Author Topic: အမောပြေဟာသမှတ်စု  (Read 464601 times)

0 Members and 1 Guest are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #510 on: July 27, 2011, 05:44:00 PM »
ပစ်တာလည်းပစ်ပေါ့

မြို့မှာ တက္ကသိုလ်သွားတက်တဲ့သားပြန်လာတော့ တောမှာနေတဲ့အဖေက(ရိုးရိုးအအ)ဒိလိုပြောတယ်
အဖေ။ ။”ငါ့သား မြို့မှာကျောင်းသွားတက်တာ ပညာကိုကြိုးစားသင်နော်။
အပျော်အပါးတို့ လောင်းကစားတို့မလုပ်နဲ့ ကြားလား”
သား။ ။ ”မလုပ်ပါဘူးအဖေရယ်။ တစ်ခါတစ်ရံပိုကာလေးဘာလေးတော့ ပစ်တာပေါ့။”
အဖေ။ ။ ”အေး အေး။ ပိုကာပစ်ရင်လည်း သေချာပစ်။ မျက်စိမျက်နှာ မှန်ဦးမယ်။”
ငါလဲ

ဝက်ဝံကသေသွားတော့အစားထိုးဖို့မရှိဘူးဖြစ်နေတယ် ဒါနဲ့ နေ့စားတစ်ယောက်ငှားပြီးတော့ဝက်ဝံသားရေခြုံ ခိုင်းပြီး ၀က်ဝံအတုလုပ်ခိုင်းတာပေါ့.....
တစ်ရက်ငါးရာပေးပြီးတော့ အဲတစ်ရက်ကျတော့ ဧည့်သည်များတုန်းမှာ leader က၀က်ဝံလေးရေ လူများတုန်း နောက်ကျွမ်းထိုးပြလိုက်ပါဆိုတော့ ၀က်ဝံကကျွမ်းထိုးတာလွန်ပြီး ကျားခြံထဲရောက်သွားရော
သူက၀က်ဝံဟန်ဆောင်ထားတဲ့လူဆိုတော့ ကြောက်တာပေါ့ တုန်နေတာပဲ...
ကျားကလဲလာနေပြီ ကျားကသူ့ကိုခြေထောက်ကနေစနမ်းကြည့်တယ်...
ဟန်ဆောင်ထားတဲ့သူကလဲ သူ့ကိုကျားကကိုက်တော့မယ်ထင်တာပေါ့ ကြောက်လွန်းလို့တုန်နေပြီ..
ကျားက သူ့နားရွက်နားကိုလာနမ်းတယ်
ပြီးတော့ သူ့ကိုတိုးတိုးလေးစကားပြောသွားတယ်....
" မကြောက်ပါနဲ့ကွာ ငါလဲမင်းလို တစ်ရက်ငါးရာစားပဲကွ.... "
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #511 on: July 27, 2011, 05:50:23 PM »
သရဲ ထင်လို့

တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှ ဖြတ်သွားရာ ကြောက် သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှာ သူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေးညင်းများ ထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာလေသည်။ ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီး ကြီး ကိုယ် လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟုအော်ကာ ကြောက်ကြောက် နှင့် သရဲခေါင်းကို ခြေထောက် နှင့်ကန်ပြေးလေသည်။ လူစလူနတွေ့သော နေရာ ရောက်မှ လူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။
“သရဲကြီး ဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး“ အခြားသူတွေလည်း ကျောချမ်းကုန် ကြလေသည်။ ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီး ရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက် လာကာ
“ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့ သူ့နောက်က ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“


ခေါ်တာ

" မင်းနဲ့ငါနဲ့ညားလာတာ အခုဆိုရင်အိမ်ထောင်သက်တမ်း အနှစ်အစိတ်ရှိပြီ ။
တကယ်တမ်းပြောရရင် အဲဒီကိစ်စဟာ မှားယွင်းမှုတစ်ခုရဲ့ ရလဒ်ပဲ "
" ဘယ်လို ဘယ်လို ဘာပြောတယ် ရှင်းစမ်းပါဦး "
" ဒီလိုလေ၊ အဲဒီမင်းကို စတွေ့တဲ့နေ့က ငါလေချွန်မိတာ မင်းကိုခေါ်တာ
မဟုတ်ဘူး ။ တက္ကစီသမားကို
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #512 on: July 27, 2011, 05:56:24 PM »
စိတ်ရောဂါအထူးကုဆေးရုံကြီးတွင် ဖြစ်သည်။
ပါရဂူကြီးမှ လူနာ၏အခြေအနေများကို စစ်ဆေးရန်အတွက် မိတ်ဆုံစားပွဲတစ်ခု
ပြုလုပ်ပေးသည်။ စားပွဲတန်းကြီးတွင် လူနာအားလုံးစုထိုင်စေပြီး
ပန်းကန်အလွတ်နှင့်ဇွန်း ကိုယ်စီချထားပေးလေသည်..
ဆရာဝန်ကြီးမှ " ကဲ..မင်းတို့အားလုံးကြက်သားဆန်ပြုတ်ကို
စားနိုင်ကြပြီး"ဟုအားလုံးကိုအမိန့်ပေးလိုက်လေသည်.
လူနာများမှာ ကိုယ်စီကိုယ်စီ ခေါင်းငုံလျက် ဘာမှမပါသည့် ပန်းကန်အား
အသားကုန် လွေးပါတော့သည်..
ဆရာဝန်ကြီးမှ တပည့်များကို စားကောင်းလားဟုလိုက်မေးရာ
သူတို့ကလည်း အရမ်းကိုကောင်းကြောင်း ပြောကြသည်။
တစ်နေရာအရောက်တွင် လူနာတစ်ဦးမှာ မစားဘဲပန်းကန်အား ကြည့်နေလေသည်။
ဆရာဝန်ကြီး ဒီလူနာတော့ စိတ်ပုံမှန်ပြန်ဖြစ်သွားပြီဟုဆိုကာ
အနားသို့သွား၍ မေးလိုက်လေသည်.
" တပည့် ဘာဖြစ်လို့မစားတာလဲ "
"ဟာဗျာ.. ဒီလောက်ပူနေတာကို ဘယ်လိုလုပ်ပြီးစားလို့ရမှာလဲ"


စက်ရုပ် ...

အင်ဂျင်နီယာ ၊ စာရင်းအင်းသမား၊ ဓာတုဗေဒပညာရှင်နှင့် အစိုးရ၀န်ထမ်းတစ်ဦး စုစုပေါင်းလေးဦးက သူတို့၏စက်ရုပ်များ စွမ်းဆောင်ရည်မြင့်မားမှု၊ မိမိတို့နီးပါး လုပ်ကိုင်ဆောင်ရွက်နိုင်မှုများအပေါ် အောက်ပါအတိုင်း ပြိုင်ကြလေသည်။

အင်ဂျင်နီယာ။ ။ ကဲ .. အဆောက်အအုံတစ်ခု ဆောက်လုပ်ဖို့အတွက် ပုံစံရေးဆွဲပြလိုက်ပါ

စက်ရုပ်။ ။ အင်ဂျင်နီယာ၏ စက်ရုပ်က အဆောက်အအုံဒီဇိုင်းတစ်ခုကို စက်ကန့်ပိုင်းအတွင်း ရေးဆွဲပြလိုက်သည်။

စာရင်းအင်းသမား။ ။ အဲဒီ အဆောက်အအုံရဲ့ ကုန်ကျစရိတ်ကို တွက်ပြလိုက်စမ်းပါ။

စက်ရုပ်။ ။ စာရင်းအင်းသမား၏ စက်ရုပ်က စက်ကန့်ပိုင်းအတွင်း အဆောက်အအုံတည်ဆောက်မည့် ကုန်ကျစရိတ်ကို တွက်ပြလိုက်သည်။

ဓာတုဗေဒပညာရှင်။ ။ အဲဒီအဆောက်အအုံမှာ ဆေးသုတ်မှု၊ ဘိလပ်မြေ၊ ထုံး စတာတွေ ဘယ်လိုအချိုးအစားနဲ့ ထည့်သွင်းအသုံးပြုသင့်တယ်ဆိုတာ တွက်ပြလိုက်ပါ။

စက်ရုပ်။ ။ ဓာတုဗေဒပညာရှင်၏ စက်ရုပ်က ချက်ချင်းတွက်ပြလိုက်လေသည်။

အစိုးရ၀န်ထမ်း။ ။ ကဲ ... အဲဒီအဆောက်အအုံ တစ်ခုလုံး အချိန်ဘယ်လောက်နဲ့ အပြီးဆောက်လုပ်နိုင်မလဲ တွက်ပြလိုက်ပါ။

စက်ရုပ်။ ။ ဆရာ .. နောက်နေ့မှလုပ်ပါ၊ အခု ၃နာရီခွဲပြီ၊ ကျွန်တော်တို့ အိမ်ပြန်ရအောင် ..

+1
« Last Edit: August 03, 2011, 02:28:49 PM by စိုင်းရွှေတိုး »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #513 on: July 27, 2011, 06:01:28 PM »
အောင်မြင်မှုရဲ့ သော့ချက်

နာမည်ကျော် စာရေးဆရာမကြီးအား ဂျာနယ်တစ်စောင်က ဗျူး နေသည်။

ဆရာမရဲ့ တစ်နေ့တာအချိန်ဇယားလေးကိုပြောပြပေးပါ

မနက် ၁၀ နာရီမှာ အိပ်ယာကထပါတယ်။ ၁၁ နာရီမှာထမင်းစားပြီးတယ်လီဖုန်းဆက်စရာရှိတာတွေ ဆက်ပါတယ်။ နေ့လယ် ၁ နာရီမှာဆံပင်အလှသွားပြင်ပြီး ညနေ ၃ နာရီကစပြီး အေရိုးဗစ် ကစားတာ ၅ နာရီမှာပြီးပါတယ်။ ညစာကို ည ၇ နာရီမှာ စားပြီး ၈ နာရီကစ တီဗွီစလောင်းထိုင်ကြည့်တာ၁၀ နာရီထိုးမှ အိပ်ယာဝင်ပါတယ်

ဒါဆို ဘယ်အချိန်မှာ စာရေးပါသလဲ

စာရေးဆရာမကြီး စိတ်ဆိုးသွားသည်

ဘယ်အချိန်မှာ ရေးရေး ကျွန်မစာအုပ်တွေ တစ်လတစ်အုပ်ထွက်နေလို့ခုလိုအောင်မြင်နေတာ ရှင်မတွေဘူးလား။ ဒါက အောင်မြင်မှုရဲ့သော့ချက်


်ပြင်ဆင်မှု

ဘိုးအင်းဂျက်လေယာဉ်ကြီး စက်ချို့ယွင်းသွားပြီး မြေပြင်သို့ထိုးဆင်းနေစဉ် လေယာဉ်မယ်က အသံချဲ့စက်မှ ကြေငြာလိုက်သည်။

ကျေးဇူးပြု၍ မိမိတို့ရဲ့နိုင်ငံကူးလက်မှတ်များကို ပါးစပ်မှာကိုက်ထားပေးကြပါရန် လေးစားစွာ အသိပေး ကြေငြာအပ်ပါသည်

ဘာလုပ်ဖို့လဲဗျာ

မြေပြင်ရောက်ရင် အလောင်းချင်း မမှားတော့ဘူးပေါ့ရှင်
+1

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #514 on: July 27, 2011, 06:06:43 PM »

သူဋ္ဌေးကြီးနှင့် သူ၏ယဉ်မောင်း

အဖိုးတန် ရိုးရွိုက်ကားကြီးပေါ်တွင် သူဋ္ဌေးကြီးနှင့် သူ၏ယဉ်မောင်းတို့ စကားပြောနေကြသည်။

ရွှေရောင်ဆံပင်နဲ့ ကိုယ်လုံးတောင့်တောင့်ကောင်မလေးက ဘယ်လိုလုပ်ပြီး ငါ့ကားနောက်ခန်းထဲကို ရောက်နေတာလဲကွ

အဲဒီကိစ္စကို ကျွန်တော်ရှင်းပြ ...

အေး ရှင်းပြတဲ့အလုပ်ကို နောက်မှလုပ်။ လောလောဆယ် ငါနဲ့မိတ်ဆက်ပေး


မပူရတော့ဘူး

သိပ္ပံ အတန်း တခုတွင် လက်တွေ.ချိန်၌ ပိုးကောင် ၄ ကောင်အား ဖန်အိမ် တခုစီတွင် ထည်.၍ စမ်းသပ် ကျရာဝယ်
ပထမ ပိုးကောင် ကို အရက် ထည်.ထားတဲ့ ဖန်အိမ် မှာ ထည်.ထားတယ်။
ဒုတိယ ပိုးကောင် ကို ဆေးလိပ်ငွေ.တွေ ဖြည်.ထားတဲ့ ဖန်အိမ်မှာ ထည်.ထားတယ်။
တတိယ ပိုးကောင် ကို သုတ်ရည်ထည်.ထားသော ဖန်အိမ်မှာ ထည့်ထားတယ်။
စတုတ္တ ပိုးကောင် ကို မြေသြဇာ ထည်.ထားသော ဖန်အိမ်မှာ ထည့်ထားတယ်။

နောက်တနေ.မှာတော့ ကျောင်းသားတွေ အဖြေကို သွားကြည့်ကျရာဝယ်။

အရက် ထည့်ထားတဲ့ ဖန်အိမ် က ပိုးကောင် သေသည်။
ဆေးလိပ်ငွေ.တွေ ဖြည့်ထားတဲ့ ဖန်အိမ် က ပိုးကောင် သေသည်။
သုတ်ရည်ထည့်ထားသော ဖန်အိမ် က ပိုးကောင် သေသည်။
မြေသြဇာ ထည့်ထားသော ဖန်အိမ် မှ ပိုးကောင် အသက်ရှင်နေသေးသည်။
ဆရာ - ကဲတပည့် တို. ဒီ လက်တွေ. သင်ခန်းစာ ကနေ ဘာတွေ လေ့လာ ခဲ့ရသလဲ သိတဲ.သူလက်ညိုးထောင်။
တပည်. - ကျွန်တော် လေ.လာ ခဲ့တာကတော့ ‘သင်ဘယ်လောက်ပဲ အရက်သောက်၊ ဆေးလိပ်သောက်၊ မိန်းမ၊ယောင်္ကျား ဘယ်လောက် ရူပ်ရူပ် ပိုးထိမှာ မပူရတော.ဘူး’ ။
+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #515 on: July 27, 2011, 06:10:46 PM »
ဘာရမလဲ

ဘာ့စတို ဆိုတဲ့လူကြီးဟာ မနက်(၃)နာရီလောက်မှာ အစောကြီး တယ်လီဖုန်းခေါ်သံကြားရလို့ အကြီးအကျယ် စိတ်ညစ်သွားပါတယ်။ ဒီတယ်လီဖုန်းကို အိမ်နီးနားချင်း တစ်ယောက် ကခေါ်လိုက်တာပါပဲ။ သူက ဖုန်းထဲကနေပြီး ခင်ဗျား အိမ်ကခွေးဟောင်လွန်းတယ် ကျွန်တော်အိပ်လို့မရဘူး တဲ့ ဘာ့စတိုလည်း အလွန်ဒေါသထွက်သွားပါတယ်။ ဘယ်လိုများ တုံ့ပြန် လက်စားချေရမလဲလို့ စဉ်းစားနေလိုက်တယ်။ နောက်တစ်နေ့မနက်စောစော (၃) နာရီလောက်မှာတော့ ဘာ့စတိုဟာ အိမ်နီးနားချင်းဆီသွားပြီး အိမ်တံခါးကို ခေါက်လိုက်ပါတယ်။ အိမ်ရှင်နိုးပြီး ထလာတော့မှ သူက ခုလိုပြောလိုက်ပါတယ်။ ကျုပ်အိမ်မှာ ခွေး မရှိဘူးဗျ


ရှိတယ်။

''သမီး - အမေ့စကားကို နားထောင်ပါ။ ဟိုဘက်လမ်းက ဆရာဝန်ကြီးက သမီးကို သဘောကျနေတာ''

''အမေရယ်၊ သမီးနဲ့ချစ်နေတဲ့ မန်နေဂျာလေးမှာ ဘာအပြစ်ရှိလို့လဲ''

''အပြစ်ရှိလို့တော့ မဟုတ်ဘူးပေါ့ သမီးရယ်။ ဆရာဝန်ဆိုတော့ ကျန်းမာရေးအတွက် အားကိုးရတာပေါ့''

''သမီးမှာ ဘာရောဂါမှ မရှိပါဘူး အမေ''

''သမီးမှာ မရှိပေမယ့် အမေ့မှာရှိတယ်လေ။ သမီးရဲ့ အဖေနဲ့ အဘိုးမှာလည်း ရှိတာပဲ''
+1

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #516 on: July 27, 2011, 06:16:45 PM »
စိတ်ချရအောင်

ကလေးတစ်ယောက် စတိုးဆိုင်လာပြီး အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်ဝယ်တယ်။ အရောင်းတာဝန်ခံက လျှာရှည်ပြီးမေးတယ်။
တာဝန်ခံ- ကလေး ရဲ့  အမေ အတွက်လား။
ကလေး-ဟုတ်ပါဘူး။
တာဝန်ခံ-သြော် ဒါဆို ကလေးရဲ့  အစ်မအတွက်ပေါ့။
ကလေး-သူ့အတွက်လည်းဟုတ်ဘူး။
တာဝန်ခံ-ဟင် ဒါဆို ဘယ်သူ့အတွက်လည်း။

ကလေး--ညီလေးအတွက်ပါ။ တီဗွီမှာကြော်ငြာတယ် ဒါကိုသုံးထားရင် စက်ဘီးလည်းစီးနိုင်ပါတယ်၊ ရေလည်းကူးနိုင်ပါတယ်၊ ဒါလေးနဲ့ဆိုလုံခြုံမှုရှိတယ် ဆိုလို့


0
« Last Edit: August 03, 2011, 02:32:28 PM by စိုင်းရွှေတိုး »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #517 on: July 27, 2011, 06:22:42 PM »
လက်မှတ်တစ်စောင်


ရှေ့နေသုံးယောက်နှင့် အင်ဂျင်နီယာသုံးယောက်တို့မှာ တစ်ခရီးတည်းသွားရန်အလို့ငှာ ကြုံလာလေ၏။ ဘူတာရုံတွင် လက်မှတ်ဖြတ်ကြရာ ရှေ့နေသုံးယောက်မှာ လက်မှတ်သုံးစောင်ဝယ်၍ အင်ဂျင်နီယာသုံးယောက်မှာ လက်မှတ်တစ်စောင်တည်းသာဝယ်သည်။ ရှေ့နေများမေးမြန်းလိုက်သောအခါ အင်ဂျင်နီယာတစ်ယောက်က စောင့်ကြည့်ဟုပြောလိုက်သည်။
ရထားထွက်သောအခါ ရှေ့နေတို့မှာ ၄င်းတို့နေရာတွင်ထိုင်၍ အင်ဂျင်နီယာသုံးယောက်မှာ ရထားပေါ်ရှိ အိမ်သာအခန်းထဲသို့ ပြုံကာဝင်သွားကြသည်။ ခဏအကြာတွင် လက်မှတ်စစ်ရောက်လာပြီး အိမ်သာတံခါးခေါက်သည်။ ထို့ကြောင့် အိမ်သာတံခါးကို ဟသည်ဆိုရုံမျှဟကာ လက်မှတ်ထုတ်ပေးလိုက်သည်။ ရှေ့နေတို့လည်း သဘောပေါက်သွားပြီး နောက်အပြန်ခရီးတွင် ထိုသို့ပြုလုပ်ရန် တိုင်ပင်လိုက်ကြသည်။
အပြန်တွင် ရှေ့နေသုံးယောက်မှာ လက်မှတ်တစ်စောင်သာဝယ်၍ အင်ဂျင်နီယာသုံးယောက်မှာ လက်မှတ်တစ်စောင်မှ မ၀ယ်ချေ။ ရှေ့နေတို့မှာ အံ့သြသွားပြီး မေးမြန်းသောအခါ အင်ဂျင်နီယာတစ်ယောက်က စောင့်ကြည့်ဟုသာထပ်ပြောလိုက်ပြန်သည်။
ရထားထွက်သောအခါ ရှေ့နေသုံးယောက်သည် အိမ်သာတစ်ခုထဲသို့စုပြုံ၍ ၀င်နေကြလေသည်။ ခဏအကြာတွင် အင်ဂျင်နီယာသုံးယောက်ထဲမှ တစ်ယောက်သည် အိမ်သာရှေ့သွားပြီး တံခါးခေါက်လိုက်လေသည်။
READER DIGEST


ဘယ်လိုလုပ်သိလဲ

ပထမဆုံးမင်္ဂလာနှစ်ပတ်လည်ပြည့်အဖြစ် ခင်ပွန်းသည်က ဇနီးကလေးအား GSM တစ်လုံးဝယ်ပေးလေသည်။ ဇနီးသည်အားလည်း GSM ၏ အလုပ်လုပ်ပုံတွေကို သေသေချာချာရှင်းပြလေသည်။ ဇနီးမှာလည်း စိတ်လှုပ်ရှားစွာ၊ ပျော်ရွှင်စွာဖြင့် နားထောင်လေသည်။
နောက်တစ်နေ့မနက်ခင်းတွင် ဇနီးဖြစ်သူမှာ ဈေးသို့သွားရာ အထည်ဆိုင်တွင်ရောက်နေလေသည်။ ထိုစဉ် ဖုန်းမြည်သောအခါ...
ယောက်ျား ။ “အချစ်ရေ .. မင်း ဖုန်းအသစ်ကလေးကို သဘောကျရဲ့လားကွာ”
ဇနီးသည်(စိတ်လှုပ်ရှားစွာဖြင့်) ။ “အင်း သဘောကျတယ်၊ သေးသေးပါးပါးကလေးနဲ့ ပေါ့ပေါ့ကလေးဆိုတော့ ကိုင်လို့ကောင်းတယ်၊ ရှင့်ရဲ့အသံကိုလည်း ကောင်းကောင်းကြားရတယ်၊ ဒါပေမယ့် ကျွန်မ နားမလည်တာတော့တစ်ခုရှိတယ်”
ယောက်ျား ။ “အင်း.. ဘာကိုလဲ”
ဇနီးသည် ။ “ကျွန်မ ဒီအထည်ဆိုင်ကို ရောက်နေမှန်း ရှင် ဘယ်လိုလုပ်သိလဲ”
+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #518 on: July 27, 2011, 06:25:58 PM »


အားကိုးပါရစေ။

ဆေးခန်းပိတ်တော့မယ့်အချိန်မှာ အမူးလွန်နေတဲ့ လူတယောက် ဆေးခန်းကိုရောက်လာတယ်....

''ဘာဖြစ်လို့လဲ''

''ဘာမှ မဖြစ်ပါဘူး ဆရာ။ ဆရာ ဆေးခန်းပိတ်တော့မှာမို့ အကူအညီတောင်းချင်လို့''

''ပြောပါ''

''အိမ်ပြန်ဖို့ မျက်စိလည်နေလို့''

''ကျွန်တော်က ဘယ်လိုလုပ် ကူညီရမှာလဲ''

''ဆရာ့ကားနဲ့ လိုက်ခွင့်ပြုပါ ဆရာ။ ကျွန်တော်က ဆရာ့အခန်းရဲ့ ဘေးခန်းကပါ ဆရာ''



အားကိုးပါရစေ (၂)။

လူငယ်ဆရာဝန်လေးက သူ့ရဲ့ဆေးန်းဖွင့်ပွဲမှာ -

''ကျွန်တော် ရပ်ကွက်သူ၊ ရပ်ကွက်သားများကို အားကိုးပြီး ကျွန်တော့်ရဲ့ ဆေးခန်းလေးကို ဖွင့်လိုက်ပါပြီ။ ဒီနေရာလေးကို ရွေးချယ်ရတဲ့ အကြောင်းရင်းကတော့ ကျန်းမာရေးစောင့်ရှောင်မှုကိုလုပ်ငန်းတွေ အားသွန်ခွန်စိုက်လုပ်ချင်လို့ပါ။ ကျွန်တော်ရပ်ကွက်သူ၊ ရပ်ကွက်သားများကို အားကိုးပါတယ်''

ဒီတော့ အသက်ကြီးကြီး အဘိုးကြီးတယောက်က -

''သဘောပေါက်ပါပြီကွယ်။ ဆရာလေး ဘာမှမပူပါနဲ့။ အဘတို့ တတ်နိုင်သလောက်တော့ ဖျားနာပေးပါ့မယ်''



ကံချွန်၏ ဟာသ

+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #519 on: July 27, 2011, 06:32:05 PM »
အားကိုးပါရစေ (၃)။

''ဘာဖြစ်သလဲ''

''ဘာမှမဖြစ်ဘူး ဆရာ။ ဒါကြောင့် ဒီအတိုင်းလေး အမြဲနေနိုင်အောင် လမ်းညွှန်ပေးပါဦး''

''ဟုတ်ပြီ။ ကျန်းမာရေး စစ်ဆေးကြည့်မယ်။ အားနားချက်တွေ့ရင် ဘာမှဖြစ်မလာရလေအောင် ကာကွယ်ပေးမယ်''

(သို့ဖြင့် အထွေထွေ ကျန်းမာရေး စစ်ဆေးပြီးသောအခါ'

''ခင်ဗျားမှာ ဘာရောဂါမှ မရှိဘူး''

''ဒါဖြင့် ကျွန်တော် ဘယ်လိုနေရမယ်ဆိုတာ ညွှန်လို့မရဘူးပေါ့''

''ဘာရောဂါမှ မရှိဘူးလေ။ နေချင်သလိုနေပေါ့''

သိနားလည်မှု
" မင်းတို့ထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်းသိတဲ့သူ ပါသလားကွ "
" ပါပါတယ်ဆရာ၊ ကျွန်တော် စန္ဒရားတီးတတ်ပါတယ်။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ် "
" ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းကဦးဆောင်ပြီး ဂရုစိုက်တင်ပေးစမ်းပါကွာ " @hp

ယုံပါတယ်
 
" တစ်ဆိတ်လောက် ခင်ဗျား၊ ကျွန်တော့်စက်ဘီးကို ကြည့်ထားပေးစမ်းပါ "
" ဟေ့ကောင် ငါကအယ်ဒီတာကွ "
" ရပါတယ်၊ ကျွန်တော်ခင်ဗျားကိုယုံပါတယ် " @hp
 
 
+3

Tags: