Author Topic: အမောပြေဟာသမှတ်စု  (Read 457422 times)

0 Members and 6 Guests are viewing this topic.

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12573
Re: အမောပြေဟာသမှတ်စု
« Reply #960 on: February 26, 2013, 07:39:03 AM »
ပါးစပ်နှင့်

တစ်ခါက...နံမည်ကျော် မြန်မာမော်ဒယ် ရှပ်ရှင်မင်းသား တဦးသည် ရှူတင် တွင်ခဏအနား ယူနေစဉ်လူတယောက်ရောက်လာပီး ရန်စဆဲဆိုလေသည်။

ရှပ်ရှင်မင်းသားက ဘာမျှပြန်မပြောပဲ မသိချင်ယောင် ဆောင် နေ၏။

သူ့ပိရိတ်သတ်ဖြစ်သည့် အမျီုးသမီးနှစ်ဦးက ထိုမြင်ကွင်းကိုကြည့်ကာ မခံမရပ်နိုင်ဖြစ်ပီး ရန်စသူအား မင်းသားဘက်မှ ပြောဆိုရန်တွေ့လေသည်။

နောက်ဆုံး အခြေအနေ တင်းမာလာပီး....အမျိုးသမီး နှစ်ဦးမှ ကိုယ်ထိလက်ရောက်ရိုက်နှက်လေရာ....ရန်စသူမှာ ထွက်ပြေးသွားရလေ၏။

ထိုအခါ ရုပ်ရှင်မင်းသားမှ.....အမျိုးသမီးနှစ်ဦး ကို ကျေးဇူးတင်စကား ပြောကြားပီး....အမျိုးသမီးတစ်ယောက်အားလှမ်းမေးလိုက်၏။

မင်းသား။ ။အော်....ဒါနဲ့ ကျနော်မြင်လိုက်ရတာ ...ခင်ဗျားရဲ့ လှပတဲ့ ဒီလက်ကလေးနဲ့ ဟိုလူကိုရိုက်လွှတ် လိုက်တယ်နော်.....

ပထမအမျိုးသမီး။ ။ ဟုတ်ပါတယ်မင်းသား။ဒီလက်နဲ့ ဟိုအကောင် ကို ကျမ ရိုက်လိုက်ပါတယ်။

ထိုအခါ မင်းသား က ထိုအမျိုးသမီး၏ လက်ကလေးကို ဆွဲယူ၍ ညင်သာစွာ နမ်းလိုက်လေသည်။

ထို့နောက် ကျန်အမျိုးသမီး ဘက်သို့ လှည့်လိုက်ရာ......ကျန်အမျိုးသမီး မှ မင်းသား စကားမစမီ လျင်မြန်စွာ ပြောလိုက်ပုံက.....

" ကျမ ကတော့ ပါးစပ်နဲ့ ကိုက်လိုက်တယ်......မင်းသား......"....တဲ့
+5

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12573
Re: အမောပြေဟာသမှတ်စု
« Reply #961 on: February 26, 2013, 07:40:45 AM »
စောစောကပြောရောပေါ့

စီမံချက်အရ ..မော်တော်ပီကယ်တစ်ယောက်နှင့် ရဲအရာရှိတို့သည် ကားမောင်းလိုင်စင်မရှိပဲ ကားမောင်းလာသူ တဦးအား.....ဖမ်းလိုက်၏။

၎င်းကား၏ ၀ိတက် အားသိမ်းယူ ၍ ထိုသူအား သူတို့ကားနောက်မှ ကားမောင်းပီး ရဲစခန်းသို့ လိုက်ခဲ့ ရန် ပြောလိုက်သည်။

ရဲစခန်းသို့ထွက်လာစဉ်.....လမ်းတွင် အခြားကားတစီးကိုတွေ့လေ၏။ထိုကားမှာ တရားခံပြေး တစ်ယောက်၏ ကားဖြစ်နေ၍ ထိုကားနောက်သို့

ရဲကားမှ အရှိန်မြှင့် ပီး အသားကုန် လိုက်လေ၏။ နောက်ဆုံးတွင် ထိုတရားခံပြေး ကား ကို မိလေသည်။

ရဲအရာရှိများက ထိုတရားခံကို ဖမ်းဆီးနေစဉ် သူတို့နောက်မှ စောစောက ဖမ်းလာသော

လိုင်စင်မဲ့မောင်းသူ၏ ကားရောက်လာပီး သူတို့အနားတွင် ထိုးရပ်လိုက်၏။

လိုင်စင်မဲ့ မောင်းသူလည်း ကားထဲမှ ထွက်လာပီး ရဲအရာရှိများအား ပြောလိုက်ပုံမှာ......

" ရဲစခန်းကို ဘယ်လိုသွားရမယ်ဆိုတာ.....စောစောကပြောရောပေါ့ဗျာ။

ဒါဆိုရင်ကျနော် အဲဒီမှာ သွားဆောင့်နေမှာပေါ့.......အခုတော့ ခင်ဗျားတို့ ကား နောက်ကို အမှီ လိုက်ရတာ လွယ်တာမှတ်လို့...ဟူးးးး."....တဲ့
+7

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12573
Re: အမောပြေဟာသမှတ်စု
« Reply #962 on: February 26, 2013, 07:41:50 AM »
ယာဉ်မောင်း

“ကားမောင်းသက် ဘယ်လောက်ရှိပြီလဲ”

“အနှစ် (၃၀) ပါ...”

“ယာဉ်တိုက်မှု ဖြစ်ဖူးသလား”

“တစ်ခါမှမဖြစ်ဖူးပါဘူး”

“ခွေးလေးးးးကြက်လေးတောင်မတိုက်ဖူးဘူးလား”

“မတိုက်ဖူးပါဘူး”

“၀င်းတံခါး၊ခြံတံခါး၊သစ်ပင် ဆိုတာမျိုးရော...”

“ဟင့်အင်း မတိုက်ဖူးပါဘူးဗျာ...”

“ဟုတ်ရဲ့လားဗျာ...”

“အဟုတ်ပါ..”

“ခင်ဗျား က ဘာကားမောင်းတာလဲ..”

“လယ်ထွန်စက်..” ဟူသတည်း။
+7

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12573
Re: အမောပြေဟာသမှတ်စု
« Reply #963 on: February 26, 2013, 07:42:32 AM »
.......ယောက္ခမ မုန်းသူများ......

လူတစ်ယောက်သည် လမ်းဖြတ်ကူးရန် ဟန်ပြင်နေစဉ်..
အသုဘ ပို့သည့်လူတန်းရှည်ကြီး တစ်ခု ဖြတ်သန်းလာသည်။
အခေါင်းဘေးတွင် ခွေးလေး တကောင် အပြေးလိုက်လာသည်ကိုတွေ့ ရပီး
... အသုဘ ပို့သူအများစုမှာ ယောကျာ်းများဖြစ်သည်ကိုတွေ့ ရသည်။တိုသူက
အသုဘ ပို့သူတစ်ဦးကို မေးလိုက်သည်.....
“ ဒါ ဘယ်သူ့အသုဘ ပါလဲ ”
“ ကျနော့် ယောက္ခမ အသုဘ ပါ ”
“ အို....စိတ်မကောင်းစရာပဲ..ဘာရောဂါနဲ့ဆုံးသွားတာလဲ ”
“ အခေါင်းဘေးနားက လိုက်နေတဲ့ သူ့ရဲ့ခွေးလေး ကိုက်လို့ လေ ”
“ ဟ..အဲဒါဆို ဟန်ကျတာပဲ..အဲဒီခွေးလေး ကျနော့်ကို ခဏ ငှားပါ..”
ထိုအခါ သမက်သည် အသုဘတန်းမှ လူများကို လက်ညိုးထိုးပြပီး ပြောလိုက်သည်က..
“ သူ့ ခွေးကို လိုချင်ရင် အခေါင်းနောက်က သူတို့လို တန်းစီလေ...”....တဲ့....

ရီမောပျော်ရွှင်ပါစေ
+10

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12573
Re: အမောပြေဟာသမှတ်စု
« Reply #964 on: February 26, 2013, 07:43:32 AM »
တစ်ခါခြစ်ရုံနှင့်

မြန်မာပြည်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ၀န်ထမ်း..တစ်ယောက်သည် အာဖရိက တောနက်ထဲသို့

သစ်တောထိမ်းသိမ်းရေးအတွက်ပညာတော်သင် စေလွှတ်ခြင်း ခံရလေ၏။

တစ်နေ့တွင် လမ်းပြ လုပ်သူနှင့် လူချင်းကွဲ သွားလေသည်။

သို့နှင့် တယာက်တည်း တောထဲတွင် မျက်စိလည်နေရာ.....တောနက်ထဲသို့ ရောက်မှန်းမသိ ရောက်သွားလေ၏။

တစ်နေရာ အရောက်တွင် လူသားစား လူရိုင်းများ မှ သူ့အား ၀ိုင်းထားခြင်းကို ခံရလေသည်။

ထိုအခါ မြန်မာ့ရုပ်မြင်သံကြား.....MRTV 4 မှ ကြည့်ခဲ့ဖူးသော နိုင်ငံခြား ရုပ်ရှင်ကားတစ်ကားကို သတိရပီး အိတ်ကပ်ထဲရှိ မီးခြစ်ကိုထုတ်လိုက်၏။

ထို့နောက်လူရိုင်းများ မြင်သာအောင် အပေါ်သို့ ကိုင်မြှောက်ပြ၏။ထို့နောက်.....စက္ကူမီးခြစ်ဗူးတွင်းရှိ ယမ်းမီးခြစ်ဆံအား ဟန်ပါပါဖြင့်ထုတ်လိုက်၏။

ပီးနောက်......ဗူးနံရံ သို့ ပွတ်ဆွဲ၍ ခြစ်ပြရာ..." ရှဲ " ကနဲ အသံနဲ့ အတူ....မီးခြစ်ဆံသည် မီးထတောက်လေ၏။

မီးတောက်လျှင် လူရိုင်းများမှာ...ပျော်ရွှင်မြူးတူးစွာ အော်ဟစ်ရင်း လှည့်ပတ်ခုန်ပေါက်နေကြတော့သည်။

ဝန်ထမ်းလည်း ဘာလဲဟဟူသောအတွေးဖြင့်ကြည့်နေမိ၏။

ထိုအခါ လူရိုင်းအကြီးအကဲမှ..လူရိုင်းများအား ငြိမ်သက်ရန် အချက်ပြပီး......အောက်ပါအတိုင်း...ပြောပြလိုက်လေ၏။

" ကဲ...မင်းကို..ငါတို့...မစားတော့ပါဖူး.....။တကယ့်ကို ထူးဆန်းတယ်ဟေ့.....။ငါ့တစ်သက်မှာ မြန်မာပြည်ထုတ် ယမ်းမီးခြစ် တလုံးဟာ

ခုလိုမီးခြစ်ဆံတစ်ဆံ တခါခြစ်ယုံနဲ့ မီးထတောက်တယ်ဆိုတာ တခါမှ မတွေ့ ဖူးသေးလို့ ဟေ့ .....".....တဲ့......တိန်
+10

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12573
Re: အမောပြေဟာသမှတ်စု
« Reply #965 on: February 26, 2013, 07:44:35 AM »
စကားပြောတတ်တဲ့ခွေး

လူတစ်ယောက် ခွေးတစ်ကောင်လာရောက်ရောင်းချပုံကို သူ့ သူငယ်ချင်း...အား ပြန် လည် ပြောပြနေ၏။

" သူငယ်ချင်းရေ.....ဒီလိုကွ ...မနေ့က.....ငါ့ဆီကိုကွာ......စကားပြောတတ်တဲ့ခွေး တကောင်ကို

ငွေ သုံးထောင် နဲ့ ရောင်းချင်လို့ ဆိုပီး လူတစ်ယောက်ရောက်လာတယ်ကွ။

ငါကလည်း အဲဒီလူကို မောင်းထုတ်လိုက်တယ်။အဲဒီမှာ သူ့ခွေးက ......အစ်ကိုကြီးခင်ဗျာ။ သူက အစာလည်းကောင်းကောင်းမကျွေးဖူး။

လမ်းလျှောက်ထွက်တော့လည်း ဘယ်တော့မှမခေါ်ဖူး။ အခန်းထဲမှာပဲ ပိတ်လှောင်ထားတယ်လို့ ......၀င်ပြောပါရောဗျာ။ငါလဲအံအားသင့်သွားပီး

အဲဒီလူကိုမေးတာပေါ့......."

" ဟေ့လူ ခင်ဗျားခွေးက တကယ်စကားပြောတတ်တာပဲ....ဘာဖြစ်လို့ငွေ သုံးထောင်တည်းနဲ့ ရောင်းချင်ရတာလဲဗျ။....."..လို့ငါကမေးလိုက်တော့..

အဲဒီတော့မှ ရောင်းသူက စိတ်ပျက်လက်ပျက်နဲ့ ပြန်ပြောလိုက်တာက.....

" အင်း....... ဒီကောင် ...အဲဒီလိုတွေ လိမ်ပြောတတ်လို့ ကျုပ် ဒုက္ခ ရောက်ပေါင်းများလှပြီ......".တဲ့လေ.....။
+7

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12573
Re: အမောပြေဟာသမှတ်စု
« Reply #966 on: February 26, 2013, 07:49:26 AM »
ဖြတ်စား

ဦးရိုးတစ်ယောက် အကြွေးတွေ များလွန်းသဖြင့် စိတ်ညစ်နေတုန်း...
.အိမ်ဘေးမှ မောင်ဘဖေအကြံပေးသည့်အတိုင်း ဘိုးမင်းခေါင်ကို လက်ဖက်လေး၊ ဆေးလိပ်လေးနှင့် ဆက်ပြီး အကူအညီတောင်းချင်ပါသော်လည်း
လက်ထဲတွင် ပိုက်ဆံမရှိသဖြင့် စာသာရေးရန် အကြံရလေတော့သည်။
ဒီလိုနှင့် စာတိုက်မှ စာပို့သမားလေးတစ်ယောက်အား စာတစ်စောင်ပေးလိုက်လေတော့သည်။
စာပို့သမားမောင်သာခမျာ စာအိတ်မှ လိပ်စာကိုကြည့်ပြီး ဘယ်ပို့ရမည်မှန်းမသိသောကြောင့် စာတိုက်သို့ယူသွားလေတော့သည်။
စာပါလိပ်စာကား သို့ဘိုး မင်းခေါင် ဟူသတည်း။
ဒီလိုနှင့် စာတိုက်မှူးမှ စာဖတ်ကြည့်ရာ စာပါအကြောင်းအရာကား
...သို့ ဘိုးမင်းခေါင်ခင်ဗျား...ကျွန်တော်မျိုးကြီးအမိုက်အမဲမှာ အဘိုးအားတင်စရာ လက်ဖက်ဖိုး၊ ဆေး လိပ်ဖိုးမရှိသောကြောင့် စာရေးအကူအညီတောင်းလိုက်ရပါသည်။
ကျွန်တော့်မှာ ချဲလေးရှုံးမိပါသ ဖြင့် လုပ်ငန်းသုံးစက်ဘီးပြင် ကိရိယာများကိုလည်း ပေါင်သုံးမိပါသောကြောင့် အကြွေးများတင် လျက်ရှိသည့်အပြင် စားစရာလည...်း မရှိပါခင်ဗျား။
ထို့ကြောင့် အဘိုးမှ သနားသဖြင့် ကျွနတော် မျိုးကြီးအား ငွေလေးသုံးထောင်ခန့် ချေးစေချင်ပါသည်။ ထိုငွေဖြင့် အရင်းအနှီးလုပ်ပြီး ငွေပြန် လည်ရပါက ပြန်ပေးပါမည်ခင်ဗျား...မှ မောင်ရိုး....
.စာတိုက်မှူးမှာ ရယ်ရမလို ငိုရမလိုဖြင့် သနား သွားပါသည်။
ထို့ကြောင့် ၄င်းမှ မတည်ငွေ ၅၀၀ကျပ်နှင့် ကျန်ဝန်ထမ်းများမှ အလှူငွေ ကောက် ခံလိုက်ရာ ၂၀၀၀ကျပ် ထပ်မံရရှိသဖြင့်
ယင်းငွေ ၂၅၀၀ကျပ်ကို ဦးရိုးအား ပေးရန် စာပို့သမား လေး မောင်သာအား စေလွှတ်လိုက်လေသည်။
ညနေစောင်းသော် မောင်သာပြန်လာသဖြင့် ၀ိုင်းမေးကြ၏။
မောင်သာက ဦးရိုးမှ စာတစ်စောင် ပြန်ပေးလိုက်ကြောင်း ပြောသဖြင့် ၀ိုင်းဖတ်ကြရာ.....“သို့ ဘိုးမင်းခေါင်ခင်ဗျား....နောက်တစ်ခါ ငွေပို့လျှင် အဘကိုယ်တိုင် ပို့ပေးစေလိုပါသည်။
အဘယ်ကြောင့်ဆိုသော် စာတိုက်မှ ခွေးမသား များက ငွေ၅၀၀ ဖြတ်စားသောကြောင့် ဖြစ်ပါသည်” ဟူသတည်း။

ရီမောပျော်ရွှင်ပါစေ...
+8

coco1

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #967 on: February 27, 2013, 10:58:32 AM »
tnks  :)
0

Offline ကြောင်ပါး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 893
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +10425
Re: အမောပြေဟာသမှတ်စု
« Reply #968 on: March 03, 2013, 10:17:10 AM »


ကိုလူပျော် ဆိုတဲ့ အကောင့် တစ်ခုက လာပေးလို့ ရှယ်ပေးလိုက်ပါတယ် ~ မူရင်းကတော့  မောင်ကောင်းထိုက်ပဲဖြစ်မလားတော့ မသိပါဘူး :)

အရူးဆေးရုံတစ်ခုတွင် ဆရာဝန်က သက်သာနေပီထင်၍ပြန်လွှတ်ရန် လူနာတစ်ယောက်အားစမ်းသပ်စစ်ဆေးနေသည် ။

ဆရာ-ကဲ မင်းအခု နေကောင်းသွားပီဆိုတော့ ဆေးရုံကဆင်းခွင့်ပြုလိုက်ပီ. အဲ့တော့ မင်းအပြင်ရောက်ရင်ဘာတွေလုပ်မလဲ.

လူနာ-ကျွန်တော်အပြင်ရောက်ရင် လေးခွတစ်လက်ဝယ်မယ်ဗျာ.ပီးရင် တွေ့သမျှအိမ်တွေကမှန်တွေကိုလိုက်ပစ်ခွဲမယ်.

ဆရာ-အာ ဒီလိုဆိုမဖြစ်ချေဗူး ဒီကောင်ကိုပြန်ချုပ်ထားရဦးမယ်.

ဆရာဝန်တွေကကြိုးစားပန်းစားကုပေးပီးနောက် ၃လလောက်ကြာတော့ ထပ်ပီးစမ်းသပ်ပြန်တယ်.

ဆရာ-ကဲ မင်းကနေကောင်းသွားပီဆိုတော့ မင်းကိုပြန်လွှတ်ပေးလိုက်ရင် အရင်တစ်ခါကလို လေးခွဝယ်ပီးလျှောက်ပစ်ဦးမှာလား.

လူနာ-ကျွန်တော်အဲ့လိုမလုပ်တော့ပါဗူးဆရာ.အပြင်ရောက်ရင်ကျွန်တော် မိန်းမယူမယ်ဆရာ.

ဆရာ-ဟေ ဟုတ်လှချည်လား

ဆက်စမ်းပါဦး.မင်းကမိန်းမယူပီးဘာလုပ်မှာလဲ.

လူနာ-မိန်းမယူပီးလို့ မင်္ဂလာဦးညကျရင် မိန်းမရဲ့အင်္ကျီလေးကိုချွတ်မယ်.

ဆရာ-ဟေ ပီးတော့ရောဆက်ပြောပါဦး.

လူနာ-ပီးရင် သူ့ရဲ့ထမီလေးကိုချွတ်မယ်.

ဆရာ-ဟာ ဟုတ်နေပီ ကောင်းခန်းရောက်နေပီ ပီးတော့ရော.

လူနာ-ပီးရင် သူ့ရဲ့အောက်ခံဘောင်းဘီလေးကိုချွတ်မယ်ဗျာ.

ဆရာ-ဝိုးးး ဆက်ပါဦး ဆက်ပါဦး.

လူနာ-ပီးရင် ချွတ်ထားတဲ့သူရဲ့အောက်ခံဘောင်းဘီထဲက မျှော့ကြိုးလေးကိုထုတ်ပီး လေးခွမှာတပ် တခြားအိမ်တွေကပြတင်းပေါက်မှန်တွေကိုလိုက်ခွဲမယ်.

ဆရာ-တဒေါင်းဇား အကောင်းမှတ်နေတာ နောက်ဆုံးတော့ဒီဘူတာပဲပြန်ဆိုက်တာပဲ.သွား အထဲမှာပဲတစ်သက်လုံးနေ ဘယ်တော့မှမထွက်နဲ့တော့~~~

credit : ဟာသကမ္ဘာ (Funny World) from facebook
+4

Offline ကြောင်ပါး

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 893
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +10425
Re: အမောပြေဟာသမှတ်စု
« Reply #969 on: March 03, 2013, 10:20:40 AM »

မူးရင် မရမ်းနဲ့ ~


ယုန်တစ်ကောင်တောထဲတွင် လမ်းလျှောက်လာသည် ။ မြက်ခင်းပေါ်တွင် အရက်ပုလင်းတစ်လုံးကို တွေ့သည် နှင့် ယုန်သောက်လိုက်သည် ။ သို့သော် အရက်က ပြင်းလွန်းသောကြောင့် ယုန် နေရာမှာပင် မူးလဲ ကာ အိပ်ပျော်သွားလေသည် ။

ထိုနေရာသို့ မြေခွေးမတစ်ကောင်ရောက်လာသည် ။ ယုန်နှင့်အရက်ပုလင်းကို တွေ့ သောအခါ
"အတော်ပဲ ဟင်းစားကလည်း အဆင်သင့် သောက်စရာ ယမကာကလည်း အသင့် "
အရက်ကို သောက်လိုက်သည် မြေခွေးမ မူးလဲ သွားသည် ။

ထို့ နောက် မြေခွေးထီးတစ်ကောင် ရောက်လာသည် ။ ယုန် မြေခွေးမနှင့် အရက်ပုလင်းတို့ကို တွေ့သောအခါ " နိပ်ဟ ဟင်းစားလည်း ရှိတယ် ။ ယမကာလည်း ရှိတယ် ။ ပြီးတော့ မြာလေးကလည်း ရှိသေးတယ်"အရက်သောက်လိုက်သည် ။
 မြေခွေးမူးလဲကာ အိပ်ပျော်သွားသည် ။

မကြာမီ ယုန် ပြန်နိုးလာသည် ။ ဘေးတွင်လဲနေသော မြေခွေးထီးနှင့် မြေခွေးမကို တွေ့သောအခါ .....

" ဟာ -- ငါ မူးပြီး ရမ်းလိုက်တာ မဆိုင်တဲ့ သူတွေတောင် တော်တော်ထိကုန်ပါပကောလား"

(မောင်ကောင်းထိုက် - ဟာသပဒေသာ )
+4

Tags: