Author Topic: အမောပြေဟာသမှတ်စု  (Read 476888 times)

crocodile and 3 Guests are viewing this topic.

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 758
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +4203
Re: အမောပြေဟာသမှတ်စု
« Reply #740 on: November 13, 2011, 02:24:35 AM »
+7
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline ဖရာရှက်

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5072
Re: အမောပြေဟာသမှတ်စု
« Reply #741 on: November 13, 2011, 12:43:52 PM »

ဆောင်းတွင်း အိပ်မက်


စူးရှလွန်းလှသော အသံကြောင့် ကျွန်တော် လန့်နိုးလာခဲ့တယ်။

ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ လေယာဉ်တစ်စင်းပေါ်ရောက်နေခြင်းပါ။

ဘေးမှာကတရုတ်မလေးတစ်ယောက်။

ကျွန်တော်က ဒီလေယာဉ်က ဘယ်ကိုသွားမှာလဲလို့ တရုတ်လိုမေးလိုက်တော့ သူက အမေရိကားကို သွားနေတာလို့ ရုရှလိုပြန်ပြောနေတယ်။

အဲဒီအချိန်မှာ မုန့်စိမ်းပေါင်းတစ်ထုပ်နဲ့ မကျည်းဖျော်ရည်တစ်ခွက် ကျွန်တော့်ရှေ့ကို လာချတာတွေ့လို့ ကြည့်လိုက်တော့ J-Lo ဖြစ်နေတယ်။

သူက လိုတာရှိရင် မှာပါလို့ မြန်မာလို့လည်း ပြောလိုက်သေးတယ်။

ကျွန်တော်လည်း စားမလို့ ဇွန်းနဲ့ ခရင်းကို ကိုင်ကာရှိသေးတယ် လေယာဉ်က သင်္ဘောဆိပ်ကမ်းကို လာကပ်တယ်။

လေယာဉ်ပေါ်က ဆင်းတော့ အမေရိကားလေဆိပ်မှာ ဆာရီခြုံထားတဲ့ ကုလားမလေးတွေ အများကြီး လာကြိုနေတယ်။

ကျွန်တော်လည်း ကော်ဇောနီကြီးပေါ်မှာ ဖြတ်လျှောက်ရင်း အားလုံးကို လက်ပြနှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။

လေဆိပ်က ထွက်တော့ ကားမှတ်တိုင်မှာ ဘတ်စ်ကားတစ်စီးကို အဆင်သင့်တွေ့တာနဲ့ အမြန်ပြေးတက်ပြီး လိုက်သွားတယ်။

ကျပ်လိုက်တဲ့ကားဗျာ..။ ခြေချစရာတောင် နေရာမရှိဘူး။

သွားနေတဲ့ လမ်းကလည်း ဆိုးမှဆိုး ။ မုန့်လင်မယားအိုးက အဘားအဘား ခေါ်လောက်တယ်။

စပယ်ယာကလည်း ဆိုးလိုက်တဲ့ အပေါက်။

ကားပေါ်က လှမ်းကြည့်တော့ ပီဇာဆိုင် တစ်ဆိုင်ကိုတွေ့တာနဲ့ ကားပေါ်ကနေ အတင်းတိုးဆင်းမိတယ်။ ဗိုက်ကလည်း ဆာလာသလိုလိုဆိုတော့လေ။

ကားပေါ်ကဆင်းပြီးတော့ ဒီလောက်ကျပ်တဲ့ကား ဘာကားပါလိမ့်လို့ သိချင်တာနဲ့ကားကို တစ်ချက်ကြည့်လိုက်တယ်။

မထသ ၃၉ ။ ကျွန်တော် စိတ်ဓါတ်ကျသွားတယ်။

မြန်မာနိုင်ငံမှာဆို ဒီလိုမဟုတ်။

လမ်းလျှောက်ပြီး ပီဇာဆိုင်ထဲဝင်လိုက်တော့ ဆိုင်ထဲမှာ လူတစ်ယောက်မှ မရှိ။

ဆိုင်ရှင်က ငြီးငြူနေတယ်။ ဆိုင်ရောင်းရတာ အလုပ်မဖြစ်ကြောင်း။ ဘာအခွန် ညာအခွန် နဲ့ လာလာကောက်တာတွေ များနေကြောင်း။

အရင်တုန်းက အမေရိကားနဲ့ မတူကြောင်း။

သူ့သားနှစ်ယောက်ကိုတောင် ခု အရမ်းတိုးတက်လာတဲ့ မြန်မာနိုင်ငံကို လွတ်ဖို့ စဉ်းစားနေကြောင်း။

ခုနောက်ပိုင်း မြန်မာနိုင်ငံကို သွားဖို့ မလွယ်ကြောင်း။ အေးဂျင့်တွေကလည်း စိတ်မချရကြောင်း။ အမေရိကားမှာ ရတဲ့ ၀င်ငွေနဲ့ မိသားစု စားလို့မလောက်ကြောင်း။

ခုနောက်ပိုင်း အမေရိကက လူငယ်တော်တော်များများလည်း မြန်မာနိုင်ငံကို အထွက်များကြောင်း အများကြီးပြောပြနေတယ်။

ကျွန်တော်လည်း သူပြောတာကို အီကြာကွေးနဲ့ လက်ဖက်ရည်ကျဆိမ့် တစ်ခွက်သောက်ရင်း နားထောင်နေလိုက်တယ်။

ပီဇာဆိုင်က ပြန်ထွက်လာတော့ လမ်းမှာ ဘုန်းကြီးတွေ အများကြီးကို တွေ့ရတယ်။

ကျွန်တော်ဘက်ကို ပြေးလာနေကြတယ်။

အနောက်မှာ နေတိုးတပ်ဖွဲ့တွေက အတင်း လိုက်နေကြတယ်။

ကျွန်တော်လည်း ဘာမှန်းမသိပဲ မေတ္တာသုတ်ကို ရွတ်နေမိတုန်း စစ်သားတစ်ယောက်က ကျွန်တော့်ကိုဂုတ်ကနေ လာဆွဲခေါ်သွားတယ်။

နောက် ကျွန်တော်ကို အိုဘားမားနဲ့ တွေ့ခိုင်းတယ်။

အိုဘားမားက မာမူသတင်းထောက်ကြီးကို လမ်းမလည်ကောင်မှာ သေနတ်နဲ့ ပစ်တာ ကျွန်တော်ပါလို့ စွပ်စွဲတယ်။

ကျွန်တော်လည်း ရပ်ကွက်ကပေးတဲ့ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာကို ပြလိုက်တော့ ပြန်လွတ်ပေးလိုက်တယ်။

ဆက်သွားရင်းနဲ့ ဟိုတယ်တစ်ခုရှေ့ရောက်တော့ အနားယူချင်စိတ် ဖြစ်လာတာနဲ့ ဟိုတယ်ပေါ်ကိုတက်တော့ မီးက ပြတ်သွားတယ်။

ဟိုတယ်က ကုလားလေးတွေကို မေးကြည့်တော့ အမေရိကားမှာ ခု မီးက အလှည့်ကျလာနေတယ်လို့ပြောတယ် ဒီနေ့က မီးပြတ်ရက်တဲ့။

စိတ်ကုန်လိုက်တာဗျာ..။

ကျွန်တော်လည်း အမေရိကားမှာ ဒီလောက်ဆိုးရွားနေတာ မနေချင်တော့တာနဲ့ မြန်မာနိုင်ငံကို ပြန်ဖို့ ပတ်စပို့သွားလုပ်တယ်။

တိုးလိုက်ရတာဗျာ။ စောင့်ရတာလည်း ပြောမနေနဲ့တော့။

ဒါနဲ့ စိတ်ပြေလက်ပျောက်ဆိုပြီး IC ရှိုးသွားကြည့်တယ်။

စင်ပေါ်မှာ ဆိုနေသူက ပိုးအိစံ ။ သူက `အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ပဲ မဏိစန္ဒာ ´လို့ ဆိုနေတုန်းမှာပဲ

မျိုးကြီးက စင်ပေါ်တက်လာပြီး `ရယူခြင်းမဟုတ်ရင် အချစ်က ဘာလဲ´ ဆိုပြီး တက်ဆိုပြီးတော့

ထချကြတာ နောက်ဆုံးတော့ ဒွေးရယ် သုမောင်ရယ် စိုင်းထီးဆိုင်ရယ် ဇော်ဝမ်းရယ် လွှမ်းမိုး ပါသေကုန်တယ။်

ဒါနဲ့ ကျွန်တော်လည်း ပတ်စပို့ရုံးကို ပြန်သွားပြီး တာဝန်ရှိသူတွေကို စာအိတ်လေးပေးလိုက်တာ ပတ်စပို့တန်းရတာပဲ။

ပြန်ရတော့မယ်ဆိုတော့ ရင်ခုန်စရာခြေထောက်များနဲ့ ကိုရီးယားအဆိုတော်မလေးတွေအဖွဲ့ ဝမ်းဒါးဂယ်လ်မလေးတွေ  သွားနှုတ်ဆက်တော့ ဖက်ဖက်ပြီး ငိုလိုက်ကြတာပြောမနေနဲ့တော့။ 

ဒါနဲ့ ကျွန်တော်လည်းအားလုံးကို နှစ်သိမ့်ရင်း ပုခုံးလေးတွေကို ကိုင်ပြီး ပါးလေးတွေကို နှုတ်ခမ်းလေးနဲ့ ကပ်လိုက်တုန်း….


ဒုံး……


ကျွန်တော် လန့်နိုးသွားတယ်။

ကြောင်က ဗီဒိုပေါ်ကနေ ခုန်ချလိုက်ခြင်းပင်။

ဆောင်းတွင်းအိပ်မက် ကယောက်ကယက်ဆိုတဲ့ အတိုင်းပဲ။ ဘာတွေ မက်နေမှန်းလဲမသိ။

အစီအစဉ်လည်း မကျ။ အိမ်ကကြောင်ကိုတော့ တော်တော် စိတ်ဆိုးသွားခဲ့တယ်ဗျ…။

ဘယ့်နှယ် … ကောင်းခန်းရောက်မှဗျာ။


 >:(
+6

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 758
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +4203
Re: အမောပြေဟာသမှတ်စု
« Reply #742 on: November 15, 2011, 10:51:31 AM »
ကိုပေါတစ်ယောက်ရှူးရှူးရှဲရှဲမြည်ကာ လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လာသည်..။ ပါးစပ်မှလည်း "ငါ့ကိုများနွားမှတ်နေလား" ဟုရေရွက်လျက်...။ အပေါင်းအသင်းများက မေး၏..။ ကိုပေါက အောက်ပါအတိုင်းရှင်းပြ၏..။

"တောက်.. င့ါကောင်မလေးနဲ့ ပြဿနာတက်လာကွ...။ တော်တော်လွန်သကွာ.. ငါ့များခိုင်းနွားမှတ်နေလားမသိဘူး..။ တစ်ခုပြီးတစ်ခုနဲ့ကို တော်တော်လည်း ပလီတဲ့ကောင်မ..။ ပထမကွာ.. ကုတင်ခြေထောက်တစ်ဖက်နှိမ့်တယ်ဆိုပြီး ငါ့ကို သူ့အိပ်ခန်းထဲခေါ်ပြီး စစ်ခိုင်းတယ်..။ ဘာမှမဖြစ်ဘူး...အဲ... နောက်ပြီးတော့ အိပ်ခန်းမီးခလုပ်ပျက်နေတယ်ဆိုပြီး ဂျီတိုက်တယ်.. ငါစမ်းကြည့်တော့ မီးလင်းတယ်..။ နောက်...စောက အဖေတို့အမေတို့ အပြင်ထွက်မယ်ဆိုပြီး ပြင်ဆင်နေကြတာ၊ ခုထွက်သွားပြီးလား သွားကြည့်ပေးဆိုပြီး ........" ကိုပေါစကားမဆုံးမီ အားလုံးကဝိုင်း၍ သြဘာသွန်းလိုက်ကြသည်မှာကား.....

"နွားရဲ့...."
+14
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline ဖရာရှက်

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5072
Re: အမောပြေဟာသမှတ်စု
« Reply #743 on: November 15, 2011, 05:18:02 PM »

( ဒူဟူ ဟူ)


ရွှေတွင်း ငွေတွင်း ပယင်းဒုဋ္ဌာ ရတနာ(၇)ပါး၊ ဖားတွင်း မြွေတွင်း ငါးရှဉ့်တွင်းတို့၏အရှင်၊ 
(ဒူဟူ ဟူ)၊


အရိန္ဒမာ လှံစကြာ၊ သီလ၀ံသ ဓားစကြာ၊ ဆယ်ပြားဖိုး သုံးလိပ် ဆေးလိပ်စကြာ၊ ကလေးတွေကစားတဲ့ တစ်ခုဆယ်ပြား စက္ကူစကြာ၊ စကြာရတနာပေါင်းစုံရ
(ဒူဟူ ဟူ)


သာမုန်ထီး၊ ပဒုမ္မာထီး၊ ကနက္ကဒါန်ထီး၊  ခေါက်ထီ၊း ဖဲထီး၊ ထီးပြင်ကုလားထီး၊ ချာလီထီ၊း ထီးတစ်ရာ ပဏာတော် လျှိုးပါသည့် သတိုး သီရိ (သွပ်သွပ် ဘုရင်) အမိန့်တော်မှတ်လိုက်သည်
(ဒူဟူ ဟူ)


ဤအမိန့်တော်ကို မြင့်ရာမှ နိမ့်ရာသို့ ဆင်း၍ နာခံကြ ၊ လမ်းဘေးကလူများ မြောင်းထဲ ဆင်းကြ၊
(ဒူဟူဟူ)


(သွပ်သွပ်ဘုရင်) ရာဇမာန်ရှလျှင် ပုလင်းကွဲ ရှတာထက် နာသွားလိမ့်မည်  ၊ အမိန့်တော် --
( ဒူဟူ ဟူ)



ဘာမှ မဟုတ်ပါဘူးဗျာ
မောင်းတီး လေ့ကျင့်တာ
(ဟီး ဂွေးသီးရောင်းမလို့)

 ;D
+1

Offline ဖရာရှက်

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5072
Re: အမောပြေဟာသမှတ်စု
« Reply #744 on: November 17, 2011, 01:14:34 PM »

ကင်ဆာကုထုံး တွေ့သူ

:'(
+4

Offline hotsexygirl

  • အငြိမ်းစား ကထိက
  • ***
  • Posts: 322
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Love all, trust a few, do wrong to none.
  • Respect: +4056
Re: အမောပြေဟာသမှတ်စု
« Reply #745 on: November 19, 2011, 08:41:55 AM »
ဒါလဲ မေလ်းထဲ  ကပဲ ;D ;D ;D ;D ;D ;D

        စိတ္တဇဆေးရုံ တွင်........
        ၁)

        တစ်နေ့မှာ ရုတ်တရက် မိုးရွာချလာလို့ စိတ္တဇဝေဒနာသည်တွေအားလုံး အင်္ကျီ၊ ဇလုံတွေ ယူပြီး မိုးရေဆင်းချိုးကြတယ်။ ဒါပေမယ့် လူတစ်ယောက်က ရေမဆင်းချိုးဘဲ ဝရန်တာမှာ ရန်နေတာတွေ့လို့ ဆရာဝန်က "ခင်ဗျားဘာဖြစ်လို့ သူတို့နဲ့အတူ ရေမဆင်းချိုးတာလဲ" လို့ မေးလိုက်တယ်။ လူနာပြန်ဖြေလိုက်တာက...

        "ကျွန်တော် ရေနွေးတဲ့အထိ စောင့်နေတာပါ" ဟူတည်း။

        ၂)

        ဆရာဝန်က စိတ္တဇဝေဒနာသည်တွေ စိတ်အခြေအနေ တိုးတက်မှု ရှိမရှိ စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်။ ဆရာဝန်က နံရံတစ်ခုပေါ် တံခါးပေါက်ပုံဆွဲပြီး လူနာတွေကို "ဒီတံခါးပေါက် ဖွင့်နိုင်တဲ့သူကို ဒီအခန်းက လွတ်ပေးမယ်" လို့ ပြောပြီး စမ်းသပ်လိုက်တယ်။ ဆရာဝန်စကားကြားတာနဲ့ ရှိသမျှ လူတွေအားလုံး တံခါးပေါက်ကို ပြေးဖွင့်ကြတယ်။ ဒါပေမယ့် လူတစ်ယောက်က နေရာမှာတင် ထိုင်နေခဲ့လို့ ဆရာဝန်က သူ့စိတ်တိုးတက်မှုရှိပြီ ထင်ပြီး မေးလိုက်တယ်။

        "ခင်ဗျား ဘာဖြစ်လို့ သူတို့လို တံခါးသွားမဖွင့်တာလဲ"

        လူနာက ဆရာဝန်ကို တစ်ချက်စိုက်ကြည့်ပြီး ဖြေလိုက်ပါတယ်။

        "အဲဒီတံခါးသော့က ကျွန်တော့်ဆီမှာဗျ..."

        ၃)

        ဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လဲပြီး သီချင်းဆိုနေခဲ့တယ်။ သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လဲပြီး ဆက်ဆိုပြန်တယ်။ ဒါကို ဆရာဝန်က မြင်တော့ "ခင်ဗျား ဘာဖြစ်လို့ ဟိုလှန်ဒီလှန် လုပ်နေရတာလဲ" လို့ မေးလိုက်တယ်။

        သူပြန်ဖြေလိုက်တာက "ခင်ဗျား သိပ်တုံးတာပဲ? အေဆိုက်ကုန်လို့ ဘီဆိုက်လှန်လိုက်တာပေါ့" ဟူတည်း။

        ၄)

        ဒီတစ်ပုဒ်က "အကြောင်းရင်း" လို့ ခေါင်းစဉ်တပ်ထားပြီး ၂ဝဝ၉ ဧပြီလထုတ် အမှတ်(၇၈) ဖြစ်ရပ်မှန် စုံထောက်မဂ္ဂဇင်းက ဖတ်ရတာလေးပါ။ ကျွန်မတစ်ယောက်ထဲ ရယ်ရတာ အားမရလို့ အားလုံးဝိုင်ရယ်နိုင်ဖို့ မဂ္ဂဇင်းကတစ်ဆင့် ကူးယူဖော်ပြလိုက်ပါတယ်။

        နာမည်ကျော် တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးဟာ သူ့ရဲ့ သုတေသနလုပ်ငန်းတစ်ခုအတွက် တပည့်တစ်ချို့နဲ့အတူ ကျေးရွာတစ်ရွာကို လေ့လာရေးခရီးထွက်ခဲ့သတဲ့။ ရွာရဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လူနေမှုဘဝတွေကို ပါမောက္ခကြီးဟာ စနစ်တကျ လေ့လာတယ်။ မှတ်သားတယ်။ မေးမြန်းတယ်။

        တစ်နေ့မှာတော့.....

        မွေးမြူရေးသမားတစ်ဦးနဲ့ ဆွေးနွေးနေစဉ်မှာ မွေးမြူရေးသမားက သူမွေးထားတဲ့ နို့စားနွားမတွေ လွှတ်ကျောင်းထားတာကို ကြည့်ပြီး...

        "ဟို စာဥဆိုတဲ့ ကောင်မ ဘယ်သွားဦးမှာလဲ?"

        "တိမ်ပြာဆိုတဲ့ ဟာမကလည်း ဟိုဘက်ခြံစည်းရိုးတိုင်ကို သွားပွတ်နေပြန်ပြီ"

        "ဟဲ့ ဖြူ မြက်ကောင်းကောင်းမစားဘဲ ဘာဖြစ်လို့ တခြားကောင်မတွေကို လိုက်ဝှေ့နေတာလဲ" စသည်ဖြင့် လှမ်းလှမ်းပြီး မြည်တွန်တောက်တီးနေတယ်။ ပါမောက္ခက လယ်သမားကို အံ့သြတကြီး ကြည့်ပြီး....

        "ခင်ဗျားက ခင်ဗျားနွားမတွေအားလုံး နာမည်မှတ်မိတာပဲလား" လို့ မေးလိုက်တယ်။

        "မှတ်မိတာပေါ့ ဆရာကြီးရယ်။ သူတို့နာမည်မှတ်မိမှ သူတို့ကို ထိန်းရလွယ်တာ"

        "တော်တယ်ဗျာ၊ ကျုပ်ကတော့ ကျုပ်တပည့်မတွေ နာမည်ကို မမှတ်မိပါဘူး"

        ဒီအခါမှာ မွေးမြူရေးသမားရဲ့ ဇနီးက ဝင်ပြောတယ်။ သူမရဲ့ ပြောစကားကြောင့် ပါမောက္ခကြီးရဲ့ ဘေးက ကျောင်းသားတွေ ပြုံးစိစိ ဖြစ်သွားကြသတဲ့။

        မိန်းမကြီး ပြောတာက ဒီလိုလေ...

        "ဆရာကြီးက ဘယ်မှတ်မိမလဲ၊ ကျွန်မယောက်ျားလို တစ်နေ့နှစ်ကြိမ် နို့မှ မညှစ်ရဘဲ"
+10

Offline ဖရာရှက်

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5072
Re: အမောပြေဟာသမှတ်စု
« Reply #746 on: November 19, 2011, 01:11:27 PM »




အမှားချင်းမတူ

"ယောက်ျားတွေ အမှားကြီးမှားပြီဆိုရင် အသက်တစ်ချောင်း ဆုံးရှုံးရတဲ့ အထိဖြစ်သွားတတ်တယ်"

ဟု ရှေ့နေတစ်ယောက်ကပြောသောအခါ
ဆရာဝန်တစ်ယောက်က

"မိန်းမတွေ အမှားကြီးမှားပြီဆိုရင်တော့ အသက်တစ်ချောင်းကို မွေးထုတ်ပေးရတတ်တယ် ဗျ"

ဟုပြန်ပြောလိုက်သည်။
 ;D


ဘယ်တော့သောက်ရမှာလဲ


၁နေ့လိုင်းကားစီးနေစဉ် အသက်၄၉ နှစ်အရွယ်ဦးလေးကြီးဘေးနားတွင် ကလေးအားရင်တွင် ပိုက်ထားသော ၂၉ နှစ်အရွယ် ရှိ မိန်းကလေးတို့ ၁ခုံတည်းတွင်ထိုင်နေကြသည်.
ကလေး က အော်ငိုတိုင်း မိန်းကလေးက ကလေးအားနို့တိုက်မည် ဟု ဆိုပြီး ပြင်နေတုန်းကလေးက မသောက်ချင်ဘူးဆိုတဲ့အမူအရာလုပ်ပြပါတယ်
ဒါနဲ့ မိခင်က ပြောပါတယ် နင်မသောက်ရင် ဘေးနားက ဦးလေးကြီးကို တိုက်လိုက်မှာနော် ဆိုပြီးပြောပါတယ် ..
ဒီလိုမျိုး အခေါက် ၁၀ လောက်ရောက်ဘေးနားကဦးလေးကြီးက ပြောပါတယ်

"ဒီမှာ မိန်းခလေး ကလေးကို မြန်မြန်ဆုံးဖြတ်ခိုင်းမှာ ကားက ဂိတ်ဆုံးတော့မယ်

တော်ကြာ ငါမသောက်ရပဲ ကားပေါ်က ဆင်းရတော့မယ်.."





+8
« Last Edit: November 21, 2011, 09:40:12 AM by tunaye2011 »

Offline minchitko

  • စီနီယာ
  • ***
  • Posts: 273
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • minchitkokomg@gmail.com
  • Respect: +1999
Re: အမောပြေဟာသမှတ်စု
« Reply #747 on: November 20, 2011, 10:11:06 PM »
အချစ်တက္ကသိုလ်ကျောင်းသားလူပျိုကြီးများအတွက်ရွေးချယ်စရာနည်းလမ်း နှစ်ခု ...  ;D ;D ;D




Offline ဖရာရှက်

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5072
Re: အမောပြေဟာသမှတ်စု
« Reply #748 on: November 21, 2011, 05:31:33 PM »

အိုင်ဖုန်း နဲ့ ကျောက်တုန်း

+2

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 758
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +4203
Re: အမောပြေဟာသမှတ်စု
« Reply #749 on: November 23, 2011, 02:26:38 PM »
+3
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Tags: