Author Topic: အမောပြေဟာသမှတ်စု  (Read 427208 times)

0 Members and 1 Guest are viewing this topic.

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3266
Re: အမောပြေဟာသမှတ်စု
« Reply #560 on: August 14, 2011, 01:28:21 AM »
ခံနေလို့ဖြစ်မလား

ရုပ်ရှင်ရုံအ၀င်ဝမှာအမျိုးသမီးကြီးတစ်ဦးက
လက်မှတ်စစ်ကိုရိုက်လိုက်လို့
ဘာဖြစ်လို့ရိုက်ရတာလဲ
မိုက်ရိုင်းလို့ပါ..ကျွန်မ၀ယ်လာတဲ့
လက်မှတ်ကိုယူပြီးဆွဲဆုတ်ပစ်တယ်လေ..။ ။



အိပ်တော့အိပ်ပါတယ်
ဆရာဝန်။ ။ ဘယ့်နှယ့်လဲကျွန်တော်ညွှန်ကြားတဲ့အတိုင်း
အိပ်တဲ့အခါပြတင်းပေါက်တွေကိုပိတ်ပြီးအိပ်ရဲ့လား..
လူနာ။ ။အိပ်ပါတယ်ဆရာ..ဒါပေမယ့်ရုံးသူရုံးသားတွေအားလုံးက
အိုက်လို့မှောင်လို့ဆိုပြီးကျွန်တော့်ကိုပူညံပူညံပြောကြတယ်..

သူ့လက်ရာ
ဒီနေ့ကျွန်မချက်ကျွေးတဲ့ဟင်းကဘယ်လိုနေလဲ
ကောင်းတယ်မိန်းမရာချိုပြီးဆိမ့်နေတာပဲ
မဟုတ်သေးပါဘူးတော် ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ
ချဉ်စပ်လို့ရေးထားတယ်ရှင့်


ဒီနေ့ပို့မယ့်နေရာ...
လူတစ်ယောက်ကခြင်္သေ့တစ်ကောင်နဲ့အတူမြို့ထဲမှာလမ်းလျှောက်လာကိုရဲသားကမြင်တော့
'''ဟေးး..ခင်ဗျားအဲ့ဒီခြင်္သေ့ကိုတိရစ္ဆာန်ရုံသွားပို့သင့်တယ်…'''
''ဟုတ်ကဲ့''
နောက်ရက်မှာလည်းအဲ့လူကိုမြို့လယ်ခေါင်မှာခြင်္သေ့နဲ့အတူတွေ့ပြန်ရော…
ဒီတော့ရဲသားက
'''ဟေးလူ ခင်ဗျားကိုကျုပ်မနေ့က ပြောတယ်လေ..အဲ့ဒီခြင်္သေ့ကိုတိရစ္ဆာန်ရုံသွားပို့ဖို့'''
''ဟုတ်ကဲ့ ပို့ခဲ့ပါတယ်.. ဒီနေ့တော့ရုပ်ရှင်ရုံလိုက်ပို့မယ်စိတ်ကူးမိလို့…''


ပလုံ
ဒေါ်ထိပ်ထားခင်က စည်းကမ်းသိပ်ကြီးတယ်..
ညစာစားဖို့စားပွဲထိုင်ပြီးကြပြီဆိုတာနဲ့ဘာစကားမှမပြောရဘူး..
တစ်ရက်မှာညစာစားဖို့စားပွဲထိုင်နေကြတုန်း
ရေးကြီးသုတ်ပြာနဲ့သားကြီးရောက်လာတယ်..ပြီးတော့…..
'''အမေ'''
''စကားမပြောရဘူးဆိုတာမသိဘူးလား.. ဟိုဘက်မှာထိုင်ပါ..''
'''ဟို..ကျွန်တော်..'''
''ပြောစရာရှိရင်စားပြီးမှပြောလို့ပြောထားတယ်လေ..''
ဒီလိုနဲ့ထမင်းစားပြီးကြတော့
''ကဲပြောဘာလဲ''
'''ညီမလေးရေတွင်းထဲကျသွားလို့…'''


ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ်

စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်-
 စားသုံးသူ- "ဟေ့ဝိတ်တာ..ဟောဟိုစားပွဲပေါ်ကပုဂ္ဂိုလ်ကြီးသုံးဆောင်နေတဲ့
                 အရက်မျိုးငါသောက်ချင်တယ်ကွာ.."
စားပွဲထိုး - "ရပါတယ်ဆရာ..တယ်လီဖုန်းလာနေတယ်ဆိုပြီး သူ့ကိုကျွန်တော်ပထုတ်သွားမယ်..
               အရိပ်အခြည်ကြည့်ပြီးဆရာလှုပ်ရှားပေတော့"


   ကြိုက်တာဝယ်စားး..
အမေရိကန်နိုင်ငံ၌၀က်မွေးမြူသူထံသို့ တစ်နေ့သောအခါလူကြီးလူကောင်းတစ်ဦး
ရောက်ရှိလာပြီးစုံစမ်းလေသည်။
ခင်ဗျားရဲ့ဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ
"ကျွန်တော့်ဝက်တွေကိုထမင်းကျန်ဟင်းကျန်တွေနဲ့ဟင်းသီးဟင်းရွက်
အပုပ်တွေရောစပ်ပြီးကျွေးပါတယ်..
ကြားရတာစိတ်မကောင်းစရာပဲ ကျွန်တော်ကကမ္ဘာ့တိရစ္ဆာန်များထိန်းသိမ်း
စောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ..အခုလိုကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာ
တွေကျွေးမှုအတွက်ဒဏ်ငွေရိုက်ရပါလိမ့်မယ်.."
ဒဏ်ငွေဆောင်ပြီး၃လခန့်ကြာပြန်သော်နောက်ထပ်လူကြီးလူကောင်းတစ်ယောက်
လာပြီးစုံစမ်းပြန်သည်။
ခင်ဗျားဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ
ဟုတ်ကဲ့..ပေါင်မုန့်ပူတင်း..ဒိန်ခဲ..အာလူး..ကြက်ပေါင်းနဲ့ဗိုက်တာမင်အားဆေးတွေ
ရောစပ်ပြီးကျွေးပါတယ်...
အားပါး..အံ့သြစရာပဲ..ကျွန်တော်ကကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကအရာရှိပါ..ကမ္ဘာကြီးရဲ့
လူဦးရေလေးပုံတစ်ပုံလောက်နှစ်စဉ်အငတ်ဘေးကြုံနေတာတောင်ကိုမှခင်ဗျားကခြိုးခြံမှု
မရှိဘဲဖြုန်းတီးပစ်နေတာ အဲ့ဒီအတွက်ခင်ဗျားကိုဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ်..
ဒဏ်ငွေဆောင်ပြီးများမကြာမီ နောက်တစ်ဦးလာပြန်လေသည်။
ခင်ဗျားဝက်တွေကိုဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျာ
တစ်ကောင်ကိုတစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ပြောလိုက်တယ်..


ကျူးလွန်မိမှာစိုးလို. အဲ့...

Q : ဒါနဲ.ဲ့..နေပါအုန်း..နေပါအုန်း...
A : နေပါတယ်..
Q : မင်းကဘာလို. အရက်ကို အလွန်အကျွှံ သောက်ရတာလဲ...
A : သူရမေရာကံ ကျူးလွန်ပြီး...အခြားကံ ၄ ပါးလုံအောင်လို.ပါ...
Q : ဘာကွ! သူရာမေရကံ ကျူးလွန်ပြီး....အခြားကံ ၄ ပါးပါ ချိုးဖောက် တာ မဟုတ်ဘူးလား..
A : ဘဲနဲ. ချိုးဖောက်ရမှာလဲ..
Q : ဗျာ..
A: အေ့..။ တကယ်သောက်ကြည်.ပါလား...အရက်မူးလွန်လို. သူများကိုလိမ်ဖို.မပြောနဲ.ကို.ရှာအလုံးကြီးကို
ုပြန်မကိုက်မိအောင်လို. မနဲ ထိန်းထားရတယ်....အေ့...။
Q : အေ့!
A : မအေ့နဲ. တချို.ဆို အမူးလွန်းပြီး အမှန်တိုင် ပြောမိလို. ကျွှဲခိုးပေါ်တာ ရှိသေး..အေ့။
Q : အဲ့!
A : မ အဲ့ နဲ. အုန်းရှိသေးတယ်..သူတပါးပိုက်ဆံခိုးဖို.မပြောနဲ.
ကိုယ့်အိတ်ထဲ ပိုက်ဆံတောင် ဘယ်ကောင် နှိက်သွားမှန်း မသိလို.
ပျောက်ရတာအကြိမ်ကြိမ်...အေ့။
Q : ဟင်!
A : မဟင်နဲ.အုန်း..ကျန်သေးတယ်...သူတပါးအသက်သက်ဖို.မပြောနဲ.
ကိုယ်ဘာသာကို မရပ်နိုင်လို. ဓာတ်တိုင် ဖတ်ထားရတာဘဲ ကြည်. တော့...အေ့..။
Q : သြော်!
A : မသြော်နဲ.မပြီးသေးဘူးသူများသားမယားကိုပြစ်မှားဖို.ဆိုဝေးရော...
နိုင်ငံခြားမှာ ဖြစ်ဖူးတယ်...အမူးလွန်ပြီး ပန်ခြံထဲမှာ အိပ်နေတာ ကိုယ်. ဖင်ထဲကို
မြွေဝင်သွားမှန်း တောင်မသိဘူး...အေ့..။
Q : မင်ပြောတော့လည်း ဟုတ်သလိုဘဲ......ငါလည်း ကံ၎ပါး လုံအောင် အရက်သောက်ရ
မလိုဖြစ်နေပြီ အရက်ဆိုင် သွားအုံးမှ.....။
+6
« Last Edit: August 27, 2011, 09:44:10 AM by tunaye2011 »

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3266
Re: အမောပြေဟာသမှတ်စု
« Reply #561 on: August 14, 2011, 01:37:41 AM »
သူ့နေရာသူပြန်သွား

" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့
ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲက
ခွဲထုတ်ထားတဲ့ဟာတွေရှင့် " @hp

မေးမှသိတယ်

" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊
နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့
မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ " @hp

ပြောချင်တာကဒီလိုပါ

" မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။
ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။
ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း .....
ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ "
" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။
အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ " @hp

ဘယ်သူမှမပြောနဲ့နော်

" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "
" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကို
ပြောင်းသွားတာတစ်ပတ်လောက်ပဲရှိသေးတယ် မြေးရဲ့ " @hp

စနစ်တကျအသုံးပြုနည်း

" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊
ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့
ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို
ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား " @hp

နားလေးသူမို့ပါ

" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့
လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် "
@hp

ဟိုတစ်မျိုး ဒီတစ်မျိုး

" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲ
ဝင်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာ
သေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် " @hp

မေမေ့တာဝန်ထားလိုက်

" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။
သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့
မေမေ့တာဝန်ထားလိုက်စမ်းပါ " @hp

အမွေဆက်ခံမိလို့

" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။
ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ " @hp

မမြောက်ပါနဲ့ဗျာ

" မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊
ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှ
မနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ "
" ဟာ ..... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ " @hp

အထင်နဲ့အမြင်

" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊
ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ " @hp

ထင်တာကတခြား

" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ
ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ်
မထင်ခဲ့မိလို့ပါရှင် " @hp

သိချင်လို့

" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ " @hp

ပြင်ပအစားအစာ

" ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် ။
မြန်မြန်သွားကယ်ကြရအောင် "
" ဟင်း ..... တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာ
ပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် " @hp

သမ်းပြတာမဟုတ်ပါ

" ရှင် တော်တော်ရိုင်းပါလား ၊ ကျွန်မရှေ့မှာပါးစပ်ကို လက်ဝါးနဲ့မကာဘဲ
သမ်းပြတာနှစ်ကြိမ်ရှိသွားပြီ "
" အထင်မလွဲပါနဲ့ဗျာ ၊ ကျွန်တော် တစ်ခုခုပြောဖို့ကြံတိုင်း
ခင်ဗျားကရေပတ်မ၀င်အောင် ပြောနေတာကိုးဗျ " @hp

ယောက်ျားဆိုတာ

" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ
၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ " @hp

တလွဲမထင်ပါနဲ့

" ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် "
" ဘာဖြစ်လို့လဲဗျ "
" ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ "
" ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊
ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ " @hp

ဆရာ့ညွှန်ကြားချက်

" တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ "
" ဟုတ်ကဲ့ဆရာ "
" ဘယ်လိုနေလဲကွ "
" ဘယ်လိုမှ မနေဘူးဆရာ "
" အင်း ..... ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် " @hp

လိုချင်ရင်ပြောပါ

" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊
အရိုးနဲ့အရေခွံချည်းပဲ "
" ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား " @hp
+6

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3266
Re: အမောပြေဟာသမှတ်စု
« Reply #562 on: August 14, 2011, 02:16:12 PM »
မူလအတိုင်း


အသက်တော်တော်ကြီးနေပြီဖြစ်တဲ့ အပျိုကြီးတစ်ယောက်ရှိပါတယ်။

 တနေ့မှာတော့ သူမက သုဘရာဇာဆီမှာအခေါင်းသွားအပ်ပါ
တယ်။

သေရင်အဆင်သင့် ဖြစ်အောင်လို့ပါ။

သူမက သုဘရာဇာကို ပြောပါတယ် "ကျမကဒီနေ့အထိအပျိုစင်တစ်ယောက်ဖြစ်ပါတယ်၊

ဒါကြောင့်ကျမသေတဲ့အခါ  အားလုံးသိအောင် အခေါင်းဘေးမှာ အပျိုစင်ဖြစ်ကြောင်း ရေးပေးပါ"လို့ပြောပြီး အခေါင်းအပ်သွားခဲ့ပါတယ်။

မကြာခင်မှာပဲ သူမသေသွားပါတယ်။

သုဘရာဇာကတော့ ဘယ်လိုရေးပေးရမလဲဆိုတာကို စဉ်းစားလို့မရတဲအဆုံး ဒီလိုရေးပေးလိုက်ပါတယ်

" မူလအတိုင်းအသုံးမပြုပဲပြန်ပို့လိုက်သည်"

@mutdfan.com
+6

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3266
Re: အမောပြေဟာသမှတ်စု
« Reply #563 on: August 14, 2011, 02:19:07 PM »
လေယာဉ်မှူးအလိုရှိသည်
ခရီးသည်တင် လေယာဉ်တစ်စီးပေါ်တွင်ဖြစ်သည်။
"ခရီးသည်တွေထဲမှာ ဆရာဝန်ရှိပါသလားရှင်"
ဟူသော လေယာဉ်မယ်ဧ။် ရေဒီယိုမှတစ်ဆင့် မေးမြန်းသံကို ခရီးသည်များ
ကြားကြရသည်။ လူရွယ်တစ်ဦးသည် မိမိဧ။်ထိုင်ခုံမှထကာ ပိုင်းလော့ဧ။်အခန်း
ထဲသို့ ၀င်သွားသည်။ မကြာမီ ဆရာဝန်လူရွယ်ဧ။် ကြေငြာချက်ကို
ကျန်ခရီးသည်များ အောက်ပါအတိုင်းကြားလိုက်ရသည်။
"ခရီးသည်တွေထဲမှာ လေယာဉ်မောင်းတက်သူရှိပါသလားခင်ဗျာ"

တစ်ဝက်ခ
ချူချာတစ်ယောက် taxi စီးလာသည်။ လိုရာခရီးသို့ရောက်သောအခါ
ချူချာက ရူဘယ်တစ်ရာထုတ်ပေးသည်။
"ဘာလို့ ၁၀၀ ထဲပေးရတာလဲဗျ။ ရူဘယ် ၂၀၀ ကျတယ်ဗျ"
ဟာ ဒရိုင်ဘာကမကျေမနပ်ပြောသည်။
ချူချာပြန်ဖြေလိုက်သည်က
"ခင်းဗျားလဲစီးတာပဲလေ"

ဖဲပစ်မှားလို့
မိမိဧ။် တပည့်ဖြစ်သူကို ဖဲဝိုင်းတွင်ဖဲကစားနေသူကို ဆရာမက
တပည့်ဧ။် နားရွက်ကို ဆွဲလိမ်လိုက်သည်။
"မင်းကိုဆရာမ ဘာကြောင့်ဒဏ်ခတ်တယ်ဆိုတာ သိရဲ့လား"
"သိပါတယ်၊ ဖဲပစ်မှားလို့ပါ"

ကြောင်လမ်းပြ
"အိမ်ကကြောင်ကို သွားပစ်လိုက်လို့မိန်းမကပြောလို့တစ်နေ့က
တောထဲသွားပစ်ခဲ့တယ်"
"အိမ်ကိုကြောင်ပြန်မလာဘူးမဟုတ်လား"
"ပြန်မလာဘူး။ဟုတ်လား။ သူ့နောက်ကိုသာ မလိုက်ခဲ့ရင် ကျုပ်တောင်
အိမ်ပြန်ရောက်မှာ မဟုတ်ဘူး၊ပြန်လမ်းကိုကျုပ် မမှတ်မိဘူးလေ"

@mutdfan.com
+6

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3266
Re: အမောပြေဟာသမှတ်စု
« Reply #564 on: August 14, 2011, 02:21:19 PM »
ိတ္တဇ ဆေးရုံတစ်ခုဟာ အလွန်ဆိုးတဲ့လူနာတွေကိုအခြားဆေးရုံ ပြောင်းဖို့ လေယာဉ်နဲ့ ခေါ်ဆောင်လာ ပါတယ်။ ဆရာဝန်ကတော့ လေယာဉ်မှုးဘေးမှာ ထိုင်နေပြီး လူနာတွေကိုတော့ လေယာဉ်နောက်ခန်းထဲမှာ ထားပြီးခေါ်လာခဲ့ကြတာပေါ့။ အဲဒီချိန်မှာ လေယာဉ်ထဲ ကနေ အသံတွေကို ဆူညံနေအောင်ကြားရပါတယ်။ ဆရာဝန်လည်း စိတ်ပူပြီး အရူးခေါင်းဆောင်ကို ဘဲလ် နှိပ်ပြီးလှမ်းခေါ်လိုက်တယ်။
"ဟေ့ကောင် မင်းတို့ဘာလုပ်နေကြတာလဲ..ဆူညံနေတာပဲ"
"ဘောလုံးကန်နေကြတာပါ။"
ဆရာဝန်လည်း စိတ်ညစ်ညစ်နဲ့ ညည်းညူရင်း "ဟာာာာာ........ဒီကောင်တွေတော့ကွာ လေယာဉ်ပေါ်မှာ ဘောလုံးမကန်ရဘူး ဆိုတာမသိဘူးလား.. သွား သွားပြောစမ်း"
"ဟုတ်ကဲ့ပါဆရာ"
အရုးခေါင်းဆောင်ထွက်သွားပြီးနာက်ပိုင်း တိတ်ဆိတ်သွားတယ်။ ဆရာဝန်လည်း သဘောကျသွားပြီး အရူးခေါင်းဆောင် ထိန်းနိုင်သားပဲပေါ့ ဆိုပြီးတွေးနေတာပေါ့။ ဒီကောင် ဘယ်လို ထိန်းထားလဲ စဉ်းစားရင်း ဘဲလ် နှိပ်ပြီး အရုးခေါင်းဆောင်ကို လှမ်းခေါ်လိုက်တယ်။ "မင်းတော်တယ်....ဘယ်လိုထိန်းလိုက်တာလဲကွ.....ပြောပြစမ်းပါအုံး.....တိတ်ဆိတ်သွားတာပဲ"
"ဆရာပဲ လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆို.....အဲဒါနဲ့ ကျွန်တော်လည်း လေယာဉ်တံခါးပေါက်ကို
ဖွင့်ပေးလိုက်တာပါ အခု သူတို့ ဘောလုံးကန်ဖို့ ဆင်းသွားကြပြီ ကျွန်တော်တောင် အခုသွားတော့မှာ ဆရာလိုက်အားပေးပါလား"
" ဘ.....ဘ....ဘာဖြစ်တယ်"

@mutdfan.com
+8

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3266
Re: အမောပြေဟာသမှတ်စု
« Reply #565 on: August 14, 2011, 02:24:12 PM »
ကိုချူချာတိုက်ခန်းသစ်ရသည်။
နယ်မှရောက်လာသော
ဆွေမျိုးများကိုလိုက်ပြသည်။ကြွားသည်။
ရေဆွဲအိမ်သာကိုရောက်လာသည်။ ဆွေမျိုးများကမေးသည်။
``အဲ့ဒါဘာခေါ်သလဲ ဘာအတွက်သုံးသလဲ´´
``ကျွန်တော်လည်းမသိဘူး၊ဟောဒီကြိုးကိုဆွဲလိုက်ရင်ရေကျလာတယ်။လက်ဆေးဖို့အချိန်ရတယ်၊
အဲ..မျက်နှာသစ်ဖို့တော့အချိန် မမှီဘူး။´´
 credit @ mutdfan.com
+4

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3266
Re: အမောပြေဟာသမှတ်စု
« Reply #566 on: August 14, 2011, 02:26:29 PM »
ဒီစာကို မဖတ်ပါနဲ့။
ကျနော်ပြောမယ်။ ဒီစာကို မဖတ်ပါနဲ့။
ဘာကြောင့်လဲဆိုတော့ ဒီစာကို ဖတ်လို့ခင်ဗျားအတွက် ဘာမှအကျိုးရှိမှာ မဟုတ်ဘူး။
တကယ် အကျိုးမရှိလို့ မဖတ်ရဆိုပြီး ခေါင်းစဉ် တပ်ထားတာပေါ့။
ခင်ဗျား ဆက်ဖတ်တာဟာ ခင်ဗျားရဲ့ ရွေးချယ်ပိုင်ခွင့်ပါ။
တားမြစ်လို့ မရပါဘူး။
ဒါပေမယ့် လုံးဝမဖတ်ဖို့ ကျနော် ပြောချင်ပါတယ်။
ပြောနေရင်းနဲ့တောင် ခင်ဗျားဆက်ဖက်နေသေးတယ်နော်။
ကျနော်က ခင်ဗျား အတွက်ပြောနေတာပါ။
ခင်ဗျားဒါကို နားမထောင်ဘဲ ဆက်ဖတ်နေတာ ခင်ဗျားအတွက် အကျိုး လုံးဝမရှိလို့ပါ။
အခုတောင် ခင်ဗျား ဖတ်လာတာ စာကြောင်းရေ တော်တော်များလာပြီ။
ကျနော်ကခင်ဗျား အကျိုးကို ရှေးရှူပြီး မဖတ်စေချင်တာပါ။
ဆက်မဖတ်နဲ့တော့နော်။
လုံးဝကို အကျိုး မရှိဘူး။
အကျိုး လုံးဝလုံးဝမရှိပါ။
အကျိုးမရှိတာကို မြန်မာလို ဒီထက်ရှင်းအောင် ကျနော်ပြောမပြတတ်တော့ဘူး။
အလားတူဘဲ မဖတ်ပါနဲ့ကိုလည်း ဒီထက်ရှင်းအောင် မြန်မာလို ရှင်းမပြတတ်ဘူး။
ဒီတော့ရှင်းရှင်းပြောမယ်။
ဆက်မဖတ်နဲ့။
ပြောနေရင်းနဲ့တောင် ခင်ဗျားဖတ်လာတာများသထက်များလာပြီ။
ကျနော် ဘယ်လိုပြောရမလဲဗျာ၊ မဖတ်ပါနဲ့။
ဟုတ်ပြီလား၊ မဖတ်နဲ့တော့။
ဒီစာထဲမှာ ဘာမှပါမှာ မဟုတ်လို့မဖတ်နဲ့လို့ ပြောနေရတာပေါ့ဗျာ။
လူ့စိတ်ကလည်းအခက်သား၊မဖတ်ပါနဲ့ဆို တိုးလို့ဖတ်ချင်တယ်။
ခင်ဗျား တိုးလို့ဖတ်လေ၊ ကျနော်ကမဖတ်ဖို့ တားမြစ်ရလေဘဲဗျာ။
မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့မဖတ်စေချင်လို့ပါ။
အခုပြောရင်းနဲ့ စာတောင်တော်တော် ရှည်သွားပြီ။
ဒါဘဲ။ ကျနော်ပြောမယ်။


(ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။)
credit @ mutdfan.com
+4

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3266
Re: အမောပြေဟာသမှတ်စု
« Reply #567 on: August 14, 2011, 02:28:03 PM »
ပင်လယ်ကမ်းခြေတွင် ယောင်္ကျား လေး တစ်ယောက် ကိုယ်တုံးလုံး ဖြင်. နေပူစာ လှုံ နေစဉ် သူ.ဆီကောင်မလေး တစ်ယောက် ဦးတည်၍ လျှောက်လာပါတယ်။
ဒါနဲ. သူကလဲ ရှက်တာနဲ. သူ.ပစ္စည်း ကို သူဖတ်နေတဲ. သတင်းစာ နဲ.အုပ်ထားလိုက်ပါတယ်။
ကောင်မလေး - ရှင်.သတင်းစာ အောက်မှာ ဘာရှိလဲဟင်။
ကောင်လေး - ငှက်တကောင်ရှိတယ်။
အဲဒီနောက် ကောင်မလေး ကထွက်ပြေးသွားပြီး ကောင်လေး က အိပ်ပျော်သွားခဲ.တယ်။
ဒါနဲ. ကောင်လေး ကနိုးလာတော. နာကျင်စွာဖြင်. သူဆေးရုံရောက်နေမှန်းသိတော.တယ်။
ဒီတော. သူ.ကို ဆေးရုံခေါ်လာတဲ. ရဲက မေးပါတယ် ။
ရဲ - မင်းဘာဖြစ်လာတာလဲ။
ကောင်လေး - မသိဘူး၊ ကျွန်တော် ပင်လယ်ကမ်းခြေမှာ လဲလျှောင်းနေတုန်း ကောင်မလေး တယောက် က ကျွန်တော. ပစ္စည်းအကြောင်းလာမေးတယ်။ အဲ.နောက်မမှတ်မိတော.ဘူး။
အဲဒီတော. ရဲ က ပင်လယ်ကမ်းခြေ ရှိ ထိုကောင်မလေး ကို သွားရောက်မေးမြန်းပါတော.တယ်။
ရဲ - နင် ဟို ကိုယ်တုံးလုံးနဲ.ကောင်လေး ကို ဘာလုပ်လိုက်တာလဲ။
ကောင်မလေး - အော်သူ.ကိုလား။ ဘာမလုပ်ပါဘူး။ ကျွန်မ က ငှက်ကလေးနဲ.ဆော.နေတုန်း ငှက်က ကျွန်မကို တံတွေးနဲ. ထွေးတယ်လေ။ ဒါနဲ.ကျွန်မလဲ စိတ်တိုပြီး ငှက်ရဲ.လည်ပင်းကို ချိုးပစ်တယ်၊ ငှက်ဥ ကို ခွဲပစ်လိုက်ပြီး အသိုက်ကိုပါ မီးရို. ပစ်လိုက်တယ်။

credit @ mutdfan.com
+7

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3266
Re: အမောပြေဟာသမှတ်စု
« Reply #568 on: August 14, 2011, 02:30:28 PM »
တစ်ခါက စင်ကပူနိုင်ငံတွင် နေထိုင်သော ကိုကုဒ်ဒါနှင့် ကိုဘောလုံးတို့ နှစ်ဦး  ညနေပိုင်းတစ်ခုတွင် ဂေါက်သီးအတူကစားနေကြစဉ်ဖြစ်သည်။

ညနေပိုင်း ကျောင်းဆင်းချိန် ဖြစ်သဖြင့် ကျောင်းမှ ပြန်လာသော သားအမိနှစ်ဦးက  သူတို့ နှစ်ဦးအား အဝေးမှ တွေ့ မြင်သွားရင်း အမေဖြစ်သူက သားဖြစ်သူကို  ပြောသည်။

မိခင် ။     ။ ``သား ဟိုမှာကြည့်လိုက်စမ်း''

သား ။     ။ ``ဗျာ ဟိုလူကြီးနှစ်ယောက်လား မေမေ''

မိခင် ။     ။ ``အင်း ဟုတ်တယ် သား ၊ သူတို့ ကိုသေချာကြည့် ၊ နေပူပူကြီးထဲမှာ အလုံးလေးတစ်လုံးကို ဒုတ်တစ်ချောင်းနဲ့  လိုက်ရိုက်နေရတာ ဘယ်လောက် ပင်ပန်းလည်း သားစဉ်းကြည့်ပေါ့ သားရယ် ၊ စာသေချာ ကြိုးစားရမယ်နော် သား'' တဲ့ :hapy

credit @ mutdfan.com
+6

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3266
Re: အမောပြေဟာသမှတ်စု
« Reply #569 on: August 14, 2011, 02:33:26 PM »
ဝန်ကြီးများရုံးသို့ လူငယ်တစ်ဦး အလုပ်လာလျှောက်သည်။

အိမ်သာသန့်ရှင်းရေးလုပ်သားနေရာသာ လစ်လပ်နေသည်ဖြစ်သဖြင့် လုပ်လိုက လုပ်နိုင်ကြောင်းလူငယ်အား ပြောသည်။

လူငယ်က သဘောတူလိုက်ပြီး အလုပ်လုပ်ရင်း သီချင်းနားထောင်နိုင်ရန် အိမ်သာထဲတွင် ကက်ဆက်တစ်ခုထည့်ထားလိုက်သည်။ လူငယ်ပထမဆုံးအလုပ်စဆင်းသည့်နေ့ဖြစ်သည်။ဝန်ကြီးရုံးသို့ ၀န်ကြီးတစ်ဦးရောက်လာပြီး အိမ်သာဘယ်မှာလဲဟု လူငယ်အားမေးရာ လူငယ်က ၀န်ကြီးကို အိမ်သာသို့ လိုက်ပို့ပေးသည်။

အိမ်သာခန်းထဲသို့ ၀န်ကြီးဝင်သွားသောအခါ ကတ်ဆက်ကို လူငယ်ဖွင့်လိုက်သည်။

မြန်မာပြည်သိန်းတန်၏ “ရိုင်းတဲ့စင်ယော်´´သီချင်းသံ ငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။ မကြာမီ အိမ်သာခန်းထဲမှ စောစောက၀န်ကြီးထွက်လာသည်။

“မောင်ရင် ဒီမှာ အလုပ်လုပ်နေတာ ကြာပလား´´“ဒီနေ့ ပထမနေ့ပါခင်ဗျ´´ “အေး မင်းကိုရာထူးတိုးပေးရမယ်´´

မကြာမီ နောက်အရာရှိကြီးတစ်ဦး ရောက်လာသည်၊

အိမ်သာခန်းထဲ အရာရှိကြီးရှိနေစဉ် တွံတေးသိန်းတံ၏ “အသီးတစ်ရာ အညှာတစ်ခု´´ သီချင်းကိုဖွင့်ပေးလိုက်သည်။ ထိုအရာရှိလဲ စိတ်ကျေနပ်မှုရကာရာထူးတိုးအောင် ထောက်ခံပေးမည်ဟု လူငယ်ကို ကတိပြုသွားသည်။

နောက်တစ်ခါ ရောက်လာသူကား မြန်မာပြည်၏ ယခုလက်ရှိခေါင်းဆောင်ကြီးကိုယ်တိုင်ဖြစ်သည်။

“ဒီအနားမှာ အိမ်သာရှိသလားဟေ့´´ လူငယ်ကခေါင်းဆောင်ကြီးကို လိုက်ပို့သည်၊ ထို့နောက် “နိုင်ငံတော်သီချင်း´´(ကမ္ဘာမကြေ) သီချင်းကိုဖွင့်ပေးလိုက်သည်။

အတန်ကြာသောအခါ အိမ်သာခန်းထဲမှ မျက်ထောက်ကြီးနီပြီး ခေါင်းဆောင်ကြီးထွက်လာသည်။

“မင်ဒီမှာ လုပ်နေတာကြာပြီလား´´

“ပထမနေ့ပါခင်ဗျာ´´

“အေး- ပထမနေ့နဲ့နောက်ဆုံးနေ့ပဲ မှတ်လိုက်ပေတော့´´

“ဘာဖြစလို့လဲခင်ဗျာ၊ ကျွန်တော်ဘာများမှားတာလုပ်မိပါလို့လဲ ခင်ဗျာ´´

“ငါ့တစ်သက်မှာ ဒီတစ်ခါပဲ မတ်တပ်ရပ်ပြီး ကျင်ကြီးစွန့်ရလို့ဟေ့´´
 
credit @ mutdfan.com
+6

Tags: