကလည်းရိုးရိုးသားသားဘဲဖြေတယ် ။
“ဟင့်အင်း”တဲ့ 
ဒါနဲ့ ဖခင်ဖြစ်သူဟာ နောက်ထပ် ကွေ့ကာဝိုက်ကာနဲ့ ၁၅မိနစ်လောက်ကြာအောင် ထပ်ရှင်းပြတော့လည်း
ကလေးငယ်က သဘောမပေါက်ပြန်ဘူး။တတိယအကြိမ် ရှင်းပြီးတဲ့နောက်မှာတော့ ဖခင်ဖြစ်သူက
စိတ်မရှည်တော့ဘူး ။ တော်တော်စိတ်တိုလာပြီး..ဒါနဲ့…….
“နေစမ်းပါဦး၊ဘာဖြစ်လို့မင်းက ဒီလောက်တောင် သိချင်နေရတာလဲ”လို့ မေးလိုက်တော့
ကလေးငယ်က သူ့လက်ထဲက အင်္ဂလိပ်လိုရိုက်ထားတဲ့ ရေကူးအသင်းဝင်ခွင့် လျှောက်လွှာကိုပြပြီး
“ဟောဒီလျှောက်လွှာထဲမှာ…Name လို့ရေးထားတဲ့ကွက်လပ်မှာ ကျွန်တော့်နာမည်ကို ရေးဖြည့်ရမယ်ဆိုတာကို
သိပါတယ် ။Age လို့ ရေးထားတဲ့ ကွက်လပ်ထဲမှာ ကျွန်တော့်အသက်ကို ထည့်ရမယ် ဆိုတာလည်း သိတာပဲ ။
ဒါပေမယ့်Sexလို့ ရေးထားတဲ့ ကွက်လပ်မှာတော့ ဘာရေးထည့်ရမှန်း မသိလို့အဖေရ” တဲ့
ကောင်းရော….

........................

အမေကဘက်လိုက်တယ်...

ဘောင်းဘီဂွပြဲလာတဲကလေးကို သူ့အမေကရိုက်တော့ ကလေးက အမေကို ပြန်ပြောတယ်။

“အမေက ဘက်လိုက်တယ်...သားကျ ဖောင်ဘီဂွလေးတင်ပြဲတာကို ရိုက်လဲရိုက်သေး ဆူလဲဆူသေး
အစ်မ ထမီဒူးပေါ်အောင်ကွဲနေတာကြတော့ဘာမှမပြောဘူး.. အီးဟီး. ဟီ..”

................................

ကုန်သွားတယ်ကွယ်...

 

ပထမလူ: အရင်ပတ်က ကျွန်တော့်မိန်းမမျက်စိထဲ သဲတစ်ပွင့်ဝင်သွားတယ်။ ဆရာဝန်သွားပြတော့
            ကျွန်တော့်ငွေ ၃ရာကုန်သွားတယ်။

ဒုတိယလူး ဟာ.. ခင်ဗျားကံကောင်းတာပေါ့။ အရင်ပတ်က ကျွန်တော့်မိန်းမမျက်စိထဲ
              အနွေးထည်တစ်ထည်ဝင်သွားတယ်။ နောက်တော့ ကျွန်တော့်ငွေ ၃ထောင်ကုန်သွားတယ်။





+7

Offline မောင်ဖွကြီး

  • ကျောင်းသားကြီး
  • **
  • Posts: 89
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +916
Re: အမောပြေဟာသမှတ်စု
« Reply #977 on: March 08, 2013, 07:59:53 AM »
ဖြစ်ရလေ~~~~xD

လူငယ်တစ်ဦး စားသောက်ဆိုင်ထဲ ၀င်ရောက်ကာ တစ်ဦးတည်းထိုင်ပြီး ယမကာများ တစ်ခွက်ပြီးတစ်ခွက် သောက်သုံးနေသဖြင့် စာပွဲထိုးက မေးလေသည်။

စာပွဲထိုး။ ။ဘာဖြစ်လို. ဒိလောက်သောက်နေရတာလဲ။

လူငယ် ။ ။စိတ်ညစ်လို.။

စာပွဲထိုး။ ။ဘယ်လိုကြောင့်လဲ။

လူငယ် ။ ။ငါ့ အကိုက မိန်းမလျာဖြစ်နေတာ ဒိနေ.မှ တွေခဲ့ရလို.။

စာပွဲထိုး။ ။သြော်။

လူငယ် ။ ။နောက်တစ်ရက်လည်း စားသောက်ဆိုင်သို. ရောက်ရှိကာ သောက်နေပြန်သည်။

စာပွဲထိုး။ ။ဒိနေ.ကော...ဘာဖြစ်လိုလဲ။

လူငယ် ။ ။ငါညီက မိန်းမလျာ ဖြစ်နေတာ ဒိနေ.သိရပြန်တယ်။

စာပွဲထိုး။ ။သြော်။

လူငယ် ။ ။နောက်တစ်ရက်လဲ စားသောက်ဆိုင်သို. ရောက်လာပြီး သောက်နေပြန်သည်။

စာပွဲထိုး။ ။ဘယ်လိုလဲ မိသားစုလူမကုန်သေးဘူးလား... ဒိနေ. ဘယ်သူကို တွေ.လာပြန်သလဲ။

လူငယ် ။ ။ငါ့ ချစ်သူပဲ...သူကမိန်းမလျာ ဖြစ်နေတာ ဒိနေ.မှ သိရတယ်။

စာပွဲထိုး။ ။ဟိုက်။~~~@@
+5

Offline မောင်ဖွကြီး

  • ကျောင်းသားကြီး
  • **
  • Posts: 89
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +916
Re: အမောပြေဟာသမှတ်စု
« Reply #978 on: March 08, 2013, 08:00:54 AM »
ရှိသေးရဲ.လား ^^

ပစ္စည်းဥစ္စာအလွန်ခုံမင်သော ခရိုနီ သူဌေးကြီးတစ်ဦးသည် ရန်ကုန်မြို.လယ်တွင်သူ၏...စလစ်နှင့်သွင်းထားသော

အဖိုးတန်ကားကြီးပေါ်မှ တံခါးဖွင့်ပြီး အဆင်းတွင် နောက်ကားတစ်စီးက ၀င်တိုက်မိရာ ယာဉ်ထိမ်းရဲ မှ အပြေးရောက်လာ၏။

ယာဉ်ထိန်းရဲ။ ။သတိထားပါအန်ကယ်။

သူဌေးကြီး ။ ။ငါ့ရဲ.ကားတံခါး ပျတ်စီးသွားပြီကွ။

ယာဉ်ထိန်းရဲ။ ။ဒါကအရေးမကြီးဘူးအန်ကယ်။

သူဌေးကြီး ။ ။အရေးကြီးတယ်...ဒီကားကဈေးအလွန်ကြီးတဲ့ကားကွ။

ယာဉ်ထိန်းရဲ။ ။ဟုတ်ပါတယ်...အဲဒါထက်အရေးကြီးတာက အန်ကယ်ရဲ.ဘယ်ဘက်လက်တစ်ဖက် မရှိတော့ဘူး... ကားတိုက်မိသွားတာ။

သူဌေးကြီး ။ ။ဟာ...ဟုတ်ပါရဲ...အား...နာလိုက်တာ။

ယာဉ်ထိန်းရဲ။ ။အရေးပေါ်လူနာတင်ကားကို ဖုန်းဆတ်ခေါ်ထားတယ်... အားတင်းထားပါ အန်ကယ်။

သူဌေးကြီး ။ ။ဒါထက်...ပြုတ်ထွက်သွားတဲ့ လက်တစ်ဖတ်မှာ ငါ့ရဲ.ရိုးလက်စ်နာရီကော ရှိသေးရဲ.လားကွ.....အား ..နာလိုက်တာ ။

ယာဉ်ထိန်းရဲ။ ။ဗျာ @@~~~ :P

ရီမောပျော်ရွှင်ပါစေ....
+6

Offline မောင်ဖွကြီး

  • ကျောင်းသားကြီး
  • **
  • Posts: 89
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +916
Re: အမောပြေဟာသမှတ်စု
« Reply #979 on: March 08, 2013, 08:03:04 AM »
မမြင်သင့်တာ.....

အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေ မသွားဖို့၊

မလုံတလုံ ၀တ်ထားတဲ့ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောတယ်။

အဖေ့စကားနားမထောင်ဘဲ

အဲဒီလို နေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ မြင်တတ်တယ်လို့ အဖေ... က ပြောပါတယ်။

အဖေက မသွားနဲ့ ပြောမှ တခါမှ မရောက်ဖူးတဲ့ကျွန်တော်သွားချင်လာမိတယ်။

တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး လက်မှတ်ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။

ဝင်ဝင်ချင်းပဲ မမြင်သင့်တာကို ကျွန်တော်မြင်သွားတယ်။

ဘာမြင်ခဲ့လဲ သိလား..

.ကျွန်တော့် "အဖေ" ကိုလေ....

ရီမောနိုင်ပါစေ
+7

Tags: