Author Topic: အမောပြေဟာသမှတ်စု  (Read 433803 times)

0 Members and 4 Guests are viewing this topic.

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12444
Re: အမောပြေဟာသမှတ်စု
« Reply #930 on: February 10, 2013, 08:14:38 AM »
မာလိန်မှူး

သဘောင်္သည် ကမ်းမှ ထွက်ခွာရန် အချိန် နီးကပ်လာပီဖြစ်သည်။

ခရီးသည်များ အားလုံးလည်း သဘောင်္ ကုန်းပတ်ပေါ်တက်ကာ သဘောင်္ ထွက်မည့်အချိန်ကိုဆောင့်မျှော်နေကြ၏။

ထိုအချိန်တွင် လူတစ်ဥိးသည် စက်ဘီးကို အရှိန်ဖြင့်နင်းကာသဘောင်္ရှိရာဘက်သို့ ဦးတည်၍ နင်းလာသည်ကို ခရီးသည် တစ်ယောက်ကသတိထားမိ၏။

မြင်ကွင်းတွင် တဖြည်း၂ နီးကပ်လာသည်နှင့်အမျှ စက်ဘီးသမားသည် သဘောင်္ကိုမှီရန် အားကုန်နင်းလာနေခြင်းဖြစ်ကြောင်း ထင်ရှားလာ၏။

သဘောင်္သားများသည်လည်း.. ကုန်းဘောင်ကိုတင်ရန်.....ပြင်ဆင်နေပီ ဖြစ်သည်။

ထို့ကြောင့် စက်ဘီးသမားအတွက် အချိန်မီဖို့ နည်းသထက်နည်းလာလေ၏။

ခရီးသည် တယောက်က စက်ဘီးသမား သဘောင်္ပေါ်ကို အချိန်မှီ မရောက်နိုင်ဟုဒေါ်လာ ၁၀၀ ကြေး အလောင်းအစားလုပ်ရန် ဆို ၏။

အခြား ခရီးသည် တစ်ယောက်မှ မှီ လိမ့်မည်ဟု ပြောပီး လောင်းလေ၏။

ကျန်ခရီးသည်များ ကလည်း မည်သို့ ထိုလောင်းကစားပွဲ အဆုံးသတ်မည်နည်း ဆိုသည်ကို ရင်တမမ ဖြင့် ကြည့်နေကြ၏။

သဘောင်္ကိုမမှီဖူး ဟု လောင်းကြေးခေါ်သူက " ကြည့်လိုက်စမ်းပါသဘောင်္ထွက်ပီးမှ သူ ရောက်လာပါလိမ့်မယ် "ဟု ပြော၏။

" ကြည့်ပါဦးဗျာ.....မှီကို မှီ ပါလိမ့်မယ်..ဟေးးးး...လုပ်ထား..အားမလျှော့နဲ့ ...ဆက်နင်းဆက်နင်း.."....ဟု

စက်ဘီးသမားဘက်မှ အလောင်းအစားပြုသူကလည်း အော်ဟစ်လေ၏။

" ခင်ဗျားအော်လည်း....အလကားပဲ။...သူ့မှာ အားမရှိတော့ဖူး "ဟု ဆိုပြန်၏။

စက်ဘီးသမားဘက်မှ..လောင်းသူက....လည်း

" မီတော့မယ်.....မီတော့မယ်....မီ...မီ..မှီ..."...ဟု စကားမဆုံးခင်......

ဝေါကနဲအသံကဲ့သို့ ထိုပွဲအားကြည့်နေကြသောကျန်ခရီးသည်များ၏ပြိုင်တူအသံကြီးထွက်ပေါ်လာလေ၏။

" ဟေးးးးးးးးးးးး။မီသွားပီ.......။ဟေးးးးးးးး။"......တဲ့။

ထိုစဉ် စက်ဘီးသမားသည် စက်ဘီးကိုပစ်ချပီး စက္ကန့်ပိုင်းခန့်လောက် သာလိုသည့် ကုန်းဘောင်ပေါ်သို့ ခုန်တက်လိုက်၏။

သူ (စက်ဘီးသမား ) လည်းအတက်၊ သဘောင်္သားတို့ ကလည်း ကုန်းဘောင်ကို ဆွဲတင်လိုက်ကြသည်။

စက်ဘီးသမား ကား သဘောင်္မာလိန်မှူး ဖြစ်လေသည်။
+3

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12444
Re: အမောပြေဟာသမှတ်စု
« Reply #931 on: February 10, 2013, 08:16:02 AM »
မရည်ရွယ်ပါဘူး......

ခလေးတစ်ယောက်ဟာ ၆ နှစ်ရှိပြီး စကားမပြောသေးဘူးတဲ့

တစ်နေ့မှာစကားစပြောပါတယ် မမ လို့ခေါ်လိုက်ပါတယ်

နောက်တစ်နေ့ သူ့ မမသေသွားပါတယ် နောက်တစ်နေ့ကိုကို လိုခေါ်ပြန်တယ်တဲ့ ...

သူ ကိုကို လဲ သေသွာပြန်ကောတဲ့ နံနက်ရောက်တော့ ဖွားဖွား လို့ထပ်ခေါ်လိုက်ပါတယ်

သူ ဖွားဖွား လည် ဆုံးသွားတာပါပဲ ...

ဒါနဲ့ ခလေးက တစ်ရက်နှစ်ရက် စကားမပြောတော့ဘူးတဲ့

ပြန်ပြောတဲ့ နေ့မှာ ဖေဖေ လို့ခေါ်လိုက်ပါတယ်တဲ့ ......

ဒါနဲ့ သူ ဖေဖေ ကလည်း ရေချိုးပြီး ဘုရားဝတ်တတ် အိပ်ယာဝင်ခဲ့တာပေါ့

နံနက်ရောက်ရင် သူသေရမယ်ဆိုပြီး မိုးလင်းခါနီးမှ အိပ်ပျော်သွားပါတယ်တဲ့ ...

ဒါနဲ့ မနက်ကျတော့..ခေါင်းရင်းက ငိုသံကြားလို့ ထကြည့်လိုက်တော့ ဆံပင်တိုတိုနဲ့ လူတစ်ယောက်လဲနေတာကို တွေ့လိုက်တယ်

ဲ့သူမသိတဲ့..သေသူရဲ့အမေဖြစ်ဟန်တူတဲ့ မျက်ရည်တွေနဲ့ အဒေါ်ကြီးတစ်ယောက်က...

ငါသား နိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ လူပျိုကြီး မှ အသေဆိုးနဲ့ သေရတယ်လို့သားရယ်ဆိုပြီးငိုနေတာတွေ့ရတော့...

ခလေးတို့အဖေ လည်းဝမ်းသာပြီးထအော် ပါလေရောတဲ့ လေ...

သူသေသွားတဲ့အတွတ် ကျွန်တော် အတိုင်းမသိ ၀မ်းသာမိပါတယ် ဒေါ်ဒေါ်လို့ပြောပြီး ...

သူမိန်းမကို သူထိုင်ကန်တော့ လိုက်ပါတယ်

ကျေးဇူကြီးလိုက်တဲ့ မိန်းမရယ် ထာဝရကျေးဇူးပါတဲ့လေ....

ရီမောပျော်ရွှင်ကြပါစေ...
+3

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12444
Re: အမောပြေဟာသမှတ်စု
« Reply #932 on: February 10, 2013, 08:16:57 AM »
လုပ်သားပြည်သူ

တစ်ရက်မှာ သားဖြစ်သူက သူ့မိခင်အားမေး၏။

သား။ ။မေမေ.....သားတို့ မိသားစု မှာ ဖေဖေက ဘာလဲဟင်။

မိခင်။ ။သားတို့ ဖေဖေဟာ သမ္မတ နဲ့ တူတယ်ကွဲ့

သား။ ။အဲဒါဆို မေမေ ကရော

မိခင်။ ။မေမေက အစိုးရ

သား။ ။ဒါဖြင့် ဘွားဘွားကရော

မိခင်။ ။ဘွားဘွား ကအတိုက်အခံပါတီ

သား။ ။ကျနော်က ရော

မိခင်။ ။အင်း...သား ဟာ လုပ်သားပြည်သူ လို့ဆိုပါတော့ကွယ်

မကြာမီ မိခင် ဖြစ်သူ မှာ အလုပ်ကိစ္စဖြင့် နယ်သို့ ခရီးထွက်သွား၏။

ရက်အနည်း ငယ်အကြာတွင် အိမ်တွင်ကျန်ရစ်သော သားဖြစ်သူ ထံမှ စာတစောင် ရောက်လာ၏။

ရေးထားသောစာမှာ..ထိုသို့ဖြစ်၏။

" သမ္မတဟာ အစိုးရသစ်.. နဲ့ ပလူးပလဲ လုပ်နေပါတယ်။

အတိုက်အခံပါတီ က သမ္မတ ကို အကာအကွယ်ပေးနေပါတယ်။

ဒါကိုကြည့်ပီး လုပ်သားပြည်သူမှာ စိုးရိမ်စိတ်ဝင်လာပါတယ်။မေမေ.."..........တဲ့
+5

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12444
Re: အမောပြေဟာသမှတ်စု
« Reply #933 on: February 10, 2013, 08:18:11 AM »
ပြည်သူ့ သဘောထား.....

ရန်ကုန် က ဆောက် လက်စ အဆောက် အဦ တစ်ခု ပေါ်မှ အုတ်ခဲ တစ်လုံး လမ်းသွား တစ်ဦး. ခေါင်းပေါ်သို့ တည့်တည့် ကျသည်၊

ဒဏ်ရာ ပြင်း၍ ပွဲချင်းပြီး သေဆုံး သွားသည်၊

လူအုပ်ကြီး ၀ိုင်းလာ ကာ တစ်ယောက် တစ်ပေါက် မကျေမနပ်ပြောကြသည်၊

“လမ်းတောင် လွတ်လွတ်လပ်လပ် လျှောက်လို့မရတော့ဘူး ”

“တာဝန်ရှိသူတွေက ဒီအတိုင်း ကြည့်နေတော့ မှာလား။”

“ပြည်သူတွေ အတွက်လည်း စဉ်းစားကြပါအုံး၊”

ထိုသို့ ပြောဆိုနေစဉ် လူအုပ်ကြားမှ လူတစ်ယောက်က “သူ့ကိုကျနော် ကောင်းကောင်း သိတယ်ဗျ။ ဒီလူ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက လူတစ်ယောက်ဘဲ။”

လူအုပ်ကြီးထဲမှ မကျေနပ်သံများ ပို၍ကျယ်ကျယ်လောင်လောင် ထွက်လာတော့သည်၊

“အဲဒီကြံဖွတ်တွေ လွန်ကို လွန်လွန်းတယ်။ ဘယ်သွားသွား သူတိုချည်းပဲ။ အခုကြည့်လေ အုတ်ခဲတောင် လွတ်လွတ်လပ်လပ် ကျဖို့နေရာ မရှိဘူး၊”......တဲ့...
+7

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12444
Re: အမောပြေဟာသမှတ်စု
« Reply #934 on: February 11, 2013, 07:19:52 AM »
မျှော်ရှာသူ......

အရက်ဆိုင်တဆိုင်တွင်း သို့ လူတစ်ယောက်သည် အ၇က်သောက်ရန် ၀င်လေ၏။

ထိုအခါ သူငယ်ချင်းဖြစ်သူအား အရက်ခွက်ကို ရှေ့မှာ ချ ၍ ငိုင်တိုင်တိုင်နဲ့ ထိုင်နေသည်ကို အံအားသင့်စွာတွေ့ရလေ၏။

သို့ဖြင့် နုတ်ဆက်မေးရင်း.....

" ဟေ့ ကောင်ကြီး ငိုင်လှချည်လားဟ။ ဘာဖြစ်လို့လဲ ကွ။......." ဟုဆိုလိုက်၏။

သူငယ်ချင်း။ ။ဇူလိုင်လက ငါ့အမေသေတယ်ကွာ။ ငါ့အတွက် ငွေ သိန်း၂၀ ပေးရစ်ခဲ့တယ်ကွ။ နောက်တော့ သြဂုတ်လမှာ အဖေ ဆုံးပြန်ရော။

သူလဲ ငါ့အတွက် ငွေ သိန်း ၂၀ ချန်ထားခဲ့တယ်။

ထိုအခါ ..."..ဟာ......ဒါဆိုရင်။မင်းမိဘ နှစ်ဦး လုံး ရှေ့ဆင့် နောက် ဆင့် ဆုံးကြတာ ပေါ့။ကြားရတာ စိတ်မကောင်းစရာပဲကွာ " ဟု.....

နုတ်ဆက်မေးမြန်းသူက ပြောလေသည်။

ထိုအခါ....သူငယ်ချင်းမှ....

သူငယ်ချင်း။ ။ဒါကဘာဟုတ်သေးလည်း ။ကျန်ခဲ့တဲ့ လ ကလည်း ငါ့ အဒေါ်တစ်ယောက် သေသွားတယ်လေ။သူကလည်း ငါ့ကို ၁၀သိန်းပေးခဲ့ပါတယ်။

မေးမြန်းသူမှလည်း " ဟာာ...၀မ်းနည်းပါတယ်ကွာ " ဟု ဆိုလေ၏။

ထိုအခါ သူငယ်ချင်းဖြစ်သူ က အရက်ခွက်အားဆတ်ကနဲ ကောက်မော့ပီး...ဆက်ပြောလိုက်တာက.....

" ဒါပေါ့ကွာ.........အဲဒီအချိန်ကတည်း က ခုထိ ဘယ်သူမှ မသေသေး ဖူးလေ..."......တဲ့
+2

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12444
Re: အမောပြေဟာသမှတ်စု
« Reply #935 on: February 11, 2013, 07:20:20 AM »
တရားစွဲမယ်......

တခါက အင်ဂျင်နီ ယာတစ်ဦး သေဆုံးသွား ရာ ငရဲပြည်သို့ မှားယွင်းပီး ကျလေ၏။

ထိုအခါ အင်ဂျင်နီယာဖြစ်သူသည် ငရဲပြည် တွင် နေထိုင် ရသည်မှာ ဒုတ်က္ခ အကြီးအကျယ်ရောက်သဖြင့်.....

လေအေးပေးစက်များ တပ်ဆင်ခြင်း ၊ ဓါတ်လှေကားများ တပ်ဆင်ခြင်း ၊ နှင့် အခြားလိုအပ်သော ခေတ်မီ ကရိယာများကို

တည်ဆောက်တပ်ဆင်လေသည်။

တစ်နေ့တွင် နတ်ပြည်ရှိ သိကြားမင်းမှ ငရဲ ဘုံရှိ ယမမင်းထံ ဖုန်းဆက် ၍ အခြေအနေကိုမေး၏။

ထိုအခါ ယမမင်းမှ အားရ၀မ်းသာနှင့်.......

" အေးဗျ။ အားလုံးအဆင်ပြေတယ်။ အခု အသစ်ရောက် လာတဲ့ အင်ဂျင်နီယာက ငရဲဘုံ တစ်ခုလုံး ပြုပြင်လိုက်တာ

အရင်ကနဲ့ ဘာမှမဆိုင်တော့ဖူး ....သိကြားမင်းရေ........"..ဟု ပြန်ပြောလေသည်။

ထိုအခါ သိကြားမင်းမှ.......

" ဘာပြောတယ်။မင်းဆီကို အင်ဂျင်နီယာက ဘယ်လိုရောက်နေတာလဲ။မင်း ခုချက်ချင်း အဲဒီ အင်ဂျင်နီယာကို ငါ့ ဆီ ကိုပြန်ပို့ လိုက်။

မဟုတ်ရင်တော့ ........မင်းကိုငါတရားစွဲရလိမ့်မယ်..."..ဟု ဒေါသသံဖြင့်ပြောလေသည်။

ထိုစကားကြားပီး ယမမင်းမှ ပြန်ပြောလိုက်တာက......

" ဘာ ပြောတယ် တရားစွဲမယ် ဟုတ်လား။.......ဒါဆိုရင် ခင်ဗျား တရားစွဲဖို့ လိုက်ပေးမဲ့....ရှေ့နေတွေက ဘယ်မှာ ရှိနေတယ် ထင်လို့လဲ...."...တဲ့
+4

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12444
Re: အမောပြေဟာသမှတ်စု
« Reply #936 on: February 12, 2013, 07:29:48 AM »
သေဟဲ့ နန္ဒိယ....ကုချက်..

ထုံးစံတိုင်း..မအေးစိုးတယောက်ဈေးကိုမနက်ဖက်သွားတယ်..

..ကလေးကို..အိမ်ဖော်မလေးမိဌေးနဲ့ထားခဲ့တယ်.....အဲဒီလိုနဲ့

မအေးစိုးတစ်ယောက်.....ဈေးကပြန်ရောက်တော့အိမ်ဖော်မလေးက.....

“မမရေ...မမ ဈေးသွားနေတုန်း သားငယ်လေးပိုးကောင်အရှင်တစ်ကောင်.. မျိုချလိုက်တယ်...သိလား”

“ဟယ် ဒုက္ခပါပဲ။ နင် ဘာမှ လုပ်မပေးဘူးလား မိဌေး”..

.အဲဒီတော့အိမ်ဖော်မလေးပြန်ဖြေလိုက်ပုံက.....

“အော်...ဟုတ်...ကျမ...သားငယ်လေးကိုပိုးသတ်ဆေးတစ်ဇွန်းတော့ တိုက်ထားပါတယ် မမ”...တဲ့
+2

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12444
Re: အမောပြေဟာသမှတ်စု
« Reply #937 on: February 12, 2013, 07:39:13 AM »
အူတက်အောင်ရီရသောဟာသများနဲ့အခြား
မြန်မာထောက်လှမ်းရေး...
တနေ့မှာ....ကမ္ဘာ့တွေ့ရတဲ့အတော်ဆုံး ထောက်လှမ်းရေးအဖွဲ့ရွေးတယ် တဲ့။ ဆန်ကာတင် သုးံဖွဲ့ ကျန်တယ်။ CIA ရယ်၊ FBIရယ်၊ မြန်မာထောက်လှမ်းရေးရယ်။ဒိုင်အဖွဲ့က သူတို့ကို ဗိုလ်လုပွဲ အနေနဲ့ တစ်ခု စမ်းသပ်လိုက်တယ်၊ တောအုပ် တစ်ခုထဲ ယုန်တစ်ကောင် ထည့်လိုက်တယ်။ အဲဒီယုန်ကို သုံးဖွဲ့စလုံးက လိုက်ရှာရတယ်။

... ပထမဆုံး CIA ၀င်သွားတယ်။
... သူတို့က သူတို့ရဲ့နည်းတွေအတိုင်း လုပ်တယ်။ တိရိစ္ဆာန် သတင်းပေးတွေကို နေရာအနှံ့ ချထားတယ်။ သစ်ပင်တွေကိုလည်း စပိုင် လုပ်ခိုင်းတယ်။ ဒါပေမယ့် လုံးဝ မတွေ့ဘူး။ ရှုံးတယ်။အထူးစုံစမ်း ထောက်လှမ်းမှု ၃ လ အကြာမှာ ထွက်လာတဲ့ CIA ရဲ့ အစီရင်ခံစာမှာ "ဒီတောထဲမှာ ယုန် လုံးဝ မရှိဘူး" လို့ ရေးထားတယ်။

FBI ၀င်သွားတယ်...
သူကတော့ သူလုပ်နေကျအတိုင်း မြေလှန်ရှာတယ်။ ၂ ပတ်လောက်ရှာတယ်။ မတွေ့ဘူး။ မတွေ့တဲ့ အဆုံးမှာ တောကို မီးရှို့ ပစ်ခဲ့တယ်။

း)) နောက်ဆုံးကျတော့ မြန်မာထောက်လှမ်းရေးက ကော့ပက်ကော့ပက်နဲ့ဝင်သွား တာပေါ့။ သိပ်မကြာပါဘူး။ မိလာတယ်။ဒါပေမယ့် ယုန်တော့မဟုတ်ဘူး။ ၀က်ဝံတစ်ကောင်။ဝက်ဝံက လမ်းတစ်လျှောက်လုံး ဘာအော်လာတယ်မှတ်လဲ.. အမလေးဗျ.. ကြောက်ပါပြီဗျ..ကျနော်ယုန်ပါခင်ဗျ..မနှိပ်စက်ပါနဲ့ တော့.. ကြောက်ပါပီ
ကျနော်ယုန်အစစ်ပါခင်ဗျတဲ့ ... တဲ့.....
+5

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12444
Re: အမောပြေဟာသမှတ်စု
« Reply #938 on: February 12, 2013, 07:39:34 AM »
မောင်လဲ မင်းလိုပါပဲကွာ

တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့
အခန်းတစ်ခန်းမှာ ကောင်လေးက နောက်ကခုံမှာ အရှေ့မှာက စာသိပ်ကြိုးစားတဲ့ ကောင်မလေးတစ်ယောက် ထိုင်တယ်
ခုံတစ်တန်းထဲ ကျကြတာ ရှေ့နောက် ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို
ခုနကပြောတဲ့ နောက်ကကောင်လေးက စာရွက်ကြီးကိုင်ပြီး စာပြန်စစ်နေတဲ့ပုံစံနဲ့ မိန့်မိန့်ကြီး
ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့ အခက်တွေ့နေတယ်
ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာ ဒီတစ်ပုဒ်ပဲ ကျန်တာ ဖြေဖို့ အစ မေ့နေတယ်
နာရီကြည့်တော့ မိနစ် ၄၀ လောက်ပဲကျန်တော့တယ်
အဲဒါနဲ့ ကြံရာမရတော့ အနီးဆုံးဖြစ်တဲ့ နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်
““ ဟေ့.....နံပါတ်(၅) ပြောပြကြည့်““

အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်
““ မောင်လို့ခေါ်ရင်ပြောမယ် ””
ကောင်မလေး စိတ်အရမ်းဆိုးသွားတယ်””
အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ်
ဆရာမတွေကလဲ မျက်စိတောက်ထောက်ကြည့်နေတာ
နာရီကြည့်တော့ မိနစ် ၃၀ လောက်ပဲကျန်တော့တယ်
အဲဒါနဲ့ ကောင်မလေးက စိတ်ကိုလျှော့ပြီး အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး
““ ဟေ့ ...ပြောပြလေဟာ နင်ကလဲ နော် ””
ကောင်လေးကလည်းပြန်ပြောရှာပါတယ်
““ မောင်လို့ခေါ်ရင်ပြောမယ် ””
ကောင်မလေး တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ်
မပြောချင်နေကွာ ဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး
နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ် အဲဒါနဲ့ကောင်မလေးက စဉ်းစားတယ်
သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင် ကိုယ်ကဘာဖြစ်သွားမှာကျလို့ နောက်တွေ့မှာမှ မဟုတ်တာ
ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီး နောက်လှည့် ပြီး
““ မောင်.............””လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေး ပြန်ပြောတယ်
““ သိပ်မကြားရဘူး ”” ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ်
စိတ်ထဲမှာလဲ ကျိန်ဆဲနေပြီ ဒါပေမယ့်စာရဖို့က အရေးကြီးနေတော့

အသံကိုမနဲချိုပြီး ““ မောင်.....ပြောပြပါနော် ......မောင်နော် ””
အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက
““ ဟဲဟဲ .....မောင်လည်းမင်းလိုပါပဲကွာ အဲတစ်ပုဒ်ကိုမရဘူး ””
+1

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12444
Re: အမောပြေဟာသမှတ်စု
« Reply #939 on: February 14, 2013, 07:39:11 AM »
ပြောလိုက်ရမလား.....

တစ်ခါက....ဧရာဝတီ မြစ်ကမ်းနား ဘေး ပေ ၅၀ ခန့် အကွာတွင် ......လှေတစင်း နစ်စပြုနေ၏။

ထိုလှေပေါ်တွင်.......မြန်မာစစ်ဗိုလ်တစ်ဦး၊ တရုတ် စီးပွားရေးလုပ်ငန်ရှင် တစ်ဦးနှင့် ယခုမှမြန်မာပြည်သို့

လာရောက်ရင်းနှီးမြှပ်နှံမည့်အင်္ဂလိပ် တစ်ဦးပါလေသည်။

မြန်မာစစ်ဗိုလ် သည် နစ်စပြုနေသော လှေပေါ်မှခုန်ဆင်းပီး ရေပြင်ပေါ်မှ လမ်းလျှောက်ကာ ကမ်းထက် သို့တက်ရောက်သွားလေ၏။

တဖန် တရုတ်ကလည်း မြန်မာစစ်ဗိုလ် ကဲ့ သို့ ပင် ရေပေါ် မှ ပင် ကမ်းဘက်သို့ လမ်းလျှောက် သွားပြန်၏။

ထိုအခါ အင်္ဂလိပ် လည်း ရေ ထဲ လိုက်ဆင်းပီး လျှောက်လိုက်ရာ......ရေထဲသို့ နစ်သွားလေ၏။

သို့နှင့် လှေပေါ် ပြန်ဖက်တက်ပီး တစ်ဖန် ရေထဲ ဆင်း၍ လျှောက်ပြန်လေရာ ဧရာဝတီမြစ်ထဲသို့ နစ်ပြန်လေ၏။

ထိုစဉ် ကမ်းခြေရှိ ကုန်းပေါ် ရောက်နေသူ နှစ်ဦး အနက်မှ တစ်ယောက်က အခြားတစ်ယောက်အား ပြောလိုက်သံမှာ......

" ငါတို့ ဘယ်နေရာမှာ ကျောက်တုန်း တွေ ရှိတယ် ဆိုတာ ပြောလိုက်ရမလာ..ကွ.." .....တဲ့
+6

Tags: