Author Topic: အမောပြေဟာသမှတ်စု  (Read 493934 times)
0 Members and 1 Guest are viewing this topic.
Offline စိုင်းရွှေတိုး
  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +11021
Re: အမောပြေဟာသမှတ်စု
« Reply #860 on: September 02, 2012, 11:46:48 AM »
ဖိလစ်ပိုင်နိုင်ငံ ပင်လယ် ကမ်းခြေတခုတွင် ဆိုင်ကလုံး မုန်တိုင်း တိုက်ခတ် သွားပြီးနောက် မိုးသည်း ထန်စွာ ရွာသွန်းပြီး မြို့ရွာများ ရေလွှမ်းမိုး ကုန်သည်။
လူ အများအပြား သည် ရေလွတ်ရာ ကုန်းမြင့်ဒေသ များသို့ရွှေ့ပြောင်း သွားကြသည်။
သို့သော် မစ္စတာ အန်ထော်နီက သူနေအိမ်ကို စွန့်ခွာ မသွားပေ။
တဖြည်းဖြည်းနှင့် ရေများ တက်လာနေကာသူ့အိမ်ကို ဖုံးလွှမ်းလာသည်။
အန်ထော်နီက ရေလွတ်ရာသို့မရွှေ့ပြောင်း ၊ အိမ်ခေါင်မိုးပေါ်သို့ တက်နေ၏ ။
ထပ်တိုး လာသော ရေများက သူခြေသလုံးထိ လွှမ်းလာစဉ် ကယ်ဆယ်ရေး လှေတစင်း ရောက်လာပြီး သူ့ကိုခေါ်သည်၊ သူကမလိုက်။
“ငါ့မှာ ဘုရားသခင် ရှိတယ်၊ မင်းတို့နဲ့ငါမလိုက်ဘူး၊ ဘုရားသခင်က င့ါကို ကယ်လိမ့်မယ်၊ ”
ခေါ်မရသည့်အဆုံး ကယ်ဆယ်ရေးလှေ ထွက်ခွာသွားသည်၊
ရေက ထပ်တက် လာပြန်သည်၊ ခါးလည် အထိ ရောက်လာ၏။
ထိုစဉ် မော်တော်ဘုတ် တစင်း ရောက်လာကာ ခေါ်ပြန်၏၊ ဘုရားသခင်က ငါကို ကယ်လိမ့် မယ်ဟု ထပ်ဆိုကာ သူက မလိုက်။
နောက်ဆုံး ရေက သူ့လည်ပင်းထိ ရောက်လာသည်၊ ထိုစဉ် ရဟတ်ယာဉ် တစင်း ရောက်လာက ကြိုးကွင်းတခု ချပေး၏။
“ကြိုးကို ဆွဲပြီး လိုက်ခဲတော့၊ မဟုတ်ရင် ခင်ဗျား ရေနစ်သေတော့မယ်၊ ” ဟု ရဟတ် ယာဉ်ပေါ်မှ ကယ်ဆယ်ရေး သမား များက အော်ပြောသည်။
အန်ထော်နီက ဘုရားသခင်က ငါ့ကို ကယ်လိမ့်မယ်ဟု ထပ်ဆိုကာ မလိုက်ဟု ငြင်းလိုက်သည်၊
ဒီလိုနဲ့ မစ္စတာ အန်ထော်နီသည် ကောင်းကင်ဘုံတံခါးဝသို့ ရောက်သွားပြီး စိန့်ပီတာကို တွေ့သောအခါ သူက ဒေါသတကြီးနှင့် စောဒက တက်သည်။
“တပည့်တော်ဟာ ဘုရားသခင်ကို ယုံကြည်သူဖြစ်တယ်၊ တပည့်တော်ကို ဘာကြောင့် ဘုရား သခင်က မကယ်တာလဲ”လို့ သူက မေးသည်၊
ထိုအခါ စိန့်ပီတာက
“ငါတို့မင်းဆီကို လှေတစင်း။ မော်တော်ဘုတ်တစင်းနဲ့ ရဟတ်ယာဉ်တစင်း လွတ်ပေးခဲ့တယ်လေ၊
+7
Offline စိုင်းရွှေတိုး
  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +11021
Re: အမောပြေဟာသမှတ်စု
« Reply #861 on: September 02, 2012, 11:52:28 AM »
ဒီလို
အပျိုကြီး မနှင်းမေတယောက် သူငယ်ချင်းရှိရာ ရွာသို့ အလည်သွားသည်။
ညပိုင်း မအိပ်ခင် ခြေလက်ဆေးသည့် အကျင့်က ဖျောက်မရ။
အိမ်နောက်ဖေး ရေတွင်းအနီး ခြေလက်ဆေးရင်း ရေတွင်းထဲချော်ကျသည်။
မနှင်းမေ၏ အလန့်တကြား အော်သံကြောင့် အိမ်သားများ ပြေးထွက်လာသည်။
ရေတွင်းကသိပ်မမြင့်လှသဖြင့်လက်တကမ်းလှမ်းဆွဲ၍မီနိုင်သည်။အိမ်သားများတယောက်ပြီးတယောက် မနှင်းမေ အား ဆွဲတင်ရန် ကြိုးစားကြသည်။
“လက်ပေးလိုက်။ လက်ပေးလိုက်၊” သို့သော် မနှင်းမေကား လက်မကမ်း၊ ဒီအတိုင်းဆို ရေတိမ်နစ်တော့မည်။
ဘကြီးဖြိုးလည်း ရောက်လာသည်။ အခြေအနေကို အကဲခတ်သည်၊ ထို့နောက် အနီးနားရှိ လူများကို လှမ်းပြောလိုက်သည်။
“ကဲ။ အားလုံးဖယ်။ အားလုံးဖယ်၊” ထို့နောက် ဘကြီးဖြိုးက မနှင်းမေအား တစုံတရာ လှမ်းပြောလိုက်သည်၊
ဒီတော့မှပဲ မနှင်းမေ လက်ပေါ်လာကာ လှမ်းဆွဲလိုက်သဖြင့် ရေနစ်သည့်ဘေးမှ လွတ် တော့သည်။
ဘကြီးဖြိုးပြောလိုက်တာကတော့ -
“ရော့ရော့ ငါ့တူမ ဘကြီးလက်ကိုယူလိုက်။ ဘကြီးလက်ကို ယူလိုက်၊”
 :(
မြန်မာပြည်မှ....်ကြီးတယောက်၏ ဇနီးသည် နံမည်ကြီးဗေဒင်ဆရာကြီးတဦးထံ သို့ လာရောက်၍ ဗေဒင် မေးသည်။
ဗေဒင်ဆရာက သူမ၏ ဇာတာကို တွက်ချက်နည်းမျိုးစုံနှင့် အပြန်ပြန်အလှန်လှန် တွက်ချက်ကြည့်၏။ ထို့နောက် စိတ်မကောင်းသောမျက်နှာဖြင့် ပြောသည်။
အမကြီး ဇာတာမှာ တွေ့ရတဲ့အချက်တွေကို ပြောရမှာတော့ ကျနော်စိတ်မကောင်း ပါဘူးဗျာ၊ ဒါပေမယ့် အမကြီး ဇာတာက အတိအကျပြောနေတော့ ကျနော်က အမကြီးကို အသိပေးရတော့မှာပေါ့ ။
ကတော်က စိုးရိမ်စိတ်လွှမ်းနေသော မျက်နှာကို အိနြေ္ဒဆည်ရင်း မေးသည်။
ပြောပါဆရာ။ ဆရာတွေ့ထားတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောပါ။
ဒီလိုပါ။ အမကြီး ခင်ပွန်းဟာ ဒီနှစ်အတွင်းမှာ ဥပစ္ဆေဒကကံနဲ့ သေကိန်းရှိနေပါတယ်။ အတိအကျပြောရရင် လုပ် ကြံခံရဖို့ ရှိနေတယ် ။ ဒီအတွက် ယတြာ - - -
ဗေဒင်ဆရာ၏ စကားမဆုံးမီ အမျိုးသမီးကြီးက အထိတ်တလန့် မေးလိုက်သည်။
ဒါ - - ဒါဆို ဆရာ - ဒီအမှုကနေ ကျမ ကွင်းလုံးကျွတ်လွှတ်ကိန်းရှိ - မရှိကိုကော တဆက် တည်းကြည့်ပေးပါအုံး
+7
Offline ဖရာရှက်
  • ဂုဏ်ထူးတန်း
  • *****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5085
Re: အမောပြေဟာသမှတ်စု
« Reply #862 on: September 12, 2012, 08:02:19 AM »
ခေတ်မီနည်းပညာများ မပေါ်ပေါက်ခင်က သားဆက်ခြားပြသနာကို တန်ခိုးရှင်ကဖြေရှင်းပေးတယ်။
ဥပမာ ကြောင်ကို ပြာသိုလ၊ ခွေးကို တော်သလင်းလ စသည်ဖြင့်တန်ခိုးရှင်ကသတ်မှတ်ပေးလေ့ရှိသည်။
တနေ့တွင် လူရယ် နွားရယ် ကျားရယ် သူတို့ ရဲ့သားဆက်ခြား ပြသနာအတွက် တန်ခိုးရှင်ထံကိုသွားကြတယ်။
တန်ခိုးရှင်က နွားကို မင်းကလူတွေကိုအကျိုးပြုတဲ့သတ္တဝါဆိုတော့ တနှစ်ကို (၂) ကြိမ်မေထုန်မှုပြုရန်သတ်မှတ်ပေးတယ်။
ကျားကိုတော့ဒီကောင်တွေများများပွားရင် အန္တရာယ်ရှိတယ်။
ဒီတော့ ကျားကို မင်းကိုတစ်နှစ်ကို (၁) ကြိမ်ခွင့်ပြုတယ် လို့ တန်ခိုးရှင်ကပြောလိုက်တော့ကျားတော်တော်လေး စိတ်ဆိုးသွားပြီး တန်ခိုးရှင်ကိုခုန်အုပ်လိုက်တယ်။
ကျားရဲ့ကောက်ကျစ်တတ်တဲ့ လှုပ်ရှားမှု အနေအထားကိုသတိထား ကြည့်နေတဲ့ တန်ခိုးရှင်က ချက်ချင်းဘဲသူ့တန်ခိုးနဲ့ထွက်ပြေးတော့တာပေါ့။
ကျားကလည်း တန်ခိုးရှင်ကို ကိုက်သတ်ဘို့ အပြေးလိုက်သွားတယ်။
 >:(
အဲဒီမှာကျားကိုမကြောက်မရွံ့ ဘဲ နောက်ကပြေးလိုက်သွားတာကတော့ သူ့အလှည့်ကိုစောင့်နေတဲ့ လူဆိုတဲ့ သတ္တဝါပေါ့။
အဲဒီ လူဆိုတဲ့ သတ္တဝါက တန်ခိုးရှင်နဲ့ကျားနားကိုလည်းရောက်တော့ ခဏရပ်လိုက်ပြီး
ဒီမှာ တန်ခိုးရှင် ပြေးတာလဲပြေး ဒါမဲ့ ကျုပ်ကိုလည်းသတ်မှတ်ပေးခဲ့အုန်း
လို့ ဆိုတော့ တန်ခိုးရှင်လည်း အသက်လုပြီးပြေးနေရတော့
ဟေ့ လူသတ္တဝါ မင်းကြိုက်သလိုလုပ်
လို့ပြောပြီး ကျားရန်ကလွတ်အောင်တအားပြေးသွားလေတော့သည်။
ထိုအချိန်မှစပြီး လူတို့သည် လုပ်ချင်သလိုလုပ်နေကြလေတော့သတည်း။
အချစ်တက္ကသိုလ် ကျောင်းတော်သားများကော?
 ;D
ကြောင်  ပြာသို
ခွေး  တော်သလင်း
လူ  မသေမချင်း....
ဟုတ်လားဗျို့ ကျောင်းတော်သားများ။
ဟင်း..ဟင်း...ဟင်း   
+10
Offline နတ်မင်းကြီး
  • စီနီယာ
  • ***
  • Posts: 229
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • နတ်မင်းကြီး
  • Respect: +1207
Re: အမောပြေဟာသမှတ်စု
« Reply #863 on: September 26, 2012, 12:15:36 PM »
ရှိပြီးသားဆိုရင်တော့ ဖျက်လိုက်ပါ။ပုံပြင်လေးက ဒီလိုဗျ. .....။
                                   ဟင်းနုနွယ်
              တစ်ခါတုန်းက ရွာတစ်ရွာမှာ မောင်နလို့ ခေါ်တဲ့ အလွန်ထုံအလွန်းသူတစ်ဦးနဲ့ 
သူ့ အမေ ဒေါ်ဖွားရီတို့ သားအမိ ရှိကြသတဲ့ ။
မိခင်ဖြစ်သူဟာ နေ့ စဉ် ရွာရိုးကိုးပေါက် လှည့် ကာ ဈေးရောင်းရင်း အသက်မွေးရပါသတဲ့ ။
မောင်နမှာတော့ အလွန်ရိုးအထူထိုင်းလှသဖြင့်  ဘာတစ်ခုမှ အဆင်ပြေပြေဖြစ်အောင်
မလုပ်နိုင်ပါဘူး။
              တစ်နေ့ တော့ အမေဖြစ်သူမှ သား မောင်နရေ ....
" မင်းမလဲ ဘာတစ်ခုမှ စိတ်ချလက်ချ ခိုင်းဘို့ မရဘူး၊အမေဈေးရောင်းကအပြန် မှီအောင် ဟင်းနုနွယ် ဟင်းချိုလေးသာချက်ထား"
"ဟင်းအတွက်တော့  အမေ တစ်ခုခု စီစဉ်ခဲ့ မယ် "ဟုပြောလေရာ ......။
"ဟင်းနုနွယ်ဆိုတာ ဘာလဲအမေ "
" မောင်နရယ် ....ဟင်းနုနွယ်တောင် မင်းမသိဘူးလား၊နောက်ဖေးခြံစည်းရိုးမှာ တစ်ပုံချည်း" ဟုပြောရင်း ဈေးရောင်းထွက်သွားလေရာ  ....
မောင်နလည်း ယောင်နနနဲ့ ကျန်ခဲ့ လေသည်။
ဒီလိုနဲ့ မောင်နဟာ စမ်းတစ်ဝါးဝါးနဲ့ နောက်ဖေးခြံစည်းရိုးဖက် ထွက်ခဲ့ ပါတော့ တယ်။
စိတ်ထဲမှာလည်း ဒီတစ်ခါတော့ အမှားအယွင်း မရှစေရဘူးလို့ ပိုင်းဖြတ်ထားတာပေါ့  ....။
ဒီလိုနဲ့  ....အမေဖြစ်သူ ဈေးရောင်းမှပြန်လာရာ ....
မောင်နသည် ပုတ်သင်ညိုတစ်ကောင်ကို ဟင်းချိုချက်ထားသည်ကိုတွေ့ ရလေသည်။
မောင်နရယ် ငါနင့် ကို ဟင်းနုနွလေး ဟင်းချိုချက်ထားပါဆိုတာ ....ခုတော့  ....။
ထိုအခါ ....မောင်နမှ ....
" ဒီတစ်ခါ သားမမှားပါဘူးအမေရာ၊သေချာအောင် မင်း ...ဟင်းနုနွယ်လားလို့ မေးလိုက်ပါသေးတယ်"
" သူကိုယ်တိုင်က ဟုတ်ပါတယ်ဆိုပြီး၊ခေါင်းညှိမ့် ပြလို့ ရိုက်ချက်လိုက်တာပါ" ဟူသတတ်။
+6
« Last Edit: September 26, 2012, 12:42:10 PM by နတ်မင်းကြီး »
Offline kagyimg
  • ကျောင်းသားကြီး
  • **
  • Posts: 123
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +1000
Re: အမောပြေဟာသမှတ်စု
« Reply #864 on: September 30, 2012, 04:57:11 PM »
တစ်ခါက  ဆိပ်ကမ်း တစ်ခု့မှာပေါ့ဗျာ...မော်တောှ်တစ်စီး ကပ်လာရော ထုံးစံအတိုင်း ကမ်းပေါ်တက်ဖို့ ကုန်းဘောင်ထိုး၇တာပေါ့ ..အားလုံး ကို့ရပ်ကိုယ့်ရွာ ရောက်ပြီးဆိုတော့ သူ့ထက်ငါ  အလုပ်အယှက် ဆင်းကြတာပေါ့ အဲ့ဒီမှာ အားလုံး တိုးဝှေ့ဆင်းကြပေ့မယ့်  ကမ်းပေါ်ရောက်တာတောင် ဘယ်မှ့ဆက်မသွားနှိုင်ကြပဲ ကုန်းဘောင် အကျော် ကမ်းပါးသောင်ပြင်ပေါ် ပဲစု့ဝေး ရပ်နေကြတယ် ဒါနဲ့ ရှေ့မှာ ဘာများဖြစ်နေလို့ပါလိမ့် ဆိုပြီး  မော်တော် ပိုင်ရှင် လည်း ရှေ့က ခရီးသည် လူအုပ်ကို ကျော်ကြည့်လိုက်တော့...မြင်လိုက်ရတာ ခရီးသည် အားလုံးရှေ့သောင်ပြင်ပေါ်မှာ အရှုးသာထူး ဆိုတဲ့ကောင် လက်ထဲမှာလည်း တုတ်ကြီး ၁ ချောင်းကိုင် ထားပြီး ခရီးသည်တွေနဲ့သူနဲ့ကြားသောင်ပြင်ပေါ်မှာ စည်းတစ်ချောင်း  ရေးချစ်ထားတယ်..ပြီးတော့ သူ့ပါးစပ်ကလည်း ငါ တားထားတဲ့ ဒီစည်းကို သတ္တှိ့တဲ့ သူကျော်ခဲ့စမ်း  လို့ပြောနေတာပေါ့သူတားထားတဲ့စည်းကိုကျော်သွားပြန်ရင်လည်း  အရှုးဆိုတော့ စိတ်ထဲ မထင် မထင်သလို  လက်ထဲကဒုတ်နဲ့   ဆော်ထည့်လိုက်မှာလည်း ကြောက်ကြတော့ ခရီးသည်တွေခင်မျှာ လက်ထဲ ခရိးဆောင်အိတ်လေးတွေ ကိုယ်စီပိုက်ပြီး ရှေ့မဆက်ရဲပဲ  ရပ်နေကြတာပေါ့  အဲ့ဒါကိုမြင်တော့ မော်တော်ပိုင်ရှင်လည်း  ဒေါသထွက်သွားပြီး အောင်မှာ အရှုးက လူပါးဝလို့ ပေးစမ်း ငါ့ကို ဒုတ်တစ်ချောင်းဆိုပြီး သူ့တပည့်မော်တော်သား တစ်ယောက်စီက တုတ်တစ်ချောင်း တောင်းပြီး ( သူ့ခရီးသည်တွေ အိမ်ပြန်ဖို့အရေး တွေးပြီးတော့သာ သူလည်း လုပ်ရမှာ မတော် အရှုးက တွယ်လိုက်မှာလည်း ကြောက်တော့ လိုရမယ်ရ တုတ်တစ်ချောင်းတော့ လက်ထဲ ဆောင်တဲ့ သဘောပေါ့)  ကိုင်း မင်းတားထားတဲ့ စည်း  ငါကျော်ပြီ ကွာ  မင်းဘာလုပ်ချင်လဲ  ဆိုပြီး  စည်းကို လွှားကနဲ ခုန်ကျော်ပြီး အရှုးသာထူး ကိုမေးလိုက်တာပေါ့ (ကာကွယ်ဖို့တုတ်ကတော့ လက်ထဲ အရန်သင့် ကိုင်ထားတာပေါ့) အဲ့ဒီမှာ အရှုးသာထူး ပြန်ဖြေလိုက်တဲ့ စကား ကြောင့် ခရီးသည်တွေမှာ စိတ်ဆိုးရအခက်ပဲ  မော်တော်ပိုင်ရှင်လည်း စည်းကို လွှားကနဲ ခုန်ကျော်ပြီး  ကိုင်း မင်းတားထားတဲ့ စည်း  ငါကျော်ပြီ ကွာ  မင်းဘာလုပ်ချင်လဲ  ဆိုပြီး  မေးလိုက်တော့ သာထူး ပြန်ဖြေလိုက်တာ  က  အေးလေ အဲ့လို ကျော်လိုက်တော့ ဒီဖက် ရောက်တာပေါ့ကွာ တဲ့..
+8
Offline kagyimg
  • ကျောင်းသားကြီး
  • **
  • Posts: 123
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +1000
Re: အမောပြေဟာသမှတ်စု
« Reply #865 on: October 02, 2012, 09:15:46 PM »
သူငယ်ချင်း တစ်ယောက်က ပေးလိုက်တဲ့  ဟာသလေးပါဗျာ..            (    Me : နေကောင်းလား သုနန္ဒာ
     Thu Nanda: ကောင်းပါဧ။်
Me : ဘာလုပ်နေလဲ?
Thu Nanda: စာဖတ်နေသည်
Me : နာမည်လေးက ချစ်စရာလေးနော်..
သု၊ ဒါမှမဟုတ် နန္ဒာ လို့ခေါ်မယ်နော်..
Thu Nanda: ကြိုက်သလိုသာခေါ်ပါလေ
Me : နာမည်အပြည့်အစုံကဘယ်လို့ခေါ်လဲဟင်?
Thu Nanda: ဦးသုနန္ဒာ လင်္ကာရ
Me : OMG!!! I thought you're a girl..sorry..အဲ
ကန်တော့..ဦးတင်ပါတယ်ဘုရား။ ကန်တော့..ကန်တော့.            )                                                                           
+8
Offline phonezaw69
  • ဘွဲ့ရ
  • ******
  • Posts: 524
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • shut up & kiss me
  • Respect: +10799
Re: အမောပြေဟာသမှတ်စု
« Reply #866 on: October 06, 2012, 02:02:22 PM »
     မောင်ဖုန်း အလုပ်ဝင်စ မအူမလည်ဘ၀တုန်းကပေါ့ဗျာ..။ မောင်ဖုန်းက မောင်ဖုန်းဌာနက အကြီးအကဲနဲ့  တိုင်းအဆင့်..ပြည်နယ်
အဆင့် အစည်းအဝေးတွေကို လိုက်လိုက်သွားရတယ်ဗျ.။ အစည်းအဝေးခန်းထဲ ပြောသမျှ လိုက်မှတ်ရတာက အစ.. ကိုယ့်လူကြီး အ
ဝတ်အစားအဆင်ပြေအောင် စီစဉ်ပေးရတာအဆုံး လုပ်ပေးရတယ်..။ ပြောရရင်တော့ TTMY PA ပေါ့ဗျာ..။ ဟီးဟီး..တောက်တိုမည်
ရ ပီအေ ကိုပြောတာ..။
     တရက်တော့ မောင်ဖုန်းတို့  တိုင်းကို လူကြီးအသစ်ပြောင်းလာတယ်ဗျ..။ သူက ဖိုက်တာ ဆိုပြီး နာမည်တစ်လုံး ရထားတဲ့သူပေါ့ဗျာ ။
ရောက်ပြီးသိပ်မကြာဘူး.. အစည်းအဝေးခေါ်တော့ တာပဲ..။ မောင်ဖုန်းရဲ့ လူကြီးလည်း သွားတက်ရမှာဆိုတော့ မောင်ဖုန်းလည်း ကန့် လန့် 
ကန့် လန့် ပါသွားတာပေါ့ဗျာ..။
     အစည်းအဝေးလည်းစရော..ခန်းမထိပ်မှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်ကြီးက စပြောတယ်.။
     "     ကိုင်း.. ခင်ဗျားတို့  တင်ပြစရာရှိတာ အရင်တင်ပြကြ..ပြီးမှ လိုအပ်တာ ကျုပ်ပြောမယ်. .. ဟိုလူကြီး
           ခင်ဗျား အရင် စပြော.     "
     အဲ့လိုပြောပြီး ပြန်ထိုင်သွားတော့ သူပြောခိုင်းတဲ့သူက စပြောရတာပေါ့ဗျာ.. ။
     "     ဟုတ်ကဲ့ခင်ဗျ.. ကျနော်တို့ ဌာနမှာတော့ ..ဒီကိစ္စက ဒီလိုဖြစ်နေပြီး...ဟိုကိစ္စက ဟိုလိုဖြစ်နေပါတယ်.။ ဒါကို ဒီလို
           လုပ်လိုက်ရင်..ဒီလိုဖြစ်ပါမယ်ခင်ဗျ.. "
     "    အင်း..အင်း...ယီးလိုပဲ...ထိုင်..ထိုင် ..  နောက်တစ်ယောက်ပြော..  " တဲ့..။ စောစောက တင်ပြနေတဲ့လူကြီးလည်း
မအီမလည်နဲ့  ပြန်ထိုင်သွားရတယ်..။ ကျန်တဲ့သူတွေလည်း.. တစ်ယောက်မျက်နှာ တစ်ယောက် မသိမသာကြည့်ပြီး  ဘယ်လိုကြီး
လဲဟ 
ဆိုပြီး ဖြစ်သွားကြတယ်..။  ဒါနဲ့ နောက်တစ်ယောက်က သူနဲ့ ဆိုင်တာတွေ ထပ်ပြောရတာပေါ့ဗျာ.။  ပြောလို့ လဲပြီးရော..
" မင်းတို့ ကလည်း..ယီးလိုပဲ...နောက်တစ်ယောက်..ပြော.. "  ဆိုပြီး ပြောပြန်ရော.။ အဲ့ဒီတော့ ကျန်တဲ့သူတွေက ပြောရမှာ..
မပြောရဲ..ပြောရဲတွေ ဖြစ်ကုန်ကြတယ်..။ သူက တိုင်းအဆင့်လူကြီးဆိုတော့လည်း မပြောလို့ မဖြစ်တော့ ထပြောရပြန်ရော..။ ပြောပြီး
တော့လည်း အားလုံး ထင်ထားတဲ့အတိုင်း " အေး..အေး..ယီးလိုပဲ.. " ဆိုပြီးပြောပြန်ရော..။ ဒါနဲ့  နောက်လူတွေက ထပြောရမှာ
မထရဲကြတော့ဘူးဗျ..။ ဒါကို သူက သိတယ်..။ ဘာထပြောသလဲ ဆိုတော့
     "     အေး..မင်းတို့ က ငါက ယီးလိုပဲ ဆိုတာနဲ့  ထမပြောရဲကြတော့ဘူးဖြစ်နေကြတယ်..။ အေး..မှတ်ထား..ယီးဆိုတာ အမြဲတမ်း
           ထောင်မနေနိုင်ဘူးကွ.. အမြဲတမ်းလည်း ပျော့မနေနိုင်ဘူး.. လုပ်ငန်းကိစ္စတိုင်းမှာ အဆင်ပြေတာလဲ ရှိတယ်..။ အဆင်မပြေ
           တာလည်း ရှိတာပဲကွ.. ဒါကြောင့်..မင်းတို့ ကို..ယီလိုပဲလို့  ပြောတာ...ကဲ..နောက်တစ်ယောက်ထပြော..
  "
     သူ့ စကားဆုံးတော့..ကျန်တဲ့သူလည်း ရယ်ရမလို..မဲ့ရမလို.အလေးအနက်ပဲ မှတ်သားထားရမလိုတွေ ဖြစ်ကုန်ကြတယ်ဗျာ.. ;D ;D
+4
ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်
Offline zym24
  • ပထမနှစ်
  • *
  • Posts: 10
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +32
Re: အမောပြေဟာသမှတ်စု
« Reply #867 on: October 06, 2012, 08:43:58 PM »
တစ်နေ့ ကျွန်တော် ပဲခူး သွားတော့ ကားပေါ် မှာကျွန်တော် နဲ့ ဘေးချင်း ယှဉ်ခုံမှာ အသက် ၁၈ နှစ် လောက်  ကောင်မလေးတစ်ယောက် ထိုင်နေတယ်။ ကားထွက်ခါနီးမှာ အသက် ၄၀ အရွယ် ယောကျာ်းတစ်ယောက်တက်လာပြီး အဲဒီကောင်မလေး ဘေးမှာဝင်ထိုင်တယ်။ ကားစထွက်တော့ သူတို့နှစ်ယောက် စကားလေးဘာလေး ပြောကြတာပေါ့။ ကျွန်တော်ကသူတို့တွေ ပြော တာ အကုန်ကြားနေရတယ်။သူတို့က ဒီကနေ့ ဖြစ်ပျက်နေတဲ့Traffic Jam အကြောင်း၊ busတွေ ကြာတဲ့အကြောင်း ၊ နိုင်ငံခြား (သူက America ကို ရောက်တုန်းက sub wayတွေကိုတော်တော် သဘောကျတဲ့အကြောင်း) မှာအရမ်းအဆင်ပြေတဲ့အကြောင်း၊ သူတို့ ရထား၊ ကား၊ သဘောင်္၊လောင်းလှေ၊ လေယာဉ်၊အားလုံးစီးဖူးကြောင်း အပြန်အလှန်ပြောနေကြတာပေါ့။ သူကပြောသေးတယ် America မှာတုန်းက လေသဘောင်္ တောင် စီးခဲ့ဖူးတယ်တဲ့။ သူတို့ စီးဖူးကြတာကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော် တစ်ခုလောက် မေးလိုက်ချင်ပါတယ်။တကယ် သိချင်လို့ပါဗျာ။
 “ အစ်ကို လားကောစီးဖူးပါသလားခင်ဗျား”  “တကယ်လို့ စီးဖူးတယ် ဆိုရင် ဘယ်လိုနေပါသလဲခင်ဗျား”။
-5
Offline စိုင်းရွှေတိုး
  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +11021
Re: အမောပြေဟာသမှတ်စု
« Reply #868 on: October 08, 2012, 11:18:08 AM »
 :)
ကလေးငယ်နှစ်ဦးဟာ ဆေးရုံထဲက ကပ်လျက်ခုတင်တစ်လုံးစီမှာ လှဲ လျောင်း နေကြရင်း ပထမကလေးက မင်း .. ဘာဖြစ်လို့ ဒီကို ရာက်နေ တာလဲ"လို့ ဒုတိယကလေးကို မေးလိုက်ပါတယ်။
"ငါ့အာသီးရောင်နေတာ ခွဲထုတ်ရမှာမို့လို့။ ကြောက်လိုက်တာကွာ"လို့ အမေးခံရတဲ့ကလေးက ပြန်ပြောလိုက်ပါတယ်။
အဲဒီအခါ ပထမကလေးက "မင်းဘာမှ ကြောက်စရာမလိုဘူး။ ငါ့ အသက် လေးနှစ်အရွယ်တုန်းက ဒီလိုမျိုးငါလုပ်ဖူးတယ်။ ဆရာဝန်တွေ က ငါ့ကို အိပ်ပျော်သွားအောင် လုပ်လိုက်တယ်။ ပြန်နိုးလာတော့ သူတို့ က ငါ့ကိုဂျယ်လီတွေရော၊ ရေခဲမုန့်ပါပေးကြတယ်ကွ။ ဘာမှမဖြစ်ဘူး" လို့ ပြောလိုက်ပါတယ်။
"ဟုတ်လား.. မင်းကရော ဒီကိုဘာလာလုပ်တာလဲ"လို့ ဒုတိယကလေး က ပြန်မေးလိုက်ပါတယ်။
"ငါ့ရဲ့ ရှူးရှူးပေါက်တဲ့ ဟာကို ထိပ်ဖြတ်ဖို့"လို့ ပထမကလေးက ပြန်ဖြေ လိုက်တဲ့အခါ "မင်းတော့သေပြီ"လို့ ဒုတိယကလေးက စိုးရိမ်တဲ့လေသံ နဲ့ ပြောလိုက်ပါတယ်။
"အဲဒါမျိုး ငါ့ကိုမွေးမွေးချင်းမှာပဲ လုပ်ကြတယ်ကွ။ ငါ့မှာတစ်နှစ်လောက် လမ်း မလျှောက်နိုင်ဘူး"လို့လည်း ပြောလိုက်ပါတယ်။
 :D
အမျိုးသားတစ်ဦးဟာ ကလေးခြောက် ယောက်နဲ့အတူ လေယာဉ်ပေါ် ကို တက် လာခဲ့ပါတယ်။
နေရာထိုင်ခင်းချပြီးတဲ့နောက် အားလုံး အေးအေးဆေးဆေးဖြစ်သွား ကြတဲ့အခါမှာ တော့ လူသွားလမ်းခြားပြီး အမျိုးသားထိုင်ခုံရဲ့ တစ်ဖက်မှာ ထိုင်နေတဲ့ အမျိုးသမီးကြီးက "ဒီ ကလေးတွေ အကုန်လုံး က မင်းရဲ့ သားသမီး တွေလား"လို့ လှမ်းစပ်စုလိုက်ပါတယ်။
အဲဒီအခါ အမျိုးသားပြန်ပြောလိုက်တာ က "မဟုတ်ရပေါင်ဗျာ .. ကျွန်တော်က ကွန်ဒုံးကုမ္ပဏီမှာ အလုပ်လုပ်တာပါ။
ဒီကလေးတွေက ပစ္စည်းချို့ယွင်းချက်ကြောင့် ဖောက်သည်တွေက ပို့ပေးလိုက်ကြတာ ပါ"
+4
Offline စိုင်းရွှေတိုး
  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +11021
Re: အမောပြေဟာသမှတ်စု
« Reply #869 on: October 08, 2012, 11:24:29 AM »
 :)
တောရွာတစ်ရွာမှာ နေထိုင်တဲ့ ကလေးငယ်တစ်ဦးနဲ့ သူ့ဖခင်ဟာ ရှော့ပင်းမောတစ်ခုထဲမှာ ရောက်ရှိနေကြပါတယ်။ တွေ့သမျှ၊ မြင်သမျှ ကို အံ့ဩတကြီးနဲ့ လိုက်ကြည့်နေကြရာက ငွေမင်ရောင် ပြောင်လက် နေပြီး ပွင့်လိုက်၊ ပိတ်လိုက်ဖြစ်နေတဲ့ နံရံချပ်နှစ်ခု ကို တွေ့လိုက်တဲ့ အခါမှာတော့ မှင်တက်မိသွားကြပါတယ်။
"အဲဒါဘာကြီးလဲ .. ဖေဖေ"လို့ ကလေးက ဖခင်ဖြစ်သူကို မေးခွန်း ထုတ်လိုက်ပါတယ်။ ဖခင်ဖြစ်သူမှာ (ဓာတ်လှေကားကို တစ်ကြိမ်မှ မမြင်ဘူးတာ ကြောင့်) " အဖေ့ဘ၀မှာ ဒါကြီးကို တစ်ခါမှကို မမြင်ဘူး ပါဘူး ..သားရယ်။ အဖေလည်း မသိဘူး" လို့ ပြန်ပြောလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ ခပ်၀၀၊ ရုပ်ဆိုးဆိုး အမျိုးသမီးကြီးတစ်ဦး နံရံချပ် တွေရှေ့ ရောက်လာပြီး ခလုပ်တစ်ခုကို နှိပ်လိုက်ပါတယ်။ နံရံချပ်ကြီး နှစ်ခုပွင့်သွားပြီး အထဲက အခန်းကျဉ်းထဲကို ၀င်သွားပါ တော့တယ်။
နံရံချပ်တွေပြန်ပိတ်သွားတာကိုလည်း မြင်လိုက်ကြရပြီး သားအဖ နှစ်ဦးသား ဆက်ကြည့်နေရာက ခဏကြာတဲ့အခါမှာ နံရံချပ် တွေပွင့်လာပြန်ပြီး အသက် ၂၀ ကျော်အရွယ် ချောမောလှပတဲ့ ကောင်မလေးတစ်ဦး ထွက်လာတာကို တွေ့လိုက်ကြရပါတယ်။
ဖခင်ဖြစ်သူမှာ ကောင်မလေးဆီက မျက်လုံး မခွာနိုင်ပဲ သားဖြစ်သူကို စိတ်လှုပ်ရှားသံ နဲ့ ပြောလိုက်တာက "သားရေ ..မင်းအမေကို အဲဒီ အခန်းထဲထည့်ရအောင် မြန်မြန် သွားခေါ်ခဲ့ကွာ"
 :o
ကလေးတွေကို အုပ်စုလိုက်ဓာတ်ပုံရိုက်ပေးပြီး တစ်ယောက်တစ်ပုံစီ ၀ယ်ကြဖို့ ဆရာမက ပြောလိုက်ပါ တယ်။
"မင်းတို့အရွယ်ရောက်လာတဲ့အခါ ဒီဓာတ်ပုံကို ပြန်ကြည့်ရရင် ဘယ်လောက်ပျော်စရာကောင်းမလဲဆိုတာ စဉ်းစားကြည့်စမ်း။
"အဲဒီအခါကျရင် 'ဒါ ဂျနီဖာပဲ .. ခုဆိုရင် ရှေ့နေကြီး ဖြစ်နေပြီ။
ဟော .. ဒီတစ်ယောက်က မိုက်ကယ်လ်ပဲ .. သူကတော့ ဆရာဝန်ကြီး တောင် ဖြစ်သွားပြီ'ဆိုပြီး ငယ်ငယ် တုန်းက ဓာတ်ပုံကြည့်ပြီး ပြောလို့ရ တာပေါ့"လို့ ကလေးတွေ ကို ဓာတ်ပုံဝယ်ဖို့ ဆွဲဆောင်စကားဆိုလိုက် ပါတယ်။
အဲဒီအခါ အတန်း နောက်ဆုံးက အသံတိုးတိုး လေးနဲ့ ပြော လိုက်တာ က "ဒါက. တို့ဆရာမပဲ သူကတော့ အသက်ကြီးပြီး ပါးရေနားရေ တွေ တွန့်နေ လိုက်တာ"
+4
Tags: