Author Topic: အမောပြေဟာသမှတ်စု  (Read 426968 times)

0 Members and 5 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10836
Re: အမောပြေဟာသမှတ်စု
« Reply #850 on: August 09, 2012, 10:24:42 AM »
"ပေါ်ဦး"

"ခစားလျက်ရှိကြောင်းပါ ဘုရား "

"ပါဠိ- မေဃ ကနေ မိုးဖြစ်ပုံကို ရှင်းလင်းလျှောက်ထားစမ်းပါဦး ပေါ်ဦးရဲ့ . . . "

"မှန်လှပါ. . . ဘ၀ရှင်မင်းတရားကြီး ဘုရား . . . သဒ္ဒါဆိုသည်မှာ . . . လူတို့ နေ့စဉ်ပြောဆိုသော အသံပင်ဖြစ်ကြောင်းပါ ဘုရား. . . မေဃမှ မိုးဖြစ်လာပုံမှာလည်း မာဃမှ ဆင်းသက်လာခြင်း ဖြစ်ကြောင်းပါ ဘုရား . . . "

"မေဃဆိုသည်မှာ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဓာတ်ကြီးလေးပါး အဖွဲ့အစည်းသာ ဖြစ်ပါတယ် . . . . အခိုးအငွေ့များ စုပေါင်းပြီး အမြင့်သို့တက်ရာ ၊ အအေးဓာတ်နှင့် တွေ့ထိပြီး ရေစက် ရေပေါက်များ ဖြစ်ကာ ကျရောက် ခြင်းကို မိုးရွာခြင်း - ဟုခေါ်သည့် အတွက် မာဃမှ မေဃ၊ မေဃမှ မိုး ဖြစ်လာခြင်းပါ ဘုရား . . . "

ဟု ဦးပေါ်ဦးက သွက်လက်စွာပင် လျှောက်ထားသည်. . .

ဘိုးတော်မင်းတရားကြီးသည် ဦးပေါ်ဦးက ချက်ချင်း ဖြေသည်ကို နှစ်လိုတော်မူသည်. . . ဦးပေါ်ဦးကို ကျီစယ် လိုစိတ်လည်း ရှိတော်မူသဖြင့် ဤသို့မိန့်လေသည်. .

"ပညာရှိအမတ်ကြီး ဦးပေါ်ဦးဆိုတဲ့ ဂုဏ်ပုဒ်ကို မလျော့ပါးစေချင်တာနဲ့ မေးသမျှ ချက်ချင်းဖြေတော့တာပဲ. . . "

"ဒါနဲ့ . . . တစ်ခုမေးစမ်းပါရစေဦး ပေါ်ဦးရဲ့. . . "

ဦးပေါ်ဦးက ခတ်မဆိတ်ပင် နေသည်. . .

"နာခံလျက်ရှိကြောင်း ပါ ဘုရား. . ."

"ငါကိုယ်တော်မြတ် မေးသမျှ ဖြေနိုင်အောင် မမေးခင်ကတည်းက ကြိုတင်တွေးတော စီစဉ်ထားတာများ ရှိသလား ကွယ့်. . . "

"ဘုန်းတော်ကြီးမြတ်လှသော . .. ဘ၀ရှင်မင်းတရားကြီး ဘုရား. . . လျှောက်ထားခွင့်တစ်ရပ် ပေးသနားတော်မူပါဘုရား. . . "

"လျှောက်ထားစေကွယ့်. . . ပေါ်ဦး. ."

"အရှင်မင်းတရားကြီး. . .. မိဖုရားတို့၏ အနောက်ဆောင် သို့ကြွသွားမည်ဟု ကြံစည်တော်မူကတည်းကပင်. . . ၀တ်လဲတော် ကိုမပါသလား . . သို့တည်းမဟုတ် . . အဆောင်တော်ထဲရောက်မှ . . . မပါသလား ဘုရား . . "

"တန်ပါတော့ ပေါ်ဦးရယ်. . "

ဘိုးတော်မင်းတရားကြီးသည်. . .ပြုံးရွှင်ရယ်မောရင်း မိန့်တော်မူကာ ပေါ်ဦးကို ဆက်လက် မလျှောက်ထားရန် တားမြစ်တော် မူရလေသည်


နော်မယ် (Normal)

ရမ်းကုတစ်ဦးသည် အပြင်းဖျားနေသော လူနာတစ်ဦးအား တာဝန်ယူကုသနေပြီး လူနာရှင်အမျိုးသမီးကိုလည်း မစိုးရိမ်ရန်နှင့် မကြာမီပျောက်ကင်းသွားမည်ဖြစ်ကြောင်း လေလုံးထွားထွားဖြင့် အားပေးလျက်ရှိသည်။

လူနာရှင်။ ။ဆရာ။ ကျွန်မယောကျာ်းအခြေအနေလေး သိပါရစေ။

ရမ်းကု။ ။ဘာမှမပူနဲ့။ Temperature ကနော်မယ်ပဲ။ မကြာခင်ကောင်းသွားလိမ့်မယ်။

ဘယ်အချိန်မေးမေး ထိုသို့သာပြောနေပြီး ရက်အနည်းငယ်အကြာတွင် လူနာသေဆုံး သွားလေဧ။် ။ ရမ်းကုလည်း အလောင်းပြင်ဆင်ရာသို့ မကောင်းတတ်၍ ရောက်လာရာ လူနာရှင် အမျိုးသမီးမှ ကိုကြည့်ပြီး အောက်ပါအတိုင်းပြောလေတော့သည်။

"ဆရာပြောတော့ တန်ပရေချာက နော်မယ်ဆို အခုရေချိုးပေးတော့ "ရှဲ" ကနဲ မြည်ပြီး အငွေ့တွေတောင် ထွက်နေသေးရဲ့။"
+5
« Last Edit: August 09, 2012, 10:34:39 AM by စိုင်းရွှေတိုး »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10836
Re: အမောပြေဟာသမှတ်စု
« Reply #851 on: August 09, 2012, 10:47:52 AM »
လူမိုက်ကိုကြောက်သော ဦးပေါ်ဦးမိုက်ကိုကြောက်သော ဦးပေါ်ဦး


"ငါဟာ . . . .ရေမြေ့သခင်၊ သက်ဦးဆံပိုင်၊မင်းဧကရာဇ် ဖြစ်တယ်ဆိုတာ မောင်မင်းသိရဲ့လား . . ပေါ်ဦး. . ."

"သိကြောင်းပါဘုရား. . . ."

"ပါးစပ်ကသာ သိတယ်လို့ပြောတယ်. . . မောင်မင်းကို ကြည့်ရတာ ငါ့ကို ကြောက်ပုံမရဘူး. . . ငါကဲ့သို့ ဘုရင်ထက် ကြောက်ရမည့်သူများ ရှိရဲ့လား ပေါ်ဦးရဲ့. . . ."

ဘိုးတော် ဦးဝိုင်းက မေးသည်. .

သက်ဦးဆံပိုင် ဘုရင်ကိုပင်လျှင် တစ်ခါတစ်ရံတွင် ဦးပေါ်ဦးသည် ဇွတ်တရွတ် လျှောက်ထားတတ်သည်. . ထို့ကြောင့် ဦးပေါ်ဦးကို သတိပေးလိုစိတ်ဖြင့် ဘိုးတော် ဦးဝိုင်းကမေးနေခြင်း ဖြစ်ပါသည်. . .

"မှန်လှပါ အရှင်ဘုရား . . . .ဘုရင်ထက် ကြောက်ရတဲ့သူ ရှိကြောင်းပါဘုရား . ."

"ဟေ. . ငါဘုရင်ထက်ကြောက်ရတဲ့သူရှိတယ်. . . ဟုတ်စ. . . ဘယ်သူများပါလိမ့်ကွယ်. . . . "

"လူမိုက်ပါ ဘုရား. . ."

"ဘာကြောင့်များလဲကွယ်. . ."

"မှန်ပါ. . . ဘ၀ရှင် မင်းတရားကြီးသည်. . .ရှင်ဘုရင်ဖြစ်သည့်အတွက် တွေးတော ဆင်ခြင် နှိုင်းဆတတ်ပါသည်. . . ဘုရား . . . လူမိုက်ဆိုသူများကတော့ . . တွေးတောဆင်ခြင် နှိုင်းဆတတ်ခြင်း မရှိ. . . ဥာဏ်အမြော်အမြင် မရှိကြောင်းပါ ဘုရား . . . ထို့ကြောင့် . . .ရှေးနောက် မတွေး၊ ရိုက်တတ်၊ သတ်တတ်၊ နှိပ်စက်တတ်သော. . လူမိုက်များကို ရှင်ဘုရင်ထက် ပို၍ ကြောက်မိကြောင်းပါဘုရား . . ."

ဦးပေါ်ဦးက လျှောက်ထားသည်. .

ဘိုးတော် ဦးဝိုင်းသည် ဦးပေါ်ဦး၏ လျှောက်တင်ချက်ကို လက်ခံရတော့သည်. . .

အကယ်၍ လက်မခံခဲ့လျှင် . .. တွေးတော ဆင်ခြင်ခြင်း မရှိရာ၊ ဥာဏ် အမြော်အမြင် မရှိရာ ရောက်ပေတော့မည်. . . .

"ဟုတ်ပါပေတယ် မောင်မင်း. . ."

ဦးပေါ်ဦး၏ လျှောက်တင်ချက်ကို ဘိုးတော် ဦးဝိုင်း လက်ခံရုံမျှတစ်ပါး အခြားမရှိပြိ
+8

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #852 on: August 17, 2012, 03:24:43 PM »
"ဂျိုး"

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ လမ်းဘေးတစ်နေရာတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့
စကားပြောသံကြားရသဖြင့် နားစွင့်ကြည့်ရာ အမျိုးသမီးက
"ဂျိုး ဘယ်မှာလဲ " ဟု မေးသဖြင့် အမျိုးသားက
"အောက်မှာ " ဟု ပြန်ဖြေရာ
အမျိုးသမီးက ကြည့်လိုကြောင်း ကမ်းလှမ်းသဖြင့် အမျိုးသားက လှန်ပြလိုက်စဉ် အမျိုးသမီးက ကိုင်ကြည့်ပြီး
"ဟင်း ပျော့ပျော့ကြီး " ဟု ပြောလိုက်သံကို ကြားမိသဖြင့် စုံစမ်းကြည့်ရာ

ဆီထမင်း  ရောင်းနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 ;D ;D ;D ;D
+10

Offline Eric Nalthan

  • ပထမနှစ်
  • *
  • Posts: 9
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +123
Re: အမောပြေဟာသမှတ်စု
« Reply #853 on: August 24, 2012, 12:06:12 PM »
စားသောက်ဆိုင်တစ်ခုရဲ့ မ အိမ်သာထဲမှာ မိန်းကလေးတစ်ယောက် ရှူးရှူးပေါက်နေတယ် .... အရက်မူးသမားတစ်ယောက် အိမ်သာမှားဝင်လာပြီး မိန်းကလေးရဲ့ ရှူးရှူးပေါက်သံကို အရက်ငဲ့သံထင်လိုက်လို့ " ငါ မသောက်နိုင်တော့ဘူး .. ထက်မငဲ့နဲ့တော့"
မိန်းကလေး အလန့်လွန်းပြီး ရှူးရှူးမပေါက်အောင် အောင့်ထားရတယ်... ရှေ့ကမထွက်ရတော့ ခန္ဓာကိုယ်ကမကြေနပ်လို့ထင်တယ် မိန်းကလေး ချီးပေါက်သံထွက်သွားတယ်... အရက်သမားကမကျေမနပ်နဲ့ " ခွီးနဲ့မှပဲ မသောက်နိုင်တော့ပါဘူးဆို ဘာလို့ နောက်တစ်ပုလင်း ထက်ဖွင့်ရတာလဲကွာ " ... ;D
+8

Offline Eric Nalthan

  • ပထမနှစ်
  • *
  • Posts: 9
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +123
Re: အမောပြေဟာသမှတ်စု
« Reply #854 on: August 24, 2012, 12:10:25 PM »
စားသောက်ခန်းထဲကယင်ကောင်နဲ့ အိမ်သာထဲကယင်ကောင်တွေ့ကျတယ် စားသောက်ခန်းယင်ကောင်ကပြောတယ်.. " မင်းကလည်းကွာ နေ့တိုင်း နံစော် နေတာတွေပဲစားသောက်နေတာ .. ငါနဲ့လိုက်ပြီး အရသာရှိရှိနဲ့ မွှေးကြိုင်နေတာလေးတွေလိုက်စားပါလားကွာ"
အိမ်သာထဲကယင်ကောင်ကပြန်ပြောလိုက်တယ် " လိုင်းမတူတော့ အဖွဲ့လုပ်လို့မရပါဘူး ... စားကောင်းသောက်ကောင်းနေတော့ ငါကအားကျမယ်ထင်လား ... ငါ့လို ကောင်မလေးတွေရဲ့ ဖင်ပြောင်ပြောင်ဖွေးဖွေးတွေ ဘယ်လောက်မြင်ဖူးမှာလဲ ..." 8)
+7

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10836
Re: အမောပြေဟာသမှတ်စု
« Reply #855 on: September 02, 2012, 11:24:17 AM »
အရက်သောက်ရင်

ဓါတုဗေဒ ဆရာက သူ့ကျောင်းသားတွေကို အရက်သောက်ခြင်းရဲ့ ဆိုးကျိုးတွေသိရအောင်

လက်တွေ့စမ်းသတ်မှု တစ်ခုလုပ်ပြတယ်။ သူက အရက်တစ်ခွက်၊ ရေတစ်ခွက်နဲ့ သန်ကောင် နှစ်ကောင် ယူလာတယ်။

"ကဲ..တပည့်တို့ ဒီသန်ကောင် နှစ်ကောင်ကို သေချာကြည့်ထားနော်" ဆရာက ပြောပြီး
အရက်ခွက်ထဲကို တစ်ကောင်၊ ရေခွက်ထဲကို တစ်ကောင် ထည့်လိုက်တယ်။

ရေခွက်ထဲက သန်ကောင်က ဂျွမ်းထိုး ကခုန်ပြီး ပျော်ရွှင်နေတယ်၊ အရက်ခွက်ထဲက
သန်ကောင်ကတော့ တွန့်လိမ်ကောက်ကွေးပြီး ခဏနေတော့ ငြိမ်သက် သေဆုံးသွားတယ်။

"ကဲ တပည့်တို့ တွေ့ကြတယ် မဟုတ်လား??? ဒီစမ်းသတ်မှုကို ကြည့်ပြီး
ဘယ်လို သင်ခန်းစာယူနိုင်သလဲ" ဆရာက တပည့်တွေကို မေးတယ်။

နောက်ဆုံးတန်းမှ အောင်ကျော်က လက်ထောင်ပြီး ထဖြေတယ်။

"အရက်သောက်တဲ့လူတွေမှာ သန်ကောင် မရှိနိုင်ပါဘူး ဆရာ"

ဒါမသိဘဲနဲ.

ဖိုးသား လေးဘေး မှာ လူစိမ်း တယောက် လာ ထိုင်သည်၊

“ကလေး၊ တို့တွေ စကား ပြောရ အောင်၊ စကား ပြောရင် လေယာဉ် ပျံက ပိုမြန်မြန် ရောက် မယ်၊”

ဖိုးသား လေး လှည့် ကြည့်ပြီး ပြန်မေး လိုက်သည်။

“ဒါဆို လည်း ပြောတာ ပေါ့။ ဘာ အကြောင်း ပြောမှာ လဲ၊”

“တို့- နျူကလီးယားအကြောင်းပြောရအောင်။”

ဖိုးသား ဖတ်နေသော စာအုပ်ပိတ်လိုက်သည်။

“ရပါတယ်။ ဒါပေမဲ့ အဲဒီအကြောင်းမပြောခင် ကျွန်တော်တခုမေးချင်တယ်၊ ဆိတ်တွေ၊ နွားတွေ၊ မြင်းတွေ အားလုံးမြက်စားကြတယ်၊ ဆိတ်ကျတော့ ချေးတုံးအလုံးကလေးတွေပါတယ်။ နွားကတော့ ချေးပြဲပြဲတွေပါတယ်။ မြင်းကျတော့ မြက်ခြောက်လိုလိုပဲ ပြန်ထွက်လာတယ်။ အဲဒါဘာကြောင့်လဲ”

လူစိမ်းနည်းနည်း စဉ်းစားလိုက်သည်၊
“အေး။ အဲဒါတော့ ငါလည်း မစဉ်းစားတတ်ဘူးကွ၊”

ဖိုးသားလေးပြန်ပြောလိုက်တာကတော့
“ခင်ဗျားက ချေးသေးအကြောင်းလေးတောင်မသိပဲနဲ့ ဘယ်လိုလုပ် နျူကလီးယားအကြောင်းပြောနိုင်မှာလဲ၊”
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10836
Re: အမောပြေဟာသမှတ်စု
« Reply #856 on: September 02, 2012, 11:29:30 AM »
စာ

ဆရာ ၀န် တယောက် နဲ့ ရှေ့နေ တယောက် ဧည့်ခံ ပွဲတခု တွင် စကား ပြောနေ ကြသည်။ မကြာ မီမှာ ပဲ တခြား ဧည့်သည် များက စကား ၀ိုင်း တွင် ၀င်ဖြတ်ပြီး သူတို့ ရဲ့ ကျန်းမာ ရေး ပြသနာ များနှင့် ပတ်သက် ပြီး ဆရာ ၀န် ကို မေးမြန်း ကြရာ စကား ပြတ်သွား သည်။ တနာ ရီခန့် ကြာသွားပြီး နောက်မအားလပ်ခွင့်ရသွားသည်။

ဆရာဝန်က ရှေ့နေကို မေးသည်။

“အလုပ်ချိန်ပြင်ပမှာ အလုပ်တွေ မလုပ်ရအောင် ခင်ဗျားဘယ်လိုလုပ်သလဲ”

ရှေ့နေက ပြန်ဖြေသည်။

“အရင်ကတော့ ကျွန်တော်လည်း ခင်ဗျားပြသနာမျိုး ကြုံခဲ့ရပါတယ်။ ဒီလိုလာမေးတဲ့သူတွေအတွက် ငွေတောင်း ခံစာ တွေ နောက် ရက်မှာ ပို့ပို့ပေးလိုက်တယ်။ နောက်ပိုင်းတော့ လာမမေးကြတော့ဘူး၊”

ဆရာဝန်က သူ့စိတ်သူမလုံသော်လည်း နောက်တနေ့တွင် ငွေတောင်းခံစာများ ရေးရန် ရုံးခန်းသို့ ရောက်လာသည်။

ရုံးခန်းစားပွဲသို့ရောက်သော အခါ စာပွဲပေါ်တွင် စာတစောင်တွေ့သဖြင့် ဖွင့်ကြည့်ရာ မနေ့က စကားပြောခဲ့သော မိတ် ဆွေရှေ့နေထံမှ ငွေတောင်းခံစာဖြစ်နေသည်။

အမ်းငွေ

မင်္ဂလာ ဦး ည အပြီး နောက် မနက် တွင် သတို့ သား မောင်မောင် က သူငယ် ချင်းကို ပြောသည်။

“ပြသနာ ပဲကွာ ညက ငါ အရမ်း မူးသွား တယ်။”

“ဘာဖြစ် လို့လဲ ကွ”

“မိန်းမ နဲ့ အတူ နေပြီး ဘတ် ငါးရာ ထုတ်ပေး မိတယ်။”

“သူက ဘာပြော လဲကွ။”

“ဘာ မှ မပြော ဘူး၊ တရာ့ ငါးဆယ် ပြန်အမ်း လိုက်တယ်။”
+8

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10836
Re: အမောပြေဟာသမှတ်စု
« Reply #857 on: September 02, 2012, 11:31:56 AM »
သိဖို.

မြန်မာပြည်အလယ်ပိုင်း မြို့ငယ်တခုတွင်ဖြစ်သည်။

မြို့ရှိ လူမှု့ရေး အသင်းက မိဘမဲ့ ကလေးများ ကူညီစောင့် ရှောက် ရေးအတွက် ရံပုံငွေ ကောက်ခံ နေသည်။

လစဉ် ကောက်ခံ ရရှိသော အလှူငွေ စာရင်းတွင်မြို့ပေါ် ရှိ နာမည်ကြီး ရှေ့နေ ဦးငွေရ တယောက်၏အမည်မပါဘဲ ရှိနေသည်။ ထို့ကြောင့် အသင်း ဥက္ကဌက ဦးငွေရနှင့်သွားရောက် တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။

“ရှေ့နေံကြီးခင်ဗျား ရှေ့နေကြီးဟာ ကျနော်တို့ မြို့မှာဆို အအောင်မြင်ဆုံးနဲ့ ၀င်ငွေအကောင်းဆုံး ရှေ့နေကြီး တယောက်ပါ၊ အခုကျနော် တို့မြို့သူ မြို့သား တွေရဲ့ ကူညီထည့်ဝင်မှု့နဲ့ ဖွင့်လှစ်ထားတဲ့ မိဘမဲ့ ကလေးများ ကျောင်းဟာ တော်တော်လေးလည်း အရှိန်ရ နေပါပြီ။ ဒါပေ မယ့် သူတို့တွေရဲ့ စားဝတ်နေရေး။ ပညာရေး နဲ့ ကျန်မာရေး ဖွဲ့ဖြိုးတိုးတက်မှုတွေအတွက်တော့ ရံပုံငွေက လိုအပ်နေဆဲပဲ ဖြစ်ပါ တယ်။ အဲလို လိုအပ်မှုတွေကို ဖြည့်ဆည်းပေးဖို့အတွက် ရှေ့နေကြီး အနေနဲ့ လစဉ် တတ်အားသမျှ အလျှူငွေ ထည့်ဝင်ဖို့ မေတ္တာရပ်ခံပါတယ်။”

ဦးငွေရ တချက် စဉ်းစားလိုက်သည်။

“ဟုတ်ပါတယ်။ ဒီမြို့မှာတော့ ကျူပ်ဟာ အအောင်မြင်ဆုံးနဲ့ ၀င်ငွေ အကောင်းဆုံး ရှေ့နေ ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမယ့် ခင်ဗျားတို့သိထား ရမှာက ကျနော့အမေဟာ နာတာရှည် လူမမာကြီး ဖြစ်နေတယ်။ သူ့ရဲ့ တလတလ ဆေးဖိုးကုန်ကျငွေ က ကျနော့ တလစာဝင်ငွေလောက် ရှိနေ တယ်”

ဦးငွေရ စကားကြားသောအခါ အသင်း ဥက္ကဌ နည်းနည်း အားနာသွားသည်။

“အေးဗျာ- ဒါကို --------”

အသင်းဥက္ကဌ စကားကို ဖြတ်၍ ဦးငွေရက ဆက်ပြောသည်။

“နောက်ကျနော့မှာ မိုင်းထိလို့ မျက်စေ့ပျက်ပြီး ခြေထောက် ပြတ်နေရတဲ့ စစ်မှုထမ်းဟောင်း ညီတယောက်လည်း ရှိနေတယ်။”

အသင်းဥက္ကဌ ပို၍ အားနာသွားသည်။ ဦးငွေရကို တောင်းပန်ဖို့ ကြိုးစားသည်။ သို့သော် ဦးငွေရက ဒေါသတကြီး ဆက်ပြော၏။

“ကျန်သေးတယ်။ ကျန်သေးတယ်။ နောက် ကျနော့ညီမ တယောက်။ သူယောကျာင်္က ကားမှောက်လို့ သေသွားတယ်။ ဘာလျှော်ကြေးမှ မရဘူး။ သူမှာ ကလေးသုံးယောက်နဲ့ အတိဒုက္ခ ရောက်နေတယ်။ ခင်ဗျားတို့ ဒါတွေသိရဲ့လား၊”

အလှူခံလာရောက်သော လူမှုရေးအသင်း ဥက္ကဌ အလွန်အမင်း အားနာသွားသည်။ ထို့နောက် တိုးလျှိုး တောင်း ပန်းသော လေသံနှင့် -----

“တကယ်ပါဗျာ - ဒါတွေကို ကျနော်တို့ အသင်းအနေနဲ့ တကယ်မသိခဲ့တာပါ၊ ”

အသင်းဥက္ကဌ တောင်းပန်သောအခါ

“ဟုတ်တယ် အဲဒါတွေကို ခင်ဗျားတို့ သိရမယ်။ ”

ထိုနောက် ဦးငွေရက ခိုင်မာပြတ်သားသော လေသံနဲ့ ဆက်ပြောလိုက်သည်။

“နောက် ခင်ဗျားတို့ သိသင့်တာက သူတို့တွေကိုတောင် ကျူပ်က တပြားမှ မထောက်ပံ့တာ။ ခင်ဗျား တို့ အသင်း အတွက် ကျူပ်က ဘာလို့ အလှူ ထည့်ရမှာလဲ ဆိုတာပဲ၊”
+9

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10836
Re: အမောပြေဟာသမှတ်စု
« Reply #858 on: September 02, 2012, 11:40:41 AM »
သြော်

နယူးယောက်မြို့အရှေ့ပိုင်းရှိ လူအိုရုံတခုတွင် နေထိုင်နေ သော အသက် ၈၀အရွယ် ဒေါ်မာဂရက် တွင် ၀ါသနာ တခုရှိသည်။

ယင်းမှာ အပတ်စဉ် ထီမထိုးရ မနေနိုင်ခြင်း ဖြစ်သည်။

သူမထိုးလိုသော ထီနံပါတ်ကို လူအိုရုံရှိ ဆရာမလေး ဆိုဖီယာကအမြဲဝယ်ပေးရ၏။

တရက်တွင် ဒေါ်မာဂရက် ထီ ဒေါ်လာသန်း ၅၀ပေါက် ပါသည်။ သို့သော် ထီလက်မှတ်က ဆရာ မလေး ဆိုဖီယာထံတွင် ရှိနေသေး၍ ဒေါ်မာဂရက် မသိသေးပေ။ သူ့ကို အသိပေးရမည် ဖြစ်သည်။

အပတ်စဉ် ကြည့်ရှုစစ်ဆေး၍ ဆေးကုသပေးနေသော ဒေါက်တာ ကင်းက အကြံပေးသည်။

“အဖွားကြီးကို သူထီပေါက်တယ်ဆိုတာ တိုက်ရိုက်သွားမပြောပြနဲ့။ သူ့မှာ နှလုံးရောဂါရှိတယ်။ တော်ကြာ ၀မ်းသာလုံးဆို့ပြီး သေသွားနိုင်တယ်။”

“ဒီလိုဆို ဘယ်လို ပြောရမလဲဆရာ။ ”ဆရာမတယောက်က မေးသည်။

တခြားဆရာမတယောက်က “ဒါဆို ဆရာပဲ သွားပြောလိုက်ပါ။ ကျမတို့ထက် ဆရာက သူနဲ့ပိုရင်းနှီးတာပဲ ဥစ္စာ။ ”

သို့နှင့် ဒေါက်တာကင်းသည် ဒေါ်မာဂရက်ထီပေါက်ကြောင်း အင်မတန်သိမ်မွေ့စွာနှင့် သတင်းသွားပေးပါတော့သည်။

“အဖွား ဒီတပတ် ထီထိုးထားသေးသလား။ ”

“ထိုးတာပေါ့။ ကျမက အပတ်တိုင်း တစောင်တစောင်ထိုးနေကျ။ အခုဆို နှစ် နှစ်ဆယ်ကျော် ပြီဟာ။”

“အဖွားက ထီပေါက်ရင် ဘာတွေလုပ်မယ် စိတ်ကူးထားလဲ။”

“ဒီအသက်အရွယ်ရောက်မှတော့ ကျမမှာ ဘာရည်ရွယ်ချက်မှ ကြီးကြီးကျယ်ကျယ်မရှိပါဘူး။ ထီပေါက်ရင် လူအိုရုံကို လှုမယ်။ မိဘမဲ့ကလေးတွေအတွက် ကျောင်းတွေဖွင့်မယ်။ ဒီလောက်ပါပဲ။”

“အို ၀မ်းသာစရာပဲ။ အဖွားလုပ်ချင်တာတွေ တကယ်လုပ်ရတော့မယ် သိလား။ အဲ တကယ်လို့ အဖွားပေါက်တဲ့ ထီက ဒေါ်လာသန်း ၅၀လောက်ဖြစ်နေမယ်ဆိုရင် အဖွား ဘာတွေ ဆက်လုပ်အုံးမလဲ။”

ဒေါ်မာဂရက်က ခပ်တိုးတိုးတချက် ရယ်ပါသည်။

“ဒေါ်လာသန်း ၅၀ဆိုရင် တ၀က်ကို လှုမယ်။ ကျန်တဲ့ ဒေါ်လာ၂၅သန်းကို နေအုံး ကျမစဉ်းစားအုံးမယ်။ -------------------- အဲ ကျမမှာ သားသမီးတို့ ဆွေမျိုးတို့ဆိုတာလဲ တယောက်မှ ရှိတာမဟုတ်ဘူး။ ကျမဒီမှာ နေလာတဲ့ ကာလတလျောက်လုံး ကျမကို ဒေါက်တာကပဲ အနီးကပ် ပြုစုစောင့်ရှောက်လာတာဆိုတော့----”

“ဟုတ်- ဟုတ်ကဲ့ အဖွား --ဆက်--ဆက်ပြောပါအုံး။”

“အဲဒါဆိုတော့ ဒေါက်တာကိုပဲ အမွေ ပေးရမှာပေါ့။”

ထိုစဉ် ၀ုန်းဆိုသော အသံကြားလိုက်ရသည်။ ဒေါက်တာကင်း ပစ်လဲကျသွားခြင်း ဖြစ်သည်။ စမ်းသပ်ကြည့်သောအခါ အသက်မရှိတော့။
+10

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10836
Re: အမောပြေဟာသမှတ်စု
« Reply #859 on: September 02, 2012, 11:44:33 AM »
ကိုဘမောင် တယောက် မိန်းမ ရသည်မှာ နှစ်ပေါင်း အတော် ရှိလာပြီ ဖြစ်သည်၊

လွန်ခဲ့သည့် လ အနည်းငယ်မှ စ၍ ပြဿနာ စလာခဲ့သည်၊

မိန်းမဖြစ်သူနှင့် ချစ်ကျွမ်းဝင်ရန် ကိုဘမောင် တယောက် မစွမ်းတော့၊

ဆရာဝန်များ တယောက်ပြီး တယောက် ပြောင်းပြသည်၊ ဆေးခန်း ပေါင်းစုံပြီ၊ အင်္ဂလိပ်ဆေး။ တိုင်းရင်းဆေး။ ဆေး မြီးတို စုံအောင် စမ်းပြီးပြီ၊ အဆင်မပြေ၊

ကိုဘမောင် မကျေနပ်၊ အပြင်မှာ တခြား အမျိုးသမီး များနှင့် ကျိုးစား ကြည့်သည်၊

အံ့သြဖွယ် ကောင်းသည်၊ အဆင်ပြေသည်၊

သို့သော် ကိုဘမောင် တယောက် မိမိမိန်းမနှင့်သာ ချစ်ကျွမ်းဝင်လိုသည်၊ သည်လိုနှင့် ဆေးခန်းမျိုးစုံ ထပ်လှည့် ပြန်သည်၊

အရင် တပတ် ကတော့ ကိုဘမောင် တယောက် စိတ်ရောဂါကု ဆရာဝန် တယောက်နှင့် တွေ့သည်၊ ဆရာဝန် ညွှန်ကြား သည့်အတိုင်း စမ်းကြည့်သည်၊ အောင်မြင်သည်၊

မိန်းမ ဖြစ်သူမှာလည်း စိတ်ကျေနပ်မှု ရသည်၊ ယောက်ျားဖြစ်သူ ကိုဘမောင် မိမိနှင့် ပြန်လည် ပျော်ပါး နိုင်ပြီ၊

သို့သော် ချစ်ကျွမ်း မ၀င်မှီ ၁၀ မီးနစ်- ၁၅ မီးနစ် ခန့် ကိုဘမောင် တယောက် ရေချိုးခန်း ထဲကို မိမိ ဓါတ်ပုံ ကိုင်ကိုင်ပြီး ၀င်သွားသည်ကို သတိထားမိ နေသည်၊ မိန်းမ သဘာဝ စပ်စုမိသည်၊ သိချင်သည်၊

ဒီတညတော့ ကိုဘမောင် နောက်တိတ်တိတ် ကလေး လိုက်ချောင်းမည်၊

ကိုဘမောင် ထွက်သွားသည်၊ ၅ မီးနစ် လောက်အကြာ တိတ်တိတ် ကလေး အိပ်ရာမှ ထကာ ရေချိုးခန်း သို့ အသံ မကြားအောင် ကပ်သွားသည်၊

ရေချိုးခန်း မှန်ရှေ့တွင် သူမဓါတ်ပုံကို တလှည့် သူ့ကိုယ်သူ မှန်ထဲတွင် တလှည့် ကြည့်ရင်း ပါးစပ် မှလည်း တတွတ်တွတ် ရွတ်နေသည်ကို တွေ့ရသည်၊ ကိုဘမောင် တယောက် အော်တိုဆပ်ဂျက်ရှင်း နည်းဖြင့် မိမိစိတ်ကို မိမိ နားချနေပုံ ရသည်၊ သူမ ပိုစိတ်ဝင်စား သွားသည်၊ အနားသို့ တတ်နိုင်သမျှ အသံ မထွက်အောင် ကပ်သည်၊ အသံ မသဲမကွဲ ကြားသည်၊ ထပ်တိုးသည်၊ အသံ နည်းနည်း ကြား ရသည်၊ နည်းနည်း ထပ်တိုးသည်၊ ကြားရပါပြီ၊

ကိုဘမောင် တယောက် သူမဓါတ်ပုံ ကြည့်လျက် သူ့ကိုသူ ပြောနေ သည်က -

“ဒါ ငါ့မိန်းမ မဟုတ်ဘူး- ဒါ ငါ့မိန်းမ မဟုတ်ဘူး”
+9

Tags: