Author Topic: အမောပြေဟာသမှတ်စု  (Read 464688 times)

0 Members and 2 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #870 on: October 08, 2012, 11:28:47 AM »
 ;)

အမေရိကန်နိုင်ငံက မြို့ကလေးတစ်မြို့မှာ တော်တော်လေး ကြီးတဲ့ စက်ရုံတစ်ရုံ ရှိပါတယ်။

အဲဒီစက်ရုံက မန်နေဂျာဟာ အိမ်ထောင်ရှိတဲ့ အမျိုးသားတွေကိုပဲ အလုပ်ခန့်လေ့ ရှိပါတယ်။

တစ်နေ့မှာ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး သိချင်တဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက မန်နေဂျာဆီဖုန်းဆက်ပြီး "ရှင်... ဘာဖြစ်လို့ အိမ်ထောင်ရှိတဲ့ အမျိုးသားတွေကိုပဲ အလုပ်ခန့်မယ်လို့ သတ်မှတ်ထားတာလဲ။

အမျိုးသမီးတွေက အားနွဲ့တယ်၊ တုံးအတယ်၊ အမြဲတမ်း ညည်းညူ တတ်တယ်၊ ဒါမှမဟုတ် တစ်ခုခုမကောင်းဘူးလို့များ ထင်ထားလို့လား" လို့ မေးကြည့်လိုက်ပါတယ်။

မန်နေဂျာက "ခင်ဗျားထင်သလို မဟုတ်ရပါဘူးဗျာ။

အကြောင်းကတော့ ကျွန်တော့ဝန်ထမ်းတွေကို အမိန့်နာခံ နေကျဖြစ်တဲ့သူ၊ ဆရာလုပ်ပြောခံရတာ ကျင့်သားရတဲ့သူ၊ ပါးစပ်ကို ဘယ်လို ပိတ်ထားရမလဲဆိုတာ သိတဲ့သူနဲ့ သူတို့ကို ကျွန်တော်အော်ငေါက်လိုက်တဲ့အခါ အပြုံးမပျက်တဲ့သူ တွေကိုပဲ လိုချင်လို့ပါဗျာ"

 8)
ဆရာဝန်တစ်ဦးက ဇနီးသည်မွေးနေ့အတွက် မွေးနေ့ ကိတ်မုန့်အော်ဒါ မှာတဲ့အခါ 'မင်းဟာ အိုလာတာ မဟုတ်ပါဘူး၊ ပိုပြီးတော်လာတာပါ' ဆိုတဲ့ စာသားလေး ထည့်ရေးပေးဖို့ပါ ပြောလိုက်ပါတယ်။

ကိတ်မုန့်ဆိုင်က စာရေးက ဘယ်လိုပုံစံနဲ့ ထည့်ပေးရ မှာလဲလို့ သူ့ကို မေးတဲ့အခါ သူက 'အိုလာတာ မဟုတ်ပါ ဘူး' ဆိုတာကို အပေါ်ပိုင်းမှာ ထားပေးပါ။

အောက်မှာ တော့ 'ပိုတော်လာတာပါ' ဆိုတာကို ထားပေးပါလို့ သူလို ချင်တဲ့ပုံစံကို ရှင်းပြလိုက်ပါတယ်။

ဒါပေမယ့် အိမ်ရောက်လို့ ခင်းကျင်းပြင်ဆင်ပြီး မွေးနေ့ကိတ် လှီးတော့ မယ့် အခါကျမှ သူတွေ့လိုက်ရ တဲ့ စာတန်း က "မင်းရဲ့ အပေါ်ပိုင်း က မအို သေးပါဘူး။

အောက်ပိုင်း ကလည်း ပိုတော်လာ ပါတယ်"
+7

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #871 on: October 08, 2012, 11:35:59 AM »
 :)
အရက် အလွန်အကျွံမူးနေတဲ့ လူတစ်ယောက်ဟာ ခြေတစ်ဖက်ကို လူသွားလမ်းပေါ်မှာနင်းကာ နောက်ခြေ တစ်ဖက်ကိုတော့ လမ်းဘေး ရေမြောင်းထဲထည့်ပြီး ဒယိမ်းဒယိုင်နဲ့ လျှောက်လာပါတယ်။

အဲဒီအချိန်မှာ ရဲသားတစ်ယောက် ရောက်လာပြီး "ဒီမှာ ..ကိုယ့်လူ ခင်ဗျားကိုတော့ ရဲစခန်းပို့ရတော့မှာပဲ။ခင်ဗျားတော်တော့ကို မူးနေတယ်"လို့ အမူးသမားကို ပြောလိုက်ပါတယ်။

အမူးသမားက "ကျွန်တော်မူးနေတာ သေချာရဲ့လား ဆရာရယ်"လို့ ပြန်မေးလိုက်တာကြောင့်

"သိပ်သေချာ တာပေါ့ ကိုယ့်လူ။ ရဲစခန်းကို သွားကြရအောင်"လို့ ရဲက ပြန်ပြောလိုက်ပါတယ်။

ဒီတော့မှ အမူးသမားက စိတ်သက်သာရာရသွား တဲ့ဟန်နဲ့ သက်မကြီးချလိုက်ပြီး

"ဟူး ..တော်ပါသေးရဲ့။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ခြေကျိုးနေတဲ့သူလို့ ထင်နေတာဗျ"လို့ ၀မ်းသာ အားရနဲ့ ပြန် ပြော လိုက်ပါ တော့ တယ်။

 :D
မြို့တစ်မြို့မှာ လေယာဉ်တစ်ထောက်နားတာကြောင့် လေယာဉ်မှူးက လေယာဉ်မယ် အသစ်ကို သူတို့တွေ ညအိပ်နားနေရတဲ့ ဟိုတယ်မှာ နေထိုင်၊ စားသောက်ပုံနဲ့ ဈေးဝယ်ထွက်လို့ကောင်းတဲ့နေရာကိုပါ ညွှန်ကြားပြောပြပေးပါတယ်။

နောက်တစ်နေ့မနက်မှာ လေယာဉ်မှူးနဲ့ သူ့အဖွဲ့သားတွေ လူစုကြချိန်မှာ လေယာဉ်မယ်အသစ် ရှိမနေတာကို သတိထားမိတဲ့ လေယာဉ်မှူးက ဘာများဖြစ်နေ သလဲလို့ တွေးတောမိပြီး လေယာဉ်မယ်အခန်းဆီ ဖုန်းဆက်လိုက်ပါတယ်။

လေယာဉ်မယ်က သူအခန်းအပြင်ကို ထွက်လို့ မရဘူးလို့ဆိုကာ ငိုယိုပြီး ဖုန်းအဖြေပေးတာ ကြောင့် "ဘာကြောင့်မရတာလဲ"လို့ လေယာဉ်မှူးက မေးလိုက်ပါတယ်။

"ဒီမှာ တံခါးသုံးပေါက်ပဲရှိတယ်'လို့ တစ်ချက် ရှိုက်ငိုလိုက်ရင်း လေယာဉ်မယ်က ပြန်ဖြေလိုက် ပါတယ်။

ပြီးတော့ထပ်ပြောလိုက်တာကတစ်ပေါက် က ရေချိုးခန်း၊ တစ်ပေါက်က ဗီရိုတံခါး၊ နောက် တစ်ခုကတော့ 'မနှောင့်ယှက်ပါနဲ့' လို့ စာတန်း ချိတ်ထားတယ်"
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #872 on: October 08, 2012, 11:42:35 AM »
 ;)

လူတစ်ယောက်ဟာ အပြစ်တစ်ခုကို ၀န်ခံချင်တာ ကြောင့် ခရစ်ယာန် ဘုန်းတော်ကြီးဆီကို သွားပါတယ်။

"ကျွန်တော်အပြစ်လုပ်မိပါတယ်။ ခွင့်လွှတ်ပေးပါ .. ဖာသာ။ ဒုတိယကမ္ဘာစစ်ဖြစ်တုန်းက ကျွန်တော့အိမ် ထပ်ခိုးမှာ ဒုက္ခသည် တစ်ယောက်ကို ၀ှက်ပေးထား မိပါတယ်"လို့ ပြောလိုက်ပါတယ်။

ဘုန်းကြီးက "ဒါဟာ ..အပြစ်မဟုတ်ပါဘူးကွယ်"လို့ နှစ်သိမ့်ပြောဆို လိုက်တဲ့အခါ "ဒါပေမယ့် ကျွန်တော် သူ့ဆီကနေ နေထိုင်ခအဖြစ် တစ်ပတ်ကို ဒေါ်လာ ၂၀ အမြဲ တောင်းတယ်" လို့အမျိုးသားက ထပ်ပြောလိုက်ပါတယ်။

"ဒီလိုလုပ်တာ မကောင်းဘူးဆိုတာတော့ ဟုတ်တာ ပေါ့လေ။ ဒါပေမယ့် မင်းက ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပဲလေ"လို့ ဘုန်းကြီးက ပြန်ပြောလိုက်ပါတယ်။

"ကျေးဇူးပါပဲ ..ဖာသာရယ်။ ကျွန်တော့စိတ်ကို တကယ့်ပဲ သက်သာရာ ရစေပါတယ်။ ဒီလိုဆိုရင် မေးခွန်း တစ်ခုလောက် ထပ်မေးလို့ရမလား ခင်ဗျာ"လို့ အမျိုးသား က ပြောလိုက်ပါတယ်။

"ဘာများလဲ ..ငါ့သားရယ်"လို့ ဘုန်းကြီးက မေးလိုက် တဲ့အခါ အမျိုးသား မေးတဲ့ မေးခွန်းက "စစ်ပွဲ ပြီးသွားပြီဆိုတာ သူ့ကို ပြောပြ လိုက်ရမလား"
+7

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 758
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +4196
Re: အမောပြေဟာသမှတ်စု
« Reply #873 on: October 13, 2012, 12:33:30 AM »
ငါကွ

"မနေ့က ကျနော့်ကြောင့် မိန်းမနှစ်ယောက် ရိုက်လား ပုတ်လားအထိဖြစ်ကြတယ်"

"ဟာ... မဖြစ်နိုင်တာပဲ"

"မယုံမရှိနဲ့။ တစ်ယောက်က အော်ပြောတယ်။ နင့်အကောင် နင်ပြန်ယူတဲ့။ နောက်တစ်ယောက်ကလဲ ကတ်ကတ်လန် ပြန်ပြောတယ်။ ဒီအကောင်ကို ငါကဘာလုပ်ရမှာလဲတဲ့"
+5
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline aeverme.sogood

  • ပထမနှစ်
  • *
  • Posts: 2
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: -5
Re: အမောပြေဟာသမှတ်စု
« Reply #874 on: October 13, 2012, 05:25:33 PM »
(click to show/hide)

   အရမ်းကောင်းပါတယ်ဗျာ...ဖတ်ပြီးတော့.
0
« Last Edit: October 14, 2012, 05:13:26 PM by tunaye2011 »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #875 on: October 15, 2012, 11:07:25 AM »
ကျွန်ုပ်နှင့် ရွှေဥ ဥသော ငှက်အကြောင်း

တစ်နေ့သ၌ ကျွန်ုပ် မောင်မင်း သည် ဆူညံလွန်းခြင်း၊ တိတ်ဆိတ်လွန်းခြင်း စသည့် အစွန်းနှစ်ပါး လွတ်ပြီး အတန်အသင့် လူသွားလူလာ ရှိသော လမ်းကလေး နံဘေး၌ ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်ကလေး၌ ထိုင်ရင်း လက်ဖက်ရည် တစ်ခွက်အား ဇိမ်ခံ၍ သောက်နေလေ၏။ လက်ဖက်ရည် တစ်ဝက်ခန့် ကုန်သွားသောအခါ အသင့် ဆောင်ထားသော စီးကရက်ဘူးအတွင်းမှ စီးကရက်တစ်လိပ်အား ထုတ်ယူ၍ မီးညှိ ရှိုက်ဖွာကာ ဟိုတွေး ဒီငေးဖြင့် အားလပ်ခြင်း အရသာအား အပြည့်အဝ ယူနေမိလေတော့၏။
(click to show/hide)

ဟူ၍ လူကြီးမှ ကျွန်ုပ်အား ပြောလိုက်ပြီးနောက် လက်ဖက်ရည်ဖိုးအား ကျွန်ုပ်အတွက်ပါ ရှင်းပေးပြီးနောက် ကျွန်ုပ်အား “ဆက်ဆက် လာခဲ့နော့” ဟူ၍ နှုတ်ဆက်ကာ ထွက်ခွာ သွားလေတော့၏။ ထိုအခါ ကျွန်ုပ်လည်း ၎င်း၏ ကျောပြင်အား ငေးကြည့်ပြီးနောက် “အရူး” တစ်ယောက်ပါတကား

- မဟာရာဇာ အံစာတုံး
+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #876 on: October 15, 2012, 11:11:54 AM »
ကျွန်ုပ်နှင့် အင်တာနတ် တန်အောင်သုံးနည်း

တစ်နေ့သောအခါ ကျွန်ုပ်သည် ပူပြင်းသောမတ်လနေရောင်အောက်တွင် စဉ်းစားခန်းချဲထွင်နေလေ၏။
အရှေ့အလယ်ပိုင်းဒေသက အာဏာရှင်ဆန်ကျင်ဆန္ဒပြပွဲကြောင့် အဖျားရိုက်ခက်လာသော ကုန်ဈေးနှုန်းကြီးမြင့်မှု ကျွန်ုပ်၏ အိမ်ရှေ့သို့ ရောက်ရှိလာခြင်းအပေါ် တွေးတောသုံး သပ်ဆင်ခြင်မိ နေရင်း ကျွန်ပ်၏ အသုံးစားရိတ်များ အားလောက်ငအောင်မည်သို့ အသုံးခြရလျင် ကောင်းမည်နည်းဟုစဉ်းစားရင်းနှင့်ကျွန်ုပ်၏ တစ်နေတာ သုံးစာရိတ်များကို တွက်ချက် နေမိရာ ဆေးဖိုး၊ကွမ်းဖိုး၊ဘီယာဖိုး အပါအ၀င်ငွေယိုပေါက်ထဲမှ အကြီးမားဆုံး ငွေယိုပေါက်ကြီးကိုတွေ့ရှိမိ လေသည်။ ထိုအကြီးမားဆုံးငွေထွက်ပေါက်ကြီးက အခြားမဟုတ် ကျွန်ပ်၏ အင်တာနတ်(ခေါ် ) အီလက်ထောနစ်ဆက်သွယ်မှု အသုံးစာရိတ်ကြီးပင်ဖြစ်နေသည်။ ထိုကြောင့်ထိုအသုံးစားရိတ်အား မည်သို့ချွေတာရမည်၊သို့မဟုတ်မည်သို့ တန်အောင်သုံးရမည်ဟုစိတ်ကူးကြည့်မိလေ၏။ စိတ်ကူးထဲတွင်တွေးလုံးလေးတွေကတော့ မဆိုး လှထို့ကြောင့် လက်တွေ့လုပ်ကြည့်ဖို့ စိတ်ကူးမိရင်းလမ်းထိပ်က အင်တာနက်ဆိုင်များရှိ ရာသို့အပြေးသွားပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လေ့လာကြည့်ရှုနေမိသည်။
(click to show/hide)

ထို့နောက်Cafezee ကအချိန်၅မိနစ်လက်ကျန်ရှိတော့ ကြောင့်ပြမှ ပိတ်စရာရှိတာတွေပိတ်ပြီး ဆိုင်ကအိမ်သာထဲအပေါ့အပါးသွားပြီး၊ကိစ္စ၀ိစများရှင်း ကာကောင်တာသို့ ပေါ့ပါးသွက်လက်တဲ့ခြေလှမ်းတွေနဲ့ ပြုံးပြုံးပျော်ပျော်ကြီးငွေရှင်းရင်း..ရေတစ်ခွက်ထပ်သောက်ကာ ဆိုင်မှာတင်ထားသည့်ဂျာနယ် တစ်စောင်လုံးကုန်အောင်ထိုင်ဖတ်ကာ…အိမ်သို့ပြန်လေသတည်း..။ ကျွန်ုပ်၏ရင်ထဲမှာတွင်မှု ဒီကကွန်နတ်ရှင်နှင့်ကထိုသို့သုံးမှတန်သည်ဟုတွေးတောကာ
ရေးသူ။မစ္စတာမောင်အာဂ။


 ;)


အပျိုကြီး ။ ဘယ်တော့လောက်များ ဖူးစာဖက်နဲ့ ဆုံနိုင်မလဲ ဆရာ
ဗေဒင်ဆရာ ။ သီတင်းသုံးပတ်လောက်ပဲ သီးခံရမှာပါ

အပျိုကြီး ။ ၀မ်းသာလိုက်တာဆရာရယ်

ဗေဒင်ဆရာ ။ ဒီစာရွှက်လိပ်လေးကိုတော့ သေချာဆောင်ထား တစ်ပတ်ပြည့်မှ ဖွင့်ကြည့်ပြီးဒီစာရွှက်အတိုင်း ဆောင်ရွှက်ပေးပါနော်။

တစ်ပတ်ပြည့်ပြီးနောက် စာလိပ်လေးကို ဖွင့်ကြည့် လိုက်ရာ . . ကျွန်တော်ကိုယ်တိုင်လည်း ဖူးစာဖက် ရှာနေသူမို့ စောင့်မျှော်နေပါတယ်။

အပျိုကြီး ။ ရှင် . . .အယ်
+4
« Last Edit: October 15, 2012, 11:25:25 AM by စိုင်းရွှေတိုး »

Offline ကဝိ

  • PDF Creator
  • **
  • Posts: 236
  • ဂုဏ်ထူးဆောင်ရမှတ် 500
  • Gender: Male
  • အားလုံးကိုခင်မင်ပါတယ်
  • Respect: +3711
Re: အမောပြေဟာသမှတ်စု
« Reply #877 on: October 17, 2012, 12:42:49 PM »
တစ်ခါ တစ်လေမှာ လူတွေဟာ ပေါက်တတ်ကရတွေတွေးတတ် ကြပါတယ် ။ အားအားယားယား အလုပ် မရှိတွေးနေကြတာပါ ။ အဲဒီလို ပေါက်တတ်ကရတွေတွေးနေလို့လဲ မဖြစ်သင့်တာတွေဖြစ်လာ တာပေါ့ ။ ခွေးတွေ ၊ ၀က်တွေက ဆာလာရင် စားစရာကို လိုက်ရှာ၊ အနံ့ခံပြီး ရှာစားကြပါတယ် ။ လူတွေကတော့ ဆာလာရင် လိုက်ပြီး အနံ့မခံပါဘူး ၊ ရှာတော့ရှာပါတယ် ။ ဥပမာ ။ ဒီနေ့ဘယ်အိမ်မှာ အလှူလုပ်သလဲ? ။ ဒါမှမဟုတ် ချက်စား ၊ ဆိုင်မှာဝယ်စားကြပါတယ် ။ အဲဒီအထိအေးဆေးပါ ။ အဲ….ဗိုက်ဝ လာတော့ စတွေးပါတယ် ။ ပြဿနာက အဲဒီမှာစတာပါ ။လူတွေဟာ ဗိုက်ဝလာရင် ပြဿနာ ရှာ တတ်ပါတယ် ။ အာဒံ နဲ့ ဧ၀ ကိုပဲကြည့်လေ ပန်းသီး မစားခင်တုန်းက ဘာဖြစ်လို့လဲ ။ အေးဆေးပဲလေ ။ အဲ ဗိုက်လည်းတင်းလာရော ၊ ဇရက်မင်း စည်းစိမ်ကွ ဆိုပြီး နဖူးပေါ်လက်တင်ပြီး စတွေးတော့တာပါပဲ

ဒီနေ့ ဟင်းချက်ရတာ ပင်းပန်းလိုက်တာ ၊ ထမင်းဆိုင်က ဟင်းကြီးကလည်း ဆားပေါ့လိုက်တာ ဘာညာ ပေါ့ ။ မိန်းမရှိရင်ကောင်းမှာပဲ … အဲ ပြဿနာက အဲလို။ တစ်ခုရပြီးရင် မကျေနပ်ပဲ ဆက်..ဆက်..ပြီး တွေးသွားကြတာလေ ။ တခြားဘယ် သတ္တ၀ါကမှ အဲလောက်မတွေးပါဘူး ။ အဲဒါကြောင့်လဲ မာနကြီး နေကြတာပေါ့ ။ အဲလို လိုရာကိုဆွဲတွေးပြီး တော့ ခေါင်းစဉ်ပါတပ်လိုက်သေးတယ် 'အချစ်' တဲ့။ တော် တော်ပေါက်ပေါက်ရှာရှာ တွေးတဲ့လူတွေဗျာ ။ အဟေးဟေး ကျုပ်လဲလူပါပဲ ။ အဲလို အစဆွဲထုတ်ရာ ကို လိုက်သွားကြရင်းနဲ့ ' ရှင်က ကျမ ကိုချစ်လို့လား' ' ချစ်ပါတယ်' ဆိုပြီး အုန်းခြစ်ကြီး ကိုင်ပြလို့လဲမရ ။ 'ကျမကို ချစ်ရင် အင်္ကျီဝယ်ပေး ' ဆိုတော့ ' ငါလည်း ဒါပဲဝတ်တာ' ဆိုပြီး စွပ်ကျယ်ဝယ်ပေးလို့ ကလဲ မဖြစ် ။အဲဒါကြောင့်ပြောတာ ပေါက်တတ်ကရတွေ မတွေးပါနဲ့လို့ ။

အဲဒီလို အစဆွဲထုတ်ပြီး ပေါက်တတ်ကရတွေတွေးတော့ …ကဲ ။ ဥပမာ နယူတန် ဆိုတဲ့သိပ္ပံပညာ ရှင်ကိုပဲကြည့် ။ ပန်းသီးတစ်လုံးပြုတ်ကျလာတာကို သူကဗိုက်ဝနေတော့ ပေါက်ကရတွေ တွေးပါလေ ရော ။ ဆာနေတဲ့လူသာဆို စားလိုက်မှာပေါ့ ။ နောက်ပြီး အမှန်ဆိုသူတွေးသင့်တာက ဒီနေ့ပန်းသီး ပေါက်ဈေး ဘယ်လောက်လဲ ။ ဒီပန်းသီးတွေခူးပြီး ဈေးမှာသာ ချရောင်းလိုက်ရ ၊ အရင်းမစိုက်ပဲ အမြတ်ကြီးပါပဲလား ဘာညာပေါ့ ။ ဒါမှမဟုတ် အပင်အောက်လာထိုင်တာကို အပင်စောင့်ရုက္ခစိုး ကမကြိုက်လို့လား ။ အရှင်ရုက္ခစိုးနတ်မင်းကြီးရယ် ကျွန်တော့်သားလေးကိုဗွေမယူပါနဲ့ ၊ ကျွန်တော့် မိန်းမကိုပဲ အတည်ယူပါ ၊ ကျွန်တော့်မှာ နောက်စမောလေး တွေ့နေပါပြီ ..ဘာညာပေါ့…။

ဒါမှမဟုတ် ပန်းသီး ဆိုတော့ ကြာသပတေး၊သောကြာ ၅၆ ကျလာတာက တနင်္လာဆိုတော့ ၂ အဲဒီတော့ ၅၆၂ ဆိုပြီး နီးရာဒိုင်ဆီပြေး ရှိသမျှလေးအောပြီး ရင်ခုန်နေပေါ့ ။ ပေါက်ရင်တော့ စည်ဘီယာ ဆိုင်ထိုင်မယ် ၊ ပန်းကုံးစွပ်မယ် ၊ နိုက်ကလပ်တက်မယ် ၊ 501 ၀ယ်ဝတ်မယ်၊ Dr.Martin ၀ယ်စီးမယ် ပေါ့ ။ အခုတော့ မဟုတ်ပါဘူး ။ ကမ္ဘာကြီးနဲ့ ပန်းသီးပင်က အပြိုင်လွန်ဆွဲရင်း ကမ္ဘာကြီးကပဲ အတွင်း အားကောင်းလို့ နိုင်သွားသလိုလို။ ပြီးတော့ သူကတွေးရုံတင်မက လျှောက်ပြောသွားတော့ အခုနောက် လူတွေ ကဒုက္ခရောက်ရတာပေါ့ ။"ဖိ" ပြီး "စစ်"တဲ့ အဲဒီ "ဖိစစ်" ဆိုတာကြီး မှာနယူတန် ရဲ့ 'ဖက်လော' 'စခန်းလော' ' သတ်လော' တွေသင်ပြီဆို ကျောင်းသားတွေက သူ့ကိုကြိတ်ပြီး စိတ်ဆိုးနေကြတာ သူကတော့ မသိပါဘူး ။ 'ပန်းသီးတစ်လုံး အရင်းသုံး၍ ဂရာဗေတေရှင်နယ်ဖို့စ် ကြပါစို့ 'ဆိုပြီးတောင် အော်ချင်အော်နေမှာ ။

နောက်ရှိပါသေးတယ် အက်ဒီဆင်ဆိုတဲ့လူ ၊ သူ့ဟာသူ ဘာဆင်ပဲဖြစ်ဖြစ်ပေါ့ ။ သူကမီးလုံးတွေ မီး ချောင်းတွေ တွေးပြီးတီထွင်ခဲ့တာ ၊ နယူတန် လောက်တော့ မဆိုးဘူးပေါ့ ။ ဘောလုံးပွဲလေးဘာလေး ကြည့်ရင်တော့ ကျေးဇူးအတင်သား ။ ဒါပေမယ့် ဗျာ ညကိုးနာရီ ချိန်းထားတဲ့ သမီးရည်းစားနှစ်ယောက်ကိုမေးကြည့် အက်ဒီဆင် ရဲ့မီးသီးလိုလား ?လို့ ကောင်မလေးကပြောမှာပေါ့ "ခုနေ အနားမှာရှိရင် ပါးဆွဲ
ရိုက်ပစ်မှာ" လို့ ။ အဲဒီလိုဗျ ။ အမြဲ မကောင်းဘူး ။ ယောက္ခမကြီး ကိုရီးယား ကားကြည့်နေတုန်း အက်ဒီဆင် မလိုပါဘူးဗျာ ။ အလုပ်ကည ၈နာရီပြန်လာတဲ့ လူတစ်ယောက် ၊ ကားမှတ်တိုင်ကနေ အိမ်ကို ၁၅ မိနစ်လောက် လျှောက်ရဦးမှာ၊ ကျန်းမာရေကလဲပေါ်လာပြီ ။ ပတ်ဝန်းကျင်ကိုလည်း အားနာ ရှက်ကလည်းရှက် ၊ အက်ဒီဆင် ကြီးကလည်းရှိနေတော့ သူ့ခမျာ ကွတတ ကြီးနဲ့ပဲ အိမ်ကို မအီမလည်ကြီးပြန်ခဲ့ ရပါလေရော ။ ခင်ဗျားဆိုရင်ကော အဲဒီလူနေရာမှာ အဲဒီ အက်ဒီဆင်ဆိုတဲ့လူကြီးကို ကျေးဇူးတင်မှာလား ? ။ကဲ အဲဒါကြောင့်ပြောတာ ၊ ပေါက်ကရတွေ မတွေးပါနဲ့လို့ ..

Credit to lkn.yolasite
+3
ပျော်ချင်တိုင်းလည်း မပျော်ရပါ... ချစ်မိသူတိုင်းလည်း ချစ်ချင်း မခံခဲ့ရပါ.... မသိသေးတဲ့ ဒီလောကရဲ့ အထာ အချစ်ဆိုတာ... လျှို့ဝှက်ချက် တစ်ခုပါ.....

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3354
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19816
Re: အမောပြေဟာသမှတ်စု
« Reply #878 on: October 20, 2012, 12:24:50 PM »
       အရာရှိငယ်သင်တန်းဆင်းပွဲမတိုင်ခင် သင်တန်းသားက ရွာက အမေ့ဆီကို စာလှမ်းရေးတယ်..။

       "     အမေ..

             ကျနော် သင်တန်းဆင်းတဲ့အခါ သင်တန်းဆင်းပွဲကို ရွာက လေးငါးယောက်လောက် ခေါ်ခဲ့ပါ..

             သူတို့ လဲ တွေ့ ဘူး..မြင်ဘူးတာပေါ့     "

       သင်တန်းဆင်းပွဲက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆို တော်တော်ကြီးကျယ်တဲ့ပွဲဆိုတော့ ရွာကလူတွေကိုလည်း

တွေ့ ဖူး မြင်ဖူးစေချင်တာနဲ့  သူ့ အမေဆီ စာလှမ်းရေးလိုက်တာ..။ သင်တန်းဆင်းပွဲကျတော့ မိဘအရင်းတွေပဲ တက်

ခွင့်ရတယ်.။ ဘွဲ့ နှင်းသဘင်အခမ်းအနားပြီးတော့မှ မိဘ ဆွေမျိုးတွေ တွေ့ တော့ အရာရှိလောင်း မျက်လုံးပြူးသွားတယ်..။

       "     အမေ..လူတွေ များလှချည်လား.. ရွာမှာကော လူကျန်သေးရဲ့ လား အမေရယ်..  "  

       "     ဆရာတော်တော့ ကျန်ပါသေးတယ်သားရဲ့ ..မင်းပဲ ရွာက လေးဆယ့်ငါးယောက်လောက် ခေါ်ခဲ့ပါ

             ဆိုလို့  မနည်းခေါ်လာခဲ့ရတာကွယ့်..   "

       "     သားရေး.လိုက်တာက လေးငါးယောက်လောက်လို့ ရေးလိုက်တာပါ အမေရယ်.. "

       "     ဒီမှာလေ.. သားရေးလိုက်တဲ့စာ...ပြန်ဖတ်ကြည့်ပါဦး     "

       အရာရှိငယ်လေးလည်း ကိုယ်ရေးတဲ့စာ ကိုယ်ပြန်ဖတ်ပြီး  ဟိုက် ကနဲ ဖြစ်သွားတော့တယ်..။ ရေးထားတာလည်း

ကြည့်ပါဦး....ပုဒ်ဖြတ်မခံ..ဘာမခံထားတော့ ဒီလိုဖြစ်သွားတာပေါ့.... :( :( :( :( :( :(

       "     အမေ..

             ကျနော် သင်တန်းဆင်းတဲ့အခါ သင်တန်းဆင်းပွဲကို ရွာက ၄၅ ယောက်လောက် ခေါ်ခဲ့ပါ..

             သူတို့ လဲ တွေ့ ဘူး..မြင်ဘူးတာပေါ့     "
+4
« Last Edit: October 20, 2012, 12:41:27 PM by tunaye2011 »

Offline ညီပု

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 749
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +9358
Re: အမောပြေဟာသမှတ်စု
« Reply #879 on: November 17, 2012, 04:12:08 AM »
မီးတစ်တို့လောက်

ကိုချူချာအား ၀မ်း စစ်ရန်လိုအပ်သည်ဟု ဆရာဝန်ကပြော၏။မနက်စောစော ထသွားသော ၀မ်းကို သာ ယူခဲ့ရန်လည်းမှာ၏။
ဒါနဲ့မနက်ဖက်တွင်သစ်သား မီးချစ်ဗူး အလွတ်တခု ထဲသို့ အစစ်ခံမည့်ပစ္စည်း ( ၀မ်း )ကိုထဲ့ကာ ဆေးရုံသို့ ယူသွားသည်။
တရက်ကြာသွားသည် ကိုချူချာ အိမ်ပြန်မရောက်လာချေ။နှစ်ရက်၊ သုံးရက်ကြာသွား၏။ကိုချူချာကား ပေါ်မလာချေ။
မိန်းမဖြစ်သူမှာ စိတ်ပူလာကာမိတ်ဆွေသူငယ်ချင်းများထံ ဖုန်းဆက်၏။ရောက်မလာကြောင်းပြောကြသောအခါ ပို၍စိတ်ပူလာ၏။
ဆေးရုံ သို့ သွားရောက် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
ဆီး၊၀မ်း၊သွေး စသည်တို့ကို စစ်ဆေးသော ဓါတ်ခွဲခန်းမှ တာဝန်ကျသူများကိုမေးရာ သူတို့လဲ ဘာမှ မသိကြောင်းဖြေ၏။
ဤ တွင် သန့်ရှင်းရေး အလုပ်သမား က ကိုချူချာ့မိန်းမအား လှမ်းပြော၏။

" ခွဲစိတ်ဆောင်ကိုသွားကြည့်ပါလားဗျ။အဲဒီမှာ ယောက်ကျားကြီးတစ်ယောက် ရောက်နေတာ သုံး လေး ရက်လောက်ရှိပီဗျ။
ခင်ဗျား ယောက်ကျား ဖြစ်ချင်ဖြစ်နေမှာ "

စကားမဆုံးမီစိုးရိမ်စိတ်ဖြင့် ခွဲစိတ်ဆောင်ဘက်သို့အပြေးသွားလိုက်မိ၏။
ခွဲစိတ်ဆောင်အတွင်းကုတင်ပေါ်တွင်ကား မျက်နှာ တခုလုံးပတ်တီးစီးထားသော ယောက်ကျားဖြစ်သူကို ရင်နင့်ဖွယ်ရာ မြင်လိုက် ရ၏။
ဇနီးဖြစ်သူလဲ ငိုယိုပီး ယောက်ကျား ကိုမေး၏။

" ကိုချူချာ၊ရှင်ဘယ်လိုဖြစ်ရတာလဲ။ရှင့်ကို ဘယ်သူတွေကများ ခုလို ရက်ရက်စက်စက် လုပ်လိုက်ကြတာလဲဟင်...ပြောပါအုန်းရှင် "

ထိုအခါ အားယူရင်း ကိုချူချာ ပြန်ဖြေလိုက်တာက.....

" ဘာမှ မမှတ်မိတော့ပါဖူး မိန်းမရာ။အဲ...ဒါပေမဲ့ မီးတစ်တို့လောက်ဆိုပီး လူသုံးယောက် ငါ့ဆီကတောင်းတာကိုပဲ နောက်ဆုံးမှတ်မိတော့တယ် ကွာ "....တဲ့
+7
♪♫ တကယ်ဆို   မချိုပါဘူးအချစ်ရာ  ကြာမှ  ခါးမှန်းသိနိုင်တဲ့အရာ...♫♫♪

Tags: