Author Topic: အမောပြေဟာသမှတ်စု  (Read 449907 times)

0 Members and 1 Guest are viewing this topic.

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3991
Re: အမောပြေဟာသမှတ်စု
« Reply #730 on: October 29, 2011, 01:09:49 PM »

+1
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3991
Re: အမောပြေဟာသမှတ်စု
« Reply #731 on: October 29, 2011, 01:46:12 PM »




+1
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3991
Re: အမောပြေဟာသမှတ်စု
« Reply #732 on: October 29, 2011, 01:49:25 PM »

+4
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline JA. Nuclear

  • စီနီယာ
  • ***
  • Posts: 218
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +1620
Re: အမောပြေဟာသမှတ်စု
« Reply #733 on: November 05, 2011, 10:43:45 PM »
သို့/ နည်းပညာ အကျော်အမော်များရှင်

 ကျွန်မအကူအညီတစ်ခု တောင်းလိုက်ပါတယ်။
မနှစ်က "ချစ်သူရည်းစား ၅.ဝဗားရှင်း"ကို "ခင်ပွန်းယောက်ျား ၁.ဝဗားရှင်း"အဖြစ် ကျွန်မတိုးမြှင့်ပြီးနောက် စစ်စတန်(System)တချို့ အခြေအနေဆိုးလာတာကို တွေ့ရပါတယ်။
အထူးသဖြင့် "ပန်းဆက်သ"နဲ့ "လက်ဝတ်ရတနာဆက်သ"ဆိုတဲ့ ဖန်ရှင်ဖြစ်ပါတယ်။ ဒီဖန်ရှင်နှစ်ခုဟာ "ချစ်သူရည်းစား ၅.ဝဗားရှင်း"တုန်းက ဘာပြဿနာမှ မရှိခဲ့ပါဘူး။

အဲဒီအပြင် "ခင်ပွန်းယောက်ျား ၁.ဝ"ဟာ သုံးလို့ကောင်းတဲ့ ဆော့ဝဲလ်တချို့ကိုလဲ ပျက်စီးစေခဲ့ပါတယ်။ ဥပမာ-- "ရိုမန်တစ် ၉.၅"နဲ့ "ဂရုစိုက်မှု ၆.၅"တို့ဖြစ်ပါတယ်။ အဲဒီဆော့ဝဲလ်တွေကို "ဘောလုံးပွဲ ၅.ဝ"၊ "NBA ဘတ်စကက်ဘော ၃.ဝ"နဲ့ "ဂေါက်ပြိုင်ပွဲ ၄.၁"တို့နဲ့ ဝင်ရောက်အစားထိုးခဲ့ပါတယ်။

 "စိတ်ချင်းစိတ်နားလည်မှု ၈.ဝ"ဟာလည်း လုံးဝ အလုပ်မလုပ်တော့ပါဘူး။ နောက်ပြီး "အိမ်အလုပ် ၂.၆"ကို ဖွင့်လိုက်တာနဲ့ စစ်စတန်တစ်ခုလုံး ဟမ်းသွားပါတယ်။ "တပျစ်တောက်တောက် ၅.၃"ကို ရမ်း(run)ပြီး ကျွန်မဖြေရှင်းခဲ့လည်း အချည်းနှီးပါပဲ။ ဒါကြောင့် ဘယ်လိုလုပ်ရမယ်ဆိုတာကို ဖြေရှင်းပေးစေချင်ပါတယ်။    မှ/ စိုးရိမ်ပူပန်သူတစ်ဦး

 သို့/ စိုးရိမ်ပူပန်သူ

 
ပထမဦးဆုံး သင့်ကိုသတိပေးချင်တာက "ချစ်သူရည်းစား ၅.ဝ"ဆိုတာ ဖြေဖျော်တဲ့ဆော့ဝဲလ်တစ်စုံသာဖြစ်ပြီး "ခင်ပွန်းယောက်ျား ၁.ဝ"က Operating system ဖြစ်တယ်။ http://ငါ့ကိုနင်ချစ်ခဲ့တယ်.htmlဆိုတဲ့ ဆိုက်ထဲဝင်ပြီး "မျက်ရည် ၆.၂" နဲ့ "အပြစ်ရှိတယ် ၃.ဝ"ဆိုတဲ့ဆော့ဝဲလ်ကို တောင်းလုပ်ချပြီး ရမ်းလိုက်ပါ။

 တကယ်လို့ ဒီဆော့ဝဲလ်တွေ အလုပ်လုပ်တယ်ဆိုရင် "ခင်ပွန်းယောက်ျား ၁.ဝ"က အလိုလိုနေရင်း "ပန်းဆက်သ"နဲ့ "လက်ဝတ်ရတနာဆက်သ"ဆိုတဲ့ဖန်ရှင်ကို လည်ပတ်လိမ့်မယ်။ တစ်ခုသတိထားရမှာက "ပန်းဆက်သ"နဲ့ "လက်ဝတ်ရတနာဆက်သ"ဆိုတဲ့ဖန်ရှင်ကို လိုအပ်တာထက် ပိုမသုံးမိပါစေနဲ့။ တကယ်လို ပိုသုံးခဲ့ရင် "ခင်ပွန်းယောက်ျား ၁.ဝ"က "စိတ်တိုဒေါသ၂.၅"နဲ့ "အိမ်မကပ် ၇.ဝ"၊ "ဟိုတယ်တက် ၆.၁"ဆိုတဲ့ ဆော့ဝဲလ်တွေကို အလိုလိုနေရင်း ရမ်းမိတတ်တယ်။

 "ဟိုတယ်တက် ၆.၁"တဲ့ ဆော့ဝဲလ်က လုံးဝ သုံးလို့မကောင်းတဲ့ ဆော့ဝဲလ်တစ်ခုဖြစ်တယ်။ ဒီဆော့ဝဲလ်က "အငယ်အနှောင်း"ဆိုတဲ့ စမ်းသပ်ဖိုင်(testing file)ကို အလိုလိုနေရင်း တောင်းလုပ်ချတတ်တယ်။
နောက်ပြီး "ယောက္ခမ ၁.ဝ"ဆိုတဲ့ ဆော့ဝဲလ်ကိုလည်း တောင်းလုပ်မချမိပါစေနဲ့။ (ဒီဆော့ဝဲလ်က ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး မထင်ရင်မထင်သလို သင့်OSထဲရှိသမျှကို အပိုင်ယူသွားလိမ့်မယ်)

 နောက်ပြီး နောက်ထပ်"ချစ်သူရည်းစား ၅.ဝ"အသစ်ကို ထပ်မတပ်ဆင်မိပါစေနဲ့။ ဒီဆော့ဝဲလ်ကို ကျွန်တော်တို့ လက်မခံသလို "ခင်ပွန်းယောက်ျား ၁.ဝ"နဲ့လည်း အံဝင်ခွင်ကျ မဖြစ်စေပါဘူး။ မမျှော်လင့်နိုင်တဲ့ မှားယွင်းမှုတွေ ဖြစ်စေတတ်ပါတယ်။

 နောက်ဆုံးပြောရရင် "ခင်ပွန်းယောက်ျား ၁.ဝ"က အရမ်းကောင်းတဲ့ ဆော့ဝဲလ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မှတ်ဉာဏ်(Memory)အကန့်အသတ်ကြောင့် အချိန်တိုတိုအတွင်းမှာ ပရိုဂရမ်အသစ်တွေကို သူ လက်မခံနိုင်သေးပါဘူး။ ဒါကြောင့် "အစားအသောက်ကောင်း ၃.ဝ" ၊ "အပြုအစု၊ ဆက်စီ ၇.၇"ဆိုတဲ့ plug in နှစ်ခုထပ်ဆက်ပေးပြီး မှတ်ဉာဏ်နဲ့ စစ်စတန်ကို တိုးချဲ့ပေးလိုက်ပါ။

Credit to vampirenightz @ vakok

ကျောင်းသူတွေ မှတ်ထားကြနော်  8)
+3
« Last Edit: November 15, 2011, 09:04:56 AM by imail »
သတိထားနေ။ဖက်နမ်းမိမယ်။

Offline hotsexygirl

  • အငြိမ်းစား ကထိက
  • ***
  • Posts: 322
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Love all, trust a few, do wrong to none.
  • Respect: +4031
Re: အမောပြေဟာသမှတ်စု
« Reply #734 on: November 10, 2011, 09:12:20 AM »
စိတ်ကောက်လို့ရေးတဲ့စာ(မေလ်းထဲ က  ရတာ ပါ..သဘောကျ လို့ တင်လိုက်တာ...   ;D ;D ;D ;D)

ချစ်ရတဲ့မိန်းမရေ....

မိဘအိမ်မှာ နေရတာကောင်းလား? ငါ့ကိုစိတ်ကောက်ပြီး နင်မိဘအိမ်ပြန်သွားတာ အခုဆိုရင် (၃၈)နာရီရဲ့ (၃၇)မိနစ်ရှိသွားပြီ။ ဒါဟာ အိမ်ကိုခွာတဲ့နင့်သမိုင်းမှာ အမြင့်ဆုံးမှတ်တမ်းဖြစ်ဖို့ အချိန်(၄)နာရီနဲ့(၂၁)မိနစ်ပဲ လိုတော့တယ်။ အိမ်တိုင်ရာရောက် ငါလာတောင်းပန်ဖို့ကို နင်စောင့်နေခဲ့မှာပဲ။ ငါလည်း အဲဒီလိုလုပ်ဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် နင်တောင့်ခံပါဦး... ဒါဟာ နင့်သမိုင်းမှာ အိမ်ကနေထွက်သွားတဲ့ အမြင့်ဆုံးမှတ်တမ်းဖြစ်ဖို့ နင်တောင့်ခံလိုက်ပါဦး...

အိမ်မှာ ငါအရာရာ အဆင်ပြေပါတယ်။ နင် စိတ်မပူပါနဲ့။ ငွေစုစာအုပ်ကို နင်ယူသွားလည်း ငါ့မှာ ခရစ်တစ်ကတ်တော့ ကျန်ခဲ့ပါတယ်။ ဒါကြောင့် နင်စိတ်မပူပါနဲ့။ ခရစ်တစ်ကတ်က သုံးရတာ အဆင်ပြေတယ်။ ငါ အင်္ကျီငါးထည် ဝယ်ပြီးပြီ၊ အဝတ်ခံဘောင်းဘီ(၇)ထည်နဲ့ ခြေအိတ်တစ်ဒါဇင်လည်း ဝယ်ထားပြီးပြီ။ တစ်နေ့တစ်စုံနှုန်းနဲ့ နင်ပြန်လာတဲ့အထိ ငါလှဲဝတ်လို့ရတယ်။ ဝယ်ထားတဲ့အဝတ်တွေက ဈေးနည်းနည်းကြီးတယ်ဆိုပေမယ့် နာမည်ရှိတဲ့တံဆိပ်တွေပါပဲ။

ငါ့ရဲ့ရိက္ခာအတွက်လည်း နင်စိတ်မပူပါနဲ့။ အသစ်ဖွင့်တဲ့ဆိုင်သစ်(၇)ဆိုင်မှာ ငါသွားစားခဲ့ပြီးပြီ။ ငါတစ်ယောက်တည်း အထီးကျန်မှာစိုးလို့ဆိုတဲ့ ငါ့သူငယ်ချင်းသုံးယောက်နဲ့ပေါ့။ သူတို့က ငါ့ကိုနေ့တိုင်း အဖော်ပြုတယ်။ သူတို့ကလည်း စားကောင်းသောက်ကောင်းတွေပဲ မှာစားနေတော့တာပဲ။ ငါ မတတ်နိုင်ဘူး။ ငါဟာ မျက်နှာသာရချင်သူဆိုတာ နင်လဲသိတယ်လေ။

ခုတလောငါ့ကို စိတ်ရှုပ်စေတာက မျက်နှာချင်းဆိုင်အိမ်က အသစ်ပြောင်းလာတဲ့ ကောင်မလေးပဲ။ သူက နေ့တိုင်းလိုလို အိမ်ရောက်လာပြီး ကြက်သွန်ချေးပါ။ ငံပြာရည်ချေးပါ လုပ်နေတယ်။ ဒါကိုလည်း နင်စိတ်ချပါ... ငါ ဘာအမှားမှ ကျူးလွန်ဖို့ မစဉ်းစားခဲ့ပါဘူး။ ဒါကိုတော့ နင်ငါ့ကို စိတ်ချယုံကြည်ပါ။

အိမ်မှာစိုက်ထားတဲ့ ပန်းတွေကိုလည်း သဲကန္တာရဥတုလေး ခံစားတတ်အောင် ငါရေမလောင်းဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒါဟာ အပင်တွေရဲ့ဆင့်ကဲဖြစ်စဉ်ကို အကျိုးဖြစ်စေတာပဲ မဟုတ်လား။ အော်... မေ့လို့ ... အိမ်က ကြောင်မလေးရော! နင်နဲ့အတူ လိုက်သွားတာလား? အိမ်မှာသူ့ကို မတွေ့တာ ၂ ရက်လောက်ရှိနေပြီ။

ဟို ချစ်စရာကောင်းတဲ့ ယောက်ဖနှစ်ယောက် ငါ့ကို လာရန်ရှာမှာကိုလဲ နင်မစိုးရိမ်ပါနဲ့။ မနေ့က သူတို့ကိုဖိတ်ပြီး နင်နဲ့ငါ့ကြားကအကြောင်းတချို့ ပြောပြပြီး ငါပေါက်ကွဲခဲ့ပြီးပြီ။ ငါပြောတာတွေကို နားထောင်ပြီး သူတို့က ငိုငိုယိုယိုနဲ့ "အစ်ကိုရယ်... နင် ပင်ပန်းလွန်းပါတယ်" လို့ ငါ့လက်ကိုဆွဲပြီး ပြောသွားခဲ့တယ်။

နင့်ကို ငါလာခေါ်ပြီး ငါတောင်းပန်မှာပါ.. ဒါပေမယ့် မိဘအိမ်မှာပဲ အေးအေးဆေးဆေး နင်နေလိုက်ပါဦး.. သူတို့လည်း နင့်ကိုလွမ်းနေလောက်ရော့ပေါ့။

စာကြွင်း.... မနက်ဖြန် နင်မပြန်လာဘူးဆိုရင် ဆွေဆွေက ငါ့ကိုပီဇာကျွေးဖို့ ချိန်းထားတာ ငါသွားလိုက်မယ်။ အားနေတော့လည်း အားနေတာပဲလေ.. လူများချိန်းတာကို ခဏခဏငြင်းရတာလည်း မကောင်းပါဘူး။ သူကလည်း ငါ့လုပ်ဖော်ကိုင်ဖက်ပဲလေ....

နင်ချစ်တဲ့ နင့်ရဲ့ယောက်ျား
+12

Offline hotsexygirl

  • အငြိမ်းစား ကထိက
  • ***
  • Posts: 322
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Love all, trust a few, do wrong to none.
  • Respect: +4031
Re: အမောပြေဟာသမှတ်စု
« Reply #735 on: November 10, 2011, 09:14:16 AM »
ချစ်ရတဲ့ ယောက်ျားရေ....

နင့်ရဲ့စာအတွက် ကျေးဇူးတင်ပါတယ်။ မိဘအိမ်မှာ ငါအရာရာ အဆင်ပြေပါတယ်။ နင်စိတ်မပူပါနဲ့။ ငွေစုစာအုပ်ထဲကငွေတွေ ငါ့အကောင့်ထဲ ပြောင်းထည့်လိုက်ပြီဆိုတာ နင့်ကိုပြောဖို့ ငါမေ့သွားတယ်။ အစကတော့ နင့်အသုံးစရိတ်အတွက် ငါစိတ်ပူနေတာပါ.. ဒါပေမဲ့ ငွေတွေကို နင်သုံးနေရတယ်ဆိုတော့လဲ ငါ စိတ်မပူတော့ပါဘူး။

နင့်ကို ကောင်းသတင်းလေးတစ်ခု ပေးချင်သေးတယ်။ အိမ်က ကြောင်အိမ်အောက်ဆုံးထပ်မှာ ခေါက်ဆွဲခြောက်ထုပ်လေး နှစ်ထုပ်ရှိတယ်။ အခုအချိန်မှာ စားကောင်းသောက်ကောင်းတွေ နင်စားနေတယ်ဆိုပေမယ့် ငါစိတ်ပူသေးတယ်။ နင်ခရစ်တစ်ကတ်လေး သုံးမရတော့ဘူးလို့ပြောတဲ့အခါ၊ နင်နဲ့အတူစားခဲ့တဲ့သူငယ်ချင်းတွေ အလုပ်များလို့ဆိုပြီး နင့်ကိုလာမတွေ့နိုင်တော့တဲ့အခါ အဲဒီခေါက်ဆွဲထုပ်တွေကို နင်လိုလိမ့်မယ်။

မျက်နှာချင်းဆိုင်အိမ်က ကောင်မလေးကိုလည်း ငါက နှုတ်ဆက်တယ်ဆိုတဲ့အကြောင်း ပြောလိုက်ဦး။ လကုန်လို့ အိမ်ချေးငွေ မပေးနိုင်တဲ့အခါ နင့်သူငယ်ချင်းအသစ်ကို နှုတ်မဆက်ရက်လည်း နင်နှုတ်ဆက်ရလိမ့်မယ်။

အော်.. အိမ်ကပန်းတွေကို ရေလုံးဝ မလောင်းနဲ့နော်.. ငါစိုက်ထားတာက ရှားစောင်းပင်တွေ။ ကြောင်ကလေးက ငါနဲ့အတူရှိနေတယ်။ အိမ်က ကြွက်သတ်ဆေးတွေလည်း သုံးလို့ကုန်သွားပြီ။ ချစ်စရာကောင်းတဲ့ ငါမောင်နှစ်ယောက်က နင်နဲ့ကွာပြီး အသုံးကျတဲ့ယောက်ျားတစ်ယောက်ကို ရှာယူဖို့ အမြဲပြောနေကြလို့ နင့်ကိုလာရန်ရှာလိမ့်မှာတော့ မဟုတ်ဘူး။ မိဘအိမ်ပြန်နေရတဲ့ ခံစားချက်က အရမ်းကောင်းမှန်း ငါအခုမှသိတယ်။ အရင်လို နေ့တိုင်းထမင်းဟင်းချက်၊ အဝတ်လျှော်တဲ့ ပင်ပန်းဒဏ်ကိုလည်း ငါခံစရာမလိုတော့ဘူး။ လွတ်လွတ်လပ်လပ်နဲ့ ရှော့ပင်းထွက်နေရုံပဲ... ဘယ်လောက်ပျော်စရာ ကောင်းလိမ့်သလဲ!

မနက်ဖြန် ဆွေဆွေနဲ့သွားလည်တာ ပျော်ခဲ့ပါစေလို့ ငါဆုတောင်းလိုက်တယ်။ ဆွေဆွေရည်းစားက အားကစားကျောင်းက လက်ဝှေ့နည်းပြဆိုလား ငါကြားထားတယ်။ ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ.. ငါ မဟုတ်မမှန် မပြောတတ်တာ နင်လဲသိပါတယ်... ဒါပါပဲ...
+15

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3991
Re: အမောပြေဟာသမှတ်စု
« Reply #736 on: November 10, 2011, 11:31:51 AM »
ပါမောက္ခ
တစ်ခါကပေါ့ဗျာ ... ဆေးကျောင်းတစ်ကျောင်းမှာ ခန္ဓာဗေဒ ဘာသာရပ်သင်ကြားတဲ့ ပါမောက္ခတစ်ယောက်ရှိသတဲ့။ ခက်တာက ဒီပါမောက္ခက အတန်းထဲမှာ တယ်ညစ်တီးညစ်ပတ် ဟာသတွေ ပြောတတ်သတဲ့။ မိန်းကလေး ကျောင်းသူတွေက မကျေနပ်ကြဘူးပေါ့။ အဲဒါနဲ့ပဲ ဒီဆရာကို မကြိုက်ကြတဲ့ ကျောင်းသူတစ်စုက တိုင်ပင်ကြသတဲ့။ ဒီဆရာ နောက်တစ်ခါ ညစ်တီးညစ်ပတ် ဟာသပြောရင် ငါတို့ အားလုံး ဆန္ဒပြတဲ့ အနေနဲ့ အခန်းထဲကနေ ထထွက်သွားကြမယ်ပေါ့။ အားလုံးသဘောတူထားကြတာပေါ့ အဲဒီမိန်းကလေးအုပ်စုက ကျောင်းသူတွေက။

ဒီအကြောင်းကို ပါမောက္ခကလည်း ဘယ်ကဘယ်လိုကြားသွားလည်းမသိပါဘူး။ သူက တွေ့ကြသေးတာပေါ့ ဆိုပြီး ပြင်ဆင်ထားသတဲ့။ နောက်နေ့အတန်းထဲလည်း ရောက်ရော ထုံးစံအတိုင်း စာသင်နေရင်းနဲ့ ရုတ်တရက် ထဖောက်တာပေါ့ ညစ်တီးညစ်ပတ်လေး ဟာသလေးနဲ့။

တပည့်တို့ရေဆရာဟာသတစ်ပုဒ် ပြောပြဦးမယ်ဒီလိုကွဲ့ အခု တစ်လော ပြင်သစ်နိုင်ငံမှာ ပြည့်တန်ဆာတွေ မလုံလောက်ဘူး လို့ကြားတယ်ပေါ့။

ဒါပဲစပြောရသေးတယ် ဒီဆရာကို မကျေနပ်တဲ့ ကျောင်းသူ အုပ်စုက တိုင်ပင်ထားတဲ့ အတိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အုပ်စုလိုက် အတန်းထဲကနေ ထထွက်ဖို့ပြင်ကြသတဲ့။ လေးငါးယောက်လောက် တံခါးဝလည်း ရောက်ရောဆရာကအားရပါးရ ပြုံးပြီး ...

ဖြည်းဖြည်းပေါ့ကွယ် ပြင်သစ်သွားမယ့် နောက်လေယာဉ်က မနက်ဖြန်မှ ထွက်မှာပါတဲ့။
+17
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline minchitko

  • စီနီယာ
  • ***
  • Posts: 273
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • minchitkokomg@gmail.com
  • Respect: +1988
Re: အမောပြေဟာသမှတ်စု
« Reply #737 on: November 11, 2011, 01:43:12 PM »
မိဘကို တော်တော်အရှက်ခွဲတဲ့ ကလေး  ;D




Offline grandpashawng

  • စီနီယာ
  • ***
  • Posts: 303
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • never never never give up
  • Respect: +2309
Re: အမောပြေဟာသမှတ်စု
« Reply #738 on: November 11, 2011, 02:01:13 PM »
တက္ကသိုလ်ကျောင်းပေါင်းစုံတွေ့ဆုံကြတဲ့ အစီအစဉ်တခုမှာ..တဲ့။
ကျောင်းသားနှစ်ရောက် အိမ်သာမှာ အပေါ့သွားပီး..အပြင်ရောက်တော့ တစ်ယောက်ကလက်ဆေးပီးတစ်ယောက်က လက်မဆေးဘူး..
အဲဒါနဲ့ လက်ဆေးတဲ့ကျောင်းသားက ကျန်တစ်ယောက်ကိုပြောသတဲ့..။ “မင်းတို့ကျောင်းက အပေါ့သွာားပီးရင်လက်ဆေးရမယ်လို့ မသင်ပေးဘူးလား”..ပေါ့။
အဲဒီကျောင်းသားပြန်ပြောလိုက်တာကတော့.....

“ လက်နဲ့မကိုင်ပဲ အပေါ့သွားတဲ့နည်းကို မင်းတို့ကျောင်းက မသင်ပေးဘူးလား....” တဲ့။
+4
လောကမှာ တတ်သိတဲ့လူတွေများတယ်၊ ဒါပေမဲ့ သိတတ်တဲ့လူတွေတော့ နည်းတယ်..

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3991
Re: အမောပြေဟာသမှတ်စု
« Reply #739 on: November 13, 2011, 02:23:54 AM »
+2
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Tags: