Author Topic: အမောပြေဟာသမှတ်စု  (Read 439938 times)

0 Members and 12 Guests are viewing this topic.

Offline ပိုးနှံကောင်

  • ကျောင်းသား
  • *
  • Posts: 54
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +108
Re: အမောပြေဟာသမှတ်စု
« Reply #750 on: November 23, 2011, 11:28:31 PM »
ဇီဇာကြောင်တဲ့သူဌေးနဲ့ ကပ်သီးကပ်သပ်ဝန်ထမ်း

သူဌေး ..... "မင်းသုံးနေတဲ့ကွန်ပြူတာက ကုမ္ပဏီက ကွန်ပြူတာပါ။ ဒီကွန်ပြူတာမှာ မင်းရဲ့ကိုယ်ရေးကိုယ်တာတွေ မသိမ်းထားပါနဲ့။ မင်းမိန်းမဓာတ်ပုံ၊ မင်းကလေးဓာတ်ပုံတွေကိုလည်း မသိမ်းထားပါနဲ့။ ဒီဓာတ်ပုံတွေကြည့်ပြီး မင်းကောင်းကောင်း အလုပ်မလုပ်ဘူး"

ဝန်ထမ်း..... "ဒီလိုဆိုရင် ကျွန်တော့်အိမ်ကကွန်ပြူတာနဲ့ ခင်ဗျားအလုပ်တွေကို မလုပ်ခိုင်းနဲ့။ မီတာအတက်တော့ ကျွန်တော်မခံဘူး။ ရုံးချိန်မဟုတ်တဲ့အချိန်မှာ ကျွန်တော်လက်ထိပ်တွေ ပိုလို့တောင် အပွန်းမခံနိုင်ဘူး"

သူဌေး........ "ရုံးချိန်အတွင်း မင်းရဲ့ကိုယ်ပိုင်အလုပ်တွေကို မလုပ်ပါနဲ့။ ဥပမာ- လက်သည်းညှပ်တာတို့၊ ဆံပင်ဖြီးတာတို့... "

ဝန်ထမ်း ..... "ကျွန်တော်လည်း ခင်ဗျားကိုပြောချင်တယ်။ ရုံးချိန်အတွင်း ကျွန်တော်ဖြီးလိုက်တဲ့ဆံပင်၊ ညှပ်လိုက်တဲ့ လက်သည်းတွေဟာ ကျွန်တော်ရုံးတက်နေတုန်း ရှည်ထွက်လာတဲ့အရာတွေပါ"

သူဌေး..... "ရုံးချိန်အတွင်း ရုံးဖုန်းကိုသုံးပြီး ကိုယ်ရေးကိုယ်တာ မပြောပါနဲ့"

ဝန်ထမ်း..... "ဒီလိုဆိုရင် ကျွန်တော်အိမ်မှာ အနားယူနေတုန်း ခင်ဗျားဆက်လာတဲ့ဖုန်းကိုလည်း ကျွန်တော်မကိုင်ဘူး"

သူဌေး.... "ကုမ္ပဏီက သုံးဖို့ပေးတဲ့ကားက ကုမ္ပဏီကိစ္စအတွက်သုံးဖို့ပဲ။ မင်းလျှောက်စီး၊ လျှောက်မောင်းဖို့မဟုတ်ဘူး"

ဝန်ထမ်း.... "ဒီလိုဆိုရင် ကျွန်တော့်ကို ဖိနပ်အသစ်တရံပေးပါ။ ကုမ္ပဏီကားကို ဂီယာနင်းတဲ့အခါ ကျွန်တော့်ကိုယ်ပိုင်ဖိနပ်ပွန်းသွားမှာ စိုးလို့ပါ..."

ဖတ်မိတာလေး ဘာသာပြန်မျှဝေပါတယ်

နိုင်းနိုင်းစနေ

တွေးတွေးပြီးရယ်

+6

Offline ပိုးနှံကောင်

  • ကျောင်းသား
  • *
  • Posts: 54
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +108
Re: အမောပြေဟာသမှတ်စု
« Reply #751 on: November 23, 2011, 11:37:59 PM »
 လင်းလင်းနေထိုင်သော မြို့တွင်မုန်တိုင်းတိုက်သဖြင့် အခြားမြို့ရှိ သူ့အဒေါ်တို့ထံသို့ ခဏပို့ထားလေသည်။ တပတ်လောက်နေသောအခါ စာတစောင်နှင့်အတူ လင်းလင်းကို ပြန်ပို့လေသည်။ စာထဲတွင်ရေးထားသည်မှာ.....
လင်းလင်းကို ပြန်ပို့လိုက်ပြီ မုန်တိုင်းသာ ဒီိကိုပို့လိုက်ပါ.....

    လက်လျော့ပြီလား
        မျက်နှာကို ပေါင်းတင်ဆေးတွေ လိမ်းနေတဲ့ သူ့အမေကို လှမ်းကြည့်ပြီး ဂျော်နီက စိတ်ဝင်တစား မေးလိုက်တယ်
  "အဲဒါ ဘာလုပ်နေတာလဲ မေမေ"
 "လှအောင်လို့ပေါ့ သာ့ရဲ့"
 ခဏကြာတော့ မျက်နှာပေါ်က ဆေးတွေကိုဖျက်ပြစ်နေတဲ့ သူ့အမေကို ကြည့်ရင်း ဂျော်နီက ထပ်မေးတယ်။
 "ဘာဖြစ်လို့လဲ အမေ လက်လျော့လိုက်ပြီလား"
                                       
                                            အန်ထော်နီ၏အင်တာနက်ပေါ်မှပာာသများထဲမှ ကူးယူဖော်ပြပါသသည်။ :H1
+6

Offline ပိုးနှံကောင်

  • ကျောင်းသား
  • *
  • Posts: 54
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +108
Re: အမောပြေဟာသမှတ်စု
« Reply #752 on: November 23, 2011, 11:44:43 PM »
"ယောက်ျား" အသုံးပြုပုံရှင်းလင်းချက်(Manual)

【ပစ္စည်းအမည်】 အများအားဖြင့် ယောက်ျားဟုသုံးနှုန်း၊ လူကြားသူကြားတွင် အမျိုးသားသို့မဟုတ် ခင်ပွန်းဟုသုံးနှုန်း၊ ရှေးယခင်က ကြင်ယာတော်ဟုသုံးနှုန်း

【ပါဝင်ပစ္စည်း】 ရေ၊ သွေး၊ အဆီဓါတ်နှင့် ကာဘွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓါတ်များပါဝင်

【စရိုက်လက္ခဏာ】ဤပစ္စည်းသည် သေးသွယ်သည့် အချိုတုံးသဏ္ဍာန်ရှိသည်။ သာမန်အားဖြင့် မျက်နှာပြင်အား ချိုမြိန်တီတာသောစကားများဖြင့် ဖုံးအုပ်ထားသည်။ ထိုအရာများကို ဖယ်ရှားလိုက်လျှင် အညိုဖျော့ရောင် အသားကိုတွေ့ရသည်။ မဖယ်ရှားခင်နှင့်ဖယ်ရှားပြီးမှာ အနည်းငယ် ခြားနားကြောင်းတွေ့ရမည်။ အချိန်နှင့်လိုက်၍ ပုံသဏ္ဍာန်ပြောင်းလဲတတ်သည်။ ခါးကုန်းခြင်း၊ ထိပ်ပြောင်ခြင်းသဏ္ဍာန်များ ဖြစ်ပေါ်တတ်သည်။ သို့သော် ဆက်လက်အသုံးပြုနိုင်ပါသည်။

【အသုံးဝင်ပုံ】တစ်ကိုယ်တည်းနေ အကြောက်လွန်ရောဂါ (single phobia)နှင့် မိခင်စိတ်ကြီးမားသည့်ရောဂါအတွက် အသုံးဝင်သည့်အပြင် အသည်းကွဲနှင့် စွဲလမ်းခြင်းဝေဒနာကိုလည်း သိသိသာသာ အကျိုးရှိစေသည်။

【အသုံးပြုပုံ】တစ်သက်တွင် တစ်ခုသာအသုံးပြုရန် အကြံပြုသည်။

【သတိထားရမည့်အချက်】 ဤပစ္စည်းသည် တစ်ကိုယ်ရေအမျိုးသမီးများနှင့်သာ သင့်တော်သည်။ အသုံးပြုချိန်တွင် သတိနှင့်အသုံးပြုရမည်။ ဤပစ္စည်းကြောင့် မျက်နှာဖုရောင်၊ အညိုအမည်းစွဲခဲ့လျင် အသုံးပြုနေရာမှ ချက်ချင်းရပ်လိုက်ပါ။ မရှိခဲ့ပါက ဆက်လက်အသုံးပြုနိုင်ပါသည်။

【အတိုင်းအတာ သတ်မှတ်ချက်】 ဤပစ္စည်းသည် သာမန်အားဖြင့် အလေးချိန်၆၅ကီလိုမှ ၇၅ကီလိုအတွင်း ရှိသည်။ ထိုထက်ကျော်လွန်ခဲ့သော် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

【တားမြစ်ချက်】 မည့်သည့်အချိန်အခါတွင်ဖြစ်စေ "အသုံးမကျ"ဟု မပြောရ။

【သိုလှောင်ထားမည့်နေရာ】 သာမန်အပူချိန်အောက်တွင် ထားနိုင်သည်။ အိမ်တွင်း လေရသောနေရာသည် အကောင်းဆုံးဖြစ်သည်။ အိမ်အပြင်တွင်ဖြစ်ပါက အမျိုးသမီးများသည့်နေရာတွင် မထားရန်နှင့် ညအိပ်ညနေ မထားခဲ့ရန် သတိပြုရမည်။

【အထုပ်အပိုး】 အနောက်တိုင်း၊ အရှေ့တိုင်းဝတ်စုံများကို ရာသီဥတုနှင့်လိုက်ပြီး ပြောင်းလဲနိုင်သည်။

【ဒိတ်လွန်နေ့စွဲ】စိတ်ချမ်းမြေ့ပျော်ရွှင်ခြင်း အတိုင်းအတာနှင့်လိုက်ပြီး တစ်သက်တာဖြစ်နိုင်သလို အတိုဆုံးမှာ တစ်ရက်၊ တစ်လလည်းဖြစ်နိုင်သည်။

【အတည်ပြုအမှတ်】အတည်ပြုအမှတ်ကို အတွင်းစာသား လက်ထပ်လက်စွပ်ရှင်းလင်းချက်တွင် ဖတ်နိုင်သည်။

【ထုတ်လုပ်သည့်နေရာ】 မိခင်ဝမ်းဗိုက်မှ အရပ်လက်သည် သို့မဟုတ် ပြည်သူ့ဆေးရုံ

【အထူးအသိပေးချက်】 အချစ်ကြီး၊ ခံစားချက်ကြီးသော အမျိုးသမီးများ သတိပြုသုံးစွဲရမည်။ သို့မဟုတ်ပါက စိတ်ရှုပ် စိတ်ညစ်၊ စိတ်ထိခိုက်ကြေကွဲနိုင်သည့် အခြေအနေများ ဖြစ်ပေါ်တတ်သည်။





မူရင်း-- http://tieba.baidu.com/f?kz=39108473

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
+3

Offline ဖရာရှက်

  • ကောလိပ်ဂျင်
  • ****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5045
Re: အမောပြေဟာသမှတ်စု
« Reply #753 on: November 27, 2011, 08:43:00 AM »
နာမည်ဘယ်လိုပေးမလဲ


တရုတ်လူမျိုးစုံတွဲက ပထမဆုံးကလေးမီးဖွားဖို့ကို တရုတ်ကြီးက သားဖွားခန်းအပြငိက စောင့်နေတာပါ။
တရုတ်လူမျိုးစုံတွဲက မွေးလာတဲ့ ကလေးက အသားမဲမဲ၊ ကပ်ပလီလေးကျနေတာပဲ။

ဒါနဲ့ နာပ်(စ)မလေးက ကလေးကိုချီလာပြီး၊ သူ့အဖေ တရုတ်ကြီးကိုပြပြီး။
ရှင့် သားကို နာမည်ဘယ်လိုပေးမလဲ လို့မေးလိုက်တော့

Sum Ting Wong

(Some Thing Wrong) လို့ဖြေလိုက်ပါတယ်။

 ;D
+4

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3984
Re: အမောပြေဟာသမှတ်စု
« Reply #754 on: November 29, 2011, 03:48:16 PM »
+2
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3984
Re: အမောပြေဟာသမှတ်စု
« Reply #755 on: November 29, 2011, 03:48:45 PM »



စလောင်းဘန်းက ဦး
ရေတိုင်ကီက ကိုယ်ထည်
ရေစုတ်စက်နဲ့တွန်းပြီးသွားမှာနော်
အားလုံးရေပေါ်မှာပေါ်တယ်
မှောက်မှာပူစရာကိုမလိုတာ  ;D ;D ;D
+5
« Last Edit: November 29, 2011, 03:56:16 PM by drlanmadawthar »
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19371
Re: အမောပြေဟာသမှတ်စု
« Reply #756 on: November 30, 2011, 12:35:50 PM »
တင်ပြီးသား ဖြစ်နေလို့  ဖျက်လိုက်တာ ဖြစ်ပါတယ်.

ပြန်စစ် ကြည့်ပါခင်ဗျာ
0

Offline tunaye2011

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3333
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19371
Re: အမောပြေဟာသမှတ်စု
« Reply #757 on: December 01, 2011, 09:33:25 AM »
http://achittatkatho.net/index.php/topic,249.610.html

ထပ်နေလို့  ပြန်ဖျက်လိုက်ပါတယ်..အဲ့ဒီလင့်ကို လိုက် ရှာလိုက်တာ တစ်နာရီနဲ့  သုံးဆယ့်ငါးမိနစ်

ကြာပါတယ်..
+2
« Last Edit: December 01, 2011, 09:35:26 AM by tunaye2011 »

Offline minchitko

  • စီနီယာ
  • ***
  • Posts: 273
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • minchitkokomg@gmail.com
  • Respect: +1985
Re: အမောပြေဟာသမှတ်စု
« Reply #758 on: December 07, 2011, 10:28:28 PM »
ကျောင်းတော်သားတွေအတွက်အထူးစပယ်ရှယ်ကိတ်မုန်.လှလှလေးတွေ (စားကြပါဦးလားဗျာ  :P )




ivory

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #759 on: December 08, 2011, 07:16:56 PM »
အဟီး..............တင်ပီးသားလားတော့သိဘူး.....များနေတော့မမှတ်မိတော့ဘူး..... ;D ;D ;D ;D
တင်ပြီးသားဆိုလဲပြန်ဖျက်ပေးပါ့မယ်ဂျာ.....ပီအမ်သာပို့လိုက်.....အားနာလို့ပါ။

တခါက တိုင်းပြည် အကြီးအကဲ တစ်ဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။ ထုတ်ဝေပြီး  တလအကြာတွင် ရောင်းအား ကောင်းမကောင်း စာတိုက်ကြီးသို့ ကိုယ်တိုင် သွားရောက် စုံစမ်းခဲ့သည်။

အကြီးအကဲ  ........... ငါ့ပုံနဲ့ တံဆိပ်ခေါင်းတွေ ရောင်းအားကောင်းရဲ့လားဟေ့ 

စာတိုက်မှုး  ............ ဟုတ်ကဲ့.. ကောင်းပါတယ်ခင်ဗျာ..၊ ဒါပေမယ့် တံဆိပ်ခေါင်းကော်က သိပ်မကပ်ဘူးလို့ ပြောနေကြတယ်

အကြီးအကဲ ............ မဖြစ်နိုင်တာ

                              အဲ့ဒါနဲ့ အကြီးအကဲက ကိုယ်တိုင် တံဆိပ်ခေါင်း တစ်ခုကို ယူပြီး နောက်ကျောကို တံတွေးထွေးကာ စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။

အကြီးအကဲ ............. ကဲ… ဒီမှာ ကြည့်စမ်း၊ ကပ်တာမှ မြဲနေတာပဲ


စာတိုက်မှုး ..............အကြီးအကဲ ခင်ဗျာ… သူတို့က တံထွေးကို တံဆိပ်ခေါင်းအရှေ့ဘက်ကို  ထွေးကြလို့ပါ။
;D ;D ;D ;D

(မေးထဲကပို့ထားတာလေး)

ps. မေ့သွားတယ်.........မူရင်းတွေးခေါ်ပညာရှင်အားဒီနေရာကနေခရက်ဒစ်ပေးပါသည်။
+6
« Last Edit: December 08, 2011, 07:23:39 PM by ivory »

Tags: