Author Topic: အမောပြေဟာသမှတ်စု  (Read 449910 times)

0 Members and 1 Guest are viewing this topic.

Offline ကံကောင်း

  • ကျောင်းသားကြီး
  • **
  • Posts: 92
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Angel & Demon
  • Respect: +661
Re: အမောပြေဟာသမှတ်စု
« Reply #800 on: April 18, 2012, 06:34:35 PM »
                      အလျင်စလိုမလုပ်ပါနှင့် ....


လူတစ်ယောက် အရေးပေါ်ခန်းထဲပြေးဝင်လာပြီးတော့
"ဒေါက်တာ ကျနော့်ဇနီးဗိုက်နာနေတာ တက္ကစီပေါ်မှာကလေးထွက်တော့မယ် .... "
ဒါနဲ့ ကျနော်လည်း လိုအပ်တဲ့ပစ္စည်းတွေကောက်ယူပြီး တက္ကစီရှိရာအောက်ထပ်ကို အပြေးဆင်းလာခဲ့တယ်။
တက္ကစီပေါ်ရောက်တော့ လက်အိပ်စွပ်၊ အမျိုးသမီးရဲ့စကတ်ကိုလှန်ပြီး အတွင်းခံကိုချွတ်လိုက်တယ်။
အဲဒီအချိန်မှာ ချက်ခြင်းသတိထားမိသွားတာတစ်ခုက ဆေးရုံမြေညီထပ်မှာ တက္ကစီတွေအများကြီးရပ်ထားပြီး ကျနော်တက်မိတဲ့တက္ကစီက ကားမှားနေတယ်ဆိုတာပဲ.... ;D

@ Myanmar Jokes
+9
Sometimes, I'm Angel. Sometimes, I'm Demon.

Offline shwekatsee

  • ကျောင်းသား
  • *
  • Posts: 248
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +257
Re: အမောပြေဟာသမှတ်စု
« Reply #801 on: April 21, 2012, 02:10:33 AM »
(အီးဘိုးအေ)
အတန်း ထဲ ၌ ကျောင်းသူ မအေးအေး သည် မတော်တဆ အသံ ပါ သော အီး တ လုံး ပေါက် မိ ရာ ၊ သူ မ သည် အ လွန် ရှက် မိ သွား ပြီး မျက်နှာ လည်း နီရဲ နေသည် ။ ထို အ ခါ ဆရာ မ က မအေးအေး အ ရှက် ပြေ အောင် “ ကောင်းတယ် ~ ကောင်းတယ် ~ ဒါ ကျန်းမာ ရေး အ တွက် လေ လှည် တာ ပေါ့ ” လို့ ပြော လိုက် သည် ။

တချိန်တည်း မှာ ဘဲ ကျောင်းသား မောင်ယုစိန် သည် လည်း ၊ အ လွန် အသံ ကျယ် သော အီး တ လုံး ကို ညစ် ထုတ် လိုက် ပါ သည် ။ ဆရာမ သည် စိတ် ဆိုး ပြီး “ မောင်ယုစိန် မင်း လွန် တယ် နော် ၊ မင်း တာ က ကျန်းမာ ရေး အတွက် မဟုတ် တော့ ဘူး ၊ တမျင်တကာ လုပ် တာ ” နောက် ဆရာ မ က ဆက် ပြီး “ မင်း ပေါက် တဲ့ အီး ၊ မင်း ပြန် သွား ဖမ်း ခဲ့ စမ်း ” ဟု ပြော ကာ မောင်ယုစိန် ကို အတန်း အ ပြင် ဘက် သို့ မောင်း ထုတ် လိုက် ပါ သည် ။

အတန် အချိန် ကြာ သော အ ခါ မောင်ယုစိန် သည် အ တန်း ထဲ သို့ ပြန် ဝင် လာ ပြီး ဆရာမ ၏ ရှေ့ တည့်တည့် မှာ လက် ကို ပိုက် ၍ စာ ရွတ် သော လေ သံ ဖြင့် ၊

“ အီး ဆို သော အ ရာ သည် ၊ ဓါတ် ငွေ့ တမျိုး ဖြစ် ပါ သည် ”

“ ၎င်း သည် လွတ်လပ် စွာ ပျံသန်း လှုပ် ရှား သွား လာ နိုင် ပါ သည် ”

“ အီး ကို ကျနော် ဖမ်း လို့ မ မိ ပါ ၊ အီး ၏ ဘိုးအေ ကို ဖမ်း ခဲ့ ပါ သည် ” ဟု ရွတ် ဆို လိုက် ပါ သည် ။

ဆရာမ လည်း “ ဘယ် မှာ လည်း အီးဘိုးအေ ? ”

မောင်ယုစိန် သည် ဖက်ထုပ် လေး တ ထုပ် ကို ဖြေ ပြ လိုက် ကာ ၊ မြေပဲဆံ ချမ်း အရွယ် လောက် ရှိ သော ချေး တုံး လေး တစ် တုံး ကို တွေ့ ရှိ ရ ပါ သည် ။
+8

Offline shwekatsee

  • ကျောင်းသား
  • *
  • Posts: 248
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +257
Re: အမောပြေဟာသမှတ်စု
« Reply #802 on: April 21, 2012, 02:14:41 AM »
(BREAKFAST)
လွန် ခဲ့ သော နှစ် ပေါင်း ၃၀ ကျော် က ပထွေး တရုတ်ပြည် ကြီး စတင် တံခါး ဖွင့် ဝါဒ လုပ် လိုက် တဲ့ အ တွက် ၊ ဗမာပြည် မှာ ရှိ တဲ့ ကျနော် တို့ တရုတ် တော်တော် များများ ဟာ ပြည် ကြီး ပြန်ပြီး ဆွေမျိုး သားချင်း များ အား သွားရောက် တွေ့ဆုံ ကြ ပါ သည် ။

ဦးကျန်ကျင်ကျောက် သည် ၁၉၅၀ ခုနှစ် တွင် ကတည်းက  ရက်စက်ကြမ်းကြုတ် သော တရုတ်ကွန်မြူနစ် များ ၏ ဖြုတ် ၊ ထုတ် ၊ သတ် အရေးတော်ပုံ ကြီး ကြောင့်  မိမိ ၏ အသက် ဘေး အန္တရာယ် မှ လွှတ်မြောက် အောင် ၊ မယား နှင့် သား ကို ပြစ် ခွာ ၍ လွှတ်လပ် ပြီး ချမ်း သာ ကြွယ် ဝ သော ရွှေ နိုင်ငံ ဟု လည်း ခေါ်သည့် ဗမာ ပြည်ကြီး (ဝါ) နတ် ပြည် ကြီး သို့ ထွက် ပြေး တိမ်းရှောင် လာ ခဲ့ ပါ သည် ။

ယခု အ ခါ တံခါး ဖွင့် လိုက် ပြီ ဆို တော့  နှစ်ပေါင်း ၃၀ နည်းပါး မတွေ့ ရ တဲ့ မယားကြီး နဲ့ သား ကို ပစ္စည်း လက်ဆောင်း များ စွာ ဖြင့် သွား ရောက် တွေ့ ဆုံ ပါ လေ တော့ သည် ။

ရွာ သို့ ရောက် ၍ နောက် ရက် နံ နက် အိပ်ယာ ထ တော့ ဗမာပြည် မှာ လို  breakfast စား နေ ကြ ပေ မဲ့ ၊ တရုတ် ကျေး ရွာ မှာ တော့ ၊ တ ရက် လျှင် ထမင်းဟင်း သုံး ကြိမ် သာ စား သုံး ပြီး မှုံပဲသွားရည်စာ များ မ ရှိ ပါ ၊ ဗမာပြည် မှာ လို လ္ဘက်ရည် ၊ နံပြား ၊ စမူဆာ ၊ ပလာသာ ၊ ထပ်တရာ မ ပြော နဲ့ တရုတ် အစာဖြစ်တဲ့ အီကြာဂွေး ၊ ပေါက်စီ ၊ ခေါက်ဆွဲ ၊ မြီးရှည် တိုဖူး လည်း မ ရှိ ပါ ။

ဦးကျန်ကျင်ကျောက်သည် အိမ် ပေါ်ထပ် ဝရမ်တာ (veranda ) မှ အ ဝေး ကို ငှေး မျှော် ကြည့် နေ စဉ် ၊ အ ဝေး မှာ လူ တ ယောက် ပုံး ၂ လုံး ထမ်း ပြီး “ တာ  fိန် ~~~  ၊ တာ  fိန် ~~~ ” လို့ အော် သံ ကြား လေ တော့ ၊ သူ လည်း breakfast ကို သိပ် စား ချင် တာ နဲ့  နား ထဲ မှာ “ တို့   fိန်~~  ၊ တို့   fိန်~~ ” လို့ ဘဲ ၊ အော် သံ ကို ကြား ယောင် မိ နေ ပါ သည် ။

ဦးကျန်ကျင်ကျောက်သည် ထို အ ထမ်း သမား ကို လက်ခုပ် သီး ၍ လှမ်း ခေါ် လိုက် ကာ ၊ အထမ်း သမား အိမ် အောက် ရောက် လာ တဲ့ အခါ ၊

ဦးကျန်ကျင်ကျောက် “ တ ပွဲ ဘယ် လောက် လည်း ” ဟု မေး လိုက် သည် ။

အထမ်းသမား “ ပွဲ နဲ့မ ရောင်း ဘူး ၊ ပုံး လိုက် ဘဲ ရောင်း တာ ပါ ”

ဦးကျန်ကျင်ကျောက် “ ခင်ဗျား က လည်း ပုံး လိုက် ဆို ၊ ကျုပ် စား လို့  ဘယ်ကုန် မှာ လည်း ဗျာ ~~”

အထမ်းသမား သည် ချက်ချင်း မျက်နှာ ပျက် ပြီး “ ခွေးမသား~~ဒါ မင်း နှောက် စ ရာ လား ကွ ၊ ငါ –ိုးမသား~~မင့် mother @&^%#^%$^^$%$%#$%&*$ 

 ”  စသ ဖြင့် ၊ အ မင်္ဂလာ စကား ပေါင်း စုံ နှင့် ဦးကျန်ကျင်ကျောက် ၏ ဆွေ မျိုး သား ချင်း အား လုံး ကို မေတ္တာ ပို့ သွား ပါ သည် ။

ဦးကျန်ကျင်ကျောက် လည်း ဘု မ သိ ဘ မ သိ နဲ့အ ဆဲ ခံ ရ သော အ ခါ ၊ သူ့ စိတ် ထဲ ၌ ဆိုရှယ်လစ်တို့ ၊ ကွန်မြူနစ် တို့ ဟာ ဒီ လို ဘာ ဘဲ အ လွန် ရိုင်း စိုင်း တယ် ၊ အ ရေး လုပ် ဖို့ မ လို ဘာ ဘူး ဟု ကို့ ကိုယ် ကို နှစ် သိမ့် ပြီး စိတ် ဖြေ လိုက် ရ ပါ တော့ သည် ။

သူ့ မယားကြီး ခြံ ထဲ မှ ဟင်းသီးဟင်းရွက် တွေ ခူး လာ ပြီး ၊ နံ နက် စာ ချက် မည့် အ ပြု တွင် ၊ ခု န က အဖြစ် ပျက် ကို သူ မ အား  ပြော ပြ လိုက် ပါ သည် ။

သူ့ မိန်းမ သည် ဟက်ဟက်ပက်ပက် ၊ မျက်ရည် ကျ အောင် ရယ် မော လိုက် ပြီး ၊

“ တာဂေါ ( အစ်ကိုကြီး )ရေ~~ တာဂေါ က နတ် ပြည် ကြီး မှာ သွား နေ တာ ကြာ သွား လို့ ၊ ရွာ အ ကြော င်း မေ့ နေ ပြီ နဲ့ တူ တယ်  ” ဆက် လက် ပြီး

“ အဲ ဒီ လူ ရောင်း တာ က ( တာ  fိန် = မ စင် တွေ) အဲ ဒါ ခြံ ထဲ က ဟင်းသီးဟင်းရွက် တွေ ကို လောင်း ဖို့ သဘာဝ မြေသြဇာ လေ ၊ တာဂေါ ပြော တဲ့ ( တို့   fိန် = တိုဖူးပျော့ ) မဟုတ် ဘူး ၊ မစင် ကို တာဂေါ က တ ပုံး လုံး စား မ ကုန် ဘူး ဆို တော့ ၊ သူ ဆဲ ရင် လည်း ဆဲ စရာ ပါ ဘဲ ”

ဦးကျန်ကျင်ကျောက် သည် လည်း ဖြတ်ကနဲ ချက်ချင်း သတိ ရ လာ ပြီး ၊ သူ့ မိန်းမ ကို ၊

“ မင်း အ ခု ခူး လာ တဲ့ ဟင်းသီးဟင်းရွက် တွေ ကို အ ကြိမ်ကြိမ် ၊ သေသေချာချာ ၊ ရေ များများ နဲ့  ကောင်းကောင်း ဆေး နော် ၊ တ ကယ် ပြော တာ နော် ”

မှတ်ချက် ။ ယခု ခေတ် တရုတ် ပြည် ကြီး မှာ သဘာဝ မြေသြဇာ မသုံး တော့ ပါ ဘူး ၊ လူ ကို အန္တရာယ် ဖြစ် စေ နိုင် တဲ့ ဓါတ် မြေသြဇာ လည်း သုံး လာ ပြီ ၊ ဟို တ လော သတင်းစာ မှာ ပါ လာ တဲ့ သတင်း တ ပုဒ် -

၅ ဧက လောက် ရှိ တဲ့ ဖရဲသီး ခြံ ပိုင် ရှင် သည် ၊ ဖရဲသီး ကြီးထွား စေ သော ဓါတု ဆေး ကို အချိန် တွက် ချက် မှား သွား ၍ အနည်း ငယ် စော ပြီး ဖြန်း လိုက် သည့် အ တွက် ၊ ဖရဲသီး များ အားလုံး ပေါက် ကွဲ သွား ပြီး ၊ တ ခြံ လုံး နီ ရဲ သွား ပါ တော့ သည် ။
+5

Offline shwekatsee

  • ကျောင်းသား
  • *
  • Posts: 248
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +257
Re: အမောပြေဟာသမှတ်စု
« Reply #803 on: April 21, 2012, 02:18:33 AM »
(ပညာတတ်မှဖြစ်တော့မယ်ဗျာ)
သည်ခေတ်ကြီးမှာ ပြိုင်ဆိုင်ရမှုက အတွေ့အကြုံ။
တရုတ်ပြည် ကန်တုန်မှာ ဘဏ်ကိုဝင်တိုက်သောဓါးပြတွေက
“အားလုံးမလှုပ်နဲ့၊ ပိုက်ဆံကအစိုးရဟာ၊ အသက်က မင်းတို့ဟာ။ “
ဟု တရားသဘောဆန်ဆန် အော်ဟစ်လိုက်သည်နှင့် တပြိုင်နက်၊ ဘဏ်ဝန်ထမ်း အားလုံး
ငြိမ်သက်စွာ ဝမ်းလျားမှောက်လျက် နေကြကုန်၏။
ထိုအချိန် ဓါးပြက စားပွဲပေါ် ပက်လက်လေးလှန်ကါ လှဲလျောင်းနေရှာသော
ဘဏ်စာရေးမလေးကို တချက်လှမ်းကြည့်ရင်း
” အမြင်မတော်ကွာ၊ သိမ်သိမ်မွေ့မွေ့လေး နေစမ်း၊ ဒါဓါးပြတိုက်တာ၊
မုဒိမ်းလာကျင့်တာ မှုတ်ဘူး။ “
အိမ်ပြန်ရောက်ပြီးနောက်၊ M.Sc ဘွဲ့ရဓါးပြပေါက်စလေးက
” ဆရာ… တိုက်ရတဲ့ ပိုက်ဆံတွေ ရေတွက်ရအောင်။ “
မူလတန်းသာအောင်သော ဓါးပြဗိုလ် ပြောလိုက်သည်မှာ
“တော်တော်နုံချာတဲ့ကောင်၊ ဒီလောက်များတဲ့ဥစ္စာ ဘယ်အချိန်ထိ
ရေတွက်နေရမှာလဲကွာ၊ ဒီညTV သတင်း စောင့်နားထောင်ကြည့်ရင် သိရောပေါ့။ “
ဓါးပြများထွက်ခွာသွားပြီးနောက် ဘဏ်ဥက္ကဌက
” သွား…မြန်မြန်ရဲသွားတိုင်စမ်း။ “
ဘဏ်မန်နေဂျာ လှည့်ထွက်မည်အပြုမှာ ဘဏ်ဥက္ကဌ အလျင်စလိုထပ်ပြောလိုက်သည်မှာ
” နေအုံး…တလောတုန်းက ငါတို့အလွဲသုံးစားထားတဲ့ သန်း ၅၀ ပါတခါထဲ
ပေါင်းထည့်ပလိုက်ကွာ “
ဘဏ်မန်နေဂျာက အဓိပ္ပါယ်ပါပါ တချက်ခိုးပြုံးကာ ဆက်ပြောလိုက်သည်မှာ
” တလတခါလောက် လာတိုက်ရင် သိပ်ကောင်းမှာကွာ…”
နောက်တနေ့… ဘဏ်ယွမ်ငွေ သန်း ၇၀ ဓါးပြတိုက်ခံရကြောင်း TV သတင်းအရ ကြားသိရ၏။
ဓါးပြတွေ အဖန်တလဲလဲ ရေတွက်ကြည့်လည်း သန်း ၂၀ မျှသာရှိသည်။
ဓါးပြဗိုလ် အော်ဆဲလိုက်သည်မှာ
” တောက်…ငါအသက်ကိုဖက်နဲ့ထုပ်ပြီး တိုက်တာတောင်မှ သန်း ၂၀ ပဲရတယ်
ဘဏ်ဥက္ကဌက ပါးစပ်ဖျားလေးလှုပ်လိုက်ရုံနဲ့ သန်း ၅၀ အမြတ်ပေါ်သွားပြီ။
ဒီခေတ်ကြီးကြည့်ရတာ ပညာတတ်မှ ဖြစ်တော့မယ်ဗျာ…။ “
ရီလဲရီကြပါစေ။
ပညာတတ်များလဲဖြစ်ကြပါစေဗျာ။
နှစ်သစ်ဆုတောင်းလေးပါ။
+10

Offline shwekatsee

  • ကျောင်းသား
  • *
  • Posts: 248
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +257
Re: အမောပြေဟာသမှတ်စု
« Reply #804 on: April 21, 2012, 02:29:35 AM »
(အန်တီသာနှိုက်ကြည့်လိုက်ပါတော့)
အန်တီ ဒေါ်ဝင်းရွှေ သည် ဗိုလ်တထောင် မြို့နယ် တွင် နေ ထိုင် ပြီး ၊ ယနေ့ သူ ၏ သားမက် မောင်ကျော်အောင် နှင့် သမီး မမွှေးမွှေး တို့ အိမ် ကို လာ လှည် မည် ဖြစ် ၍ ၊ သားမက် အ ကြိုက် ဆုံး ဟင်း ဖြစ် တဲ့ ပီကင်း ဘဲကင် ကို ဒေါ်ဝင်းရွှေ က ကိုယ် တိုင် ချက် ကျွေး မည် ။

ဒေါ်ဝင်းရွှေ သည် ကျောက်တံတား မြို့ နယ် ရှိ ဗိုလ်ကလေး ဈေး တွင်း ဦးဟုတ်စိန် ဘဲသားဆိုင် ထံ ဘဲ ကောင် လုံး ဝယ် ရန် လာခဲ့သည် ။

ဆိုင် ရှေ့ ရောက် တော့ ဆိုင် ထဲ  “ ကိုဟုတ်စိန် ! ကိုဟုတ်စိန် ! ”  လို့လှမ်း ပြီး ခေါ် လိုက် သည် ။

ဆိုင် တွင်း မှ မောင် ဝေဖြိုး ဆို သော ကောင် လေး တ ယောက် ထွက် လာ ပြီး “ ဟုတ် ကဲ့ ရှင့် ၊ အန်ကယ် ဟုတ်စိန် ရွာ ပြန် အ လှူ သွား လုပ် နေ ပါ တယ် ၊ အန်တီ့ ကို ကျမ ဘာ လုပ် ပေး စေ ချင် ပါ သ လဲ ? ”

“ ပဲခူး က လာ တဲ့ ဘဲ တ ကောင် ရွေးပေး စမ်း ပါ ၊ ကလေး ရေ ”

“ အန်တီ က လည်း ဒီ လောက် များ တဲ့ ဘဲ တွေ ထဲ ၊ ဘယ် အ ကောင် က ပဲခူး က လည်း ဆို တာ ကျမ ဘယ် သိ မှာ လည်း ၊ ပြီး တော့ အား လုံး ဆင် တူ အသေ ကောင် ကြီးတွေ ”

“ ဒါ ကြောင့် အန်တီ က ကိုဟုတ်စိန် ကို ရှာ တာ ပေါ့ ၊ သူ ရှိ ရင် ရွေး တတ် တယ် ၊ ကဲ ပါ အေ ~~~ ၊ အန်တီ ကိုယ် တိုင် ရွေး လိုက် တော့ မယ် ၊ ဘဲ ဖင် ကို နှိုက် ကြည့် လိုက် ရင် ဘယ် အ ရပ် က နေ လာ တာ ဆို သိ တယ် ဟဲ့ ၊ သား က တ ကောင် ချင်း လှမ်း ပေး လိုက် ၊ အန်တီ နှိုက် ပြီး ရွေး လိုက် မယ် ”

ဒါ နဲ့ မောင်ဝေဖြိုး သည်  The customer is the first , customers are always right ဆို သော ဆောင် ပုဒ် အ ရ စိတ်ရှည် လက်ရှည် ဖြင့် ဘဲသေ တ ကောင် ပြီး  တ ကောင် ဒေါ် ဝင်းရွှေ အား လှမ်း ပေး နေ လေ တော့ သည် ။

ဒေါ်ဝင်းရွှေ က လည်း တ ကောင် နှိုက် တိုင်း ပါးစပ် က နေ

“ ဒါ က တွံတေး က ”

“ ဒါ က ဝါးခယ်မ က ”

“ ဒါ က မြောင်းမြ က”

“ ဒါ က ကျောက်တန်း က ”့စ သ ဖြင့် ၊ မောင်ဝေဖြိုး သည် လည်း မျက် ခြေ မ ပြတ် ကြည့် နေ ပြီး အန်တီ တချက် နှိုက် တိုင်း စိတ် တချက် လှုပ်ရှားပြီး တံထွေး တ ချက် မြို လိုက် ရ ပါ သည် ။

နောက် ဆုံး ပဲခူး မှ လာ သော ဘဲ ကို ရ အောင် ရွေး ယူ လိုက် ပါ သည် ၊ အန် တီ ၏ အ စွမ်း ကို ကြည့် ပြီး ၊ မောင်ဝေဖြိုး သည် “ အန်တီ အရင် က ဘဲ သတ် တာ လား ? ”

အန်တီ ဒေါ်ဝင်းရွှေ က “ အေး ပေါ့ ၊ အန်တီ က ဟို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့ က စ ပြီး သတ် ခဲ့ တာ ဟို တ လော မှ အ နား ယူ လိုက် တာ ”

ဆက် လက် ပြီး ဒေါ်ဝင်းရွှေ က “ သား က သဘော ကောင်း ပြီး ၊ ယျဉ် လည်း ယျဉ်ကျေး တယ် ၊

သား ဇာတိ က ဘယ် က လဲ ” ဟု မေး လိုက် ရာ ။

မောင်ဝေဖြိုး သည် လျှပ်တပျက် ၊ ချက်ချင်း ဒေါ်ဝင်းရွှေ ကို ကျော ပေး ပြီး ၊ ဖင် လေး ကို ကော့ ကာ “ အန်တီ သာ နှိုက် ကြည့် လိုက် ပါ တော့ ” ဟူ သ တည်း ~~~~
(ကျောင်းသူတွေနော်..အန်တီမလာခင်..ဘယ်မြို့သူဆိုတာပြောကြနော် အန်တီနှိုက်မှအကုန်ပေါ်ကုန်မယ်..............)
+8

Offline shwekatsee

  • ကျောင်းသား
  • *
  • Posts: 248
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +257
Re: အမောပြေဟာသမှတ်စု
« Reply #805 on: April 21, 2012, 02:44:26 AM »
(ငှက်ပျောသီးကြော်)
မ စန်းစန်း သည် ရုံး ဆင်း ပြီး ၍ ၊ မှတ် တိုင် တွင် Bus စောင့် ရင်း နဲ့ ပိုက် အ နည်း ငယ် ဆာ လာ သည့် အ တွက် ၊ လမ်း ဘေး ဆိုင် မှ ငှက် ပျော သီး ကို ဝယ် စား ဖို့ စဉ်း စား လိုက် ပါ သည် ။ ငှက်ပျောသီး သည် တလုံး ကို ၃ ကျပ် နှစ် လုံး ၅ ကျပ် ဆို တော့ တစ် ကျပ် သက်သာ သည့် အ တွက် ၊ မ စန်းစန်း သည် နှစ် လုံးဝယ် လိုက် ပါ သည် ။

ငှက် ပျော သီး တစ် လုံး ကို စား ပြီး သော အ ခါ Bus လည်း  ရောက် လာ ၍ ။ စန်းစန်း သည် ကျန် ငှက်ပျောသီး တစ် လုံး ကို ဘေး လွယ် အိတ် ထဲ ထည့် ပြီး ကား ပေါ် တက် သွား လေ ပါ တော့ သည် ၊ ရုံး ဆင်း ချိန် ဆို တော့ ကား ပေါ် မှာ ထိုင် စရာ နေ ရာ မ ရှိ ပါ ၊ မတ် တတ် ရပ် နေ ရ ပါ သည် ၊ တ လမ်း လုံး လူ တွေ တက် လာ သည့် အ တွက် ကား ပေါ် မှာ ကြပ် သည် ထက် ကြပ် လာ သည် ၊ စန်းစန်း လည်း သူ မ ၏ ငှက် ပျော သီး ပိပြား သွား မှာ စိုး ရိမ် သည့် အ တွက် လွယ် အိတ် အ ပြင် က နေ ငှက် ပျော သီး ကို လက် ဖြင့် ကိုင် ၍ ကာကွယ် ထား ပါ သည် ။
မြေနီကုန်း မှတ်တိုင် သို့ ရောက် တဲ့ အ ခါ ဘေး မှ ကောင် က လေး သည် မစန်းစန်း ကို “ အမ ! လက် လွတ် လိုက် တော့ ကျ နော် မြေနီကုန်း မှာ ဆင်း တော့ မယ်” တဲ့  [em:14:]  [em:14:]  [em:14:]
မစန်းစန်း လည်း ရှက် သွေး တွေ ဖြန်း ပြီး မျက် နှာ တ ခု လုံး နီ ရဲ သွား ပါ တော့ သည် ။
ငှား ထား တဲ့ အဆောင် ရောက် တော့ အခန်းပါတနာ မသန်းသန်း ကို ပြော ပြ တဲ့ အ ခါ ၊ မစန်းစန်း က “ ငါ လည်း ငါ့ ငှက်ပျောသီး က အ စိမ်း
ကိုင် ထား တဲ့ ငှက် ပျောသီး က ငှက်ပျောကြော် လို အနွေး ဓါတ် လေး နဲ့  ဆို ပြီး သံသယ ဖြစ် သေးတယ် ”
မသန်းသန်း က “ မင်း ရဲ့  dream comes true ဖြစ် သွားတာ ပေါ့ ကွယ် ” တဲ့
အား လုံး ရွှင် လန်း ချမ်း မြေ့  ပါ စေ ~~~~~~~
+10

Offline ah

  • ပထမနှစ်
  • *
  • Posts: 16
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +72
Re: အမောပြေဟာသမှတ်စု
« Reply #806 on: April 21, 2012, 04:13:02 PM »
"အချိန်မရတော့လို့ပါ"

ဒေါသထွက်နေသော သမီးရှင်အဖေက ပြောလိုက်သည်။
"ဟေ့ကောင် မင်းဘာအချိုးချိုးတာလဲ ၊ ငါ့သမီးကို ခိုးသွားတာ မနေ့ညကတည်းက
အခုလာပို့တာ မနက် ၇ နာရီ"
"ဟုတ်ကဲ့ခင်ဗျာ အခုကျွန်တော် အလုပ်သွားရတော့မှာမို့လို့ပါ"


+6
love is a luxury , not a necessity....

Offline ကံကောင်း

  • ကျောင်းသားကြီး
  • **
  • Posts: 92
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Angel & Demon
  • Respect: +661
Re: အမောပြေဟာသမှတ်စု
« Reply #807 on: April 21, 2012, 10:45:08 PM »
ပိုင်လိုက်တာဗျာ ....  ;)

(click to show/hide)

@ Funny World


ဟာသပုံများတင်လိုပါက အောက်ပါလင့်တွင် တင်ရန်ဖြစ်ပါသည် ။ စာတင်ရန်တော့ပစ်တွင် ပုံများ တင်လာပါက ပြန်လည်ဖျက်သွားမည်

ဖြစ်ပါသည် ။


http://achittatkatho.net/index.php?topic=3100.10


ထွန်းအေး

တွဲဖက် ပါမောက္ခ
+2
« Last Edit: April 24, 2012, 09:13:45 AM by tunaye2011 »
Sometimes, I'm Angel. Sometimes, I'm Demon.

Offline ကံကောင်း

  • ကျောင်းသားကြီး
  • **
  • Posts: 92
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Angel & Demon
  • Respect: +661
Re: အမောပြေဟာသမှတ်စု
« Reply #808 on: April 21, 2012, 10:48:57 PM »
Facebook သမားများအတွက် ....  8)

(click to show/hide)

@ Funny World


ဟာသပုံများတင်လိုပါက အောက်ပါလင့်တွင် တင်ရန်ဖြစ်ပါသည် ။ စာတင်ရန်တော့ပစ်တွင် ပုံများ တင်လာပါက ပြန်လည်ဖျက်သွားမည်

ဖြစ်ပါသည် ။


http://achittatkatho.net/index.php?topic=3100.10


ထွန်းအေး

တွဲဖက် ပါမောက္ခ
+4
« Last Edit: April 24, 2012, 09:14:50 AM by tunaye2011 »
Sometimes, I'm Angel. Sometimes, I'm Demon.

Offline shwekatsee

  • ကျောင်းသား
  • *
  • Posts: 248
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +257
Re: အမောပြေဟာသမှတ်စု
« Reply #809 on: April 23, 2012, 01:16:44 AM »
ချမ်းသာချင်တဲ့ လင်မယားနှစ်ယောက်..အကြောင်း…
တစ်ခါတုန်းက ချမ်းသာချင်တဲ့ လင်မယားနှစ်ယောက်ရှိတယ် ….သူတို့လင်မယားနှစ်ယောက်လုံးက အူနုံ နုံ အတတတွေလေ………တစ်နေ့ ယောကျာ်းဖြစ်သူက တောထဲမှာ သစ်ခုတ်လို့ရလာပြီး ရောင်းရတဲ့ ငွေက၅၀၀ ရတယ်လေ……….သူတို့အတွက်ကတော့ ငွေ၅၀၀ဆိုတာ ကိုများတယ်လေ……..ဒါနဲ့ ပဲသစ်ခုတ်လို့ရောင်းပြီး ရွာက်ိုပြန်လာတာပေါ့ ………လမ်းမှာ လူတစ်ယောက် က ထိုင်နေတာကိုတွေ့တယ်လေ………….ထိုင်နေတဲ့လူက ဒီမှာဆင်ဥ ဥနေတာတဲ့ အကောင်မပေါက်သေးလို့ ထိုင်ဝပ်နေတာတဲ့ အကောင်ပေါက်လာရင် သစ်တောရေးဝန်ကြီးဌာန မှာသွားရောင်းရင် ချမ်းသာပြီလို့ပြောသတဲံ့………ဒါနဲ့ပဲ သစ်ခုတ်သမားက စိတ်ဝင်စားသွားတယ်လေ…ဒါနဲ့ပဲထိုင်နေတဲံ့ လူက“ ကျွန်တော်မစောင့်နိုင်တော့လို့ ခင်ဗျားကိုရောင်းခဲ့ မယ်”  လို့ပြောတော့သစ်ခုတ်သမားလည်းအားရ၀မ်းသာနဲ့ ပဲ“ ကျွန်တော့်မှာ ငွေနည်းနည်းပဲပါတာ” လို့ပြောတော့ “ရတယ်လေကိစ္စမရှိဘူးလို့  ကျွန်တော်အကောင်ပေါက်တာကို မစောင့်နိုင်လို့ ခင်ဗျားကို ဈေးနည်းနည်းရောင်းတာနော်” လို့ပြောသတဲ့…….ဒါနဲ့ပဲ ဆင်ဥကိုဝယ်လာခဲ့တာပေါ့……….တစ်ကယ်တော့လိမ်ခံလိုက်ရတာပါ ………ဟိုလူကကြိုသိနေလို့ အရောင်ဖျော့နေတဲ့ ဘောလုံးကို ထိုင်ဝပ်နေပြီးသစ်ခုတ်သမားပြန်လာမယ့် လမ်းမှာထိုင်စောင့်နေတာပေါ့ နူနူတူတူ နဲ့ဆိုတော့ လိမ်လို့ရမယ်ဆိုတာကို သိတယ်လေ……….

ခပ်တည်တည်နဲ့ပဲ လိမ်လွှတ်လိုက်တာပေါ့……သစ်ခုတ်သမားလည်းအိမ်ကိုပြန်လာပြီး မိန်းမကိုတောင် မပြောပဲနဲ့ အိပ်ရာပေါ်မှာ ဆင်ဥလေးကိုပေါင်ကြားညှပ်ပြီးခွေခွေလေးနေသတဲ့ ……မိန်းမဖြစ်သူကလာမေးတော့မှ “ငါဆင်ဥ ဥနေတာကွ အကောင်ပေါက်လာလို့ရောင်းရင် ငါတို့ချမ်းသာမှာကွ” လို့ပြောတော့ မိန်းမဖြစ်သူကလည်းအဟုတ်မှတ်ပြီး “ပြစမ်းယောကျာ်း ”ဆိုပြီးတော့စမ်းကြည့်သတဲ့ ယောကျာ်းဖြစ်သူရဲ့ ဟိုဟာကိုသွားကိုင်မိပြီး “အယ်ဟုတ်တယ်တော့ နှာမောင်းလေးတောင်ထွက်လာပြီလို့” ပြောသတဲ့………ညှပ်ထားကပေါင်ကြားမှာကိုး…ဟဲဟဲ………..
+6

Tags: