Author Topic: အမောပြေဟာသမှတ်စု  (Read 440812 times)

0 Members and 2 Guests are viewing this topic.

Offline ကိုစိုင်း

  • ကျောင်းသားကြီး
  • **
  • Posts: 161
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +823
Re: အမောပြေဟာသမှတ်စု
« Reply #580 on: August 27, 2011, 01:11:58 PM »
ဆရာကြီး၏ နောက်ဆုံးဆေးလုံး

တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။ရွာသားများသည် ကြံရာမရ သည့်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကိုသွားပင့်ကြလေသည်။
မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာ ကာစုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။
စုန်းမကြီး နှင့်ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေ သည်။
ဆရာကြီး- ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း
စုန်းမ- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း
ဆရာကြီး- သိကြသေးတာပေါ့ဟုဆိုကာ သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့်မြေကြီးကို ရိုက်လိုက် လေသည်။
သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့်အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်းဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။
သို့သော် အချည်း အနှီး ပင်။ ဆရာကြီး၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလေပြီ။ ဆရာကြီးမှ တဖန်ဆေးလုံး တစ် လုံးထုတ်ပြီး မန်းပြန်လေသည်။
ပြီးနောက် ထိုဆေးလုံးဖြင့်ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ်နင့် ပညာကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေ လေပြီ။ဆရာကြီးက မကြောက်ရန်ပြောပြီး
“ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှလက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။
ထိုအခါမှမီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ်အမွှာမွှာဖြစ်သွားလေတော့ သည်။
ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီးလက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။
“ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်းတစ်ခါမှ မမြင်ဘူးပါလား“
ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး
“ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံး“ဟူ၏။
+13

Offline ကိုစိုင်း

  • ကျောင်းသားကြီး
  • **
  • Posts: 161
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +823
Re: အမောပြေဟာသမှတ်စု
« Reply #581 on: August 27, 2011, 01:16:33 PM »
သရဲ ထင်လို့ပါ
တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှဖြတ်သွားရာ ကြောက် သဖြင့် သုတ်သုတ် သွားလေသည်။
ထိုအချိန်တွင် နောက်မှာသူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။
သူသည် ကြက်သီး မွှေးညင်းများထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာလေသည်။
ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီး ကြီး ကိုယ်လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟုအော်ကာ ကြောက်ကြောက် နှင့်သရဲခေါင်းကို ခြေထောက် နှင့်ကန်ပြေးလေသည်။
လူစလူနတွေ့သော နေရာ ရောက်မှလူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။
“သရဲကြီး ဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး“ အခြားသူတွေလည်းကျောချမ်းကုန် ကြလေသည်။
ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီးရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက် လာကာ
“ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့သူ့နောက်က ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“ ဟူ၏။
+8

zmt

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #582 on: August 28, 2011, 05:20:00 PM »
ဆရာကောင်း

ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။ ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့ ရှေ့  မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို့…။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

“ပထမ အချက်အနေနဲ့ … ... ... အဟမ်းအဟမ်း…”

ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ လေးလေးပင်ပင်နဲ့ …“ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ... ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ့ လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ့ ရဲ့ လက်ကို
ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။

“အီးးးးးးး”           “အူးးးးးးး”            “အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီကအာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …“ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့  တွေ ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”   မယုံမရှိကြပါနဲ့ ။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။ စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။

လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင်  စုပ်…။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။ အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့
တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။

“ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က
ဘာလဲဆိုတော့... မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”

“အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က... လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို... ဘယ်ကျောင်းသားမှ... သတိမမူမိလိုက်ကြပါဘူး…”


“တိန်…”
+6

Offline ဖရာရှက်

  • ကောလိပ်ဂျင်
  • ****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5045
Re: အမောပြေဟာသမှတ်စု
« Reply #583 on: August 29, 2011, 03:16:01 PM »
ဖရာရှက် ၏။။။။။။.

ပြုံး တစ်
ပေးရှန့်  "ဆရာ ဒီသွား တစ်ချောင်းနှုတ်ချင်လို့ ဘယ်လောက်ကျပါမလဲ?"
ဒန်းတစ်  "တစ်သောင်းပါ"
ပေးရှန့်  "ဟင် မိနစ်နဲနဲလောက်ပဲကြာမှာဘဲ တစ်သောင်းတောင်?"
ဒန်းတစ်  "ဟုတ်ကဲ့ ခင်ဗျား ကြိုက်မယ်ဆို အချိန်ကြာကြာလေး ဆွဲနှုတ်ပေးပါမယ်"

ပြုံး နှစ်
ပေးရှန့်   "မျက်နှာအလှပြင် ခွဲစိပ်ရင် နာကြင်မှု ခံစားရမှာလား ဆရာ?"
ဆာဂျီရွန်  "ခွဲစိပ်နေတုန်းတော့ မဖြစ်နိုင်ပါ"
ပေးရှန့်    "ဒါဆို ဘယ်အချိန်မှာ နာကျင်မှုကို ခံစားရမှာလဲဆရာ?"
ဆာဂျီရွန်  "နောက်ဆုံး ဘ်ီလ် (Bill) ပေးရတဲ့အချိန်ကျမှပါ"

ပြုံး သုံး
သားငယ် "ဖေဖေ မိန်းမ ယူတာ ဘယ်လောက်ကုန်လဲဟင် ?"
ဖခင်      "အတိအကျတော့ မမှတ်မိဘူးအခုထိတော့ ပေးနေရတုန်း ကုန်နေတုန်းဘဲကွ"

ပြုံး လေး
အသစ်စက်စက်မိန်းမ    "မောင် ဝမ်းသာစရာစကားတစ်ခု ပြောမလို့ ဟိုလေ ချစ်တို့ အခု ၂ယောက်ကနေ ၃ယောက်ဖြစ်တော့မှာ"
အသစ်စက်စက်ခင်ပွန်း  (ဝမ်းသာအားရ အနမ်းပေးလိုက်ပြီး) "မနေ့ကမှဟန်းနီးမွန်းကပြန်လာတယ် အခု ကလေးချီရတော့မယ် ဟီးဟီး ဟီ ပြောပါအုန်း ကြားချင်လို့ ကျေးဇူးကွာ"
အသစ်စက်စက်မိန်းမ     "ဟိုလေ မနက်ဖြန်မနက် ချစ်ရဲ့မေမေ ချစ်တို့ဆီကို အတူတူနေဖို့ပြောင်းလာတော့မှာ"
အသစ်စက်စက်ခင်ပွန်း    ဟိုက် ရှားလဘတ်"
(အီကြာကွေး လေသံဖြင့်)
[/size]
+2

Offline ဖရာရှက်

  • ကောလိပ်ဂျင်
  • ****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5045
Re: အမောပြေဟာသမှတ်စု
« Reply #584 on: August 29, 2011, 03:49:05 PM »
ဖရာရှက် ၏။။။။။။.

ခွီး ခွီး ဟန်းနီးမွန်း တစ်
ဟန်းနီးမွန်းသွားနေသော သားမှ အမေ ဖြစ်သူထံ ဖုန်းဆက်လာသည်

သားရိုး  အမေ ကျွန်တော် ဘာလုပ်ရမတုန်းဗျ
အမေ   ငါ့သားရာ အ ပါ့ မင်းရဲ့ အကြီးဆုံးဟာကို ဆံပင်ထူထူထဲ ထိုးထဲ့လိုက်[/b]

ခဏအကြာ သားထံမှ ဖုန်းခေါ်ပြန်၏

သားရိုး  အမေ ကျွန်တော် ဘာဆက်လုပ်ရမတုန်းဗျ အခု ကျွန်တော့ နှာခေါင်းကြီးကို သူ့ဂျိုင်းကြားထဲ ထည့်ထားပြီးပြီ
အမေ   အိုး ဖအေတူသားပဲ :-\


ခွီး ခွီး ဟန်းနီးမွန်း နှစ်

ပင်ပန်းနွမ်းနယ် ချိနဲ့စွာဖြင့်  ဟန်းနီးမွန်းမှ ပြန်လာသော သူငယ်ချင်းမအား ကြိုဆိုရင်း မေးလိုက်သည်

သယ်ရင်း၁  ဘာအဆင်မပြေခဲ့ဘူးလဲ ? နင့်ကြည့်ရတာ အားမရှိလိုက်တာဟယ်[/b]
သယ်ရင်း၂  ဒီ အသက် ခြောက်ဆယ် သောက်အဖိုးကြီး အစကပြောတော့ အနှစ် လေးဆယ်ကျော် စုထားတာဆိုလို့ ငါ ထင်ထားတာ ပိုက်ဆံတွေ လို့
:-[
+8

Offline ဖရာရှက်

  • ကောလိပ်ဂျင်
  • ****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5045
Re: အမောပြေဟာသမှတ်စု
« Reply #585 on: August 29, 2011, 04:12:41 PM »
ဆရာကောင်း

ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။ ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့ ရှေ့  မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို့…။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

“ပထမ အချက်အနေနဲ့ … ... ... အဟမ်းအဟမ်း…”

ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ လေးလေးပင်ပင်နဲ့ …“ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ... ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ့ လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ့ ရဲ့ လက်ကို
ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။

“အီးးးးးးး”           “အူးးးးးးး”            “အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီကအာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …“ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့  တွေ ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”   မယုံမရှိကြပါနဲ့ ။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။ စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။

လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင်  စုပ်…။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။ အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့
တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။

“ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က
ဘာလဲဆိုတော့... မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”

“အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က... လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို... ဘယ်ကျောင်းသားမှ... သတိမမူမိလိုက်ကြပါဘူး…”


“တိန်…”

ဗုက် တယ်ဗျာ
ဘယ်သူဘာပြော ပြော ;D
0

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 74
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +268
Re: အမောပြေဟာသမှတ်စု
« Reply #586 on: August 31, 2011, 04:00:35 AM »
MAI မြန်မာ့ လေကြောင်း မှ လှိုက်လဲစွာ ကြိုဆိုပါတယ်…
မင်္ဂလာ ရှိသော မနက်ခင်းပါ၊ မြန်မာ့ နိုင်ငံတကာ လေကြောင်းမှ ထိုင်နေသာခရီးသည်များနှင့် မတ်တက်စီးနင်း လိုက်ပါလာသော ခရီးသည်များကို နှုတ်ခွန်း ဆက်သပါ တယ်။ ကျွန်တော်ကတော့ လေယဉ်မှူး သူရိန် ဖြစ်ပါတယ်။

လူကြီးမင်းများအားလုံး ကိုယ့ိုင်ခုံ တွင် ထိုင်ကြရန် နှင့် မတ်တက်ရပ်သူများ သေချာ မတ်တက် ရပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ မြန်မာ့လေကြောင်း မှ ခရီးစဉ်ချိန် ၄ရက် နောက်ကျသွားခြင်းကြောင့် ၀မ်းနည်းပါတယ်။ရာသီဥတု မကောင်းတာကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ Flight 747 စင်္ကာပူ မှ မြန်မာပြည် ကို ပျံသန်း နေခြင်းဖြစ်ပါတယ်။ လေယာဉ် ဘယ်နားရပ်နားမယ်ဆိုတာတော့ ပြောလို့ မရပေမဲ့ မြန်မာပြည် တစ်နေရာရာမှာရပ်နားမှာတော့ ကြိမ်းသေပါတယ်။ ကံကောင်းရင် လူကြီးမင်းတို့ နေတဲ့ ရပ်ကွက်မှာဆင်းသက်နိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာ့ လေကြောင်းဟာ ခရီးစဉ်အားလုံး ဘေးကင်းစွာပဲ
ပျံသန်းနေတာကြာပါပြီ၊ ဘယ်လောက် အန္တရာယ် ကင်းသလဲဆိုရင် အကြမ်းဖက်သူတွေတောင် ကြောက်ပြီးမစီးကြပါဘူး။ သတင်းကောင်းပါး လိုက်တာကတော့ ကျွန်တော်တို့ ရဲ့ ခရီးသည် ၃၀%ဟာ သူတို့ သွားလိုတဲ့ ခရီးကို မြန်မာ့လေကြောင်း ပို့ဆောင်မှုကြောင့်ရောက်ရှိခဲ့ပါတယ်။ ခရီးသည်များ တောင်းဆိုချက်အရ ကျွန်တော်တို့ရဲ့ လေယာဉ်ပန်ကာ အင်ဂျင်ဟာ နားငြီးတယ် ဆိုရင် ပိတ်ပေးလို့ ရပါတယ်။ တကယ်ဘုရားတရားမကိုင်းရှိုင်းသူများ ကျွန်တော်တို့ လေကြောင်းဟာ ဘုရားရှိလား မရှိလားဆိုတာကို တကယ်ရှာဖွေပေးပါတယ်။

ကျွန်တော်တို့ရဲ့ In Flight ရုပ်ရှင်ကတော့ တီဗီက ပြသနေတာတွေကို ကူးယူဘို့မေ့သွားလို့ ကြည့်ရှုလို့ မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နဲ့အမြင့်ချိန်တူဘေး မနီးမလှမ်းမှာ ပျံသန်း နေတဲ့ Emirate Airline မှာ ပြသ နေတဲ့ ရုပ်ရှင်ကို ညာဘက်က ပြုတင်းပေါက်တွေကနေလှမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ လေကြောင်းအားလုံးတွင်ဆေးလိပ် မသောက်ကြရန် နှင့် မီးခိုးငွေ့တွေ့ပါက ကျွန်တော်တို့ တပ်ဆင်ထားတဲ့အင်ဂျင်စက် က အရှိန်လျှော့ရန် အချက်ပြသနေခြင်းဖြစ်ပါတယ်။

ခရီးသွားများ ဘယ်ကနေ ဘယ်ကို ပြန်သန်းနေတယ်ဆိုတာ လမ်းတစ်လျှောက်မြင်ဖူးတယ်ရှိအောင် အတတ် နိုင်ဆုံး မြေကြီးနဲ့ ကပ်ပြီးပျံသန်းနေပါတယ်။ မြေလွှာနဲ့သိပ်ကပ်သွားတယ်ဆိုရင်လဲ အကြောင်းကြားပေး စေချင်ပါတယ်။ကျွန်တော်တို့ မြန်မာ လေကြောင်းဟာ မကြာခင်မှာ ဆင်းသက်တော့မှာမို့ ခါးပတ်များ ပတ်ထားကြရန်နှင့် ခါးပတ် ရှာမရသူများ ၊ ကိုယ့်ခါးမှာ ပါလာတဲ့ ခါးပတ်ကို ထိုင်ခုံနှင့် ချီထားကြပါရန်၊ ထိုင်ခုံ မရှိသော ခရီးသည်များ ဘယ်လို ခါးပတ်ပတ်ရမည် မသိပါက၊ကျွန်တော်တို့ ရဲ့ လေယဉ်မယ်များကို ကိုယ်ပါလာတဲ့ လက်ကိုင်အထုတ်တွေနဲ့ ဘယ်လို ချီရမယ်ဆိုတာ ကို အကူအညီ တောင်းနိုင်ပါတယ်။ကျွန်တော်တို့ မြန်မာ့လေကြောင်းဟာ ခရီးသည်များ ခေတ်မှီစွာ လက်မှတ်များ ၀ယ်ယူနိုင်ရန် အင်တာနက်မှတဆင့် ရောင်းချပေးနေပါတယ်။ မြန်မာပြည်မှာ မီးပျက်တာရယ်၊ အင်တာနက် ဆာဗာများ လေးလံတာရယ်၊ ကမ္ဘာ့သုံး ငွေကြေးကဒ် စနစ်မရှိသေးသောကြောင့်လက်မှတ်ဝယ်ရာတွင် ပုံမှန်လိုပဲ ငွေကို ကောင်တာတွင် လက်ငင်းချေပါရန် ပန်ကြားအပ်ပါတယ်။

မြန်မာ့လေကြောင်းမှ ကျေးဇူးအထူးတင်ရှိပါသည်။
+1

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 74
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +268
Re: အမောပြေဟာသမှတ်စု
« Reply #587 on: August 31, 2011, 04:02:25 AM »
An Expat calling Pizza Hut in Dubai, UAE.
 
Operator: 'Thank you for calling Pizza Hut . May I have your...'
 
Customer: can I order..'
 
Operator: 'Can I have your UAE identity card number please, Sir?'
 
Customer: ' It's eh..., hold........ ..on......889861356102049 998-45-54610'
 
Operator: 'OK... you're... Mr. ABC from XYZ (country name) and you're calling from Flat # 11367, Al Maskaan Building, Bur Dubai. Your home number is 04-36xxxxx, your office number is  04-88xxxxx & your mobile number is 050-2xxxxxx. Where has the delivery to take place Sir?'
 
Customer: ' Home! How did you get all my phone numbers?
 
Operator: ' We are connected to the system Sir'
 
Customer: 'May I order your Seafood Pizza...'
 
Operator : 'That's not a good idea Sir'
 
Customer: 'How come?'
 
Operator :'According to our medical records - you went for your check up last week to Welcare Hospital & you have high blood pressure and even higher cholesterol level Sir'
 
Customer:'What? ... What do you recommend then?'
 
Operator :'Try our Low Fat Hokkien Mee Pizza. You'll like it'
 
Customer:'How do you know for sure?'
 
Operator :'You borrowed a book entitled 'Popular Hokkien Dishes' from the National Library in Deira, last week Sir'
 
Customer:'OK I give up... Give me three family size ones then, how much will that cost?'
 
Operator :'That should be enough for your family of 10, Sir. The total is Dirham 112.00'
 
Customer: 'Can I pay by credit card?'
 
Operator :'I'm afraid you have to pay us cash, Sir. Your First Gulf  credit card is over the limit and you owe Citibank Credit card another Dirham 3,720.55 since October. That's  not including the late payment charges on your housing loan to NBD, Sir.'
 
Customer: 'I guess I have to run to the neighborhood ATM and withdraw some cash before your guy arrives'
 
Operator :'You can't Sir. Based on the records, you've reached your daily limit on HSBC ATM withdrawal for today'
 
Customer: 'Never mind just send the pizzas, I'll have the cash ready. How long is it gonna take anyway?'
 
Operator : 'About 45 minutes Sir, but if you can't wait you can always come and collect it on your Honda Civic...'
 
Customer: 'What!'
 
Operator :'According to the details in system ,your Honda Civic's Registration ie Malkia is expiring in 23 days & your Gargash Insurance has already got expired last week....
 
Customer:'?? ??'
 
Operator :'Is there anything else Sir?'
 
Customer: 'Nothing... by the way... aren't you giving me those 3 free bottles of cola as advertised?'
 
Operator : 'We normally would Sir, but based on your records you're also diabetic.... ... '
 
Customer:#$$ ^%&$@$% ^ tm kiere.....abe ytga...npiye! !!!!!!............. .
 
Operator :'Better watch your language Sir. Remember on 15th July 2008 on Dubai Hatta Road, when you wrongly overtook the BMW & you were convicted of using abusive language also on the policeman... ?'
 
Customer (fainted)

Operator : hello hello, are you still there ...
+1

Offline mg lynn

  • ကျောင်းသား
  • *
  • Posts: 74
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +268
Re: အမောပြေဟာသမှတ်စု
« Reply #588 on: August 31, 2011, 04:09:00 AM »
ဒါ့ကြောင့်ကိုး

မြန်မာပြည်အနှံ့ ဆန္တ္ဒပြမှုများဖြစ်ပွားနေရာ နာမည်ကျော်မန္တလေးမြို့က ငြိမ်သက်နေပြီး မန္တ္တလေးသားများ အရှက်ရဖွယ်ဖြစ်နေသည်။

သို့သော်လည်း မန္တ္တလေးသား စကား ဆိုသည့်အတိုင်း မန္တလေးသားများကတော့ စကားမလျော့။

မန္တ္တလေးသားတယောက်က သူတို့ မန္တ္တလေးသားဟာ သံဃာတော်တွေကိုပဲ အားကိုးအားထား ပြုရတာဖြစ်ကြောင်း ပြောရင်း ထပ်ပြောတာကတော့-

“မန္တ္တလေးက သံဃာတွေ ပခုက္က္ကူပြောင်းသွားကုန်ပြီ။ မန္တ္တလေးမှာ တရုတ်ဘုန်းကြီးတွေပဲ ကျန်တော့ တယ်။”

ကြင်နာတတ်သော တိုင်းမှုး

စစ်တိုင်းတစ်တိုင်းကို စစ်တိုင်းမှုး အသစ် အဖြစ် ဗိုလ်ချူပ် xxx ပြောင်းရွှေ့ လာခဲ့သည်။တညနေ ဂေါက်ကွင်းမှ အပြန် လမ်းဘေး ကွင်းပြင်တွင် လူနှစ်ဦး မြက်စားနေသည်ကို တွေ့မြင်လိုက်၏။
အခြေအနေကို စုံစမ်းရန် ကားမောင်းသမားကို ချက်ချင်း ကားရပ်ဖို့ အမိန့် ပေးလိုက်သည်။
“ဟေ့ လူတွေ ခင်ဗျာတို့ ဘာလို့ မြက်တွေ စားနေရ တာလဲ။”

အ၀တ်အစား စုတ်စုတ်ပြတ်ပြတ် နှင့် ဆင်းရဲသား တယောက်က “ဟုတ်ကဲ့ ဗိုလ်ချူပ် ကျနောတို့မှာ ဘာမှ စားစရာ မရှိတော့လို့ပါခင်ဗျာ” ဟု သနားဖွယ် ပြန်ပြောသည်။
တိုင်းမှူးက စုတ်တချက်သတ်လိုက်သည်။
“ဒါဆို ကျူပ်နဲ့လိုက်ခဲ့ ကားပေါ်တက်။”
ဆင်းရဲသား တယောက်က “ဗိုလ်ချုပ် ကျနော့မှာ မိန်းမနဲ့ ကလေး နှစ်ယောက်လည်း ရှိသေးတယ်။”
“အေး ခေါ်ခဲ့ကွာ။ နောက် ဟို တယောက်လည်း ခေါ်ခဲ့ကွာ။”
မြက်စားနေရသူ ဒုတိယ ဆင်းရဲသားက “ဗိုလ်ချူပ် ကျနော့မှာ မိန်းမနဲ့ ကလေးခြောက် ယောက်တောင် ရှိပါတယ်။”
“အေးအေး အကုန်ခေါ်ခဲ့ကွာ။”
ကြင်နာ သနားတတ်သော တိုင်းမှုးက ဆင်းရဲသား နှစ်ယောက်ကို သူ့ကားပေါ် တက်စေသည်။ ကျန် မိသားစု ၀င်များကို လုံခြုံရေး အဖြစ် လိုက်ပါ လာသော ကားများပေါ် သို့ တက်စေသည်။
“လမ်းခရီးတွင် လူဆင်းရဲတဦးက ကျနော်တို့ မိသားစု ဒီလို မြက်စားနေရတာ ကြာပါပြီ။ အခုလို ဗိုလ်ချူပ်က ကရုဏာ ထားပြီး ခေါ်လာတဲ့ အတွက် သိပ် ကျေးဇူးတင်ပါတယ် ဗိုလ်ချူပ်” ဟု ပြောသည်။
ထိုအခါ တိုင်းမှုးက ဘာမှ အရေးမကြီးပါဘူးကွာ ဟူသော မျက်နှာပေးနှင့်
“အေးပါ။ အေးပါ။ မင်းတို့ အိမ်ရောက်ရင် ငါ့ကို ပိုကျေးဇူး တင်အုံးမယ်။ ငါ့အိမ်က စိုက်ထားတဲ့ မြက်တွေက နိုင်ငံခြား မြက်တွေကွ။ အခု မင်းတို့ စားနေ တဲ့ မြက်တွေထက်လည်း ပိုနူတယ်။ သိလား။ အခုမြက်တွေက တော်တော် ရှည်နေပြီ” ဟုပြောလိုက်သည်။
+4

Offline ဖရာရှက်

  • ကောလိပ်ဂျင်
  • ****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5045
Re: အမောပြေဟာသမှတ်စု
« Reply #589 on: August 31, 2011, 12:18:15 PM »
ကျောင်းသား ကျောင်းသူတို့ အတွက် ရယ်စရာတစ်ခုပါ
မေးလ် ထဲကဖတ်ဘူးတာကို ပြန်တင်လိုက်တာပါ နဲနဲတော့ကြာပါပီ မဖတ်ရသေးဘူးဆိုရင်တော့ အသစ်ပေါ့ဗျာ
;D
ရန်ပွဲလေး သဘောကျလို့ဗျာ


ဇာတ်လမ်းအစ...
အင်တာနက်ကဖေးဆိုင်တစ်ခုအတွင်း ဆိုင်အ၀င် ကောင်တာတွင်
ဆိုင်ထိုင်နေသောကောင်မလေးနှင့် ကူညီပေးသူကောင်လေးတစ်ယောက်ရှိနေ၏
ဆိုင်အတွင်း အသည်းအသန်chatting လုပ်နေကြသူ
ကောင်လေးကောင်မလေးများ မျက်စိအစာကျွေးနေသောဦးလေးကြီးများ
တစ်ဖက်အခန်းတွင် ဖရုသ၀ါစာ စကားလုံးများဖောဖောသီသီသုံးပြီး Game ဆော့နေကြသော
အရွယ်မျိုးစုံယောက်ျားလေးများလည်းရှိနေကြသည်

ထိုအချိန်တွင် ဆိုင်အတွင်းသို့ ပိုက်ဆံအိတ်ခပ်ကြီးကြီးလွယ်ထားပြီးမျက်နှာတွင် မိတ်ကပ်များကို
စိတ္တဇပန်းချီဆရာတစ်ယောက်စိတ်ကြိုက်ချယ်ထားသကဲ့သို့ ပြင်ဆင်ထားသော အမျိုးသမီးကြီးတစ်ဦးဝင်လာလေသည်


“ သမီးရေ အန်တီ့သမီးနဲ့ video chat ပြောချင်လို့ပါကွယ် လုပ်ပေးပါအုန်း ’

“ဟုတ်ကဲ့ပါ သမီးဘေးက ဒီကွန်ပြူတာမှာထိုင်လိုက်နော်’

“ လိုင်းတွေကရောကောင်းရဲ့လားကွယ်"

"ဟိုနေ့ကတော့အန်တီပြောတာအသံကသိပ်မကြားရလို့ကွယ့် အန်တီ့သမီးလေးက
စင်ကာပူမှာလေ သူက အန်တီနဲ့နေ့တိုင်းနီးပါးစကားပြောချင်တာတဲ့
အိမ်ကိုလည်းဖုန်းဆက်ပါတယ်ကွယ်ခဏခဏပဲ အန်တီက သူ့မျက်နှာလေးပါမြင်ချင်လို့ဒီကိုလာရတာပါ
တကယ်ဆိုအန်တီကလေဒီလိုလူတွေကြားထဲစကားသိပ်ပြောတတ်တာမဟုတ်ဘူး သိတယ်မှတ်လား
ဒီအချိန်ကအရမ်းပူတာလေ အန်တီက Aircon အခန်းထဲမှာနေရမှနေလို့ကောင်းတာသမီးရဲ့ ”

“ ဟုတ်ကဲ့ ကျွန်မတို့ဆိုင်ကအမြန်နှုန်းက အရမ်းကောင်းပါတယ်အန်တီ
လှစ်လှစ်ကိုပြေးနေတာပဲပြီးတော့ ဒီဆိုင်မှာက မီးစက်ကို ၂၄
နာရီမောင်းထားတာပါ ဒီတော့ Aircon ကလည်းအမြဲအေးပါတယ်ရှင့် သြော်..
ရပြီအန်တီ အန်တီ့သမီးကိုပြောလို့ရပါပြီနော် ဟယ်လို ဟယ်လို
ကြားရလားခဏလေးနော် ရော့အန်တီ ..ပြောလို့ရပါပြီ ”"


“အေး သမီးရေ မေမေပါ ကြားရလားသမီးလေးသမီးလေးနေကောင်းရဲ့လား
ဒီနေ့သမီးလေးနားရက်ဆိုလို့ မေမေလာခဲ့တာလေသမီးရဲ့သမီးဖေဖေကတော့မလိုက်လာဘူးလေ
သူကဒီလိုလာပြောရတာကိုရှက်လို့တဲ့ကွယ် တကယ်တော့ဘာရှက်စရာလဲ သမီးရယ်
ကိုယ့်သမီးက နိုင်ငံခြားရောက်နေလို့ ဒီလိုလာပြောခွင့်ရတာလေ
သူများတွေများဒီလိုအခွင့်ရလို့လား လမ်းထဲကမိန်းမတွေကလေ
မေမေ့ကိုမနာလိုတောင်ဖြစ်နေကြတာသမီးရဲ့သိလား
သူတို့မနာလိုပိုဖြစ်အောင်အခုဆို ပိုလို့တောင်လုပ်ပြသေးတယ် မေမေကလေ
ရပ်ကွက်ထဲမှာ နိုင်ငံခြားသွားနေတဲ့သားသမီးရှိတဲ့ မိဘတွေနဲ့ပဲအပေါင်းအသင်းလုပ်တော့တာ
ဒါမှ သူပြောတာကိုယ်သိကိုယ်ပြောတာသူနားလည်ဖြစ်မှာပေါ့သမီးရဲ့ နော်..”"


ထိုအချိန်တွင်ဆိုင်အတွင်းသို့ ခပ်ရိုးရိုးပုံစံ
အမျိုးသားကြီးတစ်ဦးဝင်လာသည်ကောင်တာမှကောင်မလေးကို

“သမီး ဦးလေးသားကိုတစ်ချက်လောက်ခေါ်ပေးစမ်းပါကွယ် ” "

“ဦးလေးသားကဘယ်သူလဲရှင်”"

“ညိုမောင်တဲ့ကွယ့် ” “သြော် ဟုတ် ဒီဆိုင်ထဲမှာရှိနေတာလား ခဏလေးနော်” “

“ဟာ.. မဟုတ်ဘူးလေ သမီးရဲ့ ဦးလေးသားက မလေးရှားမှာလေ
သူနဲ့စကားပြောချင်လို့သမီးကိုဖုန်းခေါ်ခိုင်းတာ
အရင်တော့ဦးလေးသားအကြီးကဒီကနေလာပြောတယ်ဆိုပဲကွယ့်ဦးလေးကခုမှလာဖူးတာ
ငါ့တူမပဲခေါ်ပေးပါအုန်း ”"


(အမျိုးသမီးကြီး……… )
သမီးအလုပ်ရောအဆင်ပြေရဲ့လားသမီးရေ အမ်..ဘာဖြစ်တယ် ဘာလျှောက်တာမရဘူး ပီအာ
(PR) ဟုတ်လား လျှောက်မနေပါနဲ့သမီးရယ် ၀ယ်လိုက်ပါလား အဲဒါကို
..သြော်မရဘူးလားဝယ်လို့ အေးလေဒါဆိုလည်းဘယ်တတ်နိုင်ပါ့မလဲကွယ်
မေမေကပိုက်ဆံပေးရင်ဝယ်လို့ရမယ်ထင်နေတာသမီးရဲ့
ဒါဆိုသမီးလေးကဘယ်လိုလုပ်မှာလဲ ဒီလကုန်မှာ
သမီးနေရမယ့်ရက်ပြည့်သွားပြီဟုတ်လား အဲလိုဆိုတော့ သမီးကပြန်လာရမှာလား
ပြန်တော့မလာနဲ့သမီးရယ် ရပ်ကွက်ထဲကလူတွေကအတင်းပြောကြမှာ""


“( ဆိုင်မှ ကောင်မလေးနှင့် အမျိုးသားကြီး……)
ဟယ်လို ဟယ်လို မလေးရှားကလားရှင် ခဏလေးနော် မြန်မာပြည်ကဆက်တာပါ
ဦးလေးရပြီနော် ပြောလို့ရပါပြီ "

“ဟယ်လို ဟယ်လို သားလားကွ ငါပါ မင်းအဖေလေ
အေး ….ခွီးတဲ့မှပဲကွာ မင်းကလည်း ငါတို့ကိုအဆက်အသွယ်တောင်မလုပ်တာကြာပြီ
မင်းအဆင်ပြေရဲ့လားကွ ဘာဖြစ်တယ် အိုဖြစ်သွားလို့ဟုတ်လား မင်းက
မိန်းမဘယ်တုန်းကယူလိုက်လို့ အိုသွားတာတုန်းကွ မင်းကွာ
မိဘကိုတောင်မတိုင်ပင်ပဲ ဘိုမတွေကိုယူလိုက်တာလားကွာ
ဒါတော့ငါသိပ်စိတ်ဆိုးတယ်

သြော် နေဖို့ရက်လွန်သွားတာဟုတ်လား ဒါဆိုလည်းပြန်လာလေကွာ
မင်းကအဘတို့ကိုချမ်းချမ်းသာသာထားချင်တယ်
ပိုက်ဆံများများရှာချင်တယ်ဆိုလို့သာငါတို့ကလွှတ်ပေးရတာ
ရွာမှာလယ်လုပ်စားလည်း ထမင်းမငတ်ပါဘူးကွာ ရွာသာပြန်ပြီးအေးဆေးနေပါလားကွာ
မင်းသွားတုန်းက အဘတို့ရောင်းလိုက်ရတဲ့
လယ်တွေနဲ့နွားမကြီးလည်းအခုပြန်ဝယ်ပြီးပါပြီကွ
ငါတို့ဒီမှာအားလုံးအဆင်ပြေတယ်
မင်းပို့တဲ့ပိုက်ဆံတွေအဘတို့ မဖြုန်းပစ်ပါဘူးကွာ"


(အမျိုးသမီးကြီး……….)
ဟိုဟာလေသမီးအရင်နေတဲ့ အက်စ်ပတ် ( S pass ) ဆိုလား ဘာလား
အဲဒါကိုပဲပြန်လုပ်ပါလားသမီးရဲ့လုပ်ထားလား အေး အေးကောင်းတယ်သမီး
ပြန်လာဖို့တော့မစဉ်းစားပါနဲ့သမီးရယ် နော် မရခင် ရက်ပြည့်သွားရင်
အဲဒီမှာနေလို့မရတော့ဘူး ဟုတ်လား ဒါဆိုဘယ်လိုလုပ်ရမှာလဲကွယ့်
Stay ရှောင်ရမယ် အေးလေဘယ်တတ်နိုင်ပါ့မလဲကွယ် ဒါနဲ့
သမီးကဘယ်ကိုသွားမှာလဲ ဘယ်လိုဘယ်လို အော်ဇီ ဟုတ်လား ဘာတုန်းသမီးရဲ့
အော်ဇီဆိုတာဘာတုန်းမေမေမှမသိတာ သြော် Australia ကိုလား
အင်းသမီးကသွားမှဖြစ်မယ်ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲသွားပေါ့ကွယ်

ပြန်လာလို့တော့လုံးဝမဖြစ်ဘူးနော်သမီး မေမေတို့ဂုဏ်ငယ်သွားမယ်သမီးရဲ့
ပိုက်ဆံရတာမရတာကအရေးမကြီးပါဘူးကွယ်သမီးလိုရင် ညည်းဖေဖေမသိအောင်
မေမေပို့ပေးမှာသိလား ပြန်သာမလာနဲ့ နော်""


“(အမျိုးသားကြီး………….)
မင်းတို့က မိုးမလင်းခင်ကတည်းကအလုပ်သွား
မိုးစုန်းစုန်းချုပ်မှပြန်လာရတာဆိုကွ ရွာမြောက်ပိုင်းက
ဖိုးထောင်ကသူ့အိမ်ကို စာရေးတာအဲလိုမျိုးပါတယ်တဲ့ကွ
ပင်ပန်းတာလည်းလွန်ပါရောဆို ညပြန်ရောက်တာနဲ့ တချိုးတည်းအိပ်တာ
အချင်းချင်းတောင်စကားမပြောနိုင်ဘူးဆို
မင်းတို့ဟာကလည်းကွာ ရွာမှာလယ်လုပ်တာထက်ပိုဆိုးနေပါလားကွာ
ဟိုပွဲစားပြောသွားတုန်းကတော့ အဘတို့တတွေ အေးအေးနေတော့ဆိုကွ

အဘသားကဟိုရောက်ရင်ပင်ပင်ပန်းပန်းလုပ်စရာမလိုဘူး Aircon
ခန်းထဲမှာအေးအေးနေရပြီး ပိုက်ဆံရမှာဆို ဒါဆိုဒီကောင်ကငါတို့ကိုလိမ်တာပေါ့
နေပစေအုန်း တစ်ခါလောက်တော့မှတ်လောက်သားလောက်အောင်
ရွာကကာလသားတွေခေါ်လာပြီးပြသနာ သွားရှာပစ်ရမယ်ကွာ ဘာမလုပ်ပါနဲ့လဲကွ
ဒီလိုကောင်မျိုးတွေကို ဒီလောက်တော့ပြောသင့်တာပေါ့ကွာ မင်းကလည်း
ေ….ာက်ရေးမပါတာ ဘာဂရုစိုက်ရမလဲကွ မင်းအဘငါ့အကြောင်းလဲသိတယ်မလား"


(အမျိုးသမီးကြီး နှင့် အမျိုးသားကြီးအခြေအတင်ပြောခန်း.. )
"အို … အသံကြီးကလည်းအကျယ်ကြီးနဲ့အလိုက်မသိလိုက်တာဒီလူကြီးနှယ်
ဒီဘက်မှာသူများတွေ စကားပြောနေတယ်ရှင့်
ရိုင်းရိုင်းစိုင်းစိုင်းတွေကလည်းပါသေး
အဆင့် ကိုမရှိဘူးတကယ့် တစ်လုံးချိုင့်ပဲ""


“အလိုဗျာ ခင်ဗျားဘာသာစကားပြောတာ
ကျုပ်ကလာဝင်လုပြောနေလို့လားအသံကျယ်တာဘာဖြစ်တုန်း တိုးတိုးပြောရအောင်
လူမကြားဝံ့တာပြောနေတာမှမဟုတ်တာ
ကျုပ်လည်း ဒီမှာနိုင်ငံခြားကကျုပ်သားနဲ့ပြောနေတာပါဗျ"


"အမယ်လေး မလေးရှားသွား အလုပ်ကြမ်းလုပ်နေရတဲ့
သားအကြောင်းများစကားလုပ်ပြောနေသေးတယ်
ကျွန်မသမီးကပင်ပင်ပန်းပန်းလုပ်စရာမလိုတဲ့ ဘွဲ့ရရှင့်
အခုလည်းစလုံးမှာသိရဲ့လား
ရှင့်သားလို O ဖြစ်နေတဲ့ မလေးကလူတွေကိုအခု အုံလိုက်ကျင်းလိုက်
ဒီပြန်ပို့ခံနေရတာအားလုံးအသိပဲ
လူကိုများဘယ်ခေတ်မှာနေနေတယ်ထင်လဲ အခုက Internet ခေတ်ရှင့် သိရဲ့လား
ဘာမှကိုဖုံးကွယ်ထားလို့မရဘူး အားလုံးက Internet ပေါ်တက်လိုက်ရင် အကုန်ပေါ်တယ်""


“ခင်ဗျားသမီးက စလုံးမှာဟုတ်လား ဘာတုန်းဗျ စလုံးဆိုတာ ဘွဲ့ရဆိုတော့..သိပြီ
စစ်ကိုင်းချောင်မှာသီလရှင်ဝတ်နေတာလား ဘာဘွဲ့ရတာတုန်းဗျ မသုဓမ္မစာရီဘွဲ့လား
ဘယ်နှစ်ဝါရှိပြီတုန်း အေးဗျာ ကျုပ်သားလို လူတွေကိုပြန်ပို့တယ်ဆိုတော့လည်း
ကောင်းတာပါပဲ ကျုပ်တို့ကလည်း ကျုပ်သားကိုပြန်တွေ့ချင်လှပါပြီ
အင်တာနက်တက်တာတွေဘာတွေတော့မသိဘူးဗျ အိမ်သာတက်ရင်လည်းအားလုံးပေါ်တာပါပဲဗျ
ခင်ဗျားနှယ်ဗျာ မသိဘူးလား"


"ရှင်နော်ရှင် ခက်ပါတယ်လေ ဘာမှနားမလည်တဲ့သူကိုပြောရတာ
နွားကိုချောကလက်ကျွေးသလိုပဲဖြစ်မှာ ကျွန်မသမီးအခုစင်ကာပူမှာ
အက်စ်ပတ်နဲ့အလုပ်လုပ်နေတာရှင့် သိပြီလား ရှင့်သားလို
အို ဖြစ်နေလို့ပုန်းနေရတဲ့ဘ၀မဟုတ်ဘူး""


“ခင်ဗျားဗျာ သမီးမိန်းကလေးကိုများ
နိုင်ငံခြားလွှတ်ထားတယ်ပြီးတော့လည်းလုပ်ခိုင်းတာအက်စ်ပတ်နဲ့အလုပ်လုပ်ခိုင်းတာတဲ့
ဒါကြွားစရာလားဗျာ တော်တော် နားရှက်စရာတွေ
ကျုပ်သားကယောက်ျားလေးဗျ ဒေါင်ကျကျပြားကျကျ
ခင်ဗျားသမီးကမြန်မာမိန်းကလေးနော် မလုပ်ခိုင်းသင့်ဘူး ဒီလိုမျိုး"


"ရှင်ဘာတွေပြောနေတာလဲ ကျွန်မသမီးက စာရင်းကိုင်လုပ်တာရှင့် အကောင့်တန့်
(accountant) လုပ်တာ Spass ဆိုတာလည်း ရှင့်သားလို
ပုန်းရှိုးကွယ်ရှိုးနေစရာမလိုအောင်
အစိုးရကအသိအမှတ်ပြုပေးထားလို့နေခွင့်ရတဲ့ခွင့်ပြုမိန့်ကိုပြောတာ ခက်ပါတယ်
တော်ပြီတော်ပြီ ရှင်နဲ့ပြောရတာ အချိန်ကုန်တယ်

သမီးရေ အေး.. ဆောရီးပါသမီးရယ် ဒီမှာလေ ဘေးမှာ
ဘာမသိညာမသိတောသားတစ်ယောက်ကို သမီးအလုပ်အကြောင်းရှင်းပြနေရလို့ပါ
အေးပါသမီးရယ် မေမေသမီးပြောထားတာမမေ့ပါဘူး Work permit
နဲ့သွားတဲ့လူရဲ့မိဘတွေဆိုအရောမ၀င်ပါဘူး Spass ဆိုတန်းတူပေါ့ PR ဆိုသေသေချာချာဂရုစိုက်ပေါင်းမယ်နော်"


“(အမျိုးသားကြီး…)
အေး.. ဟေ့ကောင် မင်းကျန်းမာရေးလည်းဂရုစိုက်ပါကွာ မင်းကိုပြောရအုန်းမယ်
ရွာတောင်ပိုင်းက
ကျော်ဒွန်းတို့တတွေကမင်းပို့လိုက်တဲ့ပုံတွေကြည့်ပြီးမင်းကို
မြို့သားကြီးနဲ့တောင်တူနေပြီလို့ပြောနေကြတာကွ
ရွာကလူတွေအားလုံးကမင်းကိုသတိရနေကြတာပါကွာ"


(အမျိုးသမီးကြီး…. )
"သမီးရေ ချစ်သူတွေဘာတွေရောထားနေပြီလား
ဒီအရွယ်ရောက်မှတော့မထားနဲ့မပြောလိုပါဘူးသမီးရယ် သေချာတော့ရွေးနော်သမီး
သမီးပြောပြထားလို့မေမေတောင်မှတ်မိနေပါတယ် ဘာတဲ့ စလုံးကကောင်မလေးတွေက
ကောင်လေးတွေကို C သုံးလုံးနဲ့ရွေးတယ် Condo,, Car,,, Creditcard,,,
ဆိုတာလေ သမီးလည်းအဲလိုရွေးနော်
PR ဆိုအသားမည်းလည်းရတယ် သွားကျဲလည်းလှတယ် ဟုတ်လား ဟားဟား အေးပါသမီးရယ်
ညည်းသိရင်ပြီးတာပါပဲ

သမီးမေမေ့ဆီပို့လိုက်တဲ့ဓါးကြီးပါတိတ်ရောင်စုံကိုဝတ် သမီးပို့တဲ့
အိတ်လေးကိုင်ပြီးမေမေအပြင်ထွက်တုန်းကလေ အမလေးသမီးရယ်
ရပ်ကွက်ထဲကမိန်းမတွေလေ ၀တ်ထားတဲ့ထမီလေးလှလိုက်တာ
အိတ်လေးကဘယ်လောက်ပေးရလဲဟင်ဆိုပြီးအတင်းလိုက်မေးကြတာ
မေမေကလည်းမကြွားချင်ပါဘူးသမီးရယ် ဒါတွေကသမီးလေး စလုံးက၀ယ်ပေးထားတာ
ဒီမှာတောင်ရှိချင်မှရှိအုန်းမှာလို့အားနာနာနဲ့ပဲပြောပြလိုက်ရတယ်"


“(အမျိုးသားကြီး…..)
ငါ့သား မင်းအဲဒီက မိန်းမတွေတော့ယူမလာနဲ့ကွာသိလား အဘတို့ကငါ့သားကို
ရွာကလုံမတွေနဲ့ပဲယူစေချင်တယ်ကွာ အကြောင်းသိချင်းဆိုတော့ကောင်းတာပေါ့ကွာ
မင်းရည်းစား ရွှေမိလည်း နောက်လဆို ယောက်ျားယူတော့မယ်ဆိုပဲကွာ
ဟိုဘက်ရွာကဆီစက်ပိုင်ရှင်သားလို့ပြောတာပဲ
သူ့အမေကြီးကငွေမက်တာမင်းလည်းအသိပဲလေကွာ
မင်းသွားတော့ရွှေမိခမျာငိုလိုက်တာတဲ့ အခုတော့လည်း
သူ့မိဘစကားမလွန်ဆန်နိုင်ဘူးထင်ပါရဲ့ကွာ

ပူမနေပါနဲ့ငါ့သားရာ အချိန်တန်တော့လည်း ထမီလှန်ရမှာပါ အာ…မှားလို့ကွာ
ဟိုဘက်ကမိန်းမက ထမီကြွားလုံးထုတ်နေလို့ အဘယောင်သွားတာပါ
အချိန်တန်တော့လည်း မင်းမိန်းမတစ်ယောက်ရအောင်အဘတို့လိုက်တောင်းပေးမှာပါ
အဲဒီကမလုံတဲ့မိန်းမတွေသာယူမလာနဲ့ဟုတ်လား အဲဒီနိုင်ငံခြားမှာ မိန်းမလည်တွေကများတယ်
အမေလူလည်မတွေကလည်းသမီးတွေကိုတစ်ထပ်တည်းဖြစ်အောင်သင်ပေးထားတာသိလား
မင်းကအတီးအတနဲ့ ခံနေရမယ်ကွ

ဒါနဲ့နောက်ဆိုမင်းဘာမှမပို့ပါနဲ့ကွာ ဟိုတစ်ခါမင်းပေးတဲ့
ချောကလက်ဆိုတာတွေကိုလည်း ငါတို့မစားတတ်ပါဘူး မင်းတူမတွေတောင်မကြိုက်ဘူးကွ
သူတို့ကပြောတယ် မင်းတို့နိုင်ငံခြားကလုပ်တဲ့ထန်းလျက်ကတို့လုပ်တဲ့ထန်းလျက်လောက်တောင်
အရသာမရှိဘူးတဲ့ကွ အရောင်ကလည်း မည်းမည်းတူးတူးနဲ့ ထန်းလျက်ကမှဖြူသေးတယ်ဆိုလားပဲကွာ"


"(အမျိုးသမီးကြီး….)
ဒီမှာရှင်ဘယ်သူ့ကိုစောင်းပြောနေတာလဲ ကျွန်မဘာသာလူလည်မ
မကလို့ပန်ကာမပဲဖြစ်ဖြစ် ရဟတ်မပဲဖြစ်ဖြစ် ရှင်နဲ့ဘာဆိုင်သလဲ
ယောက်ျားကြီးဖြစ်ပြီး အတင်းကလည်းပြောသေး ရှင့်သားလို အိုဖြစ်နေတဲ့
အောက်လမ်းကသွားတဲ့သူမျိုးကိုဘယ်သူကမှ စိတ်လည်းဝင်စားမှာမဟုတ်ဘူးပူမနေနဲ့"


“(အမျိုးသားကြီး…)
အတင်းမပြောရပေါင်ဗျာ ခင်ဗျားနောက်ကွယ်မှာပြောမှအတင်းဖြစ်တာပေါ့
ခုကဘေးတင်ပြောနေတာ အတင်းလည်းမပြောဘူး လုလည်းမပြောဘူး အမှန်ကိုပြောနေတာ
ကျုပ်သားကိုကျုပ်စိုးရိမ်လို့မှာတာ
အောက်လမ်းကပဲသွားသွားအထက်လမ်းကပဲသွားသွား ဘယ်လိုပဲဖြစ်ဖြစ်
နိုင်ငံခြားတော့ရောက်သွားတာပဲမှတ်လား
ကျုပ်သားလေးကျုပ်တို့ကို လုပ်ကျွေးနေတာဗျ ခင်ဗျားတို့လို ခေတ်မီချင်လို့
ကြွားချ
+4

Tags: