Author Topic: အမောပြေဟာသမှတ်စု  (Read 482512 times)

0 Members and 3 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #520 on: July 27, 2011, 06:36:56 PM »

ဟင်းသရော


မြန်မာလူမျိုး သေဘာၤသားလူငယ္တစ္ဦး သေဘာၤေပၚကခုန္ခ်ၿပီး ကိုရီးယားနိုင်ငံရဲ့ စက်ရုံတစ်ရုံမှာ အလုပ်သွားလုပ်ပါတယ် ။ အလုပ်က
သက်လည်းသက်သာပြီး လစာကလည်းကောင်းတဲ့အလုပ် ။ ဒါပေမဲ့ ကိုရီးယားစကားကလည်း သိပ်နားမလည်တော့ ဒုက္ခမျိုးစုံနဲ့ပေါ့ ။
အလုပ်ဝင်ပြီး ( ၃ )ရက် အကြာ.....

လူငယ် ။ ။ အန်ညောဟာဆဲလ်ယို ဆာဂျမ်းနိမ်း ( မင်္ဂလာပါ သူဌေး )
အလုပ်ရှင် ။ ။ ယဲ အန်ညော ( ဟုတ်ကဲ့ မင်္ဂလာပါ )

အလုပ်ရှင် ။ ။ အီးလ် ဟဲမျောင်း ဟင်းသရောလ် ( အလုပ် လုပ်ရတာ ပင်ပန်းလား ? )

လူငယ် အံ့သြသွားတယ်.....ငါ " ဟသာင်္တ " သားမှန်း သူဘယ်လိုသိပါလိမ့်ပေါ့ ။
လူငယ်က " ဟင်းသရောလ် " ကို " ဟသာင်္တ " လို့ ထင်မိပြီး ...ဟုတ်တယ် ကျွန်တော် " ဟသာင်္တ " သားပါလို့ ဖြေလိုက်ပုံက ...

လူငယ် ။ ။ ယဲ ဟင်းသရောလ်ယို ( ဟုတ်ကဲ့ ပင်ပန်းတယ် )

ဒါနဲ့ သူဌေးက ဆက်မေးတယ် အရမ်းပင်ပန်းတာလားပေါ့ ( လက်ဟန်ခြေဟန်တွေလည်း ပါတာပေါ့ )
အလုပ်ရှင် ။ ။ ဂျုံးမားလ် မန်နီး ဟင်းသရောလ် ( တကယ် အရမ်းပင်ပန်းတာလား ? )

လူငယ်က သူဌေးရဲ့လက်ဟန်ခြေဟန်ကို ကြည့်ပြီးတွေးမိတာက... ဒါဟာ ငါတို့ " ဟသာင်္တ "မြို့ကြီးက အကြီးလားလို့မေးတာ
ဖြစ်ရမယ်ဆိုပြီး...( ဟုတ်တယ် " ဟသာင်္တ "မြို့ကြီးက အကြီးကြီး ) ဆိုပြီး ပြုံးပြုံးလေး ဖြေလိုက်ပုံက ...

လူငယ် ။ ။ ယဲ မန်နီး ဟင်းသရောလ်ယို ( ဟုတ်ကဲ့ အရမ်းကို ပင်ပန်းတယ် )

သူဌေးက ဒီလိုတွေးမိတယ်...ဒီလောက် သက်သာတဲ့အလုပ်ကိုတောင် ပင်ပန်းတယ် ပြောပုံထောက်တော့ ဒီကောင် ငပျင်းဖြစ်ရမယ်ဆိုပြီး
အလုပ်ရှင် ။ ။ အီးလ် ဂုမန်းဟဲ ၊ နောခါ ( မင်းသွားတော့ အလုပ်မလုပ်နဲ့တော့ )


လူငယ် ။ ။ မအူမလည်နဲ့ .......ယဲ ( ဟုတ်ကဲ့ တဲ့ )


...
from gmail
+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #521 on: July 28, 2011, 10:18:45 AM »


မိတ်အင်


ဆရာ ကျားဘညိမ်းဟာ မြန်မာ့ လက်ဝှေ့ကျော် ဘ၀နဲ့ နိုင်ငံတကာကို အတော်များများ ရောက်ဖူးပါတယ်။သူ့ရဲ့ (အိန္ဒိယ၊ မြန်မာ)ချစ်ကြည်ရေး ခရီးစဉ်နဲ့ ပတ်သက်တဲ့ ဟာသ တစ်ခုကို သတင်း ဂျာနယ်တိုက်မှာ ခုလိုပြောပြပါတယ်။ “ကျွန်တော်တို့ မြန်မာလက်ဝှေ့ အဖွဲ့နဲ့ အိန္ဒိယ လက်ဝှေ့အဖွဲ့ ချစ်ကြည်ရေး လက်ဝှေ့ ယှဉ်ပြိုင်ကြတာ နိုင်သူနိုင်၊ ရှုံးသူရှုံးပေါ့။ ပွဲအစီအစဉ်တွေပြီးလို့ ဈေးထွက်ဝယ်တဲ့ အချိန်က ခဏပဲရတယ်။ အိမ်ပြန် အမှတ်တရ ပစ္စည်းလေးတွေ ၀ယ်ဖို့ ကိုယ်ပါတဲ့ ငွေနဲ့ချိန်ရတယ်။ တစ်နေရာရောက်တော့ ဖော့ဦးထုပ်တွေ ရောင်းတဲ့ ဆိုင်တွေ့တယ်။

“အတော်ပဲ ဖော့ဦးထုပ်က တို့ဆီမှာလည်း ဆောင်းကြတယ်ဆိုပြီး ဈေး မေးကြည့်တယ်။ ဈေးသင့်တာနဲ့ ဦးထုပ် အလုံးနှစ်ဆယ် ၀ယ်လိုက်တယ်။ မွန်ဘိုင်းလိုမြို့တစ်မြို့က ထုတ်တဲ့ ဖော့ ဦးထုပ်တွေ။ ရန်ကုန်ပြန်ရောက်တဲ့ အခါ မိတ်ဆွေတွေကို ဖော့ဦးထုပ်တွေ အမှတ်တရပေးလိုက်တယ်။
“အဲဒီမှာ တစ်ယောက်က ကိုဘညိမ်းရယ် ဒီဦးထုပ်တွေ ဟိုက ၀ယ်လာတာမှ ဟုတ်ရဲ့လား၊ ဒီရောက်မှ ၀ယ်ပေးတာ မဟုတ်လားလို့ ပြောတယ်။ တကယ် ဟိုက ၀ယ်လာတာပါလို့ ပြောတော့ ကိုယ့်လူ ရွှီးမနေနဲ့။ ဟောဒီ ဦးထုပ်က စာဟာ သက်သေပဲလို့ ပြောပြောဆိုဆို ဦးထုပ်ကို ပြတယ်။

“ဦးထုပ်ကို အသေအချာ ကြည့်လိုက်တော့ မွန်ဘိုင်းလို အိန္ဒိယမြို့တစ်မြို့က လုပ်တယ် ထင်ထားခဲ့တာ၊ စာတန်း ထိုးထားတာက မိတ်အင် မုံရွာတဲ့ဗျား။



လက်ဝှေ့ နည်းစနစ်မှူး

ကျွန်တော်က တိုက်ပေါင်းစုံမှာ ကာတွန်း ဆွဲနေတာမို့ အဲဒီလို နေရာတွေမှာ ဆရာ ကျားဘညိမ်းနဲ့ မကြာခဏ ဆုံတယ်။ တစ်နေ့ မြ၀တီတိုက်မှာ ပန်းချီ ကာတွန်း ဦးစိန်နဲ့ဆုံတော့ “ကိုဘညိမ်း (ကျားဘညိမ်း) နေရာကို လူသစ် တစ်ယောက် ခန့်ထားလိုက်တယ်တဲ့။ ရာထူးက လက်ဝှေ့ နည်းစနစ်မှူးပေမယ့် အဲဒီလူက လက်ဝှေ့ မထိုးတတ်ဘူးတဲ့” လို့ ပြောပါတယ်။ ကြားရသူ အပေါင်းက ဒါမျိုးလည်း ရှိသကိုးလို့ ရေရွတ်မိကြတယ်။

နောက်လထုတ် မဂ္ဂဇင်းထဲမှာ ဦးစိန်ရဲ့ ကာတွန်း တစ်ပုံပါလာပါတယ်။ လူနှစ်ယောက် လက်ဝှေ့ ထိုးကြရာမှာ တစ်ယောက်က ကင်းမြီးကောက်ထောင် ထားပြီး ခြေထောက်နှစ်ချောင်းမှာ လက်ဝှေ့အိတ် စွပ်ထားကာ၊ ကျုပ်က လက်နဲ့ မထိုးတတ်တော့ ခြေနဲ့ ထိုးမယ်လို့ ပြောနေတဲ့ပုံပါ။ ဒါဟာ ဆရာကျားဘညိမ်း ရဲ့အဖြစ်ကို အခြေပြု ပေါ်ထွက်လာတဲ့ ကာတွန်းဖြစ်ပါတယ်။
Written by ငွေကြည်
+1

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #522 on: July 28, 2011, 10:22:55 AM »
ပူပါတယ်

ဆရာ ကျားဘညိမ်းဟာ လက်ဝှေ့ ထိုးသတ်ရာမှာ ကျားတစ်ကောင်လို ရဲရဲရင့်ရင့် ထိုးသတ်တတ်ခြင်း၊ ရွှေကျား လက်ဝှေ့ကလပ် ထောင်ပြီး လူငယ် လက်ဝှေ့သမားတွေ မွေးဖွားပေးခြင်း အပြင်၊ အင်္ဂလိပ် ၁၂ ကောင်ကျားထိုး ရာမှာလည်း ကျွမ်းကျင်ခြင်းတွေကြောင့် ကျားဘညိမ်းလို့ ခေါ်ကြတာ ဖြစ်ပါတယ်။ ဒီဟာသက ကျားထိုးခြင်းနဲ့ ပတ်သက်တဲ့ ဟာသပါ။

“တစ်နေ့တော့ ပဲခူးက လူတွေနဲ့ ကျားထိုးဖို့ ချိန်းထားလို့ ဆိုင်ကယ်စီး ပြီးထွက်ခဲ့တယ်။ ကျုပ်ဆိုင်ကယ်က ဟာလေဒီဗက်ဆင် ဆိုင်ကယ်ကြီး၊ စိတ်တိုင်းကျ ရွေးဝယ်ထားတာ၊ အင်ဂျင်မာတယ်၊ အရမ်းမြန်တယ်။ မြန်သမှ ၃ နာရီလောက်ခရီးကို ၁ နာရီခွဲလောက်နဲ့ ရောက်တယ်”

စကားခဏရပ်ပြီး ဆရာကျား ဘညိမ်းက ပြုံးတုံးတုံးလုပ်နေပါတယ်။ ပြီးမှ စကားဆက်တယ်။ “ဒီလိုနဲ့ ပဲခူး ရောက်ရော။ ပဲခူးက ကျားချန်ပီယံတွေ ကျွန်တော်နဲ့ လက်ရည်စမ်းတယ်။ တစ်ယောက်ပြီး တစ်ယောက် နောက်ကောက်ကျ ကုန်တယ်။ ပွဲစဉ်တွေများတော့ ညနေ ၅ နာရီမှ ပြီးတယ်။ နေကလည်း ၀င်တော့မှာမို့ အိမ်အတွက် ခေါက်ဆွဲထုပ် ၀ယ်ပြီး ဆိုင်ကယ်ကို တရကြမ်းမောင်း ပြန်ခဲ့တယ်။ ဘယ်နှ မိုင်နှုန်းနဲ့ မောင်းခဲ့လဲတောင် မသိဘူး။ အိမ်လည်း ရောက်ရော ခေါက်ဆွဲထုပ်ကို မိန်းမ လက်ထဲပေးလိုက်တယ်။ ခေါက် ဆွဲထုပ်က ပူနွေးနေတုန်းပဲ”

စကားဝိုင်းက လူတွေအဖို့ မိုင် ငါး ဆယ်လောက်ဝေးတဲ့ ခရီးကိုပြန်ရောက်တဲ့ အထိ ခေါက်ဆွဲထုပ်က ပူနွေးနေအောင် သူ့ဆိုင်ကယ် ဘယ်လောက်တောင် မြန်လဲလို့ စဉ်းစားစရာဖြစ်ကုန် ပါတယ်။ ပြီးတော့
“ဒါတော့ လွန်ပြီဗျာ၊ ခင်ဗျားဆိုင်ကယ် ဘယ်လောက်မြန်မြန် မိုင်ငါးဆယ် ခရီးကို လေထုထဲဖြတ်မောင်းလာရ တာ၊ ခေါက်ဆွဲထုပ် အေးသွားမှာ သေချာတယ်။ ပူစရာ အကြောင်းမရှိဘူး”

ဒီအခါ ဆရာကျားဘညိမ်း ပြောလိုက်တာက “ပူပါတယ်ဗျ၊ ပူဆို ကျုပ် က ခေါက်ဆွဲထုပ်ကို ဆိုင်ကယ်အိပ်ဇော ပိုက်မှာ ချည်ပြီး မောင်းလာတာဗျ”    Written by ငွေကြည် 
+1

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #523 on: July 28, 2011, 11:22:23 AM »
အကောင်းမြင်သူ

Franklin Delano Roosevelt အမေရိကန်သမတ္တ မဖြစ်ခင် နေအိမ်တွင်အခိုးခံရဖူးသည်။သူငယ်ချင်းများက အကျိုး
အကြောင်း လာရောက်မေးမြန်းကြသည်။ Roosevelt က ထိုသို့ ပြန်ဖြေလေသည်။
“လာရောက်မေးမြန်းကြတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်.ကျွန်တော်
ဘာမှမဖြစ်တဲ့အပြင် ကျွန်တော်စိတ်ဟာတည်ငြိမ်နေပါတယ်..ဘာဖြစ်လို့လဲဆိုတော့..
သူခိုးဟာ ကျွန်တော်ရဲ့ ပစ္စည်းတွေခိုးသွားခဲ့ပေမဲ့ အသက်ကို ရန်မရှာခဲ့ဘူး…
ပစ္စည်းတွေ ခိုးသွားခဲ့ပေမဲ့ အကုန်လုံးကို ခိုးမသွားခဲ့ဘူး….
ကျွန်တော် ၀မ်းအသာဆုံးက သူခိုးဟာ တစ်ခြားလူဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်
မဟုတ်လို.ပါပဲ”


အကောင်းမြင်သူ(၁)

Winston Churchill (British Prime Minister 1874-1965) တစ်ခါကဟောပြောပွဲတွင် စင်အောက်မှ လူတစ်ဦးကစာတစ်စောင် လှမ်းပေးသည်။ စာထဲတွင် (လူပြိန်း) ဟုသာရေးထားသည်။စင်အောက်တွင် သူ့အား ကန့်ကွက်မည့်
သူများ သူအား အရှက်ကွဲစေရန် လုပ်လိုက်ကြောင်း သူသိလိုက်သည်။ Churchillမှာ ဘာမှ မဖြစ်သည့်ပုံစံဖြင့် …
“ကျွန်တော် စာတစ်စောင် ရလိုက်တယ်… စာရေးသူဟာ စာထဲမှာ အကျိုးအကြောင်း
ရေးဖို့မေ့ပြီး သူ့နာမည်ပဲရေးထားတယ်”
+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #524 on: July 28, 2011, 11:26:59 AM »
တံဆိပ်ခေါင်းကောင်းမကောင်း


တခါက တိုင်းပြည် အကြီးအကဲ တဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်
တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။
ထုတ်ဝေပြီး တလအကြာတွင် ရောင်းအားကောင်းမကောင်း စာတိုက်ကြီး
သို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။

အကြီးအကဲ….. ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
စာတိုက်မှုး……ကောင်းပါတယ်……ဒါပေမယ့် တံဆိပ်ခေါင်းကော် သိပ်မ
ကပ်ဘူးလို့ ပြောကြတယ်။
အကြီးအကဲ……မဖြစ်နိုင်တာ

ကိုယ်တိုင် တံဆိပ်ခေါင်း တခုကို ယူပြီး နောက်ကျောကို တံထွေး ထွေး
ကာ စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။
အကြီးအကဲ……..ကပ်တာမှ မြဲနေတာပဲ
စာတိုက်မှုး…….သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။


ကောင်းပြီ


တခါက အကြီးအကဲသည် နောက်လိုက်များနှင့် အစည်းအဝေးအတွက် ခ
ရီးထွက်ကြသည်။ လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး အားလုံး
ဆေးရုံသို့ ရောက်သွားကြသည်။ အကြီးအကဲ၏ သတင်းကို မေးမြန်းစုံစမ်း
ရန်အတွက် သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့
ကြသည်။

သတင်းထောက်….ဆရာ…ဆရာ..အကြီးအကဲ အခြေအနေ ဘယ်လိုလဲ
ဆရာဝန်……….အင်း…အခြေအနေ မကောင်းဘူး
သတင်းထောက်……သူ့ရဲ့ နောက်လိုက်တွေကော
ဆရာဝန်……..သူတို့လဲ အခြေအနေ မကောင်းဘူး
သတင်းထောက်……ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
ဆရာဝန်……..ငါတို့တိုင်းပြည် အခြေအနေ ကောင်းပြီ
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #525 on: July 28, 2011, 11:30:32 AM »
ကြီးလာရင်

 အဖေလုပ်သူက လှေကားပေါ် တက်ကာ ပြတင်းပေါက်များအား ဆေးသုတ်နေသည်ကိုခြောက်နှစ်သား သားငယ်ကဂရုတစိုက် ကြည့်နေသည် ။ အမေကသားကို ပြောတယ် ။
 
အမေ   -  သားကြီးလာရင် ဖေဖေ့ကို ကူရမယ်နော်

 သား    -  ဘာလဲ ၊ အဲဒီအချိန်ထိ ဖေဖေက ဆေးသုတ်လို့ ပြီးမှာမဟုတ်သေးဘူးလား

             

နာမည်ကြီးစာရေးဆရာ

 
မိန်းမ         - ရှင် ၀တ္တု မရေးတာ ကြာပါပကော ၊ ရေးပါအုံးလား

 ယောက်ျား  - စိတ်မပါသေးဘူးကွာ.

 မိန်းမ        - သြော်…သားငယ်ကလေယာဉ်ပျံစက္ကူ ခဏခဏတောင်းနေလို့ပါ

 

 
ခေတ်ဆိုး

 
ဆိုင်တစ်ဆိုင်ကို ဖောက်ခိုးနေသော သူခိုးကို ရဲသားက လက်ပူးလက်ကြပ်မိသွားသည် ။

 ရဲသား  - မင်းဘာဖြစ်လို့ ဒီဆိုင်ကိုမှ ဖောက်ခိုးရသလဲ

 သူခိုး   - ကျတော့အိမ်နဲ့ ဒီဆိုင်က နီးလို့ပါ ၊ သိတဲ့အတိုင်း ခေတ်ကမကောင်းတော့ အိမ်ကို ပစ်ပြီး အကြာကြီး မသွားချင်လို့ပါ….
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #526 on: July 28, 2011, 11:34:59 AM »



ရေမင်းသား

“ဟက်ဒ၇စ်ကွာ…အ၇င်တပတ်က သူေ၇ကူးကန်သွားတုန်းေ၇နစ်လို့ ကယ်ပေးလိုက်တဲ့ ကောင်မလေးကို လက်ထပ်လိုက်ပြီတဲ့..။”
“ဟင်..ဟုတ်လား..သူတော်တော်ပျော်နေမှာပေါ့နော် ခုဆို..။”
“အဲဒါတော့မပြောတတ်ဘူး…ခု သူေ၇နားကို မသွားတော့ဘူးလေ..။”

 
+1
« Last Edit: July 28, 2011, 12:52:14 PM by tunaye2011 »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #527 on: July 28, 2011, 11:37:04 AM »
မဖြစ်နိုင်ဘူး

လူတယောက်က သူ့အိမ်၇ဲ့ဧည့်ခန်းထဲမှာထိုင်ပြီး စာဖတ်နေတယ်။အဲင်္ဒီအချိန် အပြင်က တံခါး ခေါက်သံကြား၇တယ်။သူကမေးလိုက်တယ်။
“ဘယ်သူလဲ”
အပြင်က ပြန်ဖြေတယ်။
“ငါပဲ..။”
အထဲကလူ အ၇မ်းတုန်လှုပ်သွားပြီး မှန်ေ၇ှ့ကို ပြေးတယ်.။မှန်ထဲမှာ သူ့ကိုယ်သူမြင်တယ်။ဒီတော့ မှ သက်ပြင်းချပြီး ပြန်ပြောလိုက်တယ်။
“မဖြစ်နိုင်ဘူး။ငါက ဒီမှာ။”


အဲ့လိုလား

အိမ်တအိမ်ေ၇ှု့မှာ ကောင်ကလေး တယောက်ထိုင်နေတယ်။လူတယောက်ေ၇ာက်လာပြီး သူ့ကို မေးတယ်.။
“သား..မင်းမေမေေ၇ာကွဲ့။”
“မေမေမ၇ှိဘူး ဦးလေး။ကလေးမွေးနေလို့ ဆေး၇ုံမှာအနားယူနေတယ်။”
“ဟင်…ဒါနဲ့ သားဖေဖေက နိုင်ငံခြားမှာဆို။”
“အင်းလေ…အဲဒါဘာဖြစ်လဲ။။ဖေဖေက အပတ်တိုင်းဖုန်းဆက်နေတာပဲကို.။”
+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #528 on: July 28, 2011, 11:39:44 AM »
တိုက်မလို့

Mr.Bean က ပို့ဆောင်ေ၇းလုပ်ငန်းတခုမှာ မီး၇ထားမောင်းတယ်။တနေ့မှာ သူမောင်းလာတဲ့ ၇ထားဟာ လမ်းချော်ပြီး လယ်ကွင်းထဲထိုးကျသွားတယ်.။လူတွေ တော်တော်များများ ဒဏ်၇ာ၇ ကုန်တယ်။ဒီအခါ ၇ဲက Bean ကိုခေါ်မေးတယ်။
၇ဲ။……..။“မင်း ဘာလို့ ဒီလိုနမော်နမဲ့ နိုင်၇တာလဲ။မီး၇ထားမောင်းတယ်ဆိုတာ လူ့အသက်တွေ အ များကြီးကို မင်းလက်ထဲထည့်ပြီး မောင်း၇တာကွ.။မင်းဘာလို့ ခုလိုလုပ်၇တာလဲ။”
Bean။…….။“ဟုတ်ကဲ့။ကျွန်တော် လူအများကြီး၇ဲ့အသက်တွေကို တန်ဖိုးထားပါတယ်။ဒါပေမယ့် ဒီနေ့ ကျွန်တော် ၇ထားမောင်းလာတော့ ၇ထားလာနေတဲ့ လမ်းမှာ လူတယောက်က မှောက်အိပ် နေတယ်ဗျ။ကျွန်တော် အဝေးကြီးကနေ ဥသြဆွဲတယ်။တခါဆွဲတယ်.။သူမထဘူး.။နောက် တခါ ထပ်ဆွဲတယ်။သူမထဘူး။နောက်တခါထပ်ဆွဲတယ်။သူမထဘူးခင်ဗျ.။”
၇ဲ။…….။“သူမထတာများ မင်းဝင်တိုက်လိုက်တော့ပေါ့ကွာ။လူ့အသက်တချောင်းထဲကို ငဲ့ပြီး လူတွေအများကြီးပါတဲ့ ၇ထားကြီးကို လယ်ကွင်းထဲထိုးချလိုက်တာတော့ ဘယ်ကောင်းမလဲ။”
Bean။……။“ဟုတ်ကဲ့။ကျွန်တော်လဲ တိုက်လိုက်တော့မယ်ဆိုပြီး ဆုံးဖြတ်ပြီး သူ့နားေ၇ာက်သွား တဲ့အခါမှာ သူက လယ်ကွင်းထဲ ဆင်းပြေးသွားတယ်ခင်ဗျ။”


တူးတီးတူတူးတူး

ချူချာတယောက်ဟာ အင်္ဂလန်ကို လာလည်တယ်။ဟိုတယ်တခုမှာ သူတည်းတယ်။ဟိုတယ်၇ဲ့ receptionist ကိုသူပြောတယ်။
“တူးတီးတူတူးတူး။”
receptionist နားမလည်ဘုး။ချူချာက ထပ်ပြောပြတယ်။
“တူးတီးတူတူးတူး။”
receptionist က ပြင်သစ်စကားပြန်တယောက်ကို ခေါ်ပေးတယ်။စကားပြန်က မေးတယ်။
“ဘာအလို၇ှိပါသလဲခင်ဗျာ။”
ချူချာထပ်ပြောတယ်။
“တူးတီးတူတူးတူး။”
ပြင်သစ်စကားပြန်နားမလည်ဘူး။ဂျပန်စကားပြန်ေ၇ာက်လာတယ်။သူ့ကိုမေးတယ်။
“ဘာအလို၇ှိလို့ပါလဲခင်ဗျာ။”
ချူချာက ပြောပြတယ်။
“တူးတီးတူတူးတူး။”
စကားပြန်တွေ တော်တော်စုံသွားတယ်..ဘယ်သူမှ သူပြောတာနားမလည်ကြဘူး။နောက်ဆုံး ဟိုတယ် မန်နေဂျာေ၇ာက်လာတယ်။သူ့ကိုမေးတယ်။
“ဘာအလို၇ှိပါသလဲခင်ဗျာ။”
ချူချာကပြောတယ်။
“တူးတီးတူတူးတူး။”
မန်နေဂျာအကြာကြီး စဉ်းစားနေတယ်။နောက်မှ ၀မ်းသာအား၇ သူပြောတယ်။
“အော် သိပြီ။ချူချာက ပြောတယ်ဗျ။အခန်းနံပတ် ၂၂ ကို လက်ဘက်၇ည် ၂ခွက် လာပို့ပေးပါ။”
+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #529 on: July 28, 2011, 11:45:28 AM »
ပိုမှာပါ

တခါက အ၇မ်းကို အစအနောက်သန်တဲ့ ကောင်လေးတယောက်၇ှိတယ်။သူက သူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်တွေမှာဆို နှိုးစက်ကို ညအချိန်မတော်ကြီး အလန်းမ်ပေးပြီး လက်ဖွဲ့ပို့ပေးတာတို့၊ မင်္ဂလာဦးညတွေမှာ အချိန်မတော်မှ ဖုန်းဆက်တာတို့ကို လုပ်လေ့၇ှိတယ်။သူ့သူငယ်ချင်းတွေအား လုံးဟာ သူစတဲ့ နောက်တဲ့ ဒဏ်တွေကိုခံခဲ့၇တယ်။သူငယ်ချင်းတွေက မကျေနပ်ကြဘူး။နောက် တော့ အဲဒီကောင်လေး၇ဲ့မင်္ဂလာဆောင်မယ့်အလှည့်ကိုေ၇ာက်လာတယ်။
ကောင်လေးက သိပ်ကြောက်နေတယ်။သူ့သူငယ်ချင်ေးတွ သူ့ကိုပြန်ကလဲ့စားချေမှာစိုးလို့ပေါ့။ သူ့၇ဲ့မင်္ဂလာပွဲကို သူငယ်ချင်းတွေ အားလုံးတက်ကြတယ်။ကောင်လေးကတော့ ကြောက်နေ တယ်။ဒီလိုနဲ့ မင်္ဂလာဦးညကိုေ၇ာက်လာတယ်။ကောင်လေးက အ၇မ်းကိုကြောက်နေတာပေါ့။“ငါ့ ကိုများ အဲ့လိုလုပ်လိုက်၇င်..”ဆိုပြီး…..။
သူတို့ မင်္ဂလာဆောင်တဲ့ ဟိုတယ်က မင်္ဂလာဦးည အဖြစ် တညတာ တည်းခိုခွင့်ပေးတယ်။ မင်္ဂလာ ဦးညကို ကြောက်ကြောက်လန့်လန့်နဲ့ပဲ ကောင်လေးဖြတ်သန်းတယ်.။ဒါပေမယ့် သူထင်ထားသလို ဘယ်သူငယ်ချင်းကမှ သူ့ကိုမနှောင့်ယှက်ကြပါဘူး။
မနက်မိုးလင်းတော့ ကောင်လေး ၀မ်းသာပျော်၇ွှင်စွာနဲ့ နိုးလာတယ်။ဘာအနှောင့်အယှက်မှ မ၇ှိ တဲ့အတွက် သူပျော်သွားတယ်။အဲဒီနောက် ဟိုတယ်စားဖိုဆောင်ကို လှမ်းဖုန်းဆက်တယ်။
“အခန်းနံပါတ် ၄၀၁ကို မနက်စာ နှစ်ယောက်စာ ယူလာပေးပါ။”
အဲဒီအချိန်မှာ ကုတင်အောက်က အသံတွေ ထွက်လာတယ်။
“နှစ်ယောက်စာ မဟုတ်ဘူး။ငါးယောက်စာဟေ..။”


ဘာလာလုပ်တာလဲ

ဆေး၇ုံမှ သူနာပြုနှင့် လူနာတို့၏ အပြန်အလှန်ပြောဆိုချက်များ..
သူနာပြု။…..။“ဘာလာလုပ်တာလဲ”
လူနာ။………။“ကျွန်တော်ဆေး၇ုံလာတက်တာပါ။”
သူနာပြု။……။“ဆေးဝါးတွေပါလား။”
လူနာ။…..။“မပါဘူးခင်ဗျ။”
သူနာပြု။……..။“ပတ်တီးတို့..ပလာစတာတို့။”
လူနာ။……။“မပါဘူးခင်ဗျ။”
သူနာပြု။…….။“ကတ်ကြေးတို့ ခွဲစိတ်ပစ္စည်းတို့..။”
လူနာ။………။“မပါဘူးခင်ဗျ။”
သူနာပြု။……..။“ဘာမှမပါဘဲ ဆေး၇ုံကို ၇ှင် ဘာလာလုပ်တာလဲ။”
+5

Tags: