Author Topic: အမောပြေဟာသမှတ်စု  (Read 476629 times)

0 Members and 1 Guest are viewing this topic.

Offline JA. Nuclear

  • စီနီယာ
  • ***
  • Posts: 218
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +1631
Re: အမောပြေဟာသမှတ်စု
« Reply #620 on: September 02, 2011, 12:36:38 AM »
မြန်မာပြည်အစိုးရက ရုပ်အချောဆုံးလူကို သေဒဏ်ပေးပြီး ရုပ်အဆိုးဆုံးလူကို ဒေါ်လာတစ်သန်းပေးမယ်လို့ ဥပဒေသစ်တစ်ခု ပြဌာန်းလိုက်တယ်။

စာဖတ်နေတဲ့မိတ်ဆွေ...သင်တော့ သန်းကြွယ်သူဌေး 
ဖြစ်တော့မယ်။ကျွန်တော်ကတော့ အသက်မခံရအောင်
ပုန်းနေရတော့မယ်။
+4
သတိထားနေ။ဖက်နမ်းမိမယ်။

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #621 on: September 02, 2011, 03:16:59 AM »
သူငယ်တန်းရည်းစားစာ

သူငယ်တန်းတွင် ကလေမလေးတစ်ယောက် ငိုမဲ့ငိုမဲ့နှင့် အတန်းရှေ့သို့ ထွက်လာကာ

"   ဆရာမ သူကသမီးကို ရည်းစားစာပေးတယ် " ဟုပြောကာစာရွက်ခေါက်လေးကိုင်ထားသည် ။

ဆရာမက  " ဟုတ်လားပြပါအုံး "

စာရွက်ထဲတွင်ရေးထာတာက " ၀၀၀၀၀၀၀၀၀ ။ ၀၀၀၀၀၀၀၀   "  (၀လုံး)


ခါးသာတို့လိုက်ပါ

အတန်းထဲတွင် ကလေးတယောက် အိမ်မှယူလာသော အရုပ်ကို သူ၏အတန်းဖော်အားကြွားနေသည် ။

"  ငါ့အရုပ်ကမိုက်တယ် ခါးကိုတို့လိုက်ရင် I love you လို့ အော်တယ်သိလား   "

အတန်းဖော်က "  ဟာ....ဟုတ်လား....ဒါဆိုရင် ကိုယ်ကြိုက်တဲ့ကောင်မလေးရှေ့ရောက်ရင် အရုပ်ကိုခါးတို့လိုက်ရုံပဲလေ...  "


ဖယောင်းတိုင်တီဗီ

ကလေးတစ်ယောက် ဘေးအိမ်သို့ တီဗီသွားကြည့်ရာ မီးပျက်သွားလို့အိမ်ကိုပြန်လာသည် ။

ကလေး   -   အမရေး.........ဟိုဘက်အိမ်ကလူတွေက တော်တော်ညစ်ပတ်တယ်သိလား.....(မကျေနပ်တဲ့အသံနှင့်)

အမ       -   ဘာဖြစ်လို့လဲ..

ကလေး   -   တီဗီကြည့်နေတုန်း မီးပျက်သွားတော့....ကလေးတွေပြန်ကြ မီးပျက်သွားပြီတဲ့.....ဖယောင်းတိုင်ထွန်းပြီး ပြလို့ရရဲ့သားနဲ့.... မပြချင်တိုင်း....ဟွန်း......


+1

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #622 on: September 02, 2011, 03:27:36 AM »
မူလအတိုင်း
အသက်တော်တော်ကြီးနေပြီဖြစ်တဲ့ အပျိုကြီးတစ်ယောက်ရှိပါတယ်။
 တနေ့မှာတော့ သူမက သုဘရာဇာဆီမှာအခေါင်းသွားအပ်ပါတယ်။ သေရင်အဆင်သင့် ဖြစ်အောင်လို့ပါ။

သူမက သုဘရာဇာကို ပြောပါတယ် "ကျမကဒီနေ့အထိအပျိုစင်တစ်ယောက်ဖြစ်ပါတယ်၊

ဒါကြောင့်ကျမသေတဲ့အခါ  အားလုံးသိအောင် အခေါင်းဘေးမှာ အပျိုစင်ဖြစ်ကြောင်း ရေးပေးပါ"လို့ပြောပြီး အခေါင်းအပ်သွားခဲ့ပါတယ်။ မကြာခင်မှာပဲ သူမသေသွားပါတယ်။

သုဘရာဇာကတော့ ဘယ်လိုရေးပေးရမလဲဆိုတာကို စဉ်းစားလို့မရတဲအဆုံး ဒီလိုရေးပေးလိုက်ပါတယ်

" မူလအတိုင်းအသုံးမပြုပဲပြန်ပို့လိုက်သည်"
+2

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #623 on: September 02, 2011, 03:31:50 AM »


တစ်ဝက်ခ
ချူချာတစ်ယောက် taxi စီးလာသည်။ လိုရာခရီးသို့ရောက်သောအခါ ချူချာက ရူဘယ်တစ်ရာထုတ်ပေးသည်။
"ဘာလို့ ၁၀၀ ထဲပေးရတာလဲဗျ။ ရူဘယ် ၂၀၀ ကျတယ်ဗျ"
ဟု ဒရိုင်ဘာကမကျေမနပ်ပြောသည်။
ချူချာပြန်ဖြေလိုက်သည်က
"ခင်းဗျားလဲစီးတာပဲလေ"
+3
« Last Edit: September 02, 2011, 09:43:57 AM by tunaye2011 »

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #624 on: September 02, 2011, 03:32:33 AM »
ဖဲပစ်မှားလို့
မိမိဧ။် တပည့်ဖြစ်သူကို ဖဲဝိုင်းတွင်ဖဲကစားနေသူကို ဆရာမက တပည့်ဧ။် နားရွက်ကို ဆွဲလိမ်လိုက်သည်။
"မင်းကိုဆရာမ ဘာကြောင့်ဒဏ်ခတ်တယ်ဆိုတာ သိရဲ့လား"
"သိပါတယ်၊ ဖဲပစ်မှားလို့ပါ"

ကြောင်လမ်းပြ
"အိမ်ကကြောင်ကို သွားပစ်လိုက်လို့မိန်းမကပြောလို့တစ်နေ့က တောထဲသွားပစ်ခဲ့တယ်"
"အိမ်ကိုကြောင်ပြန်မလာဘူးမဟုတ်လား"
"ပြန်မလာဘူး။ဟုတ်လား။ သူ့နောက်ကိုသာ မလိုက်ခဲ့ရင် ကျုပ်တောင် အိမ်ပြန်ရောက်မှာ မဟုတ်ဘူး၊ပြန်လမ်းကိုကျုပ် မမှတ်မိဘူးလေ"
+2

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #625 on: September 02, 2011, 03:47:22 AM »
ဒီစာကို မဖတ်ပါနဲ့။
ကျနော်ပြောမယ်။ ဒီစာကို မဖတ်ပါနဲ့။
ဘာကြောင့်လဲဆိုတော့ ဒီစာကို ဖတ်လို့ခင်ဗျားအတွက် ဘာမှအကျိုးရှိမှာ မဟုတ်ဘူး။
တကယ် အကျိုးမရှိလို့ မဖတ်ရဆိုပြီး ခေါင်းစဉ် တပ်ထားတာပေါ့။
ခင်ဗျား ဆက်ဖတ်တာဟာ ခင်ဗျားရဲ့ ရွေးချယ်ပိုင်ခွင့်ပါ။
တားမြစ်လို့ မရပါဘူး။
ဒါပေမယ့် လုံးဝမဖတ်ဖို့ ကျနော် ပြောချင်ပါတယ်။
ပြောနေရင်းနဲ့တောင် ခင်ဗျားဆက်ဖက်နေသေးတယ်နော်။
ကျနော်က ခင်ဗျား အတွက်ပြောနေတာပါ။
ခင်ဗျားဒါကို နားမထောင်ဘဲ ဆက်ဖတ်နေတာ ခင်ဗျားအတွက် အကျိုး လုံးဝမရှိလို့ပါ။
အခုတောင် ခင်ဗျား ဖတ်လာတာ စာကြောင်းရေ တော်တော်များလာပြီ။
ကျနော်ကခင်ဗျား အကျိုးကို ရှေးရှူပြီး မဖတ်စေချင်တာပါ။
ဆက်မဖတ်နဲ့တော့နော်။
လုံးဝကို အကျိုး မရှိဘူး။
အကျိုး လုံးဝလုံးဝမရှိပါ။
အကျိုးမရှိတာကို မြန်မာလို ဒီထက်ရှင်းအောင် ကျနော်ပြောမပြတတ်တော့ဘူး။
အလားတူဘဲ မဖတ်ပါနဲ့ကိုလည်း ဒီထက်ရှင်းအောင် မြန်မာလို ရှင်းမပြတတ်ဘူး။
ဒီတော့ရှင်းရှင်းပြောမယ်။
ဆက်မဖတ်နဲ့။
ပြောနေရင်းနဲ့တောင် ခင်ဗျားဖတ်လာတာများသထက်များလာပြီ။
ကျနော် ဘယ်လိုပြောရမလဲဗျာ၊ မဖတ်ပါနဲ့။
ဟုတ်ပြီလား၊ မဖတ်နဲ့တော့။
ဒီစာထဲမှာ ဘာမှပါမှာ မဟုတ်လို့မဖတ်နဲ့လို့ ပြောနေရတာပေါ့ဗျာ။
လူ့စိတ်ကလည်းအခက်သား၊မဖတ်ပါနဲ့ဆို တိုးလို့ဖတ်ချင်တယ်။
ခင်ဗျား တိုးလို့ဖတ်လေ၊ ကျနော်ကမဖတ်ဖို့ တားမြစ်ရလေဘဲဗျာ။
မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့မဖတ်စေချင်လို့ပါ။
အခုပြောရင်းနဲ့ စာတောင်တော်တော် ရှည်သွားပြီ။
ဒါဘဲ။ ကျနော်ပြောမယ်။


(ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။)
+2

Offline lu soe lay

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 747
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • အားပေးတယ် ဆိုရင် အတ်ဗုတ်လုပ်ခဲ့ကြအုံးနော်
  • Respect: +6412
Re: အမောပြေဟာသမှတ်စု
« Reply #626 on: September 02, 2011, 05:20:51 PM »
ကထိကရဲ့ အဓိပ္ပါယ်က ဘာလဲ?

... .... ..... ကထိကဆိုတာ အခြားလူတွေအိပ်နေတဲ့အချိန်မှာ အလိုက်ကမ်းဆိုးမသိ ပြောချင်ရာတွေ ပြောတတ်တဲ့အကျင့်ဆိုးရှိတဲ့ လူတစ်ယောက် ဖြစ်ပါသည်။


+6
အားပေးတယ် ဆိုရင် အတ်ဗုတ်လုပ်ခဲ့ကြအုံးနော်

Offline lu soe lay

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 747
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • အားပေးတယ် ဆိုရင် အတ်ဗုတ်လုပ်ခဲ့ကြအုံးနော်
  • Respect: +6412
Re: အမောပြေဟာသမှတ်စု
« Reply #627 on: September 02, 2011, 05:21:51 PM »
စာမေးပွဲဆိုတာ ချစ်သူမိန်းကလေးလိုပါပဲ။

မေးခွန်းတွေအများကြီးမေးတယ်။ နားလည်ဖို့ ခက်ခဲတယ်။ အများကြီး ရှင်းလင်းဖြေဆိုရတယ်။ နောက်ဆုံးရလဒ်ကတော့ အမြဲတမ်း ကျရှုံးမှုပဲ။


+2
အားပေးတယ် ဆိုရင် အတ်ဗုတ်လုပ်ခဲ့ကြအုံးနော်

Offline lu soe lay

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 747
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • အားပေးတယ် ဆိုရင် အတ်ဗုတ်လုပ်ခဲ့ကြအုံးနော်
  • Respect: +6412
Re: အမောပြေဟာသမှတ်စု
« Reply #628 on: September 02, 2011, 05:23:08 PM »
တက္ကသိုလ်ကောလိပ် ဥပဒေသ (၃)ချက်

စာသင်ခန်းများအတွင်း၌ ဆူညံမှုမပြုရ၊ တိတ်ဆိတ်ငြိမ်သက်စွာ နေရမည်။

အဘယ်ကြောင့်ဆိုသော် အခြားသူများ အိပ်မောကျနေသောကြောင့် ဖြစ်သည်။ စာသင်ခန်းလာရာတွင် သင်တို့၏ လွယ်အိတ်များကို မမေ့မလျော့ ယူဆောင်လာရမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို ခေါင်းအုံးအဖြစ် အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။ ကျောင်းပုရိဝုဏ်ကို သန့်ရှင်းအောင် လုပ်ဆောင်ရမည်။ ထို့ကြောင့် ညစ်ပတ်အောင် အရင်လုပ်ရမည်။
+4
အားပေးတယ် ဆိုရင် အတ်ဗုတ်လုပ်ခဲ့ကြအုံးနော်

Offline lu soe lay

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 747
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • အားပေးတယ် ဆိုရင် အတ်ဗုတ်လုပ်ခဲ့ကြအုံးနော်
  • Respect: +6412
Re: အမောပြေဟာသမှတ်စု
« Reply #629 on: September 02, 2011, 05:25:15 PM »
ဒီအတိုင်းပါပဲ

မိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့် အသက် ၉၃ နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည်သူ၏ ဆရာဝန်ထံ ရောက်လာပြီး သူတို့ကလေးရတော့မည့်အကြာာင်း ပြောပြလေသည်။
ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။
'ကျွန်တော် ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တခါတုန်းက အလွန်သတိမေ့တတ်တဲ့ လူတယောက်ဟာ
အမဲလိုက်ထွက်ပါတယ်၊ သေနတ်ကို ယူရမယ့်အစား ထီးတလက်ပဲ ယူသွားပါတယ်၊ တောထဲမှာ ဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ပက်ပင်းတိုးမိတော့ သူက လက်ထဲမှာပါတဲ့ ထီးနဲ့ ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့၊
အဲဒီမှာ ခြင်္သေ့ကြီးလည်း တုန်းခနဲ လဲကျသေဆုံးသွားပါရော'
'ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊ တယောက်ယောက်က ဝင်ပြီး ပစ်လိုက်လို့ နေမှာပေါ့'
'အခုလဲ ဒီအတိုင်းပါပဲခင်ဗျား'



+5
အားပေးတယ် ဆိုရင် အတ်ဗုတ်လုပ်ခဲ့ကြအုံးနော်

Tags: