Author Topic: အမောပြေဟာသမှတ်စု  (Read 493927 times)

0 Members and 1 Guest are viewing this topic.

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12714
Re: အမောပြေဟာသမှတ်စု
« Reply #920 on: February 05, 2013, 08:40:24 AM »
အမြည်း

ရွာကိုလည်လာတဲ့ မြေးကိုအဖိုးဖြစ်သူက ပြောတယ်။

အဖိုး ။ ။ ‘ ငါ့မြေးလာကွာ ထန်းရည်သွားသောက်ရအောင်’

မြေး ။ ။ ‘ ကျွန်တော် ထန်းရည်မသောက်တတ်ဘူး’

အဖိုး ။ ။‘ ဒါဆိုလည်း အမြည်းလိုက်စားပေါ့။’

ထန်းတောတွင် အဖိုးဖြစ်သူက ထန်းရည် တစ်မြူနှင့်လက်ဘက်သုတ် တစ်ပွဲ မှာလိုက်သည်။

ထန်းရည်နှစ်ခွက်လောက်အကုန်တွင် အမြည်းစားရန် ကြည့်လိုက်ရာ

အမြည်းကုန်နေသည်ကိုတွေ့ရသည်။

အဖိုး ။ ။ ‘ငါ့မြေး အမြည်းနော်။’

မြေး ။ ။ ‘စားပါတယ် အဖိုးရ။’

နောက်ထပ်လဘက်သုတ်တပွဲထပ် မှာလိုက်သည်။ဆတ်သားခြောက်တစ်ပွဲပါမှာရောမှာ၏။

ထန်းရည်နည်းနည်းသောက်ပြီး အမြည်းစားရန် ကြည့်လိုက်ရာ....

အမြည်းထပ်ကုန်နေသည်ကိုတွေ့ရသည်။

အဖိုးက

‘ငါ့မြေး အမြည်းနော်။’

‘စားပါတယ် အဖိုးရ။’

သုံးလေးခါလောက် ဒီအတိုင်းဆက်ဖြစ်နေတော့ အဖိုးဖြစ်သူကဆက် သည်းခံနိုင်စွမ်းမရှိတော့ဘဲ

‘ဟေ့ကောင် . . . နင့်ကို အမြည်းလို့ပြောနေတာ က ငါ သတိပေးနေတာ ထန်းရည်သာကုန်သွားတယ်

အခုထိ ငါတစ်ဖတ်မှ မစားရသေးဘူးကွ။’

ဆိုပြီး နားရင်းထအုပ်လေတော့သည်။
+4

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12714
Re: အမောပြေဟာသမှတ်စု
« Reply #921 on: February 05, 2013, 08:41:22 AM »
ဝမ်းနည်းလို့....

ရန်ကုန်တိရိစ္ဆာန် ဥယျာဉ်တွင် လှည့်လည်လျှောက်ကြည့်နေသူတဦးသည် ဆင်ရုံ ထားရာဘေး ၌ လူတစ်ယောက်ယောက် တစ်ရှုံ့ ရှုံ့ နှင့်

ငိုကြွေးနေသည် ကိုတွေ့လေ၏။

သို့နှင့် လှည့်လည်လျှောက်ကြည့်နေသူ မှ မေးမြန်းစုံစမ်းမိသည်။

ထိုအခါ သူ သည် တိရိစ္ဆာန် ဥယျာဉ်ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း၊ ယခု သူထိမ်းသိမ်းဆောင့်ရှောက် နေသော ဆင်မှာ

သေဆုံး သွား၍ ဖြစ်ကြောင်း ပြောကြားလေ၏။

" သြော် အတော်ကို သံယောဇဉ်ကြီးတာကိုး။အနေကြာတော့လည်း မိသားစုလိုဖြစ်ပီး ခုလိုခံစားရမှာပါပဲလေ။ကျနော်ကိုယ်ချင်းစာပါတယ်ဗျာ။

ကဲ ...ကဲ .....အငိုတိတ်ပါတော့ဗျာ..ကျနော်ပါစိတ်မကောင်းလို့ပါ....၀မ်းနဲမနေပါနဲ့တော့..." .ဟု မေးမြန်းသူမှနှစ်သိမ့်လေ၏။

ထိုအခါ ၀န်ထမ်းမှ ရှိုက်သံများဖြင့်ပြန်ပြောလိုက်တာက.....

" ၀မ်းနည်း နေတာမဟုတ်ဖူး၊ အဲဒီဆင်ကြီးကို မြေမြှပ် သင်္ဂြိုလ် ဖို့ တွင်းတူး ရတော့မှာမို့ လို့ အခုလိုငိုနေတာဗျ.....အီးဟီးးးးဟီးး...."..တဲ့
+3

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12714
Re: အမောပြေဟာသမှတ်စု
« Reply #922 on: February 05, 2013, 08:41:50 AM »
သက်သေနှင့်တကွ....
သက်သေနဲ့တကွ တစ်နေ့မှာ အဘွားတစ်ယောက်ဟာ ကုန်စုံဆိုင်တစ်ဆိုင်ကိုသွားပြီးတော့ အိမ်က သူ့ခွေးလေး အတွက် ခွေးစာသွားဝယ်ပါတယ်။ ခွေးစာဝယ်ပြီး ပိုက်ဆံရှင်းမယ်လုပ်တော့ ကောင်တာက ငွေကိုင် မိန်းကလေးက ..
” ကျွန်မတို့ဆိုင်မှာ ခွေးစာဝယ်မယ်ဆိုရင် အဘွားရဲ့ခွေးကို ပြနိုင်မှ ရောင်းပေးလို့ရပါမယ် ” လို့ ပြောတယ်။

ဒါနဲ့ အဘွားလည်း အိမ်ပြန်ပြီး အိမ်က သူ့ခွေးကိုယူလာခဲ့ပါမှ ခွေးစာဝယ်ယူခွင့်ရသွားပါတယ်။
... နောက်တစ်နေ့မှာလည်း အဘွားက အဲ့ဒီဆိုင်မှာပဲ သူ့အိမ်က ပူစီလေးအတွက် ကြောင်စာ လာဝယ်ပြန်ပါတယ်။ဒီအခါမှာလည်း ကောင်တာက ငွေကိုင် မိန်းကလေးက မနေ့ကလို အလားတူ ပဲ… ” ကျွန်မတို့ဆိုင်မှာ ကြောင်စာဝယ်မယ်ဆိုရင် အဘွားရဲ့ကြောင်ကို ပြနိုင်မှ ရောင်းပေး လို့ရပါ့မယ် ” လို့ ပြောပြန်တယ်။

အဘွားလည်း ဒီမိန်းကလေး တယ်ရစ်ပါလားလို့တောင် မစဉ်းစားတော့ပဲ အိမ်ပြန်ပြီး သူ့ကြောင်မလေးကို ခေါ်ယူလာပြပါတယ်။ ဒါနဲ့ နောက်ဆုံး အဘွားလည်း ကြောင်စာ ၀ယ်ခွင့်ရခဲ့ပါတယ် ။

တတိယနေ့မှာ အဘွားဟာ ကုန်စုံဆိုင်လေးကို ထပ်မံရောက်ရှိခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ အဘွားလက်ထဲမှာ ကဒ်ထူပုံးငယ်လေး တစ်ခု ပါလာ ပါတယ်။ အဘွားက ကောင်တာက ငွေကိုင် မိန်းကလေးဆီ တန်းသွားလိုက်တယ်။ နောက်.. သူ့ကောင်တာရှေ့မှာရပ်လျှက်က လက်ထဲက ကဒ်ထူပုံး လေးကို ဆန့်တန်းပေးရင်း…

” ငါ့မြေး.. အထဲကို လက်ကလေးနှိုက် စမ်းကြည့်လိုက်စမ်း” လို့ ပြောလိုက်ပါတယ်။ မိန်းကလေး လဲ သူလက်ကလေးဆန့်တန်းလို့ ပုံးထဲ နှိုက်ကြည့် လိုက်တော့ ပူနွေးပြီး နူးညံ့နေတဲ့ အတွေ့ အထိကို သူလက်ဖျားလေးတွေမှာ ခံစားမိလိုက်ပါတော့တယ်။ ဒါနဲ့ မိန်းကလေးလည်း ဇဝေဇ၀ါဖြစ်နေတုန်း အဘွားက အခုလိုပြောလာပါတယ်။

” အဘွားကို အိမ်သာသုံး စက္ကူ တစ်လိပ်လောက်ရောင်းပါကွယ် ” ..တဲ့။
+4

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12714
Re: အမောပြေဟာသမှတ်စု
« Reply #923 on: February 07, 2013, 07:42:50 AM »
အမွှေးများ၏ရာဇ၀င်(တင်းတောင်)

ဟိုးရှေးရှေး တုန်းက....ယောကျာ်း တွေကော....မိန်းမတွေကောဟာ...
နှုတ်ခမ်းမွေး ပေါက်ကြတယ်တဲ့...ခုခေတ်လို မဟုတ်ဖူးပေါ့လေ...
အဲ တစ်နေ့ မှာ...သိကြားမင်းကြီးဟာ....လူ့ ပြည်ကို နတ်မျက်စိနဲ့ လှမ်းကြည့်
လိုက်တယ်တဲ့....။ အဲ့ဒီမှာ ယောကျာ်းတွေကော မိန်းမတွေကောဟာ....
နှုတ်ခမ်းမွေး ကိုစီနဲ့ ဆိုတော့...သိကြားမင်းကြီးဟာ ရုတ်တရက် ချက်ချင်း
ယောကျာ်းလား မိန်းမလား ခွဲမရဖြစ်နေတယ်တဲ့....အဲဒါနဲ့ ...မာတလိ နတ်သားကိုခေါ်လိုက်ပြီး
" ဟဲ့ မာတလိ....လူ့ ပြည်ကို ငါလှမ်းကြည့်ရတာ ယောကျာ်းတွေကော
မိန်းမတွေကော နှုတ်ခမ်းမွေး ကိုစီနဲ့ ဆိုတော့ ငါ လှမ်းကြည့်တဲ့အခါ ရုတ်တရက် ခွဲခြားဖို့ ခက်ခဲနေပေတယ်...ဒါကြောင့် မောင်မင်းက ကြည့်
ကောင်းအောင်စီစဉ်ပါဦး..."
အဲလိုပြောပြီး သိကြားမင်းကြီး လည်းအနောက်ဆောင်ထဲဝင်သွားတယ်...
ဒါနဲ့ မာတလိ နတ်သားလည်း...လူ့ ပြည်က မိန်းကလေးတွေရဲ့ နှုတ်ခမ်းမွေး
တွေကို ဝရဇိန် လက်နက်နဲ့ ချိန်ပြီး " ဂျိုင်း " ပြီး မိုးကြိုးနဲ့ ပစ်ချလိုက်တယ်ဆို
ရင်ပဲ...မိုးကြိုးပစ်တဲ့အ သံနဲ့ လိုက်ပြီး...မိန်းကလေးတွေရဲ့  နှုတ်ခမ်းမွေး
တွေက...ဂျိုင်း ကိုရောက်သွားတော့တယ်တဲ့ကွယ်....
ဒီလိုနဲ့ နောက်တစ်နေ့ မှာ...သိကြားမင်းကြီး ကလည်း လူ့ ပြည်ကို လှမ်း
အကဲခပ်လိုက်တော့...အားလုံးအဆင်ပြေပြေနဲ့ တွေရတော့...စိတ်ချမ်းသာ
သွားတာပေါ့....ဒါပေမယ့်...သိပ်မကြာပါဘူး....လုံမပျို တစ်ယောက်...ရေခပ်
ပြီး ပြန်လာတာကို သိကြားမင်းကြီးလှမ်းမြင်တော့...လန့် ဖျပ်သွားတယ်...
ဘာလို့ လဲဆိုတော့...လုံမပျိုက...ရေအိုးကို လက်နဲ့ ထိန်းထားတာကြောင်း
သူ့ ဂျိုင်းကြားက ဂျိုင်းမွှေး တွေကြောင်းလေ...ဒါနဲ့  သိကြားမင်းကြီးလည်း
မာတလိကို ခေါ်ပြန်တယ်....

" ဟဲ့ မာတလိ မောင်မင်း ဟာဟုတ်သေးကပါဘူးကွယ်...သေချာကြည့်
ကောင်းအောင် ပြန်လုပ်စမ်းပါဦးကွယ်.." ပြောပြီးသိကြားမင်းကြီးလည်း
အနောက်ဆောင်ထဲပြန်ဝင်သွားပြန်တယ်....ဒါနဲ့ မာတလိလည်း မိန်းကလေး
တွေ ရဲ့ ဂျိုင်းမွေးတွေကို ဝရဇိန်လက်နဲ့ သေချာချိန်ပြီး...ပစ်တဲ့အချိန်မှာပဲ....
ဝရဇိန်လက်နက်က...ယမ်းရေဆိုပြီး " ဖုတ် " ဆိုပြီးထွက်သွားလိုက်တာ...
နောက်နေ့ ကစပြီး သိကြားမင်းကြီး လည်း ဘယ်လို ကြည့်ကြည့် အဲ့အမွေး
တွေဘယ်ရောက်သွားလည်း ရှာမရတော့ပါဘူး....မာတလိလည်း ခတ်မစိတ်
သာနေတော့သတည်း ဟူသတတ်......။(ပျော်ရွှင်ကြပါစေ)
+2

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12714
Re: အမောပြေဟာသမှတ်စု
« Reply #924 on: February 07, 2013, 08:16:49 AM »
အင်တာဗျုး

မေး။ ။အကောင်းမြင်တဲ့လူ ဟာ ဘယ်လိုလူမျိုးလဲ။

ဖြေ။ ။သတင်း အပြည့်အစုံ မရ တဲ့ သူ ပါ။

မေး။ ။လူတယောက်ကိုတနေ့လုံးမနားရအောင်ခိုင်းနည်း။သိပါသလား။

ဖြေ။ ။စာရွက်အလွတ် တစ်ရွက်ယူပီး။နောက်ကျောကို ကြည့် လို့ နှစ်ဖက်လုံးမှာရေးလိုက်ပါ။

မေး။ ။နိဗ္ဗာန် နဲ့ ငရဲ ဘယ်ဟာကပိုသာတယ် ထင်သလဲ။

ဖြေ။ ။ရာသီဥတု ရှူ့ထောင့်ကကြည့်ရင်...နိဗ္ဗာန်..ကပိုသာပါတယ်။ဒါပေမဲ့ ငရဲမှာက အပေါင်းအသင်းပိုများပါတယ်။

မေး။ ။ဆေးရုံနဲ့ထောင်ဘာကွာလဲ။

ဖြေ။ ။ဘာမှမကွာပါဖူး။ဒါပေမဲ့ ထောင်မှာက ကိုယ်နေရမဲ့ သက်တမ်းကိုသိပါတယ်။


မေး။ ။ဆံပင်မဖြူအောင်ဘာလုပ်ရမလဲ။

ဖြေ။ ။ကတုန်း တုန်း ရပါမယ်။

မေး။ ။ရိုးသားတဲ့လူကိုဝယ်လို့ရလား။

ဖြေ။ ။ဝယ်လို့မရပါဖူး။ရောင်း....လို့တော့ရပါတယ်။

မေး။ ။သားဖွားတာ ဘယ်နှစ်မျိုးရှိပါသလဲ။

ဖြေ။ ။သုံးမျိုးရှိပါတယ်။
မင်္ဂလာမဆောင်ခင်တနှစ်အလိုမှာမွေးဖွားရင် အချိန်မရောက်ပဲ..မွေးဖွားခြင်း။
ယောက်ကျားသေပီး တစ်နှစ်အကြာမှာမွေးရင် နောက်ကျပီးမွေးဖွားခြင်း ။
ကိုယ့်မိန်းမမဟုတ်ပဲ အိမ်နားနီးချင်းမိန်းမက မွေးဖွားရင် မှားယွင်းသောမွေးဖွားခြင်း။

မေး။ ။ပျော်ရွှင်ခြင်းနဲ့ ၀မ်းနဲခြင်း ကိုဥပမာပေးပါ။

ဖြေ။ ။ပိုက်ဆံအိပ်ကောက်ရရင်ပျော်ရွှင်ရပါတယ်။အဲ။....အဲဒီပိုက်ဆံအိတ်ပိုင်ရှင်ပေါ်လာရင် တော့ ၀မ်းနည်းရပါတယ်။

မေး။ ။အကောင်းဆုံးပိန်နည်း ကဘာလဲ။

ဖြေ။ ။ဗိုက်ထဲမှာ ဘာမှ မရှိရင် ဘာမှ မစားပါနဲ့။

မေး။ ။ရေဒီယိုနဲ့ ရုပ်မြင် သံကြားဘာကွာပါသလဲ။

ဖြေ။ ။ရေဒီယိုမှာက စိတ် အနှောက်အယှက်ကို ကြားပဲကြားရပါတယ်....ရုပ်မြင်သံကြားမှာကြတော့ သူတို့ကို မြင်ပါမြင်ရပါတယ်။

မေး။ ။ချစ်သူနဲ့ဖက်ရမ်းနမ်းရှုပ်စဉ်မှာ အမျိုးသမီးများ ဟာ ဘာလို့ မျက်စိမှိတ်ထားကြပါသလဲ။

ဖြေ။ ။အရင်က...နမ်းခဲ့တဲ့ သူတွေအကြောင်းကို စဉ်းစားနေလို့ပါ။

မေး။ ။ဘယ်အချိန်မှာ မိန်းမတွေ အတင်း အဖျင်းအနဲဆုံးပြောကြပါသလဲ။

ဖြေ။ ။ဖေဖော်ဝါရီလပါ။အတိုဆုံးလ ဖြစ်လို့ပါ။

မေး။ ။မိန်းမ နဲ့ ယောက်ကျား ဘာခြားနားသလဲ။

ဖြေ။ ။မိန်းမတယောက်လိုချင်တာကအများကြီးပါ။ဒါပေမဲ့ ယောက်ကျားတယောက်ထဲဆီမှဖြစ်.....ပါတယ်။
ယောက်ကျားကတော့ တခုပဲလိုချင်ပါတယ်။အဲ...မိန်းမအများကြီးဆီကပါ။

မေး။ ။ဘ၀ နဲ့ရင်းပီး မှတ်ကျောက်အတင်ခံနိုင်တဲ့ အမှန်တရားဆိုတာ ဘာကိုပြောတာလဲ။

ဖြေ။ ။အကြိမ်ကြိမ် ကျူးလွန်မိတဲ့ အမှားပါ။

မေး။ ။အိမ်ထောင်ရေး သာယာမှု ရအောင်ဘာလုပ်ရမလဲ။

ဖြေ။ ။အသက် ၇၀ ကျော်မှ အိမ်ထောင်ပြုပါ။

မေး။ ။အစားအစာတခုဖြစ်တဲ့ မှိုမှာ ဘယ်လိုမှိုမျိုးကိုစားလို့ရပါသလဲ။

ဖြေ။ ။အားလုံးကိုစားလို့ရပါတယ်။ဒါပေမဲ့ တချီု့ မှိုတွေကိုတော့ တခါပဲစားလို့၇ပါတယ်။

မေး။ ။ခုခေတ်မှာ အံ့သြစရာအကောင်းဆုံးကဘာလဲ။

ဖြေ။ ။ပညာမဲ့သူတွေစင်ပေါ်တက်ဟောပြောနေတာ က အံ့သြစရာအကောင်းဆုံးမဟုတ်ပါဖူး။
ပညာရှိတွေက အဲဒီလူတွေကို သြဘာပေးနေတာက အံ့သြစရာအကောင်းဆုံးပါ။

မေး။ ။ယောက်ကျားတွေထက်မိန်းမတွေ အသက်ပိုရှည်တယ်ဆိုတာမှန်ပါသလား။

ဖြေ။ ။အတိအကျတော့မသိပါဖူး။ဒါပေမဲ့ မုဆိုးမတွေက အသက်ပိုရှည်တာ အမှန်ပါ။

မေး။ ။ခွဲစိတ်ဆရာဝန်တွေဟာ ဘာလို့ သူတို့မျက်နှာကို အ၀တ်နဲ့ ဖုံးထားပါသလဲ။

ဖြေ။ ။ခွဲစိတ်တာမအောင်မြင်ရင် ....သူတို့ ကို မမှတ်မိအောင်လို့ပါ။

မေး။ ။ထောက်လှမ်းရေးနဲ့ သူလျှို ဘာခြားနားပါသလဲ။

ဖြေ။ ။ထောက်လှမ်းရေးက ကျုပ်တို့လူ။သူလျှိုက သူတို့လူ။

မေး။ ။ဒီအလုပ်အတွက်လိုအပ်တဲ့အရည်အချင်းတွေ မင်းမှာရှိလား။

ဖြေ။ ။ရှိပါတယ်။အသံနဲနဲကြားတာနဲ့ကို အိပ်နေရာကနေ ချက်ချင်းနိုးတတ်ပါတယ်။
+8

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12714
Re: အမောပြေဟာသမှတ်စု
« Reply #925 on: February 08, 2013, 08:16:09 AM »
ဒုက္ခတွေ ပြောမနေပါနဲ့တော့

အရက်ဆိုင်တစ်ဆိုင်တွင် လူတစ်ယောက်သည် မြန်မာစည်ဘီယာများ အား တစ်ခွက်ပီး တခွက်မှာသောက်၏။

၎ ခွက်မြောက် သောက်ပီးသော်.... ပြန်ရန်တံခါးဝ သို့ထ သွားလေလေသည်။

ထိုအခါ ဆိုင်ရှင် မှ ကျသင့်ငွေ ၂၄၀၀ ကျပ် (မြန်မာစည်ဘီယာ ၄ ခွက် ) ဖိုးတောင်းလေသည်။ထိုလူမှ .....

" ဘာဗျ။ ကျနော်ပေးပြီးပြီလေ။ ခင်ဗျားမမှတ်မိဖူးလား....."...ဟု ဆိုလေတော့၏။

ဆိုင်ရှင်ဖြစ်သူလည်း .." ဟုတ်လား။အေးလေ ခင်ဗျားက ပေးပီးပြီဆိုတော့လည်း ပေးပြီးပြီ ပေါ့ဗျာ."...ဟု ပြန်ပြောလိုက်သည်။

ထိုလူလည်း ဆိုင်မှထွက်လာပီး လမ်းတွင် မိတ်ဆွေ တယောက်နဲ့တွေ့ရာ အရက်ဆိုင်ပိုင်ရှင်သည် သူ့အား ပိုက်ဆံ ပေး မပေး ကို

မမှတ်မိသူဖြစ်ကြောင်းပြောပြလေ၏။

သို့နှင့် ထိုလူ၏ မိတ်ဆွေလည်း ထိုအရက်ဆိုင်သို့ ၀င်သွားပီး ဘီယာများ မှာသောက်ကာ ပထမ လူကဲ့ သို့ ငွေပေးပီပြီ..ဟုပြောလေ၏။

ထိုအခါ ဆိုင်ရှင်မှလည်း...."...အေးဗျာ ပေးပြီးပြီ ဆိုတော့ လဲ ရပါတယ်" ...ဟု ..........ဆိုလေသည်။

ထို့နောက် ထိုလူသည် ဆိုင်ထဲမှ ထွက်လာပီး အသိတစ်ယောက်နဲ့ လမ်းတွင် ထပ်တွေ့ ရာ ထိုအရက်ဆိုင်အကြောင်းကို ပြောပြပြန်လေ၏။

ထိုအကြောင်းသိပီးနောက် ထိုလူ၏ အသိမိတ်ဆွေလည်း ဆိုင်ထဲ ၀င်ပီး ဘီယာမှာသောက်လေသည်။

လေးခွက်မြောက် ဘီယာ အား သောက်နေချိန်တွင်.......

ဆိုင်ရှင်သည် အနားသို့ရောက်လာပီး.......ထိုသို့ စကားပြောလေ၏။

" ဒီမှာဗျာ မိတ်ဆွေ။.ခင်ဗျားကရိုးသားပုံရလို့ပြောရအုန်းမယ်ဗျ..ကျုပ် ဒုတ်က္ခက....ကျုပ်ဆိုင်ကို ဒီနေ့ ဘီယာလာသောက်တဲ့ လူနှစ်ယောက်ပေါ့ဗျာ..

ဘီယာလဲ အ၀သောက်သေးတယ်.....နောက်ပီး....

ပိုက်ဆံတောင်းတော့လည်း ပေးပြီးပြီ လို့ ပြောတယ်ဗျ၊ ခု ဒီလို ဒါမျိုးလာလုပ်တဲ့ လူ တွေ့ ရင်တော့ ရေရေ လည်လည် တီးလွှတ်လိုက်မယ်လို့

တွေးထားတယ်ဗျ......သိလား...."

ထိုအခါ ဘီယာသောက်နေသူ မှပြန်ပြောလိုက်တာက....

" အေးဗျ။ ခင်ဗျား ဒုတ်က္ခ တွေ အသာထားလိုက်စမ်းပါဗျာ။ခု ကျနော့်ကို ခင်ဗျား ပိုက်ဆံပြန်မအမ်းရသေးဖူးဗျ။ လုပ်ပါဦး........"..တဲ
+5

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12714
Re: အမောပြေဟာသမှတ်စု
« Reply #926 on: February 08, 2013, 08:17:19 AM »
ဆုတောင်းပြည့်ပီ......

လူတယောက်သည် စကားပြောတတ်သော ကြက်တူရွေး အမ တစ်ကောင်ကိုဝယ်လိုက်ရာ .....

ထိုကြက်တူရွေးမှာ စကားပြောဆိုရာ ၌ အမြဲဆဲဆိုပြောဆိုနေ၏။

ပိုင်ရှင်လည်း စိတ်ပျက်လက်ပျက်ရှိနေလေ၏။

သို့နင့် တရက်တွင် အိမ်သို့လာလည်သော သူငယ်ချင်း တယောက်က ထိုကြက်တူရွေး အမ ကလေးကို ယဉ်ကျေးဖွယ်ရာ

စကားများကို တပတ်တွင်း ပြောတတ်အောင် ကူညီနိုင်မည်ဟု ထင်ကြောင်းပြောပြသည်။

အဘယ်ကြောင့်ဆိုသော် သူ့ထံ တွင် ကြက်တူရွေး အထီး နှစ် ကောင်ရှိကြောင်း ၊ ထိုနှစ်ကောင်မှ တစ်ကောင်မှာ ဘုရားရှစ်ခိုးတတ်ကြောင်း၊

ကျန်တစ်ကောင်မှာ မူ ခြေသည်းကြားတွင် ပုတီးထားပီး နုတ်မှလည်း ဆုတောင်းတိုင်းပြည့်စေ ဟု ရေရွတ်ကာ ပုတီးစိတ်တတ်ကြောင်းပြောပြ၏။

ကြက်တူရွေးအမလေးကို ၀ယ်ထားသူကလည်း ရွှင်လန်းစွာဖြင့်.....

" ၀မ်းသာလိုက်တာ သူငယ်ချင်းရာ ၊ ဒါဆို ငါ့ကြက်တူရွေးလေး ခေါ်သွားပီး မင်းကြက်တူရွေးတွေနဲ့ အချိန်တော်တော်ကြာ ထားလိုက်ရင်

ကောင်းမယ်ဟေ့။ ဒါမှ ငါ့ကြက်တူရွေးလေးလဲ မင်းကြက်တူရွေးနှစ်ကောင်လို အကျင့်ကောင်းတွေတတ်လာပီး

အပြောအဆိုယဉ်ကြေးလာလိမ့်မယ်ကွ...."...ဟု အကြံပေါ်ကာ ပြောဆိုလေသည်။

သူငယ်ချင်းလည်း ကူညီချင်စိတ်ဖြင့် ထိုအကြံကိုသဘောတူလေ၏။

သို့နှင့် ကြက်တူရွေးအမ ကလေးကို သူငယ်ချင်း အိမ်သို့ နောက်တစ်ရက်တွင် သူ ကိုယ်တိုင် သွားပို့လေ၏။

ထိုအိမ်သို့ ရောက်သောအခါ ကြက်တူရွေးနှစ်ကောင်အနီး တွင် ထားလိုက်၏။

ထိုအခါ ကြက်တူရွေးအထီးတကောင်မှ ကျန်အထီးတစ်ကောင်ကို ပြောလိုက်သည်မှာ.....

" ဟေ့ကောင်....မင်းပုတီးစိပ်တာ ရပ်လိုက်တော့ကွာ .....နားညည်းတယ်ဟ။ ခုငါတို့ဘုရားရှစ်ခိုး ၊ပုတီးစိပ်ပီး ဆုတောင်း နေတာ ခုပြည့်ပီဟ..."....တဲ့
+8

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12714
Re: အမောပြေဟာသမှတ်စု
« Reply #927 on: February 08, 2013, 08:18:39 AM »
အရင်ကတည်းက

မိမိ ငှားနေသော တိုက်ခန်း အချိန်စေ့သွား၍ ကျောင်းဆရာမ တစ်ဦးသည် အခြားတိုက်ခန်းတစ်ခန်း.. သို့ ပြောင်းရွှေ့လေ၏။

ထိုသို့ ပြောင်းရာတွင် အလုပ်သမားများကိုခေါ်၍ အိမ်ထောင် ပရိဘောဂ များ၊ နှင့် စာအုပ်များ ထဲ့ထားသော

သေတ္တာများကိုပါ သယ်ယူခိုင်းလေသည်။

စာအုပ်သေတ္တာများမှာ အလွန်တရာ လေးလံလှပီး ပြောင်းေ၇ွှ့ရသည့်တိုက်ခန်း နေရာမှာလည်း ဆဌမ ထပ် တိုက်အလွှာသို့ ဖြစ်၏။

ထိုသို့ သယ်ပို့ရသဖြင့် အလုပ်သမားတစ်ယောက်က စိတ်ပင်ပန်းဒေါသသံဖြင့် သူတို့ အချင်းချင်း ပြောလိုက်သည်မှာ....

" ဒီဆရာမကလည်းကွာ......ပိန်းပါတယ်.....စာအုပ်တွေကို ဒီတိုက်ကို မပြောင်းခင်ကတည်းက ပြီးအောင်ဖတ်ခဲ့ဖို့ ကောင်းပါတယ်..."..ဟူ၏။
+4

Offline Roy@l

  • စီနီယာ
  • ***
  • Posts: 57
  • ဂုဏ်ထူးဆောင်ရမှတ် 200
  • Respect: +1077
Re: အမောပြေဟာသမှတ်စု
« Reply #928 on: February 09, 2013, 04:09:46 PM »
ဂျိုကာဝင်တိုင်းလည်း မဒေါင်းပါ ပျိုကညာထင်တိုင်းလည်း မကောင်းပါ
ဂျိုကာဝင်သော်လည်း (Run)ရှိဖို့ လိုပါသည်။
ပျိုကညာထင်သော်လည်း စမ်းကြည့် ဖို့  လိုပါသည်။
+3

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12714
Re: အမောပြေဟာသမှတ်စု
« Reply #929 on: February 10, 2013, 08:13:17 AM »
ငါ့ဟာကွ

ဟိုတယ်တစ်ခုတွင် နှစ်ယောက်အိပ်ခန်းကိုငှားရမ်းပြီးမှ တစ်ယောက်အိပ်ခန်းသို့ပြောင်းပေးပါရန် ဟော်တယ်မန်နေဂျာက တောင်းပန်သဖြင့် ကိုမြငွေတစ်ယောက် တစ်ယောက်အိပ်ခန်းသို့ပြောင်းပေးရလေသည်။ ကိုမြငွေ ဧ။် နှစ်ယောက်ခန်းအား သမီးရည်းစားစုံတွဲအား ငှားရမ်းလိုက်လေ သည်။
ကိုမြငွေတစ်ယောက် မိမိအခန်းရောက်မှ ဟိုဘက်ခန်းတွင်မိမိ ဧ။် ထီးကောက်မေ့ကျန်နေခဲ့ကြောင်း သတိရလေဧ။် ။ ထိုအခါမှ ဟိုဘက်ခန်းသို့ ထီးပြန်ယူ ရန်သွားလေသည်။ အခန်းရှေ့ရောက်သောအခါ အခန်းတွင်းမှ သမီးရည်းစား တို့ဧ။် စကားပြောသံများကြားသဖြင် ခဏနားစွင့်ကြည့်မိလေသည်။
`ခင်ရေ... ဟောဒီ့ ရွှေရောက်မျက်လုံးလေးက ဘယ်သူ့ဟာလေးလဲ ဟင်´ ၊ အော် .... မောင့်ရယ် .. မောင့်ဟာပဲပေါ့ကွယ်´
`ခင်ရယ် .. ဟောဒီ့ သမင်မျက်လုံးလေးက ကော´ ´အော်... မောင့်ဟာပဲပေါ့´
`ဒီ နှင်းဆီဖူးလေးလို နှုတ်ခမ်းလေးကကော.. ` .. `အို... မောင့်ဟာ ... မောင့်ဟာ´
`ဒီ ဆင်စွယ်ရောင် လက်မောင်းလေးကကော.. ´အို.... မောင့်ဟာပါဆို ´
ထိုသို့မေးလာရာ အားလုံးကုန်သလောက်ရှိသွားပြီ ဖြစ်ရာ ကိုမြငွေစိုးရိမ် စိတ်ဝင်လာလေသည်။ ထို့ကြောင့်အချိန်မနှောင်းခင် ကြိုတင် အော်ပြောလိုက်ပုံက
`အထဲ ကကျေးဇူးရှင်လေးရေ .... ကုတင်ခြေရင်းမှာ ချိတ်ထားတဲ့ထီးကောက်ကြီးကတော့ မင်းဟာမဟုတ်ဘူးကွ .. အဲဒါငါ့ဟာ... ငါ့ဟာကွ... ´ ဟူသတည်း။
+2

Tags: