Author Topic: အမောပြေဟာသမှတ်စု  (Read 463406 times)

0 Members and 5 Guests are viewing this topic.

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12611
Re: အမောပြေဟာသမှတ်စု
« Reply #900 on: February 03, 2013, 10:00:18 AM »
အမျိုးသားတစ်ယောက်ဟာ FM အသံလွှင့်ဌာနကို ဖုန်းဆက်နေတယ်။

" ကျနော် ကန့်ကော်လမ်းသစ်တစ်နေရာကနေ ပိုက်ဆံအိတ်တစ်လုံးကောက်ရထားတယ် ။ အဲ့ထဲမှာ ငွေ ရှစ်သောင်းနဲ့ မှတ်ပုံတင် ၊ လိုင်စင်တွေလည်းပါတယ်ဗျ။ "

" ကြည့်စမ်း ...အဲ့ပိုက်ဆံအိတ်ကို ရေဒီယိုကနေတစ်ဆင့် ကြော်ငြာပြီး
ပြန်ပေးမယ်ဆိုတဲ့သဘောပေါ့.... ခင်ဗျား တော်တော် ရိုးသားတဲ့သူပဲဗျ ... "

" အာ... ဘယ်ကလာ ... ကျွန်တော် အခု သူ့အတွက် ဝမ်းနည်းကြောင်း သီချင်းလေးတစ်ပုဒ် တောင်းဆိုမလို့ဗျ ... "
@FB
+1

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12611
Re: အမောပြေဟာသမှတ်စု
« Reply #901 on: February 03, 2013, 10:01:08 AM »
"အိမ်မှာ ကြွက်တွေ တအားသောင်းကျန်းတယ်ကွာ ဘယ်လိုလုပ်ရမလဲ တောင် မသိဘူး "
"ကြောင်မွေးလေကွာ"
"ကြောင်ကလည်း အသုံးမကျပါဘူး မခုတ်ဘူးကွ "
" ဒါဆို ကြွက်ဖြူ မွေးထားလိုက် ကြွက်ဖြူရှိရင် ကြွက်မဲမနေဘူး "
"အိုခေ"
လအနည်းငယ်ကြာသော် ~
"ဟေ့ သူငယ်ချင်း ဘယ်လိုလဲကြွက်တွေ ငြိမ်သွားပလား "
"အေးကွာ ~ ငြိမ်မငြိမ်တော့ မသိဘူးကွာ အဖြူနဲ့အနက်ကျား ကြွက်မျိုးဆက်အသစ်တွေတော့ အိမ်ပေါ်ရောက်လာတယ် ကွ "
@FB
+2

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12611
Re: အမောပြေဟာသမှတ်စု
« Reply #902 on: February 03, 2013, 10:02:28 AM »
အမျိုးသမီး သာသနာပြုကျောင်းတွင်

ဆရာမ။သမီးတို့ ဒီကျောင်းမှာ ညစ်ညမ်းတာ မပြောရဘူးနော် ဥပမာ သမီးတို့ ( ,,,) ကို မျောက် ဆိုပီး ပဲ ပြောရမယ်...

..

..

..

သို့နှင့်
ကျောင်းသူများ
ညနေရေချိုးကြရာ

မေရီ။ ကမ ရေ နင်သိလား ငါ့မျောက်လေး ဆံပင်ပေါက်နေပီအေ့

ဂျင်နီ။ ဒါများ ငါ့မျောက်ဆို ငှက်ပျောသီး တောင် စားနေပီ

:'(

KarSi No
+4

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12611
Re: အမောပြေဟာသမှတ်စု
« Reply #903 on: February 03, 2013, 10:03:18 AM »
အစောကြီးအိပ်ပြီး...အစောကြီးထတတ် တယ့် ယောက်ျားကောင်းကို..ဘယ်လိုခေါ်သ.လဲ

..

..

..

..

..

.

..

မိန်းမနဲ့ ရန်ဖြစ်ထားတယ့်သူ

>Karsi No
+2

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12611
Re: အမောပြေဟာသမှတ်စု
« Reply #904 on: February 03, 2013, 10:04:06 AM »
~~~ဖြောင့်ဖြောင့်ပဲတွေး~~~

တစ်ရက် မောင်ဘက လဘက်ရည်ဆိုင်ကို ရောက်လာတော့ စာအုပ်တစ်အုပ်ကို အကြီးအကျယ် ဖတ်နေတဲ့ လူတစ်ယောက်ကို တွေ့တော့ စိတ်ဝင်တစား မေးတယ် ။
''ဘာစာအုပ်ဖတ်နေတာလဲ''
''ဖြောင့်ဖြောင့်ပဲတွေး ဆိုတဲ့ စာအုပ်လေ ၊ မသိဘူးလား ။''
''မသိဘူး။''
''ရှင်းပြရတော့မှာပေါ့။ ဥပမာကွာ မင်းအိမ်မှာ ငါးမွေးထားလား''
''ရှိတယ်လေ ''
''အဲဒီတော့ မင်းကတရစ္ဆာန်ချစ်တာပေါ့''
''ဟုတ်တယ်လေ''
''အဲဒီတော့ လူတွေလဲ မင်းချစ်မှာပေါ့ ''
''ဟုတ်ပဗျာ''
''အဲဒီတော့ မိန်းကလေးတွေကိုလဲ စိတ်ဝင်စားမှာပေါ့''
''ဟုတ်ပ''
''အဲဒီတော့ မင်းက အခြောက်မဟုတ်ဘူးပေါ့''
''မှန်လိုက်လေ။ ဒီစာအုပ် ကျုပ်ကို ခဏငှားဗျာ '' လို့ပြောပီး ဖတ်ပါလေကော ။
နောက်နေ့ရောက်တော့ မောင်ဘ စာဖတ်နေတဲ့ အချိန် မောင်လှရောက်လာပြီး
''ဘာစာအုပ်ဖတ်နေတာလဲ မောင်ဘ ရ ''
''ဖြောင့်ဖြောင့်ပဲတွေး ဆိုတဲ့ စာအုပ်လေ ၊ မသိဘူးလား''
''မသိဘူး''
''ရှင်းပြရတော့မှာပေါ့ ။ ဥပမာကွာ မင်းအိမ်မှာ ငါးမွေးထားလား။ ''
''မမွေးထားဘူး''
''ဟာ အဲဒါဆို မင်းက အခြောက်ကြီးပေါ့''
''ဟင်''
+3

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12611
Re: အမောပြေဟာသမှတ်စု
« Reply #905 on: February 03, 2013, 10:04:37 AM »
အဲတာကြောင့်

တစ်နေ့ vampire သုံးကောင် လမ်းခုလပ်မှာ တွေ့ကြသတဲ့ ။
အဲဒါနဲ့ ဘယ်သူက သွေး အများဆုံးစုပ်လဲ ပြိုင်ကြမယ်ပေါ့

ပထမတစ်ကောင်က ရုတ်တရက် ပြေးသွားလိုက်တယ် ။ ၁၅ မိနစ်လောက်နေတော့ ပြန်ရောက်လာတယ် ။ ပါးစပ်ထဲမှာသွေးအပြည့်နဲ့ ကျန်တဲ့ကောင်တွေက မေးကြတော့ ''ဟိုးကပွဲဈေးကိုတွေ့လား ၊ အဲဒီကလူတွေကိုသွေးစုပ်လာတာ''

အဲဒါနဲ့ ဒုတိယ တစ်ယောက်က လဲ ပြေးသွားတယ် ။ ၁၀ မိနစ်နေတော့ ပြန်ရောက်လာတယ် ။ လက်ကော ပါးစပ်မှာပါ သွေးတွေနဲ့ ။ ကျန်တဲ့ နှစ်ကောင်က မေးကြည့်တော့ ''ဟိုးမှာရှိတဲ့ ရုပ်ရှင်ရုံတွေ့လား ၊ အဲဒီက လူတွေက သွေးစုပ်လာတာ ''

ချက်ချင်းပဲ တတိယ တစ်ယောင်လဲပြေးသွားတယ် ။ ၅ မိနစ်တောင် မကြာဘူး ပြန်ရောက်လာတယ် ။ တစ်ကိုလုံး သွေးတွေနဲ့ ။ အဲဒါနဲ့ ကျန်တဲ့နှစ်ကောင်က စိတ်ဝင်တစား မေးကြတာတာပေါ့ ။
''ဟိုးနားက အုပ်နံရံကိုတွေ့လား ''
ကျန်နှစ်ကောင်က ''တွေ့တယ်။''
တတိယကောင်က ''အေး ၊ ငါမတွေ့လိုက်ဘူး '' တဲ့ ။
+4

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12611
Re: အမောပြေဟာသမှတ်စု
« Reply #906 on: February 03, 2013, 10:05:13 AM »
လူစကား

လူစကားပြောတတ်သော ကြက်တူရွေးကို မိန်းမကြီး ၀ယ်လာသည်။
အိမ်သို့ရောက်ရောက်ချင်း ကြက်တူရွေးကို ပြောသည်။

"ငါပြောတဲ့အတိုင်း လိုက်ပြောစမ်း၊ ကျွန်ုပ်သည် လူဖြစ်သည်။ လူစကားကို
ပြောတတ်သည်လို့"

ကြက်တူရွေးက အံ့သြတကြီး ပြန်မေးသည်။

"ဘာ ဘာ. ခင်ဗျားလည်း လူစကား ပြောတတ်တယ် ဟုတ်လား"
+1

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12611
Re: အမောပြေဟာသမှတ်စု
« Reply #907 on: February 03, 2013, 10:05:55 AM »
E-ဟာသ(၃)
--------------
မောင်ကီးတစ်ယောက် ကျောင်းမှာ သူများလေလည်လို့ smell ရရင်...အမြဲဒေါသတကြီးမေးလေ့ရှိတယ်...

“ဟေ့ကောင်မောင်ဖြူ..မင်းပေါက်သား”
“ပေါက်ဘူး”
“ကြွက်နီ မင်းပေါက်တာလား”
“ပေါက်ပါဘူး”
“ဒါဆို....ဘယ်....မအေ.. -ိုး ပေါက်တာတုန်း ကွ” .. တယ့်

(အဲ့တာ သူ့ဝသီဖြစ်သွားရော)

..........ကံဆိုးတယ့်တစ်နေ့မှာပေါ့........

မောင်ကီး တောထဲမှာ ချစ်သူနဲ့၂ယောက်ထဲချိန်းတွေ့နေတုန်း.....
ချစ်နွန်းနို့ ကောင်မလေးကို အတင်းဖက်ထားတာ..ကောင်မလေး လေလည်မိသွားပါလေရော...(အသံတော့မကြားလိုက်ရဘူး)...

အဲ့ဒီမှာ ဇာတ်လမ်းကစတော့တာပဲ...

“ဟင်..ဘာနံ့ကြီးလဲ တိဘူး..ချစ် ပေါက်တာလား”

ကောင်မလေးလဲ..မှင်သေသေနဲ့...

“ဟယ်...ပေါက်ပါဘူး”

“ကိုယ်လဲ..မပေါက်မိဘူး..”

“ဒါဆို..ဘယ်မအေ.. -ိုး..ပေါက်သွားလဲ မသိဘူး..”

ဗြုန်းကနဲဆို ကောင်မလေး ထရပ်လိုက်တယ်...ပီးတော့ဘာမပြောညာမပြောထပြေးသွားတယ်..မောင်ကီးဆီပြန်မလာတော့တာ ဒီနေ့ထိပါပဲ...ဘာကြောင့်မှန်းလဲ..မောင်ကီးနားမလည်နိုင်ဘူး.. ...စာတိုလေးတစ်စောင်တော့နောက်ဆုံးပေးသွားပါရဲ့...

....ရှင့်လို လူမှုရေး နားမလည်သူတစ်ယောက်ကို ကျွန်မ ဘယ်လိုမှ လက်မတွဲနိုင်တော့ပါဘူး.....

...တယ့်....

:'(

Karsi No
+2

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12611
Re: အမောပြေဟာသမှတ်စု
« Reply #908 on: February 03, 2013, 10:06:43 AM »
မျက်စိမှုန်တဲ့ယုန်

ဝက်ဝံ, မြေခွေးနှင့် ယုန်တို့ အထွေထွေ စစ်မှုထမ်း ဥပဒေ အရ
စစ်မှုထမ်းချိန်ရောက်သဖြင့် စစ်သားစုဆောင်းရေးရုံးသို့ သွားကြသည် ၊
ဆေးကော်မရှင် က ၎င်းတို့တစ်ဦးချင်းကို ဆေးစစ်သည်။

ဝက်ဝံ နှင့်မြေခွေးတို့နှစ်ဦးစလုံး ဆေးအောင်ကြသည် ၊နှစ်ဦးစလုံး သုန်သုန် မှုန်မှုန် အမူအရာနှင့် ထိုင်နေကြသည်။
စစ်မှုမထမ်းလိုကြသောကြောင့် ဖြစ်သည် ၊ ဤအချိန်တွင် ၀မ်းသာသောမျက်နှာဖြင့် အခန်းထဲမှ ယုန်ထွက်လာ သည် ။

"၀မ်းသာလိုက်တာ ၊ငါ စစ်မှုထမ်းစရာမလိုဘူး ၊ ငါဆေးမအောင်ဘူး"

"ဘာဖြစ်လို့ မအောင်ရမှာလဲ ၊မင်းရဲ့ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းတယ်ဆိုတာ ငါတို့သိသားပဲ "

ထိုအခါ ယုန်က ပြောသည်။
"မင်းတို့ . .. ဟို အဝေးကတောင် ကုန်းကိုမြင်သလား"
"မြင်တယ်"

"ဘယ်ဘက်ထောင့်က ကျွန်းကပင် ကြီးကိုကောမြင်ကြရဲ့လား"
"မြင်တယ်"

"ညာဘက်ထွက်နေတဲ့ အကိုင်းကော"
"မြင်တယ်"

"အောက်ဘက်ကိုစိုက် ကျနေတဲ့ အရွက်နှစ်ရွက်ကို ရော"
"မြင်တယ်"

"အဲဒါပြောတာပေါ့ ၊ ငါက ကျွန်းပင်ကြီးကိုတောင်မမြင် ဘူး"

-------------------------------------------
မောင်ကောင်းထိုက် ဟာသပဒေသာမှ
***************************
M()e $@t
+4

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12611
Re: အမောပြေဟာသမှတ်စု
« Reply #909 on: February 03, 2013, 10:07:26 AM »
ရွာမှာ သိတယ့်အတိုင်း ရေတွင်းတစ်တွင်းမှာ ပဲ ၀ိုင်း ရေချိုးရေခပ်လုပ်လေ့ရှိကြတယ်

လူပျိုကြီး ကိုလူအေးရေချိုးဖို့ လာပါလေရော...
ရေတွင်းမှာ လူရှင်းတုန်း..လေလည်အံ့ဟုကြံပီး..
အောက်ပါအတိုင်း အော်ပီး....လွှတ်ထည့်လိုက်တယ်...

“ကမ္ဘာမကြေ ဘူး ဟေးးးးးးးးးးးးးးးးးးး ”

.......ဘွတ် ထ်..... !!!

ကံဆိုးချင်တော့ ရေတွင်းနဲ့ကွယ်ပီး အ၀တ်လျှော်နေတယ့် အပျိုကြီး မတင်ညွှန့်တစ်ယောက်ရှိနေတယ်..
သူကလည်း..ရီချင်ပက်ကျိဖြစ်ပီး..အတင်း အံကိုက်ထားပီး..တိတ်တိတ်လေး နေရှာတယ်..ဒါကို လူအေးတစ်ယောက်
တွေ့သွားပါလေရော...

“ဟယ်...မတင်ညွှန့်ကြီး..ဘယ်တုန်းကရောက်နေတာတုန်း”

ရုတ်တရတ်မို့ အပျိုကြီးမတင်ညွှန့် အလန့်ထညက်နဲ့ ထဖြေတယ်..

“ဟို..ဟို...ကမ္ဘာမကြေ ဆိုတုန်းကပါ..”
+3

Tags: