Author Topic: အမောပြေဟာသမှတ်စု  (Read 477168 times)

0 Members and 1 Guest are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10980
Re: အမောပြေဟာသမှတ်စု
« Reply #500 on: July 25, 2011, 02:53:02 PM »


တစ်ရာရတယ်

ဆူဆီလေးက အိမ်ကို ၀မ်းသာအားရ နဲ့ အပြေးပြန်လာပါတယ်။

သူ့မေမေကိုတွေ့တော့ "မေမေ သမီးစာမေးပွဲမှာ အမှတ်တစ်ရာ
ရတယ်" လို့ပြောပါတယ်။

ဒါနဲ့ သူ့မေမေက "တော်လိုက်တာ သမီးရယ်။ မေ့သမီးလေးက
ဟုတ်လှချည်လား။ ဘယ်ဘာသာမှာရတာတုံး"လို့မေးပါတယ်။

ဆူဆီက ပြုံးရင်း"နှစ်ဘာသာကြီးများတောင်မေမေရဲ့"လို့ပြောပြီး
ဆက်ပြောတာက "အင်္ဂလိပ်စာမှာ ၅၆ မှတ်ရတယ်။သင်္ချာက ၄၄
မှတ်"
+4
« Last Edit: July 25, 2011, 03:59:05 PM by tunaye2011 »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10980
Re: အမောပြေဟာသမှတ်စု
« Reply #501 on: July 25, 2011, 02:58:39 PM »
ဒါဆိုလည်း ....

လေယာဉ်ခရီးစဉ်တစ်ခုမှာ လူတစ်ယောက်က ဘေးခုံက လေယာဉ် စီးဖော် ကို စကားစမြည်ပြောဖို့ ကြိုးစားပါတယ်။
"ခင်ဗျားသိလား .. ကျုပ်မှာ ရဲတွေနဲ့ပတ်သက်ပြီး ဟာသလေးတစ်ခု ရှိတယ်။
ခင်ဗျားနားထောင်ချင်လား"လို့ မေးလိုက်ပါတယ်။
ဒါနဲ့ ဘေးခုံမှာထိုင်တဲ့လူက "ခင်ဗျားကို ကျွန်တော်ကြိုပြောထားသင့် တယ်ထင်တယ်။ ကျွန်တော်ကရဲတစ်ယောက်ပါ"လို့ ပြန်ပြောပါတယ်။
ဒီတော့ အဲဒီလူက "ရပါတယ်။ ဒါဆိုရင်တော့ ကျွန်တော် တကယ့်ကို ဖြည်းဖြည်းချင်းပဲ ပြောပါ့မယ်"လို့ ပြန်ပြောလိုက်ပါတယ်။


ကလေးဖြစ်ချိန် ...

ပင်စင်ယူထားတဲ့ လူကြီးနှစ်ယောက်က တစ်နေ့မှာ သစ်ပင်တစ်ပင် အောက်မှာရှိတဲ့ ခုံတန်းမှာထိုင်ရင်း စကားပြောနေကြပါတယ်။
တစ်ယောက်က"ဟေ့လူရေ..ကျုပ် အသက်က ၈၃ ဆိုတော့ တစ်နေ့တစ် နေ့ကိုက်တာ၊ခဲတာနဲ့ဒီခန္ဓာကြီးက ဒုက္ခပေးလှသဗျာ၊ခင်ဗျားလည်း ကျုပ် နဲ့ မတိမ်းမယိမ်းဆိုတော့ ခင်ဗျားရော ဘယ်လို ခံစားရလဲ" လို့ မေးတော့ ကျန်တစ်ယောက်က"ကျုပ်ကတော့ခုမှမွေးလာတဲ့ ကလေး တစ်ယောက် လိုပဲဗျာ"လို့ ဖြေပါတယ်။
ဒါနဲ့ မေးတဲ့သူလည်း တအံ့တဩဖြစ်ရင်း "တကယ်လား၊ တကယ်ပဲ မွေး ကင်းစ ကလေးလိုပဲလား" လို့ ထပ်မေးတော့ အမေးခံရတဲ့ သူက "ဟုတ် တယ်လေ။ဆံပင်မရှိ၊သွားမရှိတော့ဘူး။ပြီးတော့ အခုတောင်ဝတ်ထားတဲ့ ဘောင်းဘီစိုအောင်လုပ်မိပြီထင်တယ်"
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10980
Re: အမောပြေဟာသမှတ်စု
« Reply #502 on: July 25, 2011, 03:07:52 PM »
ယုံသွားမယ်

ကေတီက စိတ်ပျက်လက်ပျက်နဲ့ အိမ်ကို ပြန်လာလို့ အမေဖြစ်သူက ဘာဖြစ်တာလဲလို့မေးတော့ပီတာက သူ့ကို လက်ထပ်ခွင့်တောင်းလိုက်တာကြောင့်လို့
ဆိုပါတယ်။"ဒါများသမီးရယ် ... ဘာစိတ်မချမ်းမြေ့စရာရှိလဲ... သမီးလည်း သူ့ကို ကြိုက်နေ တာပဲ"လို့ အမေကဆိုတော့
ကေတီက "သူက ဘာသာမဲ့ အမေရဲ့။ သူကပြောသေးတယ်။ ငရဲရှိ တယ်ဆိုတာလည်း မယုံဘူးတဲ့"လို့ ဆိုပါတယ်။
ဒါကို ကေတီရဲ့ အမေဖြစ်သူပြန်ပြောတာက "ဘာပဲဖြစ်ဖြစ် လက်ခံ လိုက်စမ်းပါသမီးရယ်။ အမေတို့ နှစ်ယောက်ကြားမှာနေရင်း သူအယူ
အဆတွေ လွဲနေတယ်ဆိုတာ သိလာလိမ့်မယ်"

ဒုက္ခအပေးဆုံးအစားအစာ


ကိုယ်အလေးချိန်လျှော့ချပေးတဲ့သင်တန်းတစ်ခုမှာ နည်းပြက သင်တန်း သားတွေကို အစားအသောက်ရဲ့ ဆိုးကျိုးတွေကို ပြောပြနေပါတယ်။
"ကျွန်တော်တို့ စားသောက်နေ သမျှတွေက ကျွန်တော်တို့အသက်ကို ခြိမ်းခြောက်နေတာတွေ တစ်ပုံကြီးဗျ။ အသားစိမ်းစားတာ ကျန်းမာရေး အတွက်မကောင်းဘူး။အသီးအရွက်တွေကလည်းစိတ်ချလို့မရ။ အိုဗျာ.. ကျွန်တော်တို့သောက်နေတဲ့ရေထဲတောင် ပိုးမွှားလုံးဝကင်းစင်မှုရှိမရှိစိတ်မချရဘူးဗျ။ဒါနဲ့...စားမိလိုက်တာနဲ့ လူကို ဒုက္ခအပေးဆုံးမုန့်ကရော ဘာဖြစ်မလဲ။ ခင်ဗျားတို့ သိကြလား။
ရှေ့ဆုံးတန်းက အစ်ကိုကြီးဖြေကြည့်ပါဦး"ဆိုပြီး နည်းပြက မေးတော့ အမေးခံရသူက ခေါင်းငိုက် စိုက်ချပြီး ခပ် တိုးတိုး ဖြေတာက "မင်္ဂလာ ကိတ်မုန့်"
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10980
Re: အမောပြေဟာသမှတ်စု
« Reply #503 on: July 25, 2011, 03:20:23 PM »
ကိုယ်တွေ့ဗျာ ကိုယ်တွေ့ ...

ဂျွန်နဲ့ ပီတာတို့ မြင်းစီးထွက်ကြတဲ့အခါ တစ်နေရာ ရောက်တော့ လူတစ် ယောက်က မြေကြီးပေါ်မှာ ၀ပ်ပြီးနားနဲ့ ကပ်နားထောင်နေရင်း

"လူသုံးယောက်၊ လက်နက်ကြီး နှစ်ခုနဲ့ မြင်းလေးကောင်"လို့ အော်တာကြောင့် သူတို့နှစ်ယောက်လည်း အင်မတန်ကိုအံ့အားသင့်သွားပါတယ်။

ဒါနဲ့ပီတာက"ခင်ဗျားကအဝေးကလာနေတဲ့လူတွေကို မြေကြီးမှာကပ်ပြီး နားထောင်ရုံနဲ့သိတယ်ပေါ့"လို့အထင်တကြီးနဲ့မေးလိုက်တော့ အဲဒီလူပြန် ပြောတာက" သိဆို... သူတို့ကကျုပ်ကျောပေါ်ကဖြတ်သွားတာကိုး"


ပြောတတ်သူ

နိုင်ငံမတူတဲ့သူနှစ်ယောက် ဆုံကြတဲ့အခါ ပထမတစ်ယောက်က သူ့နိုင်ငံ က လူတွေက လကမ္ဘာကို အရောက်သွားနိုင်တယ်လို့ပြောလိုက်သတဲ့။ ကျန်တဲ့တစ်ယောက်ကလည်း "ကျုပ်တို့ဆီက လူတွေကတော့ နေပေါ်မှာ ကို ခြေချခဲ့တာဗျား"လို့ ဆိုပါတယ်။

ဒါနဲ့ ပထမလူက မဖြစ်နိုင်ဘူး၊ နေက ဒီလောက်ပူတာ ခြေချဖို့ မပြောနဲ့ ကပ်တောင်ကပ်လို့ မရဘူးလို့ပြောတော့ ဒုတိယလူက ဂုဏ်ယူဝင့်ကြွား ဟန်နဲ့ဆိုတာက"ဟုတ်တယ်လေ။ကျုပ်တို့က နေ့ဘက်သွားတာ မဟုတ် ဘူး။ ညဘက်သွားတာ"
+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10980
Re: အမောပြေဟာသမှတ်စု
« Reply #504 on: July 25, 2011, 03:44:35 PM »
ဒါကြောင့်ရှုံးတာ

မသန်စွမ်းသူများရေကူးပြိုင်ပွဲကျင်းပနေပါတယ်။ ပထမတစ်ယောက်က လက်တွေမရှိပါဘူး။ ဒုတိယကခြေထောက်မပါဘဲ တတိယတစ်ယောက် ကတော့ ခေါင်းပဲရှိပါတယ်။ပြိုင်ပွဲစတော့ လက်မပါတဲ့သူက ရှေ့ဆုံးကဦး ဆောင်ပြီးခြေထောက်မပါတဲ့သူက နောက်ကလိုက်နေပါတယ်။ ဦးခေါင်း ပဲ ရှိတဲ့သူကတော့ တစ်ခါတည်းကို မြုပ်သွား တာပါပဲ။ ခြေမရှိတဲ့ သူက ဗိုလ်စွဲပြီးပြီးချင်းပဲ နစ်သွားတဲ့ ဦးခေါင်းကိုသွားကယ်ပါတယ်။
ရေထဲက တက်တက် လာချင်း သူပြောတာက "ငါ့မှာ သုံးနှစ် လုံးလုံး နားရွက်နဲ့ရေကူးတတ်ဖို့လေ့ကျင့်လိုက်ရတာ။ ပြိုင်ပွဲခရာမမှုတ်ခင် နှစ် မိနစ်အလိုမှာ ငါ့ခေါင်းကိုရေကူးရင်ဝတ်တဲ့ ဦးထုပ်လာဝတ်သွားတယ်ကွာ"


ကြောက်တတ်လို့

ဂျွန်နီလေးနဲ့ဘော်ဘီတို့ သူတို့အဖေတွေရဲ့ကြောက်တတ်ပုံကိုပြောနေ ကြပါတယ်။ဘော်ဘီက "ငါ့အဖေက ပိုကြောက်တတ်တယ်ကွ။မိုးကြိုးပစ် တာမြင်ပြီဆိုရင် အဖေက ခုတင်အောက်ဝင်ပုန်းရော" လို့ဆိုပါတယ်။
ဒီတော့ ဂျွန်နီလေးကလည်း မခံချင်ဟန်နဲ့သူ့အဖေရဲ့ကြောက်တတ်ပုံကို ခုလိုပြောပြီး ဘော်ဘီ့ကိုပြန်ချေပလိုက်ပါတယ်။
"မင်းအဖေ ကြောက်တတ်တယ်ဆိုတာ ငါ့အဖေလောက်မဆိုးသေးပါဘူး ဘော်ဘီရာ။ ငါ့အဖေကမှပိုကြောက်တတ်တာ။ ငါ့အဖေဆိုကြောက်လွန်း လို့ အမေအချိန်ပိုဆင်းရတဲ့ ညတွေမှာ ဘေးအိမ်က အန်တီကြီးကို ခေါ် ခေါ်အိပ်ခိုင်းရတယ်"
+3

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 758
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +4203
Re: အမောပြေဟာသမှတ်စု
« Reply #505 on: July 27, 2011, 03:32:02 AM »
"သာဒင်ကို ဘာထင်သလဲ"

ငါဘယ်သူလဲ သိလား?

င့ါကြောင့် ယောက်ျားရော မိန်းမပါ ပျော်ရွင်စေနိုင်တယ်။

ပုံမှန်အားဖြင့် ငါက ၈ လက်မလောက် ရှည်တယ်။

တဘက်အစွန်းမှာ အမွေးလေးတွေ ရှိတယ်၊ တဘက်အစွန်းမှာတော့ အပေါက်လေး တစ်ပေါက်ပါတယ်။

တနေကုန် င့ါမှာ ဘာအလုပ်မှ မရှိတာများတယ်၊ နားနားနေနေ ပေါ့၊ ဒါပေမယ့် လိုအပ်ရင် သုံးလို့ရအောင် အမြဲအဆင်သင့်ဖြစ်နေတယ်။

င့ါကို အသုံးပြုနေတဲ့အခါ ပူနွေးနွေး စိုစိစိအပေါက်ထဲမှာ ငါဟာ ရှေ့တိုးနောက်ဆုတ် လုပ်ပေးရတယ်။

နောက်ဆုံး လုပ်ပြီးတာနဲ့ အဖြူရောင် စေးကပ်ကပ် အရေတွေကို ငါ ချန်ထားခဲ့တယ်။

ပြီးတာနဲ့ င့ါ မူလနေရာကို ပြန်လာရတယ်..အဲ…မလာခင် သန့်ရှင်းရေးတော့ လုပ်ရသေးတာပေါ့။

ငါ ဘယ်သူလဲ သိလား???

ငါက မင်းရဲ့ ကိုယ်ပိုင်ပစ္စည်းလေးလေ…

‘သွားတိုက်တန်’ ပါကွာ။

မင်းက ဘာထင်လို့လဲ…တော်တော်ညစ်ပတ်တဲ့ကောင်…. ….(ကိုယ်တိုင်ရေး မဟုတ်ပါ တနေရာက ကူးလာတာပါ) ဘ၀အမောတွေ ပြေပျောက်ပါစေ ပျော်ရွှင်ပါစေ....
+4
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10980
Re: အမောပြေဟာသမှတ်စု
« Reply #506 on: July 27, 2011, 05:24:36 PM »
ဖြစ်ပုံက
ကိုယ့်ကိုယ်ကို အထင်ကြီးနေသော အမျိုးသားရုပ်ရှင် သရုပ်ဆောင်တစ်ဦးထံ ဧည့်သည်တစ်ဦး ရောက်ရှိလာပါသည်။
သရုပ်ဆောင်   -  ဘာကိစ်စရှိပါသလဲ ခင်ဗျာ
ဧည့်သည်   -  ကျွန်တော်က သူဌေးကြီးဂျွန်ရဲ့ မန်နေဂျာပါ
သရုပ်ဆောင်   -  ဟုတ်ကဲ့၊ တွေ့ရတာဝမ်းသာပါတယ်
ဧည့်သည်   -  သူဌေးကြီးဂျွန်က ရုပ်ရှင်ဇာတ်ကားတစ်ကားရိုက်ဖို့အတွက် အမျိုးသားသရုပ်ဆောင်ခေါ်ပေးဖို့ ကျွန်တော့်ကို တာဝန်ပေးထားပါတယ်၊ ဒါကြောင့် အဲဒီဇာတ်ကားမှာ သရုပ်ဆောင်ပေးဖို့ပါ။
သရုပ်ဆောင်   -  ရပါတယ်......ကျွန်တော့်သရုပ်ဆောင်ပေးပါမယ်.......
ဧည့်သည်   -  ကျေးဇူးပါပဲ
သရုပ်ဆောင်   -  ဒါ့ထက် ...... ကျွန်တော့်နဲ့ ဒီဇာတ်ကားရိုက်ဖို့ ပရိသတ်တွေတောင်းဆိုကြတာထင်တယ် .......
ဧည့်သည်   -  အမှန်အတိုင်းပြောရရင် ...... သူဌေးကြီးဂျွန် ဒီဇာတ်ကားမှာ ရှုံးစေချင်လို့ပါ။
သရုပ်ဆောင်   -  ဗျာ


မြန်မြန်ခုန်

မိမိကိုယ်မိမိ သတ်သေရန်ဆုံးဖြတ်ထားပုံရသည့် လူတစ်ယောက်
မိုးပျံတိုက်၏ ခေါင်မိုးပေါ်မှ ခုန်ချရန်ပြင်နေသည်
အောက်မှ လူအုပ်သည်အပေါ်သို့စိုးရိမ်စွာ မော့ကြည့်နေကြ့သည်
မိန်းမတစ်ယောက်က ဘေးကလူကို ပြောသည်
"ဘုရား  ဘုရား  နောက်ငါးမိနစ်အတွင်းသာ သူမခုန်ချရင်တော့ ကျွန်မ ရုံးနောက်ကျမှာ
+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10980
Re: အမောပြေဟာသမှတ်စု
« Reply #507 on: July 27, 2011, 05:29:51 PM »
ဲအမြတ်ထုတ်ခြင်း
ရာဘင်နိုဗစ် နယူးယောက် သို့ရောက်လာသည်။စားသောက်ဆိုင် တစ်ခုသို့သွားပြီး ဆိုင်မန်နေဂျာကို မေးသည်။
"ဒီဆိုင်မှာ ဆာရာဆိုတဲ့အမျိုးသမီးအလုပ်လုပ်တယ်ကြားလို့  ဘယ်မှာတွေ့နိုင်မလဲ ခင်ဗျာ"
်မန်နေဂျာက ဘားကောင်တာဘေးရပ်နေသော အမျိုးသမီးကို ပြလိုက်သည်။
ကောင်မလေးနားသို့  ရာဘင်နိုဗစ်ကပ်လာပြီးပြောသည်။
"ခင်ဗျားကအင်မတန် ချောတဲ့မိန်းကလေးပါလား.ကျွန်တော်နဲ့အတူလိုက်ခဲ့မလား
ဒေါ်လာနှစ်ရာပေးမယ်လေ ဘယ်လိုလဲ"
ကောင်မလေး သဘောတူလိုက်သည်။
နောက်တစ်နေ့ရာဘင်နိုဗစ် ရောက်လာပြီး မနေ့ကအတိုင်း ကမ်းလှမ်းပြန်သည်။
ကောင်မလေး သဘောတူပြန်သည်။
တတိယနေ့တွင်လည်း ယခင်ရက်များအတိုင်း ကမ်းလှမ်းပြန်သည်။ကောင်မလေး ဒီတခါလဲမငြင်း။
ဟော်တယ်ခန်းတွင် ကောင်မလေးက ရာဘင်နိုဗစ်ကိုမေးသည်။
"အကိုကြီးက ပိုက်ဆံအရမ်းပေါတယ်နော် ဘယ်ကလာတာလဲဟင်"
"မော်စကိုက"
"ဟယ်    ဟုတ်လား။ကျွန်မရဲ့ဒေါ်လေး အဒီမှာနေတာရှင့်"
"အေး    မင်းကိုဒေါ်လာ ခြောက်ရာပေးပေးပါလို့  သူပဲ လူကြုံပါးလိုက်တာလေ"

တရားရုံး

တစ်ခါက တရားသူကြီးတစ်ယောက် လူဆိုး တရားခံ တစ်ယောက် အားအမှုစစ်လေသည်။

တရားသူကြီး။    ။ "တရားရုံး ကိုဘယ်နှစ်ကြိမ် ရောက်ဖူးလဲ"

တရားခံ ။       ။ " မတရားတဲ့ ရုံးကို အကြိမ်ရေ ၁၀၀ မကရောက်ဖူးပါတယ် ၊
                တရားတဲ့ ရုံးကို ဒီတစ်ခါပဲ
                ရောက်ဖူးပါတယ်"
တရားသူကြီး။   ။ " လွတ်စေ"
+1

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10980
Re: အမောပြေဟာသမှတ်စု
« Reply #508 on: July 27, 2011, 05:34:31 PM »
တာယာ အဟောင်းနှစ်လုံး


တလောက ဂိုဒေါင်ရှင်းရင်းနဲ့ကားတာယာ အဟောင်းနှစ်လုံးထွက်လာတယ်။ တာယာတွေက ခပ်လတ်လတ်ရယ်။ သုံးမယ်ဆိုသုံးလို့ရသေးတယ်။ ဒါနဲ့ အသုံးတည့်မယ့်သူရှိရင် ယူသွားလို့ရအောင်“အမှိုက်”လို့ ရေးပြီး ခြံပေါက်ဝအပြင်ဘက်မှာ ချထားလိုက်တယ်။

တစ်လသာကျော်သွားတယ်။ ယူမယ့်သူ မရှိဘူး။ စိတ်ပေါက်ပေါက်နဲ့ တာယာနှစ်လုံးပေါ်“ရောင်းမည်။ တစ်လုံး ၂၀၀ ကျပ်”လို့ ပြင်ရေးပြီး ပြန်ချထားလိုက်တယ်။

ဘာပြောကောင်းမလဲ။ နောက်တစ်နေ့မနက် တာယာတွေ မရှိတော့ဘူး။ ခိုးခံလိုက်ရတာ


ရိုက်ချင်ပေမဲ့

ရွာတစ်ရွာတွင် သာလှနှင့်ဖိုးထောင်တို့စကားများရာ ဖိုးထောင်ကခေါင်းကိုထိုးခံပြီး " ဟေ့ သာလှ ရိုက်စမ်းပါ ရိုက်ရဲရင် ရိုက်စမ်းပါ "

သာလှသည် ဒေါသနှင့် ရိုက်ထည့်လိုက်သည် ။

ထို့နောက် ကျေရာကျေကြောင်း တောင်းပန် ဆေးကုသပေးရင် ၊ သာလှကျွဲတစ်ကောင် ပြုတ်သွားသည် ။

တစ်နှစ်အကြာတွင်သူတို့နှစ်ယောက် ရန်ဖြစ်ကြပြန်ရာ စိတ်မြန်သော သာလှက တုတ်ဆွဲပြန်၍ဖိုးထောင်က " ရိုက်ရဲရင် ရိုက်စမ်းပါ "သာလှတုတ်ကိုလွှတ်ချပြီးပြောလိုက်သည်မှာ " ရိုက်တော့ရိုက်ချင်တာပေါ့ကွာ.......တစ်ကောင်တည်းကျန်တော့လို့ "

မရွံလို့

အစဉ်အမြဲ အလုပ်ရှုပ်နေသော မိခင်မုဆိုးမကြီးတွင် သားနှစ်ယောက်ရှိသည် ။ သားနှစ်ယောက်မှာ အလွန်ဆော့ အလွန်ကဲသည် ။

တစ်နေ့တွင် မိခင်ဖြစ်သူ အလုပ်ရှုပ်နေစဉ် " အမေရေ ဒီမှာ ညီလေး ရွှံ့ဗွက်ထဲက ဆီးသီးတွေကောက်စားနေတယ် "

မိခင်မှာ အလုပ်ရှုပ်နေသဖြင့် " ဟဲ့ သူမရွံလို့ စားတာပဲ စားပါစေ "

ဤတွင် သားကြီးက ညီဖြစ်သူကိုပြောလိုက်သည်မှာကား " ဟေ့ကောင် ငါ့နည်းနည်းပေးပါဦး "

သား

မြို့တစ်မြို့တွင်အလွန်စိတ်ကြီးသော ကိုသာထက်ဆိုသူရှိသည် ။ သူ့တွင်သားတစ်ဦးရှိသည် ။တစ်နေ့တွင် ကိုသာထက်၏ဖခင်က မြေးဖြစ်သူကိုရိုက်သည်။

ကိုသာထက်အဖေက " မင်းသားက လူကြီးကို မထီလေးစားလုပ်လို့ ရိုက်တာ "

ဒါပေမဲ့ကိုသာထက်ကသားကိုထိတော့ မခံနိုင်ဖြစ်ပြီး တုတ်တစ်ချောင်းယူကာ သူ့ကိုယ်သူရိုက်သည်။သူ့အဖေက " ဟဲ့သား ဘာလို့ ကိုယ့်ကိုယ်ကိုယ် ရိုက်နေတာလဲ ၊ ရူးနေလား "

သူ့အဖေမေးသောအခါ ကိုသာထက်ဖြေလိုက်သည်မှာကား " အဖေ ကျွန်တော့သားကိုရိုက်တော့ ၊ အဖေ့သားကို ကျွန်တော်ပြန်ရိုက်တာပေါ့ "

ကာတွန်းဆရာငွေကြည်ရဲ့ဟာသ
+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10980
Re: အမောပြေဟာသမှတ်စု
« Reply #509 on: July 27, 2011, 05:38:36 PM »
ဆရာ့စကား

ကျောင်းသား။။ကျနော်ကဒီကျောင်းမှာ(၁၆)နှစ်တောင်နေရမှာပေါ့(ငိုလျှက်)
ဆရာ။ ။မငိုပါနဲ့ကွာ ငါဆိုအသက်(၆၀)အထိဒီကျောင်းမှာနေရမှာကွ။


မလာသေးလို့

တနေ့မှာဆရာက “ကျနော် မန်နေဂျာဖြစ်ခဲ့လျှင်”ဆိုပြီးစာစီစာကုံးအရေးခိုင်းပါတယ်။
ကျောင်းသားတွေအားလုံးရေးပေမယ့်
တယောက်ကမရေးဘူး။
ဒီတော့ဆရာက အဲဒီကျောင်းသားနားသွားပြီး
မင်းကဘာလို့မရေးသေးတာလဲ။
အတွင်းရေးမှုးကို စောင့်နေတာပါ။...

မုဆိုးနဲ့ သူ့ရဲ့တပည့်

ပြောပုံကတခါတုန်းက မုဆိုးနဲ့ သူ့ရဲ့တပည့်ဟာ တောလိုက်ရင်း ခရီးတထောက်နားနေပါသတဲ့အဲဒီ အချိန်မှာ တပည့်လုပ်သူက သေနတ် ကို ဟိုချိန်ဒီချိန်နဲ့ဆော့နေတာကိုတွေ့တော့ ဆရာ မုဆိုး ပြောလိုက်ပုံက "ဟေ့ကောင်ငါ့သေနတ်ကိုဆော့မနေနဲ့ မတော်လို့ ငါ့လာ မှန်ရင် ငါထကန်လိုက်မှာနော်"
+3

Tags: