Author Topic: အမောပြေဟာသမှတ်စု  (Read 445085 times)

0 Members and 1 Guest are viewing this topic.

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12534
Re: အမောပြေဟာသမှတ်စု
« Reply #940 on: February 14, 2013, 07:44:03 AM »
နှမြောလိုက်တာ.......

တစ်ခါ က အရမ်းနှမြော ကပ်စီး နဲသော လူတစ်ယောက်ကို သူငယ်ချင်းဖြစ်သူက အတင်းတိုက်တွန်း ၍ ထီလက်မှတ် နှစ်ဆောင် ကို ထိုးလိုက်သည်။

ထီဖွင့်သော အခါ ထီတစ်စောင်က အောင်ဘာလေ သန်းထီဆုကြီး ပေါက်လေ၏။

သို့သော် ထီပေါက်သူမှာ မပျော်ရွှင်ပဲ စိတ်မချမ်းသာဖြစ်နေ သဖြင့် သူငယ်ချင်းဖြစ်သူက မေးလိုက်သည်။

" မင်းက ဘာဖြစ်လို့ စိတ်မချမ်းသာဖြစ်နေရတာလဲကွာ။ မင်း အခု သန်းကြွယ်သဌေးတစ်ယောက်ဖြစ်နေပီပဲဟာ..."

ထိုအခါ ကိုကပ်စီးပြန်ဖြေတာက

" ငါသိပါတယ်ကွာ။ဒါပေမဲ့ ဘာဖြစ်လို့ ငါ ....ဒီမပေါက်တဲ့ ထီလက်မှတ်ကို တွဲဝယ်မိသလဲဆိုတာ တွေးမရလို့ပါ။

ဟင်းးးးး....အမှန်က ပေါက်မဲ့ ထီတစ်စောင်ပဲ ငါဝယ်သင့်တာကွ...."...တဲ့
+5

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12534
Re: အမောပြေဟာသမှတ်စု
« Reply #941 on: February 14, 2013, 07:45:17 AM »
အားနာပြိုင်ပွဲ

ဈေးသည် နှစ်ဦးတို့သည် တစ်ယောက်နဲ့ တယောက် သူတို့ အားနာ တတ်သည့် အကြောင်းကို အပြိုင်အဆိုင် ပြောဆိုနေကြ၏။

ပထမဈေးသည်။ ။ငါက ဘယ်လောက်ထိ အားနာတတ်သလဲဆိုရင် မဆစ်တတ်တဲ့ သူကို အားနာလို့ အတင်း ဈေးလျော့ပေးတာ အေ့ ။

ဒုတိယဈေးသည်။ ။ငါက တော့ ညည်း ထက်သာသေး....တယ်အေ့...ငါတကယ်အားနာလာရင် ၀ယ်သူကို ပိုပိုသာသာကြီးကို ထည့်ပေးလိုက်တာပဲ။

ထိုအခါ အနီးမှဈေးသည်က ဈေးရောင်းမကောင်းရ သည့် အထဲ နားကြားပြင်းကပ်လာသည်နှင့်တူ၏။ထိုပြိုင်နေသူနှစ်ဦးအား.....လှမ်းပြော၏။

အနီးမှဈေးသည်။ ။ဟေ့ .........ညည်းတို့တွေ အားနာ တာ ငါ့ကိုမမှီပါဖူး အေ ......။

ထိုအခါ ပထမ ဈေးသည်နှင့် ဒုတိယ ဈေးသည်နှစ်ဦးလုံး မှ " ညည်း က ဘယ်လောက်အားနာ လို့လည်း " ဟု ပြိုင်တူမေးခွန်းထုတ်လိုက်သည်။

မေးခွန်း ဆုံးသည်နှင့် အနီးမှ ဈေးသည် က သူမ ဘယ်လောက်အားနာတတ်ပုံကို ပြောပြလိုက်ပုံမှာ....

" အားနာတတ်တာပေါ့အေ......ငါက ညည်းတို့ထက်တောင် ပိုပီး အားနာတတ်သေးတယ်။အဲဒီ အားနာတတ်လွန်းလို့ ခက်တာပေါ့။

ဟိုမှာဆော့နေတဲ့ ကလေး သုံးယောက်ကိုတွေ့တယ်မဟုတ်လား။ အဲ့ဒါ ငါ့ကလေးတွေ.......ငါအားနာတတ်လွန်းလို့

အဲဒီကလေးတွေ ဟာ ဘယ်သူ့ကို အဖေ ခေါ်ရမှန်းတောင်မသိဖူး....အေ့.....".....တဲ့
+1

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12534
Re: အမောပြေဟာသမှတ်စု
« Reply #942 on: February 14, 2013, 05:56:18 PM »
ဂုဏ်ပြုပွဲ....

စိတ်ရောဂါကု အထူးကု ဆရာဝန်ကြီး ထံသို့ လူနာတယောက် လာရောက်ကုသ၏။

လူနာ။ ။ကျနော် ညည ဆို အိပ်မရဖူး ဒေါက်တာကြီးရယ်။

ဆရာဝန်ကြီး။ ။ဘာလုပ်နေလို့လဲ။

လူနာ။ ။ဆရာရယ်........ကမ္ဘာကြီးမှာ ၊ကျနော်တို့ တိုင်းပြည်မှာ၊ ဖြစ်ပျက်နေတဲ့ ပြသနာပေါင်း သောင်းခြောက်ထောင်ကို....

ပြေလည်အောင် အဖြေရှာနေရလို့ပါ........

ဆရာဝန်ကြီး။ ။အဖြေရော ရှာလို့ ရရဲ့လားဗျ။

လူနာ။ ။ရ ပါတယ်။ အဖြေရပါတယ်။

ဆရာဝန်ကြီး။ ။အဲဒီတော့ ....ပြေလည်သွားရောလား။

လူနာ။ ။ပြေလည်သွားတာပေါ့ ဆရာရယ်....ကျနော့်ဖြေရှင်း နည်းတွေဟာ အကောင်းဆုံးတွေချည်း ဖြစ်နေတယ်လေ....


ဆရာဝန်ကြီး။ ။အဲဒါဆိုရင် ခင်ဗျား က ဘာလို့ အိပ်မရ ရ တာလဲ......။

လူနာ။ ။ကျနော့်ကို သူတို့ အားလုံးက ဂုဏ်ပြုနေကြတယ်လေ.......ဒါကြောင့် အိပ်မရတာပါ ဆရာ.......
+5

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12534
Re: အမောပြေဟာသမှတ်စု
« Reply #943 on: February 14, 2013, 05:56:40 PM »
အလိမ်ခံရသူများ......

မြန်မာပြည်သည် စာပေလွတ်လပ်ခွင့်နဲ့အတူ သတင်းထူးများ၊ သတင်းဦးများလည်း သတင်းစာများတွင်ရောင်စုံပုံဖြင့် ပါလာသောခေတ်သို့ရောက်လာပေပြီ။

တရက် ရန်ကုန်မြို့လယ် ဆူးလေလမ်းမပေါ်တွင် လူငယ်လေးတစ်ယောက်သည် သတင်းစာများကိုပိုက်ကာ အော်ဟစ်ရောင်းချနေ၏။

" သတင်းထူးတွေပါတယ်၊ သတင်းထူးတွေ ......လူနှစ်ယောက် အလိမ် ခံ လိုက်ရခြင်း "

ထိုအခါ လူတစ်ယောက် သည် ထိုလူငယ်လေး ထံမှ.......သတင်းစာတစ်ဆောင်အား ၀ယ်၍ ထိုနေရာ တွင်ပင် ဖတ်ကြည့်လေသည်။

ခဏကြာသော် သတင်းစာ ၀ယ်ဖတ်သူက ထိုလူငယ်အား လှမ်းပြောလိုက်၏။

" ဟေ့ကောင်လေး.......မင်းပြောတဲ့ သတင်းလဲ မပါပါလားကွ........."

သတင်းစာ ရောင်းသူ လူငယ်ကလေးက......ဆက်လက်၍ သတင်းစာရောင်းရင်း အော်ဟစ်လိုက်သည်မှာ.....

" သတင်းထူးတွေပါတယ်၊ သတင်းထူးတွေ ......လူသုံးယောက် အလိမ် ခံ လိုက်ရခြင်း...".......ဟူသတည်း။
+2

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12534
Re: အမောပြေဟာသမှတ်စု
« Reply #944 on: February 14, 2013, 05:58:22 PM »
ဆေးခြောက်.....

တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည်။

"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို
တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ်
ခင်ဗျ"

"အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။

နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက
ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ
ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။

ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း
ဆီသို့ ဖုန်းဆက်လိုက်သည်။

"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား"

"အေး ခွဲသွားတယ်ကွ"

"အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို
ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်"...တဲ့။.....ဟိဟိ...
+4

Offline မောင်ဖွကြီး

  • ကျောင်းသားကြီး
  • **
  • Posts: 89
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +885
Re: အမောပြေဟာသမှတ်စု
« Reply #945 on: February 16, 2013, 07:11:45 PM »
စိတ်ရောဂါကုဆေးရုံတွင်ဖြစ်သည်... လူနာတစ်ဦးကို စစ်ဆေးသည်...
" မင်း.. အခု အားလုံးကောင်းနေပြီ.. မင်းကို ဆေးရုံကနေတို့ ဆင်းခွင့်ပေးတော့မယ်... အပြင်ကို ရောက်ရောက်ချင်း... မင်းဘာလုပ်မလဲ"
"့ ကျွန်တော် ပြတင်းပေါက်မှန်တွေကို လေးခွနဲ့လိုက်ခွဲပါမယ်ဆရာ"
မကောင်းသေးဟု ဆိုကာ... ဆေးထပ်ကုရန်ထားလိုက်သည်.. သုံးလအကြာတွင် ထပ်စစ်ဆေးသည်
"မင်းကို တို့ အခု ဒီဆေးရုံကနေဆင်းခွင့်ပေးတော့မယ်...မင်းအပြင်ကို ရောက်ရင် ဘာလုပ်မလဲ"
" ကျွန်တော် ပြတင်းပေါက်မှန်တွေကို လေးခွနဲ့လိုက်ခွဲပါမယ်"
မကောင်းသေးဟုဆိုကာ.. ဆေးထပ်ကုသည်.. မတတ်နိုင်တော့ သည့် အဆုံး... နိုင်ငံခြားမှ... ပညာရှင်.. ဆရာဝန်များကို အကူအညီလှမ်းတောင်းသည်.. လူနာနှင့် ပတ်သက်သော ဒေတာများ.. ပို့ပေးသည်.... ဆရာဝန်ကြီးများ ကလည်း စိတ်ဝင်စားကြသည်.. သို့ နှင့် ဆရာဝန်များအားလုံး....ထို ဆေးရုံသို့ လာပြီး လူနာကို ထပ်မံစစ်ဆေးသည်......

" မင်းလည်း အားလုံး ကောင်းနေပြီပဲကွာ... မင်းကို ဆေးရုံက ဆင်းခွင့်ပေးတော့မှာပါ.... မင်း အပြင်ရောက်ရင်ဘာလုပ်မလဲ ပြောပါဦး"
" ကျွန်တော်.. ကျွန်တော့ ချစ်သူဆီ သွားပါ့မယ်"
ဆရာဝန်များအားတက်သွားသည်
" အေး.. မင်းချစ်သူဆီ ရောက်ရင် ဘာလုပ်မလဲ"
" ကျွန်တော်သူ့ကို နမ်းပါမယ်....."
" ဟုတ်ပြီ ပြီးရင်ဘာလုပ်မလဲ... "
"ကျွန်တော်သူ့ ရဲ ဘလောက်စ်အင်းကျီလေးကို ချွတ်လိုက်ပါမယ်.."
" ဟုတ်နေပြီ.. မင်းပြီးရင်ဘာလုပ်မလဲ"
" ကျွန်တော် သူ့ရဲ့စကတ်ကလေးကိုချွှတ်လိုက်ပါမယ် ဆရာ"
ချွေးပျံသည့်ဆရာဝန်တွေ ပျံကုန်သည်။
" ဟုတ်ပြီမင်းပြီးရင်ဘာဆက်လုပ်မလဲ.. "
" ကျွန်တော်.. သူရဲ့.. .အတွင်းခံ ဘာရာစီရာလေးကို ချွတ်ပါမယ်.. "
"ပြီးရင်ရောကွာ...."
"သူဝတ်ထားတဲ့ စက်စပိုင်တာလေးကို ဆွဲချွတ်ပစ်လိုက်ပါမယ်"
"ဒါဆိုပြီးရင်ရော... "
" အဲ.... စက်စပိုင်တာက.. သရေကြိုးကို ဖြုတ်...လောက်လေးဂွမှာတပ်ပြီး... ကျွန်တော် ပြတင်းပေါက်မှန်တွေကို လိုက်ခွဲပါမယ်ဆရာ.."
+6

Offline မောင်ဖွကြီး

  • ကျောင်းသားကြီး
  • **
  • Posts: 89
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +885
Re: အမောပြေဟာသမှတ်စု
« Reply #946 on: February 16, 2013, 07:13:12 PM »
မှားပါတယ် သားရယ်

ညမိုးချုပ်နေပြီမို့ အိပ်ယာဝင်ခါနီးမှာ သားငယ်လေး အခန်းထဲကို ခဏ ဝင်နှုတ်ဆက်ပါတယ်။

သားငယ်လေး အိပ်မက်ဆိုးမက်ပြီး နိုးလာတဲ့ အချိန်နဲ့တိုးပြီး ဘာအိပ်မက် မက်လဲဆိုတာ မေးကြည့်လိုက်ပါတယ်။

"အိပ်မက်ထဲမှာ အန်တီ ရိုစီ ဆုံးသွားတယ်တဲ့ ဖေဖေ"

အဖေဖြစ်သူက အန်တီရိုစီနေကောင်းကြောင်း၊ ကျန်းကျန်းမာမာရှိကြောင်း စကားပြောပြီး အိပ်ယာပြန်ဝင်ခဲ့ပါတယ်။

နောက်နေ့မနက်ကျတော့ အန်တီရိုစီဆုံးတဲ့ သတင်းကို ကြားလိုက်ပါတယ်။

တစ်ပတ်ကြာသောအခါ------

ထုံးစံအတိုင်းပဲ သားငယ်လေးကို အိပ်ယာဝင်ဖို့အတွက် နှုတ်ဆက်တော့ အိပ်မက်ဆိုးမှ နိုးတာနဲ့ ပြန်ကြုံပါတယ်။ ဘာအိပ်မက်လဲ မေးတော့

"အိပ်မက်ထဲမှာ အဖွား ဆုံးသွားတယ် ဖေဖေ" လို့ဖြေပါတယ်။

အဖေဖြစ်သူက အဖွားနေကောင်းကြောင်း၊ ကျန်းကျန်းမာမရှိကြောင်း နှစ်သိမ့် စကားပြောပြီး အိပ်ယာထဲ ဝင်တော့ နောက်နေ့မနက်ကျ အဖွားဆုံးတဲ့ သတင်းကြားလိုက်ပါတယ်။

တစ်ပတ်ကြာသောအခါ--------

ထုံးစံအတိုင်းပဲ သားငယ်လေးကို အိပ်ယာဝင်ဖို့အတွက် နှုတ်ဆက်တော့ အိပ်မက်ဆိုးမှ နိုးတာနဲ့ ပြန်ကြုံပါတယ်။ ဘာအိပ်မက်လဲ မေးတော

"ဒီတစ်ခါကျ အိပ်မက်ထဲမှာ သားအဖေ ဆုံးသွားတာ"

အဖေဖြစ်သူက ကိုယ်တိုင်ကျန်းမာရေးကောင်းကြောင်း၊ ဘာမှ မဖြစ်ကြောင်း နှစ်သိမ့်စကားပြောပြီး အခန်းထဲ ပြန်ဝင်သွားပါတယ်။

သို့ပေမယ့် သူမအိပ်နိုင်ပါဘူး။ သားဖြစ်သူပြောပုံအရဆိုရင် မနက်ဖန်မှာ သူသေရမယ်ဆိုတာကို သိနေလို့ ဖြစ်ပါတယ်။ ဖြစ်နိုင်တာ မဖြစ်နိုင်တာထက် အရှေ့ မှာ တကယ်ဖြစ်သွားတော့ သူလည်း စိုးရိမ်ထိန့်လန့်နေပါတယ်။ မနက်စာစားပြီး ရုံးသွားဖို့ ကားမောင်းတော့ သတိနဲ့မောင်း ပါတယ်။ နေ့ လည်စာ တောင် အဆိပ်မိမှာစိုးလို့ မစားပါဘူး။ ဆူဆူညံညံ လှုပ်လှုပ်ရှားရှား အသံကြားရင်တောင် စားပွဲအောက် ဝင်ပုန်းတဲ့ အထိကို ကြောက်လှန့် လို့နေ ပါတယ်။

ညနေရုံးဆင်းချိန် အိမ်ရောက်ခါနီး ကားမှန်ကနေ လှမ်းကြည့်လိုက်တော့ အိမ်ဘေးမှာ လူစည်နေပါတယ်။ လူတစ်ဦခေါ်မေးတော့ သူ့ရဲ့  အိမ်နီးချင်း မိတ်ဆွေ အမျိုးသားတစ်ဦး မနက်က ကွယ်လွန်သွားကြောင်း သတင်း ကြားသိလိုက်ရပါတယ်။

သူတွေဝေသွားပါပြီ။ အသက်မသေလို့ပဲ သက်ပြင်းချရမလို၊ မိတ်ဆွေ သေသွားလို့ပဲ ဝမ်းနည်းရမလို၊ ဝမ်းသာရမလိုနဲ့ အိမ်ထဲ ကို မေးခွန်းပေါင်း များစွာနဲ့ ဝင်ခဲ့ပါတော့တယ်။
+4

Offline baloogyi

  • ကျောင်းသား
  • *
  • Posts: 56
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +305
Re: အမောပြေဟာသမှတ်စု
« Reply #947 on: February 16, 2013, 10:11:51 PM »
ဥစ္စာစောင့်မ

ပထမလူ၊ ၊ သူငယ်ချင်း ငါမနေ့က ငါဆံပင်ဖားလားနဲ့ ခေါင်းမပါတဲ့ ဥစ္စာစောင့်မတွေနဲ့တွေခဲ့တယ်။ လှမှလှပဲ..
ဒုတိယလူ။  ။ ခေါင်းမပါမှတော့ ဘယ်လိုလုပ်ဆံပင်ရှိမှာလဲကွ။
ပထမလူ။ ။ ဂေါင်းမပါတော့ ညှိရလွယ်တာပေါ့ကွ။
+2

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12534
Re: အမောပြေဟာသမှတ်စု
« Reply #948 on: February 17, 2013, 09:23:37 PM »
သတ်မှတ်နုန်းပဲ ယူပါတယ်....

တနေ့ ချာတိတ်ကလေး မောင်အောင်မင်း သည် အစ်မ ဖြစ်သူ အားပိုးပန်းချစ်ကြိုက်နေသော ကိုဘ၀င်းနဲ့ လမ်းတွင်ဆုံရာ ဤသို့ပြော၏။

" ခင်ဗျား ကျနော့်အမ မရင်မေ ကို တလောက မွှေးမွှေးပေးတာ ကျနော်မြင်တယ်ဗျ... "

ကိုဘ၀င်းလဲ ထိတ်ထိတ်ပြာပြာဖြစ်ကာ......ပတ်ဝန်းကျင်ကိုကြည့်ရင်း...

" ရှူးတိုးတိုး။။။။။ရော့ မင်းအတွက် မုန့်ဖိုး ငွေ တစ်ထောင် ။ "

ထိုအခါ ချာတိတ်က ငွေတစ်ထောင်ကိုယူပီး အိပ်ကပ်ထဲမှ ငါးရာတန်တရွက်ထုတ်ကာ....

" အကိုဘ၀င်း ငါးရာကျပ်ကို ပြန်အမ်းငွေအဖြစ်ပြန်ယူပါ ...ရော့ "

ကိုဘ၀င်းက လဲ ယောက်ဖ တော်ရမည့်သူအား...မျှော်လင့်ချက်များစွာဖြင့်....

" မယူပါဖူးကွာ။မင်းပဲ အကုန် သုံးလိုက်ပါ...ဟီးဟီး။ယူလိုက်။ယူလိုက်။ဟီးဟီး "

ထိုအခါ ချာတိတ်ကလေး မောင်အောင်မင်းပြန်ပြောလိုက်ပုံက....

" ကျနော်က အားလုံးဆီက နုန်းတခု ထည်းပဲ ယူပါတယ်။ငါရာကျပ်ထက် ပိုလည်းမပိုဖူး ။လျှော့လည်းမယူပါဖူး..." ....တဲ့
+4

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12534
Re: အမောပြေဟာသမှတ်စု
« Reply #949 on: February 18, 2013, 08:17:38 PM »
မနှစ်ကနေရာ.....

မုဆိုး နှစ်ယောက် သည် လေယာဉ်ငယ် တစ်စီးကို စင်းလုံးငှားပီး အာဖရိက တောနက်ထဲသို့ အမဲပစ်ထွက်လာကြ၏။

နှစ်ပတ်ခန့်ကြာသောအခါ .....ထိုလေယာဉ်ငယ်ကလေးသည် မုဆိုး နှစ်ဦးအား ပြန်လာခေါ်လေ၏။

မုဆိုး နှစ် ယောက်သည် သူတို့ ပစ်ထားသော သမင်ကြီး နှစ် ကောင်ကို လေယာဉ်ပေါ် ကိုတင်နေသည်ကို တွေ့ သဖြင့် လေယာဉ်မှူးမှ.....

" ဟာ...မဖြစ်ဖူးလေဗျာ။ လေယာဉ်ပေါ် ခင်ဗျားတို့ နှစ်ယောက်နဲ့ သမင် တစ်ကောင်ပဲ တင်လို့ရမယ်။ကျန်တစ်ကောင်တော့ ဒီတိုင်းထားခဲ့မှရမယ်...".

ထိုအခါ မုဆိုး နှစ် ဦးမှ......

" ရပါတယ်ဗျ။ မနှစ်ကလဲ ဒီလိုလေယာဉ်မျိုးနဲ့ ပဲပြန်တာပဲဗျ။ အဲဒီတုန်း က လေယာဉ်မှူးက တင်ခဲ့တာပဲ...ဗျ...."

လေယာဉ်မှူးမှ..." ....ဒါဆိုလဲ ကောင်းပီလေ....မနှစ်က ရတယ်ဆိုရင်....အခုလဲ ရမှာပေါ့..."....ဟုဆို၏။

သို့နှင့် သမင် နှစ် ကောင်အား မုဆိုး နှစ်ယောက်မှ လေယာဉ်ပေါ်သို့ တင်ဆောင်ပီး ထွက်ခွာလာခဲ့ကြ၏။

မကြာမီ......အလေးချိန် ပိုတင်လာသဖြင့် လေယာဉ်သည် အမြင့် ကို ပျံတက်ရန် အခက်အခဲရှိလာ၏။

နောက်ဆုံး တောင်ကုန်း တစ်ကုန်း ကိုပင် ဖြတ်ကျော်ရန် မတတ်နိုင်တော့ ပဲ လေယာဉ်ပျက်ကျ သွားလေသည်။

ထို့နောက်....မြေပြင်ပေါ်ရှိ....လေယာဉ်ပျက်ထဲမှ မုဆိုး နှစ် ယောက် ထွက်လာပီး......မုဆိုးတစ်ယောက်က ကျန် တစ်ယောက်အား.....

" တို့ ဘယ်နေရာ ရောက်နေတာလဲ ကွ.."...ဟု မေး၏။

ထိုမုဆိုးလည်း အနီး ပတ်ဝန်းကျင် ကို လျှောက်ကြည့် လိုက်ပီး ပြောလိုက်သည်မှာ......

" တို့...မနှစ် က ပျက်ကျတဲ့ နေရာ နား လောက်မှာပဲ ထင်တာပဲ.......ကွ...."........တဲ့
+10

Tags: