Author Topic: အမောပြေဟာသမှတ်စု  (Read 444217 times)

0 Members and 1 Guest are viewing this topic.

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 74
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +268
Re: အမောပြေဟာသမှတ်စု
« Reply #710 on: September 27, 2011, 03:26:55 AM »
“မှန်တယ်နော်”

‘ဓာတ်ခွဲခန်းနဲ့ ဓာတ်မှန်စစ်ဆေးချက်တွေအရ အခြေအနေ တော်တော်ကောင်းတယ်။ ဒီပုံအတိုင်းဆို အသက်ရှစ်ဆယ်ထိ နေရလိမ့်မယ်။’

‘ကျွန်တော့်အသက်က အခုဆို ရှစ်ဆယ်ရှိပါပြီ ဒေါက်တာ’

‘ကဲ – ကျွန်တော်ပြောတာ မမှန်လား’
+2

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 74
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +268
Re: အမောပြေဟာသမှတ်စု
« Reply #711 on: September 27, 2011, 03:27:11 AM »
“လိုအပ်တဲ့ပစ္စည်း”

‘ရှင့်လစာ ဒါအကုန်ပဲလား’

‘အိမ်အတွက် လိုတာတွေ ၀ယ်လာခဲ့လို့’

‘ဟုတ်လား။ ဘာပစ္စည်းတွေ ၀ယ်လာတာတုန်း’

‘၀ီစကီ တစ်သေတ္တာ’
+4

Offline minchitko

  • စီနီယာ
  • ***
  • Posts: 273
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • minchitkokomg@gmail.com
  • Respect: +1987
Re: အမောပြေဟာသမှတ်စု
« Reply #712 on: October 06, 2011, 02:08:42 AM »
ရုပ်ပြဟာသ  ;D



ငိုတတ်တဲ့ ကလေး .... ___ ရတယ်ဆိုလို့ ...ကျွန်တော်လည်း ငိုပါရစေ...


Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 74
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +268
Re: အမောပြေဟာသမှတ်စု
« Reply #713 on: October 07, 2011, 12:42:50 AM »
ကမ္ဘာ့အတော်ဆုံး ထောက်လှမ်းရေးအဖွဲ့ရွေးတယ်... ဆန်ကာတင် သုးံဖွဲ့ ကျန်တယ်။  CIA ရယ်... FBIရယ်... မြန်မာစစ်ထောက်လှမ်းရေးရယ်...

ဒိုင်အဖွဲ့က သူတို့ကို ဗိုလ်လုပွဲအနေနဲ့ တစ်ခု စမ်းသပ်လိုက်တယ်၊တောအုပ်တစ်ခုထဲ ယုန်တစ်ကောင် ထည့်လိုက်တယ်။ အဲဒီယုန်ကို သုံးဖွဲ့စလုံးက လိုက်ရှာရတယ်။

ပထမဆုံး CIA ၀င်သွားတယ်။ သူတို့က သူတို့ရဲ့နည်းတွေအတိုင်း လုပ်တယ်။တိရိစ္ဆာန် သတင်းပေးတွေကို နေရာအနှံ့ ချထားတယ်။သစ်ပင်တွေကိုလည်း စပိုင် လုပ်ခိုင်းတယ်။ဒါပေမယ့်
လုံးဝ မတွေ့ဘူး။ ရှုံးတယ်။

အထူးစုံစမ်း ထောက်လှမ်းမှု ၃ လ အကြာမှာ ထွက်လာတဲ့ CIA ရဲ့ အစီရင်ခံစာမှာ "ဒီတောထဲမှာ ယုန် လုံးဝ မရှိဘူး" လို့ ရေးထားတယ်။

FBI ၀င်သွားတယ်...

သူကတော့ သူလုပ်နေကျအတိုင်း မြေလှန်ရှာတယ်။ ၂ ပတ်လောက်ရှာတယ်။ မတွေ့ဘူး။ မတွေ့တဲ့ အဆုံးမှာ တောကို မီးရှို့ပစ်ခဲ့တယ်။

နောက်ဆုံးကျတော့ မြန်မာစစ်ထောက်လှမ်းရေးက ကော့ပက်ကော့ပက်နဲ့ဝင်သွားတာပေါ့။ သိပ်မကြာပါဘူး။မိလာတယ်။
ဒါပေမယ့် ယုန်တော့မဟုတ်ဘူး။ဝက်ဝံတစ်ကောင်။
ဝက်ဝံက လမ်းတစ်လျှောက်လုံး ဘာအော်လာတယ်မှတ်လဲ...

အမလေးဗျ... ကြောက်ပါပြီဗျ... ကျနော် ယုန်ပါခင်ဗျ... မနှိပ်စက်ပါနဲ့တော့..
ကြောက်ပါပီ.. ကျနော် ယုန်အစစ်ပါခင်ဗျ...တဲ့....
+5

Offline minchitko

  • စီနီယာ
  • ***
  • Posts: 273
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • minchitkokomg@gmail.com
  • Respect: +1987
Re: အမောပြေဟာသမှတ်စု
« Reply #714 on: October 07, 2011, 06:07:46 PM »
ကာတွန်းထဲက သားအဖ ပြောတာတွေဟာ အင်တာနက်ခေတ်ကို ထင်ဟပ်နေပါတယ်

ဖခင် - လိင်ကိစ္စအကြောင်း ငါတို့ နည်းနည်း ပြောကြရအောင်
သား - ဘာသိချင်တာ ရှိလဲ တဲ့




ဧရာဝတီ ဘလော့ဂ်




+3
« Last Edit: October 07, 2011, 06:09:32 PM by minchitko »

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3987
Re: အမောပြေဟာသမှတ်စု
« Reply #715 on: October 08, 2011, 01:23:44 PM »
အရေးမပေးသင့်သောမိန်းမများ

 
(click to show/hide)
+5
« Last Edit: October 18, 2011, 01:11:09 AM by imail »
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3987
Re: အမောပြေဟာသမှတ်စု
« Reply #716 on: October 08, 2011, 01:25:51 PM »
အရေးမပေးသင့်သော ယောက်ျားများ

 
(click to show/hide)

သတိပြုရန်...။   ။ သူငယ်ချင်း ဘော်ဒါအရင်းခေါက်ခေါက်များ၏ အကြောင်းကို ခိုးကြောင်းခိုးဝှက်လေ့လာ၍ ဖောက်ကောင်လုပ်မိပါသည်...။ ယခင်က အရေးမပေးသင့်သော မိန်းမများ ကို လက်ဆော့မိသောကြောင့်အွန်လိုင်းမှ သူငယ်ချင်းများက မရေးရင် သတ်မယ်ဖြတ်မယ် ..တကဲကဲ မို့ ..မနည်းဖစ်ညစ်ရေးလိုက်ရတဲ့ ...အတွေး တွေပါ..။ တိုက်ဆိုင်လို့ အမှားပါခဲ့ရင် ခွင့်လွှတ်ကြပါ...။
+5
« Last Edit: October 18, 2011, 01:13:18 AM by imail »
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline ဖရာရှက်

  • ကောလိပ်ဂျင်
  • ****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5048
Re: အမောပြေဟာသမှတ်စု
« Reply #717 on: October 08, 2011, 03:28:05 PM »
ကျွန်တော့ကိုများ ပြောချင်တာလားမသိဘူး
ဒေါက်တာလမ်း ရဲ့အချက်တော်တော်များများက ကျွန်တော့ အကျင့်တွေနဲ့လာတူနေတယ်
ဟီး
(ကိုယ့်ဟာကိုယ်လှန်ထောင်းရသလိုပဲ )

 :-[http://achittatkatho.net/index.php/topic,42.msg35639.html#msg35639

+2

Offline Plus 1

  • ပထမနှစ်
  • *
  • Posts: 28
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +139
Re: အမောပြေဟာသမှတ်စု
« Reply #718 on: October 10, 2011, 08:45:28 AM »
 နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲ

                တခါတုန်းက ပညာရေးဌာနက စစ်ဆေးရေး အရာရှိတယောက်ဟာ နယ်မြို့လေးတစ်မြို့က စာသင်ကျောင်း တစ်ကျောင်းကို စစ်ဆေးရင်းနဲ့ ကျောင်းသားလေး တစ်ယောက်ကို မေးသတဲ့-

အရာရှိ။           "နတ်ရှင်နောင်ကို ဘယ်သူ သတ်တာလဲကွ"
ကျောင်းသား။   "ကျနော် မသတ်ဖူးဘဘ"

                အဲ့ဒီတော့ ပညာရေးအရာရှိဟာ ကလေးရဲ့ ပညာရေး အခြေအနေအပေါ် အတော်လေး မကျေမနပ် ဖြစ်သွားပြီး အတန်းပိုင် ဆရာမကို လှည့်ကြည့်လိုက်တယ်ဆိုရင်ပဲ လူကဲခတ်တော်တဲ့ ဆရာမကလည်း အရာရှိကြီး စိတ်ဆိုးနေတာကို သိပြီးတော့ ကမန်းကတမ်းနဲ့ ကျောင်းသားလေးဖက်က ကာကွယ်ပြီး ပြောလိုက်တာက-

ဆရာမ။            ဆရာကြီးရှင့် "ဒီကျောင်းသားလေးဟာ အတန်းထဲမှာ သိပ်အေးပါတယ်။

                      ကျောင်းသားတွေ အချင်းချင်းတောင် ရန်ဖြစ်တာ မရှိပါဘူး။

                      သူသတ်တာတော့ မဟုတ်နိုင်ဘူးထင်ပါတယ်ရှင်" တဲ့။

                အင်း... စစ်ဆေးရေး အရာရှိလည်း ဘာမှ ဆက်မပြောတော့ပဲ မျက်စိမျက်နှာပျက်ပြီး ပြန်သွားတာပေါ့ဗျာ၊ နောက်ပိုင်းမှာတော့ ဖြစ်ကြောင်းကုန်စင်ကို ပညာရေး ၀န်ကြီးဌာနဆီ စာတင်လိုက်သတဲ့လေ၊ ဒီလိုနဲ့ မကြာခင်မှာ ၀န်ကြီးဌာနက ပြန်ကြားစာ ထွက်လာတာက ""စစ်ဆေးရေးအရာရှိခင်ဗျား နတ်ရှင်နောင် သေတာလည်း ကြာပါပြီ နောက်ထပ် စုံစမ်းမှုတွေ မလုပ်ပါနဲ့တော့"" တဲ့လေ။


ဝတ္တုတိုင်း ကောင်းတာမဟုတ်ဘူး

                ရထားပေါ်မှ စကားဝိုင်း …….. လူတယောက်က ပြောသည်-

ပထမလူ။     ကျနော့ မိန်းမ ကိုယ်ဝန်ရှိတော့ 'ကပတိန် နှစ်ယောက် စာအုပ်ဖတ်မိတယ်။
                 မကြာပါဘူး အမွှာပူး မွေးတာပဲ'
ဒုတိယလူ။    ဟုတ်တယ်ဗျ၊ ကျနော့မိန်းမလည်း ခလေးမမွေးခင်က ပျင်းလို့ဆိုပြီး
'လူစွမ်းကောင်း သုံးယောက်' စာအုပ်ဖတ်တယ်လေ၊ မွေးတော့ သုံးမွှာပူးဗျ"

               ထိုစဉ် တတိယလူ၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်ပြီး ရေတောင်းသောက်သဖြင့် ကျန်လူများက စိုးရိမ်တကြီးဖြစ်ကာ ၀ိုင်းမေးကြလေရာ... တတိယလူ ပြောလိုက်ပုံက... ""အင်း.. ကျနော့မိန်းမက ရက်စေ့ လစေ့ ဖြစ်နေပြီဗျ၊ မနက်က အလီဘာဘာနဲ့ ခိုးသားငါးရာ စာအုပ်ကို ဖတ်နေတာ တွေ့ခဲ့တယ်""

 
+8

Offline minchitko

  • စီနီယာ
  • ***
  • Posts: 273
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • minchitkokomg@gmail.com
  • Respect: +1987
Re: အမောပြေဟာသမှတ်စု
« Reply #719 on: October 11, 2011, 11:13:43 PM »
စရိုက်နှင့်အကြိုက်...( အင်တာဗျူးတဲ့ သူတောင်ပက်လက်လန်သွားနိုင်တယ်...)    ;D




Tags: