Author Topic: အမောပြေဟာသမှတ်စု  (Read 493925 times)

0 Members and 1 Guest are viewing this topic.

Offline lu soe lay

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 747
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • အားပေးတယ် ဆိုရင် အတ်ဗုတ်လုပ်ခဲ့ကြအုံးနော်
  • Respect: +6422
Re: အမောပြေဟာသမှတ်စု
« Reply #650 on: September 03, 2011, 08:42:33 AM »
သဘာဝ

 
“မင်းက င့ါကို အရူးလုပ်နေတာလား”

“ဟင့်အင်း၊ ခင်ဗျားရဲ့ ပင်ကိုသဘာဝပေါ်မှာ ကျွန်တော် ဘယ်တော့မှ အနှောက်အယှက် မပေးတတ်ပါဘူး။”
+1
အားပေးတယ် ဆိုရင် အတ်ဗုတ်လုပ်ခဲ့ကြအုံးနော်

Offline lu soe lay

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 747
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • အားပေးတယ် ဆိုရင် အတ်ဗုတ်လုပ်ခဲ့ကြအုံးနော်
  • Respect: +6422
Re: အမောပြေဟာသမှတ်စု
« Reply #651 on: September 03, 2011, 08:42:59 AM »
ထိုင်ခုံမရှိလို့

 

“ရုရှားစစ်သည်တော်နှစ်သန်းက စစ်မြေပြင်ရောက်တဲ့အခါ မတ်တတ်ရပ်ပြီး အသင့်ပြင်နေတာ ဘာကြောင့်လဲ မောင်မောင်ဖြေစမ်း။”

“ဟုတ်ကဲ့ဆရာ၊ သူတို့မှာ ကုလားထိုင်မရှိလို့ပါ။”
+1
အားပေးတယ် ဆိုရင် အတ်ဗုတ်လုပ်ခဲ့ကြအုံးနော်

Offline lu soe lay

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 747
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • အားပေးတယ် ဆိုရင် အတ်ဗုတ်လုပ်ခဲ့ကြအုံးနော်
  • Respect: +6422
Re: အမောပြေဟာသမှတ်စု
« Reply #652 on: September 03, 2011, 08:43:29 AM »
မေမေ မှာထားလို့

 “ကောင်းကင်ဘုံကို ရောက်ချင်သလား မေးတော့ ကျောင်းသားအားလုံး လက်ညှိုးထောင်ပြပေမယ့် မင်းက ဘာဖြစ်လို့ လက်ညှိုးမထောင်တာလဲ တိုနီ၊ ကောင်းကင်ဘုံကို မသွားချင်ဘူးလား”

“ဟင့်အင်း၊ မသွားချင်ဘူးဆရာ။ မေမေက မှာထားတယ်။ ကျောင်းလွှတ်ရင် အိမ်ကိုပဲတန်းပြန်လာခဲ့တဲ့”

 
+3
အားပေးတယ် ဆိုရင် အတ်ဗုတ်လုပ်ခဲ့ကြအုံးနော်

Offline ဖရာရှက်

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5085
Re: အမောပြေဟာသမှတ်စု
« Reply #653 on: September 03, 2011, 09:07:25 AM »

သိကြသလား

စင်ကာပူ မှာ ပီကေစားခြင်းကို ကန့်သတ်ထားရတဲ့ အကြောင်း

သမိုင်းက ဒီလိုဗျာ

တနေ့သော် လီကွမ်ယူ (ဝန်ကြီးချုပ်ဟောင်း) ထိုင်းနိုင်ငံကို အလယ်အပတ်သွားတဲ့အခါတုန်းက ဘုရင်ကြီးနဲ့
ညစာစားပွဲတစ်ခုမှာ စကားစမြည်ပြောဖြစ်ကြတယ်
အဲဒီမှာ ပါတဲ့ ကျောက်ပုဇွန်ထုပ်ကြီးကို စားပြီးတဲ့အခါ ဘုရင်ကြီးကို မေးလိုက်တယ်

လီကွမ်ယူ " ဘုရင်ကြီးခင်ဗျား ဒီကျောက်ပုဇွန်ထုပ်ကြီး တွေကိုစားပြီး ကျန်တဲ့အခွန်တွေကို ဘာလုပ်ပစ်ပါသလဲ "
ဘုရင်ကြီး " ဘာမှ မလုပ်ပါဘူး လွှင့်ပစ်လိုက်တာပေါ့ "
လီကွမ်ယူ  " အိုး နိုး နိုး ကျွန်တော်တို့ စင်ကာပူ မှာတော့ စက်ရုံပို့ပြီး prawn cracker လုပ်ပစ်ပါတယ် "

ထို့နောက် လီကွမ်ယူ  လိမ္မော်သီး စားပြန်ပါတယ်
ပြီးနောက်
 
လီကွမ်ယူ " ဒီလိမ္မော်သီး အခွံတွေကိုရော ဘာလုပ်ပစ်ပါသလဲ "
ဘုရင်ကြီး "  တို့ဘာမှ မလုပ်နိုင်ပါဘူး  လွှင့်ပစ်လိုက်တာပေါ့ "
လီကွမ်ယူ " အို စင်ကာပူ မှာဆိုရင် ဒီလိမ္မော်သီး အခွံတွေကို စက်ရုံပို့ပြီး orange jam လုပ်ပစ်ပါတယ် "
 
ပြီး လီကွမ်ယူ က ပီကေ ရနိုင်မလားလို့မေးပြီး ပီကေ ဝါးပြန်ပါတယ်
ပြီးတော့
ဝါးပြီးသားပီကေကို ပုဂံပြား ပေါ်တင်ရင်း
 
လီကွမ်ယူ "  ဘုရင်ကြီးခင်ဗျား ဒီ ပီကေ  ဝါးပြီးသား အကျန်တွေကိုရောဘာလုပ်ပစ်ပါသလဲ "
ဘုရင်ကြီး "  တို့ဘာမှ မလုပ်နိုင်ပါဘူး  လွှင့်ပစ်လိုက်ရုံရှိ တာပေါ့ "
လီကွမ်ယူ " အို စင်ကာပူ မှာဆိုရင် ဒီ ပီကေ  ဝါးပြီးသား တွေကိုလဲ စက်ရုံပို့ပြီး condom လုပ်ပစ်ပါတယ်  ပြီးတော့ ထိုင်းလန် ကို ပို့ပါတယ် "

ဒီနောက်  လီကွမ်ယူ  Bye bye လုပ် နှုတ်ဆက်ပါတယ်
ဒါပေမဲ့ ဘုရင်ကြီး ဘာမှမပြော နှုတ်ဆိပ်နေပါတယ်
ပြီးမှ ရုတ်တရက်
လီကွမ်ယူ  ကို မေးလိုက်ပါတယ်

ဘုရင်ကြီး "  သုံးပြီးသား condom အခွံတွေကိုရော စင်ကာပူမှာ ဘာလုပ်ပစ် ကြသလဲ "
လီကွမ်ယူ  " ဘာမှ အသုံးချလို့မကောင်းတော့တာပဲဗျာ
လွှင့်ပစ်လိုက်ရုံပေါ့ "


ဒီတွင် ဘုရင်ကြီးရဲ့ စကားကြောင့် လီကွမ်ယူ  ပါးစပ်ဟောင်းလောင်းနဲ့ ကြက်သေ သေပြီး
နောက် ချက်ခြင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတော့တယ်
 
ဘုရင်ကြီး "  ထိုင်းလန် မှာတော့ သုံးပြီးသား condom အခွံတွေကို စက်ရုံပို့ပြီး ပီကေ ပြန်လုပ်တာပေါ့  ပြီးတဲ့အခါ အဲဒီ ပီကေ တွေကို စင်ကာပူ ပြန်ပို့တယ်လေ "

လီကွမ်ယူ  " အိုး မိုင် ဂေါ့    ဝေါ့ ဝေါ့ "

ဒါ့ကြောင့် ကိုး
ဒါ့ကြောင့်
 
ခွီး ခွီး ခွီး

+5

thuraa

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #654 on: September 03, 2011, 02:01:56 PM »
မြတ်နိုးမေးရေ
ကြိုက်လို့ကော်ပီဆွဲတွားဘီ
ခိခိ
0

Offline Plus 1

  • ပထမနှစ်
  • *
  • Posts: 28
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +140
Re: အမောပြေဟာသမှတ်စု
« Reply #655 on: September 04, 2011, 11:52:55 AM »
ဘဏ်လုပ်ငန်း

ကို ချာချီ တစ်ယောက် ပွဲရုံ့ လုပ်ငန်းလုပ်တယ်...လုပ်သာလုပ်နေရတယ်...စီးပွားရေးက တစ်ဖြည်းဖြည်းကျလာတယ်..ဒီတော့ သူဘဏ်မှာ ငွေ သွားချေးဖို့ စီစဉ် ရတော့ တာပေါ့....သူဘဏ်ကိုရောက် လာပြီပေါ့ဗျာ.....

မန်နေဂျာ----ဘာများကူညီနိုင်မလဲ ခင်ဗျာ....

ကိုချာချီ------ကျွန်တော် ချေးငွေ ထုတ်ချင်လို့ပါဗျာ...

.မန်နေဂျာ-----ကျွန်တော်တို့ ချေးငွေကို ဒီအတိုင်းတော့ မထုတ်ပေးနိုင်ပါဘူး...ခင်ဗျ...ယုံကြည်နိုင်လောက်တဲ့    သက်သေ အထောက် အထားရှိမှ သာ ဘဏ်က ငွေချေးနိုင်မှာပါ..

ကိုချာချီ-------ဟုတ်ကဲ့ ကျွန်တော့်  ပွဲရုံကို အပေါင်အဖြစ်ထားပြီး..ဒေါ်လာ တစ်သိန်းချေးချင်ပါတယ်...နောက်နှစ် ဒီ အချိန်မှာ ဒေါ်လာ နှစ်သိန်း ပြန်ဆပ်ပါ့မယ်...

မန်နေဂျာ------ကောင်းပါပြီခငိဗျာ....   မန်နေဂျာ က ဒေါ်လာ တစ်သိန်း ထုတ်ပေးလိုက်တယ်...ကို ချာချီ ငွေ ထုပ်ပိုက်ပြီးပြန်တော့ မယ့် အချိန်မှာ မန်နေဂျာက....

မန်နေဂျာ------ခဏနေပါဦးဗျာ....နောက်နှစ်မှာ ခင်ဗျား ငွေ နှစ်သိန်းလုံး ပြန်ဆပ်ရရင် အခက် အခဲ ဖြစ်မှာပေါ့....ဒီလိုလုပ်လေ..အခု ခင်ဗျား ဒေါ်လာ တစ်သိန်း ဆပ်လိုက်..ဒါဆိုနောက်နှစ်ကျရင် တစ်သိန်းပဲ ခင်ဗျားပေးရတော့မှာ....    

     ကိုချာချီ ခဏ စဉ်းစားလိုက်ပြီး..ငွေထုပ်ကို ပြန်ပေးပြီအိမ်ကို ပြန်လာခဲ့သည်။..အိမ် ပြန်ရောက်သောအခါ ...ကိုချာချီ-------ထူးဆန်းတယ် ..အခု ငါ့လက်ထဲ မှာ ပိုက်ဆံ လဲ မရှိဘူး...ပွဲရုံလဲ မရှိတော့ဘူး... ဒေါ်လာတစ်သိန်းတောင် အကြွေးတင်ခဲ့ သေးတယ်....ဒါပေမယ့် တစ်ခြားတစ်ဖက်က ကြည့်တော့လည်း အားလုံးမှန်နေတာပဲ....@@@





အိမ်ထောင်မပြုချင်သူ

နေ့စေ့ လစေ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ တတိယမြောက်

ကိုယ်ဝန်မွေးဖွား ဖို့အတွက် ကိုယ်ပိုင်ဆေးခန်း တစ်ခုကို ရောက်လာပါတယ်။

ဆရာဝန်က ကိုယ်ဝန်ဆောင်ရဲ့ ရာဇ၀င်မှတ်တမ်းကို ကြည့်ရှုပြီး အိမ်ထောင်မရှိ

ဆိုလို့ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပါတယ်။ ဒါကို ရိပ်မိသွားတဲ့

ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ အောက်ပါအတိုင်း ရှင်းပြလိုက် ပါတယ်။

 

 ကိုယ်ဝန်ဆောင် = ဒီလိုပါဆရာ၊ ကျွန်မ (၁၆)နှစ်အရွယ်တုန်းက မိသားစုဆရာဝန်က

မှာခဲ့ဖူးပါတယ်။ ကျွန်မရဲ့ နှလုံးခုန်သံ မမှန်ဘူး၊ ပုံမှန်မဟုတ်တဲ့

အသံတွေ ကြားနေရတာကြောင့် အသက်ရှည်ရှည် နေချင်ရင် အိမ်ထောင်မပြုပါနဲ့ လို့

မှာထားလို့ပါဆရာ။

ဆရာဝန် = တေ့လွဲ လွဲတာပဲ .. .. ။




Certificate

 

လူတစ်ဦးသည် ပိတ်စဆိုင်သို့ရောက်လာပြီး ပိတ်စ၀ယ်သည်။

“ ဟေ့… အဲ့ဒီပုလဲလုံးပုံလေးတွေပါတဲ့ ပိတ်စ ကိုက်တစ်ရာဖြတ်ပေးစမ်းဟေ့….”

ဆိုင်ရှင်က ၀မ်းသာအားရနဲ့ ဖြတ်ပေးသည်။

“ဟုတ်ပြီ…. အဲ့ဒီ အစကို တစ်ကိုက်စီ ဖြတ်ပေးအုံး….”

ဆိုင်ရှင်က ထပ်၍ဖြတ်ပေးသည်။

“ကဲ… ရပြီ… အဲ့ဒီအစတွေကို တစ်ပေစီပိုင်းပေးအုံး….”

ဆိုင်ရှင်က အနည်းငယ်အံ့သြပြီး မော့ကြည့်သည်။ ထိုလူက အတည်ပေါက်နှင့်ပင်….

“တစ်ပေစီလေ…ဖြတ်ဖြတ်..”

ဟု တိုက်တွန်း၍ ဆိုင်ရှင်က ထပ်ဖြတ်ပေးရသည်။ ဖြတ်ပြီးသောအခါ…

“ကဲ…. ကဲ….တော်တော်တော့ဟုတ်သွားပြီ… အခု အဲဒီအစမှာပါတဲ့ ပုလဲလုံးတွေ တွေ့လား… အဲ့ဒီတစ်လုံးစီထပ်ဖြတ်ပေး….”

“ဟင်…. ပုလဲလုံး တစ်လုံးစီ… ခင်ဗျားရူးနေလား…. ဗျ”

“ဟုတ်တယ်လေ… ရူးနေတယ်… ဒီမှာ လက်မှတ်

တောင်ပါသေးတယ်… ကြည့်အုံးမလား…”





+6
« Last Edit: September 05, 2011, 09:32:35 AM by tunaye2011 »

Offline Plus 1

  • ပထမနှစ်
  • *
  • Posts: 28
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +140
Re: အမောပြေဟာသမှတ်စု
« Reply #656 on: September 04, 2011, 12:17:00 PM »
GTC က လူသတ်မှုအကြောင်း

ဒီအကြောင်းလေးက အီးမေးထဲသို့ရောက်ရှိလာသော အကြောင်းအရာလေးပါမည်သူရေးသားတင်ပြခဲ့သည်ကို
မသိရှိသောကြောင့်၊ရေးသားတင်ပြသူအားလေးစားစွာဖြင့် ဤနေရာမှတင်ခွင့်ပြုပါရန် တောင်းဆိုပါသည်။
ဖြစ်ပုံကဒီလို............!!!!!!!
GTC မှာပေါ့နော် အရမ်းကိုချစ်ကြတဲ့သမီးရည်းစားနှစ်ယောက်ရှိတယ်တဲ့ သူတို့ကတစ်ယောက်နဲ့တစ်ယောက်
အရမ်းကိုချစ်ကြတာတဲ့ ဒါပေမယ့်တနေ့တော့ကောင်မလေးက ကောင်လေးဆေးသုံးစွဲတာကိုသိသွားတော့
အစပိုင်းတော့တားတာပေါ့ နောက်ဆုံးမရတော့ ဆေးကိုဖြတ်မှာ ကောင်မလေးကိုအဆက်သွယ်ဖြတ်မလား
လို့မေးတော့ ကောင်လေး ကအလွယ်ပဲ ဆေးကိုဖြတ်ပါ့မယ်လို့ပြောလိုက်တယ်အဲဒါနဲ့နောက်လဲကျရော
သူတကယ်ဆေးကိုမဖြတ်မှန်းလဲသိရောကောင်မလေး က အရွဲ့တိုက်ပြီး အခြားကောင်လေး တစ်ယောက်နဲ့
တွဲပြလိုက်တယ် အရမ်းချစ်ကြတဲ့ချစ်သူတွေဆိုတော့ ကောင်လေးက အရမ်းကြေကွဲပြီကောင်မလေးကို
ပြန်တောင်းပန်ပြီ ဆေးကိုဖြတ်ပါ့မယ့်လို့ကတိပေးလိုက်တယ် ပြီးတော့ သူတို့တွေ့နေကြနေရာလေးမှာ ကောင်လေးကကောင်မလေးကိုဆေးကြောင် ကြောင်ပြီးသတ်ပစ်လိုက်တယ်
ကောင်မလေးကိုယ်ကသွေးတွေက သူအင်္ကျီမှာပေကုန်တယ် ပြီးတော့မှကောင်လည်းလဲ သတိပြန်ဝင်လာတော့
သူလက်လွန်သွားမှန်းသိတော့ ကောင်မလေးအလောင်းကိုအဲနေရာမှာပဲမြုပ် ခဲ့ပြီး ပြန်သွားတယ် လူကလည်းရှင်းနေတာကိုးအိမ်ပြန်ရောက်တော့ကောင်လေးကမောမောနဲ့အိပ်ပျော်သွားတယ်အဲဒါနဲ့အိပ်နေရင်းနဲ့အိမ်မက်မက် တယ် ကောင်မလေး က နင့်အကျီကသွေးတွေကိုပျောက်အောင်ဖျောက် မဖျောက်ရင် နင်ဒုက္ခရောက်လိမ့်မယ် လို့ပြောတယ်။ အဲဒါနဲ့ကောင်လေးလဲ အိမ်မက်ကလန့်နှိုးလာပြီး သူအကျီ ကိုကြည့်တော့ သွေးတွေပေနေတယ် အဲဒါနဲ့ ဂယောင် ချောက်ခြားနဲ့ ချက်ခြင်းသွား လျှော်တယ်ဒါပေမယ့်ဘယ်လိုလျှော်လျှော် မပျက်ဘူးဖြစ်နဲ့တယ် အဲလိုဖြစ်နေတုန်း
မှာ ကောင်မလေးရဲ့ဝိညာဉ် ကပေါ်လာပြီး သူဆီက တစ်လှမ်းခြင်း တစ်လှမ်းခြင်း လျှောက်လာတယ်ကောင်လေးကလဲ ကြောက်အားလန့်အား နဲ့ အတင်းအကျီကိုပဲ သွေးပျောက်အောင် လျှော်တာပေါ့ ဒါပေမယ့် မပျက်ဘူး ကောင်မလေးကတဖြည်းဖြည်းနဲ့နီးလာတယ် အနားလဲရောက်ရော ကောင်မလေး ၀ိညာဉ်ကဟက်ဟက်ပက်ပက်ရယ်လိုက်တယ် ကောင်လေးလဲ လန့်နေတာပေါ့ ကောင်မလေး ၀ိညာဉ် ကမေးတယ် နင်ဖျက်လို့မရဘူးမလား တဲ့ ဘယ်ဖျက်လို့ ရပါ့မလဲ တဲ့.....................

(click to show/hide)



နောက်ဆုံးတော့လည်း ရေနွေးနဲ့ပဲ သေရတယ်


ရှေးရှေးတုန်းကပေါ့ဗျာ.... ငတက်လုံးဆိုတဲ့လူတစ်ယောက်ဟာ တိုင်းပြည်မှာအလုပ်အကိုင်ကရှားပါးတော့ ကြံရာမရဖြစ်ပြီး ရှင်ဘုရင်ရဲ့ ရွှေတိုက်ကိုဝင်ခိုးသတဲ့...ရှင်ဘုရင်ရဲ့ ရွှေတိုက်ကိုမှဝင်ခိုးရတာကလည်း အကြောင်းရှိတယ်ဗျ...တိုင်းပြည်ထဲမှာ

သူဝင်ခိုးရလောက်အောင် ဘယ်သူမှ မချမ်းသာဘူးလေ (ရှင်ဘုရင်ရဲ့ အမျိုးတွေကလွဲပြီးပေါ့)...ဒါနဲ့ရှင်ဘုရင်ရဲ့ရွှေတိုက်ကို

ဝင်ခိုးရာမှာ ကံဆိုးစွာနဲ့ပဲရဲမက်တွေသိသွားပြီး အဖမ်းခံရတော့တယ်...ရဲမက်တွေက ငတက်လုံးကို ဘုရင်ဆီခေါ်သွားတော့

ဘုရင်ကစစ်ဆေးမေးမြန်းမရှိ ပြစ်မှုထင်ရှားတယ်ဆိုပြီး တခါတည်း အမိန့်ချလိုက်တယ်..“ငါကိုယ်တော်မြတ်ရဲ့ရွှေတိုက်ကို

ဝင်ခိုးတဲ့ဒီငမိုက်သားကို ရွှေတစ်ပိဿာအရည်ဖျော်ပြီး ပါးစပ်ထဲလောင်း၍သတ်စေ”

ဒီလိုနဲ့ တိုင်းပြည်ရဲ့ တရားသူကြီးချုပ်ဆီရောက်တော့ တရားသူကြီးချုပ်ကစဉ်းစားတယ်..“အင်း....ဒီကောင်ကိုသတ်ဖို့ရွှေတစ်

ပိဿာမလိုပါဘူး ရွှေငါးဆယ်သားနဲ့လည်းသေနိုင်တာပဲ”လို့စဉ်းစားပြီးရွှေငါးဆယ်သားကို သူယူပြီး“ဒီ ငမိုက်သားကို ရွှေငါးဆယ်

သားအရည်ဖျော်ပြီးပါးစပ်ထဲလောင်း သတ်စေ”ဆိုပြီးမြို့တော်ဝန်ဆီ ပို့လိုက်တယ်...

မြို့တော်ဝန်ကလည်း ဒီလိုပဲ စဉ်းစားပြီး “ရွှေအစိတ်သားအရည်ဖျော်ပြီး ပါးစပ်ထဲလောင်းသတ်စေ”ဆိုကာသတ်မဲ့အာဏာပါးကွက်

သားဆီပို့လိုက်တယ်..သူကလည်းဘာထူးမှာလည်း ငတက်လုံးကိုခေါ်ပြီး“ဟဲ့ ငတက်လုံး မောင်မင်းကို ရေနွေးပူနဲ့လောင်းပြီးသတ်

စေလို့ရှင်ဘုရင်က အမိန့်တော်ချလိုက်တယ်...ကဲ ကဲပါးစပ်ဟထားရေနွေးပူနဲ့လောင်းပြီး သေဖို့တာပြင်ပေတော့”တဲ့



အေးဆေးပါ .. အဖိုးလေး..


မသစ္စာသည် အသက်အရွယ်ကြီးရင့်သူများကို မြတ်နိုးသူတစ်ယောက်ဖြစ်သည်...
တစ်နေ့ မသစ္စာတစ်ယောက် လမ်းလျှောက်ရင်း ... အဖိုးလေးတစ်ယောက်ကိုတွေ့လေ၏..
အဖိုးလေးပုံစံကလည်း စိတ်ဝင်စားစရာပါ...
လှုပ်ပက်လက်ကုလားထိုင်မှာ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ငြိမ့်နေလိုက်တာများ ...
ဘေးမှာက ကက်ဆက်တစ်လုံး..... ဖွင့်ထားတဲ့သီချင်းက ဟစ်ဟော့ ..
မြူးဇစ်အတိုင်း ဘေစ်လိုက်နေသေး... လက်တစ်ဖက်က ဂျာနယ်တစ်စောင် ....
လက်ကြားမှာက စီးကရက်. ....ရှေ့မှာက အချိုရည်ဗူး..
လောကကြီးအပေါ် တော်တော် ပျော်နေမယ့် ပုံစံပါပဲ...

မသစ္စာတစ်ယောက် မနေနိုင်တော့ပါ... အဖိုးလေးနားသို့သွားရင်း ..
နုတ်ဆက်စကား ဆိုလိုက်ပါသည်....
အဖိုးလေး နေကောင်းလား ... ဒီလိုပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘ၀လေးပိုင်ဆိုင်နိုင်အောင်.
ဘယ်လိုတွေများပြင်ဆင်ခဲ့သလဲပေါ့ .. အစားအသောက်တွေ ဘယ်လိုစားသလဲ..
ဘာတွေရှောင်သလဲ... ဘယ်လိုအားကစားတွေလုပ်သလဲ ..
ဘာဆေးတွေများ စားသလဲပေါ့...
အဖိုးလေးကတော့ ပေါ့ပေါ့ ပါးပါးလေးပါပဲ..
အိုး .. ကိုယ်တို့ကတော့ ဘာမှ မရှောင်ပါဗျာ...
တစ်ရက်ကို စီးကရက်တစ်ဗူး ... တစ်ပတ်ကို ၀ီစကီက တစ်ဖာ ...
ရှပ်ကာလေးတစ်မြုံပ်မြုပ်နဲ့ ..
အားကစားဆို ဘာမှမလုပ် ဒီလိုဘဲ ပျော်ပျော်နေလိုက်တာပဲ .. ဟုဆိုလေ၏...
ဒါနဲ့ပဲ " အဖိုးလေးအသက် ဘယ်လောက်ရှိပြီလဲ " ဟု မေးရာ ..
အဖိုးလေးဖြေလိုက်ပုံက ....
ကိုယ့် အသက်ကိုပြောတာလား .... အသက်က (၃၀)နှစ် ပါ ..
+6

Offline ကိုစိုင်း

  • ကျောင်းသားကြီး
  • **
  • Posts: 161
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +829
Re: အမောပြေဟာသမှတ်စု
« Reply #657 on: September 04, 2011, 12:26:12 PM »
တရုတ်သိုင်းကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်တွေကတော့

*မင်းသားရဲ့မိဘဖြစ်ရတဲ့သူတွေဟာကံမကောင်းတတ်ကြပါဘူးမင်းသားငယ်စဉ်ဘမှာရန်သူတွေသတ်တာခံရပြီး မင်းသားကမိဘမဲ့ဖြစ်သွားလေ့ရှိပါတယ်။

*ဒဏ်ရရပြီးသေလုမျောပါးဖြစ်နေတဲ့လူတွေဟာအသက်ကိုရအောင်ရှုပြီးသူ့ကိုဘယ်သူသတ်သလဲဆိုတာ ဖော်ထုတ်ဖို့စကားအနည်းငယ်ပြောပြီးမှ(သေကြောင်းပြတဲ့ အနေနဲ့) ခေါင်းကစောင်းကျသွားပါတယ်။

*သိုင်းပညာရှင်တွေဟာခေါင်မိုးတွေသစ်ပင်တွေပေါ်မှာအဝေးကြီးကိုချွေးလုံးဝမထွက်ဘဲပျံနိုင်ပါတယ်။ ဒါပေမယ့်တခြားမြို့တွေရွာတွေကိုခရီးထွက်တဲ့အခါတွေမှာတော့လမ်းလျှောက်ပြီး(ဒါမှမဟုတ်) မြင်းစီးပြီးသွားကြရရှာပါတယ်။

*မင်းသားသူရဲကောင်းတွေဟာပိုက်ဆံရဖို့အတွက်အလုပ်မလုပ်ပေမယ့်ဝယ်စားတဲ့အစားအစာတွေအတွက် ပေးဖို့ ရွှေတုံးငွေတုံးတွေ သူတို့မှာ အမြဲရှိနေတတ်ပါတယ်။

*တိုင်းပြည်က ဘယ်လောက်ကြီးကြီး၊ ဘယ်နေရာတွေမှာပဲရောက်နေနေမင်းသားနဲ့လူဆိုးတွေဟာ မကြာခဏ လမ်းမှာဆုံလေ့ရှိကြပါတယ်။

*အတွင်းဒဏ်ရာတွေ ကုသရတာလည်း အရမ်းလွယ်ကူပါတယ်။တင်ပလင်ခွေထိုင်၊ဒူးခေါင်းပေါ်မှာ လက်တွေတင်ပြီးရင် ခေါင်းက မီးခိုးတွေထွက်သွားတာနဲ့ပျောက်ပါပြီ။

*သူတို့ဟာ အကျီလက်တွေ ခါးပတ်တွေထဲမှာ ပစ္စည်းတွေအများကြီး(အထူးသဖြင့်ရွှေတုံးငွေတုံးတွေ) ထည့်နိုင်ပြီး ဘယ်တော့မှလည်းပြုတ်မကျကြပါဘူး။
+7

Offline ကိုစိုင်း

  • ကျောင်းသားကြီး
  • **
  • Posts: 161
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +829
Re: အမောပြေဟာသမှတ်စု
« Reply #658 on: September 04, 2011, 12:40:26 PM »
ကုလားကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်တွေကတော့

*မင်းသားဟာအပြင်းထန်ဆုံး အရိုက်အနှက်ခံနေရချိန်မှာတောင်နာကျင်ပုံမပြပေမယ့်မင်းသမီးက အနာကို သန့်စင်ပြီးဆေးထည့်ပေးတဲ့အခါမှာတော့နာကျင်ပြီးတွန့်သွားတတ်ပါတယ်။

*မင်းသားနဲ့မင်းသမီးဟာ မိုးရေထဲမှာ အရင်မ”က”ရသေးသရွေ့ ချစ်သူမဖြစ်ရပါဘူး။

*မိတ်ကပ်တွေဟာလည်းတစ်ခါလိမ်းပြီးရင်မိုးရွာရွာနေပူပူဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ဒီအတိုင်းပဲရှိနေပါတယ်။

*မင်းသားနဲ့မင်းသမီးချစ်သူနှစ်ယောက်ကွင်းပြင်ထဲမှာကနေတုန်းရုတ်တရက်(ဘယ်ကရောက်လာသလဲဆိုတာဘုရားပဲ သိနိုင်တဲ့) လူ(၁၀၀)လောက်ထွက်လာပြီး သူတို့နဲ့အတူ ၀င်ကလေ့ရှိပါတယ်။

*ဇာတ်သိမ်းခန်းကျရင်မင်းသားဟာသူနဲတိုက်ခိုက်နေတဲ့လူဆိုးကသူအစ်ကိုဖြစ်ကြောင်းသူကိုကြည့်ရှုစောင့်ရှောက်နေတဲ့အိမ်ဖော်မိန်းမကြီးကသူ့အမေဖြစ်ကြောင်း၊ရဲအရာရှိကြီးကသူ့အဖေဖြစ်ကြောင်း၊တရားသူကြီးကသူ့ဦးလေးဖြစ်ကြောင်း စသည်ဖြင့် စသည်ဖြင့်ဖော်ထုတ်သိရှိသွားတတ်ပါတယ်။

*ရုပ်ရှင်ထဲကစကားတွေကြားမှာခပ်ကျယ်ကျယ်ပြောပြီးအများဆုံးညှပ်သုံးတတ်တဲ့အင်္ဂလိပ်စကားလုံးတွေကတော့
“No Problem”, “MyGod!”, “Get Out!”, “Shut
Up!”, “Impossible” နဲ့ “Please forgive me!”တို့ဖြစ်ပါတယ်။

*မင်းသားမင်းသမီးတွေဟာ သီချင်းဆိုနေတုန်းမှာပဲ မြေကြီးပေါ်လှဲချပြီးလူးလှိမ့်နိုင်သလို အ၀တ်အစားတွေလဲ
အမျိုးမျိုးပြောင်းနိုင်ကြပါတယ်။

သူတိုတွေဟာအုန်းပင်တွေကြားမှာပြေးလွှားခြင်းသီချင်းဆိုခြင်းမျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်ခြင်းတစ်ယောက်နဲတစ်ယောက်ဖြတ်ကနဲအကြည့်ချင်းဖလှယ်ခြင်း၊အ၀တ်အစားလဲခြင်းများကိုတပြိုင်ထဲမှာလုံးမမောမပန်းဘဲလုပ်နိုင်ကြပါတယ်။
+6

Offline ကိုစိုင်း

  • ကျောင်းသားကြီး
  • **
  • Posts: 161
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +829
Re: အမောပြေဟာသမှတ်စု
« Reply #659 on: September 04, 2011, 12:42:23 PM »
ထင်တာကတခြား

“တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှပါသမျှလုယက်သွားတယ်ဆိုတာဟုတ်သလား ”
“ဟုတ်ပါတယ် ၊ တရားသူကြီးမင်း ”
“ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ”
“ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ်မထင်ခဲ့မိလို့ပါရှင်” ;D ;D



ပြင်ပအစားအစာ

“ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် ။မြန်မြန်သွားကယ်ကြရအောင်”
“ဟင်း ….. တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာပြင်ပအစားအစာတွေလုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် ”

ယောက်ျားဆိုတာ

“ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ၊အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် ”
“ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ ”

လိုချင်ရင်ပြောပါ

“ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊အရိုးနဲ့အရေခွံချည်းပဲ”
” ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား”
+7
« Last Edit: September 05, 2011, 09:35:21 AM by tunaye2011 »

Tags: