Author Topic: အမောပြေဟာသမှတ်စု  (Read 433460 times)

0 Members and 3 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #530 on: July 28, 2011, 11:47:12 AM »
မဖွင့်ဘူးဗျာ

“တံခါးဖွင့်ပါ”
“ဘယ်သူမှ မ၇ှိကြဘူးဗျ။”
“ဘယ်သူမှ မ၇ှိ၇င် ခုပြောနေတာ ဘယ်သူလဲ။”
“ဘယ်သူမှ မပြောဘူး..ခင်ဗျားနားကြားလွဲလို့.။”


+2
« Last Edit: July 28, 2011, 02:14:31 PM by tunaye2011 »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #531 on: July 28, 2011, 11:58:21 AM »
အိမ်ထောင်၇ှိလား

၇ွာတ၇ွာမှာ ၇ွာလူကြီးက မောင်အ ကို ၇ွာထဲက လူဦးေ၇ စာ၇င်းကောက်ဖို့ တာဝန်ပေးလိုက်တယ်။ မောင်အ ကမေးတယ်။
“ကျွန်တော် ဘယ်လိုလုပ်၇မှာလဲ။”
“လွယ်လွယ်လေးပါကွာ။အိမ်တအိမ်ေ၇ှ့ မင်းေ၇ာက်ပြီ ဆိုပါတော့။ထွက်လာတဲ့ လူကိုမေး။အိမ် ထောင်၇ှိလား။။ကလေး ဘယ်နှယောက်၇ှိလဲ ။ပြီး၇င် သူတို့ပြောတာကို မင်းက မှတ်လာ၇ုံပဲ။”
မောင်အ ၇ွာထဲကို သွားတယ်။အိမ်တအိမ်ရှေ့ကိုေ၇ာက်တော့ ကောင်မလေးတယောက်ကိုတွေ့ တယ်။မောင်အ ပြောလိုက်တယ်။
“မင်းဒီအိမ်ကလား။”
“ဟုတ်တယ်။”
“အိမ်ထောင်စုစာ၇င်းကောက်မလို့..မင်းအိမ်ထောင်၇ှိလား။”
“မ၇ှိဘူး။”
“ဒါဆို ကလေးေ၇ာ?”
”နာမည်နဲ.ကိုလိုက်တယ်
ကောင်မလေး မောင်အကို ပြောပြီး အိမ်ထဲ ပြန်ဝင်သွားတယ်။မောင်အ အံ့သြပြီး ၇ွာလူကြီးဆီပြန်လာတယ်။၇ွာလူကြီးကပြောတယ်။
“အင်း..မင်းက အိမ်ထောင်မ၇ှိပါဘူးပြောတဲ့လူကိုကလေး၇ှိလားလို့ ထပ်မေးလိုက်တာကိုးကွ။ဒီတ ခါ ကလေး၇ှိလားလို့မေး။ကြားလား”
မောင်အ ၇ွာထဲပြန်ထွက်သွားတယ်။အိမ်တအိမ်ေ၇ှ့ကိုေ၇ာက်တော့ အဘွားကြီးတယောက်ကို တွေ့တယ်။မောင်အ မေးလိုက်တယ်။
“အဘွား ဒီအိမ်ကလား။”
“အေး။”
“အိမ်ထောင်စုစာ၇င်းကောက်မလို့….အဘွားမှာ ကလေး၇ှိလား။”
“အေး..၇ှိတယ်..၅ယောက်။”
“ဒါဆို အိမ်ထောင်ေ၇ာ ၇ှိလား။”
“အိမ်ထောင်မရှိလို.နင်ဘိုးအေလာအိပ်နေလို.လားငအရဲ.
အဘွားကြီး အိမ်ထဲပြန်ဝင်သွားတယ်။



‘i don’t know’’

ကျွန်တော် အခွေကြည့်နေတုန်း ရွှာက english စာမတတ်တဲ.ဖိုးထွန်းက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို
ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’

ဖိုးထွန်း။ ။ ဒီ ‘‘i don’t know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
။ဖိုးထွန်း ။ နင့်တက္ကသိုလ်တက်တာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို
မသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။
ဖိုးထွန်း ။ ဒါတောင် ၀န်မခံချင်ဘူး
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #532 on: July 28, 2011, 07:28:33 PM »
နားလည်မှုလွဲပုံက

အိမ်တစ်အိမ်တွင် အိမ်ရှင်က ဧည့်သည်ကို ဧည့်ခံထမင်းကျွေးနေသည်။
အိမ်ရှင်က "" ထမင်းစားပြီး လက်ဆေး ရေသောက်လိုက်နော် "" ဟု ခပ်သွက်သွက်ပြောလိုက်သည်။
သည်တော့ ဧည့်သည်က "" ဟုတ်ကဲ့ ခင်ဗျ.."" ဟု ပြောပြီး ထမင်းစားပြီးပြီးချင်း ဘေးတွင်ရှိသော လက်ဆေးရေဇလုံကို
ယူပြီး မော့သောက်လိုက်သည်။
ထိုအခါ အိမ်ရှင်က အံ့အားသင့်ပြီး "" ခင်ဗျား ဘာလို့ လက်ဆေးရေတွေကို သောက်ရတာလဲ၊ ကျွန်တော်တို့အိမ်မှာ သောက်ရေတွေရှိပါတယ် "" ဟု ပြောရာ
ဧည့်သည်က " ခင်ဗျားပဲ ထမင်းစားပြီးရင် လက်ဆေးရေသောက်လိုက်ဆိုလို့ပါ.."


သတင်းထောက်

လူ တစ်ယောက်သည် နိုင်ငံရေး သမားတစ်ဦး၏ သတင်းထောက်အဖြစ်
လျှောက်ထားလိုက်သည်။ လျှောက်လွှာတင်ပြီး မကြာမီ နိုင်ငံရေးသမား၏ ရုံးမှ
ပြန်ကြားစာကို သူရသည်။ ” လူကြီးမင်း၏ ကိုယ်ရေးမှတ်တမ်းသည်
ပုံကြီးချဲ့မှု၊ သဘာဝ မဆန်မှု၊ အမှန်တစ်ဝက် မုသားတစ်ဝက် ဖြစ်မှု များ
ပြည့်နေပါသည်။ လူကြီး မင်း တနလာင်္နေ့တွင် အလုပ်စတင် ၀င်ရောက်နိုင်ပါသလား”

မလွဲသောအမှား

အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ရောက်လာ၏။
ရွေးချယ်သူ ။ မင်းနာမည်
လူငယ် ။ မောင်ကြိး
ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် ” ဆရာ ” ထည့်ဖြေရတယ်ကွ။ ပြန်ပြော
လူငယ် ။ ဟုတ်ကဲ့ ” ဆရာမောင်ကြီး ”

+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #533 on: July 28, 2011, 07:32:09 PM »
ယူခဲ့ရောပေါ့

ရှေ့နေတစ်ဦး၏ ဇနီးသည် ဆတ်ဆတ်ထိမခံသူ ဖြစ်သည်။ တစ်ညနေတွင် ခင်ပွန်းက "" ဒီပြုတ်ကျော်ကို မောင်တော့ စားလို့မရဘူးကွာ "" ဟု ညည်းမိရာ
ဇနီးသည်က "" ရှင့်ဘာသာ ချက်ပေတော့၊ အစတုန်းက ရှင်ထမင်းချက်ကို ရှာယူခဲ့ပါလား "" ဟု ပြန်ပြောသည်။
ထိုည သန်းခေါင်ယံတွင် အမျိုးသမီးက ခင်ပွန်းသည်ကို အတင်းနှိုးသည် "" ထဦး..ကိုကို ..အိမ်ထဲကို သူခိုးရောက်နေသံကြားတယ် ""
အမျိုးသားက ဟောက်နေရင်းပင် ပြန်ပြောလိုက်ပုံက "" မင်းဘာသာ ထပေတော့၊ အစတုန်းက မင်း ရဲသားကို ရှာယူခဲ့ရောပေါ့ကွာ..""


ဖေါ်ရွေသှူု
အလွန်ကျယ်လောင် ပြင်းထန်သော တံခါးခေါက်သံကြောင့် အိမ်ရှင်က တံခါးဖွင့်ပေးလိုက်၏၊
တံခါးရှေ့မှာ လုံးဝ သူစိမ်းတစ်ယောက်ကို တွေ့လိုက်ရ၏။
"" ဘယ်သူများပါလိမ့် ခင်ဗျား ""
"" ရဲပါ ""
"" အို- ရဲလား ခင်ဗျားက၊ ယူနီဖေါင်း ၀တ်မထားပဲကိုး ""
"" မှန်ပါတယ်၊ ကျွန်တော်က စီအိုင်ဒီပါ ""
"" အော်.. သိပြီ..သိပြီ.၊ အိမ်ထဲဝင်ပါဦး ဦးစစ် ""
( CID- စစ်)

+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #534 on: July 28, 2011, 07:37:06 PM »
မလိုရင်ကူပြီ

ရထားတစ်စီးပေါ်တွင်ပိန်ပိန်ပါးပါးအသက်ခပ်ကြီးကြီးအမျိုးသားကြီးတစ်ယောက်ပုံကားအလွန်အားနည်းပုံပေါက်သည်။
သူဆင်းမည့်ဘူတာရောက်သောအခါတိုက်ရိုက်တည့်တည့်မဆင်းနိုင်ပဲတံခါးပေါက်မှလက်ကိုင်သံတန်းကိုဖြည်းဖြည်းဆင်းနေသည်။
ကံကောင်းထောကမစွာဖြင့်ကူညီတတ်သောအစောင့်တစ်ယောက်ရောက်လာပြီးသူကိုကျောမှထိန်းပေးသည်။သို့သော်
ရထားပေါ်တတ်ရန်းကြိုးစားနေသည်ဟုထင်၍ရထားပေါ်ပြန်တွန်းတင်လိုက်သည်။တံခါးပေါက်ချက်ချင်းပိတ်သွားပြီးရထားကဆက်ထွက်
လာခဲ့သည်။အဘိုးအိုမှာနောက်ဘူတာရောက်သည်အထိသူ့အဖြစ်ကိုမကျေမနပ်ဖြင့်မည်တွန်တောက်တီးလာပါတော့သည်။.......၀၀၀/////%%%%%၅


ရှယ် ဆိုက်ကား

ဆိုက်ကားသမား တစ်ယောက်ဖြစ်သည်။ ဆိုက်ကားစီးမည့်သူအား မေးမြန်းနေခြင်း ဖြစ်သည်။
“ ရှယ် စီးမလား၊ ရိုးရိုး စီးမလား ”
“ ရှယ် စီးရင် ကုန်းတက် ဆင်းပေးစရာ မလိုဘူး ”
“ ရိုးရိုး စီးရင် ကုန်းတက် ဆင်းပေးရမယ် ”


ကိုယ့်အကြောင်းနဲ့ ကိုယ်

အမျိုးသမီးငယ် တစ်ယောက်သည် လူကျပ်သော ဘတ်စ်ကားထဲ တက်စီးလိုက်ရာလူငယ်တစ်ဦးမှ မတ်တတ်ရပ်ပေးလိုက်သည်။
“ ရပါတယ်....ထိုင်နေပါ။ ကျွန်မက ရပ်စီးချင်လို့ပါ ”
ထိုလူငယ်ကို သူ့ထိုင်ခုံပေါ် ပြန်ထိုင်ခိုင်းလိုက်သည်။ သို့သော်ထိုလူငယ်သည် အတင်းပြန်ထလေသည်။
“ ရပါတယ်...ကျွန်မက ရပ်စီးတာ ဝါသနာပါတယ်။ ထပေးဖို့ မလိုပါဘူး။ ”
ထိုလူငယ်သည် တတိယအကြိမ်မြောက် ပြန်ထလာပြီး ပြောလိုက်သည်။
“ မဟုတ်ဘူး...ကျွန်တော် ဆင်းရမယ့် မှတ်တိုင် ရောက်ခါနီးလို့ပါ။

+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #535 on: July 28, 2011, 07:45:37 PM »
အတူတူထင်လို့

ဆရာဝန် - ရက်သတ္တပတ်အနည်းငယ်တော့ ခင်ဗျား ခေါင်းအလုပ်မလုပ်ဖို့ လိုတယ်နော်
လူနာ - ဟုတ်ကဲ့ ဒေါက်တာ၊ ဒါပေမယ့် ခေါင်းအလုပ်က ကျွန်တော့် အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်နေတယ်။
ဆရာဝန်- သြော်၊ ခင်ဗျားက ပညာရှင်လား
လူနာ- မဟုတ်ပါ၊ ဆံပင်ညှပ်သမားပါ။


နှုတ်ဦးသူ

မုဆိုးမတစ်ယောက်က မုဆိုးဖိုတစ်ယောက်ကို လက်ထပ်လိုက်၏။ သည်တော့ မုဆိုးမ၏ သူငယ်ချင်းက "" အေး- ငါထင်တယ်၊
လက်ထပ်ခဲ့ဖူးတဲ့ ယောက်ျားတွေလိုပဲပေါ့ဟာ၊ နင့် ခု ယောက်ျားကလည်း တခါတခါကျတော့ သူ့အရင်မိန်းမအကြောင်းပြောမှာပေါ့ ""
"" အို--တစ်ခွန်းမှကို မဟဘူး"" ""ဘာကြောင့်ပါလိမ့် "" "" သူပြောမယ်ကြံတိုင်း ငါက ငါ့်ယောက်ျားအကြောင်း အရင်ဦးအောင် ပြောပစ်လိုက်တယ်လေ

. ရွဲ့တာလား


စာတိုက်ကောင်တာစာရေးက အမျိုးသမီးကြီးအား "" ဒီစာအိတ်ပေါ်မှာ နောက်ထပ်တံဆိပ်ခေါင်းတစ်လုံး ထပ်ကပ်လိုက်ပါဦး
စာအိတ်က သိပ်လေးနေလို့ပါ"" သည်တော့ အမျိုးသမီးကြီးက "" အဲလိုဆို စာအိတ်က ပေါ့သွားရောလား"" ဟု မေးလိုက်၏။

မငြင်းပါဘူး

"" ဂျွန်... ကမ္ဘာကြီးရဲ့ ပုံသဏ္ဍာန်က ဘယ်လိုရှိလဲကွ "" ဟု ဆရာက မေးလိုက်သည်။
"" လုံးလုံးဝိုင်းဝိုင်းကြီးပါ ဆရာ.."" ဟု ဂျွန်က ပြန်ဖြေသည်။
"" လုံးလုံးဝိုင်းဝိုင်းကြီးဆိုတာ မင်းဘယ်လိုသိလဲ.."" ဆရာက ဆက်မေးသည်။
ဂျွန် ဇဝေဇ၀ါဖြစ်သွားပြီး "" ကောင်းပါပြီ..ကမ္ဘာကြီးက လေးထောင့်ကြီးဆိုရင်လည်း ကျွန်တော်မငြင်းလိုပါဘူး..ဆရာ "" ဟု
ပြန်ဖြေလိုက်လေသည်။


+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #536 on: July 28, 2011, 07:51:19 PM »
Expire date

မိန်းမ ။ ။.တော်ဘာစာရွက်ကိုကြည့်နေတာလဲ။
ယောက်ကျား။ ။ ဘာမှမဟုတ်ပါဘူးကွာ။
မိန်းမ။ ။ ဘာ..ဘာမှမဟုတ်ရမှာလဲ....တော်အဲဒစာရွက်ကိုကြည့်နေတာ(၃)နာရီကျော်နေပြီ်ကျုပ်ကိုမှန်မှန်ပြောနော်...ပြီးမှကျုပ်ကိုအဆိုးမဆိုနဲ့။
ယောက်ကျား ။ ။ မဟုတ်ပါဘူးကွာ....ငါတို့ရဲ့လက်ထပ်စာချုပ်ပါ.....စားသောက်ကုန်တွေမှာပါသလိုexpire date များပါမလားလို့ရှာကြည့်နေတာ.... ။



နည်းတောင်နည်းသေးတယ်
တစ်ခါက

လူငယ်လေးတစ်ယောက်က မြို့ငယ်လေး တစ်မြို့ကို ဖြတ်လာတော့ သူ့ဆီကို လူကြီးတစ်ယောက်က . . .

“ ငါ့တူရယ်။ ဦးလေး အခုထိ ဘာမှ မစားရသေးလို့ ဦးလေးကို ထမင်းစားဖို့လေး ဒါနပြုပါကွယ်။ ”

လို့ လာပြောတယ်။ ဒီတော့ လူငယ်လေးက ဒီဦးလေးကြီးကို သေသေချာချာ ကြည့်လိုက်တော့ သပ်သပ်ရပ်ရပ်နဲ့ ခရီးသွားတစ်ယောက်ပုံစံ ပေါက်နေတယ်။ ဒါကြောင့်.

“ ဦးလေးကို ကျွန်တော် အရင်က ဒီမြို့မှာ မတွေ့မိပါလား။ ”

“ ဟုတ်ပါတယ်ကွယ်။ ဦးလေးက ဒီမြို့က မဟုတ်ပါဘူး။ ဦးလေး နေထိုင်တဲ့ ရွာက သူကြီးက ဦးလေးကို ရွာမှာ မနေရတော့ဘူး ဆိုပြီး မောင်းထုတ်လို့ ဦးလေး မြို့ကြီးမှာ ရှိနေတဲ့ အမျိုးတွေဆီ သွားဖို့ တတ်လာရင်း ဒီနေရာမှာ ခဏ ခရီးတစ်ထောက် ဝင်နားတာပါကွယ်။

ဒါပေမဲ့ ရွာမှာလို မဟုတ်တော့ လမ်းစရိတ်က ပြတ်ပြီး အခု စားဖို့ ခက်ခဲလာလို့ ငါ့တူဆီက အကူအညီတောင်းရတာပါကွယ်။ ”

“ ဟုတ်ကဲ့ပါ ဦးလေး။ ဦးလေး ပြောလိုက်တဲ့ စကားမှာ ဦးလေးကို ရွာကနေ သူကြီးက နှင်လွှတ်တယ် လို့ ပြောတယ်နော်။ ဘာလို့ သူကြီးက နှင်လွှတ်ရတာလဲဗျာ။ ”

ဒီစကားကြားတော့ ဦးလေးကြီးက သက်ပြင်းလေးကို လေးလေးပင်ပင်ချရင်း

“ ဦးလေးကို သူတို့က အမှန်ပြောလို့တဲ့ ။ အမှန်ပြောလို့ ရွာကနေ မောင်းထုတ်တာတဲ့ကွယ်။ ”

“ ဟာဗျာ။ ဒါကတော့ လုံးဝ မဖြစ်သင့်ဘူး။ ကျွန်တော်က အမှန်တရားကို တကယ်ကို အလေးအနက်ထားတဲ့ လူဗျ။ ဒီလို အမှန်ပြောလို့ ရွာက မောင်းထုတ်တယ်ဆိုတာကို ဘယ်လိုမှ လက်မခံဘူး။

ထားတော့ ဦးလေး။ ဒါက ဦးလေး ထမင်းစားဖို့နဲ့ လမ်းစရိတ် ကျွန်တော် လှူတာပါ။ ဦးလေးလည်း အမျိုးတွေဆီကို ချောချောမောမော ရောက်ပါစေဗျာ။ ”

လို့ လူငယ်လေးက ပြောပြီး သူ့အိတ်ထဲက ပိုက်ဆံ တချို့ကို ထုတ်ပေးပြီး ဦးလေးကြီးကို နှုတ်ဆက်ထွက်သွားတယ်။

လူငယ်လေးပေးသွားတဲ့ ပိုက်ဆံလေးကို ဦးလေးကြီးက လက်ထဲမှာ ကိုင်ထားရင်း သူလှည့်ထွက်မယ် လုပ်တော့ မြေပြင်ပေါ်မှာ ကျနေတဲ့ ကဒ်လေးတစ်ခုကို တွေ့လိုက်ရတယ်။ ဦးလေးကြီး ကောက်ကြည့်လိုက်တော့ ခုနက သူ့ကို အလှူငွေ လှူသွားတဲ့ ကောင်လေးရဲ့ မှတ်ပုံတင်လေး ကျကျန်ခဲ့တယ် ဆိုတာ သိလိုက်ရတယ်။

ဒါနဲ့ သူလည်း ကမန်းကတမ်း အပြေးအလွှား ကောင်လေး ထွက်သွားရာဆီကို လိုက်သွားတော့ ရှေ့ခပ်လှမ်းလှမ်းမှာ ကောင်လေး မှတ်ပုံတင် ကျသွားတာကို မသိပဲ လျှောက်သွားနေတယ်။ ဒီတော့ ဦးလေးကြီး နောက်ကနေ ကောင်လေးကို လှမ်းခေါ်တယ်။ မကြားဘူး။ မကြားတာထက် သူ့ကို ခေါ်လို့ ခေါ်နေမှန်း ကောင်လေး မသိတာ။ ဒါကြောင့် ကောင်လေး သူ့ကို ခေါ်လို့ ခေါ်မှန်း သိအောင် ဦးလေးကြီးက ကောင်လေးရဲ့ ထူးခြားတဲ့ အမှန်တရားလေးကို ထုတ်ပြီးခေါ်လိုက်တယ်။

“ ဟိုရှေ့က ငါတူ။ မျက်စိတစ်ဖက်ဆွေနေတဲ့ ငါ့တူကြီး ။ မင်း မှတ်ပုံတင် ကျနေလို့ ဦးလေး လိုက်ပေးတာဟေ့။ ”

“ မျက်စိ တစ်ဖက်ဆွေနေတဲ့ ငါ့တူရေ။ ”

ဒီလို လိုက်အော်နေတော့ ပတ်ဝန်းကျင်က လူတွေကလည်း ကောင်လေးကို ကြည့်ပြီး သူ့ကို ခေါ်နေတယ် လို့ ပြောမှ ကောင်လေးကလည်း ဦးလေးကြီး ခေါ်နေတာကို သတိထားမိတော့တယ်။ ဒါနဲ့ သူရပ်ပြီး နောက်ကို လှည့်ကြည့်လိုက်တော့. ..

“ မျက်စိတစ်ဖက် ဆွေနေတဲ့ ငါ့တူကြီး။ မင်း မှတ်ပုံတင် ကျနေလို့ ဦးလေး လိုက်ပေးတာကွ။ ”

လို့ ပြောတော့ ကောင်လေးက ဦးလေးကြီး လက်ထဲက မှတ်ပုံတင်ကို ဆတ်ခနဲ ဆွဲယူသွားပြီး ဦးလေးကြီးနားနား တိုးပြီး ကပ်ပြောသွားတယ်။

“ သူကြီးမို့လို့ ခင်ဗျားကို ရွာက မောင်းထုတ်တာ။ ကျွန်တော်သာဆို သတ်ပစ်တယ်။ ”

maithila မှ ကိုဇော်



+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #537 on: July 28, 2011, 07:55:37 PM »
နည်းတောင်နည်းသေးတယ်(၁)


တစ်ခါက ရွာလေးတစ်ရွာမှာ လူငယ် ကောင်လေး တစ်ယောက်နဲ့ တစ်ခုလပ် ကောင်မလေးတစ်ယောက် တစ်ဦးကို တစ်ဦး ချစ်ခင်ကြင်နာလို့ အကြင်လင်မယား အဖြစ် အတူတူ ပေါင်းသင်းနေထိုင်ကြတယ်။

ကောင်မလေးက တစ်ခုလပ် ဖြစ်ပေမဲ့ ကောင်လေးကလည်း သူမှ ထူးထူးထွေထွေ ပြောမနေပဲ သူတို့နှစ်ယောက် ပျော်ရွှင်စွာနဲ့ပဲ ပေါင်းသင်းနေထိုင် လာကြတယ်။ ကောင်လေးက အလုပ်သွားတယ်။ ကောင်မလေးက အိမ်မှာ လုပ်စရာ ရှိတာတွေ လုပ်ထားရင်း ကောင်လေးပြန်လာရင် စားသောက်ဖို့ ပြင်ဆင်ချက်ပြုတ်ထားလေ့ရှိတယ်။ သူတို့ အိမ်ထောင်ရေးက သာသာယာယာပါပဲ။

တစ်နေ့တော့ ... ကောင်လေး အလုပ်က ပြန်လာတော့ ကောင်မလေးက ထုံးစံအတိုင်း ထမင်းပွဲလေးခူးပြီး စောင့်နေတယ်။ ကောင်လေးလည်း အိမ်ထဲ ဝင်လာတော့ ကောင်မလေးက ကောင်လေးကို မေးတယ်။

“ မောင်ရေ။ ထမင်းအရင် စားမလား ၊ ရေးအရင်ချိုးမလား။ ”

ဒီတော့ ကောင်လေးက . .

“ ရေအရင်ချိုးလိုက်မယ် လေ။ ”

ဒီမှာ ကောင်မလေးက ပြောတယ်။

“ ကောင်းတယ် မောင်ရေ။ ရေအရင်ချိုးလိုက်နော်။ ထမင်းပွဲကတော့ ခူးပြီးပြီ။ ရေချိုးပြီးမှ ထမင်းစားပေါ့။ ကိုမြင့်အုန်း ဆိုလည်း ဒီလိုပဲ ရေချိုးပြီးမှ ထမင်းစားတယ်။ ”

ကိုမြင့်အုန်း ဆိုတာ ကောင်မလေးရဲ့ အရင် ယောက်ျား။ ကောင်မလေးက ဒီလို သူ့အရင် ယောက်ျား နာမည်ကို ထည့်ပြီး နှိုင်းယှဉ်ပြောတော့ ကောင်လေးလည်း ရင်ထဲ အောင့်သွားပေမဲ့ ဘာမှ မပြောတော့ပဲ ရေချိုးလိုက်တော့မယ်။ ပြီးတော့ ထမင်းစားလိုက်တယ်။ နောက်တော့လည်း သူ့ဖာသာ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတော့တယ်။

ဒါနဲ့ အတော်ကြာတော့ ကောင်လေး ရုံးက အလုပ်တွေ အိမ်ကို ပါလာသတဲ့။ ဒါနဲ့ ထမင်းစားသောက်ပြီး ညမိုးချုပ်တဲ အထိ ကောင်လေးက လုပ်နေတာကို ကောင်မလေးက ဘေးနားကနေ ထိုင်ပြီး စောင့်နေတယ်။ အတော်ကြာတော့. .

“ မောင်ရေ..။ အလုပ်လုပ်ရင်း သောက်ဖို့ ကော်ဖီ ဖျော်ပေးရမလား။ ”

ဒီတော့ ကောင်လေးက အလုပ်လုပ်ရာကနေ . .

“ ကောင်းသားပဲ။ သောက်ရတာပေါ့။ ”

လို့ လှမ်းပြောတယ်။ ဒီတော့ ကောင်မလေးက ကော်ဖီဖျော်ဖို့ ထသွားရင်း ကော်ဖီ ဖျော်ပြီးတော့ ယူလာခဲ့တယ်။ ပြီးတော့ ကောင်လေး သောက်ဖို့ချပေးရင်း . . .

“ သောက်လို့ ရပြီ မောင်ရေ။ ကိုမြင့်အုန်း လည်း ဒီလိုပဲ အလုပ်တွေ များလို့ ညဘက် လုပ်ရရင် ဒီလိုပဲ ကော်ဖီသောက်တတ်တယ်။ ”

ကောင်လေး သောက်နေတဲ့ ကော်ဖိ နင်သလို ဖြစ်သွားတယ်။ သူ့အရင်ယောက်ျားကို သတိရနေတာပါလား လို့လည်း တွေးမိပြီး စိတ်ထဲမှာ ပိုပြီး မခံချိ မခံသာ ဖြစ်သွားတယ်။

ဒီလိုနဲ့ နောက်တစ်နေ့မှာတော့ ကောင်လေး လစာထုတ်လာတော့ သူငယ်ချင်းတွေက အတင်းတိုက်လို့ နည်းနည်းလေး ထွေလာတယ်ပေါ့လေ။ ဒါကြောင့် ကောင်လေး အိမ်ပြန်တာ နောက်ကျတယ်။ အိမ်ကို ရောက်တော့ ကောင်မလေးကတော့ ထုံးစံ အတိုင်း ထမင်းပွဲလေး ပြင်ပြီး စောင့်နေတယ်။ ကောင်လေး အိမ်ပေါ်တတ်တော့ ကောင်မလေးက အရက်ထွေလာတာကို မသိပဲ။

“ မောင်ရေ ထမင်းအရင်စားမလား ၊ ရေအရင် ချိုးမလား။ ”

ဒီတော့ ကောင်လေးက အာလေး လျှာလေးသံကြီးနဲ့ . .

“ ဘာဖြစ်နေတာလဲ။ အခုမှ ပြန်ရောက်တာလေ..။ စားမှာပေါ့။ ”

ကောင်လေးရဲ့ အသံကြားတော့ ကောင်မလေးက ကောင်လေး ထွေလာတယ် ဆိုတာ သိတော့ အလိုက်သင့် အနေနဲ့. .

“ ကဲပါ။ ဒါဆိုလည်း မောင် ရေအရင်ချိုးလိုက်။ ပြီးမှ ထမင်းစားနော်။ ကိုမြင့်အုန်း ဆိုလည်း ဒီလိုပဲလေ။ ”

ထေလာတဲ့ ကောင်လေး ပိုပြီး နင်သလို ဖြစ်သွားတယ်။ ဘာမှ မပြောတော့ပဲ ရှူးရှူးရှားရှား ရေဆင်းချိုးနေတယ်။ ပြီးတော့ နည်းနည်းလည်း အမူးပြေသွားပြီး ရေချိုးတတ်လာတော့ ကောင်မလေးက . . .

“ မောင် ဘယ်လို နေသေးလဲ။ ကိုမြင့်အုန်း ဆိုလည်း ဒီလိုပဲ မူးလာလို့ ရေးချိုးလိုက်ရင် သက်သာသွားတယ်လေ။ ”

ဒီတော့ နဂိုကတည်းက အရင် ယောက်ျားနဲ့ ခိုင်းနှိုင်းပြတာကို မကြိုက်လို့ စိတ်တိုနေတဲ့ ကောင်လေးက အခုလို အရက် ထွေလာတဲ့ အချိန်ဆိုတော့ ကောင်မလေးက စပြီး ရိုက်တော့တာပဲ ။ ရိုက်လည်း ရိုက် ကောင်လေး ပါးစပ်ကလည်း အော်ပြောတော့တယ်။

“ ငါနဲ့ ပေါင်းနေတာတောင်မှ အရင်က လင်ကြီးကို သတိရနေသေးတယ် ဟုတ်လား။ တစ်ခုခု ဖြစ်ရင် နင့်လင်ကြီးကိုပဲ သတိရနေတယ်ပေါ့လေ။ ”

ဒီလို ပြောလည်း ပြော ၊ ရိုက်လည်း ရိုက်နေတော့ ။ ကောင်မလေးကလည်း ကောင်လေးက ဒီလို မရိုက်ဖူးတော့ ကြောက်လန့်တကြား ငိုရင်းနဲ့ ဒီလို ပြန်ပြောသတဲ့။

“ ရိုက်ပါ ၊ ရိုက်ပါ ။ အဲဒီလိုပဲ ကိုမြင့်အုန်းလည်း မူးလာရင် ခဏခဏ ရိုက်တယ်။ ”  by ko zaw

+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #538 on: July 28, 2011, 08:00:13 PM »
နည်းတောင်နည်းသေးတယ်(၂)

တစ်ခါက

တရားရုံးတစ်ခုမှာ ဘတ်စ် စပယ်ယာက သူ့ရဲ့ ခရီးသည် အဒေါ်ကြီး တစ်ဦးကို ကားပေါ်က ကန်ချတယ် ဆိုသော အမှု တစ်ခုကို စစ်ဆေးနေတယ်။

တရားသူကြီးက ကားစပယ်ယာကို မေးတယ်။

“ မင်း ခရီးသည် ဒီအဒေါ်ကြီးကို ကားပေါ်က ကန်ချတယ် ဆိုတာ တကယ်ပဲလား။ ”

ဒီတော့ ကားစပယ်ယာကလည်း မလိမ်မညာပဲ အမှန်အတိုင်းပြောတယ်။

“ ဟုတ်ပါတယ် တရားသူကြီးမင်း ။ ကျွန်တော် ကန်ချခဲ့ပါတယ်။ ”

“ ဟေ။ ဘာလို့ ဒီလို ကန်ချတာလဲ။ ”

တရားသူကြီးကလည်း တအံ့တသြ နဲ့ မေးလိုက်တော့ တရားခံ ကားစပယ်ရာက .. . .

“ ဒီလိုပါ တရာသူကြီးမင်း။ ကျွန်တော့် ကားပေါ်ကို သူက တတ်လာပါတယ်။ တတ်တတ်ချင်းလည်း နေရာရပါတယ်။ ခဏကြာတော့ သူ့ဆီကို ကျွန်တော် သွားပြီးတော့ “ ယာဉ်စီးခ ” တောင်းပါတယ်။ ( ဒီနေရာမှာ “ ကားခ ” ဆိုတာကြီးကို ကျွန်တော်က မကြိုက်လို့ မသုံးဘူးဗျာ။ ဘယ်လိုကြီးမှန်း မသိဘူး။ ကျက်သရေ မရှိ။ )

ဒီလို ယာဉ်စီးခ တောင်းတော့ သူက သူ့ထိုင်ခုံအောက်မှာ ဆွဲထားတဲ့ ခြင်းတောင်းကို ထုတ်ပါတယ်။ ခြင်းတောင်းထဲက ဘေးလွယ်အိတ်ကို ထုတ်ပါတယ်။ ဘေးလွယ်အိတ်ထဲက လက်ပွေ့အိတ်ကို ထုတ်ပါတယ်။ လက်ပွေ့အိတ်ထဲက လက်ကိုင်အိတ်ကို ထုတ်ပါတယ်။ လက်ကိုင်အိတ်ထဲက ပိုက်ဆံအိတ်ကို ထုတ်ပါတယ်။ ပိုက်ဆံ အိတ်ထဲက ပလတ်စတစ်နဲ့ ထုတ်ထားတဲ့ ပိုက်ဆံ အခေါက်လေးကို ထုတ်ယူပါတယ်။ ဒီပလတ်စတစ်လေးကို သားရေပင်နဲ့ ချည်ထားပါတယ်။ သူ ဒါကို ဖြေနေတုန်း ဘတ်စ် နောက်ဘက်မှာ လူတွေ တတ်လာလို့ ကျွန်တော် ယာဉ်စီးခ သွားကောက်ပါတယ်။

နောက်က လူတွေကို ယာဉ်စီးက သွားကောက်ပြီး သူ့ဆီ ပြန်လာတော့ သူက အားလုံးကို ပြန်ထည့်ပြီးသွားပြီ။ ဒါကြောင့် ယာဉ်စီးခ ပေးဦးလေ လို့တောင်းတော့ သူ့ထိုင်ခုံအောက်မှာ ဆွဲထားတဲ့ ခြင်းတောင်းကို ထုတ်ပါတယ်။ ခြင်းတောင်းထဲက ဘေးလွယ်အိတ်ကို ထုတ်ပါတယ်။ ဘေးလွယ်အိတ်ထဲက လက်ပွေ့အိတ်ကို ထုတ်ပါတယ်။ လက်ပွေ့အိတ်ထဲက လက်ကိုင်အိတ်ကို ထုတ်ပါတယ်။ လက်ကိုင်အိတ်ထဲက ပိုက်ဆံအိတ်ကို ထုတ်ပါတယ်။ ပိုက်ဆံ အိတ်ထဲက ပလတ်စတစ်နဲ့ ထုတ်ထားတဲ့ ပိုက်ဆံအခေါက်လေးကို ထုတ်ယူပါတယ်။ ဒီပလတ်စတစ်လေးကို သားရေပင်နဲ့ ချည်ထားပါတယ်။ သူ ဒါကို ဖြေနေတုန်း ဘတ်စ် နောက်ဘက်မှာ လူတွေ တတ်လာလို့ ကျွန်တော် ယာဉ်စီးခ သွားကောက်ပါတယ်။

ဒီတစ်ခါ တတ်လာတာက သုံးယောက်ဆိုတော့ နည်းနည်းကြာသွားပါတယ်။ ပြီးတော့ သူ့ဆီ ပြန်ရောက်တော့ သူက ယာဉ်စီးခ မထုတ်ထားပဲ အားလုံး ပြန်ထည့်သိမ်းထားတယ်။ ဒါကြောင့် ယာဉ်စီးခ ပေးဖို့ ထပ်ပြောတော့..သူက သူ့ထိုင်ခုံအောက်မှာ ဆွဲထားတဲ့ ခြင်းတောင်းကို ထုတ်ပါတယ်။ ခြင်းတောင်းထဲက ဘေးလွယ်အိတ်ကို ထုတ်ပါတယ်။ ဘေးလွယ်အိတ်ထဲက ....................။ ”

“ ဟေ့...ဟေ့..တော်တော့။ ”

နားထောင်နေတဲ့ တရားသူကြီးက ရုတ်တရက် လှမ်းအော်ပြောတယ်။ စပယ်ယာက မျက်နှာငယ်လေးနဲ့ လှမ်းမော့ကြည့်တော့ တရားသူကြီးက ပြောတယ်။

“ မင်းကို သူကို ဒီလို ဘယ်နှစ်ခ်ါလုပ်လဲ.။ ဒါပဲ ဖြေတော့။ ”

“ ဟုတ်ကဲ့။ ဒီလိုမျိုး ၅ ခါ လုပ်ပါတယ်။ ၆ ကြိမ်မြောက်မှာတော့ ကျွန်တော်လည်း သည်းမခံနိုင်တော့လို့ သူ့ကို ကားပေါ်က ကန်ချမိတာပါ။ ”

“ အေး..၊ မင်းမို့လို့ ၆ ကြိမ်အထိ သည်းခံနေတာ.။ ငါသာဆိုရင် ၃ ကြိမ် ကတည်းက ကန်ချတယ်ကွ။ ”

+7

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10871
Re: အမောပြေဟာသမှတ်စု
« Reply #539 on: July 28, 2011, 08:10:39 PM »
ဘာမှားလဲ

” ကိုသာဝ ”
” ဘာလဲကွ ”
” ဒီနေ့ဘယ်နှစ်ရက်လဲ ”
” ၈ရက်လေ ”
” ဒါဖြင့် ဘာလို့၉ရက်နေ့နေ့စွဲနဲ့ မဖော့အကြွေးယူ ကျပ်၃၅၀လို့မှတ်ထားရတာလဲ၊ တော့်ကိုအကြွေးမရောင်းပါနဲ့ လို့ကျုပ်မှာထားသားပဲ၊ ဟိုမှာဆိုင်းဘုတ်လဲချိတ်ထားတယ် ”
” မင်းဆိုင်းဘုတ်က ယနေ့အကြွေးမပေးပါလေ ”
” ဟုတ်တယ်လေ မမြင်ဘူးလား ”
” အဲဒါကြောင့် မဖော့ကနက်ဖြန်စာရင်းထဲမှတ်ပေးပါဆိုပြီးပြောလို့ ပေးလိုက်တာပေါ့၊

ကံကောင်းလို့ 

တစ်ခါကပေါ့…လူတစ်ယောက်ဟာ ခရီးတစ်ခုထွက်လာခဲ့သတဲ့။

အဲဒီလိုနဲ့  ခရီးသွားနေတုန်း သူသွားနေတဲ့လမ်းမရဲ့ အလယ်ခေါင်မှာ ၀ါထိန်ထိန် အပုံတစ်ပုံကိုမြင်လိုက်ရသတဲ့။ စူးစမ်းလို စိတ်ရှိနေလို့ လားတော့မသိဘူး။အဲဒါဟာဘာဖြစ်မလဲဆိုတာကို သူအရမ်းသိချင်တာပဲတဲ့။ ခြေထောက်နဲ့ ထိုးကော်ကြည့်ဖို့ ကလည်းဖိနပ်လေးက အသစ်ဆိုတော့ပေသွားမှာကြောက်တာပေါ့။ဒါနဲ့ အဲဒီအပုံကို အနံ့ ခံကြည်ုပြန်တော့လည်း နှာခေါင်းကပိတ်နေတော့ ဘာနံ့ မှမရဘူးဖြစ် နေတယ်တဲ့။ အမှန်တော့ အဲဒီအပုံကိုကျော်ပြီး ကိုယ်သွားချင်တဲ့နေရာကို သွားလို့ ရနေတာပဲလေ။ စပ်စုချင်စိတ်များ ပြောပါတယ် ဘာပုံလဲဆိုတာကသိချင်စိတ်ကအရမ်းပြင်းပြလာတယ်တဲ့။ နောက်ဆုံးတော့ခရီးသွားဟာ အဲဒီ အပုံကြီးကို လက်ညှိုးလေးနဲ့ ကလော်ပြီး လျှာနဲ့ လျက်ကြည့်လိုက်သတဲ့။အဲဒီနောက်တော့သူဘာပြောလိုက်တယ်ထင်သလဲဟင်

” ထွီ…ကံကောင်းလို့ ပါလားဟေ့…မစင်ပုံကြီးကိုးကွ…ငါလျက်ကြည့်မိလို့ သာပဲ…နိုမို့ ဆို ငါ ဒီမစင်ပုံကြီးကို တက်နင်းမိတော့ မလို့ ..ကံကောင်းလို့ဟေ့”
+3

Tags: