Author Topic: အမောပြေဟာသမှတ်စု  (Read 477165 times)

0 Members and 1 Guest are viewing this topic.

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #700 on: September 22, 2011, 01:56:44 AM »
လွဲ ချက်ကနာ

တောစပ်တစ်နေရာတွင် ကိုဖြူ၊ ကို ကြူ နှင့် ကိုအူ တို့သုံးဦးအား ရာဇဝတ်မှုဖြင့် သေဒဏ်ပေးရန် ပြင်ဆင်နေသည်။ အစောင့်ဖြစ်သူက ကိုဖြူအား အချုပ်ကားတွင်းမှ ပထမဆုံး ခေါ်ထုတ်လာသည်။ ထို့ နောက် အရာရှိဖြစ်သူက သေနတ်သမားအား ပစ်မိန့်ပေးသည်။(အင်္ဂလိပ်လို အမိန့်ပေးသည်)

အရာရှိ- “Ready”,’Aim”.

ကိုဖြူ-(အရာရှိ ဧ။် စကားမဆုံးခင် ရုတ်တရတ်ထအော်သည်) ,’ Earthquake!’

လူအများ အလန့်တကြား နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားချိန်တွင် ကိုဖြူထွက်ပြေး လွတ်မြောက်သွားသည်။

နောက် ကိုကြူအလှည့်

အရာရှိ– ‘Ready’, ‘Aim’
ကိုကြူ–(အရာရှိ ဧ။် စကားမဆုံးခင်) ‘Tornado!’

ရုတ်တရတ် လူများ အထိတ်တလန့် ဖြစ်သွားပြန်သည်၊ ကိုကြူလည်း ထွက်ပြေး လွတ်မြောက်သွားပြန်သည်။

နောက်ဆုံး ကိုအူ့အလှည့်

အရာရှိ-’ Ready’, ‘Aim’

ကိုအူလည်း ကျန်လူများကို အတုယူ၍(အရာရှိ ဧ။် စကားမဆုံးခင် ) အော်လိုက် ပုံ က “Fire!”

သေနတ်သံများနဲ့အတူ..ကိုအူသေပါလေရော..

(မှတ်ချက်။ ။ သိတော်မူကြတဲ့အတိုင်းပါပဲ …Fire ဆိုတာ ပစ်လို့ အမိန့်ပေးတာပါ၊ စကားလုံးတွေကို သူ့နေရာနှင့် သူသုံးနိုင်ကြပါစေ)
+6

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #701 on: September 22, 2011, 01:58:12 AM »
 ဈေးကြီးလိုက်တဲ့ ကြက်တူရွေး…………….

အိမ်မွေးတိရစ္ဆာန်များရောင်းသော ဆုင်တစ်ဆိုင်အတွင်း ၀ယ်သူတစ်ဦး ရောက်ရှိလာလေသည်။
ဝယ်သူ။ ။ ကြက်တူးရွေးတစ်ကောင်လောက် လိုချင်တယ်။
ဆိုင်ရှင်။ ။ ရပါတယ်။ ဒီကြက်တူရွေးက ဒေါ်လာ ၅၀၀၊ ကွန်ပျူတာကောင်းကောင်းအသုံးပြုတတ်တယ်။
ဝယ်သူ။ ။ တယ်ဟုတ်ပါလား။
ဆိုင်ရှင်။ ။ ဒီကြက်တူရွေးက ရုပ်မြင်သံကြား ဖွင့်တတ်၊ ပိတ်တတ်ပြီးသီချင်းလည်းဆိုနိုင်ပါတယ်။ ဒေါ်လာ ၁၀၀၀။
ဝယ်သူ။ ။ မဆိုးပါဘူး
ဆိုင်ရှင်။ ။ ဒီကြက်တူရွေးကတော့ ဒေါ်လာ ၃၀၀၀ ပါ။
ဝယ်သူ။ ။ ဈေးကြီးလိုက်တာ …။ သူကကောဘာတတ်ပါသလဲ…..။
ဝယ်သူ။ ။ ဘာမှတော့မတတ်ပါဘူး။
ဆိုင်ရှင်။ ။ ဟင်ဘာဖြစ်လို့ ဈေးကြီးတာလဲ။
ဆိုင်ရှင်။ ။ မနက်တိုင်း ဟိုကြက်တူရွေးနှစ်ကောင်က သူ့ကို ဆရာကြီးလို့ခေါ်နေလို့ပါ။
+5

Offline lu soe lay

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 747
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • အားပေးတယ် ဆိုရင် အတ်ဗုတ်လုပ်ခဲ့ကြအုံးနော်
  • Respect: +6412
Re: အမောပြေဟာသမှတ်စု
« Reply #702 on: September 24, 2011, 08:00:44 AM »
သမက်နဲ.  ယောက်ခမ ဇတ်လမ်း
ဒေါသထွက်နေသော သမီးရှင်အဖေကပြောလိုက်သည် 
"ဟေ့ကောင် မင်းဘာအချိုး ချိုးတာလဲ ငါ.သမီးကိုခိုးသွားတာမနေ.ထဲက ခုလာပို.တာမနက် ၇နာရီ"
ဟုတ်ကဲ့ခင်ဗျာ ကျနော်အခုအလုပ်သွားရတော့မှာမို.လို.ပါ
-1
အားပေးတယ် ဆိုရင် အတ်ဗုတ်လုပ်ခဲ့ကြအုံးနော်

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #703 on: September 25, 2011, 11:40:44 PM »
ကလေးရဲ့ အရပ်မျက်နှာ

အင်္ဂလိပ်စာကျူရှင်တခုမှာဆရာမကအရပ်လေးမျက်နှာကိုခလေးများအားသင်ပေးနေသည်၊ ဆရာမသည်သူမနှင့်အတူ East , West , North , South ကိုလိုက်ဆိုခိုင်းသည်။  ခလေးတယေါက်သည်   South ဆိုသောနေရာရောက်လျင်သူတန့်၍မဆိုတော့ပါ၊ ဆရာမကအတန်တန်ဆိုခိုင်းသော်လည်း၎င်းခလေးသည်လိုက်မဆိုပါ၊
ဆရာမကအဘယ်ကြောင့်လိုက်၍မဆိုသနည်းဟုမေးသောအခါ၊ ကျောင်းသားခလေးက “ အမေမှာထားတယ် South ဆိုတာညစ်ပတ်တယ်၊ မပြောရဘူး” ။
ထိုအချိန်ဆရာမက “ အမလေးသားသားရယ်၊ သားသားအမေရဲ့South ကသာညစ်ပတ်တာ၊ ဆရာမရဲ့South ကသန့်ရှင်းတယ်၊ အရေးမကြီးဘူးလိုက်ဆို၊ လိုက်ဆို”....။
+5

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #704 on: September 25, 2011, 11:43:42 PM »
တရက်၌ အမေရိကန်သမ္မတဂျော့ခ်ျဘုရှ်သ ည်ခေါင်းကိုက်၍၊ ဆရာဝန်ထံသွားပြသည်၊ ဆရာဝန်မလေးက သူ့၏ဦးခေါင်းကို brain scan လုပ်ပေးလိုက်သည်၊ နောက်နေ့ဂျော့ခ်ျဘုရှ် သူ၏ result ကိုသွားကြည့်သောအခါ၊

ဆရာဝန်မလေးက “သမ္မတကြီးကိုစိတ်မချမ်သာစရာတခုကိုပြောရဦးမယ်၊ သမ္မတကြီးရှင့်လူသားများ၏ဦးနှောက်သည်နှစ်ခြမ်းရှိပြီးဘယ်ဘက်ခြမ်းနှင့်ညာဘက်ခြမ်းဟူ၍ရှိသည်……”

ထိုအခါဘုရှ်ကစိတ်မရှည်စွာဖြင့်ကြာဖြတ်ပြိး “ ဒါကတော့လူတိုင်းသိပါတယ်ကွာ၊ လိုရင်းကိုတာပြောဆန်းပါ ”

ဆရာဝန်မလေးကဆက်၍ “ That’s true, Mr. President. But your brain is very unusual because  on the right side there is nothing left , while on the left side there is nothing right.” (သမ္မတကြီ၏ညာဘက်ဦးနှောက်သည်ဘာမှမကျန်တော့ဘူး၊ ဘယ်ဘက်ဦးနှောက်သည်ဘာမှမကောင်းတော့ဘူးတနည်းအားဖြင့်ဆိုသော်ညာဘက် ဦးနှောက်သည်ကောင်းတာဘာမှမကျန်တော့ဘူး၊ ကျန်တဲ့ဟာလည်းဘာမှမကောင်းတော့ဘူး)

ဆရာဝန်မလေးကဆက်ပြီး “ ဒါမျိုးရောဂါ ကျမတို့ဗမာပြည်က လူကြီးတွေဖြစ်နေတာကြာလှပြီ၊ သမ္မတကြီးက ခုတလောမှဖြစ်တာ စိတ်မညစ်ပါနဲ့ အားလည်းမငယ်ပါနဲ့လူနာဖော်အများကြီးရှိပါတယ်”ဟူသတည်း။

(လက်စသတ်တော့ဆရာဝန်မလေးကဗမာပြည်ကကိုး)
+5

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #705 on: September 27, 2011, 03:20:30 AM »
“ဘာအချိုးလဲ”

ကိုလှသည် စားသောက်ဆိုင်တစ်ဆိုင်၌ ထမင်းသွားစားသည်။ အတော်ကြာအောင် အော်ဟစ်မှ စားပွဲထိုးလေးတစ်ယောက် သူ့အနားရောက်လာ၏။ ထိုစားပွဲထိုးကလေးသည် ကိုလှ အားရိုင်းရိုင်းပျပျပင် အော်ဟစ်ဆက်ဆံ၏။ ကိုလှသည် သည်းမခံနိုင်တော့၊ ဒေါ်သထွက်လာ၏။ မန်နေဂျာကို တိုင်၏။

မန်နေဂျာက စားပွဲထိုးကလေးကိုခေါ်ပြီး ပြစ်တင်ကြီမ်းမောင်းလေ၏။

“ဟေ့၊ ဟောဒီလူကြီးမင်းက ခွေးလို အကျယ်ကြီးဟောင်ပြီး မင်းကိုခေါ်နေတာတောက် မင်းက ဂရုမစိုက်ဘူးဆိုကွ၊ အေး. . .မင်း ဒီပုံအတိုင်းဆက်သွား၊ ဘယ်ခွေးမှ ဒီဆိုင်မှာ လာစားမှာမဟုတ်ဘူး။” ဟူ၏။
+4

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #706 on: September 27, 2011, 03:21:12 AM »
“ခက်တဲ့ပုစ္ဆာ”

‘တစ်နဲ့တစ်ပေါင်းရင် နှစ်ရမယ်။ နှစ်နဲ့နှစ်ပေါင်းရင် လေးရတယ်။လေးနဲ့လေးပေါင်းရင် အဖြေဘယ်လောက်ရမလဲ ပြောစမ်း။’

‘ဒါတော့ ဆရာ မတရားဘူး။ လွယ်တာကျတော့ ဆရာက ဖြေတယ်။ ခက်တာကျတော့ ကျွန်တော့်ကို လာမေးတယ်။’
+2

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #707 on: September 27, 2011, 03:22:37 AM »
“သဘာဝ”

‘မင်းက ငါ့ကို အရူးလုပ်နေတာလား’

‘ဟင့်အင်း၊ ခင်ဗျားရဲ့ ပင်ကိုယ်သဘာဝအပေါ်မှာ ကျွန်တော် ဘယ်တော့မှ အနှောက်အယှက်မပေးတတ်ပါဘူး’
+1

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #708 on: September 27, 2011, 03:24:16 AM »
“သိပါရစေ”

တရားသူကြီးသည် တရားခံသို့ ကြိမ်လုံးဖြင့် ညွှန်ကာပြောလိုက်သည်။

‘ဟောဒီ ကြိမ်လုံးဟာ ဒုစရိုက်သမားကို ညွှန်ပြနေတယ်’

‘ကြိမ်လုံးရဲ့ ဟိုဖက်ထိပ်လား ဒီဖက်ထိပ်လား ခင်ဗျာ’
+6

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #709 on: September 27, 2011, 03:26:28 AM »
“အလုပ်ကြိုးစားသူ”

‘မင်းဟာ တစ်ပတ်အတွင်း ရှစ်ကြီမ်တောင် ဖောက်ထွင်မှု ကျူးလွန်ခဲ့တယ်လို့ ဆိုထားပါလား’

‘ဟုတ်ပါတယ် တရားသူကြီးမင်း။ နေ့မအား ညမနား အလုပ်လုပ်ခဲ့တာပါ။ လူတိုင်း ကျွန်တော့်လိုသာ အလုပ်လုပ်ကြရင် အားလုံးကြွယ်ဝကြမှာ မလွဲပါဘူး’
+2

Tags: