Author Topic: အမောပြေဟာသမှတ်စု  (Read 490086 times)

0 Members and 4 Guests are viewing this topic.

kaunglay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #840 on: July 03, 2012, 02:21:30 PM »
ဂျာနယ်လေးတစ်စောင်မှာ ဖတ်ရတာလေး ပါ... ပြန်လည် မျှဝေတာပါ ရှိပြီးသားဆို ရင်တော့ ..ဆော်ရီးပါ ဗျာ..

    လိုင်းကားတောင် အနိုင်နိုင် ရယ်

အခြေခံလူတန်းစား ဇနီးမောင်နှံ၏ အိပ်မက်ဆန်သောပုံရိပ်ကား ..." သုံးနှစ်အတွင်း ထားဝယ်လေဆိပ်ကို နိုင်ငံတကာ လေဆိပ်ကြီးအဖြစ်တည်ဆောက် တော့မယ်တဲ့ မိန်းမရေ"
"အင်း" " ဒါတင်မကဘူး ၊ပဲခူးတို့ ၊ပခုက္ကူ နဲ့ ပုဂံ ညောင်ဦးလေဆိပ် တွေကိုလည်း အဆင့်မြှင့် ဖို့ လေ့လာနေတယ်တဲ့ကွ "
"ဟင်း "
"တ ဟင်း ဟင်း နဲ့ မိန်းမကလည်းကွာ"
    "ဟင်းမှာပေါ့ ရှင့်က ဒီလောက်အားရပါးရ ပြောနေရအောင် လေယာဉ်ပျံစီးနိုင်လို့လား "
" ဟီး "
+4

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #841 on: July 05, 2012, 11:44:22 AM »
~ အသက် (၁၈) နှစ်အောက် မဖတ်သင့်သော ညစ်ပတ်သည့်ဇာတ်လမ်း ~

ခန္ဓာကိုယ် ခပ်ဖြောင့်ဖြောင့် စကတ်တိုတို၊ ဒေါက်မြင့်မြင့် စီးလာသည့် ကောင်မလေးတစ်ယောက် ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်လာသည်။ ထိုစဉ်ရုတ်တရက် ဘေးနားမှ ကားတစ်စီး အရှိန်ပြင်းစွာ ဖြတ်သွားသည်။မိုးရွာပြီးစဖြစ်၍ ကားလမ်းပေါ် တွင်ရေအနည်းငယ်ရှိသောကြောင့် ထိုရွံ့ရေများကောင်မလေးကို စင်သွားသည်။ ကောင်မလေးလဲ လန့်သွားကာ စင်လာသော
ရေများကို ရှောင်လိုက်၍ ဟန်ချက်ပျက်ကာ ပလက်ဖောင်းပေါ်လဲသွားသည်။ ပလက်ဖောင်းနှင့် ဒူးခေါင်းရိုက်မိ၍ ဒူးအနည်းငယ်ပြဲကာ သွေးစို့သွားသည်။

သွေးထွက်သံယို ပါသဖြင့် အသက် (၁၈) နှစ်အောက်များ မဖတ်သင့်ပေ။

ရွံ့ရေများ စင်သွားသဖြင့် ကောင်မလေးညစ်ပတ် သွားသောကြောင့် ညစ်ပတ်သွားသော ဇာတ်လမ်းဖြစ်သည်။

ထို့ကြောင့် အသက် (၁၈)နှစ်အောက်များ မဖတ်သင့်သော ညစ်ပတ်သည့် ဇာတ်လမ်းဖြစ်သည်။

ပြီးပါပြီ...


 ;D ;D ;D ;D ;D
+6

Offline pelican

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 579
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +6700
Re: အမောပြေဟာသမှတ်စု
« Reply #842 on: July 05, 2012, 05:58:59 PM »
+2

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #843 on: July 12, 2012, 04:53:58 PM »
~ ဆရာမ = ကဲကလေးတို့ရေ .. မေးခွန်းတစ်ခုမေးမယ် ..
~ ဆရာမမေးပြီးတာနဲ့ အဖြေကို တစ်ပြိုင်တည်း ဖြေ ...

ကဲမေးပြီ ... ၈ နဲ့ ၆ ပေါင်းရင်ဘယ်လောက်ရမလည်း

~ ကလေးများ = တစ်ပြိုင်တည်း ......

 ;D ;D ;D ;D

တစ်ခါက နှလုံးခွဲစိတ်ခန်းဝင်ခါနီးတွင် ကောင်မလေးက ကောင်လေးကိုပြောတယ်
ကောင်လေး ငါ ခဏနေရင် နှလုံးအစားထိုးခွဲစိတ်ဖို့ ခွဲစိတ်ခန်းဝင်ရတော့မယ်
ငါသိပါတယ် ကောင်မလေးရယ် နင်အားလုံးအဆင်ပြေမှာပါ
နင့်ကိုငါအရမ်းချစ်တယ် ကောင်လေးရယ်
ငါလဲ နင့်ကိုအရမ်းချစ်တယ်ကောင်မလေး

ခဏအကြာတွင် ကောင်မလေး နှလုံးအစားထိုးခွဲစိတ်ရန် ခွဲစိတ်ခန်းအတွင်းသို့ ၀င်သွားတော့သည်။
ခွဲစိတ်ခန်းမှထွက်လာပြီး
ကောင်မလေးနိုးထလာသည်။
နံဘေးနားကြည့်လိုက်တော့ ကောင်မလေး သတိပြန်ရလာလျှင် ဘေးနားရှိနေမည်ဟု ပြောသော ကောင်ကလေးမရှိ
ကောင်မလေးရဲ့ အဖေဖြစ်သူကိုသာတွေ့လိုက်သည်။

ကောင်မလေးက အဖေဖြစ်သူကိုမေးလိုက်သည်။

အဖေ အဖေ ကောင်လေးရော

ဖခင်ဖြစ်သူမှ စိတ်မကောင်းတဲ့ပုံစံနှင့်

သမီး နှလုံးအစားထိုးနိုင်ဖို့အတွက် လှူခဲ့တဲ့ နှလုံးအလှူရှင်က ဘယ်သူထင်လို့လဲ သမိးကောင်လေးရဲ့ နှလုံးပဲ

ကောင်မလေး ခဏ ဆွံ့အသွားပြီးနောက် ကျူကျူပါအောင် ငိုတော့သည်။

ကောင်မလေး အားရပါးရငိုနေချိန်တွင် ကောင်မလေးအဖေမှ

သမီး မငိုပါနဲ့ သမီးရယ် ကောင်လေး ဘယ်မှ မသွားပါဘူး အိမ်သာခဏသွားတာပါ။ သမီးကို အဖေစတာပါ တဲ့
  ;D ;D ;D ;D ;D ;D

သိုးဆောင်းလို သိပ်မကောင်းလို့ တတ်သရွေ့ ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ မရီရပါက ကျနော့်ညံ့ဖျင်းမှုသာ

@credit: facebook
+7

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #844 on: July 13, 2012, 03:03:18 PM »
ဟာသအဟောင်းလေးပါ ~ မဖတ်ဖူးသေးရင် အသစ်ပေါ့နော် ~ ဖတ်ပြီးသားဆိုလည်း အဟဲ ~ ထပ်ဖတ်ပေးပါလို့ :P ကျနော်ကတော့ မဖတ်ရသေးဘူးဗျ... ခုမှတွေ့လို့

ဟာသသက်သက်လေးပါ ~

မင်္ဂလာ မနက်ခင်းပါ၊ မြန်မာ့ နိုင်ငံတကာ လေကြောင်းမှ ထိုင်နေသောခရီးသည်များနှင့် မတ်တပ်စီးနင်း လိုက်ပါလာသော ခရီးသည်များကိုနှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ လေယဉ်မှူး သူရိန် ဖြစ်ပါတယ်။ လူကြီးမင်းများအားလုံး ကိုယ့်ထိုင်ခုံ တွင် ထိုင်ကြရန် နှင့်
မတ်တပ်ရပ်သူများ သေချာ မတ်တပ်ရပ် ကြပါရန် မေတ္တာရပ်ခံ အပ်ပါတယ်။ မြန်မာ့လေကြောင်း မှ ခရီးစဉ်ချိန် ၄ရက် နောက်ကျသွားခြင်းကြောင့် ၀မ်းနည်းပါတယ်။ရာသီဥတု မကောင်းတာကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ Flight 747 စင်္ကာပူ မှ မြန်မာပြည် ကို ပျံသန်း နေခြင်းဖြစ်ပါတယ်။ လေယာဉ် ဘယ်နား
ရပ်နားမယ်ဆိုတာတော့ ပြောလို့ မရပေမဲ့ မြန်မာပြည် တစ်နေရာရာမှာရပ်နားမှာတော့ ကြိမ်းသေပါတယ်။ ကံကောင်းရင် လူကြီးမင်းတို့ နေတဲ့ ရပ်ကွက်မှာဆင်းသက်နိုင်ပါတယ်။
ကျွန်တော်တို့ မြန်မာ့ လေကြောင်းဟာ ခရီးစဉ်အားလုံး ဘေးကင်းစွာပဲ
ပျံသန်းနေတာကြာပါပြီ၊ ဘယ်လောက် အန္တရာယ် ကင်းသလဲဆိုရင် အကြမ်းဖက် သူတွေတောင် ကြောက်ပြီးမစီးကြပါဘူး။ သတင်းကောင်းပါး လိုက်တာကတော့ ကျွန်တော်တို့ ရဲ့ ခရီးသည် ၃၀%ဟာ သူတို့ သွားလိုတဲ့ ခရီးကို မြန်မာ့လေကြောင်း ပို့ဆောင်မှုကြောင့်ရောက်ရှိခဲ့ပါတယ်။ ခရီးသည်များ တောင်းဆိုချက်အရ ကျွန်တော်တို့ရဲ့ လေယာဉ်ပန်ကာ အင်ဂျင်ဟာ နားငြီးတယ် ဆိုရင် ပိတ်ပေးလို့ ရပါတယ်။ တကယ်ဘုရားတရားမကိုင်းရှိုင်းသူများ ကျွန်တော်တို့ လေကြောင်းဟာ ဘုရားရှိလား မရှိလားဆိုတာကို တကယ်ရှာဖွေပေးပါတယ်။

ကျွန်တော်တို့ရဲ့ In Flight ရုပ်ရှင်ကတော့ တီဗီက ပြသနေတာတွေကို ကူးယူဘို့မေ့သွားလို့ ကြည့်ရှုလို့ မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နဲ့အမြင့်ချိန်တူ ဘေး မနီးမလှမ်းမှာ ပျံသန်း နေတဲ့ Emirate
Airline မှာ ပြသ နေတဲ့ ရုပ်ရှင်ကို ညာဘက်က ပြုတင်းပေါက်တွေကနေလှမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ လေကြောင်းအားလုံးတွင်ဆေးလိပ် မသောက်ကြရန် နှင့် မီးခိုးငွေ့တွေ့ပါက ကျွန်တောတို့ တပ်ဆင်ထားတဲ့အင်ဂျင်စက် က အရှိန်လျှော့ရန် အချက်ပြသနေခြင်းဖြစ်ပါတယ်။

ခရီးသွားများ ဘယ်ကနေ ဘယ်ကို ပြန်သန်းနေတယ်ဆိုတာ
လမ်းတစ်လျှောက်မြင်ဖူးတယ်ရှိအောင် အတတ် နိုင်ဆုံး မြေကြီးနဲ့ ကပ်ပြီး
ပြန်သန်းနေပါတယ်။ မြေလွှာနဲ့
သိပ်ကပ်သွားတယ်ဆိုရင်လဲ အကြောင်းကြားပေး စေချင်ပါတယ်။ကျွန်တော်တို့ မြန်မာ
လေကြောင်းဟာ မကြာခင်မှာ ဆင်းသက်တော့မှာမို့ ခါးပတ်များ ပတ်ထားကြရန်နှင့် ခါးပတ် ရှာမရသူများ ၊ ကိုယ့်ခါးမှာ ပါလာတဲ့ ခါးပတ်ကို ထိုင်ခုံနှင့် ချီထားကြပါရန်၊ ထိုင်ခုံ မရှိသော ခရီးသည်များ ဘယ်လို ခါးပတ်ပတ်ရမည် မသိပါက၊ ကျွန်တော်တို့ ရဲ့ လေယဉ်မယ်များကို ကိုယ်ပါလာတဲ့ လက်ကိုင်အထုတ်တွေနဲ့ ဘယ်လို ချီရမယ်ဆိုတာ ကို အကူအညီ တောင်းနိုင်ပါတယ်။ကျွန်တော်တို့ မြန်မာ့ လေကြောင်းဟာ ခရီးသည်များ ခေတ်မှီစွာ လက်မှတ်များ ၀ယ်ယူနိုင်ရန် အင်တာနက်မှ
တဆင့် ရောင်းချပေးနေပါတယ်။ မြန်မာပြည်မှာ မီးပျက်တာရယ်၊ အင်တာနက် ဆာဗာ များ လေးလံတာရယ်၊ ကမ္ဘာ့သုံး ငွေကြေးကဒ် စနစ်မရှိသေးသောကြောင့် လက်မှတ်ဝယ်ရာတွင် ပုံမှန်လိုပဲ ငွေကို ကောင်တာတွင် လက်ငင်းချေပါရန်
ပန်ကြားအပ်ပါတယ်။

မြန်မာ့လေကြောင်းမှ ကျေးဇူးအထူးတင်ရှိပါသည်။
+9

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #845 on: July 17, 2012, 10:48:55 AM »
တစ်လောက..Taxi စီးရင်း..Driver ဦးလေးကြီးက..သူသရဲခြောက်ခံရတဲ့.အကြောင်းကိုပြောပြတယ်..
မအိပ်သေးတဲ့.သူငယ်ချင်းတွေလည်း..အပျင်းပြေဖတ်ကြည့်ပေါ့ဗျာ....

အဲ့နေ့က..ည၁၀နာရီလောက်ရှိရောပေါ့ကွာ...မင်္ဂလာဒုံ.ဘက်ကို..ရောက်နေတာ...ဦးက..မြို့ထဲပြန်မှာ....ကားပြန်အပ်တော့မယ်ပေါ့ကွာ..တစ်ခေါက်ပီးရင်တော့...
အဲ့ချိန်မှာ...မိန်းမတစ်ယောက်တားတယ်....ဆံပင်ရှည်ကို..ဖားလျားချထားတယ်...အင်္ကျီကလဲ..အဖြူရောင်ကွာ..
ခါးရှည်ပေါ့....ပြောတဲ့နေရာကလည်း..လမ်းကြုံနေတယ်...နဲနဲပဲဝင်ရမှာ..တက်ခိုင်းလိုက်တာပေါ့ကွာ..

ကားထွက်တော့မှ...ကြက်သီးတွေ.ကတစ်ဖြန်းဖြန်း...ထလာတယ်...သူရဲမများလားမသိဘူးဟ...
နောက်ကနေ..ဂုတ်ချိုးပြီးသတ်ရင်တော့..အခက်ဟ..ဆိုပြီး..လန့်လာရော..Back မှန်က..ကြည့်တော့လည်း..
ငြိမ်လို့..ဆံပင်တွေကလည်း..လွင့်လို့...ငါလည်း...အသက်တောင်ကောင်းကောင်းမရှူရဲဘူးကွာ..
အဲ့လို့နဲ့...သူပို့ခိုင်းတဲ့လမ်းရောက်.ပါလေရော...ခွေးတွေကလည်း...အဲ့ချိန်...အူချက်ကွာ....မရပ်တော့ဘူး...
အိမ်က.မြင်နေရပြီ..ငါလည်း...လျှောက်ပြောရတာပေါ့...လမ်းထဲဝင်ရင်...ကားက..ထွက်လို့မရလောက်ဘူး..ဘာညာနဲ့...

အဲ့ဒါနဲ့...အတင်းတောင်းပန်ပီး...လမ်းထိပ်တင်ရပ်ပေးလိုက်တယ်..ပိုက်ဆံမယူတော့ဘူး..
ပြောတာကို..အတင်းပေးသွားသေးတယ်...ထူးဆန်းပုံက..ဆင်းဆင်းချင်းတင်..အသံမကြားပဲ..ပျောက်သွားတာ...တစ်သက်နဲ့တစ်ကိုယ်ကွာ..
မကြုံဖူးဘူး..နောက်တံခါးကလဲ..မပိတ်သွားဘူး...အဲ့ဒါနဲ့..ဘုရားစာတွေ..ရွတ်ပြီး.... ကားတံခါးကို..ဖွင့်လိုက်တယ်..ဆင်းပြီး..သွားပိတ်မယ်ပေါ့..ကားပေါ်ကဆင်းလိုက်တဲ့အချိန်မှာ...စဉ်းစားမိတယ်...ပြန်လှည့်လာရင်တော့ သေပြီလို့......
အဲ့ချိန်ဗြုန်းဆို...ခြေထောက်ကို..လက်အေးအေးကြီး တစ်ဖက်က လှမ်းဆွဲတယ်..ငါလည်း....လှမ်းကြည့်တော့..

ဟိုမိန်းမ..ခေါင်းကြီး...ငါ့ခြေထောက်နားမှာလေ...
အားပါးပါး.....
ဆံပင်မှာလည်း..ရေတွေ..ရွှဲလို့..
...ငါတော့..မြတ်စွာဘုရားကို..
အာရုံပြုလိုက်တယ်..
ငါတော့...သွားပြီလို့...
အဲ့ချိန်ဗြုန်းဆို အသံတစ်သံကြားတယ်........

"နောက်ဆို..မြောင်းဘေးမှာ..
ကား..မရပ်ပါနဲ့..ဦးလေးရယ်.."..တဲ့...
...

ဟိဟိ...

Credit to ဟာသကမ္ဘာ (funny world)
+11

Offline sithu2287

  • ကောလိပ်ဂျင်
  • ****
  • Posts: 296
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +4159
Re: အမောပြေဟာသမှတ်စု
« Reply #846 on: July 17, 2012, 01:42:52 PM »
(click to show/hide)

credit to my best friend
+3

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #847 on: July 21, 2012, 04:04:01 PM »
NEED FOR SPEED
(click to show/hide)
+1

Offline Nawtun

  • ပထမနှစ်
  • *
  • Posts: 4
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +8
Re: အမောပြေဟာသမှတ်စု
« Reply #848 on: July 24, 2012, 10:35:36 PM »
"လူတိုင်းလိုက်နာရမည့်စည်းကမ်း
ဆေးရုံတစ်ခုအတွင်းမှာဖြစ်သည်
လူနာတစ်ယောက်ကို နပ်စ်မက အခန်းငယ်တစ်ခုဆီကိုခေါ်လာပြီး
အ၀တ်အစားတွေချွတ်ဖို့ပြောတယ်
လူနာကမချွတ်ချင်တော့ ကွန်ပလိန်းတက်တာပေါ့  :-\
"ငါ့ရောဂါကိုစစ်ဆေးဖို့ ကိုယ်တုံးလုံးချွတ်ဖို့လိုလို့လား"
"ဒါကတော့ ကျွန်မတို့ဆေးရုံရဲ့စည်းကမ်းမို့လို့ပါ"
"အသုံးမကျတဲ့စည်းကမ်းပဲ။ ငါ့ခြေမကွဲလို့လာပြတာ"
ခြေမကိုမြင်ရင်ပြီးတာပဲမလား ကိုယ်တုံးလုံးချွတ်ပြရမယ်လို့   :o မဟုတ်သေးပါဘူး "
ဒီတော့ သူ့လိုပဲ ကိုယ်တုံးလုံးချွတ်ခိုင်းခံရတဲ့ တစ်ဖက်ခန်းကလူက လှမ်းအော်ပြောတယ်......
" ခင်ဗျားကမှ ခြေမကွဲသေးတယ်၊ ကျွန်တော်ဆို ဆေးရုံဖုန်းလိုင်းပြင်ဖို့လာတာကိုဗျာ............."


ရှိပြီးသားဆိုရင်တော့ ကြိုက်သလိုလုပ်ပါနော်
သဘောကျလို့ တင်လိုက်တာပါ
 ;D ;D ;D

Credit - တတိယမြောက် ရိုမီယို (FB)
+6
« Last Edit: July 24, 2012, 10:40:08 PM by Nawtun »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +11014
Re: အမောပြေဟာသမှတ်စု
« Reply #849 on: July 30, 2012, 07:13:25 PM »
 :)
29 july ၂၀၁၂နေ.တုန်းကနိုင်ငံတစ်ကာမြန်မာ.ရိုးရာလက်ဝှေ.ပြိုင်ပွဲရန်ကုန်တွင်ကျင်းပခဲ.ပါသည်။နိုင်ငံခြားသား(၂)ယောက်ပါဝင်ထိုးသတ်သည်။ ပတမပွဲတွင်မြန်မာလက်ဝှေ.ကျော်အနိုင်ရရှိသည်။
တိုက်ရိုက်လွှင်.မီဒီယာကလည်းထိုအားကစားသမားအားဆုယူအပြီးအင်တာဗျုးသည်။အနိင်ရသည်.အတွက်မြန်မာ..ဟုအော်ခိုင်းရာမအော်ဘူးဟုပြောသဖြင်. မေးသူကသူပါအော်မည်ဆိုသောကြောင်.အော်လိုက်ကြရာကြားရသူများပြုံးကြရပါသည်။
ဒုတိယပွဲတွင်မြန်မာ.လက်ဝှေ.ကျော်ဒါဏ်ရာရပြီးနိုင်ငံခြားမှယခင်ကလည်းလာရောက်ဘူးသူအားရှုံးသွားပါသည်။ပွဲပြီးဆုယူပြီးနောက်တိုက်ရိုက်လာရောက်ဗျူးသည်.မီဒီယာကိုမတွေ.ရသလိုဆုမယူခင်
်အနောင်ဆာမှအနိုင်ရသူအားပြောဆိုသောအောက်ပါစကားကြောင်. Grinရှုံးသွားသော်လည်းပရိသတ်အချို.ပြုံးဖီးဖီးကြီးဖြစ်နေကြလေသည်။
အနောင်ဆာ.......( ).စင်ပေါ်မှာငြိမ်ငြိမ်နေပါခင်ဗျာ..မခုန်ပါနဲ.ခင်ဗျာ

 ;) ;D
အဆိုတော်မိဆွေ(မေဆွီ) ရွှေရတုရှိုးတွင်ပရိသတ်ထံမှအသံများကိုအောက်ပါအတိုင်ကြားခဲ.ရပါသည်။
ဟိုပိန်ပိန်ရှည်ရှည်နဲ.မျက်မှန်လဲတပ်ထားတဲ.လူကဘယ်သူကြီးလဲ၊
ဟိုဘက်ပြေးလိုက်၊ဒီဘက်ပြေးလိုက်နဲ.လုပ်နေတယ် ဘာကောင်ကြီးလည်းမသိဘူး
မေဆွိကိုလည်းဘတ်ဒေးသီချင်းဆိုနေတုန်းလက်ညိုးတစ်ထိုးထိုးနဲ.
တီးဝိုင်းကလူတွေကိုလိုက်ဖက်နေသေးတယ်

အော်.အဲတာမေဆွိယောက်ျားလေ

ဟုတ်လား ....အေး..တွေ.တယ်..လည်ပင်းမှာလည်းကြိုံးတပ်ထားတဲ.ကဒ်ပြားကြီးဆွဲထားတယ်ဘာလို.ဆွဲထားလဲမသိဘူးနော်

အော်သူ.ကိုမသိဘဲစင်ပေါ်ကဆွဲချမှာစိုးလို.ဆွဲထားတာနေမှာ

.......... ;D
+3

Tags: