Author Topic: အမောပြေဟာသမှတ်စု  (Read 433478 times)

0 Members and 2 Guests are viewing this topic.

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3283
Re: အမောပြေဟာသမှတ်စု
« Reply #550 on: August 11, 2011, 10:06:35 PM »
***ဖွင့်ဆိုချက်***



မေး ။    ။ အရင်းရှင်စနစ်ဆိုတာဘာလဲ

ဖြေ ။    ။ ချမ်းသာမှုကို မမျှမတ ခွဲဝေပေးခြင်း



မေး ။     ။ ဆိုရှယ်လစ်စနစ်ဆိုတာဘာလဲ

ဖြေ ။     ။ ဆင်းရဲမှု ကို မမျှမတ ခွဲဝေပေးခြင်း



***ခွေးပျောက်ရှာ***



မေး ။      ။ ပျောက်သွားတဲ့ ကျွန်တော်ခွေးကို ရှာတွေ့ရင်,
ရှာတွေ့တဲ့လူကို ယန်းငွေ တစ်ထောင်ပေးမယ်လို့

                 သတင်းစာမှာ ကျွန်တော် ကြော်ငြာထဲ့ခဲ့တယ်၊ သတင်းလေးဘာလေး
မထူးဘူးလား။

ဖြေ ။      ။ လောလောဆယ် ကျွန်တော်လာမှ မြော့နိုင်ပါဘူး ၊ အယ်ဒီတာချုပ်ရော
၊ သတင်းထောက်တွေပါ

                တစ်ယောက်မှ မရှိဘူး ၊ လူကြီးမင်းရဲ့ခွေးကို အရှာထွက်နေကြတယ်။   ။



***ဒီဆရာဝန်ကို မကြိုက်ဘူး***



မိန်းမက ယောက်င်္ကျားကိုပြောသည်။

" မောင်၊ ဆရာဝန်ကပြောတယ်၊ ကမ္ဘာလှည့်ပြီး စိတ်ပြေလက်ပြောက် ခရီးသွားပါတဲ့ ၊

  အဲဒါဆိုရင်ခင့် ရောဂါသက်သာသွားမယ်တဲ့ ၊ ခင်တို့ဘယ်ကိုသွားကြမလဲဟင်"...

       " နောက်ဆရာဝန် တစ်ယောက်ဆီကို "



***အခြေအနေပြောင်သွားလို့***



" ခင်ဗျားဆင်တွေကိုလိုက်ဖမ်းတာကြာပြီလား"

" မကြာသေးပါဘူး ၊ ဒီကိုလာတုန်းက ငှက်တွေကိုဖမ်းဖို့ လာတာပဲ ၊

  ဒါပေမယ့် မျက်မှန်ကျပျောက်သွားလို့ပါ" ။







***ပြောကြတာပဲ***



" ဟဲလို .........ဌာန ကပါလား၊ ညွန်ချုပ်နဲ့စကားပြောပါရစေရှင် "

  " ညွန်ချုပ် မအားပါဘူးခင်ဗျား "

   " အခုဆက်တာ သူဇနီး လို့ြေ့ပာပါရှင့် "

   " အင်း ၊ အားလုံးဒီလိုပဲ ပြောကြတာပါပဲ ခင်ဗျ"



***ဆရာ့ဆီလာတဲ့ဖုန်း***



   အုပ်ချုပ်ရေးမှူး အခန်းထဲသို့ ရုံးအကူဝင်လာပြီး ပြောသည်။

"ဆရာ၊ ဆရာ့ဆီ တယ်လီဖုန်းလာတယ်ထင်တယ်"

" ဘာဖြစ်လို့( ထင်တယ်) လို့ပြောရတာလဲကွ"

"သြော် ကျွန်တော် တယ်လီဖုန်းကိုကောက်ကိုင်လိုက်တော့ တစ်ဖက်က (ဟေ့ကောင်စုတ်၊မင်းလား)

  ဆိုတဲ့ အသံကိုကြားလိုက်ရလို့ပါ၊"



***ကပ်လာစမ်းပါ***



" ခင်ဗျားခွေးဟာ သူ့ အနားအကပ်ခံ သလားဗျ"

"အကပ်ခံတာပေါ့ နို့မဟုတ်ရင် ခင်းဗျားကို သူဘယ်လို လုပ်ပြီး ကိုက်နိုင်မှာလဲဗျ"



မောင်ကောင်းထိုက်ရဲ့ဟာသများမှ
+5
« Last Edit: August 12, 2011, 09:11:28 AM by tunaye2011 »

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3283
Re: အမောပြေဟာသမှတ်စု
« Reply #551 on: August 14, 2011, 01:04:39 AM »
နှစ်ခါခေါ်တာကိုး

တစ်နေ့မှာ မောင်လူရိုး တစ်ယောက် မျက်နှာတစ်ခုလုံး မီးလောင်ဒဏ်ရာတွေနှင့်
ဆရာဝန်ထံရောက်လာပါတယ်...





ဆရာဝန်။ ။ ခင်ဗျားမျက်နှာက ဘာဖြစ်တာလဲ

မောင်လူရိုး ။ ။ ကျွန်တော်မီးပူတိုက်နေတုန်း ဖုန်းလာလို့ အလောတကြီး ...
ဖုန်းနဲ့ မီးပူမှားကိုင်တာပါဗျာ ... အား … ကျွတ်… ကျွတ်...

ဆရာဝန်။ ။ သြော်.......... ဖြစ်မှ ဖြစ်ရလေဗျာ...... ဒါနဲ့ နောက်တစ်ဖက်ကရော...





မောင်လူရိုး ။ ။ အဲ့ဒီသောက်ရူးက နောက်တစ်ကြိမ်ထပ်ခေါ်တယ်လေ.
+4

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3283
Re: အမောပြေဟာသမှတ်စု
« Reply #552 on: August 14, 2011, 01:05:43 AM »
ဒါကြောင့်ပါ

မေး။   ။ "ဆရာဝန်တွေ ခွဲစိတ်တဲ့အခါမှာ ဘာလို့မျက်နှာဖုံးတွေ တပ်တပ်ထားကြတာလဲ"
ဖြေ။   ။  "ခွဲစိတ်မှုမအောင်မြင်တဲ့အခါမှာ သူတို့မျက်နှာကို လူနာမမှတ်မိအောင်လို့..  "

 

 

 
ဘယ်လိုကြီးလဲ ??
အမျိုးသမီးငယ်တစ်ယောက် ဆေးခန်းလာပြသည်။ ရောက်ရောက်ချင်းပင် ဆရာဝန်က-
"ကဲ.. အ၀တ်အစားတွေ အကုန်ချွတ်လိုက်ပါ။"
ဆက်လက်၍ ဆရာဝန်ကစိတ်တိုင်းကျ စမ်းသပ်ပြီးပြောသည်။
"ခင်ဗျားရဲ့ ပြင်ပအခြေအနေအကုန်ကောင်းနေတာပဲ။ ဘာဖြစ်လို့ဆေးခန်းလာပြလဲ။"
"ကျွန်မ သွားကိုက်နေလို့ပါ ဆရာ။"
"ဟာ.. ဒါဆို သွားဆရာဝန်ဆီသွားရမှာဗျ။ ကျွန်တော့ဆီလာရမှာ မဟုတ်ဘူး။"
"သြော်..မသိလို့ပါရှင်။ ဒါနဲ့ ဆရာကရော ဘာဆရာဝန်လဲဟင် ??"
"ကျွန်တော်လား။ ကျွန်တော်က မျက်စိဆရာဝန်လေ.."

 
ပိန်ချင်ရင်

အမျိုးသမီးကြီးတစ်ဦး ဆေးခန်းသို့လာပြသည်။
"ကျွန်မပိန်ချင်လို့ပါဆရာ။ပထမ ဆရာဝန်ဆီသွားတော့ သူကပိန်ချင်ရင်လမ်းများများလျှောက်လို့ပြောပါတယ်ဆရာ။ဒုတိယဆရာဝန်ကကျတော့ ကမ်းခြေတစ်ခုကိုအပန်းဖြေသွားလို့ပြောပါတယ်။ ဆရာကရောဘယ်လိုအကြံပေးမလဲဟင်။"
"ကမ်းခြေတစ်ခုကို ခြေကျင်လျှောက်သွား။"

 

 
  

 

 
ကလေးအတွေး

ဆေးခန်းတစ်ခုတွင် ဖြစ်သည်။ဆေးစစ်ခန်းအပြင်ဘက်တွင် ကလေးနှစ်ယောက်ထိုင်စောင့်နေကြသည်။တစ်ယောက်မှာရှိုက်ကြီးတငင်ငိုနေသဖြင့်ကျန် ကလေးကမေးသည်။
ပထမကလေး  ။  ။မင်းဘာကြောင့်ငိုနေတာလဲ?
ဒုတိယကလေး ။ ။ငါသွေးလာစစ်တာ။
ပထမကလေး  ။ ။ဘာလဲ ကြောက်လို့ငိုနေတာလား?မကြောက်ပါနဲ့ကွာ ငါကြားဖူးတာကတော့ အပ်ကလေးနဲ့ဖောက်တာပါကွ။ သိပ်မနာပါဘူးတဲ့။
ဒုတိယကလေး။ ။မဟုတ်ဘူး။ သူတို့က ငါ့လက်ကို ဖြတ်ပြီးစစ်မှာတဲ့။
ထိုအဖြေကိုကြားသောအခါ မေးခွန်းစမေးသောကလေးမှာ ရှိုက်ကြီးတငင်စငိုလေတော့သည်။ ဒုတိယကလေးက အံ့အားသင့်စွာဖြင့်မေးသည်။
ဒုတိယကလေး။ ။ဟောဗျာမင်းကျတော့ ဘာဖြစ်လို့ထငိုနေရတာတုန်း?
ပထမကလေး  ။ ။ငါ့ကိုကျတော့ သူတို့က ဆီးစစ်မလို့တဲ့.... အီး !!!  

 

 

 
ရိုးလိုက်တာ

 

လက်ထက်ပြီး ရက်ပိုင်းအတွင်း ယောက်ျားနဲ့ လမ်းခွဲလိုက်သော အမျိုးသမီးအား သူငယ်ချင်းဖြစ်သူက -
“နင့်အမျိုးသားကဆေးလိပ်မသောက်၊ အရက်မသောက်နဲ့၊ ရိုးတာကျတော့လည်းပါးစပ်ထဲလက်ညှိုးထည့်တာတောင် မကိုက်တဲ့လူစားပဲ၊ ဘာလို့ လမ်းခွဲလိုက်တာလဲ”
“ရိုးလွန်းတော့လည်း အ သွားလို့”
“ဘာတွေ အ သွားတာလဲ”
“ဓမ္မတာလာတာကို ဘာနဲ့ထိခိုက်မိသလဲ မေးလို့”
“ဟိုက်”
+4
« Last Edit: August 15, 2011, 09:11:42 AM by tunaye2011 »

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3283
Re: အမောပြေဟာသမှတ်စု
« Reply #553 on: August 14, 2011, 01:07:37 AM »
သူစီးရမယ့် လေယာဉ်ထိုင်ခုံနေရာကိုရောက်တော့ ကိုထုံတယောက် တော်တော်အံ့သြသွားတယ်။

သူ့ဘေးကပ်လျက်ခုံမှာ ကြက်တူရွေးတကောင် ထိုင်နေတာကိုး...

ဒီလိုနဲ့လေယာဉ်ထွက်လာလို့မကြာခင်မှာဘဲ အစားအသောက်တွေ စတင်ကျွေးမွေးတော့
လေယာဉ်မယ်လေးက မေးလာတယ်...

”အစာမစားမီ ဘာများ သောက်ချင်ပါသလဲ ရှင်”

ကိုထုံက... ”ကော်ဖီတစ်ခွက် ပေးပါ” လို့ မှာတယ်။

ကြက်တူရွေးက...”ငါ့ အတွက် ဝီစကီတစ်ခွက်ပေးစမ်း ကောင်မ...ကြားလား”...တဲ့။

လေယာဉ်မယ်လည်း အံ့သြသွားပေမယ့် ဘာမှ မပြောဘဲ ဝီစကီတစ်ခွက်ယူလာပေးတယ်၊
ကော်ဖီကတော့ မေ့ပြီး ပါမလာဘူး။

ခဏနေတော့ ကြက်တူရွေးက ထပ်မှာပြန်တယ်...”ဝီစကီတခွက်
ထပ်ယူပေးစမ်း...သောက်ရူးမလေး”...........

လေယာဉ်မယ် ဒေါသနဲနဲထွက်ပြီးမျက်မှောင်ကြုပ်လို့ ဝီစကီတစ်ခွက်ထပ်ယူလာပေးပြန်တယ်။

ဒီတခါလည်း ကော်ဖီက ပါမလာပြန်ဘူး.......

ကိုထုံလည်း ကြက်တူရွေးလမ်းစဉ်လိုက်ပြီးမှာမှရမယ်လို့
တွေးပြီး......”ငါ့ကော်ဖီကိုမြန်မြန်သွားယူစမ်း ဝက်မလေး၊ မဟုတ်ရင်
နင့်ကို ကန်မိတော့မယ်”

ခဏနေတော့ လေယာဉ်မောင်ခပ်ထွားထွား ၂ယောက် ရောက်လာတယ်။

ကိုထုံ နဲ့ ကြက်တူရွေးကို ဖမ်းချုပ်ခေါ်လာပြီး အရေးပေါ်အပေါက်ကနေ
လေယာဉ်အပြင်ကို ပစ်ချလိုက်ပါတော့တယ်....

ဒီမှာတင် ကြက်တူရွေးက ကိုထုံ့ ကို လှမ်းပြောတယ်... .... ...

”မင်းက ပျံလည်းမပျံတတ်ဘဲနဲ့ Complain တယ်များကိုးကွ”....တဲ့။

သင်ခန်းစာ။ ။ မပျံတတ်ရင် complain မတက်ပါနဲ့ ကိုယ့်လူတို့ - အဟိ။
+4

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3283
Re: အမောပြေဟာသမှတ်စု
« Reply #554 on: August 14, 2011, 01:08:40 AM »
ဟိုးတုန်းက ..မြို့တစ်မြို့မှာ ဆရာဝန်တစ်ယောက်ရှိသတဲ့။

အဲဒီဆရာဝန်က ဘယ်လိုလူနာလာလာ ဘာမီတွန်သာ(Burmeton) ပေးတတ်သတဲ့။

တစ်နေ့ အဲဒီမြို့က အမျိုးသမီးတစ်ယောက်ဟာ ဆရာဝန်ကို ပညာစမ်းလိုတဲ့
စိတ်နဲ့ သူရဲ့ သမီးဖြစ်သူကိုခေါ်ပြီး ဆရာဝန်ဆီသွားတာတော့တာပဲ…

အမျိုးသမီး….ဆရာ ကျွှန်မသမီးလေး ဗိုက်တွေအရမ်းနာနေလို့ပါ..

ဆရာဝန်….ဘာမှမပူပါနဲ့ဗျာ ရော့ ဘာမီတွန်လေးသောက်လိုက်..

အမျိုးသမီးကတော့ မကျေနပ်တဲ့ မျက်နှာနဲ့ ပြန်ထွက်လာလေရဲ့။

ဒါနဲ့ နောက်တစ်နေ့ထပ်သွားပြန်တော့တာပဲ

..။

အမျိုးသမီး…..ဆရာ ကျွှန်မ ရာသီလာတာ ရက်မမှန်လို့ ဆရာ။

ဆရာဝန်…. ဘာမှမပူပါနဲ့ဗျာ ရော့ ဘာမီတွန်လေးသောက်လိုက်။

ဒီတစ်ခါလည်း အမျိုးသမီးက မကျေမနပ်နဲ့ဘဲ ပြန်ခဲ့ တယ်။ နောက်တစ်ရက်

အမျိုးသမီး….ဆရာ ကျွှန်မအမျိုးသား အရက်သောက်များပြီး အိပ်ရာထဲလဲနေလို့ပါ။

ဆရာဝန်….ဘာမှမပူပါနဲ့ဗျာ ရော့ ဘာမီတွန်လေးသောက် ခိုင်းလိုက်။

ဒီတစ်ခါတော့ ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့ အမျိုးသမီး က

…..ဆရာ ကျွှန်မ ကလေးမလိုချင်လို့ သားဆက်ခြားချင်လို့ပါ။

ဒီတစ်ခါတော့ ဆရာဝန်ခေါင်းတော်တော်စားသွားပြီး
ဟိုတွေးဒီတွေးလုပ်နေပါတယ်။ ဒါကိုကြည့်ပြီး အမျိုးသမီး ကတော့
အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမယ့် သူ့ရဲ့အပျော်တွေဟာ
ဆရာဝန်ရဲ့စကားကြောင့် ဆိတ်သုဉ်းသွားလေရဲ့။
ဆရာဝန်ပြောလိုက်တာက”’ခင်ဗျားအမျိုးသားကို ဘာမီတွန် တိုက်လိုက်””’ ဟူ
သတည်း။

+6

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3283
Re: အမောပြေဟာသမှတ်စု
« Reply #555 on: August 14, 2011, 01:09:42 AM »
ကွန်ပျူတာခေတ်ရဲ့ ကြွက်

ကျွန်မ၏ သူငယ်ချင်း ကျောင်းဆရာမက သူ့အတန်းအားမေးသည်။
"ဒေါ့ဒ်ဆိုတဲ့ ခွေးတစ်ကောင်က ဘယ်လို အသံထွက်သလဲ"
ကလေးများကဖြေသည်။
"၀ုတ် ၀ုတ်"
"ကက်ဆိုတဲ့ ကြောင်ဆိုရင်"
"ညောင်"
"မောက်စ်ဆိုတဲ့ ကြွက်ကကောကွယ်"
"ကလစ်"
*****
ရေတော့ မကူးနဲ့

"ဟေ့လူ ဒီနေရာမှာ ရေကူးခွင့် မရှိဘူး"

"ကျွန်တော် ရေကူးတာ မဟုတ်ဘူး။ ရေနစ်နေတာဗျ"

"သြော်... အေးအေး၊ ဒါဆိုရင်တော့ ခွင့်ပြုပါတယ်"

*****
စကားတည်သူ
လူငယ် တစ်ယောက်သည် မိန်းမပျိုကို အသက် မေးလိုက်သည်။

"အသက် ဘယ်လောက် ရှိပြီလဲ စူစန်"

"ကျွန်မ အသက် ၁၈နှစ် ရှိပါပြီ"
"ဟုတ်ရဲ့လားဟာ။ လွန်ခဲ့တဲ့ နှစ်လောက်ကလည်း ၁၈နှစ်ပဲလို့ ပြောတာကြားမိပါတယ်"

"အိုး ... ကျွန်မက ခုတစ်မျိုး တော်ကြာ တစ်မျိုး ပြောတတ်တဲ့ မိန်းမစား
မဟုတ်ဘူး။ တစ်ခွန်းဆို တစ်ခွန်းပဲ ပြောတတ်တယ်"
*****
ဘာမှ မရှိပါ

"ယောက်ျားရေ ကျွန်မတို့ တဲစုတ်ထဲ သူခိုး ရောက်နေတယ်တော့"

"နေပါစေကွာ၊ မကြာခင် သူ့အမှား သူသိပြီး ပြန်သွားပါလိမ့်မယ်"
*****
ဟိုဘက်တော့ မသိပါ

"လူဟာ မျောက်က ဆင်းသက်တယ် ဆိုတာ ဟုတ်လား မေမေ"

"မေမေ့ အမျိုးတွေ ဘက်မှာတော့ မရှိဘူး သားရဲ့။ ဖေဖေကြီး ပြန်လာမှ
သူ့အမျိုးတွေထဲ ရှိမရှိ မေးပေး မယ်လေ"
*****
နားထောင်သူများ

ယောက်ျားနှင့် မိန်းမတို့ အိမ်ထောင်ပြုကြသော အခါ ပထမ နှစ်တွင် ခင်ပွန်း
ပြောသမျှကို ဇနီးက နားထောင်ရသည်။ ဒုတိယနှစ်တွင် ဇနီး ပြောသမျှကို
ခင်ပွန်းက နားထောင်ရသည်။ တတိယ နှစ်တွင် ဇနီးမောင်နှံ ပြောသမျှကို
ရပ်ကွက်လူကြီးမှ နားထောင်ပေးရလေသည်။

ဇနီး အလိုရှိသည်
လူတစ်ယောက်သည် ဇနီး အလိုရှိကြောင်း ကြော်ငြာ ထည့်လိုက်သည်။ နောက်
တစ်နေ့တွင် အိမ်ထောင်သည် အမျိုးသားများထံမှ သူတို့ ဇနီးကို
ယူနိုင်ကြောင်း အဆိုပြုလွှာ အများအပြား ရောက်ရှိ လာလေသည်။
*****
ဆေးဖိုးမရှိလို့

"အရက် သောက်ရင် အသက်တိုတယ် ဆိုတာ မသိဘူးလား"

"သိပ်သိတာပေါ့ သူငယ်ချင်းရာ.... အသည်း ရောဂါ၊ အစာအိမ် ရောဂါ၊ အာရုံကြော
ရောဂါ၊ စိတ်ရောဂါတွေ ဖြစ်နိုင်တာပေါ့"

"သိရင်လည်း အရက်ကို ဖြတ်လိုက်ပါလားကွာ"

"ငါ့မှာ အရက်ဖိုးပဲ ရှိတာကြောင့်ပါ"
*****


*****
ဒီတစ်ခုတော့ စိတ်ချရတယ်

"ခင်ဗျားတို့ ကုမ္ပဏီရုံးခန်းက ပရိဘောဂ တွေကို အာမခံထားဖို့ စိတ်ကူး မရှိဘူးလားဗျ"

"ရှိပါ သော်ကောလေ... တိုင်ကပ်နာရီက လွဲပြီး ကျန်တဲ့ ပစ္ခည်း အားလုံး အာမခံ
လုပ်ထားချင်တယ်"

"ဘာဖြစ်လို့လဲ တိုင်ကပ်နာရီက"

"ဒါက ဘာအန္တရယ်မှ မရှိနိုင်ဘူး။ ၀န်ထမ်းအားလုံး စောင့်ကြည့် နေကြလို့"

             (ရဲစတိုင်း၏ ရယ်မဆုံး၊ ပြုံးမနိုင်)
+5
« Last Edit: August 15, 2011, 09:14:56 AM by tunaye2011 »

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3283
Re: အမောပြေဟာသမှတ်စု
« Reply #556 on: August 14, 2011, 01:18:54 AM »
လက်ထပ်ပြီး ခါစ ဇနီးမောင်နှံ နှစ်ဦးသည် ၄င်းတို့၏ အိမ်သစ် သို့
ပြောင်းရွှေ့ နေထိုင်ကြသည်။ ရက် အနည်းငယ် ကြာသော အခါ မိန်းမက ယောက်ျားအား
အခုလိုပြောသည်။
ရေချိုခန်းထဲက ရေပိုက်ပေါက် နေတာကို ပြင်လိုက်ဦး နော် ။
မင်းကိုယ့်ကို ဘာထင်လို့လဲ ။ ပိုက်ပြင်သမား များ အောက်မေ့နေသလား
ဟုပြန်ပြော ၏၊ နောက် ရက် အနည်းငယ်ကြာသောအခါတွင် မိန်းမက ….
အိမ်ခေါင်မိုးက မိုးယိုနေတယ် ကို။ ကိုပြင်တတ် မဟုတ်လား ဟုပြောပြန်ရော ယောက်ျားက….
မိန်းမရယ်။ မင်းကိုယ့်ကို လက်သမားများ အောက်မေ့နေသလား ကွာ ။ နောက်ထပ် ရက်
သတ္တပတ် ကြာသောအခါတွင်မိန်းမက ယောက်ျားအား အပျက်အစီး အားလုံး
ပြင်ဆင်ပြီးပြီ ဖြစ်ကြောင်း ပြောသည်။
အဲဒီ အတွက်ကိုယ်ပိုက်ဆံဘယ်လောက်ပေးရမလဲ ဟု ယောက်ျားက မေးရာ …
တစ်ပြားမှ ပေးစရာ မလိုဘူး ကို။ လုပ်တတ် ကိုင်တတ်ရှိတဲ့ လူတစ်ယောက် ကို
ကျွန်မ ခေါ်ပြင်ခိုင်း လိုက်တာ။ သူကပြောတယ်။ အဲဒါတွေ ပြင်ဆင်ခ အတွက်
ကျွန်မက ကိတ်မုန့်တစ်လုံး ဖုတ်ပေးရင် ပေး ဒါမှမဟုတ် သူ့အလိုတစ်ခု
လိုက်ရမယ် တဲ့။
မင်းသူ့ကို ဘာကိတ်မုန့် ဖုတ်ပေးလိုက်သလဲ ဟုယောက်ျားက မေးရာ…..
ကို ကလည်း ။ ကျွန်မကို ကိတ်မုန့်ဆိုင်က မိန်းကလေးများ အောက်မေ့နေသလား ။
+5

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3283
Re: အမောပြေဟာသမှတ်စု
« Reply #557 on: August 14, 2011, 01:20:02 AM »
အခန်းမကျော်အောင်

၅နှစ်အရွယ်နှင့် ၇နှစ်အရွယ် ညီအစ်ကို ကလေးနှစ်ယောက်တို့
တီဗွီကိုထိုင်ကြည့်နေကြစဉ် အငယ်ကောင်က တီဗွီခလုတ်ကို ပိတ်လိုက်သည်။
“ကြည့်လို့ကောင်းနေတုန်း ဘာလို့ တီဗွီ ခလုတ်ကို ပိတ်ရတာလဲ”
“ငါ ရှူးရှူးသွားပေါက်နေတုန်း အခန်းကျော် သွားမှာစိုးလို့”


ချစ်ရတဲ့ မြေးလေး

အငြိမ်းစား တရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။
“ကျွန်တော်ဟာ သူငယ်တန်းက ဆန်နီလေးရဲ့ အဘိုးပါ။ ကျွန်တော်မြေးလေး
ကျောင်းတက်တာ ကိုလာကြည့်တာပါ”
“သြော်…ဟုတ်ကဲ့၊ ဆန်နီလေးဟာ သူ့ အဘိုးအငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို
လိုက်ပို့စရာရှိလို့ ဆိုပြီး ခွင့်ယူသွားပါတယ်ရှင် ”


သူဆိုရင် လက်တည့်တယ်

“ဟေ့လူ ဟောဟိုမှာစုပြီး ကစားနေတဲ့ကလေးငယ်တွေထဲက ကျွန်တော့်ကို ခဲနဲ့
လှမ်းပေါက်တာ ခင်ဗျားသားဖြစ်မယ်ထင်တယ်”
“ခင်ဗျားကို ထိသွားလို့လား”
“ဟင့်အင်း”
“အဲဒါဆို ကျွန်တော့်သားမဟုတ်ဘူး”

ယုံကြည်လာသူ

“ငါ့မိန်းမက ငါ့ကို ဘာသာရေးသမားဖြစ်အောင် လုပ်ပေးလိုက်တယ်ကွ”
“ဘယ်လိုလုပ်ပေးတာလဲ သူငယ်ချင်း”
“သူနဲ့လက်မထပ်ခင်အထိ ငရဲရှိတယ်ဆိုတာ ငါမယုံခဲ့ဘူးလေ”

သမက်ရဲ့စေတနာ
“ယောကျာ်ားရေ မေမေကပြောနေတယ်။ ရှင်ပြောတဲ့ဟာသတွေက အရမ်းရယ်ရလွန်းလို့
အူတက်ပြီး သေမတက်ပဲတဲ့”
“တကယ်လား၊ ဒါဆို ဒီထက်ပိုရယ်ရတဲ့ ဟာသတွေ ပြောပြပေးမယ်”


ပေါက်ကရမပြောနဲ့

ယာဉ်ထိန်းရဲက အမြန်မောင်းလာသူကို ပြောလိုက်သည်။
“လူကြီးမင်းရဲ့ ကားမောင်းနှုန်းက တစ်နာရီ ၈၅ မိုင်ဖြစ်နေပါတယ်”
“ပေါက်ကရမပြောနဲ့။ ငါမောင်းလာတာမှ ဆယ်မိနှစ်ပဲ ရှိသေးတယ်”


ကြည့်ရှင်းသွားလိမ့်မယ်

“ဟေ့ ၀ိတ်တာ၊ ငါ့လက်ဖက်ရည်ခွက်ထဲမှာ ယင်ကောင်ကြီးနဲ့”
“ဘာမှမပူနဲ့၊ လူကြီးမင်းရဲ့ ပေါင်မုန့်ယိုသုတ်ပေါ်မှာရှိတဲ့ ပင့်ကူက
ကြည့်ရှင်းပေးသွားလိမ့်မယ်”


သူ့ဆုတောင်း

အိုင်ယာလန်နိုင်ငံရှိ ဆုတောင်းပြည့်ရေတွင်းကြီးသို့ လူလတ်ပိုင်းအရွယ်
စုံတွဲနှင့် မိတ်ဆွေတစ်ယောက်တို့ ရောက်ရှိလာကြသည်။
ခင်ပွန်းသည်က အကြွေတစ်စေ့ကို တွင်းထဲပစ်ချပြီး ငြိမ်သက်စွာအာရုံပြု
ဆုတောင်းနေသည်။ ဇနီးသည်ကလည်း သူ့ခင်ပွန်းကဲ့သို့ ပြုလုပ်လိုက်သည်။
သို့သော် အကြွေစေ့ပစ်ချစဉ် အရှိန်လွန်ခြေချော်ကာ
တွင်းထဲသို့လိမ့်ကျသွားသည်။
လောလောလတ်လတ် မုဆိုးဖိုဖြစ်သွားသည့် ခင်ပွန်းဖြစ်သူက သူ့မိတ်ဆွေကို
လှည့်ပြောလိုက်သည်။
“ချက်ချင်းဆုတောင်းပြည့်တာ အံ့စရာပဲဗျာ”


ဒါကပေါ့တာကိုး

“စုန်းတွေဟာ ဘာကြောင့် တံမြက်စည်းကိုစီးတာလဲ”
“ဖုန်စုပ်စက်က အရမ်းလေးလွန်းလို့ပါ”

မေမေလာပြီးရှင်းပေးမယ်

လေးနှစ်အရွယ် ကလေးငယ်သည် တော်ဖီမစားရ၍ စိတ်ကောက်နေသည်။ ချော့မော့မရသဖြင့်
မိခင်က အလျှော့ပေးလိုက်သည်။
“မေမေတို့အိမ်ရဲ့ မျက်စောင်းထိုးဆိုင်မှာ နှစ်ခုသွားဝယ်စား။ ပြီးရင် မေမေ
လာရှင်းပေးမယ် ပြောလိုက်”
ကလေးငယ်သည် မျက်စောင်းထိုးဆိုင်တွင် တော်ဖီနှစ်ခုယူပြီးနောက်
ဆိုင်ရှင်ကို မေးလိုက်သည်။
“ဘယ်လောက်ကျလဲ ဦးဦး”
“ရပါတယ် သားသားရယ်၊ ဦးဦးကို တစ်ခါပဲ မွှေးမွှေးပေးခဲ့”
“ဟုတ်ကဲ့ ကျတဲ့တန်ဖိုးကို မေမေလာပြီး ရှင်းပေးလိုက်မယ်”


ငွေမရှိတော့လို့

“မနေ့ညက စာအုပ်တစ်အုပ်ဖတ်ရင်း မျက်ရည်ခဲ့ရတယ်ကွာ”
“ဟုတ်လား၊ စာရေးဆရာ ဘယ်သူ့ရဲ့ စာအုပ်လဲ သူငယ်ချင်း”
“ငါ့ရဲ့ ဘဏ်စာအုပ်ပါ”




မတော်တဆမှု

“ရထားစီးရင်း မတော်တဆမှု ကြုံခဲ့ဖူးလား”
“ကြုံဖူးတာပေါ့၊ ရထားကြီး ဥမင်လိုဏ်ခေါင်းထဲဝင်သွားတုန်း ဘေးနားက
အမျိုးသမီးထင်ပြီး ဖက်နမ်းလိုက်တာ သူ့ဖားသားကြီး ဖြစ်နေတယ်”

အဓိကအလုပ်

“မင်းဟာ ဆရာဝန်တစ်ယောက် ဖြစ်နေပြီဆိုပါစို့ကွာ။ မင်းကုနေတဲ့ လူနာဟာ
တစ်နေ့တခြား အခြေအနေ ဆိုးလာပြီဆိုရင် ဘာလုပ်မလဲကွ”
“ဆေးကုခတွေ အမြန်ဆုံးတောင်းထားရပါလိမ့်မယ် ဆရာ”


သေးလွန်းလို့

“ဟေး ၀ိတ်တာ၊ မင်းလာချပေးတဲ့ ထမင်းကြော်ပန်းကန်ထဲမှာ တီကောင်နှစ်ကောင် ပါလာတယ်ကွ”
“အဲဒါ ၀က်အူချောင်းပါ ဆရာ”

ဝိုင်းကူမှ ပိုဆိုး

“သားရဲ့ အိမ်စာတွေ မေမေ ၀ိုင်းကူရေးပေးလိုက်တာ ဆရာမက ဘာတွေပြောသေးလဲကွဲ့”
“သားကိုယ်တိုင်ရေးရင် ဒီလောက်မမှားနိုင်ဘူးတဲ့”

ဒါကြောင့်မို့

“ဒီလူတွေအကုန်လုံး မတ်တတ်ရပ်နေအောင် မင်းဘယ်လိုလုပ်လိုက်တာလဲ”
“ထိုင်ခုံတွေ သွားဝှက်ထားလိုက်တာပါ”



ခွေးဖြစ်ပြီမို့

“ကိုယ့်ကိုယ်ကို ခွေးဖြစ်သွားပြီ ထင်နေမိလို့ ကယ်ပါဦးဒေါက်တာရယ်”
“ကောင်းပြီ၊ ခုတင်ပေါ်တက် လှဲလိုက်ပါ”
“ဟင့်အင်း၊ ခုတင်အောက်ပဲ ၀င်ပါရစေ”



မိသားစု

“ကြောင်မိသားစုဝင်လေးမျိုးကိုပြောပြစမ်းကွာ”
“ကြောင်အဖေကြီး၇ယ်၊ ကြောင်အမေကြီးရယ်၊ ကြောင်ပေါက်စန နှစ်ကောင်ရယ်ပါဆရာ”

မေ့မေ့စကား

“မေမေ သားကို ကိတ်မုန့် နှစ်လုံးပေးပါ”
“မနက်ဖြန်မှ တစ်လုံးစားလေကွယ်”
“ဟွန့် မေမေပဲပြောတယ်လေ။ ဒီနေ့ လုပ်ရမယ့် အလုပ်ကို မနက်ဖြန် မရွှေ့ပါနဲ့တဲ့”


စေတနာနဲ့ပါ

“မနက်စောစော လူကြီးတစ်ယောက်ကို ကူညီခဲ့တယ် ဖေဖေ”
“စောစောစီးစီး ဘာကူညီခဲ့တာတုန်းသားရဲ့”
“ဘေးခန်းက ဦးလေးကြီး သူအလုပ်သွားတော့ မမီမှာစိုးလို့
အိမ်ကအင်းခွေးကြီးကို ကြိုးဖြည်ပေးလိုက်တယ်။ခွေးလိုက်
ဆွဲလို့
အတင်းပြေးတာကြောင့် သူ့အလုပ်ကို ကောင်းကောင်းမီမှာ ကျိန်းသေတယ် ဖေဖေရဲ့”


လက်ထက်စရိတ်

“မိန်းမယူရင် လက်ထက်စရိတ် ဘယ်လောက်ကုန်မလဲ ဖေဖေ”
“မသိဘူးသား ဖေဖေတော့ ဒီနေ့အထိ ပေးနေရတုန်းပဲ”


ဖြစ်ခဲ့မိတာက

“ကျွန်မတို့ အိမ်ထောင်သက်တမ်းက ဒီနေ့ဆိုရင် နှစ်ပေါင်းအစိတ်ရှိပြီ။
တစ်ခါတလေ ကျွန်မကို ကွာရှင်းချင်စိတ် မဖြစ်မိခဲ့ဖူးလား”
“ဟင့်အင်း၊ သတ်ပဲသတ်ချင်တယ်”


သနားသွားလို့

“မနေ့ညက ငါ့အိမ်ကို သူခိုးဝင်ခဲတယ်”
“ဘာတွေ ပါသွားသေးလဲ”
“တစ်အိမ်လုံး နှံ့နှံ့တက် လိုက်ရှာပြီးတော့ စားပွဲအပေါ်မှာ ငါ့အတွက်
ငွေတစ်ရာတင်ပေးထားခဲ့ပြီး လက်ချည်းသက်သက် ပြန်ထွက်သွားတယ်”


အားမပးပါနဲ့

“ရေဒီယို အသံလွှင့်ရုံတွေကို ဘာလို့အဆောက်အဦ အမြင့်ကြီးတွေမှာ ထားရတာလဲ”
“အဆိုတော်ကို ခဲနဲ့လှမ်းပေါက်ရင် မမီနိုင်အောင်လို့”



လူ့အဖိုးတန်

“လူ့အဖိုးတန် ဖြစ်ချင်တယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ ရှင့်သားလေး
အခြေအနေဘယ်လိုလဲ။ တိုးတက်မှုရှိပြီလား”
“အင်း ထင်တာပဲ၊နိုင်ငံခြားအစိုးရတစ်ခုက သူ့ကို ဆုငွေထုတ်ထားတယ်။ ဒေါ်လာတစ်သန်းတဲ့”


လျှို့ဝှက်ချက်

အခွန်ဝန်ထမ်းက ကုန်သည်ကိုပြောလိုက်သည်။
“ခင်ဗျားဟာ ကုန်သည်လုပ်နေပြီး နိုင်ငံတော်ကို အစီရင်ခံဖို့တော့ ပျက်ကွက်နေတယ်”
“အစီရင်ခံရမယ် ဟုတ်လား။ ဘာကို အစီရင်ခံ၇မှာလဲ”
“လုပ်ငန်းရဲ့ ပမာဏ၊ လုပ်ငန်းလည်ပတ်ငွေ၊ တစ်နှစ်တာ အမြတ်ငွေတို့ကို အစီရင်ခံရမယ်လေ”
“ခင်ဗျား ရူးနေလား၊ ဒီကိစ္စကို ကျုပ်မိန်းမတောင် အသိပေးတာမဟုတ်ဘူး”


သေချာတဲ့နည်း

“ကျွန်တော့်ကို ငွေငါးရာလောက် ခဏပေးပါ ဖေဖေ”
“ဘာလို့ဖို့လဲကွ”
“အလုပ်တစ်ခု လုပ်မလို့။ ကျိန်းသေပေါက် ငွေနှစ်ရာမြတ်မှာ။ အဲဒါကို အဖေနဲ့
ကျွန်တော်နဲ့တစ်ယောက်တစ်ရာစီ ခွဲယူရုံပဲ”
“ကဲ-ရော့ ငွေတစ်ရာ။ မင်းရဲ့အလုပ် အောင်မြင်ပြီလို့သဘောထားလိုက်။ အခု
မင်းရဲ့အမြတ်ငွေတစ်ရာ ရသွားပြီ။ ငါလည်း ငွေလေးရာ သက်သာသွားပြီ”


နည်းပေးလမ်းပြ

ကုမ္ပဏီအရှုံးပေါ်နေသဖြင့် စိတ်ပျက်လက်ပျက် ထိုင်နေသော ပိုင်ရှင်ကို
အတွင်းရေးမှူးက ပြောလိုက်သည်။
“ရုံးဝမှာ လူတစ်ယောက် ရောက်နေပါတယ်။ သူထမင်းမစားရတာ လေးရက်ရှိသွားပြီလို့ ပြောတယ်”
“ဟေ-ဟုတ်လား၊ သွားခေါ်စမ်း မြန်မြန်၊ သူ့ဆီက နည်းလမ်းတောင်းပြီး
ငါ့ဝန်ထမ်းတွေ အဲဒီလိုနေခိုင်းရမယ်”


ဝယ်သူအမြဲမှန်တယ်

အရောင်းစာရေးအသစ်ကိုသူဌေးက မှာကြားလိုက်သည်။
“၀ယ်သူအမြဲမှန်တယ်ဆိုတဲ့ ဆောင်ပုဒ်ကို မမေ့နဲ့နော်”
တစ်နေကုန် ဈေးဝယ်သူတို့သည် ဘာပစ္စည်းမှ မ၀ယ်ဘဲ ပြန်ထွက်သွားကြခြင်းကို
တွေ့ရသဖြင့် သူဌေးက အရောင်းစာရေးအသစ်ကိုခေါ်မေးလိုက်သည်။
“ဆိုင်ထဲဝင်လသူတွေဟာ ဘာလို့ မ၀ယ်ဘဲ ပြန်ထွက်သွားကြရတာလဲ”
“သူတို့က ပြောပါတယ်။ ဒီဆိုင်က ဈေးကြီးတယ်တဲ့။ ကျွန်တော်ကလည်း သူဌေးမှာ
ကြားချက်အရ သူတို့ပြောတာမှန်တယ်လို့ ထောက်ခံလိုက်တာကြောင့်ပါ”
+4

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3283
Re: အမောပြေဟာသမှတ်စု
« Reply #558 on: August 14, 2011, 01:21:32 AM »
ဂေါ်လီ.........ကလေး
တနေ့ တွင်ဆရာဝန်တယောက်ထံနားထဲသို့ ဂေါ်လီလုံးဝင်သွားသောကလေးလူနာတဦးရောက်လာလေဧ။်
ထိုအခါဆရာဝန်ကကလေးနားထဲဝင်နေသောဂေါ်လီလုံးအားခက်ခဲစွာထုတ်ပေးလိုက်ဧ။်။ပြီးနောက်ကလေးအားမေးလေဧ။်
ှဆရာဝန်။ ။သားသားဂေါ်လီလုံးကိုနားထဲဝင်အောင်ဘယ်လိုများဆော့လိုက်တာလဲသားသားရဲ့ ။
ကလေး ။ ။ဒီလိုလေဦးဦးရဲ့ ။ဟုဆိုကာနားထဲသို့ ဂေါ်လီလုံးအားထည့် ပြလိုက်လေဧ။်။...

ဝန်ထမ်းကောင်း

အလုပ်လာလျှောက်သူ တစ်ယောက်ရဲ့  စာရိတ္တ နဲ့ အရည်အချင်းကို သိချင်လို့
အလုပ်ရှင်ကမေးတယ်။

အလုပ်ရှင် … “ မင်း အဖမ်းခံရဖူးသလား။ ”
အလုပ်လျှောက်သူက … “ မခံရဖူးပါဘူး ခင်ဗျ။ ”
အလုပ်ရှင်က သေချာအောင်ထပ်မေးတယ်
… “ ဘာ့ကြောင့်လဲ။ ”
အလုပ်လျှောက်သူက ဂုဏ်ယူစွာဖြင့် … “ ဘယ်တော့မှ မမိလို့ပါ ခင်ဗျ။ ”
အလုပ်ရှင်... “ မင်း လုပ်ငန်းတာဝန် အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား။”
အလုပ်လျှောက်သူ … “ ဟုတ်ကဲ့ လုပ်နိုင်ပါတယ်ခင်ဗျ။ ကျွန်တော်က ၄ လ အတွင်း
လုပ်ငန်း ၁၀ ခု ပြောင်းလုပ်ခဲ့သူပါ။ ”

အင်တာဗျူးသူ ။ ။ ညီလေး အခြေခံလစာ ဘယ်လောက်မျှော်မှန်းပါသလဲ။
လူငယ် ။ ။ တစ်နှစ် ဒေါ်လာ ၁၂၅၀၀၀ ရယ်။ ကုမ္ပဏီရဲ့ အမြတ်အပေါ် မူတည်းပြီးရတဲ့
အပိုဆောင်းလေးရယ်ပေါ့ဗျာ။
အင်တာဗျူးသူ ။ ။ အင်း ... ကောင်းပြီလေ ညီလေး ပြောသလိုပဲပေးပါမယ်။
ဒီကုမ္ပဏီက ညီလေးကို တစ်နှစ်မှာ ၅ ပတ် ရက်ရှည် ပိတ်ပေးမယ်။
ဆေးဝါးကုသမှုအတွက် ကုန်ကျစရိတ် မှန်သမျှ ကုမ္ပဏီက တာဝန်ယူပါတယ်။ ကုမ္ပဏီကနေ
အငြိမ်းစား ယူတဲ့အခါ လစာရဲ့  ၅၀ ရာခိုင်နှုန်းကို ထောက်ပံ့ပါဦးမယ်။
ကုမ္ပဏီမှာ အလုပ်သက်တမ်း ၂ နှစ်ရှိပြီဆိုရင် ဇိမ်ခံကားတစ်စီး
ထုတ်ပေးမှာပါ။
လူငယ် (မျက်လုံးပြူးလျက်) ။ ။ ခင်ဗျား ... နောက်များနောက်နေတာလား။
အင်တာဗျူးသူ ။ ။ အင်းလေ .... မင်းကပဲ ... အရင်စ နောက်တာလေ။

5:17 PM တရားသူကြီးက တရားခံကို ခပ်တင်းတင်းကြည့်ရင်း မေးတယ်။
တရားသူကြီး။ ။“မင်းထောင်ကျတာ ဘယ်နှစ်ခါ ရှိပြီလဲ။”
တရားခံ။ ။“၉ ခါရှိပါပြီ။ တရားသူကြီးမင်း။”
တရားသူကြီး။ ။“၉ခါ။ ဟုတ်လား။ ဒါဆိုရင် မင်းကိုငါ အကြီးလေးဆုံး
ပြစ်ဒဏ်ပေးရလိမ့်မယ်။”
တရားခံ။ ။“အကြီးလေးဆုံး ပြစ်ဒဏ်။ ဟုတ်လား။ အမြဲလာနေကျ ဖောက်သည်ပဲ။ Discount
လေးတော့ ပေးပါဦး။”


စေတနာရှင်

တစ်နေ့မှာ ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ ကားကို မောင်းလာရင်း လမ်းဘေးမှာ လူတစ်ယောက်
မြက်စားနေတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ရှေ့နေက သူ့ရဲ့ ဒရိုင်ဘာကို
ကားရပ်ခိုင်းပါတယ်။ နောက်တော့ အပြင်ကို ထွက်ပြီး အဲဒီလူကို မေးပါတယ်။
“မင်းဘာလို့ မြက်တွေ စားနေတာလဲ။”
“ကျွန်တော်က အရမ်းပဲ ဆင်းရဲပါတယ်။ ဘာကိုမှ စားဖို့ မတတ်နိုင်လို့ပါ။” လို့
အဲဒီလူက ဖြေပါတယ်။
“သနားစရာပဲ။ ငါ့အိမ်ကို လိုက်ခဲ့ပါလား။” လို့ ရှေ့နေက ခေါ်ပါတယ်။
အဲဒီလူက “ကျွန်တော့်မှာ မိန်းမနဲ့ ကလေး ၃ယောက်လည်း ရှိသေးတယ်။” လို့ ပြောတော့
ရှေ့နေက သူတို့ကိုပါ ခေါ်ခဲ့ဖို့ ပြောပါတယ်။ သူတို့ အားလုံးကားထဲကို ရောက်တော့
မြက်စားနေတဲ့လူက
“ကျွန်တော်တို့ကို အိမ်ခေါ်သွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားဟာ
အလွန်ကြင်နာတတ်တဲ့သူပဲ။” လို့ ရှေ့နေကို ပြောပါတယ်။
ရှေ့နေကတော့ “မင်းကြိုက်မှာ သေချာတယ်။ ငါ့အိမ်က မြက်ပင်တွေက ၁ ပေလောက်ရှည်တယ်”
လို့ ပြန်ပြောလိုက်ပါတယ်။

တစ်ခါက ထောင်ထဲမှာ ထောင်ကျအချင်းချင်းစကားပြောနေကြတယ်။
ပထမလူ။ ။ကျုပ်က ၅နှစ်ကျတာ၊ဓါးထိုးမှုနဲ့။
ဒုတိယလူ။ ။ငါက ၈နှစ်၊လူသတ်မှုနဲ့။
တတိယလူ။ ။ကျွန်တော်ကတော့ ၁၇နှစ်။
ပထမလူ။ ။ဘာမှုနဲ့လဲ။
တတိယလူ။ ။အလုပ်ထဲမှာပြတင်းပေါက်မှန်ခွဲမိလို့။
ဒုတိယလူ။ ။မင်းကဘယ်မှာလုပ်တာလဲ။
တတိယလူ။ ။ရေငုပ်သဘောင်္ပေါ်မှာလေ။
+5

Offline ဖိုးစိန်

  • ကောလိပ်ဂျင်
  • ****
  • Posts: 390
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3283
Re: အမောပြေဟာသမှတ်စု
« Reply #559 on: August 14, 2011, 01:23:58 AM »

“ငါးဟင်းစားရင် ဦးနှောက်ကောင်းတယ်ဆိုပဲကွ”
“အေးလေ ဒါကြောင့် ငါနေ့တိုင်း ငါးဟင်းစားနေတာ”
“ဟင်း-ဒါဆို ဒီသီအိုရီ မှားနေပြီ”


သူ နှုတ်မှာမဟုတ်လို့

“ကျွန်တော်တို့ အလျင်လိုနေလို့ မေ့ဆေး၊ထုံဆေး မပေးဘဲ သွားနှုတ်ပေးပါဆရာ”
“ခင်ဗျား အတော်ကို သတ္တိကောင်းတာပဲ။ ကဲဘယ်သွားလဲ ပြောစမ်း”
“မိန်းမရေ မင်းကိုက်နေတဲ့သွားကို ပြလိုက်စမ်းပါကွာ”


အချက်ပြကိရိယာ

“ခင်ဗျားရဲ့ကားမှာ မိုင်နှုန်းပြမီတာ မရှိပါလား”
“မလိုလို့ ဖြုတ်ရောင်းပစ်လိုက်ပြီ”
“ဟင် ဒါဆို ကားရဲ့ အမြန်နှုန်းကို ဘယ်လိုသိတော့မလဲ”
“သိပါတယ်၊ တစ်နာရီ မိုင်နှစ်ဆယ်နှုန်း မောင်းနေရင် ရှေ့စက်ဖုံးက
အသံမြည်တယ်။ မိုင်သုံးဆယ်နှုန်းဆိုရင် တံခါးကမြည်တယ်။လေးဆယ်နှုန်းရောက် ရင်
ကိုယ်ထည်က မြည်လာတယ်လေ”

ဖြည်းဖြည်းတော့ ရောက်လာပါလိမ့်မယ်

“ဒေါက်တာ အခုနှုတ်နေတာ ကိုက်တဲ့သွား မဟုတ်ဘူးဗျ”
“သိပါတယ်၊ နောက်နှစ်ချောင်း သုံးချောင်းနှုတ်ပြီးရင် ကိုက်တဲ့သွားဆီကို ရောက်ပါပြီ”


သေဟဲ့ နန္ဒိယ

“မမ ဈေးသွားနေတုန်း သားငယ်လေးပိုးကောင်အရှင် မျိုချလိုက်တယ်”
“ဟယ် ဒုက္ခပါပဲ။ နင် ဘာမှ လုပ်မပေးဘူးလား မိဌေး”
“ပိုးသတ်ဆေးတစ်ဇွန်းတော့ တိုက်ထားပါတယ် မမ”

အပေါင်းအသင်းမှားသွားခြင်း

“မင်း ဘာကြောင့် ဒီလောက်တောင် မူးအောင်သောက်ရတာလဲ”
“အပေါင်းအသင်းမှားသွားလို့ပါ။ အရက်မသောက်တတ်သူတွေကို
အရက်ဆိုင်ခေါ်သွားမိခဲ့တော့ ကျွန်တော် တစ်ယောက်တည်း
ဒိုင်ခံသောက်ခဲ့ရလို့ပါ”

မယုံရလို့

အိမ်ဖော်က အိမ်ရှင်မကို ပြောလိုက်သည်။
“အန်တီတို့က အခုထိ ကျွန်မကို အယုံအကြည် မရှိကြသေးဘူး”
“ဘာဖြစ်လို့လဲ။ ယုံလို့ပဲ အိမ်သော့အားလုံး နင့်ကို ပေးထားတာပေါ့”
“ဟင့်အင်း ပြီးခဲ့တဲ့နေ့က မီးခံသေတ္တာကို ဖွင့်ကြည့်တာ သော့တစ်ချောင်းမှ ဖွင့်မရဘူး”


ရဲဆေး

လူနာသည် သွားနှုတ်ခံရမည်ကို အလွန်ကြောက်နေသဖြင့် ဆရာဝန်က ၀ီစကီတစ်ခွက်တိုက်လိုက်သည်။
“ဘယ့်နှယ်လဲ၊ ရဲလာပြီလား”
“ဟင့်အင်း၊ နောက်တစ်ခွက် ထပ်တိုက်ပါဦး”
“ရော့ နောက်တစ်ခွက်၊ ကဲ အခြေအနေကောင်းပြီလား”
“မရသေးဘူး၊ နောက်တစ်ခွက် ပေးပါအုံး”
တတိယမြောက်ခွက်ကို သောက်ြပီးလူနာက ပြောလိုက်သည်။
“သတ္တိရှိလာပြီ။ ကျုပ်သွားကို ထိဝံ့တဲ့သူ ထိကြည့်လိုက်”


အနေအထားပုံစံ

“ဆရာ ကျွန်မတို့ ဆေးခန်းက ထွက်သွားတဲ့ လူနာတစ်ယောက် ဆေးခန်းအ၀မှာ
လဲကျပြီးသေသွားတယ်။ ကျွန်မဘာလုပ်ရမလဲဟင်”
“ကောင်းပြီ၊ ငါတို့ ဆေးခန်းကို ၀င်လာတဲ့ပုံစံမျိုးဖြစ်အောင် နေရာပြန်ချထားလိုက်”

ဖော်ကော်

“မေမေ ဒီနေ့ ဒယ်ဒီ သားကို မနမ်းသေးဘူး”
“ထမင်းစားနေတုန်း စကားမပြောရဘူး သားသားရဲ့”
“ဟင်-ဖေဖေ ထမင်းစားနေတုန်း အိမ်ဖော် မမက ဒီလို အမြဲပြောတယ်”

လိုအပ်တဲ့ပစ္စည်း

“ရှင့်လစာ ဒါအကုန်ပဲလား”
“အိမ်အတွက် လိုတာတွေ ၀ယ်လာခဲ့လို့”
“ဟုတ်လား။ ဘာပစ္စည်းတွေ ၀ယ်လာတာတုန်း”
“၀ီစကီ တစ်သေတ္တာ”


မှန်တယ်နော်

“ဓာတ်ခွဲခန်းကို ဓာတ်မှန်စစ်ဆေးချက်တွေအရ အခြေအနေ တော်တော်ကောင်းတယ်။
ဒီပုံအတိုင်းဆို အသက်ရှစ်ဆယ် အထိ နေရလိမ့်မယ်”
“ကျွန်တော် အသက်က အခုဆို ရှစ်ဆယ်ရှိပါပြီ ဒေါက်တာ”
“ကဲ-ကျွန်တော်ပြောတာ မမှန်လား”
ချက်မရှိလို့

“ရေချိုးမှာ ကောင်းကောင်းချိုးတာ မဟုတ်ဘူး။ ဘာဖြစ်လို့ အော်ကြီးဟစ်ကျယ်
သီချင်းအော် ဆိုနေရတာလဲ”
“တံခါးချက်ထိုးလို့ မရလို့”

အပိုအလုပ်တွေ

“ဒီငါးကို မချက်ခင် သေသေချာချာ ရေဆေးရဲ့လား”
“ဘာဆေးစရာလိုလဲ။ ငါးက တစ်ချိန်လုံးေ၇ထဲမှာ နေခဲ့တာလေ”


သူ့နေရာနဲ့သူ

“မင်းတို့ဟိုတယ်မှာ ရေပူနဲ့ရေအေးရသလား”
“နွေရာသီမှာ ရေပူရပြီး ဆောင်းရာသီမှာ ရေအေးရပါတယ်ခင်ဗျာ”

မဝေခွဲနိုင်သေးပါ

“ခင်ဗျား ဘယ်သူလဲ”
“ငါဟာ မင်းမိန်းမကို လူ့လောကကြီးထဲရောက်အောင် မွေးဖွားပေးခဲ့တဲ့
ဆရာဝန်တစ်ယောက်ပေါ့”
“အင်း-ဒါဆို လူကြီးမင်းကို ကျေးဇူးတင်ရကောင်းမလား။
နှာခေါင်းရိုးကျိုးအောင် ထိုးပစ်ရကောင်းမလား ဝေခွဲမရသေးဘူး”


အကြောင်းသိမို့

“ခုနက အရက်ဗန်းကိုင်ပြီး လျှောက်သွားနေတဲ့ ခပ်ချောချော ကောင်မလေး ဘယ်မှာရှိမလဲ”
“ရှင်က အရက်ထပ်လိုချင်နေလို့လား”
“ဟင့်အင်း၊ ကျွန်မယောက်ျား ဒီပါတီပွဲမှာ ပျောက်နေလို့”

သူကပိုသိပါတယ်

“ငါ့မိန်းမဟာ စကားပြောစရာ အကြောင်းအချက်တစ်ခုလောက်ရှိခဲ့မယ်ဆိုရင်
အကြာကြီးမနားတမ်း ပြောနိုင်တယ်ကွ”
“ငါ့မိန်းမကျတော့ အကြောင်းအချက်ရှိဖို့တောင် မလိုဘူး”


သူ့လုပ်စာ

“လူတစ်ယောက် ကားတိုက်ပြီး သေဆုံးသွားသဖြင့် သူ့ဇနီးမှာ လျော်ကြေးငွေ
အမြောက်အမြား ရရှိသွားလေသည်။
“ဘုရားသခင် ကျေးဇူးတော်ပဲ။ သူသေမှပဲ သူ့လုပ်စာ စားရတော့တယ်”


ပို့ပစ်လိုက်မယ်

“ရှင် ဒီတစ်ခါ အိမ်ပြန်ချိန်နောက်ကျရင် အမေ့ဆီ ကျွန်မဆင်းသွားမယ်”
“ရတယ်လေ။ ငါလည်း ယောက္ခမအထီးကြီှးဆီ သွားလိုက်ရုံပဲ”
“ဘာပြောတယ်။ ရှင်က သမီးကို အိမ်မှာထားခဲ့မယ်ပေါ့လေ”
“ဟင့်အင်း၊ ယောက္ခမအထီးကြီးဆီ သွားပို့မလို့”


လွတ်လပ်ရေးနေ့

“လွတ်လပ်ရေးနေ့ဟာ ဘယ်နေ့လဲ ကိုကို”
“မင်းရဲ့ မိဘတွေဆီ မင်းအလည်ပြန်တဲ့နေ့မှန်သမျှ ငါ့အတွက်
လွတ်လပ်ရေးနေ့တွေချည်းပါပဲ မိန်းမရယ်”


တက်လမ်း မရှိလို့

“ကုမ္ပဏီဥက္ကဌရာထူးပေးတာကို မင်းဘာဖြစ်လို့ ငြင်းရတာလဲ”
“တက်လမ်းမှ မရှိတော့တာ”


ကံကောင်းသူ

“ငါ့မိန်းမတော့ ရှိသမျှအားလုံးယူပြီး ဆင်းသွားလေရဲ့”
“မင်းကံကောင်းတာပေါ့။ ငါ့မိန်းမဆို အခုထိ မဆင်းသေးဘူး”

မိုးရွာမှ ကျတာ

“အိမ်ခေါင်မိုးပေါ်က ရေတွေဟာ ဒီလိုပဲ အမြဲကျနေမှာလား”
“အမြဲမကျပါဘူး၊ မိုးရွာမှ”


မငိုပါနဲ့

“တရားသူကြီးသည် တရားခံကို ကြင်နာစွာမေးမြန်းလိုက်သည်။”
“အရင်က ထောင်ကျခဲ့ဖူးလား”
“ဟင့်အင်း၊ တစ်ခါမှ မကျဖူးပါဘူး တရားသူကြီးမင်းရယ်၊ အဟင့် အဟင့်”
“အေး-မငိုနဲ့ တိတ် တိတ်၊ အခုပဲ အဲဒီကို သွားရတော့မယ်ဟာ”



အလုပ်ကြိုးစားသူ

“မင်းဟာ တစ်ပတ်အတွင်း ရှစ်ကြိမ်တောင် ဖောက်ထွင်းမှု ကျူးလွန်ခဲ့တယ်လို့ ဆိုထားပါလား”
“ဟုတ်ပါတယ် တရားသူကြီးမင်း။ နေ့မအား ညမအား အလုပ်လုပ်ခဲ့တာပါ။ လူတိုင်း
ကျွန်တော့လိုသာ အလုပ်လုပ်ကြရင် အားလုံးကြွယ်ဝကြမှာ မလွဲပါဘူး”

ရှိစေရမယ်

“ကျွန်မတို့ လက်ထက်ပြီးတဲ့အခါ ရှင့်မှာရှိတဲ့ သောကတွေ ဒုက္ခတွေကို
မျှဝေခံစားပေးပါမယ်”
“ကိုယ့်မှာ သောကတွေ ဒုက္ခတွေမရှိပါဘူး”
“အင်း-ကျွန်မနဲ့လက်ထက်ပြီးရင် ရှိလာစေရမယ်”


မအိပ်ကြသေးဘူး

“နင့်ခင်ပွန်းဟာ အိပ်ရင်ဟောက်တတ်သလား”
“ငါဘယ်သိအုံးမလဲ။ လက်ထက်တာမှ ငါးရက်ပဲရှိသေးတာ”




ငွေချေးနည်းအသစ်

“ကျွန်တော့်ကို ငွေနှစ်ရာလောက် ချေးစမ်းပါ။ ဒါပေမယ့် တစ်ရာပဲပေး”
“ဘာသဘောပါလိမ့်”
“ဒါဆို ခင်ဗျားက ကျွန်တော့်ကို ငွေတစ်ရာထပ်ပေးဖို့ရှိနေသလို
ကျွန်တော်ကလည်း ခင်ဗျားကို ငွေတစ်ရာပြန်ဆပ်ဖို့ ရှိနေတော့ ကြေရောပေါ့”


အာဂ ဆရာမ

“ဆရာမရေ ဒီခုတင်ပေါ်က လူနာ ဘယ်ရောက်သွားလဲ”
“သူ့တစ်ကိုယ်လုံး အေးစက်နေလို့ အပူချိန် တစ်ရာ့ငါးရှိတဲ့
လူနာနဲ့ပေးသိပ်ထားတယ် ဒေါက်တာ”



သူတို့က မယုံဘူး

“နောက်ဆုံးအခေါက် ရုံးကိုရောက်တုန်းက ငါမှာလိုက်တယ်မဟုတ်လား။
နောက်တစ်ကြိမ် မင်းမျက်နှာကို ဒီရုံးပေါ်မှာ မမြင်ချင်တော့ဘူးလို့”
”ကျွန်တော့်လာဖမ်းတဲ့ ရဲတွေကို အဲဒီစကားပြောပြခဲ့ပေမယ့် သူတို့က
မယုံကြဘူး တရားသူကြီးမင်း”


နိုင်ရင် အိုကေ

“ငွေကိုင်စာရေး ဘယ်သွားနေလဲ”
“လက်ဝှေ့တက်ထိုးနေပါတယ် ဆရာ”
“ဘာကွ အလုပ်ချိန်မှာ ဘာကြောင့်လက်ဝှေ့သွားထိုးရတာလဲ”
“ငွေစာရင်းကွာဟနေမှုအတွက် သူ့ရဲ့နောက်ဆုံးကြိုးပမ်းချက်ဖြစ်လို့ပါ”


သင်ခိုင်းတယ်ထင်လို့

“တရားလိုဟာ သူ့ပိုက်ဆံအိတ်ကို အတွင်းခံဘောင်းဘီထဲထည့်ပြီး တွယ်ချိတ်နဲ့
ချိတ်ထားတယ်လို့ဆိုတယ်။ မင်းဘယ်လို ရအောင်ယူခဲ့တာလဲ”
“ဟုတ်ကဲ့ တရားသူကြီးမင်း။ ကျွန်တော်ဟာ နည်းတစ်ခုကို ငွေတစ်ရာရမှ သင်ပေးလေ့ရှိပါတယ်”


သွန်သင်ချက်

စက်မှုလုပ်ငန်းပိုင်ရှင် သူဌေးကြီးသည် သူ့စက်ရုံသို့
ရှောင်တခင်ရောက်ရှိလာကာ အလုပ်သမားတစ်ယောက်ကိုမေးမြန်းလိုက်သည်။
“မင်းရဲ့ကြီးကြပ်ရေးမှူးက ဘာတွေ ဘယ်လိုလုပ်ရမယ်ဆိုတာသင်ပြပေးရဲ့လား”
“ဟုတ်ကဲ့ သင်ပေးပါတယ်ခင်ဗျား”
“အေး ကောင်းတယ် ကောင်းတယ်။ အထက်လူကြီးစကားကို ဂရုစိုက်ကွဲ့။ ဒါထက် သူက
ဘာသင်ပေးထားသလဲ”
“သူဌေးလာတာမြင်ရင် သူ့ကို အမြန်လာနှိုးပါလို့ သင်ပေးထားပါတယ်။ အခု
နှိုးပြီးပါပြီခင်ဗျ”


ငွေတော့ မရဘူး

လူပြတ်သောနေရာတစ်ခုတွင် ခရီးသည် တစ်ယောက်သည် လုယက်သူတို့နဲ့ ရင်ဆိုင်မိလေသည်။
“ကိုင်း- ပါသရွေ့ အားလုံးပေးစမ်း။ မပေးရင် မင်းဦးနှောက်ကို ထုတ်ပစ်မယ်”
“ဦးနှောက်ထုတ်ပစ်မယ် ဟုတ်လား။ ထုတ်ပစ်လိုက်လေ။ ဒီခေတ်ကြီးမှာ
ဦးနှောက်မရှိလည်းနေလို့ရတယ်။ ငွေမရှိဘဲတော့ နေလို့မရဘူး”



ခက်တဲ့ပုစ္ဆာ

“တစ်နဲ့တစ်ပေါင်းရင် နှစ်ရမယ်။ နှစ်နဲ့နှစ်ပေါင်းရင် လေးရမယ်။ လေးနဲ့လေး
ပေါင်းရင် အဖြေဘယ်လောက်ရမလဲ ပြောစမ်း”
“ဒါတော့ ဆရာ မတရားဘူး။ လွယ်တာကျတော့ ဆရာက ဖြေတယ်။ ခက်တာကျတော့
ကျွန်တော့်ကို လာမေးတယ်”


ဖိနပ်သူခိုး

"ကျုပ်ရဲ့ ရှူး ဖိနပ်ကို ခင်ဗျား ခွေးဆွဲသွားတယ်ဗျ "

"အဓိပ္ပာယ် မရှိတာတွေလာပြောမနေပါနဲ့ဗျာ ၊ ဖိနပ်စီးပြီးတော့
ကျွန်တော့်ခွေးဟာ တစ်ခါမှ အိမ်ပြန်မလာဖူး ဘူး”


အလှူခံ

ရေကူးကန်ဆောက်လုပ်ရေးအတွက် အလှူငွေကောက်ခံသူများရောက်လာရာ
ယောကျာ်းလုပ်သူက မိန်းမကို လှမ်းအော်ပြီးမေးသည် ။
"မိန်းမရေ...သူတို့ကိုဘယ်လောက်ပေးလိုက်ရမလဲဟေ့ "
"ရေ ၃ ပုံးပေးလိုက် "


ကံကောင်းတယ်

"ခင်ဗျား မနေ့ကအလု ခံရတယ်ဆို "

"ဟုတ်တယ်ဗျာ ၊ လက်ပတ် နာရီနဲ့ ပိုက်ဆံအိတ် ပါသွားတယ် "

"ဒါနဲ့ ခင်ဗျားပြောတော့ သွားလေရာမှာ ခြောက်လုံးပြူးကို ခင်ဗျားအမြဲ
ဆောင်သွားလေ့ရှိတယ်ဆို "

"မှန်ပါတယ် ၊ ဒါပေမဲ့ ကံကောင်းချင်တော့ ခြောက်လုံးပြူးကို
လုတဲ့အကောင်တွေက တွေ့မသွားဘူးဗျ "



ဒါလဲဖြစ်နိုင်တာပဲ


သူငယ်ချင်းနှစ်ယောက် အရက်သောက်နေကြသည် ၊ တစ်ယောက်က ပြောသည် ။

"ငါ့ မိန်းမဟာ ငါ့ အပေါ်မှာသစ္စာမရှိဘူးကွ "

"ဘာဖြစ်လို့လဲ "

"ကြည့်လေ ၊ နယ်ကိုတာဝန်နဲ့ ငါခရီးထွက်တယ် ၊တာဝန်ပြီးဆုံးတော့
ဘယ်နေ့ပြန်ရောက်မယ် ဆိုတာ
ကိုကြေးနန်းနဲ့အကြောင်း ကြားလိုက်တယ် ၊ အဲ ငါအိမ်ပြန်ရောက်တော့ သူ့ကို
တခြား ယောကျာ်း တစ်ယောက်နဲ့ တွေ့တယ် "
ဤသို့ပြောပြီး ခဏကြာတွင် စဉ်းစားဟန်ဖြင့်၎င်း ဆက်ပြောသည် ။
"သစ္စာမဲ့တယ်လို့ မုချကြီးတော့စွတ်စွဲလို့ မဖြစ်ဘူး ထင်တယ် ၊ သူ့ခမျာ
ကြေးနန်းကိုမရတာလဲဖြစ် နိုင်တာပဲ "



နောက်မလုပ်နဲ့

ယောကျာ်းဖြစ်သူ မူးပြီး အိမ်ပြန်လာသည် ။အိတ်ထောင်ထဲတွင် သုံးရူဘယ်
ကျန်နေသည် ၊ မနက် အိပ်ရာထ သော အခါ အရက်နာကျသည် ကို ဖြေဖျောက်ရန်အတွက်
အိတ်ထောင်ကို စမ်းသည် ၊မနေ့ကသုံးရူဘယ် မရှိ တော့ချေ ။ သို့နှင့်အိမ်တွင်
မွေးထားသောငန်းကိုယူကာ ဈေးထဲသွား ရောင်းသည် ။ညနေပိုင်းတွင်
မူးပြီးအိမ်ပြန် လာသည် ၊ မိန်းမ ကမေးသည် ။

"ရှင်.. အိမ်ကငန်းကို မတွေ့မိဘူးလား"

"နွေးတဲ့အရပ် ဘက်ကိုပျံသွားလေရဲ့ ၊ငါ့အိတ်ထောင်ကို
မင်းခုလိုပဲဆက်စမ်းနေရင် မွေးထားတဲ့ဆိတ်တွေပါ တောင်ပေါ်တက် ကုန် လိမ့်မယ်
နားလည်လား "


တော်လိုက်ပုံက

“ငါ့ညီအမှုဖြစ်တာ ရှေ့နေငှားမှ ထောင်လုံးလုံးကျမယ့် ကိန်းဆိုက်နေပြီ”
“ငါ အမှုဖြစ်တုန်းက ငှားခဲ့တဲ့ရှေ့နေက ဘာတော်သလဲ မမေးနဲ့”
“ဟုတ်လား၊ ဆိုပါဦး ရှေ့နေပြောင်းသင့်ရင် ပြောင်းရအောင်လို့”
“ငါမွေးထားတဲ့ ခွေးက လူတစ်ယောက်ကို ကိုက်မိလို့ အတိုင်ခံရတော့ အဲဒီရှေ့က
ထုချေချက်ပေးခဲ့တာ နောက်ဆုံးမှာ ငါ့ခွေးက ကိုက်တာ မဟုတ်တော့ဘဲ အဲဒီလူက
ငါ့ခွေးကို ကိုက်တာဖြစ်သွားတယ်ကွ”

သူငယ်ချင်းတစ်ယောက်ထံမှ.............
+5

Tags: