Author Topic: အမောပြေဟာသမှတ်စု  (Read 490085 times)

0 Members and 4 Guests are viewing this topic.

Offline Valkyrie

  • ပထမနှစ်
  • *
  • Posts: 30
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +230
Re: အမောပြေဟာသမှတ်စု
« Reply #830 on: May 04, 2012, 09:54:30 AM »
တစ်ခါက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ် လူမျိုး(၃)ဦးသည် သဲကန္တာရ တစ်ခုတွင်
ခရီးအတူ သွားကြသည်။ တစ်နေရာ
ရောက်သော် ပုလင်းတစ်လုံးကို တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သောအခါ
ထိုပုလင်းကို စောင့်သော နတ်သား
တစ်ပါး ထွက်လာသည်။ (အာလာဒင်ပုံပြင် မဟုတ်ပါ) နတ်သားက တစ်ယောက်စီ
ကြိုက်နှစ်သက်ရာ ဆန္ဒ(၃)မျိုးကို
တောင်းဆိုစေသည်။

ပထမဦးစွာ အင်္ဂလိပ်လူမျိုးက "ကျွန်တော်မျိုး ပိုက်ဆံအများကြီး လိုချင်ပါတယ်"
"ဒုတိယ ဆန္ဒကရော"
" ပိုက်ဆံတွေ ထပ်လိုချင်သေးတယ်"
"တတိယ ဆန္ဒကရော"
"ကျွန်တော်မျိုးကို နေရပ်ကို ပို့ပေးပါ"
သို့နှင့် အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ကို ပိုက်ပြီး မိမိနိုင်ငံကို
ပြန်သွားရသည်။

တဖန် ပြင်သစ်လူမျိုးက " ကျွန်တော်မျိုး မိန်းမလှလှလေး လိုချင်ပါတယ်"
"ဒုတိယ ဆန္ဒပြောပါ"
" မိန်းမလှလှလေး နောက်တစ်ယောက် ထပ်လိုချင်တယ်"
"တတိယ ဆန္ဒပြောပါ"
"ကျွန်တော်မျိုးရဲ့ နိုင်ငံကို ပြန်ပို့ပေးပါ"
ပြင်သစ်လူမျိုးမှာ မိန်းမလှလေးတွေ အဖော်ပြုပြီး မိမိနိုင်ငံကို ပြန်သွားရသည်။

နောက်ဆုံး တရုတ်လူမျိုး အလှည့်တွင် "ကျွန်တော်မျိုး ရေဆာတယ်
ရေတစ်ပုလင်းအရင်ပေးပါ"
"ဒုတိယ ဆန္ဒပြောပါ"
"ရေနောက်ထပ် တစ်ပုလင်းပေးပါ"
"တတိယ ဆန္ဒပြောပါ"
"ကျွန်တော်မျိုး သူတို့နှစ်ယောက်ကို သတိရနေတယ်။ သူတို့ ဒီပြန်ရောက်အောင်
လုပ်ပေးပါ"

အပိုင်း (၂)

အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးမှာ မကျေမနပ်ဖြင့် တရုတ်လူမျိုးနှင့် အတူ
ခရီးဆက်ပြန်သည်။ တစ်နေရာ ရောက်သော်
ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်ရာ နတ်သားတစ်ပါး
ထွက်လာပြန်သည်။ နတ်သားက တစ်
ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၂)မျိုးကို တောင်းဆိုစေသည်။

အင်္ဂလိပ်နှင့်ပြင်သစ် လူမျိုးက တရုတ်လူမျိုး အကောက်ကြံမည် စိုးသောကြောင့်
သူ့အား အရင် တောင်းဆိုစေသည်။
တရုတ်လူမျိုး " ကျွန်တော်မျိုးအား ရေတစ်ပုလင်း အရင်ပေးပါ"
နတ်သား " နောက်ဆုံးတစ်ခု တောင်းဆိုချင်တာက ... "
" နောက်ဆုံးတောင်းဆိုချင်တာက အရှင် ဒီကထွက်သွားပါ"
အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဘာမှ မတောင်းဆိုရခင် နတ်သားမှာ ပျောက်ကွယ်သွားသည်။

အပိုင်း (၃)

အင်္ဂလိပ်နှင့် ပြင်သစ်မှာလည်း ဒေါသထွက်ပြီး ခရီးဆက်ပြန်သည်။
တစ်နေရာတွင် ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ နတ်သားတစ်ပါး ထွက်လာပြီး
တစ်ယောက်စီ ကြိုက်နှစ်သက်ရာ
ဆန္ဒ(၁)မျိုးကို တောင်းဆိုစေသည်။

အင်္ဂလိပ်လူမျိုး "ဒီတရုတ်လူမျိုးကို မမြင်ချင်တော့ဘူး"
ပြင်သစ်လူမျိုး " ကျွန်တော်မျိုးလည်း သူ့ကို မမြင်ချင်ဘူး"
တရုတ်လူမျိုး "သူတို့တောင်းဆိုတာတွေ တစ်ခုမှ မအောင်မြင်ပါစေနဲ့"

အပိုင်း (၄)

အင်္ဂလိပ်နှင့် ပြင်သစ်မှာ လက်သီးကိုဆုတ် အံကိုကြိတ်ပြီး ခရီးဆက်ပြန်သည်။
တစ်နေရာတွင် ပုလင်းတစ်လုံး တွေ့ပြန်သည်။ နတ်သားတစ်ပါး ထွက်လာပြီး
သူတို့(၃)ဦးကို လိုအင်ဆန္ဒ တစ်ခုပဲ
တောင်းဆိုစေသည်။ အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးက တရုတ်လူမျိုးကို
တောင်းဆိုစေပြီး နတ်သားအားလည်း သူ၏ဆန္ဒ
မပြည့်စေရန် တိုးတိုးပြောသည်။

တရုတ်လူမျိုးက "ကျွန်တော်မျိုး တောင်းဆိုချင်တာက သူတို့နှစ်ဦးကို
နေရပ်ပြန်ပို့ပေးလိုက်ပါ။ ကျွန်တော်မျိုးနဲ့ ဒုက္ခခံ
နေတာ မကြည့်ရက်လို့ပါ " ဟူတည်း။
+9

zenim

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #831 on: May 04, 2012, 03:43:16 PM »
အကိုလား၊ အဖေလား
ကျွန်တော်တို့ အိမ်ဘေးနားကအန်တီကြီးအိမ်မှာကြောင်တစ်ကောင်ရှိတယ်။ ကြောင်မပေါ့ဗျာ။ အဲ့ဒီကြောင်မကတစ်နေ့ ကျတော့ ကြောင်ထီးလေးမွေးရော။ မွေးတော့နာမည်ပေးလိုက်တာ ရွှေဝါတဲ့။အဲ့ဒီ ရွှေဝါလေးက တစ်နေ့ တစ်ခြားအရွယ်ရောက်လာရော။ ရောက်လာတော့ တိရစ္ဆာန်ဆိုတော့ဗျာအသိဥာဏ်ကဘယ်ရှိပါ့မလဲ။ ဟုတ်တယ်မှတ်လား။ အဲအသိဥာဏ်မရှိတော့ သူ့ အမေကိုသူက (ဒန်တန့် တန်) လိုက်ရော။(ဒန်တန့် တန်) လိုက်တော့နောက်ထပ်ကြောင်လေးမွေးလာရော။ အဲ့ဒီကြောင်လေးက ရွှေဝါကို ဘယ်လိုခေါ်ရမှာလဲ။။

ဒန်တန့် တန် ဆိုတာကတော့………………………………….ဒန်တန့် တန်ပါပဲ
+3

zenim

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #832 on: May 04, 2012, 03:44:41 PM »
ပိုစ်မော်ဒန်. ဗင်းဆင့်ဗင်ဂိုးရဲ့ပြတ်သွားတဲ့နားရွက်တစ်ဖက်ကို Google မှာတွေ့လိုက်ရလို့တဲ့။ အဲဒါနဲ့ စားနေတဲ့ ပေါင်မုန့်မီးကင် ကို Facebookရဲ့ relationship မှာအက်လိုက်တယ်။ ပြီးတော့.... Gtalk ကိုဖွင့်လိုက်တော့ အလန်ကွာတာမိန်...း၊ မိုနာလီဇာ၊ရှားလော့ဟုမ်းနဲ့ဆားပုလင်းနှင်းမောင်တို့ အွန်လိုင်းဖြစ်နေ တယ်။ Mail ၀င်လာတယ် ဟစ်တလာက တိုက်တန်းနစ်သင်္ဘောပေါ်ပါလာလို့တဲ့။ ဒါဆို အိုဘားမားတော့ အလုပ်ရှုပ်ပြီ မဟတ္တမဂန္ဓီက ထပြောတယ်။ မှန်တံခါးနက်ကြီးပွင့်လာပြီး လူတစ်ယောက်ဝင်လာတယ်။ အင်တာနက်သုံးချင်လို့တဲ့ အသံလာရာကြည့်လိုက်တော့ အဲဘတ်အိုင်စတိုင်းဖြစ်နေတယ်။ သူကနာမည်ကြီးတယ်။ ရီလေးတစ်ဗတီ သီအိုရီ ဆိုတဲ့ ဆော့ဖ်ဝဲကို ထုတ်ထားတာ။ တစ်ခါတစ်လေ ဘီလ်ဂိတ်ကိုတောင် အင်တာနက်ဖိုးစိုက်ပေးတာတွေ့တယ်။ မိုးဇက် က တယောကို ဘေးချပြီး အွန်စောပါတဲ့ ကိုရီးယားစတားဆိုက်ကိုကြည့်နေတယ်။ ဘီသိုဘင်က ၀ိုင်ဝိုင်းရဲ့ ကြိုးမဲ့စွန်ကို ဒေါင်းလုပ်ဆွဲနေတယ်။ နံပါတ် ၁၅ မှာထိုင်နေတဲ့ ချာလီချက်ပလင်ကလှမ်းမေးလိုက်တယ်။ လိုင်းမကောင်းဘူးလား။သူကဒီဆိုင်ရဲ့ ဖောက်သည်။ လိုင်းလည်း သုံးလေးလိုင်းလောက်ချိန်းတတ်တယ်။ အိမ်မှာလည်း ငါးသိန်းဖုန်းနဲ့ လည်းအင်တာနက်ချိတ်ထားသေးတယ်။ လိုင်းကျရင် ဆိုင်ရောက်ရောက်လာ တတ်တယ်။ငြိမ်နေတဲ့ နပိုလီယံက ဘဂ္ဂဒက် မှာစစ်ဖြစ်နေတယ်လို့ဖြေလိုက်တယ်။ သူ့အဖြေကြောင့်တစ်ဆိုင်လုံး တိတ်သွားတယ်။ စားစရာဘာရလည်း..နံပါတ်၂ မှာထိုင်တဲ့ ဂျူးလီးယက်ဆီဇာက တိတ်ဆိတ်မှုကို တဖန်ဖြိုခွင်းလိုက် တယ်။ ဆိုင်ရှင်က ပေါင်မုန့်မီးကင်၊ ဖိုင်းယားဖော့စ်ကြော်၊ကွန်းဖြူးရှပ်နဲ့ ရေမရောတဲ့ Access Denied ရပါတယ်။ ဂျူးလီးယက်ဆီဇာရှုံ့မဲ့သွားတယ်။ ထို့နောက် YouTube ကိုကျော်ခွပြီးဂျပန်ဆူနာမီအကြောင်းဖွင့်နေလိုက်တယ်။ဆိုင်က တော်တော်ရောင်းကောင်း တယ်။ လူတွေလည်းဝင်လာမစဲပဲ..စတီဗင်စီးဂဲလ်၊ဒေးဗစ်ဘက်ဟမ်း၊ ဂျေကေရိုးလင်း၊နဲ့ ရှက်ကီရာ တို့လည်း ရှေ့ဆင့် နောက်ဆင့် ရောက်လာတယ်။ အကုန်လုံးတူညီတဲ့အချက်က ကော်နက်ရှင် ကောင်းလားလို့မေးပြီးမှ သုံးကြတယ်။ ဆိုင်ပိုင်ရှင် အယ်ဒီဆင် ကလည်းမုသားမပါလင်္ကာမချောဆိုတဲ့မူကိုလက်ကိုင်ထားပြီးမဆိုးပါဘူးပဲတွင်တွင်ဖြေတယ်။ နောက်စုံတွဲနှစ်တွဲဝင်လာတယ်။ရိုမီရို ဂျူးလီးယက်နဲ့ ရှင်မွေးလွန်း မင်းနန္ဒာ တို့အတွဲ သူတို့က သူငယ်ချင်း တွေ။ ဆရာစံလမ်းက မစ်(စ)်စတာဂစ်တာကထလာပုံရတယ်။ သူတို့ကို အဲဒီ့မှာ ခဏခဏတွေ့တယ်လို့ ချာလီချက်ပလင် က ပြောတယ်။ ဆိုင်ကတော့ လူပြည့်သွားတယ်။ သူတို့အတွဲကိုအာရုံစိုက်နေတုန်း ရော်ဘင်ဟုဒ်က "ကောင်မလေးအကောင့်ရှိလားတဲ့" အဲဒါနဲ့ Monaliza@gmail.com ကိုပေးလိုက်တယ်။ ကျွန်တော့်ကောင်မလေးအကောင့်တော့ မပေးဖြစ်လိုက်ဘူး။ ပျင်းတာနဲ့ Gtalkမှာရှားလော့ဟုမ်းကို "ဘာလုပ်နေလဲမစ္စတာဟုမ်း" လှမ်းမေးလိုက်တယ်။. အိုစမာဘင်လာဒင်ရဲ့ ProfileကိုTwitter မှာရှာနေတာ။သူအလုပ်ရှုပ်နေပုံရတဲ့အတွက် ဆားပုလင်းနှင်းမောင်ဘက်လှည့်လိုက်တယ်။ “အိုင်ဆေးကိုနှင်းမောင် ဘာလုပ်နေတုန်း”ဆိုတော့ လူဆိုးကြီးမရမ်းသီးရဲ့ပုံကိုfacebook မှာ upload တင်နေတယ်ဗျ။ အလန်ကွာတာမိန်းတော့ ဆက်မမေးဖြစ်တော့ဘူး။ သီချင်းသံကျယ်ကြီး ရုတ်တရက်ထွက်လာတယ်.အဖိုးကြီးလည်း Net အဖွားကြီးလည်း Net မွေးကင်းစ အာပြဲ လေးလည်း Netခွေးကိုက်လည်း Net ကြောင်အော်လည်း Net ...အပေအတေကလေကချေ ထိုင်လည်းNetတဲ့. ဆိုင်ထဲကလူတွေရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ ကြည့်လိုက်တော့ ဘီသိုဘင်၊ ဒေါင်းလုပ်ဆွဲထားတဲ့ သီချင်းကို ပြန်ဖွင့်ကြည့်နေတာ၊ သူဒေါင်းလုပ်ဆွဲတာက ၀ိုင်ဝိုင်းရဲ့ကြိုးမဲ့စွန်ထွက်လာတာက ရက်ပ်သီချင်း.. အင်တာနက်မှာ ဒီလိုပဲဖြစ်တတ်တယ်။ ဟက်ဖုန်းမတတ်ထားတော့ အသံထွက်လာတာ။ ဆိုင်ရှင် အယ်ဒီဆင်ကအမြန် ဂန္ဓီဆီက ဟက်ဖုန်းကို မသုံးဘူးမလား လို့မေးပြီး ဘီသိုဘင်ကိုပေးလိုက်တယ်။ ဆိုင်ထဲကို ရွမ်းမဲ၊ဂျန်ဂျစ်ခန်၊မောင့်ဂိုမာရီ၊ဆွန်ဇူး နဲ့ ဗန္ဓုလတို့ ၀င်လာတယ်။ လူပြည့်နေလို့ခဏတော့စောင့်ရမယ်။ ၁၅မိနစ်လောက် ဆိုရမယ်။ အယ်ဒီဆင်က ပြောလိုက်တယ်။ ရွမ်းမဲက..ကောင်တာတို့ ၊ ဂျင်နရယ်တို့၊ဒိုတာတို့ ရှိလား။အော.. ဒါဆိုရင် တော့ ဟိုဘက်တစ်လမ်းကျော်မှာ နယူတန်ရဲ့နက်ဝေါ့ဂိမ်းဆိုင်ရှိတယ်။ ဒါဆိုလည်း သွားကြစို့ ဗန္ဓုလကပြောပြီး ရှေ့ကထွက်သွားတယ်။ ရွမ်းမဲ၊ ဂျန်ဂျစ်ခန်၊ မောင့်ဂိုမာရီ နဲ့ ဆွန်ဇူးတို့လည်း နောက်ကနေလိုက်သွားကြတယ်။ ရွမ်းမဲတို့အဖွဲ့ ထွက်သွားပြီးရှေ့ဆင့်နောက်ဆင့်ပဲ ဖေ့စ်ဘုတ်ကို အပျင်းပြေလုပ်ထားတဲ့ မက်ဇကာဘတ် ၀င်လာပြီး ပြောလိုက်တယ်။ ငါ့ဖေ့စ်ဘုတ် အကောင့်ဘယ်သူဟက်သွားလည်း မသိဘူးတဲ့။ မက်ဇကာဘတ်၏ စကားကြောင့် အားလုံးအံ့သြသွားကြတယ်။ ................. ထိုအချိန်မှာပဲ ဘီလ်ဂိတ်က ရုတ်တရက် ၀င်းဒိုး8 ကို ထုတ် ရောင်းလိုက်လေသည်။....... ဟီး
+3

zenim

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #833 on: May 04, 2012, 03:45:30 PM »
“လျှင်” အရေးကြီးပုံအကြောင်း
ကျွန်တော်တို့ ကျောင်းမှာကျောင်းသားတစ်ယောက်ရှိတယ်။ သူကတော်တော်အဆော့မက်တဲ့ကောင်။ စာကိုတစ်လုံးမှမကျက်ဘူး။ အဲ့ဒါနဲ့ စာမေးပွဲနီးတော့ ဘာစာမှ မရသေးတာနဲ့ အတိုဆုံးအပုဒ် ဖြစ်တဲ့သန်းအကြောင်းကျက်သွားတယ်။ စာမေးပွဲအခန်းထဲရောက်တော့မေးခွန်းမှာကခွေးအကြောင်းမေးထားတယ်။ သူနည်းနည်းစိတ်ပူသွားတယ်။ သူကလည်းခေသူမဟုတ်။ ရေးလိုက်တဲ့ပုံက “ခွေးများတွင်အမွှေးများရှိပါသည်။ထိုအမွှေးများထဲတွင် သန်းများရှိပါသည်” ဆိုပြီးသန်းအကြောင်းဖြေလိုက်တယ်။ အောင်သွားတယ်။ အဲ့ဒါကိုမမှတ်သေးဘူး။ စာမကျက်ဘဲဆော့ဘဲဆော့နေတယ်။ နောက်စာမေးပွဲရောက်တော့ မေးခွန်းကကြောင်အကြောင်းဖြေပါတဲ့။ သူကလည်းအထာပေါက်ပေါက်နဲ“့ကြောင်များတွင်အမွှေးများရှိပါသည်။ထိုအမွှေးများထဲတွင်သန်းများရှိပါသည်”ဆိုပြီးသန်းအကြောင်းဖြေလိုက်ပြန်တယ်။ နောက်ဆုံးစာမေးပွဲရောက်တော့ မေးခွန်းက ရေနေသတ္တ၀ါ ငါးအကြောင်းဖြေခိုင်းတယ်။ အဲ့ဒီအချိန်မှာသူဖြေလိုက်တာက “ငါးများသည်ရေနေသတ္တ၀ါများဖြစ်သောကြောင့် အကြေးခွံများသာရှိပါသည်။သို့ သော်ငါးများတွင် အမွှေးရှိခဲ့’လျှင်’ဆိုပြီး……………….
+4

Offline ကံကောင်း

  • ကျောင်းသားကြီး
  • **
  • Posts: 92
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Angel & Demon
  • Respect: +668
Re: အမောပြေဟာသမှတ်စု
« Reply #834 on: May 09, 2012, 08:50:30 PM »
တင်ထားပြီးသား ရှိ -မရှိ သေသေချာချာ စိစစိပြီးမှ တင်ပါရန်..


ထွန်းအေး

တွဲဖက် ပါမောက္ခ
+1
« Last Edit: May 14, 2012, 02:40:09 PM by tunaye2011 »
Sometimes, I'm Angel. Sometimes, I'm Demon.

Online Kglayzz

  • စီနီယာ
  • ***
  • Posts: 248
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • အချစ်တက္ကသိုလ်မှ ခေတ္တအနားယူထားပါသည် ။။။။
  • Respect: +2471
Re: အမောပြေဟာသမှတ်စု
« Reply #835 on: May 14, 2012, 02:31:54 PM »
တင်ထားပြီးသားရှိ မရှိ သေသေချာချာ စိစစ်ပြီးမှ တင်ပါရန်


ထွန်းအေး

တွဲဖက် ပါမောက္ခ
+2
« Last Edit: May 14, 2012, 02:37:59 PM by tunaye2011 »
အ​ပေါ် မြှားကို နှိပ်ဖို့ မေ့တဲ့ လူတွေ (Vote Up) လုပ်ဖို့ မေ့တဲ့ လူတွေ ရုပ်ဆိုး နဲ့ ညားပါစေဗျာ :P

Online Kglayzz

  • စီနီယာ
  • ***
  • Posts: 248
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • အချစ်တက္ကသိုလ်မှ ခေတ္တအနားယူထားပါသည် ။။။။
  • Respect: +2471
Re: အမောပြေဟာသမှတ်စု
« Reply #836 on: June 02, 2012, 08:49:51 PM »
ဘာ.......ကောင်မ... နင်က ဆတ် စီးချင်တယ်ပေါ့လေ... ဆတ် မစီးနဲ့  ချို သေးလို့  ကျွဲ  စီးပါလား.. ဟီးဟီးးး :P :P :P :P
+1
အ​ပေါ် မြှားကို နှိပ်ဖို့ မေ့တဲ့ လူတွေ (Vote Up) လုပ်ဖို့ မေ့တဲ့ လူတွေ ရုပ်ဆိုး နဲ့ ညားပါစေဗျာ :P

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #837 on: June 03, 2012, 10:46:06 AM »
အဖြေမှန်

“ဒီကမ္ဘာကြီးဟာ အလေးချိန် ဘယ်လောက် ရှိသလဲ” လို့ဒုတိယတန်း ကျောင်းသား ချာတိတ်က မေးတယ်။ ဆရာလုပ်တဲ့သူက မဖြေနိုင်တော့၊ သူသင်ကြားလာခဲ့ရတဲ့ ပညာရေး နည်းစနစ်များထဲက အကောင်းဆုံး နည်းလမ်းကို ထုတ်သုံးလိုက်ပါတယ်။ “ဒီမေးခွန်းက အင်မတန် စိတ်ဝင်စား စရာကောင်းတဲ့  မေးခွန်းပဲ ၊ ကဲ..ဒီတော့ မနက်ဖြန်ကျရင် ဒီမေးခွန်းကို ဘယ်သူ ဖြေနိုင်မလဲဆိုတာ ကြည့်ကြ ရအောင်”

အဲဒီညမှာ ဆရာဖြစ်သူက မြို့နယ် စာကြည့်တိုက်ကို တစ်ချိုးတည်း တန်းသွား ရတော့တာပါ။ တော်တော်လေး ကြိုးစားပန်းစား  ရှာဖွေ ဖတ်ရှုပြီးတော့  သူ အဖြေကို တွေ့သွားပါသည်။  နောက်နေ့ကျောင်းတက်တော့ ကမ္ဘာကြီးရဲ့ အလေးချိန်ကို သိကြတဲ့သူများ ရှိသလားလို့ ဆရာက မေးတယ်။ တစ်ယောက်မှ မဖြေနိုင်ကြဘူး၊ ဆရာဟာသူ ကြိုးစားပန်းစား သုတေသနလုပ်ပြီး  ရထားတဲ့ အဖြေကို ဂုဏ်ယူဝံ့ကြွားစွာ ပြောပြ လိုက်ပါတယ်။  ကျောင်းသားတွေဟာ အဖြေကို စဉ်းစား တွက်ဆကြရင်း ခဏတော့ ငြိမ်ကျ သွားကြတယ်။ မူလ မေးခွန်းထုတ်တဲ့  ချာတိတ်လေး ကပဲ လက်ညှိုးလေး ထောင်ပြီး ထပ်မေးလိုက်တဲ့မေးခွန်းကြောင့် ဆရာဖြစ်သူ ဦးနှောက် ခြောက်သွား ရပါတော့တယ်။

 

မေးလိုက်ပုံက “အဲဒါ လူတွေ အပါအ၀င်လား၊ လူတွေ မပါဘဲနဲ့လား ဆရာ”
+12

Online Kglayzz

  • စီနီယာ
  • ***
  • Posts: 248
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • အချစ်တက္ကသိုလ်မှ ခေတ္တအနားယူထားပါသည် ။။။။
  • Respect: +2471
+2
အ​ပေါ် မြှားကို နှိပ်ဖို့ မေ့တဲ့ လူတွေ (Vote Up) လုပ်ဖို့ မေ့တဲ့ လူတွေ ရုပ်ဆိုး နဲ့ ညားပါစေဗျာ :P

Online htethtetlin

  • PDF Creator
  • **
  • Posts: 135
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +1167
Re: အမောပြေဟာသမှတ်စု
« Reply #839 on: June 28, 2012, 11:33:15 AM »
ယောက်ျားတစ်ယောက်သည် လိမ်ညာခြင်းကိုခံစားသိနိုင်သော စက်ရုပ်တစ်ရုပ်ဝယ်ခဲ့လေသည်။ ထိုစက်ရုပ်သည် လိမ်ညာခြင်းကိုသိနိုင်ရုံတင်မကဘဲ လိမ်ညာသူအား လိမ်ညာသည့်အချိန်တွင်
တစ်ခါတည်း ပါးရိုက်ပီးဆုံးမနိုင်လေသည်။ ထို့ကြောင့် ယောက်ျားသည် ထိုစက်ရုပ်ကို ညစာထမင်းဝိုင်းတွင် စမ်းသပ်မည်ဟုဆုံးဖြစ်လိုက်သည်။

အဖေ။  ။ သား..မင်းဒီနေ့ ကျောင်းချိန်အတွင်းဘယ်တွေသွားနေခဲ့လဲ?
သား ။  ။ ကျောင်းမှာပေါ့အဖေရယ်...(ဖြန်း) စက်ရုပ်မှသားကို ပါးရိုက်လိုက်သည်
သား ။  ။ ဟုတ်ပါပြီအဖေ...သားဒီနေ့ရုပ်ရှင်သွားကြည့်ခဲ့ပါတယ်။
အဖေ။  ။ ဘာကားတုန်း?
သား ။  ။ Toy Story ပါအဖေ (ဖြန်း) စက်ရုပ်မှသားကို ပါးရိုက်လိုက်သည်
သား ။  ။ သားမလိမ်တော့ပါဘူး အဖေ သားရုပ်ရှင်မှာ ဟိုကားသွားကြည့်ခဲ့ပါတယ်။
အဖေ။  ။ ဘာာာ... ငါမင်းအရွယ်တုန်းက ဟိုကားဆိုတာဘာမှန်းတောင်မသိသေးဘူး...(ဖြန်း) စက်ရုပ်မှဖအေကို ပါးရိုက်လိုက်သည်
အမေ။  ။ ဟား ဟား ဟား...ကြည့်မှာပေါ့ အဲဒါရှင့်သားလေ.........(ဖြန်း) စက်ရုပ်မှမအေကို ပါးရိုက်လိုက်သည်
+6
« Last Edit: June 28, 2012, 12:39:11 PM by tunaye2011 »

Tags: