Author Topic: အမောပြေဟာသမှတ်စု  (Read 482506 times)

0 Members and 3 Guests are viewing this topic.

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12692
Re: အမောပြေဟာသမှတ်စု
« Reply #910 on: February 03, 2013, 10:08:03 AM »
အပျိုကြီးတစ်ယောက် အိမ်လာလည်တယ့် လူပျိုကြီးတစ်ဦးအား အထာပေးလျက် တော်ကီပွားနေစဉ်....

လေလည် ချင်စိတ် အောင့်အင်း မရအောင် ဖြစ်လာသဖြင့် အကြံထုတ်နေ၏..

“အင်း...ခုနေ ခြင်ရိုက်ခြင်ယောင်ဆောင် ဖြန်းခနဲရိုက်ပီး ရောလွတ်လိုက်ရင် ဒင်း မသိလောက်ပါဘူး...လုပ်ကျိဦးမှ..”

“ဟမယေး...ခြင်တော့..ခြင်..ခြင်..”

.......ဖြန်း....!!!!

ထိုသို့ ရိုက်ပီးကာမှ ကံဆိုးစွာဖြင့် နှဲမှုတ်သလိုအသံရှည်ဆွဲ ထွက်သွားရလေ၏....

.....ပီ..အိ......အိ....အီ....ဘွတ်..!!

:'(
+4

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12692
Re: အမောပြေဟာသမှတ်စု
« Reply #911 on: February 03, 2013, 10:08:43 AM »
အမြန်မောင်းတဲ့ ကားတစ်စင်းနောက် ရဲကားတစ်ကားလိုက်လာတယ်။ တစ်နေရာမှာ မီတော့ ရဲက ကားသမားကို

"ခင်ဗျာ ဘာလို့ ဒီလောက် အမြန်မောင်းရသလဲ? ဒဏ်ငွေ အများကြီးဆောင်ရမယ်ဆိုတာ မသိဘူးလား?
ဒီငွေတွေနဲ့ တခြားအလုပ်လုပ်နိုင်တယ်ဆိုတာ မသိဘူးလား?"

"ဟုတ်ကဲ့ သိပါတယ်. . အဲဒီငွေတွေနဲ့ ကျွန်တော်လိုင်စင်သွားဖြေလို့ရပါတယ်"

"လိုင်စင်မရှိပဲနဲ့ ခင်ဗျာကားမောင်းတယ်..."

အဲဒီမှာ ကားသမားမိန်းမက စကားအမြန်ဖာတယ်။

"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်.. ကျွန်မအမျိုးသားက အရက်မူးလာရင် စကားလျှောက်ပြောတတ်တယ်"

"ဘာ... လိုင်စင်လည်းမရှိဘူး... အရက်သောက်ပြီး ကားမောင်းတယ်"

အဲဒီမှာ နောက်ခန်းမှာထိုင်တဲ့ အဘွားအိုတစ်ဦးက

"အဲဒါကြောင့် အစကတည်းကပြောတာပေါ့... ခိုးလာတဲ့ကားကို အမြန်မမောင်းပါနဲ့လို့.........."
 :)
+5

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12692
Re: အမောပြေဟာသမှတ်စု
« Reply #912 on: February 03, 2013, 10:09:23 AM »
ထပ်ယူမယ်

အမေဖြစ်သူကမေးသည်။
"ကိတ်မုန့်ကို ဘယ်သူစားလိုက်သလဲ"

"မသိဘူး မေမေ"

"ထပ်စား ချင်သေးလား"

"ဟုတ်ကဲ့" ;D
+3

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12692
Re: အမောပြေဟာသမှတ်စု
« Reply #913 on: February 03, 2013, 10:09:58 AM »
တက္ကဆီ အတွင်း၌....

“ဗျို့ တက်ဆီကား ဆရာ ခင်ဗျား ကို လူမိုက်ငှားချင်လို့ ဟိုမှတွေ့လား ..အနီရောင်ဝမ်းဆက်နဲ့ဟာ ကျုပ်အမျိုးသမီး ဒင်းအိန်အိန်း
ရှိုးပွဲဝင်ကြည့်တော့မယ်...ခင်ဗျားဆွဲထုတ်ခဲ့..လိုအပ်ရင်ထုရိုက်ခဲ့ဗျာ ကျွန်တော်ခင်ဗျားကို နှစ်သောင်းပေးမယ်”

“စိတ်ချဗျို့...ကျွန်တော်က အပြင်မှာလူမိုက်လုပ်ဖူးတယ်..ခုပဲ ၀င်ထုတ်ခဲ့မယ်”

၅ မိနစ်ခန့်အကြာ....

တက္ကဆီသမားသည် အပြာဝမ်းဆက်နှင့် အမျိုးသမီးတစ်ဦးအား ထုရိုက်ကန်ကြောက်လျက် ခေါ်လာသည်ကိုတွေ့ရလျှင်...

“ဟာ...ခင်ဗျား လူမှားခေါ်လာပီထင်တယ်...ဒါကျုပ်အမျိုးသမီး မဟုတ်ဘူးဗျ”

“သိပါတယ်...ဒါက ကျွန်တော့အမျိုးသမီးပါ ဒင်းကိုပါတွေ့ခဲ့လို့ ခေါ်လာတာ..ခနကြည့်ထားပေးပါ..ကျွန်တော်
ခင်ဗျားအမျိုးသမီးကို ထပ်သွားခေါ်ပေးပါ့မယ်” 8)
+5

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12692
Re: အမောပြေဟာသမှတ်စု
« Reply #914 on: February 03, 2013, 10:10:46 AM »
.............ဘာကြောင့် လွဲ........(Credit to;U Myo Yi)

သမ္မတမှ ဒုသမ္မ
---------------
မနက်ဖြန်ညမှာ ဟယ်လီကြယ်တံခွန်ကို တို့ဒေသမှာမြင်ရမယ်။ဒါဟာ၇၅နှစ်ကြာမှတစ်ချိန်မြင်ရခဲတယ့်ထူးခြားမှုတစ်ခုဖြစ်တယ်။
လူတွေကတော့ အလုပ်လုပ်ထားလို့ ပင်ပန်းနေကြမှာပဲ။ငါသူတို့ကို ကြုံတောင့်ကြုံခဲထူးခြားမှုလေး ပြချင်တယ်။
မိုးရွာနေရင်တော့
မြင်ရချင်မှ မြင်ရမယ်။လူတွေအားလုံးကို ခန်းမထဲသွင်းပြီး ကြည့်ခိုင်းကြရမယ်။

ဒုသမ္မတမှ ၀န်ကြီးချုပ်
----------------------
သမ္မတကြီးရဲ့ အမိန့်ကတော့ မနက်ဖြန်ညဟယ်လီကြယ်တံခွန်ပေါ်မယ်။ အလုပ်လုပ်ရင်လူတွေပင်ပန်းနေကြမယ်။ထူးခြားမှုတွေဖြစ်လေ့ရှိတယ့်
ခန်းမထဲ ၀င်ကြရမယ်။ဒါမျိုးအဖြစ်ပျက်က ၇၅ နှစ်မှာတစ်ခါဖြစ်မယ်။

ဝန်ကြီးချုပ်မှ ၀န်ကြီး
---------------------
သမ္မတကြီးရဲ့အမိန့်ကတော့ မနက်ဖြန်ညကျ ပင်ပန်း လိမ့်မယ်။ ဟယ်လီကြယ်တံခွန် ဟာ ထူးခြားတယ့်ခန်းမထဲမှာ ပေါ်လိမ့်မယ်။
တကယ်လို့ အလုပ်လုပ်ရင်းမိုးရွာခဲ့ရင် နောက်ထပ်အမိန့်ပေးမယ်။ အဲ့ဒါတာ ၇၅နှစ်ကြာမှ တစ်ကြိမ်ဖြစ်တယ်။

ဝန်ကြီးမှ အုပ်ချုပ်ရေးမှူး
-------------------------
မနက်ဖြန်ညမှာ သမ္မတကြီးဟာ ခန်းမထဲကို ၇၅ နှစ်တိုင်း ဖြစ်ပျက်တတ်တယ့် ဟယ်လီကြယ်တံခွန်နဲ့အတူ ထူးထူးခြားခြားပေါ်ထွက်လာလိမ့်မယ်။
အကယ်၍ မိုးရွာခဲ့ရင် သမ္မတကြီးက ကြယ်တံခွန်ကို အလုပ်ချိန်မှာ အမိန့်ပေးလိမ့်မယ်။

အုပ်ချုပ်ရေးမှူးမှ ပြည်သူများ
------------------------------
မနက်ဖြန်ညမှာ မိုးမရွာခဲ့ရင် ထူးခြားတယ့် အသက်၇၅နှစ်ရှိ သမ္မတကြီးဟယ်လီ ဆိုသူဟာ ဒို့သမ္မတနဲ့အတူ ကြယ်တံခွန်ကိုမောင်းပြီး
ခန်းမထဲကို မောပန်းတကြီးဖြတ်သန်းအမိန့်ပေးလိမ့်မယ်။ဒို့အားလုံးသွားကြိုရမယ်။အားလုံးနားလည်လား။

ပြည်သူများ
------------
နားလည်ပါတယ်........
+3

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12692
Re: အမောပြေဟာသမှတ်စု
« Reply #915 on: February 03, 2013, 10:14:28 AM »
တွေ့ပီကွ

ကျနော်သည်...ငယ်စဉ်မှစလို့ ယခုအထိ ကျန်းမာရေးလိုက်စားသူ တစ်ဦးဖြစ်ပါသည်။

သင်တန်းစုံလည်းတက်ဖူးပါပီ....အသက်လည်း၄၅...နှစ်ကျော်သူ..ဖြစ်ပါသည်။

တစ် ရက်...မြို့နယ်....ပြိုင်ပွဲတစ်ခုတွက် လေ့ကျင့်နေစဉ်.....လူတစ်ယောက်သည်...အကြောလျှော့လေ့ကျင့်ခန်းပြုလုပ်နေသည်ကို မြင်မိ၏။

ထိုသူသည်...မော်တ်ာကား..ေ၇ှ့ခန်းအတွင်းသို့ ခြေတစ်ဘက်ထဲ့ပီး ကျန်ခြေတဘက်ကိုမြေပြင်ပေါ်တွင်ထားထား၏။

တို့နောက် ...သူ့ဦးခေါင်းကို မြေပြင်နဲ့ ထိလုနီးပါး ငုံ့ထားသည်ကို တွေ့ ရသည်။( သင်တန်းများတွင်မမြင်ဖူးပေ)

သို့နှင့် ကျနော်လည်း မော်တော်ကား ရှိရာသို့ ပြန်လာပီး သူလုပ်သလို လိုက်လုပ်ကြည့်ပါသည်။

မြေပြင်ပေါ်သို့ ထိလုနီးပါး ခေါင်း ငုံ့ လိုက်သောအခါ အကြောအချဉ်များ ဆန့် ထွက်သွားသည်ကို ထူးဆန်းစွာ ခံစားလိုက်ရသဖြင့်...

ထိုလေ့ကျင့်ခန်းအသစ်ကို များစွာ သဘောကျ ကျေနပ်မိ၏။ကောင်းလိုက်တဲ့ အကြောလျှော့နည်း ။

ထိုစဉ်မော်တော်ကားပေါ်မှ လေ့ကျင့်ခန်းလုပ်နေသူမှ သူ့ဇနီးသည်အား လှမ်းအော်ပြောလိုက်သည်ကို ကြားရသည်မှာ.......

" ဟေ့......မိန်းမရေ...ကားသော့ တွေ့ပြီကွ။မော်တော်ကား အောက်ထဲ ရောက်နေတာ
ကိုး......".......တဲ့

+3

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12692
Re: အမောပြေဟာသမှတ်စု
« Reply #916 on: February 03, 2013, 10:16:38 AM »
ဥာဏ်စမ်းပြိုင်ပွဲ

စာမေးပွဲခန်း တခုတွင်ဖြစ်၏။

မေးခွန်းများပါသော မဲလိပ်တို့ကို ကျောင်းသားတဦးချင်းအား ပါမောက္ခ မှ.နှိုက်ခိုင်း၏။

မဲလိပ်အထဲတွင်ပါသော မေးခွန်းတို့ကို နုတ်ဖြင့်ပြန်ဖြေခိုင်းသည်။ကျောင်းသားတဦးက မဲလိပ်ကိုနှိုက်လိုက်၏။

ဖွင့်ကြည့်သောအခါမေးခွန်း ၃ ခုပါပီး မည်သည့်မေးခွန်းမှ မိမိ ဖြေနိုင်မည်မဟုတ်ကြောင်းကို သိသော အခါ ပါမောက္ခ အားဤ သို့ပြော၏။

" ဆရာ..ကျနော် ရတဲ့ မဲလိပ်ထဲမှာ မေးခွန်း ၃ ခု ပါပါတယ် ၊ကျနော်အဖြေ မသိပါဖူး၊ဒါပေမဲ့တရား မျှတမှူရှိအောင် အကြံတခုပြုချင်ပါတယ်

ကျနော်လဲ ဆရာ့ကို မေးခွန်း ၃ ခု ပြန်မေးပါမယ်။ဆရာဖြေနိုင်ရင် ကျနော့်ကို စာမေးပွဲချလိုက်ပါ။ကျနော်သဘောတူပါတယ်။

အဲ.....ဆရာမဖြေနိုင်ရင်တော့ ကျနော့်ကို ဂရိတ် ၅ ပေးရမယ်။ "

ဆရာလုပ်သူကလည်း......မာနဖြင့်

" စိန်လိုက် "ဟုဆို၏။

ကျောင်းသားက....

" ၁။ယုတ္တိမရှိဖူး၊ဒါပေမဲ့တရားဝင်တယ်။

၂။တရားမ၀င်ဖူး၊ဒါပေမဲ့ ယုတ္တိရှိတယ်။

၃။နောက်ဆုံးတခုက....ယုတ္တိလဲမရှိဖူး၊ တရားလဲမ၀င်ဖူး.... တဲ့ တခုချင်း အဓိပ္ပါယ်ဖွင့်ပါဆရာ "

ပါမောက္ခ လည်း မဖြေနိုင်ချေ။သို့နှင့် ကျောင်းသားကို ဂရိတ် ၅ ပေးလိုက်ရ၏။ထို့နောက် ကျောင်းသားအားအဖြေမေးရာ....

" အဖြေက ဒီလိုပါဆရာ၊

ဆရာက အသက်ကြီးပီ၊ဒါပေမဲ့ မယားငယ်ငယ်လေးကို ယူထားတယ်( တရားဝင်တာတော့ဟုတ်ပါတယ်။ယုတ္တိ မတန်ဖူး )

ဒီအမျိုးသမီးငယ်ဟာ တိတ်တိတ်ပုန်းယောက်ကျားထားနိုင်တာပဲ။( ဒါဟာ ယုတ္တိ တန်တယ်၊ ဒါပေမဲ့ တရားမ၀င်ဖူး )

အဲ ကျန်ခဲ့တဲ့မိနစ်ပိုင်းကမှ အဲဒီ တိတ် တိတ်ပုန်း ယောက်ကျားကို ဆရာက ဂရိတ် ၅ ပေးလိုက်တာကတော့ လုံးဝ ယုတ္တိ လဲမရှိဖူး၊တရားလဲမ၀င်ဖူး....".တဲ့
+5

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12692
Re: အမောပြေဟာသမှတ်စု
« Reply #917 on: February 03, 2013, 10:17:28 AM »
ဘယ်သူလက်ထောက်ချလိုက်သလဲ

မြန်မာနိုင်ငံရှိ သဌေးတစ်ဦးသည် ထောင်ကျတဲ့ဒုတ်က္ခ ဆိုတာ ဘယ်လိုမျိုးပါလိမ့်ဟု အတွေးပေါက်ကာ....

ကိုယ်တိုင် လေ့လာခံစား လိုသည့် ဆန္ဒ ထူးထူးဆန်းဆန်းပေါ်လေ၏။

သို့နှင့် အရက်သမားတဦးကိုချဉ်းကပ်ပီးထောင်ကျအောင်ဘယ်လိုလုပ်ရမလဲဗျ ဟုမေးလေသည်။

အရက်သမားက လည်း......

ပထမဆုံး အရက်သမားတစ်ယောက်ဆီ သွားပီး သူ့အရက်ပုလင်း ကို ခွဲကြည့်ပါ။

အဲဒါမှ မရရင် ရဲသား ဆီ ချဉ်းကပ်ပီး ကျုပ်နှစ်လုံးထီ လောင်းကစားသမားပါ လို့ ပြောကြည့်ပါ၊

နောက်ဆုံး.. မရရင်တော့ နိုင်ငံခေါင်းဆောင်၊၀န်ကြီး..တယောက်ယောက်အိမ်ရှေ့သွားပီး မဟုတ်တာတွေအော်ဗျာ..ကဲစမ်းသာကြည့်တော့ ဟုပြော၏။

ဒါနဲ့ သဌေးလဲ နောက်အရက်သမား တဦးနား ကပ်ပီး ၄င်း၏ အရက်ပုလင်းအား ရိုက်ခွဲလိုက်သည်။

အရက်သမားကလည်း မူးရစ်စွာဖြင့် ကွဲသွားသော ပုလင်းကိုကြည့်ကာ အေးအေး ဆေးဆေးပြန်ပြောလိုက်တာက....

" နောက် တစ်ပုလင်းဝယ်ရတော့မှာပေါ့ "...တဲ့။

ပထမ ခြေလှမ်း မအောင်မြင်သဖြင့် သူဌေး လည်းလမ်းတွင် တွေ့သော ရဲသား အနားကပ်ကာ...ကျုပ်နှစ်လုံးထီ လောင်းကစားသမားဗျ ဖမ်းပါ ဟုပြောသည်။

ရဲသားက " အဲဒါဘာဖြစ်လဲ၊ကျုပ်လဲ နှစ်လုံးထီထိုးတာပဲ " ဟုပြန်ဖြေသည်။

ဒုတိယ ခြေလှမ်းလည်းမအောင်မြင်သဖြင့် ၀န်ကြီးတဦးနေထိုင်သည်ဟု ကြားသော လမ်းအတွင်းသို့ဝင်လေ၏။

ထို့နောက် ၀န်ကြီး အိမ်ရှေ့ တဲ့တဲ့ အပေါက်မှနေ ၍........

" ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းဟာ မွတ်စလင်ကုလား လို့သတင်းစာထဲမှာ တမင်ထည့်ခိုင်းခဲ့ပါတယ်....

တိုင်းပြည်ဆူအောင် ၊ကုလား-ဗမာ အဓိကရုဏ်းဖြစ်အောင် ဆွပေးနေပါတယ်။

MRTV 5 ကနေ တစ်လကို ကျပ် သိန်း၈၀၀ အတင်း ယူပါတယ်။

ဦးအောင်သောင်းနဲ့ ပေါင်းပီး ကချင်ငြိမ်းချမ်းရေးအကြောင်းပြကာ

လိုင်စင်မဲ့ ကားအစီး ၇၀၀....ခိုးသွင်းပါတယ် " လို့ လမ်းမပေါ်မှ အသံကုန် အော်လေတော့သည်။

အဲဒီချိန်မှာ.... အိမ်အထဲရှိ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း( ယခင်)က.....အိပ်ယာထဲမှနေ၍ သူ့မိန်းမအားပြောလိုက်တာက...

" တောက်....တို့ကို ဘယ်ကောင်များ လက်ထောက်ချလိုက်လဲမသိဖူး....."..တဲ့
+4

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12692
Re: အမောပြေဟာသမှတ်စု
« Reply #918 on: February 03, 2013, 10:19:34 AM »
အကြမ်းဖက်သမား

မည်သည့်နိုင်ငံတွင် အရက်သမား ပိုနည်း သနည်း ဆိုသည်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ယခင်)နှင့် ထိုင်းဝန်ကြီးချုပ်သက်ဆင်( ယခင်) တို့ အလောင်းအစားလုပ်ကြ၏။

ပထမဆုံး အလှည့်အဖြစ်မြန်မာပြည်သို့ သက်ဆင်ရောက်လာ၏။

၎င်းလက်ထဲသို့ အော်တိုမစ်တစ် ရိုင်ဖယ်တစ်လက် ထည့်ပေးလိုက်ပီး...".မြို့ ထဲလျှောက်ကြည့်ပါ အရက်သမားတွေ့ရင် ပစ်သာသတ်လိုက်" ဟု ဦးသန်းရွှေမှ ပြော၏။

ဒါနဲ့သက်ဆင်လဲ ရန်ကုန်ဘူတာကြီး ၊ဆူးလေ ကမ်းနားလမ်းဘက်နှင့်ပန်းဆိုးတန်းကုန်းကျော်တံတား ဘက်သို့သွား၏။

မီးတိုင်များအောက်တွင် ရေချိန်လွန်နေသာ လူများ၊ လမ်းဘေးအမှောင်ထဲရှိဇိုးသမားများ ၊လမ်းပေါ်တွင် အော်ဟစ်ဆဲဆိုနေသူများကို တွေ့၏။

တွေ့သမျှ ကို ကျည်ကပ် တကပ်ပီးတကပ် ကုန်အောင် ဆွဲချလိုက်၏။

ထို့နောက် တပ်ချုပ်ကြီး ထံပြန်လာပီး ဤသို့ပြော၏။

" ခင်ဗျားတို့ဆီမှာ၊တွေ့တဲ့သူတိုင်း အရက်သမားကြီးပါလား ကျုပ်တို့ဆီလာခဲ့စမ်းပါ "

" စိတ်ချ ၊ကိုယ့်လူ လာကိုလာခဲ့မယ်၊ကျုပ်က လက်ယဉ်ပီးသားဗျ...ငှဲငှဲ..." .ဟု စိတ်ထဲမှ ကြုံးဝါးလိုက်၏။

သို့နှင့် တစ်လခန့်ကြာသော် ။တပ်ချုပ်ကြီးလဲ...ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သို့ ရောက်၏။

အမ် ၁၆ - သေနတ်ကိုကိုင်ကာဘန်ကောက် မြို့ထဲလျှောက်ကြည့်၏။

နေရာအနှံ့ ဆေးသမားတို့ကိုသာတွေ့ရလေသည်။

ညနေပိုင်း ရောက်သောအခါ ပင်ပန်းပီး စိတ်တိုနေသော တပ်ချုပ်ကြီးသည် စီလုံ ၄ လမ်းဘက် သို့သွား၏။

အဆောက်အအုံ တခု၏ ၁၀ ထပ်မြောက်ခန့်တွင် တစ်ထပ်လုံးမီးလင်းနေပီး ဆူညံအော်ဟစ်သံ၊ရီမောသံ၊ပုလင်းကွဲသံ များကိုကြားရ၏။

ဒီနေရာမှာတော့ အရက်သမားတွေရှိမှာပဲဟု တွေးကာ ယင်းအထပ်သို့တက်လေတော့သည်။

ရောက်သောအခါ အရက်ဘားတခုဖြစ်နေပီး လူ ၆၀ ခန့် သောက်စားပျော်ပါးနေသည်ကိုမြင်ရ၏။အားလုံးလည်း မူးနေကြ၏။

တပ်ချုပ်ကြီးလည်း အမ်-၁၆ ဖြင့်အားပါးတရ မွှေ့ချလိုက်၏။

နောက်တစ်နေ့မနက် ထုတ် ဘန်ကောက်ပို့စ် သတင်းစာများတွင်....

" ဘန်ကောက်မြို့ရှိဘားတခု၌....မျက်နှာထားဆိုးသော လက်နက်ကိုင် အကြမ်းဖက် သမားတဦးက မြန်မာသံရုံးဝန်ထမ်းများအားလုံးကို ပစ်သတ်လိုက်ခြင်း.."...

ဟူသောခေါင်းစဉ်ဖြင့်မျက်နှာဖုံးသတင်းပါလာလေတော့၏။။။။
+2

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12692
Re: အမောပြေဟာသမှတ်စု
« Reply #919 on: February 03, 2013, 10:22:32 AM »
ငါမရူးဖူး

စိတ်ရောဂါ ကုဆေးရုံတစ်ရုံ တွင်ဖြစ်သည်။

ဆေးကော်မရှင်က လူနာတို့၏ အခြေအနေကိုအောက်ပါတိုင်း စမ်းသပ်၏။

လူနာများကို ငါးမြှားတန် တစ်ချောင်းစီပေးကာ လက်ဆေး ဘေဆင် များရှေ့တွင်ရပ်ခိုင်းကာ ငါးတွတ်ရဲ့လားဟု မေး၏။

လူနာအားလုံးလိုလိုက ငါးတွတ်ကြောင်း ဖြေသည်။

လူနာတဦးသာ ငါးမတွတ်ကြောင်းပြော၏။

ဆေးကော်မရှင် အဖွဲ့လည်း အစည်းအဝေးထိုင်ကာ နောက်ဆုံး ဤလူနာ တယောက်သာ လူကောင်းကဲ့သို့ဖြေသည်ဟု သဘောတူကြ၏။

သို့ဖြင့် ၄င်းအား ဆေး ရုံမှ ဆင်းခွင့်ပြုရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုလူနာ မဆင်းမီ လူနာအဖော်များက လာရောက်နုတ်ဆက်ကြ၏။ထိုအထဲမှ တဦးက .....

" ဟေ့ ခင်ဗျား က ဘာလို့ ငါးမတွတ်ဖူးလို့ဖြေတာလဲ "

သူပြန်ဖြေလိုက်တာက.....

" ငါးတွတ်တဲ့နေရာကို သူတို့ကို ပြောပြရအောင် ကျုပ်က အရူးမှ မဟုတ်ပဲ...." ..တဲ့ ...တိန်

ရီမောပျော်ရွှင်ပါစေ....
+1

Tags: