Author Topic: အမောပြေဟာသမှတ်စု  (Read 476384 times)

0 Members and 1 Guest are viewing this topic.

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12639
Re: အမောပြေဟာသမှတ်စု
« Reply #950 on: February 18, 2013, 08:18:35 PM »
လက်မှတ်စစ်မယ်......

တခါက....သချာင်္ အဓိကယူသောကျောင်းသားအုပ်စု တစ်စု နှင့် အင်ဂျင်နီယာ ကျောင်းသား အုပ်စုတစ်စု တို့ သည် သိပ္ပံ ပညာရပ်

ဆွေးနွေးပွဲ တခုသို့ တက်ရောက်ရန် ရထားအတူတူစီး၍ ခရီးထွက်လာကြ၏။သချာင်္ ကျောင်းသားများမှာ ရထားလက်မှတ်ကိုယ်စီနှင့်ဖြစ်၏။

သို့သော် အင်ဂျင်နီယာ ကျောင်းသား များမှာ.....လက်မှတ်တစ်စောင်တည်းသာဝယ် ၍ ရထားစီးလာခဲ့ ကြသည်။

လမ်းခရီးတနေရာအရောက်.....အင်ဂျင်နီယာ ကျောင်းသားတဦးက လှမ်းအော်လိုက်သည်။

" လက်မှတ်စစ်လာပြီဟေ့......"

ထိုအခါ အင်ဂျင်နီယာ ကျောင်းသားများက အိမ်သာတခု ထည်းသို့ စုပြုံ ၀င်လိုက်ကြသည်။

လက်မှတ်စစ်မှ အိမ်သာ တံခါးခေါက်ပီး" လက်မှတ်စစ်မယ် "ဟု ပြောလိုက်သည်။

ထိုအခါ တံခါး အောက်မှ လက်မှတ် တစ်စောင် ထုတ်ပေး လိုက်သည်ကို သချာင်္ ကျောင်းသားများ တွေ့ကြလေ၏။

လက်မှတ်စစ်လည်း ထိုတစ်စောင်တည်းသော လက်မှတ်ကို စစ်ပြီး အိမ်သာ တံခါးအောက်မှ ပင်....လက်မှတ်ကိုပြန်ပေးလိုက်သည်။

အပြန်ခရီးတွင် သချာင်္ ကျောင်းသားများ သည် အလာတုန်းက အင်ဂျင်နီယာ ကျောင်းသားများ ကဲ့သို့

လက်မှတ်တစ်စောင်တည်းသာ ၀ယ်၍ ပြန်လာကြသည်။

အင်ဂျင်နီယာ ကျောင်းသားများ မှာမူ တစ်ယောက်မှ လက်မှတ်မ၀ယ်ပေ။

လမ်းခရီးတနေရာအရောက်တွင်.."......လက်မှတ်စစ်လာပြီဟေ့ .".ဟု အချက်ပေးသံတစ်ခု အင်ဂျင်နီယာ ကျောင်းသား တယောက်က အော်လိုက်၏။

အင်ဂျင်နီယာ ကျောင်းသား များသည် အိမ်သာခန်းတခုထဲသို့ အမြန်ပြေးဝင်ကြ သလို....

သချာင်္ ကျောင်းသားများ မှာလည်း အခြားအိမ်သာခန်း တခုအတွင်းသို့ စုပြုံပြေးဝင်ကြ၏။

ထိုသို့ ကျောင်းသားများ အိမ်သာထဲသို့ ၀င်ပီး....ရထားတွဲထဲသို့...လက်မှတ်စစ်ရောက်မလာခင်.....

အင်ဂျင်နီယာ ကျောင်းသား တယောက်သည် ပုန်းနေသော အိမ်သာအတွင်းမှ ထွက်လာ၏။

ထို့နောက် သချာင်္ ကျောင်းသားများ ရှိရာ အိမ်သာ သို့ သွား၍ အိမ်သာတံခါးခေါက်ပီးပြောလိုက်သည်မှာ.......

" လက်မှတ်စစ်မယ်။လက်မှတ်ပြပါ။............".ဟူသတည်း.........တိန်
+6

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12639
Re: အမောပြေဟာသမှတ်စု
« Reply #951 on: February 21, 2013, 07:47:05 AM »
ကံမကောင်းသူ

ကျောင်းတစ်ခုတွင် ဖြစ်သည်။

မုန့်စားဆင်းချိန်တွင် ကျောင်းသားများ စူးရှကျယ်လောင်စွာ .အော်ဟစ် ရီမောကြသည်။

ဝမ်းသာလွန်း၍ တချို့ ဆိုလျှင် ကခုန်နေကြ၏။

ကျောင်းသားတစ်ယောက်မှာမူ အခန်းထောင့်တစ်နေရာတွင် တရှုပ်ရှုပ်နှင့် ငိုကြွေးနေ၏။

ထိုအဖြစ်အပျက်ကြောင့် အမှိုက်သိမ်းနေသော ကျောင်းသန့်ရှင်းရေးလုပ်သူက ထိုကျောင်းသားအား မေး၏။

" ဘာဖြစ်လို့ ဒီလောက်တောင် ပျော်နေကြတာလဲ "

" ကျနော်တို့ရဲ့ ကျောင်းအုပ်ကြီး ပြတင်းပေါက်ကပြုတ်ကျလို့ပျော်နေကြတာဗျ "

" ဒါဆို ခင်ဗျားက ဘာလို့ငိုနေရတာလဲဗျ "

" သူပြုတ်ကျတာကို ကျနော် မမြင်လိုက်ရလို့ပါ.......အီး...ဟီး.."..တဲ့
+6

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12639
Re: အမောပြေဟာသမှတ်စု
« Reply #952 on: February 21, 2013, 07:50:48 AM »
"ကိစ္စမရှိပါဘူး..."

မုတ်ဆိပ်မွေး ပါးသိုင်းမွေးရိတ်ဖို့ လူတစ်ယောက်
ဦးဗိုလ်ကေဆံပင်ညှပ်ဆိုင်ထဲ ဝင်လာပါတယ်။
သူ့အလှည့်ရောက်တော့ ဆံသဆရာဦးဗိုလ်ကေက
... သူမုတ်ဆိပ်မွေး၊ ပါးသိုင်းမွေးတွေကို စ,
ရိတ်ပါတယ်..
မုတ်ဆိပ်မွေး နဲ့ နုပ်ခမ်းမွေးကို ရိတ်တဲ့အခါ ပြသနာ မရှိပေမဲ့
ပါးသိုင်းမွေးရိတ်တော့ နဲနဲ ခက်နေတယ်။
သူ့ပါးကနဲနဲခွက်နေတာကိုး။
ဒါနဲ့ ဆံသဆရာက
သစ်သားနဲ့ လုပ်ထားနဲ့ အလုံးလေး တလုံးကိုပေးလိုက်ပြီး ပြောတယ်။

"ဒါလေးကို ခဏငုံထားလိုက်၊
ဒါမှ ပါးသိုင်းမွေး ရိတ်ရတာ အဆင်ပြေမယ်"

"အဲ...ဟုတ်တယ်ဗျ"
အဲဒီလူလည်း သဘောကျသွားတယ်၊
ဒီ ဆံသဆရာမဆိုးဘူး တော်တော်ဥာဏ်ပြေးသားဘဲ လို့
တွေးနေတယ်။
ညာဘက်ပါးကို ရိတ်တော့ ညာဘက်ပါးစောင်မှာ ငုံလိုက်၊
ဘယ်ဘက်ပါးကို ရိတ်တော့ ဘက်ဘက်ပါးစောင်မှာ ငုံလိုက်နဲ့
လုပ်နေရင်း ဆံသဆရာကို လှမ်းနောက်လိုက်တယ်။

"ခုလိုငုံထားတုန်း
ခင်ဗျားသစ်သားလုံးလေးကိုမျိုချမိရင်
ဘယ်လိုလုပ်မလဲ"

ဦးဗိုလ်ကေ ပြန်ပြောလိုက်တာက...
"ကိစ္စမရှိပါဘူးဗျာ။
နောက်နေ့ 'အီး' ပါရင် ပြန်ထွက်လာမှာဘဲ မဟုတ်လား၊
အဲဒီတော့မှရေဆေးပြီး ပြန်လာပေးပေါ့၊
တခြားသူတွေလဲ ဒီလိုဘဲ ပြန်လာပေးနေကျဘဲဟာ".......တဲ့

ဟိုက်....ငုံမိတာမှားပီ.....
+5

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12639
Re: အမောပြေဟာသမှတ်စု
« Reply #953 on: February 22, 2013, 07:12:46 AM »
ဒီလိုဆိုရင်.........

တစ်ခါက .....ရန်ကုန်မြို့တွင်း ဘတ်စ် ကား တစီးပေါ်တွင် လူ တစ်ယောက်သည် သူ့လို ပင် မတ်တပ်ရပ် စီးလာသော အခြားသူတယောက်ကိုမေး၏။

ပထမလူ။ ။ခင်ဗျားက အရာရှိ တစ်ယောက်လားဟင်။

ဒုတိယလူ။ ။မဟုတ်ပါဖူး။

ပထမလူ။ ။ဒါဆိုစစ် ဘက်ကလား။ဒါမှမဟုတ် အရာရှိ အရာခံတွေရော အမျိုးထဲမှာ ရှိသလား။

ဒုတိယလူ။ ။စစ်ဘက်ကလည်းမဟုတ်ပါဖူး..နောက်ပီး....အမျိုးလဲစစ်ဘက်မှာမရှိပါဖူး။

ပထမလူ။ ။ဒါဆို ရဲ ဘက်ကလား။

ဒုတိယလူ။ ။မဟုတ်ဖူး ။

ပထမလူ။ ။ရဲတပ်ဖွဲ့ထဲ မှာရော အမျိုးရှိလား ။

ဒုတိယလူ။ ။မရှိဖူး ။

ပထမလူ။ ။အစိုးရထဲမှာရောအမျိုးရှိလား ။

ဒုတိယလူ။ ။မရှိဖူး ။

ထိုအခါ ပထမလူ ပြောလိုက်တာက..........

" ဒါဆိုရင်ဗျာ .......ကျုပ်ခြေထောက်ကို တက်နင်းထားတဲ့ ခင်ဗျားခြေထောက်ကြီးကိုဖယ်ပေးစမ်းပါဗျာ..."...တဲ့
+8

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12639
Re: အမောပြေဟာသမှတ်စု
« Reply #954 on: February 22, 2013, 07:14:38 AM »
အချစ်ကြီးသူ.....

ချစ်သူများနေ့ ရဲ့ ညမှာ ကောင်လေး နဲ့ ကောင်မလေး ရေကန်ကြီး
(အင်းလျား ကန်ဘောင် လိုနေရာမျိုး)
ရဲ့ဘေးမှာ စကားပြောကြတယ်။

ကောင်လေး။ ။ `ငါ နင့်ကိုချစ်တယ်´
ကောင်မလေး။ ။ ` အကယ်၍ နင်ငါ့ကို တကယ်ချစ်တယ်ဆိုရင်
အဲ့ဒီ့ ရေကန်ထဲ ခုန်ချပြီး သက်သေပြ´

ကောင်လေး က ကန်ဘောင်ပေါ်လမ်းလျောက်သွားပြီး ဘာမှ တွေဝေမနေဘဲ
တခါတည်း ခုန်ချပစ်လိုက်တယ်။
.....
နှစ်တွေကြာပြီးနောက် သူတို့ မင်္ဂလာဆောင်ပြီး သွားပြီ။
Wheel Chair ပေါ်မှာ ထိုင်နေတဲ့ ကောင်လေး ကိုကောင်မလေး က တွန်းလာတယ်။
သူတို့ အကြောင်းကို ကြားဖူးနားဝ ရှိတဲ့ လူတစ်ယောက် ရောက်လာပြီး
ကောင်မလေးကိုမေးတယ်။
`နင့် ခင်ပွန်းက ဒုက္ခိဖြစ်နေတာတောင် နင် သူ့ကို ယူတယ်နော်...နင်နောင်တ မရဘူးလား´

ကောင်မလေး က မျက်နှာထားတင်းတင်းနဲ့
`ကျွန်မ ကြောင့် သာမဟုတ်ရင် သူ ဒီလိုမျိုးဖြစ်မှာမဟုတ်ဘူး။ ကျွန်မ ကံကောင်းတယ်။
ဒီကမ္ဘာပေါ်မှာ ကျွန်မ ကိုချစ်တဲ့ ယောကျာ်းတယောက်ကို ကျွန်မ တွေ့လိုက်ရလို့။
ကျွန်မ သူ့ကို တစ်သက်လုံးစောင့်ရှောက်သွားမှာပါ´

မေးတဲ့သူက သူတို့နှစ်ဦးကို သနားသွားပြီး ကောင်လေးကို မေးတယ်
`အဲ့ဒီ့လို ခုန်ချ လိုက်တဲ့ အတွက် ကော... ခင်ဗျား နောင်တမရဘူးလား´

ကောင်လေးက ဘာမှ မဖြေဘူး။ မျက်ရည်တွေဝေ့လို့။

တကယ်တော့ ကောင်လေးစိတ်ထဲမှာတော့ ပြောလိုက်ပါတယ်။
`တောက်...ဘယ်သတ္တ၀ါက ငှက်ပျောသီးစားပြီး သောက်စည်းကမ်းမရှိ ကန်ဘောင်
ပေါ်မှာလာပစ်ထားရတယ်လို့...´...တဲ့
+7

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12639
Re: အမောပြေဟာသမှတ်စု
« Reply #955 on: February 23, 2013, 08:27:26 PM »
မီးလာပြီ .......

မြန်မာနိုင်ငံသား>>> " ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ နေ သွား ပြီ ဘာများ အကျိုးကျေးဇူး ရှိပါသလဲ "

နိုင်ငံခြားသား>>> " ဟုတ်ကဲ့ မြန်မာနိုင်ငံ ရဲ့ လူမှု ရေး ကို ကောင်းကောင်း နားလည်လာပါတယ် "

... မြန်မာနိုင်ငံသား>>> " ဘာသာ စကားအနေ နဲ့  ၂ နှစ်တောင် နေ ထိုင်လာခဲ့ တာ
ဆို တော့ တော် တော် မြန်မာ စကား တတ်မှာ ပေါ့ နော်.......

နိုင်ငံခြားသား>>> " ဟုတ်ကဲ့ ကျွန်တော် မြန်မာနိုင်ငံမှာ နေ ထိုင်လာတဲ့ နောက်ပိုင်း " မီးလာပြီ " ဆို တဲ့ အသံကို ကျွန်တော် ကောင်းကောင်း ပြောတတ်လာ ပါတယ် ခင်ဗျာ "

မြန်မာနိုင်ငံသား>>> တိန်....ေ.ပြာတတ်တာက..မီးလာပီ..တဲ့လာ.း...ဗျာ....ဟုတ်...ကျေးဇူးပါ..

ရီမောနိုင်ပါစေ...
+5

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12639
Re: အမောပြေဟာသမှတ်စု
« Reply #956 on: February 23, 2013, 08:28:06 PM »
ဈာပန

နှလုံးအထူးကု ဆရာဝန်ကြီးရဲ့ ဈာပန အခမ်း အနားဟာ ဧည့်ပရိတ်သတ်များနဲ့ အထူး စည်ကား နေပါတယ်..

နှလုံးသား ပုံဖော်ထားတဲ့ ပန်းအလှဆင် အထူးပန်းဝိုင်း ကြီးအတွင်းမှ

ဆရာဝန်ကြီးရဲ့ ရုပ်ကလာပ်ကို ဖြတ်သန်း သယ်ဆောင်ပြီး ခမ်းခမ်းနားနား ဂုဏ်ပြုနှုတ်ဆက်ကာ ပို့ဆောင်လျက် ရှိနေခိုက်

ပရိသတ်အတွင်းမှ တီးတိုးရယ်သံတစ်သံ... ထွက်ပေါ်လာပါတယ်..

ရယ်နေသူကို ဘေးကရပ်နေသူက ..."ခင်ဗျားက ဘာလို့ ရယ်တာလဲ"

ရယ်နေသူက....."နှလုံးအထူးကု ဆရာဝန်ကြီးရဲ့ ဈာပနကို ကြည့်ပြီး ကျနော့် ဈာပန အကြောင်း တွေးမိလို့ပါ"

မေးနေသူက..."ခင်ဗျားက ဘာမို့လို့ လဲ"

ရယ်နေသူ ပြန်ဖြေလိုက်တာကတော့..." ကျနော်က သားဖွားနဲ့ မီးယပ် အထူးကုပါ.."

တိန်...ရီမောပျော်ရွှင်ပါစေ
+6

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12639
Re: အမောပြေဟာသမှတ်စု
« Reply #957 on: February 23, 2013, 08:28:32 PM »
ဆိတ်ငြိမ်ရပ်ကွက်

အိမ်ဝယ်မည့်သူက ပွဲစားကိုပြောသည်။

"အခုခင်ဗျားပြတဲ့ အိမ်ကိုတော့ ကြိုက်ပြီ..၊ ဒါနဲ့ ဒီရပ်ကွက်က..တိတ်တိတ်ဆိတ်ဆိတ်ရှိရဲ့လားဗျ"

ပွဲစားပြန်ဖြေလိုက်ပုံက....

"အင်မတန်တိတ်ဆိတ်တာပေါ့.. ဒီနှစ်ထဲမှာ အိမ်ငါးအိမ် အနုကြမ်းစီးခံရတယ်..

လမ်းသွားလမ်းလာ သုံးယောက် အသတ်ခံရတယ်.. ဘယ်သူမှ ဘာအသံမှ မကြားဘူး.."...တဲ့

ရီမောပျော်ရွှင်ပါစေ....
+5

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12639
Re: အမောပြေဟာသမှတ်စု
« Reply #958 on: February 23, 2013, 08:29:22 PM »
သားချော့တေး

တခါက...မြန်မာစကားမတတ်တတတ်ပြောဆိုနိုင်သောတရုတ်ကြီးနှင့် မြန်မာအမျိုးသမီးတစ်ဦးတို့အိမ်ထောင်ကျကာ....

သားတစ်ဦးမွေးဖွားလာပြီး........

-မြန်မာသားချော့တေးဖြင့် မိခင်ဖြစ်သူမှသီဆိုချော့သိပ်လေရာ.......

လူ--ကလေးရဲ့ ချော့စရာ----မိတ္ထီလာ-ကန် အောက်က-ဖါး---ကောက်ခဲ့ပါ-----ဖါးပါရင်------တစ်ကောင်ပေး----မျက်လုံးရယ် -ကြောင်တောင်တောင်နဲ့---ဖါး----ကောင်ကသေး--ဟေးအေ--

အသံနေအသံထားကောင်းကောင်းဖြင့်ချော့သိပ်နေသည်ကိုတရုတ်ကြီးမှ နားထောင်ကာပီတိ ဖြစ်ရင်း..........

မြန်မာသားချော့တေးဟာ-တကယ်နားထောင်လို့ကောင်းတာဘဲ-ရေကန်တွေကော-ဖါးတွေကောပါတယ် ၊ဟုမှတ်လျှက် လိုက်လံမှတ်သားထားလေ၏။

တစ်နေ့တွင် သားဖြစ်သူအား ပုခက်အတွင်းသိပ်ထားစဉ် မိခင်မှ လင်ဖြစ်သူအားအစောင့်ခိုင်းထားခဲ့ပြီး ဈေးသို့သွားလေ၏။

တရုတ်ကြီး တစ်ယောက်တည်းအိမ်တွင်စောင့်နေစဉ် သားဖြစ်သူနိုးလာရာ.........

တရုတ်ကြီးမှ သားအားကောက်ချီပြီး ၄င်းမှတ်သားထားသော သားချော့တေးဖြင့်အားရပါးရချော့သိပ်ပုံမှာ...........

---အေးအေ့အေး---မိထီလာကန်စိလယ်--ရေစိလယ်--ဖါးစိလယ် ---

အကောင်စေးလယ်---မျက်လုံးပူးလယ် -----အိပ်တော့။

--အေးအေ့အေး---မိထီလာကန်စိလယ်--ရေစိလယ်--ဖါးစိလယ် ---

အကောင်စေးလယ်---မျက်လုံးပူးလယ် -----အိပ်တော့။
+5

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12639
Re: အမောပြေဟာသမှတ်စု
« Reply #959 on: February 23, 2013, 08:30:42 PM »
........မေ့လိုက် .....

အသည်းအသန် နာမကျန်း ဖြစ်ပြီး အိပ်ရာထဲ လဲနေသော အဘိုးအိုသည် သားများကို ဆင့်ခေါ် လိုက်သည်။

"သားတို့ရေ... အဖေတော့ သိပ် ကြာကြာ နေရ တော့မယ် မထင်ဘူး။ အဖေ မရှိတဲ့ နောက် မင်းတို့ ဆက်လက် ဆောင်ရွက် နိုင်အောင် ကိစ္စ အချို့ကို အသိပေး ချင်တယ်။ ကိုင်း... ရေးမှတ် ထားကြ။ ဦးမြင့်အေးက အဖေ့ကို ငွေ သုံးထောင် ပေးစရာ ရှိတယ်"

"စိတ်ချ အဖေ... ကျွန်တော်တို့ မှတ်ထား လိုက်ပါပြီ... ဖုန်းဆက်ပြီး သတိပေး လိုက်ပါ့မယ်"

"ဦးခင်ဖေက အဖေ့ကို ငွေ လေးထောင် ပေးစရာ ရှိတယ်"

"စိတ်ချ အဖေ... စာရေး အကြောင်းကြား လိုက်ပါ့မယ်... စာကို မှတ်ပုံ တင်ပြီး ပို့ပါမယ်"

"ဦးစိုးပိုင် ကတော့ အဖေ့ကို ငွေ ငါးထောင် ပေးစရာ ရှိတယ်"

"ဒီ နေ့ပဲ ကြေးနန်းစာ ပို့လိုက် ပ့ါမယ်... ဘာမှ စိတ်မပူနဲ့ အဖေ "
"ဦးကျော်ခက်ကို အဖေ ငွေ နှစ်သောင်း ပေးစရာ ရှိတယ် "

"ဟာ အဖေ ကလဲ... ဒီ အချိန်မှာ စိတ်မကောင်း စရာတွေ မတွေးနဲ့လေ... မေ့လိုက်... မေ့လိုက် "တဲ့---------ဟီးး
+9

Tags: