Author Topic: အမောပြေဟာသမှတ်စု  (Read 426732 times)

0 Members and 2 Guests are viewing this topic.

kolugyi

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #890 on: January 20, 2013, 08:09:05 PM »
သေပြီဆရာ

ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။

အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့ ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။ ကလေး တစ်ယောက်မွေးတယ်။

ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူက ကလေး နှစ်ယောက်မွေးတယ်။

တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး သုံးယောက်မွေးတယ်။

လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး လေးယောက်မွေးတယ်။

ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။

ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့က ကလေး ခြောက်ယောက်မွေးတယ်။

ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကို ပြောတယ် ။ အဖေ…သမီးမှာ ရည်းစား ရှိနေပြီတဲ့။ သမီးလက်ထပ်ချင်တယ်ဆိုတော့ ၊ အဖေက သူ့သားမက်ကို အိမ်ကို ခေါ်ခဲ့ပါဦး သူကြည့်ရအောင်တဲ့။ ဒါနဲ့ သမီးလည်း ခေါ်လာခဲ့ပါတယ်။ ခေါ်လာတဲ့ အခါ သူ့အဖေက မင်းက ငါ့သမီးကို လက်ထပ်ချင်တာကတော့ ဟုတ်ပါပြီ။ မင်းက ဘယ်နယ်ကလဲကွဆိုတော့ သားမက်လောင်း ပြောလိုက်တာက

ကျွန်တော်က ” သုံးဆယ် ” ကပါလည်းဆိုရော ကောင်မလေး အဖေ ပါးစပ်က ဟေ……………….
@Myanmar Joke
+3

Offline achitminthar

  • စီနီယာ
  • ***
  • Posts: 70
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +1393
Re: အမောပြေဟာသမှတ်စု
« Reply #891 on: January 20, 2013, 09:57:45 PM »
                                                                          သေပီဆ၇ာ
     ၇ွာတစ်၇ွာ၇ှိလင်မယားနှစ်ယောက်မှ သာသားလေးတစ်ဦးမွေးဖွားလာသတဲ့ ။ကလေးက စကားပြောတတ်စအ၇ွယ်ေ၇ာက်တာတောင် စကားမပြောတော. နတ်သွားမေးတာပေါ့ ။
နတ်ဆ၇ာက ပြောလိုက်ပါတယ် "ကလေးက နောက်တစ်လလောက်ကြာ၇င် စစကားပြောလိမ်.မယ်...ဒါပေမယ်.သူစပီးနာမည်အခေါ်ခ့၇တဲ့သူဟာ အခေါ်ခံ၇ပီးနောက်နေ.သေလိမ်.မယ်" လို.ပြောလိုက်သတဲ့ ....
    တစ်လကြာေ၇ ကလေးက ဘို.း2လို. ခေါ်သတဲ့ ..ခေါ်ပီးနောက်နေ.ပဲ သူ.အဖိုးဆုံးသွားပါလေေ၇ာ.။
    နောက်တစ်ခါ ကျ အ၇ီးခေါ်ပြန်ေ၇ာ..အ၇ီးလဲနောက်နေ.ကြွတာပဲ
   တစ်အိမ်သားလုံးလဲ သူတို.နာမည်ဘယ်တော.ခေါ်မလဲ ၇င်တမမနဲ့ နေနေ၇တာပေါ့ ။
    တစ်၇က်ကျ ဖေဖေ လို.ခေါ်သတဲံ .။အဲဒီမှာ သူ.အဖေက" ဟာ သွားပီ နောက်နေ.ငါသေတော.မှာပဲ ထင်ပီး နောက်နေ.ကျ အိပ်၇ာပေါ်တက် ပက်လက်ြ့ကြီး ဘု၇ားစာ၇ွတ်နေသတဲ့ "
   အဲ့ ဒီအချိန် သူ.မိန်းမေ၇ာက်လာပီး " ယျောက်ား ၇ှင်ကနေခင်းကြောင်တောင်ကြီး အပျင်းကြီးနေပြန်ပါပီ..အိမ်ကြည်.ထားလိုက်အုံး...ကျွန်မ ဟိုဘက်အိမ်ကကိုအောင်ကြီးဆုံးသွားလို. သွားလိုက်အုံးမယ်" လို.ပြောပီးထွက်သွားပါလေေ၇ာ   :-\
+13

Offline achitminthar

  • စီနီယာ
  • ***
  • Posts: 70
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +1393
Re: အမောပြေဟာသမှတ်စု
« Reply #892 on: January 21, 2013, 02:44:58 PM »
                                                                                        တ၇ားသူကြီး
               
  တစ်နေ.မှာ အိမ်ထောင်ဦးစီးတစ်ယောက်က အလိမ်ဖော်တဲ့စက်၇ုပ်တစ်၇ုပ်ဝယ်လာသတဲံ .(စက်၇ုပ်က သူေ၇ှ.မှာလိမ်ပြောတဲံသူဆိုနား၇င်းလှမ်းအုပ်တယ်ဆိုပဲ)။ထမင်းဝိုင်းမှာမိသားစုသုံးယောက်စုံတဲ .အခါ စက်၇ုပ်ကိုဘေးမှာခေါ်ထားသတဲ့။
 အဖေ.....သားဒီနေ.ကျောင်းသွား၇ဲ့.လားကွ
 သား...... သွားတာပေါ့ အဖေ၇။ဆ၇ာမက အိမ်စာတွေတောင်ပေးလိုက်သေးတယ်
 (အဲအခါမှာစက်၇ုပ်က သားဖြစ်သူကိုနား၇င်လှမ်းအုပ်ပါလေေ၇ာ)
 အဖေ.....မှတ်ပလား။နောက်တစ်ခါမင်းလိမ်ဖို.မကြိုးစားနဲံ.
 အဲ အခါကျ အမေဖြစ်သူက၀င်ပြောတာက
 အမေ.....တော်ကလဲ တော်ငယ်ငယ်ကလဲ ဒီလိုပဲ မလား။သူလဲတော်.သားပဲ ဒီလောက်တော.၇ှိမှာပေါ့
( အဲလိုလဲ ပြောေ၇ာ စက်၇ုပ်ကအမေ ကိုနား၇င်းလှမ်းတီးလိုက်ပါလေေ၇ာ)  :)
+10

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12379
Re: အမောပြေဟာသမှတ်စု
« Reply #893 on: February 03, 2013, 09:47:15 AM »
အရေးပေါ်

အရေးပေါ်လူနာတင်ကားတစီး ရန်ကုန်ဆေးရုံကြီးသို့ အမြန်မောင်းကာရောက်လာ၏။

ဆေးရုံရှိ ၀န်ထမ်းများ ပြေးဆင်းလာကြ၏။

ဝန်ထမ်းတဦးမှ ကားထဲသို့ ချောင်းကြည့်ပီး နားမလည်သောအသံဖြင့် လူနာတင်ကား ဒရိုင်ဘာကို လှမ်းမေး၏။

" မင်း တယ်လီဖုန်းကနေ သတင်းပို့တော့ ကားတိုက်ခံရတဲ့ လူနာတစ်ယောက်ကို တင်လာမှာဆို။အခု လေးယောက်တောင် ဖြစ်နေပါလားကွ "

ဒရိုင်ဘာက ဂုဏ်ယူဝင့်ကြွားသံဖြင့်ပြန်ပြောလိုက်တာက....

" ကျန်တဲ့ လူတွေက အလာလမ်းမှာ ကျနော်တိုက်လာခဲ့တာ.." ..တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ.....
@FB
+5

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12379
Re: အမောပြေဟာသမှတ်စု
« Reply #894 on: February 03, 2013, 09:48:51 AM »
အလကားညှပ်ရမယ်ဆိုလို့

လူတစ်ယောက်သည် ကလေးငယ်တစ်ယောက်နဲ့အတူ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်သို့ ရောက်လာပီး ဆံပင်ညှပ်လေသည်။

ပထမဆုံး ထိုလူမှဆံပင်အညှပ်ခံလေ၏။ ဆံပင်ညှပ်ပီးသွားသောအခါ....... ဆံသဆရာအား ထိုသူမှ ပြောလိုက်သည်။

" ဒီကလေးကိုဆံပင်ညှပ်ပေးလိုက်ပါ။ ကျနော် ဟိုဘက်ခန်းက ဆိုင်မှာ တခုခု သွားသောက်လိုက်ဦးမယ် "

သို့နှင့် ဆံသဆရာလည်း ကလေးကိုဆံပင်ညှပ်ပေးလေ၏။

ထို့နောက် ဆံသ ဆရာသည် ထိုသူပြန်အလာကို စောင့်နေသည်။

ကြာလာသဖြင့် ကလေးငယ်ကို ဆံသ ဆရာမှမေးလိုက်၏။

" ဟေ့ .. မင်းအဖေက ဘယ်တွေလျှောက်သွားနေတာလဲကွ။ ကြာလိုက်တာ.."

ထိုအခါ ကလေးကပြန်ပြောလိုက်သည်မှာ.....

" ဟာ....သူက ကျနော့်အဖေ မဟုတ်ဖူး ...လမ်းမှာတွေ့တော့ သူက မင်းဆံပင် အလကားညှပ်ရမယ် လိုက်ခဲ့ ဆိုလို့ပါ...".ဟူ၍ ဖြစ်သည်။

တိန်

ရီမောပျော်ရွှင်ပါစေ
@FB
+5

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12379
Re: အမောပြေဟာသမှတ်စု
« Reply #895 on: February 03, 2013, 09:50:00 AM »
အသက်သခင်

ရန်ကုန်မြို့လည်လမ်းတခု တွင် လူနှစ်ဦး မျက်နှာချင်းဆိုင် ဆုံကြ၏။ ထိုစဉ် တဦးမှ.....

" ဟာ ဗိုလ်ကြီးမဟုတ်လား။တွေ့ရတာဝမ်းသာလိုက်တာဗျာ။ရန်သူနဲ့ တိုက်ပွဲဖြစ်တော့ ကျနော့်အသက်ကို ဗိုလ်ကြီးကယ်ခဲ့တာ။

ဗိုလ်ကြီးရဲ့ ကျေးဇူးကို ကျနော် တစ်သက်မေ့ မှာ မဟုတ်ပါဖူး ဗိုလ်ကြီးရယ်.."...ဟုဝမ်းသာအားရဆိုလေ၏။

ထိုအခါ တဘက်လူမှ....

" အင်း....ဟုတ်ပါတယ်ကျနော်ဗိုလ်ကြီးဟောင်းတဦးပါ....ဒါပေမဲ့ဘယ်တိုက်ပွဲတုန်းကပါလိမ့်။ကောင်းကောင်းမမှတ်မိဖူး ဆိုစမ်းပါဦး။

ကျုပ်ကဘယ်လိုများကယ်တင်ခဲ့တာလဲ ..."

ထိုအခါ အသက်ဘေးမှလွတ်လာသူပြန်ပြောလိုက်တာက.....

" ဟို ရိုဟင်ဂျာတိုက်ပွဲတုန်းကလေ...ဗိုလ်ကြီးက ရှေ့ကစပြီးပြေးတယ်။ ကျနော်ကလည်း ဗိုလ်ကြီးအနောက်ကနေ အတင်းပြေးလိုက်ခဲ့တာလေ....မှတ်မိပီလားဗိုလ်ကြီး.."....တဲ့

@FB
+5

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12379
Re: အမောပြေဟာသမှတ်စု
« Reply #896 on: February 03, 2013, 09:50:47 AM »
မာစတာကီး....

စကားဝိုင်း တစ်ခုမှာ အမျိုးသမီး တစ်ယောက်က ပြောတယ်

ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့ " ယောက်ျားကောင်း
မောင်းမတစ်ထောင် " တဲ့။

. မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များ
ပိုအိပ်မိရင်တော့ မကောင်းတဲ့ မိန်းမ။

ကြေးစားမတဲ့။ အတော်လည်း မတရားတာပဲ။

မိန်းမတွေကိုဆိုရင် နှိမ်ချင်ကြတာပဲ။

အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။

ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။

သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ရင်

**“**မာစတာကီး**”**လို့ ခေါ်တယ်လေ။

သော့ခလောက်တစ်ခုကို ဘယ်သော့တံမဆို ဖွင့်နိုင်ရင်တော့ သုံးစားလို့မရတဲ့ သော့ခလောက် ဖြစ်သွားမှာပေါ့....တဲ့
@FB
+4

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12379
Re: အမောပြေဟာသမှတ်စု
« Reply #897 on: February 03, 2013, 09:51:46 AM »
ကြောင်တာမဟုတ်ဖူး

ရထားတစ်စီးပေါ်တွင် ခရီးသည်တယောက်သည် လက်မှတ်စစ်မှ လာစစ်ရာ.....

သူ့လက်မှတ်ကိုဘောင်းဘီအိပ် ထဲရှာလိုက်.....အင်းကျီအိပ်ထဲရှာလိုက်.....ပိုက်ဆံအိတ် ထဲ ရှာလိုက်နှင့် ပျာယာခပ်လျက်ရှိသည်။

အမှန်မှာ ထိုလူသည် လက်မှတ်အား ပါးစပ်တွင်ကိုက်ကာ လိုက်ရှာနေသဖြင့် ကျန်ခရီးသည်များက သူ့ကိုကြည့်ပီး ရီ စရာဖြစ်နေကြ၏။

ထိုအခါ လက်မှတ်စစ်သည်ပြုံးလျက် သူ့ ပါးစပ်ထဲမှ လက်မှတ်ကို ဆွဲယူကာ ရေးမှတ်ပီး ပြန်ပေးလိုက်၏။

လက်မှတ်စစ်ထွက်သွားသောအခါ သူနှင့်အတူပါလာသော သူငယ်ချင်းက ထိုသို့ပြောလိုက်သည်။

" မင်းကွာ။တကယ်ကြောင်တဲ့ကောင်ပဲ။ လက်မှတ်ကို ပါးစပ်ထဲကိုက်ပီး လိုက်ရှာနေရတယ်လို့......"

ထိုအခါ ထိုသူ ပြန်ပြောလိုက်သည်မှာ........

" ဘာကွ။ ကြောင်တာမဟုတ်ဖူး။ငါက လက်မှတ်ပေါ်က ရက်စွဲ ကို ကြိတ်ပီး ၀ါးနေတာ......"....တဲ့
@FB
+8

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12379
Re: အမောပြေဟာသမှတ်စု
« Reply #898 on: February 03, 2013, 09:53:05 AM »
ကွန်ပြူတာဗေဒင်

ဦးဘမောင် သည် ရန်ကုန်လေဆိပ် တွင် သူစီးရမည့် လေယာဉ်ကိုစောင့်နေ၏။

ဘာရယ်ညာရယ်မဟုတ်ပဲ မျက်စိကစားရင်း ပေါင်ချိန်ပီး ဗေဒင်ဟောသည့် ကွန်ပြူတာတစ်လုံးကို သွားတွေ့လေသည်။

သို့နှင့် ငွေအကြွေစေ့ တစ်စေ့ကို..ကောင်တာမှ လဲပီး ကွန်ပြူတာဆီသို့ သွားကာ စက်ထဲသို့ထဲ့လိုက်၏။

" ခင်ဗျားရဲ့ ကိုယ်အလေးချိန်က ၁၅၅ ပေါင်ရှိပါတယ်။အိမ်ထောင်သည်တစ်ဦးဖြစ်ပီး အခုတရုတ်ပြည် ပီကင်းကိုသွားမှာဖြစ်ပါတယ်။

သမီးမိန်းကလေးကလေးနှစ်ဦးရှိပါတယ်။တယောက်နဲ့တစ်ယောက် အသက်နှစ်နှစ်ကွာပါတယ်။ခင်ဗျားသမီးအကြီးက အသက် ၁၄နှစ်ဖြစ်ပါတယ်။"

ဦးဘမောင်လည်း တအံတသြနှင့် ကြောင်ပီးရပ်နေမိ၏။ပြောသမျှအားလုံးမှန်နေသည်ကိုး။

ထို့နောက် အခြားလူတစ်ယောက်ရောက်လာပီး သူ့လိုပင် ကွန်ပြူတာစက် ထဲ သို့ ပိုက်ဆံထည့်လိုက်သည်။

ထို်အခါကွန်ပြူတာမှ စာသားများပေါ်လာ၏။

" ခင်ဗျားရဲ့ကိုယ်အလေးချိန်က ၁၈၆ ပေါင်ရှိပါတယ်။ခင်ဗျားဟာ မိန်းမနဲ့ ကွာရှင်းထားသူဖြစ်ပါတယ်။

ပြီးတော့ သြစတြေးလျားနိုင်ငံ ဆစ်ဒန်ီမြို့ကို ခရီးထွက်မဲ့သူ ...ဖြစ်ပါတယ်။ခင်ဗျား ခုထွက်တဲ့ခရီးဟာ ငွေချေးဖို့ သွားရန်ဖြစ်ပါတယ်။ "

ဦးဘမောင်လည်း ထိုသူကိုမေးကြည့်၏။

" ခင်ဗျားက မိန်းမနဲ့ကွာရှင်းထားတယ်။ဆစ်ဒန်ီသွားမလို့တဲ့ ဟုတ်လားဗျ "

ထိုသူက.." .ဟုတ်ပါတယ်ခင်ဗျာ "

ဦးဘမောင်အကြီးအကျယ်အံအားသင့်သွား၏။

ဒီလောက်မှန်လွန်းနေတာတော့လွန်ပီဟုစိတ်ထဲတွင်လည်း ဖြစ်ပေါ်မိ၏။

ထို့နောက်အမျိုးသားနားနေခန်းသို့ သွားကာ အ၀တ်အစားများကို သေချာလဲလိုက်၏။

မျက်မှန်အနက်ကိုလည်းတပ်လိုက်၏။ရှူးဖိနပ်များကိုလည်းပြောင်းစီး၏။

ပီးမှ ကွန်ပြူတာစက်ဆီသို့ တခေါက်ပြန်လာပီး ပိုက်ဆံထည့်ကာ မေးလိုက်၏။

ကွန်ပြူတာစက်က ပြန်ဖြေသည်မှာ......

" ခင်ဗျားရဲ့ကိုယ်အလေးချိန်ဟာ ၁၅၅ ပေါင်ရှိတုန်းပါပဲ ။အိမ်ထောင်ရှင်တစ်ယောက်လည်းဖြစ်တုန်းပဲ။ပြီးတော့

တရုတ်ပြည်ပီကင်းမြို့ ကိုသွားမဲ့ လေယာဉ်နဲ့ ခင်ဗျား လွဲသွားပီး ဒီလေဆိပ်မှာ ကျန်ခဲ့လိမ့်မယ်..."..ဟူသတည်း။
@FB
+5

Offline မိုးမင်းသား

  • ဘွဲ့ရ
  • ******
  • Posts: 1868
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +12379
Re: အမောပြေဟာသမှတ်စု
« Reply #899 on: February 03, 2013, 09:57:26 AM »
နောက်တစ်ခါ......

ကျနော့်မိတ်ဆွေ...တစ်ဦးသည်...အမျိုးသမီးတစ်ဥိးနဲ့ လက်ထပ်လိုက်၏။

ထိုအမျိုးသမီးမှာ ယခင် အိမ်ထောင်နှင့် ကလေး နှစ်ဦးပါရှိလေ..၏။

လက်ထပ်ပွဲကျင်းချိန် အခမ်းအနားတွင်..အသက် ၄နှစ် ၅ နှစ် အရွယ်.ကလေး..နှစ်ဦးမှာ... မိန်းမဖြစ်သူ၏ အမေ.....

ယောက်ခမ( အဘွား) နဲ့ အတူလိုက်ပါလာလေသည်။

ကလေးတို့သဘာဝ အခန်းအနားမစမီ ဟိုဝိုင်းပြေးလိုက်။ဒီဝိုင်းပြေးလိုက်နှင့်ဧည့်သည်များအကြားပြေးလွှားဆော့ကစားကြလေကုန်၏။

ထိုအခါ အဖွားလုပ်သူမှ.....ကလေးများအား ကပ်ကာ တိုးတိုးလေးပြောလိုက်ပုံက....

" ငြိမ်ငြိမ် မထိုင်နေပဲ ဟိုဆော့ ဒီဆော့ လုပ်နေမယ်ဆိုရင် နောက်တစ်ခါ ကျရင်မခေါ်တော့ဖူး......." .....တဲ့
@FB
+3

Tags: