Author Topic: အမောပြေဟာသမှတ်စု  (Read 463107 times)

0 Members and 2 Guests are viewing this topic.

Offline ကိုစိုင်း

  • ကျောင်းသားကြီး
  • **
  • Posts: 161
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +827
Re: အမောပြေဟာသမှတ်စု
« Reply #660 on: September 04, 2011, 12:45:02 PM »

သူ့လက်ရာ

” ဒီနေ့ ကျွန်မချက်ကျွေးတဲ့ဟင်းက ဘယ့်နှယ်နေလဲဟင်”
“ကောင်းတယ် မိန်းမရာ၊ ချိုပြီးဆိမ့်နေတာပဲ ”
“မဟုတ်သေးပါဘူးတော်၊ ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာချဉ်စပ်လို့ရေးထားတယ်ရှင့်

တစ်ယောက်တစ်လှည့်

“ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အထိမ်းအမှတ်အဖြစ်ဟန်းနီးမွန်းထွက်ချင်လို့ခွင့်ဆယ်ရက်လောက် ပေးပါခင်ဗျာ ”
“အင်း ….. ခက်တာပဲ။ လောလောဆယ်အလုပ်တွေ ကျပ်နေတော့တစ်ယောက်ယောက်မရှိရင်လည်းမဖြစ်ပြန်ဘူး။
နှစ်ယောက်စလုံးကငါ့ကုမ္ပဏီရဲ့စံပြ၀န်ထမ်းတွေဆိုတော့ခွင့်မပေးနိုင်ဘူးလို့လည်းမပြောရက်ပြန်ဘူး။
ဒီတော့တစ်ယောက်တစ်လှည့်စီသွားကြဖို့မေတ္တာရပ်ခံပါရစေကွာ ”





မမြောက်ပါနဲ့ဗျာ

“မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊
ရေခဲသေတ္တာရယ်၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှမနိုးစေဘဲ
အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ  ”
“ဟာ ….. တရားသူကြီးမင်းကလည်း ကျွန်တော့်ကိုအနေခက်အောင်မြှောက်နေပြန်ပြီ”
+8
« Last Edit: September 21, 2011, 09:57:33 AM by tunaye2011 »

Offline Plus 1

  • ပထမနှစ်
  • *
  • Posts: 28
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +140
Re: အမောပြေဟာသမှတ်စု
« Reply #661 on: September 04, 2011, 03:08:50 PM »
ဘာကြောင့်ပဲကြီးလှော်တွေပါးစပ်ပြဲရလဲ....

ပဲလှော်တွေဘာကြောင့်ရင်ကွဲရလဲဆိုတာပြောပြပြီးပြီနော....

ခုကပဲကြီးလှော်တွေဘာကြောင့်ပါးစပ်ပြဲရလဲဆိုတာပြောပြမယ်နော...

တစ်ခါက ပဲကြီးလှော်ရယ်...ဂွမ်းရယ်... ခဲသီးရယ်..သူငယ်ချင်းသုံးရောက်ရှိတယ်လေ...

တစ်နေ့တော့သူတို့သုံးရောက်လမ်းထွက်လျှောက်ရင်းနဲ့... စကားတစ်ပြောပြောနဲ့ပေါ..အဲဒါနဲ့... ချောင်းတစ်ခုဘေးလဲရောက်ရော ဂွမ်းကခဲသီးကိုဘယ်လိုပြောလဲဆိုတော့....

“ခဲသီး.... နင်နဲ့ငါ ဒီရေထဲခုန်ချပြိုင်မလား.. ဘယ်သူရေထဲအရင်နစ်မလဲ...” အဲဒါနဲ့ ခဲသီးကလဲ..

“ဟေ့ကောင်... ငါအရင်နစ်မှာပေါ့..မင်းဘယ်နစ်မလဲ..”

ဂွမ်းကလဲ..“ငါပဲအရင်နစ်မယ်...မင်းမနစ်ဘူး...”

သူတို့နှစ်ယောက်ကအပြန်အလှန်ငြင်းနေကြတယ်လေ...

အဲဒီအချိန်မှာပဲ... သူတို့ကသူတို့ပြိုင်ပွဲကိုစတာပေါ့...ရေထဲခုန်ချဖို့လေ....

အဲမှာ..ပဲကြီလှော်ကတော့ပွဲကြည့်ပ၇ိတ်သပ်ပေါ့..

အဲဒါနဲ့ပဲ... တစ်.. နှစ်... သုံး... လို့အော်ပြီးပြိုင်တူခုန်ချတာပေါ့.... အဲဒီအချိန်မှာ ခဲသီးလေးကတော့ရေထဲတန်းပြီးကြသွားတာနဲ့မြုပ်ရောလေ... ဒါပေမဲ့... ဂွမ်းလေးခမျာတော့လေ... ရေထဲမကျပဲ..

လေထဲမှာပဲ တက်တက်သွားတယ်လေ... အဲဒါကိုပဲကြီးလှော်ကကြည့်ပြီးအရမ်းကိုသဘောကျနေတယ်လေ.. ဘယ်လောက်တောင်သဘောကျလဲဆိုတော့လေ... သူကလေ ဂွမ်းလေးကိုကြည့်ပြီးခွက်ထိုးခွက်လန်အောင်ရီနေတာလေ...

အဲလိုအဲလိုရီရင်းနဲ့ပဲ.. သူ့ပါးစပ်ကစေ့လို့မရတော့ဘူး... သူရီနေတဲ့အတိုင်းပဲပြဲနေတယ်လေ...

အဲဒါကြောင့်ခုထက်ထိပဲကြီးလှော်တွေပါးစပ်ပြဲနေတယ်လေ.......

 

    သူငယ်ချင်းတို့လဲကြည့်ရီကြအုံးနော... ပဲကြီးလှော်လေးလိုဖြစ်သွားအုံးမယ်..P



Credit to         edinooyin.com
+1

Offline mg lynn

  • အထူးကျူရှင်ကျောင်းတော်သား
  • *****
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #662 on: September 06, 2011, 04:00:29 AM »
….မဖြစ်နိုင်လို့ပါ….

“ငါ သေသွားခဲ့ရင် မင်း နောက်အိမ်ထောင် ပြုလိုက်ပါကွာ”  ဟု အလွန်တရာမှ ကြွယ်ဝချမ်းသာသော သူဌေးကြီးတစ်ဦးက ငယိရွယ်သေးသော သူ့ ဇနီးသည်လေအား တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်လေသည်။

ဇနီးသည်က “အို ဒီလို မပြောလိုက်ပါနဲ့ရှင်”

သူဌေးကြီးမှဆက်ပြီး..ငါ့အ၀တ်အစားတွေ အကုန်လုံးကိုလည်း မင်းရဲ့ နောက်အိမ်ထောင်ကိုပေးလိုက်ပါ။မင်းတို့နှစ်ယောက်အပြင်ထွက်တဲ့အခါ မင်းရဲ့နောက်အိမ်ထောင်က သိပ်ကိုသားနားနေမှာပေါ့…

ဇနီးသည်မှ “အို…အဲဒိလို မဟုတ်ပါဘူး။ပြီးတော့လုံးဝကို မဖြစ်နိုင်ပါဘူးရှင်..”

သူဌေးကြီးက “ဟေ…ဘာလို့မဖြစ်နိုင်ရမှာလဲကွ”

“ဘာဖြစ်လို့လဲဆိုတော့ ရှင်ဝတ်တဲ့ ဆိုဒ်နံပါတ်က ၄၀ လေ သူဝတ်တာက ဆိုဒ် ၄၂ ရှင့်”…
+5

Offline mg lynn

  • အထူးကျူရှင်ကျောင်းတော်သား
  • *****
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #663 on: September 06, 2011, 04:01:37 AM »
….ကိုယ်ရေးကိုယ်တာ…

“ဒီမှာ ကျွန်မနေနဲ့ ရှင့် ကိုယ်ရေးကိုတာတွေကိုလိုက်ပြီး စပ်စုနေတာတော့မဟုတ်ပါဘူး”..’ဒါပေမဲ့ ကျွန်မအဖို့တော့ စိတ်အနှောင်အယှက်ဖြစ်ရတယ်ရှင့်”

“ဘာတွေလာပြောနေတာလဲ၊ပြောစမ်းပါအုံး…ငါကဘာတွေလုပ်နေလို့တုံး…

“ရှင် တစ်နေ့က စာတစ်စောင် ရတယ်မဟုတ်လား၊အဲဒီစာက ရေမွေးနံ့ကို သင်းနေတာပဲလေ၊ပြီးတော့ လက်ရေးကမိန်မလက်ရေးလေ၊ရှင် အဲဒီစာကိုဖွင့်ဖတ်တော့ ကျွန်မကြည့်နေလို့ ရှင်မျက်နှာပျက်သွားတယ်လေ မျက်နှာလည်းမကောင်းဘူး၊လက်တွေတောင်တုန်လာတယ်မဟုတ်လား။ဒီတော့ အဲဒီစာက ဘယ်ကလဲ ဘာတွေလဲရေးထားတာလည်း ကျွန်မ သိချင်ပါတယ်”

“ငါ ၀ုန်းဒိုင်းမဖြစ်စေဘဲ အေးအေးချမ်းချမ်းပဲဖြစ်စေချင်လို့ နည်းလမ်းရှာနေတာကွ”

“အလို ဘုရားရေ…ဒီလောက်တောင်ပဲလား…ကဲပါရှင်..ဘယ်သူဆီကစာလဲ ဘာတွေရေးထားလဲ”

“ကောင်းပြီလေ မင်းသိပ်သိချင်နေမှတော့ ပြောရတော့မှာပေါ့…အဲဒီစာက မင်းအင်္ကျီချုပ်နေကြဆိုင်ကစာပဲ…အဲဒီစာထဲမှာ မင်းအကျီင်္ချုပ်ခ အကြွေးတွေက ဒေါ်လာ ၇၀၀၀ ကျော်နေပြီကွ”…
+7

Offline mg lynn

  • အထူးကျူရှင်ကျောင်းတော်သား
  • *****
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #664 on: September 06, 2011, 04:02:24 AM »


…သူဆန္ဒ…

တစ်နေ့ စီပွါးရေး လုပ်ငန်းများ မကောင်းကြသော သူငယ်ချင်းနှစ်ယောက်စကားပြောစဉ်..

“ငါကတော့ ဘာဖြစ်ဖြစ် ပိုက်ဆံချမ်းသာတဲ့မုဆိုးမ ရရင် ယူမယ်ကွာ”

“ဟေ့ကောင်ရယ်၊ မုဆိုးမရဲ့ ဒုတိယလင်တော့ မဖြစ်ချင်စမ်းပါနဲ့ကွာ”

“ဩ မင်းက မုဆိုးမရဲ့ ပထမလင်ဆိုရင်တော့ ဖြစ်ချင်တယ်ပေါ့”
+3
« Last Edit: September 06, 2011, 09:29:28 AM by tunaye2011 »

Offline ဖရာရှက်

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5061
Re: အမောပြေဟာသမှတ်စု
« Reply #665 on: September 06, 2011, 09:57:59 AM »
             
   
" မွှေး မွှေး တွေ သိကြားမင်း မ တယ်
ကမ္ဘာဦးအစတုန်းက မိန်းကလေးတွေက ယောင်္ကျားတွေလိုပဲ နှုတ်ခမ်းမွှေးတွေ မုတ်ဆိတ်မွှေးတွေ ရှိကြပါသတဲ့ ။

အဲဒီတော့ အလှကြိုက်တဲ့ မိန်းကလေးတွေခမျာ နှုတ်ခမ်းမွှေးတကားကားနဲ့စိတ်ညစ်ကြရတာပေါ့ ။
မိန်းကလေးတွေက တိုင်ပင်ကြတယ် ။
ငါတို့ဘာလုပ်ကြရင်ကောင်းမလဲပေါ့လေ ။

တစ်ယောက်ကအကြံပေးတယ် ။
ငါတို့ သိကြားမင်းကြီးဆီ သွားပြီး အကူအညီတောင်းရအောင်ဆိုပြီးတော့ပေါ့ ။

သူ့အကြံက အကောင်းဆုံးဖြစ်နေတော့ အားလုံးသဘောတူလိုက်ကြတယ် ။
ဒါနဲ့မိန်းကလေးတွေအားလုံးစုပြီးသိကြားမင်းကို အပူနဲ့သွားကပ်..
အဲ..အဲ.. အပူသွားကပ်ကြတယ် ။
သိကြားမင်းကြီးရယ်….သမီးတို့မှာ နှုတ်ခမ်းမွှေးတွေ ပေါက်နေလို့ လှသင့်သလောက် မလှတော့ဘူး ။
အဲဒီ နှုတ်ခမ်းမွှေးတွေကို ဖျောက်ပေးလို့ရရင် ဖျောက်ပေးပါ သိကြားမင်းကြီးရယ် ….လို့ပေါ့ ။

သိကြားမင်းကြီးကလည်း သိပ်သဘောကောင်းတဲ့သူဆိုတော့ မိန်းကလေးတွေရဲ့အဖြစ်ကို
သနားသွားပြီးတော့ အကူအညီပေးဖို့ဆုံးဖြတ်လိုက်တယ် ။

သူ့ဘေးနားမှာထောင်ထားတဲ့ ၀ရဇိန်မိုးကြိုးသွားကြီးကိုယူပြီး
`ဂျိုင်း´
ကနဲမည်အောင်ပစ်ထည့်လိုက်ပါလေရော ။

အဲဒီမှာတင်မိန်းမတွေရဲ့ မျက်နှာပေါ်က နှုတ်ခမ်းမွှေးတွေ မုတ်ဆိတ်မွှေးတွေအကုန်လုံး
သူတို့ရဲ့ `ဂျိုင်း´ အောက်ကိုရောက်သွားကြရောတဲ့ ။

ပထမတော့အဆင်ပြေနေသေးတာပေါ့ ။သိပ်မကြာပါဘူး ။
ဘာကိုပဲရရ အလိုမကျတတ်တဲ့ မိန်းမတွေရဲ့သဘာဝအတိုင်း `ဂျိုင်း´အောက်က အမွှေးတွေကို ရှုပ်တယ်လို့ထင်လာကြပြန်ရော ။
ထုံးစံအတိုင်း သိကြားမင်းကြီးဆီပြေးကြတာပေါ့ ။

သိကြားမင်းကြီးဆီရောက်တော့ `သိကြားမင်းကြီးရယ်… သမီးတို့မှာ ဂျိုင်းမွှေးတွေနဲ့ အရမ်းရှုပ်ပါတယ် ။
အဲဒီတော့ ထပ်ပြီးကူညီပါဦး´ ပေါ့လေ ။သိကြားမင်းကြီးကလည်း ကူညီရှာပါတယ် ။

ဒါပေမယ့်
ဖြစ်ချင်တော့ သိကြားမင်းကြီးက သုဇိတာမိဘုရားနဲ့ ရန်ဖြစ်ပြီးစ စိတ်ရှုပ်နေတဲ့အချိန်ဆိုတော့ သူယူလိုက်တဲ့ မိုးကြိုးသွားက
အ. အ ကြီးဖြစ်နေပါလေရော ။
အဲဒီတော့ မိုးကြိုးသွားရဲ့ အသံက ပထမတုန်းကလို မမြည်တော့ဘဲ

`ဖုတ်´
ကနဲပဲမည်ပြီးတော့ မိန်းကလေးတွေရဲ့ ဂျိုင်းမွှေးတွေလည်း
ဘယ်ပျောက်သွားမှန်းမသိတော့ပါဘူး ။


အဲဒီကိစ္စကို ကျနော်လည်း အခုထိ စဉ်းစားလို့မရပါဘူးဗျာ ။

သူငယ်ချင်းတွေ စဉ်းစားလို့ ရရင်တော့………………….

မသိတဲ့သူတွေ သိသွားအောင်လို့
ရီပလိုင်း လုပ်ကြဗျာ
ကဲ ဘယ်သူ စ မလဲ ?

 ;D
+7

Offline mg lynn

  • အထူးကျူရှင်ကျောင်းတော်သား
  • *****
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #666 on: September 07, 2011, 09:37:47 PM »
“သားလေးရဲ့မေတ္တာ”

‘သားလေး၊ သားရဲ့ဖိုးဖိုးလို ဖေဖေ အသက်ကြီးလာရင် ဖေဖေကို့ သားလေးချစ်ဦးမလား၊ ကျွေးမွေးစောင့်ရှောက်ဦးမလားကွယ်’

‘ဟုတ်ကဲ့ ဖေဖေ’

‘အေး၊ လိမ္မာတဲ့သားလေး၊ တော်တဲ့သားပါလား၊ လာစမ်း၊ ဖေဖေ့ ပေါင်ပေါ် လာထိုင်စမ်း၊ ဖေဖေ သားကို ချောကလက်ပေးမယ်၊ ဒါနဲ့ ဖေဖေ့ကို သားဘယ်လို ချစ်မှာလဲကွယ်’

‘ဖိုးဖိုးကို ဖေဖေ ချစ်သလိုပဲပေါ့’

‘သွားစမ်း၊ အသုံးမကျတဲ့ကောင် ငါ့ ချောကလက်ပြန်ပေး’
+5

Offline mg lynn

  • အထူးကျူရှင်ကျောင်းတော်သား
  • *****
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #667 on: September 07, 2011, 09:59:36 PM »
“ထိုင်ခုံပျောက်ပြီ”

နပိုလီယံ က waterloo စစ်ပွဲမှာ ရှုံးတော့ ဘာစကားပြောလဲ မောင်မောင် ဖြေစမ်း?

ဟုတ်ကဲ့ဆရာ ၊ ‘ငါ ထိုင်ခုံပျောက်ပြီ’ လို့ပြောပါတယ် ဆရာ။

 
“မိန့်ခွန်း”

‘ပြည်သူလူထုကို ကျွန်တော် လေးစားပါသော်လည်း ခင်ဗျားတို့နှင့် ကျွန်တော် သဘောမတူနိုင်ပါ ။’
(မိန့်ခွန်းမှ)



မီးသတ်ဝန်ထမ်းအင်အားကို လျှော့ချဖို့လိုပြီ။ ဘာကြောင့်လဲဆိုတော့ စီမံကိန်းကို ဘယ်တော့မှပြည့်ဝအောင် အကောင်အထည်မဖော်လို့ပဲ။ ဥပမာ – မနှစ်ကဆိုလျှင် တစ်ကြီမ်ပဲ မီးသတ်ခဲ့ကြတယ်။ ဒါတောင် မီးမဟုတ်ဘူး ၊ မီးခိုးကိုငြီမ်းသတ်ခဲ့ကြတာဖြစ်တယ်။
(အစည်းအဝေး မိန့်ခွန်းမှ)

 ‘လာမည့်အပတ်တွင် ကျရောက်မည့် ကျွန်ုပ်၏ နှစ်ငါးဆယ်မြောက်မွေးနေ့တွင် ကျွန်ုပ်အား ၀မ်းမြောက်စကားပြောကြားကြမည့် အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများ၊ ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။’
(ကြော်ငြာမှ)
+2
« Last Edit: September 08, 2011, 09:32:21 AM by tunaye2011 »

Offline cyberzeus

  • စီနီယာ
  • ***
  • Posts: 81
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +1004
Re: အမောပြေဟာသမှတ်စု
« Reply #668 on: September 07, 2011, 11:57:23 PM »
လူနှစ်ယောက် အရက်ဆိုင်တွင် အရက်သောက်ရင်း စကားများကြသည်။ တစ်ယောက်က အခြားတစ်ယောက်ကို စော်စော်ကားကားတွေ ပြောသည်။ ထိုလူက ပြော၏။

‘ငါ မင်းအမေနဲ့ အိပ်ခဲ့တယ်ကွ’

အရက်တစ်ဆိုင်လုံး တိတ်ဆိတ်သွားပြီး အခြားတစ်ယောက်က ဘာလုပ်မည်ကို စောင့်ကြည့်နေကြသည်။ ပထမလူကပင် ထပ်မံ အော်ပြောပြန်သည်။

‘ငါ မင်းအမေနဲ့ အိပ်ခဲ့တယ်ကွာ. . ’

အခြားတစ်ယောက်က လေသံအေးအေးနှင့်ပင် ပြန်ပြောသည်။ ‘အဖေ. . .မူးနေပြီ။ အိမ်ပြန်တော့ဗျာ’
+10

Offline cyberzeus

  • စီနီယာ
  • ***
  • Posts: 81
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +1004
Re: အမောပြေဟာသမှတ်စု
« Reply #669 on: September 08, 2011, 12:01:56 AM »
ပြင်သစ်စာ သင်တန်းတစ်ခုတွင် ဆရာမဖြစ်သူက ပြင်သစ်ဘာသာ၏ သဒ္ဒါအကြောင်းကို ရှင်းပြနေသည်။ ပြင်သစ်သဒ္ဒါတွင် အဖိုနာမ်၊ အမနာမ်များရှိကြောင်းပြောပြသည်။ ဥပမာ ‘အိမ်’ ဆိုလျှင် အမနာမ်၊ ‘ခံတံ’ ဆိုလျှင် အဖိုနာမ်ဖြစ်ကြောင်း ပြောပြသည်။

ကျောင်းသားတစ်ယောက်က ထမေးသည်။ ‘ကွန်ပြူတာဆိုရင်ကော ဘာနာမ်ဖြစ်မလဲ?’

ဆရာမ မသိပေ။ သူမ၏ ပြင်သစ်အဘိဓာန်ထဲတွင်လဲ မပါ။ ထို့ကြောင့် ဆရာမက အတန်းအား ယောက်ျားတစ်ဝက်၊ မိန်းမတစ်ဝက်ခွဲလိုက်ပြီး ကွန်ပြူတာသည် မည်သည့်နာမ်ဖြစ်ကြောင်း ဆုံးဖြတ်စေသည်။ ဆုံးဖြတ်ရခြင်းအကြောင်းရင်း ၄ ခုကိုလဲ ပြောပြစေသည်။

ယောက်ျားအဖွဲ့က ကွန်ပြူတာသည် အမနာမ်ဖြစ်ကြောင်း ဆုံးဖြတ်ကြသည်။ ၎င်းတို့၏ အကြောင်းပြချက်များမှာ

၁) ကွန်ပြူတာရဲ့ အတွင်းပိုင်းက အတွေးအခေါ်တွေကို တီထွင်သူကလွဲပြီး ဘယ်သူမှ မသိဘူး

၂) ကွန်ပြူတာအချင်းချင်း ဆက်သွယ်တဲ့ ဘာသာစကားကို သူတို့ချင်းကလွဲလို့ ဘယ်သူမှ မသိဘူး

၃) အသေးငယ်ဆုံးအမှားကလေးကိုတောင်မှ မှတ်ဥာဏ်ထဲမှာ အချိန်အကြာကြီး မှတ်ထားတယ်။ နောက်ပိုင်း ပြန်ထုတ်ယူနိုင်တယ်။

၎) တစ်ခုကို ၀ယ်မိလိုက်တာနဲ့. . .စပ်ဆက်ပစ္စည်းတွေ ၀ယ်ယူဖို့အတွက် ငွေတွေ ထပ်ကုန်ရတယ်


အမျိုးသမီးအဖွဲ့ကတော့ ကွန်ပြူတာသည် အဖိုနာမ်ဖြစ်သင့်ကြောင်း ပြောသည်။ သူတို့၏ အကြောင်းပြချက်များမှာ

၁) ကွန်ပြူတာရဲ့ အာရုံစူးစိုက်မှုကို ရဖို့အတွက် အရင်ဆုံး ခလုတ်တွေကို ဖွင့်ရတယ်

၂) အထဲမှာ အချက်အလက်တွေတော့ အများကြီးပါတယ်။ ဒါပေမဲ့ ဘယ်နားသုံးရမှန်းမသိဘူး

၃) ကွန်ပြူတာတွေဟာ ပြဿနာဖြေရှင်းဖို့အတွက် ထုတ်ထားတာ. . ဒါပေမဲ့ အချိန်တစ်ဝက်လောက်မှာ သူတို့ကြောင့်ဘဲ ပြဿနာဖြစ်တယ်။

၎) တစ်ခုကို ၀ယ်လိုက်ပြီး သိပ်မကြာခင်မှာဘဲ. . .မင်းသာ နည်းနည်းထပ်စောင့်လိုက်ရင် ပိုကောင်းတဲ့ ပစ္စည်းအသစ်တစ်ခု ရနိုင်တယ်ဆိုတာကို နားလည်သွားတယ်
+9

Tags: