Author Topic: အမောပြေဟာသမှတ်စု  (Read 464135 times)

0 Members and 2 Guests are viewing this topic.

ivory

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #760 on: December 09, 2011, 01:28:59 PM »
အခြေအနေကောင်းပီ.............................

တစ်ခါက အကြီးအကဲသည် နောက်လိုက်များနှင့် အစည်းအဝေးအတွက် ခရီးထွက်ကြသည်။ လမ်းတွင် မတော်တဆ ယာဉ်တိုက်မှုဖြစ်ပြီး အားလုံးဆေးရုံသို့ ရောက်သွားကြသည်။ အကြီးအကဲ၏ သတင်းကို မေးမြန်းစုံစမ်းရန်အတွက် သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့ကြသည်။

သတင်းထောက်................ဆရာ…ဆရာ..အကြီးအကဲ အခြေအနေ ဘယ်လိုလဲ
ဆရာဝန်         .................အင်း…အခြေအနေကတော့ သိပ်မကောင်းလေဘူး
သတင်းထောက်................သူ့ရဲ့  နောက်လိုက်တွေကော
ဆရာဝန်          ................ သူတို့လဲ အခြေအနေ မကောင်းဘူး
သတင်းထောက်................ ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
ဆရာဝန်          ................ငါတို့ တိုင်းပြည် အခြေအနေ ကောင်းပြီ ။။။။။။။။။။ ;D ;D ;D ;D ;D ;D
+7

ivory

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #761 on: December 10, 2011, 10:27:28 PM »

အခြေအနေကောင်းတယ်...........
တခါက အကြီးအကဲသည် စိတ္တဇဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့သည်။
 ဆေးရုံရှိ  လူနာများက အကြီးအကဲကို တွေ့သည်နှင့်.. ” အကြီးအကဲ ကျန်းမာပါစေ… နေကောင်းပါစေ…. သက်တော် ရှည်ပါစေ…” ဟု ကောင်းချီးပေးကာ ကြိုဆိုကြသည်။
 သို့သော် ထိုလူနာတစ်ဦးမှာ ဘာမှမပြောဘဲ အကြီးအကဲအား မျက်နှာလွှဲပြီး နေသည်။ အကြီးအကဲက မြင်သော်.....
 ” ဒီလူနာက ငါ့ကိုမြင်တာ တောင် မကြိုဆိုပါလား” ဟု ဆေးရုံအုပ်အား မေးလိုက်သည်။

ဆေးရုံအုပ် ပြန်ဖြေလိုက်သည်မှာ….

“ဒီနေ့  လူနာရဲ့ စိတ်အခြေအနေကောင်းနေတယ်”  ဟူ၏။.................. ;D ;D ;D ;D ;D ;D ;D ;D ;D
+2
« Last Edit: December 13, 2011, 10:10:32 AM by tunaye2011 »

Offline hotsexygirl

  • အငြိမ်းစား ကထိက
  • ***
  • Posts: 322
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Love all, trust a few, do wrong to none.
  • Respect: +4051
Re: အမောပြေဟာသမှတ်စု
« Reply #762 on: December 13, 2011, 09:52:38 AM »
မိန်းမတို့အရွယ် (5)မျိုး  (FB ကရတာ............ )အူးထွန်းရေ .........  ချိပီးတာ ချိုယဲ  ဖက်လိုက်နော်.....  အဲ လေ  ဖျက်လိုက်နော်....   :P :P :P :P :P
ပထမအရွယ် (ဘောလုံး) ခေတ်ကောင်းချိန်ပေါ့။ တစ်ဖက်ကို ၁၁ ယောက်စီနဲ့ စုစုပေါင်း ၂၂ ယောက် အသည်းအသန် လုနေရတယ်။ ကိုယ်လက်ထဲရောက်လာရင် သူများလက်ထဲပါမသွားရအောင် ဂရုစိုက်ရတယ်။ အဲဒီ ကွင်းထဲက ၂၂ ယောက်က တစ်ယောက်နားရရင်လဲ အစားဝင်မယ့်သူ က နောက်ထပ် တစ်သင်းစာ အဆင်သင့်ရှိနေတယ်။ ကွင်းအပြင်က ပရိသတ်ကလဲ ကွင်းထဲမှာ ကစားနေသူတွေကို အထင်ကြီးအားကျတဲ့ စိတ်တွေနဲ့ပေါ့။ ဘောလုံးက နာမည်ကြီးရင်ကြီးသလို ရုပ်မြင်သံကြားပရိသတ်ကလဲ သန်းချီရှိသေးတယ်။ ကျောင်း၊ အလုပ်၊ သင်တန်း ဘယ်သွားသွား စာလိုက်ပေးတဲ့သူ၊ ရည်းစား စကားလိုက်ပြောတဲ့သူအပြည့်ပေါ့။
ဒုတိယအရွယ် (ဘတ်စကတ်ဘော) ဝင်ပြီးလုတဲ့လူ တစ်ဝက် (၆) ယောက်လောက်ပဲရှိတော့တယ်။ ဒါပေမယ့် အသည်းအသည်တော့ လုနေရတုန်းပဲ။ ပရိသတ်ကလဲ ဒီလောက်မများတော့ဘူး။ ရည်းစားစကားလိုက်ပြောတဲ့သူတွေတော့ ရှိသေးတယ်။ ဒါပေမယ့် ဘယ်သွားသွားတော့ မဟုတ်တော့ဘူး။ ကိုယ်နဲ့ ကျောင်းအတူတူ၊ အလုပ်အတူတူ၊ နီးစပ်တဲ့သူတွေထဲကပဲ။
တတိယအရွယ် (ဘော်လီဘော) ကိုယ့်လက်ထဲမှာ ကြာကြာမထားတော့ဘူး။ မြှောက်တင်တယ်။ ပြီးရင် သူများဘက်ကို ရိုက်ချရတယ်။ အပျိုကြီးလို့ စပြီး မထိတထိ အခေါ်ခံရတဲ့ အချိန်ပေါ့။ ချောသေးတယ်၊ လှသေးတယ် မြှောက်ပေးကြတယ်။ ပြီးတော့ကိုယ့်ပတ်ဝန်းကျင်နားက လူပျိုကြီးဆိုသူတွေထံကို ရိုက်ချကြတယ်။
စတုတ္ထအရွယ် (တင်းနစ်ဘောလုံး) ကိုယ့်ဘက်ကို ဘောလုံး တစ်ချက်ထက်ပိုအကျမခံတော့ပဲ ပြန်ရိုက်ထုတ်တော့တာပဲ။ ဟိုဘက်ကလည်း သူ့ဘက်ကိုအကျမခံ အသည်းအသန် ပြန်ရိုက်ထုတ်တာပဲ။ အပျိုကြီးလာပြီဟေ့ ဆိုတာနဲ့ လူပျိုလေးတွေကော၊ လူပျိုကြီးများပါ ထပြေးရတဲ့ အချိန်ပေါ့...
ပဉ္စမအရွယ် (ဂေါက်သီး)တစ်ယောက်ပဲရှိတော့တယ်။ သူကလဲဘယ်လောက်ထိ ဝေးအောင်ရိုက်နိုင်မလဲဆိုပြီး လွှဲရိုက်ဖို့ပဲပြင်နေတော့တယ်။ ဝေးလေကောင်းလေပဲ... :D
+8
« Last Edit: December 13, 2011, 10:09:06 AM by tunaye2011 »

Offline JA. Nuclear

  • စီနီယာ
  • ***
  • Posts: 218
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +1623
Re: အမောပြေဟာသမှတ်စု
« Reply #763 on: December 16, 2011, 08:36:22 PM »
တကယ်လို့များ Animals တွေလည်း facebook ကိုသုံးတတ်ကြပြီဆိုရင်
သူရို့ဒွေရဲ့ Status Updates တွေက ဒီလိုတွေများဖြစ်ကြမလားဘဲ......
ပိုးဟပ် :
ဟေးဘော်ဒါတို့....ငါ့ဘ၀ကတော့ အန္တရယ်တွေအပြည့်နဲ့ဘ၀စတိုင်တစ်ခုဖြစ်နေပြီကွ
ကြောင်မ:
ငါ့ရဲ့(၇)ကောင်မြောက်ခလေးက သူ့အဖေဘယ်သူလဲဆိုတာကို လာမေးနေတယ်.. ငါသူ့ကိုဘယ်လိုပြန်ပြောရမလဲ..ငါကိုယ်တိုင်တောင်မသိတဲ့ဟာကို ;-)
ခြင် :
ငါတော့ HIV Positive ဖြစ်နေပြီဟေး.****ဆိုတဲ့မသာရဲ့သွေးကိုသွားစုပ်မိတာလေ.... !!! :-O
ကြက်မ:
မနက်ဖြန်ကျရင် ငါလာနိုင်မှာမဟုတ်တော့ဘူးနော်.., စီပီကြက်ကင်ဆိုင်မှာငါ့အလှည့်ကျတယ်..
မင်းတို့အားလုံးကိုသတိရနေမှာပါနော်... <3 ခွေး :
ငါ့ရဲ့သခင်မက ..ငါ့ကို..ညညကျရင် သူ့အခန်းထဲခေါ်ခေါ်အိပ်တယ်ဟ...ဟူးရား..ဟဟ !! ^_^
ဝက် :
အိုးမိုင်ဂေါ့..ငါ့ကြောင့်တုတ်ကွေးဖြစ်တယ်ဆိုပြီး..လူတွေအတင်းတုတ်နေကြတယ်... WTF! :-O
ဆိတ် :
သူငယ်ချင်းဆိတ်အပေါင်းတို့ရေ..အပြင်မထွက်ကြနဲ့နော်....ကုလားတွေ အစ်( Eid ) လုပ်တော့မယ်ဟ :-(
ကိုကိုဝက်က မမဆိတ်ရဲ့ Status ပေါ်မှာ Comment (1) ကြောင်းလာရေးသွားပါသည်။
"၀က်ဖြစ်ရတာ ဒီအချိန်မှာကံကောင်းလိုက်တာနော်...." | 4 Likes
မမဆိတ်က ပြန်ပြောသည်:
" ကုလားအစ်ပြီးရင်...Chinese New Year..လာမယ်ဆိုတာ မင်းတကယ်မသိတာလား ?
11 Likes Comments :-)



Credit to original uploader @ FM
+7
သတိထားနေ။ဖက်နမ်းမိမယ်။

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #764 on: December 17, 2011, 08:21:21 PM »
 :)

“ဟဲလို မီးသတ်ဌာနကပါလား ခင်ဗျာ”
“ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ”
“ဒီလိုပါခင်ဗျာ ကျွန်တော့်အိမ်ရှေ့က ခြံထဲမှာ ငရုပ်နဲ့ ခရမ်းချဉ်ပင်
စိုက်ထားတာ တော်တော်လေး အေင်မြင်ပါတယ်။

တစ်နေ့ရောင်းကြေးဟာ နှစ်ရာ့ငါးဆယ် သုံးရာလောက်ရပါတယ်”
“မိတ်ဆွေ ခင်ဗျား မှားနေပြီ ဒါမီးသတ်ရုံးဗျ စိုက်ပျိုးရေးဌာနမဟုတ်ဘူး”
“ဟုတ်ကဲ့ သိပါတယ်ခင်ဗျ၊ အခုကျွန်တော့်အိမ်ဘေးမှာမီးလော င်နေပါတယ်။
ခင်ဗျားတို့မီးလာသတ်ရင်

ကျွန်တော့်စိုက်ခင်းကအပင်ေ တွကို နင်းမိမှာစိုးလို့ပါ”
 :(
“မောင်ရေ ကျွန်မရင်ဘတ်က ရင်ထိုးလေး ခါးပိုက်နှိုက်သွားပြီ ဒုက္ခပါပဲ”
“မင်းနှယ့်ကွာ လက်ကြီးတစ်ခုလုံးနဲ့ မင်းရင်ဘတ်လာနှိုက်တာ မင်းမသိဘူးလား”
“ကျွန်မက မောင့်လက်မှတ်လို့ ကြည့်နေလိုက်တာ”
 :o
“ဟေ့ သူငယ် မင်းကျောင်းသားလား”
“ဟင့်အင်း ကျွန်တော် တက္ကသိုလ် တက်နေပြီ”
“အော် အော် ကျောင်းသားဘ၀ကကျော်လို့ ကျောင်းသူနားရောက်သွားပြီကိုး”
 ???
“မင်းဘေးမှာ ငါထိုင်ပြီး စကားပြောနေခဲ့တာ တစ်နာရီမကတော့ဘူး ခုထက်ထိ
မင်းဆီကစကားတစ်ခွန်းမှ

တုန့်ပြန်မပြောသေးဘူး ကဲ ဒါဆိုလည်း ကိုယ်ပြန်ပါတော့မယ် နောက်ဆုံးခင်မင်မှု
အထိမ်းအမှတ်နဲ့ စကားလေး

တစ်ခွန်းလောက်တော့ ပြောစမ်းပါ”
“ရှင်ထိုင်နေတဲ့ ကုလားထိုင်က စောစောကမှ ဆေးသုတ်ထားတာ
+6

Offline ဖရာရှက်

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5062
Re: အမောပြေဟာသမှတ်စု
« Reply #765 on: December 18, 2011, 08:45:29 AM »
တင်ထားပီးသားလားတော့မသိပါခင်ဗျာ။
မျက်နှာစာအုပ်မှာဖတ်မိလို့။





(ရေးထားသူ  ဖြိုးစုကိုကို)
ကိုသောင်းမြ ကုန်းကုန်း ကုန်းကုန်းနဲ့ ရှာရင်း
မိန်းမရေ...........စောစောက ငါအိမ်ရှေ့မှာ ပြင်ဖို့ထားခဲ့တဲ့ စက်ဘီးဂွေတွေေ၇ာ......
မိန်းမ။ စောစောက ရှင့်သမီး နားကွင်းလုပ်ဝတ်သွားတယ်။ တဲ့။
 ;D

(ရေးထားသူ  ဖြိုးစုကိုကို)
ရွာတစ်၇ွာမှာဘုန်းကြီးတစ်ပါက
အလှူ လှူရင်ဆိုင်းမငှား၇ဘူးလိုအမိန့်ထုတ်ထားတယ်တဲ့။
တစ်နှစ်ကျတော့ရွာသားတစ်ယောက်ကသူ့အလှူမှာဘုန်းကြီးအတန်တန်တာတဲ့ကြားကဆိုင်းငှားလာပါေ၇ာ
ညဆိုင်းလည်းတီးေ၇ာဘုန်းကြီးကဆိုင်းေ၇ှ့လာပြီကွေးကောက်နေအောင်ကတော့သတဲ့
ဒါနဲ့ဒကာ ဒကာမတွေကမေးတာပေါ့။
အ၇ှင်ဘု၇ားဘယ်လိုဖြစ်တာလဲဆိုတော့

ဘုန်းကြီးက .ဘာဖြစ်၇မလဲကွဆိုင်မငှားပါနဲ့လိုငါအတန်တန်တားတဲ့ကြားကငှားလာပြီး
ငါကဆိုင်သံကြား၇င်မနေနိုင်ဘူးက၇မှဖြစ်မှာ
တဲ့.........
 ;



+6
« Last Edit: December 30, 2011, 10:56:41 AM by tunaye2011 »

Offline ဖရာရှက်

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5062
Re: အမောပြေဟာသမှတ်စု
« Reply #766 on: December 22, 2011, 05:06:09 PM »
FACE BOOK မှ ဖြစ်ပါသည်။
(ခရက်ဒစ် တူ ဘလူးကြီးအောင် )

တောကလာသော အဖိုးကြီးတစ်ယောက် ရန်ကုန်သို့ရောက်ပြီးနောက် ဘုရားသွားရန်အတွက် လိုင်းကားတက်စီးသည်...
ဘေးခုံတန်းတွင် တစ်နေရာစာထိုင်လို့ရနိုင်သည်ကိုတွေ့သဖြင့် ထိုင်နေသောမိန်းကလေးအား ပြောလိုက်သည်...

"သမီး...... ဟိုဘက်နည်းနည်းတိုးပါလား ...... အဘ ဖင်ကလေးချချင်လို့"

"ဘာ..... ရှင် ရိုင်းလှချည်လား ...... အသက်ကိုမှ အားမနာ... မဖယ်ပေးနိုင်ဘူး....ဟွန်း.."

"ဒါဆိုလည်း ရပါတယ်ကွယ် .... အဘ နောက်ကပဲ တွယ်လိုက်တော့မယ်....."

 ;D
ဟီး
ဒါဖြစ်တတ်တယ်။
+11

Offline htethtetlin

  • PDF Creator
  • **
  • Posts: 135
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +1164
Re: အမောပြေဟာသမှတ်စု
« Reply #767 on: December 22, 2011, 07:02:13 PM »
ဆရာမက ကလေးများကို အသဲပုံဆွဲနည်းသင်ပြပေးနေသည်။ " သားတို့သမီးတို့ ဆရာမ ကျောက်သင်ပုန်းမှာဆွဲပြတဲ့အတိုင်း လိုက်ဆွဲနော်"။ ကလေးများကလည်း ဆရာမဆွဲပြသည့်အတိုင်းလိုက်ဆွဲကြသည်။ အဲဒီကလေးများထဲတွင် ကလေးတစ်ယောက်က အသဲပုံတွင် ခြေထောက်ပုံပါထည့်ဆွဲနေသည်ကို ဆရာမကမြင်သွားသဖြင့်..

ဆရာမ - "သားရဲ့အသဲပုံက ဘာလို့ခြေထောက်ပါနေရတာလဲ သားရဲ့"
ကလေး - "အသဲမှာ ခြေထောက်ပါတာပေါ့ဆရာမ"
ဆရာမ - " ဘာလို့ပါရတာလဲသားရဲ့"
ကလေး - "ညတုန်းက ဖေဖေက မေမေ့ကို ပြောတယ် အသဲ ခြေထောက်နည်းနည်းကားပေးတဲ့ "

C@FB
+9

Offline ဖရာရှက်

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5062
Re: အမောပြေဟာသမှတ်စု
« Reply #768 on: December 23, 2011, 12:02:41 PM »

http://achittatkatho.net/index.php/topic,249.460.html


ရှိပြီး ဖြစ်သဖြင့် ဖျက်ပါသည် ။


0
« Last Edit: December 23, 2011, 02:42:25 PM by tunaye2011 »

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3295
Re: အမောပြေဟာသမှတ်စု
« Reply #769 on: December 25, 2011, 07:11:49 PM »


မှန်ခွဲမိသူ

ထောင်သားအသစ်တစ်ယောက်ကို ထောင်သားအဟောင်းများကမေးကြသည်
''မင်းဘယ်နှနစ်ကျတာလဲ၊ဘာအမှူလဲ''
''အနှစ်နှစ်ဆယ်ပါ၊အမှူကတော့ ပြတင်းပေါက်မှန်ကိုခွဲမှူပါ''
''ဟာ ပြတင်းပေါက်မှန်လေးခွဲမိတာ အဲ့လောက်ကျရလား''
''ကျွန်တော်ခွဲလိုက်တဲ့ ပြတင်းပေါက်မှန် ကရေငုပ်သင်္ဘောကပါ''

သုတေသန

အမေရိကနှ်သုတေသီတို့ အမေရိကန်နိုင်ငံမှ မြေကြီးကိုတူးသည်
၁၀ပေ ရောက်သောအခါကြေးနန်းကြိုးစကိုတွေ့သည်
အမေရိကန်နိုင်ငံသည် လွန်ခဲ့သောနှစ်တစ်ရာ
ကတည်းကကြေးနန်းဆက်သွယ်ရေးထွန်းကားခဲ့သည် ဟုကြေညာလိုက်သည်။
ဂျပန်သုတေသီတို့ ဂျပန်နိုင်ငံမှ မြေကြီးကိုတူးသည်
၅ပေ ရောက်သောအခါကြေးနန်းကြိုးစကိုတွေ့သည်
ဂျပန်နိုင်ငံသည် လွန်ခဲ့သောနှစ်ငါးဆယ်
ကတည်းကကြေးနန်းဆက်သွယ်ရေးထွန်းကားခဲ့သည် ဟုကြေညာလိုက်သည်။
မြန်မာသုတေသီတို့ မြန်မာနိုင်ငံမှ မြေကြီးကိုတူးသည်
၅ပေ ဘာမှမတွေ့၊ ၁၀ပေ ဘာမှမရှိ၊၁၅ပေ မတွေ့
မြန်မာနိုင်ငံသည်လွန်ခဲ့သောနှစ်တစ်ရာ့ငါးဆယ် ကတည်းက Wireless
ဆက်သွယ်ရေးထွန်းကားခဲ့သည် ဟုကြေညာလိုက်သည်။

စာဖတ်ရင်းဘ၀အမောတွေပြေပျောက်ပါစေ ဆုတောင်းလျှက်

credit to forword mail
+7
« Last Edit: December 26, 2011, 09:14:52 AM by tunaye2011 »

Tags: