Author Topic: အမောပြေဟာသမှတ်စု  (Read 455967 times)

0 Members and 2 Guests are viewing this topic.

Offline ဖရာရှက်

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5054
Re: အမောပြေဟာသမှတ်စု
« Reply #590 on: August 31, 2011, 12:35:19 PM »
စာကြောင်းတွေမဆံ့တော့လို့ ပြီးအောင်ဆက်ရေးလိုက်ဦးမယ်ဗျာ
စိတ်ဝင်စားမယ် ထင်ပါတယ်


"( အမျိုးသမီးကြီး….)
ဒီမှာရှင်ဘယ်သူ့ကိုစောင်းပြောနေတာလဲ ကျွန်မဘာသာလူလည်မ
မကလို့ပန်ကာမပဲဖြစ်ဖြစ် ရဟတ်မပဲဖြစ်ဖြစ် ရှင်နဲ့ဘာဆိုင်သလဲ
ယောက်ျားကြီးဖြစ်ပြီး အတင်းကလည်းပြောသေး ရှင့်သားလို အိုဖြစ်နေတဲ့
အောက်လမ်းကသွားတဲ့သူမျိုးကိုဘယ်သူကမှ စိတ်လည်းဝင်စားမှာမဟုတ်ဘူးပူမနေနဲ့"


“(အမျိုးသားကြီး…)
အတင်းမပြောရပေါင်ဗျာ ခင်ဗျားနောက်ကွယ်မှာပြောမှအတင်းဖြစ်တာပေါ့
ခုကဘေးတင်ပြောနေတာ အတင်းလည်းမပြောဘူး လုလည်းမပြောဘူး အမှန်ကိုပြောနေတာ
ကျုပ်သားကိုကျုပ်စိုးရိမ်လို့မှာတာ
အောက်လမ်းကပဲသွားသွားအထက်လမ်းကပဲသွားသွား ဘယ်လိုပဲဖြစ်ဖြစ်
နိုင်ငံခြားတော့ရောက်သွားတာပဲမှတ်လား
ကျုပ်သားလေးကျုပ်တို့ကို လုပ်ကျွေးနေတာဗျ ခင်ဗျားတို့လို ခေတ်မီချင်လို့
ကြွားချင်လို့ ငွေကုန်ခံပြီးသားသမီးကိုအဝေးပို့ထားတာမဟုတ်ဘူး
ဘယ်နှယ့်ဗျာကိုယ့်လည်းတတ်နိုင်သားနဲ့ သားသမီးကိုများ ဂုဏ်ပြိုင်ချင်လို့
မိဘရင်ငွေ့နဲ့ဝေးတဲ့နေရာပို့ထားရက်တာ အံ့သြမဆုံးဘူး"


"(အမျိုးသမီးကြီး ခါးထောက်မတ်တပ်ရပ်လျက် …..)
ရှင် ရှင် လူပါးဝလှချည်လား ကျုပ်တို့ဘာသာဘာလုပ်လုပ် ဖြစ်နိုင်ရင်
ကျုပ်တို့ကလေ သားသမီးကို အဝေးတင်မကဘူး သိကြားမင်းနေတဲ့ တာဝတ
ိံသာတောင်ပို့ချင်သေးတာ မြင့်ချင်သလောက်မြင့်ပစေ
ဘာဖြစ်လဲဂုဏ်ပြိုင်တော့ ပြိုင်စရာရှိမှပြိုင်လို့ရတာ
ရှင်တို့လိုတောသားတွေကတော့ဒါမျိုးဘယ်နားလည်ပ့ါမလဲ ခုခေတ်ကဒီလိုပဲရှင့်
နိုင်ငံခြားသွားတဲ့ခေတ်
နိုင်ငံခြားမှာနေမှ လူရာဝင်တဲ့ခေတ်လေ
ရှင်တို့ကမိုးလင်းကမိုးချုပ်လယ်ကွင်းထဲမှာ
ရွှံ့တွေဗွက်တွေထဲကမတက်စတမ်းအလုပ်လုပ်နေကြရတာကိုး ဒါတွေမသိတာမဆန်းပါဘူး"


“(အမျိုးသားကြီး ဒေါသထွက်သွားသောပုံစံဖြင့်….)
ဘာဗျ ကျုပ်တို့တွေ အဲဒီလိုလယ်ထွန်ပြီးစပါးစိုက်ထားလို့ခင်ဗျားတို့
စားနေတဲ့ ဆန်ဆိုတာရတာ
စားပြီးနားမလည်ဆိုတာ
ခင်ဗျားလို့လိုလူကုံထံဟန်ဆောင်ထားတဲ့သူတွေကိုပြောတာဖြစ်မယ်
ကျုပ်ကိုပြောချင်သလောက်ပြောရတယ် လယ်သမားတွေရဲ့ဘ၀တွေကိုမစော်ကားနဲ့ဗျ
ခင်ဗျားဗျာ မိန်းမဖြစ်နေလို့
မဟုတ်ရင်တော့လက်သီးတစ်လုံးလောက်တော့ကျွေးလိုက်ပြီ"


"(အမျိုးသမီးကြီး ဆွေ့ဆွေ့ခုန်လျက်……….)
အောင်မယ် လုပ်ရဲလုပ်ကြည့်စမ်းပါ ကျုပ်လက်ဝါးကလည်း ပါးမရွေးဘူးရှင့်
ငြိမ်ခံနေမယ်များမှတ်သလား သူများသေးသေးတင်မခံချင်လို့နာမည်ကိုက
မူယာလို့ပေးထားတာ သေးသေးတင်မပါဘူးသိလား"


“( အမျိုးသားကြီး….)
အေးလေ ဒါကြောင့် အမေရောသမီးရော မူယာမာယာများနေကြတာပေါ့
မူရင်းကောင်းမှမိတ္တူကောင်းမယ်ဆိုတဲ့စကားသိပ်မှန်တာပဲကိုး
ခင်ဗျားမိဘတွေ နာမည်ပေးတာတကယ်တော်တယ်ဗျာ ဒီမှာ ဒေါ်မူယာမာယာကြီးကျုပ်ကလည်း
သံခဲတဲ့ တစ်ခဲတည်းရှိတာ နှစ်ခဲရှိလို့ကတော့ အရည်ကျို
မီးမြှိုက်ပစ်လိုက်မယ် တစ်ပွဲတစ်လမ်းစမ်းချင်လို့လား အဒေါ်ကြီး လာလေ
မိန်းမဆိုပြီး ညှာမယ်မထင်နဲ့"


“(ဆိုင်ရှင်ကောင်မလေးနှင့် ကောင်လေး …)
ဟာ……. ဦးလေးတို့ အန်တီတို့ တော်ကြပါတော့ ရန်မဖြစ်ကြပါနဲ့ internet
ဆိုင်ကရန်ပွဲဆိုပြီး ဟိုချောကလက်မြို့က ကုန်ကြမ်းရှာနေတဲ့ တွေတို့က bLog တွေထဲထည့်ရေးအင်တာနက်ပေါ်တင်လိုက်လို့
ကျွန်မတို့ဆိုင်နာမည်ပျက်နေပါ့မယ်"


ပြီးပြီဗျာ
+5

Offline emperor7

  • ပထမနှစ်
  • *
  • Posts: 7
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +55
Re: အမောပြေဟာသမှတ်စု
« Reply #591 on: August 31, 2011, 03:51:48 PM »
သူပါပဲ

မော်စကိုမြို့စွန်ရှိ ဘားတခုတွင် လူတယောက်ဘီယာထိုင်သောက်နေသည်။ မယ်သီလရင်တယောက် လမ်းလျှောက်လာသည်။ ထိုလူရှေ.တွင်ရပ်လိုက်ပြီး ပြစ်တင်ရှုံ.ချသောလေသံဖြင့် ပြောသည်။
"လမ်းမှားရောက်နေတဲ.သူတွေ၊ သူခိုးဂျပိုးတွေ ကျက်စားတဲ့ နေရာမှာမှ ရှင်မို့ အချိန်လာဖြုန်းနေတယ်။"
"ဒီမှာ ထိုင်ပြီး ဘီယာလာသောက်တာနဲ. မကောင်းဘူးလို့ ပြောလို့မရပါဘူး စစ္စတာရယ်၊ ကျွန်တော်က အေးအေးဆေးဆေး ဘီယာပဲထိုင်သောက်နေတာပါ။"
"ဒါပေမဲ. အရက်သေစာသောက်တာ ဘုရားသခင် မကြိုက်ဘူး"
"နေပါဦး,စစ္စတာကကော စမ်းသောက်ကြည့်ဖူးလို.လား?"
"ဘယ်တော့မှ မသောက်ဘူး" ဒေါသသံနှင့် စစ္စတာအန်နာ ပြန်ပြောသည်။
"မသောက်ကြည့်ပဲနဲ. မကောင်းတဲ.အလုပ်လို. ဘယ်လိုပြောလို. ရမှာလဲ၊ လာပါ တခွက်လောက် သောက်လိုက်၊ ကျွန်တော် တိုက်ပါ့မယ်။"
"ဟင့်အင်း,ဘာလဲ မယ်သိလရှင် ဘီယာသောက်တာကို လူတွေမြင်စေချင်လို.လား?"
"ဪ,ဒီအတွက် စိတ်မပူပါနဲ.၊ဘီယာသောက်တာမသိအောင် ကော်ဖီခွက်ထဲ ထည်.တိုက်မယ်လေ၊ ဘယ်လိုလဲ?"
ခက်ခက်ခဲခဲ ဆုံးဖြတ်ရဟန်ဖြင့် စစ္စတာအန်နာ ခေါင်းငြိမ့်သည်။
ဘားကောင်တာဘက်သို့  လျှောက်သွားသည်။ ကောင်တာမှ ဘားမင်းကို အော်ဒါပေးလိုက်သည်။
"ဘီယာ၂ခွက်ထည့်ပေးပါ။ တခွက်က ကော်ဖီခွက်နဲ့ ဖြစ်ပါစေ"
ဘားမင်း ခေါင်းမော့ပြီး ပြန်မေးသည်။
"ဘာလဲ၊ စစ္စတာအန်နာ ရောက်နေပြီလား...?"  :)
+6

Offline grandpashawng

  • စီနီယာ
  • ***
  • Posts: 303
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • never never never give up
  • Respect: +2310
Re: အမောပြေဟာသမှတ်စု
« Reply #592 on: August 31, 2011, 10:49:37 PM »
သူမ၏ပထမဆုံးအတွေ့အကြုံ

ယခုကိစ္စသည် သူမဘ၀အတွက် ပထမဆုံးကိစ္စပင်ဖြစ်ပါသည်။

သူမသည် ကျောခင်းကာလှဲအိပ်ရင်း ကြွက်သားများကိုတောင့်ထားမိလေသည်။

သူ့ကိုငြင်းဆန်ရန် အကြောင်းပြချက်မျိုးစုံကို စဉ်းစားရင်း တတ်နိုင်သလောက်အေချိန်ဆွဲနေမိသည်။

သို့သော် သူကတော့ လုံးဝလက်လျော့ဟန်မပြပဲ သူမအနားသို့ တိုးကပ်...လာလေသည်။

ကြောက်နေသလားဟု မေးသောအခါတွင် သူမကရဲဝံ့စွာခေါင်းခါပြမိသည်။

သူသည် ယခုလိုကိစ္စများတွင် အတွေ့အကြုံရင့်ကျက်သောသူတယောက်ဖြစ်ပါသည်။ သူ၏လက်ချောင်းများသည် နေရာမှန်ကို ရှာဖွေတွေ့ရှိသွားကြသည်။

အထဲထိနိုက်စမ်းလိုက်သောအခါ သူမ နာကျင်မှုဖြင့်တကိုယ်လုံးတုန်ခါသွားပြီး အကြောအခြင်များတောင့်တင်းသွားသည်။

သူသည် ပြောထားသလိုပင် ညင်ညင်သာသာပြုလုပ်ကြောင်းသူမသိပါသည်။

သူက သူမမျက်ဝန်းကိုစိုက်ကြည့်ရင်း စိတ်မပူရန်၊ သူ့အနေနှင့် အတွေ့အကြုံအများကြီးရှိကြောင်းထပ်ပြောပြန်သည်။

သူပြုံးပြသောအခါ သူမ စိတ်ကိုလျော့ချလိုက်ပြီး သူအတွက်လွယ်ကူစေရန် တတ်နိုင်သမျှကျယ်ကျယ်ဟပေးထားလိုက်သည်။

သူ့ကိုမြန်မြန်ကိစ္စပြီးအောင် ပြုလုပ်ရန် အကြိမ်ကြိမ်တောင်းပန်မိလေသည်။

သို့သော်သူကတော့ ဖြည်းဖြည်းမှန်မှန်သာ ဆက်လုပ်ပါသည်။

နောက်တကြိမ်တွင်အသားမျှင်များစုတ်ပြတ်ပြီး တကိုယ်လုံးနာကျင်မှုကိုခံစားလိုက်ရသည်။ သွေးအနည်းငယ်ထွက်လာသည် ကိုလည်း သူမသိရှိလိုက်သည်။

အရမ်းနာသလားဟု သူကထပ်မေးနေပြန်သည်။

မျက်ရည်များပြည့်လျှံနေသော်လည်း မနာသယောင်ခေါင်းခါက ဆက်လုပ်ရန် ခေါင်းညိမ့်ပြလိုက်မိသည်။ သူက ကျွမ်းကျင်စွာ ဆက်လုပ်နေသော်လည်း သူဘာလုပ်နေမှန်းမသိအောင် သူမစိတ်လှုပ်ရှားကာထုံပေပေဖြစ်နေမိသည်။

အတန်ကြာသော် သူမမှအရည်အချို့ တာကျိုးသလိုပေါက်ထွက်သွားသည်ကို ခံစားရပြီး သူသည် အရာတစ်ခုကိုအောင်မြင်စွာ အပြင်သို့ထုတ်လိုက်လေသည်။

သူမ သက်ပြင်းမောများ ရှိုက်ထုတ်နေရင်း ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကို ၀မ်းသာပျော်ရွှင်နေမိသည်။ သူကနွေးနွေးထွေးထွေး ပြုံးပြရင်း တော်တော် ကိုင်ရတွယ်ရခက်တဲ့ ခလေးမဟု ရေရွတ်လေသည်။

သူမကလည်းမချိပြုံးလေးပြုံးပြလိုက်ပါသည်။

ထို့နောက် ကျေးဇူးတင်စကားကို သူ့အား ပြောလိုက်လေသည်။

 

မှတ်ချက်။       ။အထက်ပါအဖြစ်ပျက်မှာ သူမ၏ သွားနုတ်သည့်နေ့မှ ပထမဦးဆုံးအတွေ့ကြုံဖြစ်ပါသည်။

                      copy form myanmarhumour
0
လောကမှာ တတ်သိတဲ့လူတွေများတယ်၊ ဒါပေမဲ့ သိတတ်တဲ့လူတွေတော့ နည်းတယ်..

Offline grandpashawng

  • စီနီယာ
  • ***
  • Posts: 303
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • never never never give up
  • Respect: +2310
Re: အမောပြေဟာသမှတ်စု
« Reply #593 on: August 31, 2011, 11:00:03 PM »
ထပ်လိုသေးလား မိန်းခလေးရယ် ...


အမျိုးသား: မင်းငါ့ကို လက်ထပ်နိုင်မလား ..
အမျိုးသမီး: ရှင့်မှာ ကိုယ်ပိုင်ခြံနဲ့တိုက်နဲ့ရှိလား။
အမျိုးသား: ဟင့်အင်း။
အမျိုးသမီး: ဒါဆို BMW ကားကော ရှိလား။
အမျိုးသား: ဟင့်အင်း။
အမျိုးသီး: ဒါဆို ရှင့် တစ်လ လစာဘယ်လောက်ရလဲ။
အမျိုးသား: လစာရယ်လို့တော့မရှိဖူး ဒါပေမဲ့ .......
အမျိုးသမီး: ဘာ ဒါပေမဲ့လည်း ......!!!! ရှင်မှာ ကျွန်မ မေးတာ ဘာတစ်ခုမှ မရှိပဲ ကျွန်မ ကို လက်ထပ်ချင်သေးတယ် :x အံ့ပါရဲ့ နောက်တစ်ခါ လာပြောကြည့် ပါးကျိုးမယ်။:M9
ထိုအမျိုးသမီး ထွက်သွားပြီးနောက် တစ်ကိုယ်တည်း ရေရွတ်သံ ...

အမျိုးသား:ငါ့မှာ အပိုင်စားရတဲ့ ရွာတစ်ရွာရယ် ၊ အပန်းဖြေစရာ ကျွန်သုံးကျွန်းရယ် ၊ ဖရာရီကား သုံစီး နဲ့ ကားကုမ္ပနီ နှစ်ခုရှိနေတာကို ထပ်ပြီး BMW ၀ယ်ရအုန်းမှာလားဟာ ၊ လစာတဲ့ ငါကိုယ်တိုင် လစာပေးရတဲ့ သူဌေးပါဆို ဘယ်သူ့စီက လစာတောင်းရဦးမှာလဲဟာ လေပါတယ် ကောင်မလေးရယ် .... ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
(from fb)
+6
လောကမှာ တတ်သိတဲ့လူတွေများတယ်၊ ဒါပေမဲ့ သိတတ်တဲ့လူတွေတော့ နည်းတယ်..

Offline mg lynn

  • အထူးကျူရှင်ကျောင်းတော်သား
  • *****
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #594 on: September 01, 2011, 03:14:12 AM »
ဒီအတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူး ဟေ့
တစ်ခါတုန်းက အမျိုးသမီးနှစ်ယောက်ဟာ နိုက်ကလပ်တစ်ခုကို သွားကြသတဲ့..ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ ဘီယာတွေပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ အခမဲ့သောက်သုံးခွင့်ပေးတာနှင့် ကြုံနေပါရော...။  ဒါနဲ့ သူတို.နှစ်ယောက်လည်း အမုန်းကဲပြီး အပီသောက်လိုက် ကြပါသတဲ့ ..မူးမူးနဲ့လမ်းလျှောက်လာရင်း အပြန်လမ်းမှာ ရူရူးပေါက်ချင်စိတ်ကတားမရဆီးမရဖြစ်ပါလေရော..။ဒါနဲ့ဘေးဘီ ၀ဲယာကိုကြည့်လိုက်တော့ သင်္ချိုင်းတစ်ခုတွေ့ပါသတဲ့။

ပထမအမျိုးသမီး။ ။ ဒီထဲမှာလူရှင်းတယ် ၀င်ပေါက်လိုက်ကြရအောင်...။

ဒုတိယအမျိုးသမီး။ ။ ကြာသလားလို့လုပ်လိုက်လေ...။

အဲဒီလိုနဲ့ မူးမူးနဲ့ ရူရူးပေါက်လိုက်ကြတာ ခြေထောက်တွေ ရွှဲရွဲစို ကုန်ပါလေရော ..

ပထမအမျိုးသမီးကတော့ သူ့မှာဝတ်လာတဲ့ အတွင်းခံဘောင်းဘီကိုချွတ်ပြီး သန့်ရှင်းရေးလုပ်ကာ ဘောင်းဘီကိုလွှတ်ပစ်ခဲ့ပါတယ်။

ဒုတိယအမျိုးသမီးမှာတော့ သူယောင်္ကျားဝယ်ပေးလိုက်တဲ့ အတွင်းခံဘောင်းဘီ အသစ်ကျပ်ချွတ်လေးဆိုတော့ မလုပ်ရက်ဖူးဖြစ်နေတယ်...

ဒါနဲ့အုတ်ဂူပေါ်မှာတွေ့တဲ့ အနီေ၇ာင်ဖဲကြိုးပြားတစ်ခုကိုယူပြီး သန့်ရှင်းရေး လုပ်ခဲ့ပါတယ်..။ ဖြစ်ချင်တော့ ကိစ္စတွေပြီးလို့ ဘောင်းဘီပြန်ဝတ်တဲ့အချိန်မှာ ဖဲကြိုးအနီလေးဟာ

ခါးပတ်နှင့်ချိတ်မိပြီးပါသွားပါလေရော...။

ထိုအမျိုးသမီးနှစ်ယောက်အိမ်ပြန်ရောက်ပြီးချိန်မှာပဲသူတို့ရဲ့ ခင်ပွန်းဖြစ်သူနှစ်ယောက်ဟာ ဖုန်းဆက်ပြီးအောက်ပါအတိုင်းပြောကြပါသတဲ့.. ။

ပထမခင်ပွန်း။ ။ ဒို့အိမ်ကဟာနှစ်ယောက်ကိုတော့ ဒီအတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူး ဟေ့ ..။

ဒီနေ့ငါ့မိန်းမ ပြန်လာတော့အတွင်းခံဘောင်းဘီပါမလာဘူးကွာ...တစ်ခုခုတော့တစ်ခုခုပဲ ။

ဒုတိယခင်ပွန်း။ ။အေး..မင်းကဘာဟုတ်သေးလဲကွာ..ငါ့မှာ ရူးတောင် ရူးချင်နေပြီ ။ ငါ့မိန်းမပြန်လာတော့ ဂုဏ်ပြုစာတန်းတောင် ပါလာသေးတယ်။

ဘာတဲ့ “ ခင်ဗျားကိုကျုပ်တို့တပ်စုတစ်ခုလုံးကမှတ်မှတ်ရရရှိနေမှာပါ " တဲ့ကွာ။ ။

credit: Myanmar Joke
+2

Offline mg lynn

  • အထူးကျူရှင်ကျောင်းတော်သား
  • *****
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #595 on: September 01, 2011, 03:20:06 AM »
အရူးများ

စိတ္တဇဆေးရုံတွင်ဖြစ်သည်။ လူနာများကို ရောဂါသက်သာမသာ စစ်ဆေးရန် ခုံတန်းများတွင် ဆေးများသုတ်ထားပြီး ရုပ်ရှင်ပြသည်။ လူနာအားလုံးသည်…ထိုင်ချပြီးကြည့်ကြသည်..

ထိုအထဲတွင် လူနာတယောက်က သတင်းစာကို ခုံတန်းတွင်ခင်းလိုက်သည်။ ပြီးမှကြည့်သည်…ဆေးရုံအုပ်ကြီးသည်…ဒီလူနာသက်သာပြီဟု သတ်မှတ်ပြီး အိမ်သို့ပြန်ခွင့်ပြုလိုက်သည်.အိမ်ေ၇ာက်သော်…လူနာကိုသူဧ။်မိခင်ကမေးသည်..

အမေ ။ သား …သားကခုံမှာဆေးသုတ်ထားတာသိလို့သတင်းစာခင်းလိုက်တာလား?

လူနာ ။ အာ …အမေကလည်း…လူတွေအများကြီးသားေ၇ှ့မှာရှိနေတာကို…..မမြင်ရလို့ ပိုမြင့်သွားအောင် ခင်းလိုက်တာ…:P

 ;) ;) ;) ;) ;) ;) ;) ;) ;) ;) :D ;D ;D ;D ;D ;D  :P
စိတ္တဇဆေးရုံတွင်ဖြစ်သည်

အရူးများ များလွန်းသဖြင့် အရူးလျော့ပေါ့ရေးအစီစဉ်ဖြင့် ဆေးရုံအုပ်ကြီးသည် အခြေနေအကောင်းဆုံး အရူးလေးယောက်အား ခေါ်ယူကာ မေးခွန်းတစ်ခွန်းဖြင့် မေးကာ စမ်းသပ်လေ၏

 “ကဲကဲ နံပါတ်(၁) အရူး မင်းစ ဖြေကွာ နှစ်နှလီဘယ်လောက်လဲ”

အရူး(၁)= “နှစ်နှစ်လီ ဟစ်တလာ ပါဆရာ”  အခြေနေမကောင်း။

 “ကဲ နံပါတ်(၂)ဖြေကွာ”

အရူး(၂)= “နှစ်နှစ်လီ ခွေး ပါ”    တော်တော်ဆိုး၏။

“နံပါတ်(၃)ဖြေပါ”

အရူး(၃)= “နှစ်နှစ်လီ အင်္ဂါနေ့ ပါခင်ဗျ”   ပိုဆိုး၏။ ဆေးရုံအုပ်ကြီးစိတ်ဓါတ်ကျသွားသည်။


“ကဲကဲနောက်ဆုံးအရူး မင်းဖြေစမ်းကွာ”

နောက်ဆုံးအရူး= “နှစ်နှလီ လေးပါ ဆရာ”

အင်း... ဒီကောင်ကတော့ အခြေနေမဆိုးဘူးပဲ... “ဒီကောင့်ကိုဆေးရုံက ဆင်းခွင့်ပေးလိုက်ပါကွာ”

“သြော်ဒါနဲ့နေပါအုံး မင်းဘယ်လိုလုပ် အဖြေကို လေးရတာလဲကွ”
“ခင်ဗျားတို့က ကျုပ်ကို ငတုံး များမှတ်နေကြလားဗျ

ခင်ဗျားတို့ ဟစ်တလာကို ခွေးနဲ့စားကြည့်လိုက် ရလာတဲ့အဖြေကို အဂ်ါနေ့နဲ့ မြှောက်ရင် လေးမရလို့ ဘာရမှာတုန်း”။
+5

Offline mg lynn

  • အထူးကျူရှင်ကျောင်းတော်သား
  • *****
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #596 on: September 01, 2011, 03:24:28 AM »
ဘယ်လောက်ချစ်လဲ
------------------
ကောင်လေး = ကိုယ့်ကိုချစ်လားဟင်….
ကောင်မလေး = ချစ်တာပေါ့။
ကောင်လေး = ဘယ်လောက်ချစ်လဲ …. ?
ကောင်မလေး = အရင်လူတွေထက် ပိုချစ်တယ်...

credit: myanmar joke
0

Offline mg lynn

  • အထူးကျူရှင်ကျောင်းတော်သား
  • *****
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #597 on: September 01, 2011, 03:30:05 AM »
နိုင်ငံရပ်ခြားသို့ ထွက်ခွာမည့် ရွှေမြန်မာများအတွက် မတက်မဖြစ် အထူးသင်တန်း

ပါဝင်သော ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်...

ယခင်ကအတွေ့အကြုံမရှိသူများအတွက် အခြေခံသင်တန်း (အတွေ့အကြုံရှိသူများတက်ရန်မလိုပါ)

ဆန်ဆေးနည်း၊ ထမင်းပေါင်းအိုးတည်နည်း၊ ကြက်သွန်နီလှီးနည်း၊ ကြက်ဥကြော်နည်း၊ ဟင်းသီးဟင်းရွက်ကြော်နည်း၊ လက်ဖက်သုပ်နည်း၊ ဆေးဘဲဥသုပ်နည်း တို့ကို အခြေခံကျကျ ကျွမ်းကျင်စွာတတ်မြောက်သည်အထိ သင်ကြားပေးပါသည်။

ရယ်ဒီမိတ် မုန့်ဟင်းခါးထုပ်ကို ဆိုင်စားမုန့်ဟင်းခါးကဲ့သို့ဖြစ်အောင် ပြုပြင်နည်း
တစ်ယောက် တစ်ထုပ်နှုန်းဖြင့် လက်တွေ့ပြုလုပ်ရမည်။

ဆန်၊ ဆီ၊ ဆား၊ မြေပဲ ပစ္စည်း (၄) မျိုးဖြင့် ထမင်း တစ်နပ်စာပြုလုပ်နည်း
လက်ရာကောင်းလာသည်အထိ လေ့ကျင့်ပေးသည်။

ကြက်ဥကို အသုံးပြု၍ ကြက်ဥကြော်၊ ကြက်ဥပေါင်း၊ မွှေကြော်၊ ကြက်ဥသုပ်၊ ကြက်ဥဖုတ်၊ ကြက်ဥဆားရေစိမ် စသည့်ဟင်းအမျိုးပေါင်း (၅၀) ကျော်ပြုလုပ်နည်း
လူမျိုးဘာသာမရွေးစားသုံးနိုင်ပြီး အလွယ်တကူ ဝယ်ယူနိုင်သော ပစ္စည်းများဖြင့်ပြုလုပ်သောနည်းများကိုသာ သင်ကြားပေးသည်။

အခြောက်အခြမ်းပစ္စည်းများကို တာရှည်ခံ၊ အနံ့အသက်၊ အရသာမပျက်အောင် ထားသိုနည်း
သင်တန်း၏ မူပိုင် နည်းပညာသစ်များဖြင့် သင်ကြားပေးပါသည်။

နိုင်ငံရပ်ခြားတွင် ဝယ်ယူနိုင်သော ပစ္စည်များဖြင့် မြန်မာ့ရိုးရာ အစားအစာပြုလုပ်နည်း
မုန့်လင်မယား၊ ကြာဇံချက်၊ မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ နန်းလတ်သုပ်၊ နန်းသေးသုပ်၊ ရှောက်သီးသုပ်၊ သရက်သီးသုပ်၊ မရမ်းသီးထောင်း၊ မရမ်းသီးသုပ် စသည့် အစားအစာအမျိုးပေါင်း (၅၀)ကျော်ကို ပြုလုပ်နိုင်ရန် သင်ကြားပေးပါသည်။

ခေါက်ဆွဲခြောက်ထုပ်ကို အသုံးပြု၍ ခေါက်ဆွဲပြုတ်၊ ဆီချက်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲသုတ်၊ ပဲခေါက်ဆွဲ၊ ပလိန်း၊ ကြက်ဥနှင့် စသည်တို့ကို တရုတ်ခေါက်ဆွဲ၊ ထိုင်းခေါက်ဆွဲ၊ ကိုရီယားခေါက်ဆွဲ စသည်ဖြင့် အမျိုးစုံအောင် သင်ကြားပေးသည်။

လစာကို အိမ်ခန်းခ၊ ရေဖိုး၊ မီးဖိုး၊ အစားအသောက်၊ အဝတ်အစား၊ အိမ်ပြန်ပို့ရန် စသည်တို့ကို တစ်လစာလစ်ဟာမှု မရှိစေရန် စာရင်းရေးဆွဲနည်း
မိမိရသည့် လစာပေါ်မူတည်၍ ရေးဆွဲရန် အခက်အခဲရှိပါက သင်တန်းမှ online support ပေးပါသည်။

ကျောင်းတက်စဉ် အချိန်ပိုင်းအလုပ်ရှာနည်း၊ ခွင့်မပြုသော အချိန်ပိုင်းအလုပ်များကို ခိုးလုပ်နည်း
ကိုယ်တွေ့ အတွေ့အကြုံရှိသူများ၏ video interview ဖြင့် ပြသ သင်ကြားပါမည်။

ကျောင်းသွားတက်မည့်သူများအတွက် Student Pass ဖြင့်ရရှိနိုင်သော Discount များကိုလည်း up to date စာရင်းနှင့်တကွသင်ကြားပေးပါသည်။သင်တန်၏ Home Page တွင်လည်း up to date စာရင်းများကိုဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 အလုပ်လျှောက်နည်း၊ အင်တာဗျူးဖြေနည်း၊ အလုပ်ရရန် ယတြာချေနည်း
အောင်မြင်ခဲ့သူတို့၏ ပွဲတွေ့လုပ်နည်းများကို ပြုစုထားသော စာအုပ်ဖြင့်သင်ကြားပေးမည်။

Permanent Job အပြင် Weekend တွင် အချိန်ပိုင်းအလုပ်လုပ်ရန် ရှာဖွေနည်း၊ လျှောက်ထားနည်းများ
စိတ်ပင်ပန်း၊ လူပင်ပန်း ဆင်းရဲခံနိုင်သူများအတွက် Elective ဘာသာရပ်ဖြစ်ပါသည်။ မသင်မနေရ မဟုတ်ပါ။

Discount ပေးသော အချိန်အခါ နှင့် နေရာများကို ရှာဖွေဝယ်ယူနည်း
Internet, email များကိုအသုံးပြု၍ ရှာဖွေခြင်း၊ discount လက်မှတ်များ ရယူခြင်းတို့ကို လက်တွေ့သင်ကြားပေးမည်။

မိမိသွားရောက်မည့် နိုင်ငံပေါ်မူတည်၍ အားလပ်ရက်များတွင် အခမဲ့ (သို့) ပိုက်ဆံနည်းနည်းဖြင့် သွားရောက်လည်ပတ် နိုင်သည့်နေရာများကို ရှာဖွေခြင်း နှင့်အသုံးချခြင်း
Google Maps ကို အသုံးပြု၍ မြေပုံများ၊ slide show များဖြင့် ပြသ သင်ကြားပါမည်။

တစ်နေ့တာအချိန်ခွဲဝေနည်း
ထမင်းချိုင့်ထည့်သူများအနေဖြင့် ဘယ်ထမင်း၊ ဘယ်ဟင်းမျိုးဆို ညကတည်းက ချက်ထားရမည်။ ဘယ်ဟင်းမျိုးဆို မယူသွားခင် ပြန်နွေးရမည်။ ဆိုင်စားသမားများအနေဖြင့် ညစာကို ဘယ်လိုစီမံရမည် စသည်ဖြင့် အသေးစိတ် သင်ကြားပေးသည်။ လက်တွေ့ လုပ်ငန်းတွင် အခက်အခဲရှိပါက သင်တန်း၏ Forum ကဏ္ဍတွင် ဝင်ရောက်ဆွေးနွေးနိုင်ပါသည်။

Tourist Visa ဖြင့်သွားကာ အလုပ်ရှာမည့်သူများအတွက် immigration တွင် ဖြီးနည်း၊ ဖြန်းနည်း သက်တမ်းတိုးနည်းများကို ဝါရင့်အတွေ့အကြုံရှိသူများ ကိုယ်တိုင်ရှင်းလင်း သင်ကြားပေးမည်ဖြစ်ပါသည်။
အရေးကြီးသော စကား (၂)ခွန်းဖြစ်သည့် ထမင်းဆိုင်နေရာမေးနည်းနှင့် အိမ်သာနေရာမေးနည်းတို့ကို သက်ဆိုင်ရာ ဘာသာအလိုက် လေယူလေသိမ်း မှန်ကန်သည်အထိ ပြုပြင်သင်ကြားပေးသည်။
credit: myanmar joke
+4

Offline mg lynn

  • အထူးကျူရှင်ကျောင်းတော်သား
  • *****
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #598 on: September 01, 2011, 03:32:08 AM »
မိန်းမဖြစ်သူ အားလပ်ရက် အပန်းဖြေရာမှ ပြန်ရောက်လာသည်။
" ကျမ အဝေးမှာ (၆) ပါတ်လောက်သွားနေတယ်၊ အခု ပြန်ရောက်လာတယ်။ ရှင် တော်တော် နေစိမ့်တာပဲ။ ရှင် ကျမကို ပြောစရာ မရှိဘူးလား၊ အဝေးမှာ အကြာကြီး ရောက်နေတဲ့ မိန်းမ အတွက် ရှင့်မှာ ပြောစရာ စကားလေး တခွန်း တောင် မရှိဘူးလား"
"သေချာတာပေါ့ .. ပြောစရာ စကားတခွန်းရှိပါတယ်"
" ဘာစကားလည်း"
" ကျေးဇူးအများကြီး တင်ပါတယ် ..".....


+3
« Last Edit: September 21, 2011, 10:55:32 AM by tunaye2011 »

Offline mg lynn

  • အထူးကျူရှင်ကျောင်းတော်သား
  • *****
  • Posts: 75
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +370
Re: အမောပြေဟာသမှတ်စု
« Reply #599 on: September 01, 2011, 03:32:55 AM »
A three year old walked over to a pregnant lady while waiting with his mother in the doctors office.
He inquisitively ask the lady, "Why is your stomach so big?"
She replied, "I'm having a baby."
With big eyes, he asked, "Is the baby in your stomach?"
She said, "He sure is."
Then the little boy, with a puzzled look, asked, "Is it a good baby?"
She said, "Oh, yes. It's a real good baby."
With an even more surprised and shocked look, he asked...
"Then why did you eat him?"

.... ;D ;D ;D ;D    ??? ??? ??? ???    8) 8) 8) 8) 8)

Son: dad how was I born?
Dad: well son your mom and I got together at "facebook". We "setup" a date via "e-mail" and met in "cyber cafe". Your mom agreed to "download data" from my "hard drive" through "Data cable". Just when I was about to "transfer", we realized that none of us had "installed" a "firewall". It was too late to hit "delete". Nine months later a "pop-up window" appeared, saying 'YOU HAVE GOT A VIRUS'
+2

Tags: