Author Topic: အမောပြေဟာသမှတ်စု  (Read 444206 times)

0 Members and 1 Guest are viewing this topic.

Offline shwekatsee

  • ကျောင်းသား
  • *
  • Posts: 248
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +257
Re: အမောပြေဟာသမှတ်စု
« Reply #820 on: April 24, 2012, 04:40:31 PM »
လမ်းပေါ်လှည်းမမောင်းရ (အတိုဆုံး တစ်ကြောင်းဝတ္ထု)
လှည်းသမားလယ်သမား။           ။ ဒို့တွေ မြစ်ဆိပ်ကိုဆင်းဖို့ လှည်းလမ်းရှိမှဖြစ်မယ်၊ လာကြဟေ့  လမ်းဖို့ကြရအောင်..ပေါက်ကြဖို့ကြ………….။

စုပေါင်း၍ လမ်းဖို့ပြင်ဆင်ပြီးသောအခါ …….လမ်းပေါ်လှည်းမမောင်းရ ပုံ ….ရွာလူကြီး။
+3

Offline shwekatsee

  • ကျောင်းသား
  • *
  • Posts: 248
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +257
Re: အမောပြေဟာသမှတ်စု
« Reply #821 on: April 24, 2012, 04:55:01 PM »
သို့ / ကို……….
သို့ /…………

 

ဂျစ်တစ်တစ်နဲ့

ရင်ထဲက အချစ်တွေကို မြိုသိပ်ထားတတ်တဲ့ ကို

ချစ်ပါလျက်နဲ့ 

အချစ်မပါတတ်သလို အမြဲပြုမူတတ်တဲ့ ကို

လွမ်းတတ်သလောက်

မလွမ်းတတ်အောင် ကြိုးစားနေတတ်တဲ့ ကို

အပျင်းကြီးသလောက်

အတင်းကြီး မချစ်တတ်တဲ့ ကို

သိပါလျက်နဲ့ 

မသိမသာ ဖာသိဖာသာ အလိုက်မသိချင်ယောင်ဆောင်တတ်တဲ့ ကို

မထုံတတ်တေးနဲ့ 

မယုံတတ်သေးရင် လူဇိုးရုပ်ထွက်တဲ့ ကို

စိတ်ဆတ်သလောက်

မနှိပ်စက်တတ်လဲ အိပ်မက်ဆိုးတွေနဲ့  ပူဆွေးစေတဲ့ ကို

အပြောဆိုးသလောက်

အကြင်နာမိုးတွေလဲ ရွာသွန်းဖြိုးပေးတတ်တဲ့ ကို

———————————————————————————

သြော်…………………..

 

ကြာပါဒယ်..

ရွာထိပ် ဘီးအီးဆိုင်က စိတ်မချရတဲ့ကို

ခွက်ပုန်းရန်က စိတ်မချရတဲ့ ကို

မူးလာရင် တစ်လမ်းလုံပြည့်အောင် သိုင်းကွက်နင်းတတ်တဲ့ ကို

ရေသောက်ပြီး ရှူရှူးပေါက်ရမှာ ပျင်းတဲ့ ကို

ထမင်စားပြီး အီအီးပါရမှာ ပျင်းတဲ့ ကို

ဒီဇယ်အင်ဂျင်လို အထနှေးပြီး နန်းစတော့ ရမ်းတတ်တဲ့ ကို

စိတ်ကြီးသလို အအိပ်ကြီးတဲ့ ကို

ဂျီးတော်တော်များတဲ့ ကို

အကြော တော်တော်တင်းတဲ့ ကို

ဘီအီး တော်တော်သောက်တဲ့ ကို

လျှော့သောက်မယ်ဆိုပြီး အဲဗားမူနေတတ်တဲ့ ကို

တစ်ကိုယ်လုံး ငြိမ်ငြိမ်မနေတတ်တဲ့ ကို

ဒစ္စကို ဆွဲနေတတ်တဲ့ ကို

ရမ်းဘဒန်း ခါနေတတ်တဲ့ ကို

………………….ကို

………………….ကို

………………….ကို

………………….ကို

…………………………………………………….

ကိုရေ့……..

ကိုဖွင့်ထားတဲ့ ပန်းကမ္ဘာ စားသောက်ဆိုင်လေးကို

ကောင်လေးတစ်ယောက်က အီးလာပန်း..ပြီးတော့………

အန်တီကြီးတစ်ယောက်က အီးလာဆေး…ပြီးတော့..

ကောင်မလေးတစ်ယောက်က စပ်စုပြီးတော့..

အီးပေစားသောက်ဆိုင် စားရင်းထဲ ထည့်ပြီး မိလ္လာ ဂဇက် ဆိုတဲ့  ၀ဘ်ဆိုဒ်မှာ သွား ဖွ ထလိုက်တာ

အဲတာနဲ့ ……….

အီးပေတဲ့ စားသောက်ဆိုင်ဆိုပြီး ဘယ်သူမှ လာမစားတော့လို့  အရင်းပြုတ်ပြီး

စားသောက်ဆိုင်ကိုဖြုတ်

ရွာက ကိုကျောင်းနေကျ နွားတစ်ရှဉ်းကို ရောင်းပြီး

ကိုကြိုက်တဲ့ ဘီအီးဆိုင်လေး  အဖြစ် ပြောင်းဖွင့်ထားလိုက်ပါတယ် ကိုရေ့..

ကို ပြန်လာရင် အရင်းပြုတ်အောင် သောက်ရဘူးနော်….

ပွိုင့်လဲ မှန်မှန်ပို့ ပေးဦး…။

ဒါဗျဲ။

 

ပုံ/

ရမ်းဘဒန်းခါ ဒစ္စကို လေဒီဂျမ်းစိန်
+1

Offline shwekatsee

  • ကျောင်းသား
  • *
  • Posts: 248
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +257
Re: အမောပြေဟာသမှတ်စု
« Reply #822 on: April 24, 2012, 05:04:27 PM »
စိတ်မ၀င်စားလဲ နေပေါ့....................

ကဲ..ကဲ.
စိန်မျောက်မျောက် သမဒ ဖြစ်ရင်-

ခလေးစီးယာဉ် တစ်လိုင်း (ကားပေါ်မှာခလေးထိန်းပါ ရှိမယ်)

လူကြီးစီး ယာဉ်လိုင်း (ကားပေါ်မှာ အီးပါသေးပေါက် ပြုစုပေးမဲ့ နာ့စ် ရှိမယ်)

အမျိုးသမီးစီးယာဉ်လိုင်း (မိန်းခလေးအချင်းချင်း လွတ်လွတ်လပ်လပ်စီးရမယ်.ပြောချင်တာပြော လုပ်ချင်တာလုပ်နိုင်မယ်)

အမျိုးသားစီးယာဉ်လိုင်း (အပေါ်ကလိုပဲ လုပ်ချင်ရာ လုပ်နိုင်မယ်)

အတွဲစီးယာဉ်လိုင်း (မွေ့ ယာ ဘညာ စမာကလာ ရေဘူး ခေါင်းအုံး အကုန်ပါမယ်)

သံဃာတော်များအတွက် တစ်လိုင်း ( ကားစီးရင် မိန်းခလေးတွေကို ရှောင်စရာမလိုတော့ဘူးလေ)

မယ်သီလရှင်များ တစ်လိုင်း (လိုင်းကားစီးရင်း ၀ါသနာပါလို့  အလှူခံရင် ရပ်စောင့်ပေးမယ်)

မိန်းမလျှာယာဉ်လိုင်း (ဘညာခရမ်းသီး အကုန်ပါမယ်)

ယောက်ျားလျှာ ယာဉ်လိုင်း (တောင်းဆိုတာ အကုန်စီစဉ်ပေးမယ် )

လိင်တူချစ်သူ ယာဉ်လိုင်း ( အိုဘားမားရဲ့ လိင်တူချစ်သူများအပေါ် အသိအမှတ်ပြုကြောင်းမှတ်တမ်းလွှာနှင့်တကွ
ယာဉ်ပေါ်မှာ အချုပ်ဆရာဝန်ပါ စီစဉ်ပေးထားမယ်)

လုပ်စရာအလုပ်မရှိလို့ ဘတ်စကားလျှောက်စီးနေသူများအတွက် တစ်လိုင်း {Credit this plan to Ko Pauk (MDY) }

ပိုက်ဆံမပေးဘဲဘတ်စကားစီချင်သူများအတွက် တစ်လိုင်း {Credit this plan to Ko Pauk (MDY) }

ယိမ်းအဖွဲ့တွေစီးရန် ယာဉ်လိုင်း (ဘီအီးသောက်ထားသဖြင့် ယိမ်းထိုးနေခြင်း)
(ကားပေါ်တွင် ဘီယာ၊ ဘီအီး၊ ၀ီစကီ …စသည့် မူးစေမည့်အရာမှန်သမျှ အကုန်ပါမည်) {Credit this plan to မီးလေး }

ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် တစ်လိုင်း (ယာဉ်ပေါ်မှာ အိုဂျီဆိုလားဘာလား၊စီးနေရင်း မတော်ထွက်ကျရင်မွေးပေးဖို့  ဆရာဝန် အဆင်သင့်ပါမယ်  )

ထောက်လှမ်းရေးစီး သီးသန့် ယာဉ်လိုင်း ( အချင်းချင်း အပြန်အလှန်ထောက်ကြရာမှ နားလည်မှုရ၍ ကိုယ်ချင်းစာတတ်စေရန် )

စသဖြင့် စိတ်ကူးပေါက်ရာ ယာဉ်လိုင်းများ တိုးချဲ့ ပြေးဆွဲမည်ဖြစ်ပြီး

လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြား အိမ်တိုင်ယာရောက် အလုပ်တိုင်ယာရောက် ပို့ ဆောင်ပေးမယ်။

၂၄ နာရီ နန်းစတော့ ထမင်းမစားကွမ်းမစား ပြေးဆွဲမယ်။

ပုံမှန်စီးနေကျလူကို ဒစ်စကောင့်ပေးမယ်။

လိုတာထက်ပိုစီးမဲ့လူကို အမေရီကန်ခရီးစဉ် တစ်လ ဖရီး ပေးလွှတ်မယ်။

ပိုးဆိုးပက်စက်စီးမဲ့လူကို ယာဉ်ပါ အလကား ပေးပစ်မယ်။

လိပ်စပိထက်သာတဲ့ အင်တာနက်ကွန်နက်ရှင် ထည့်ထားပေးမယ်။

ဖုန်းဆက်လှမ်းခေါ်ရင် အိမ်အထိ၊အခန်းထဲထိ လာကြိုပေးမယ်။

တောင်းဆိုမှုများရှိလာပါက ကေတီဗွီ၊မာဆတ်၊စင်တင်တေးဂီတများ ထည့်သွင်းပြီး အိမ်က မိန်းမ မမြင်အောင်ပါ
စတစ်ကာကပ်ပြီး ၀န်ဆောင်မှုပေးမယ်။

စိတ်ပါဝင်စားသူများ လာမဲ့ မိုးပြာသက္ကရာဇ် 99999 ခုနှစ်၊ ဂေါက်သီးလပြည့်နေ့  ဆယ်ခုနစ်ရှစ်ရက်မှာ ကျင်းပမဲ့
ရွေးဂေါက်ပွဲမှာ စိန်မျောက်မျောက်ကို မဲထည့်ကြပါ။
ရှယ်ယာ ၀င်ချင်သူများ၊အကျိုးတူပူးပေါင်းလုပ်ကိုင်လိုသူများ လောလောဆယ် သများ ဒီညဘီယာသောက်ဖို့  အတွက်
စရံသပ်တဲ့ အနေနဲ့  ငါးထောင်လောက် ကြိုပေးထားကြပါ။အမြည်းကောင်းကောင်းပါစားစေချင်ရင် တစ်သောင်းလောက် ထုတ်ပေးပါ။ကုန်ကျစရိတ် ဘောက်ချာကို စကန်ဖတ်၍ ပြန်လည်ပို့ ပေးလိုက်ပါမည်။

 

စိတ်ဝင်စားမဲ့လူတွေတော့ လုံးဝဥသုံ ဒေါ်ဘုတ်ဆုံကို အကျိုးအမြတ်များမှာ မလွဲဧကန်ပင် ဖြစ်တော့သည်တစ်မုံ့ ။

 စိတ်ဝင်စားရင်စိန်မျောက်မျောက်နဲ့ဆက်သွယ်ပေးမယ်နော်(အခုတော့အရူးထောင်ကိုရောက်နေတယ် ပေါက်ကရတွေတင်ပြလို့တယ်  သမ္မတပြောင်ရှင်းကြီးက)
+3

Offline ကံကောင်း

  • ကျောင်းသားကြီး
  • **
  • Posts: 92
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Angel & Demon
  • Respect: +661
Re: အမောပြေဟာသမှတ်စု
« Reply #823 on: April 24, 2012, 08:32:22 PM »
ဖခင်ဖြစ်သူက သားအတွက် ကွန်ပျူတာအသစ်တစ်လုံးဝယ်လာပေးသည်။
အခန်းထဲတွင် သားဖြစ်သူကကွန်ပျူတာစမ်းသုံးနေစဉ် ခဏအကြာအပြင်ထွက်လာပြီး ဝက်အူလှည့်ယူကာပြန်ဝင်သွားသည်။
နောက်ခဏအကြာ ထပ်မံထွက်လာပြီး ဓားအသေးနှင့်ကတ်ကြေးယူကာပြန်ဝင်သွားပြန်သည်။
နောက်ထပ်ထပ်မံထွက်လာသောအခါ ဖခင်ဖြစ်သူကသားကို

သား .... ကွန်ပျူတာဘာဖြစ်လို့လဲ..?

ကွန်ပျူတာဆင်ပေးလိုက်တဲ့သူတွေကညံ့တာပါ အဖေရာ။ ကီးဘုတ်ကစာလုံးတွေကို ဖြစ်သလိုလျှောက်စီပေးလိုက်လို့ ရှာရလွယ်အောင် အေ၊ ဘီ၊ စီ၊ ဒီအတိုင်းပြန်စီနေရတာ..

@ Myanmar Jokes
+7
Sometimes, I'm Angel. Sometimes, I'm Demon.

Offline ကံကောင်း

  • ကျောင်းသားကြီး
  • **
  • Posts: 92
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Angel & Demon
  • Respect: +661
Re: အမောပြေဟာသမှတ်စု
« Reply #824 on: April 24, 2012, 11:17:37 PM »
မှတ်သားဖွယ်ရာ မဆိုမမိန့်များ


၁။ တစ်ကိုယ်ကောင်းဆောင်ရွက်ပါ။ အချောင်ရလျှင် ဝေစုခွဲပေးစရာမလိုတော့။

၂။ ဆုံးဖြတ်ချက်များသည် အကောင်အထည်ဖော်ရန်မဟုတ်။ နာမည်ဖော်ရန်အတွက်သာဖြစ်သည်။

၃။ အမြင်ကျဉ်းပါ။ အမြင်ကျယ်လျှင် မျက်စိညောင်းသည်။

၎။ ပညာမာန်တက်ပါ။ ပညာတကယ်မရှိသော်လည်း မာန်တက်လျှင် ပညာရှိဟုအထင်ခံရမည်။

၅။ ရှုပ်ရှုပ်ထွေးထွေးနေပါ။ ရိုးရှင်းမှုသည် ဖြောင့်တန်းသောကြောင့် သင်ဘယ်ကိုဦးတည်နေသည်ကို သိနိုင်သည်။

၆။ လုပ်သင့်တာထက် လုပ်ချင်တာကိုဦးစားပေးပါ။ လုပ်သင့်တာကို သူများတွေလုပ်ကြပါလိမ့်မည်။

၇။ ဆုံးဖြတ်ချက်ချမထားပါနှင့်။ ဟိုလိုလို ဒီလိုလို လွင့်မျောခွင့်ပျောက်ဆုံးသွားလိမ့်မည်။

၈။ ကိုယ့်လမ်းကိုယ်မထွင်ပါနှင့်။ တောရှင်းရတာ အန္တရာယ်များလှသည်။

၉။ တာဝန်ယူစိတ်မထားပါနှင့်။ တာဝန်ယူစိတ်ရှိခြင်းသည် ကိုယ့်ကိုကိုယ်တရားခံရှာခြင်းဖြစ်သည်။

၁၀။ များများပြောပြီး နည်းနည်းနားထောင်ပါ။ နားနှစ်ဖက်ပါခြင်းသည် ဒီဘက်နားမှဝင်ပြီး ဟိုဘက်နားမှပြန်ထွက်စေရန်ဖြစ်သည်။

၁၁။ ယနေ့ပြီးနိုင်သောအလုပ်ကို မနက်ဖြန်သို့ရွှေ့ပါ။ အလုပ်များသူဟုအထင်ကြီးခံရမည်။

၁၂။ သူများစကားပြောနေလျှင် စိတ်ဝင်စားဟန်မပြပါနှင့်။ သူ့စကားအောင်မြင်မှုရရန် အခွင့်အလမ်းနည်းသွားမည်။

၁၃။ အရည်မရအဖတ်မရစကားကို များများပြောပါ။ ယခုအခါတွင် ကွမ်းယာသည်များအဆင်ပြေနေသည်။

၁၄။ စာများများမဖတ်ပါနှင့်။ အစာနှစ်မျိုးအနက် စိတ်၏အစာဟုခေါ်ဆိုကြသော စာဖတ်ခြင်းသည် စာအုပ်ဖိုး၊ ငှားခနှင့် ၀င်ကြေးများကုန်ကျသော်လည်း ဗိုက်မ၀။

၁၅။ အနည်းငယ်ဖတ်ပါက အပျင်းပြေ၊ အပျော်ဖတ်၊ အရည်မရအဖတ်မရစာများကိုသာ ရွေးဖတ်ပါ။ စကားဝိုင်းများကို သင်စိုးမိုးထားနိုင်လိမ့်မည်။

@ Funny World
+3
Sometimes, I'm Angel. Sometimes, I'm Demon.

Offline ပိုးနှံကောင်

  • ကျောင်းသား
  • *
  • Posts: 54
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +108
Re: အမောပြေဟာသမှတ်စု
« Reply #825 on: May 01, 2012, 10:11:42 AM »
တွေးတွေးပြီး ရယ်
 
(၁)
လူနာ "ဆရာ.. ကျွန်တော် ဘာရောဂါဖြစ်နေတာလဲ .. ကျေးဇူးပြုပြီး ပြောပြပါ"

ဆရာဝန် "ခင်ဗျားရဲ့ရောဂါက ပေါင်းစုံနေတယ်ဗျာ။ စကားလုံးတစ်ခုထဲနဲ့ နာမည်တပ်ရဖို့ ခက်နေတယ်"

လူနာ "အမှန်အတိုင်းပြောပါဆရာ.. ရပါတယ်"

ဆရာဝန် "ခုလောလောဆယ်တော့ ရောဂါအမည်တပ်ရဖို့ ခက်နေတယ်။ ဒါပေမဲ့ စိတ်ချပါ။ ခင်ဗျား သေသွားတဲ့အခါ ရင်ခွဲကြည့်ပြီး ရောဂါအမှန်ကို ကျွန်တော်ရှာလိုက်ပါမယ်"

(၂)
တစ်နေ့မှာ ကြွက်သုံးကောင် စကားစမြည်ပြောနေကြတယ်
ပထမကြွက်.... "ငါက ကြွက်သတ်ဆေးတွေနဲ့ ခွန်အားဖြည့်နေတာပေါ့"
ဒုတိယကြွက်..... "ငါကတော့ ကြွက်ထောင်ချောက်နဲ့ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တယ်"
တတိယကြွက်.... "ဟိုကြောင်မ ဗိုက်ကြီးနေတာ မင်းတို့တွေ့လား? အဲဒါ ငါ့ရဲ့ မတော်တဆအဖြစ်ပေါ့ကွာ"

(၃)
မိန်းမက ရာသီဥတုအေးလို့ဆိုပြီး လျှပ်စစ်စောင်တစ်ထည် သွားဝယ်ခဲ့တယ်။ ဒါကို ယောက်ျားက လျှပ်စစ်စောင်စိတ်မချရဘူးဆိုပြီး တော်တော်နဲ့ မခြုံရဲခဲ့ဘူး။ မိန်းမက အကျိုးအကြောင်းအချိန်ယူပြီး ရှင်းပြလိုက်မှ စိတ်ချလက်ချ အိပ်ရဲတော့တယ်။

တစ်ညမှာ မိန်းမက နောက်တစ်နေ့မနက်စာအတွက် အလုပ်မရှုပ်အောင်ဆိုပြီး အိုဗင်ထဲ ဝက်ပေါင်ခြောက်ထည့်ပြီး မီးဖြေးဖြေးလေးနဲ့ အပူပေးထားခဲ့တယ်။ ညသန်းခေါင်ရောက်တော့ ဝက်ပေါင်ခြောက်ကင်နံ့က သူတို့အိပ်ခန်းထဲ လွှင့်ဝင်လာခဲ့တယ်။ အဲဒီမှာ ယောက်ျားက အိပ်ချင်မူးတူးနဲ့ ကြောက်အားလန့်အားထအော်တယ်... "မိန်းမ.. မိန်းမ.. မြန်မြန်ထ .. ငါတို့ အကင်ခံလိုက်ရပြီ"



(၅)
မြွေနှစ်ကောင် ထိပ်တိုက်တိုးတော့ မြွေတစ်ကောင်ကမေးတယ်....

"ကိုကြီး.. ကိုကြီး.. ကျွန်တော်တို့ အဆိပ်ရှိလား?"

"ဟ.. မင်းဘာဖြစ်လို့ အဲဒီလို မေးရတာလဲ?"

"ကျွန်တော်.. ကျွန်တော် ကိုယ့်လျာကိုယ်ပြန်ကိုက်မိလို့ပါ"

credit
to

နိုင်းနိုင်းစနေ
+2
« Last Edit: May 02, 2012, 09:31:07 AM by tunaye2011 »

zenim

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #826 on: May 03, 2012, 12:01:21 PM »
၄၈ ကားပေါ်မှ ဟာသများ

စပယ်ယာ-ဂန်ဒီ(ကားမှတ်တိုင်)ပါလား။
ခရီးသည်-ဂန်ဒီတော့မပါဘူး။ သူ့ မြေးတော့ပါတယ်။ ;)
+5

zenim

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #827 on: May 03, 2012, 12:04:30 PM »
ချစ်သူ့ထံပေးစာ(ချင်းပြည်မှ ရန်ကုန်သို့)
ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူ
ချင်းမလေးဆီက စာကိုရတော့ ၀မ်းသားအားရ ဖြစ်ပြီး စာဖောက်ဖတ်တာပေါ့ ။
စာထဲမှာပါတဲ့စာလုံးပေါင်းသတ်ပုံအမှားတွေ ၊စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့
စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊ ငိုရမလိုဖြစ်သွားလေရဲ့ ။
နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့ သူ့ရည်းစားရဲ့စာကိုပဲ
ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း ပြန်ထည့်ပေးလိုက်တော့တယ် ။

ကိုယ်လုံး ... (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)

ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က ခေါင်းပြတ်နေလို့လား) ။
ကိုယ်လုံး ဖ*******ကို ဂျားညှပ်ပြီး (ဖာကို ခေါင်းကြားညှပ်တာ..) မျိုသွားပြီ ဆိုတာ သိတော့
(မြို့သွားတာပါဟာ..ငါလဲ ဘာအကောင်ကြီး ဖြစ်မှန်းမသိ) မီးလေ ဆိတ်ဆင်းရဲပြီး
ဆားမရ အိမ်မရ ဖြစ်နေတာ (ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။
မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။ ကိုယ်လုံးလဲ
မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့်မီးမပြတ်တဲ့ နိုင်ငံခြားတောင်သွားမလားလို့) ။
မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင် (အမ်!) ။ မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။
ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ
(ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။ ကိုယ်လုံးမပါဘဲ
မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး )။
မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။ မီးက
ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။ ကျားပေါက်တွေ
ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာ ထင်တာပေါ့လေ့..
(မြက်လှည့်ပြတာတော့ ငါတောင်တတ်တယ်) ။ ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား
လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့.. အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက
ပြဲသကိုး တော်ရေ့ ( အသံ..အသံ!! အထင်လွဲစရာတွေဖြစ်တော့မယ်) ။ တို့ရွာက
သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.) မျိုကြီးဆိုတဲ့ အဆို့တော်ကိုအားကြလို့ အော်တာ
အတံဝင်လို့တဲ့... တ အ..အား အော်နေတာလေ (အော်..အတံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်! ) ။
နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်)
အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။ မီး ဘကြီးအောင်းနေတဲ့
(ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်တယ်)
ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ)
ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ ..
နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ
(ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ) ။
စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကို
အားကျလို့တဲ့အေ... သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါ
လို့ပေးမတဲ့ ။ (ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား ။
တကတဲ. ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကို
အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။ မီးတို့လည်း အဲလို
ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်... ။

ုကိုယ်ရယ်..မီး အရန်လွမ်းတာပဲ (လွမ်းတာပဲ အရန်တွေ line-up တွေ လွမ်းချင်သေးတယ်) ။
မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့).ဆီးပွားရေက အဆင်မပြေဘူးလေး..။
မီးလည်း ချီးစားနေရတော့ (အေးပါ စားစား) အကြွေးတွေလည်း အလီလီ (တန်းပြင်ပေးလိုက်တယ်) ပဲ ။
မျိုသူတွေနဲ့ တွေ့ပီး တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့ (တောင်ပေါ်ကချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး) ။
ကိုယ်လုံး ပျံလာပါနော်(တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။
မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ
(အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင်ဆောင့်ပေတော့)။
မီးစာ ရှည်သွားပီမို့ တော်သေပီ (မီးစာကုန်ပြီး မီးသေမှပဲ)။

ခြစ်တဲ့မီး (မီးခြစ်ပေါ့)

*စပလင်မှားရင်ခွင်လွှတ်ပါ*
(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး..
ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်)

မူးရင်း ရေးသားသူမသိသောကြောင့် ဖော်ပြနိုင်ခြင်းမရှိပါ။
+3

Offline zine zine

  • ပထမနှစ်
  • *
  • Posts: 20
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +97
Re: အမောပြေဟာသမှတ်စု
« Reply #828 on: May 03, 2012, 12:30:46 PM »
ဒီနေ့ zine zine နေလို့ သိပ်မကောင်းဘူး ....။ ဒါ့ကြောင့် ဆရာဝန်ဆီမသွားတော့ဘူး...... ;D
0
ဒီမှာ မိတ်ဆွေ... ရှေ့သွားမလို့လား... နောက်မှာကျန်ခဲ့တဲ့ ချစ်သူကိုငဲ့ကြည့်ဦးလေ အော်.... ပြောတာနဲ့ ပြန်လှည့်တာပဲလား.... ရှေ့မှာ မျှော်နေတဲ့ ရည်းစားလောင်းလေးကို အားနာပါဦး... အော်... ဟိုသွားမလိုဒီသွားမလိုလုပ်မနေပါနဲ့ ကိုယ့်ဖိနပ်ကိုပဲပြန် ငုံ့ကြည့်ပါဦး ... ဘယ်တစ်ဖက်ညာတစ်ဖက်ကြီး.... ဟီးး (ချစ်လို့ စတာနော် ခင်ရင် vote+ ပေး ... ဒါဘဲ ... ကျန်တာမန်ဒါလီ)

zenim

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #829 on: May 03, 2012, 12:34:20 PM »
လွတ်လပ်ရေးနေ့ တုန်းက ကျွန်တော် အပြေးပြိုင်မလို့ လုပ်တာ ဒိုင်လူကြီးက ကျွန်တော်ကအသက်ကြီးလို့ တဲ့ နောက်နှစ်မှ ပြိုင်တဲ့ ။ကဲ ဘယ်လို လုပ်ရမတုန်း။ :o
+2

Tags: