Author Topic: အမောပြေဟာသမှတ်စု  (Read 441160 times)

0 Members and 2 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10913
Re: အမောပြေဟာသမှတ်စု
« Reply #490 on: July 21, 2011, 05:07:54 PM »
ရိုးသားသူ

နစ်ခ်တစ်ယောက် မျက်ကွင်း နှစ်ဖက်စလုံးညိုပြီး ဖူးရောင်နေတဲ့ ပုံနဲ့ အိမ်ပြန်လာတော့ မိန်းမဖြစ်သူက ဘာဖြစ်လာရတာလဲလို့မေးပါတယ်။

နစ်ခ်က မျက်နှာမသာမယာနဲ့ "ဓာတ်လှေကားထဲမှာကွာ၊ အမျိုးသမီး တစ်ယောက်ရဲ့ စကတ်နောက်ဇစ်က ဟနေတယ်။ ငါလည်း အမြင် မတော်တာနဲ့ ဆွဲတင်ပေးလိုက်တာကို အဲဒီအမျိုးသမီးက ငါ့ဘယ်ဘက် မျက်လုံးကို လက်သီးနဲ့ ထိုးတယ်လေ"လို့ ဆိုပါတယ်။

ဒါနဲ့ သူ့မိန်းမက "ဪ.. ဒါမျိုးက ဖြစ်တတ်ပါတယ်။ ဒါနဲ့ နောက် တစ်ဖက်က ဘယ်လိုဖြစ်ရတာတုံး.."လို့ မေးတော့ နစ်ခ်ပြန်ဖြေတာက

"သူက အရင်ပုံစံကိုပဲ ကြိုက်တယ်ထင်လို့ ဇစ်ပြန်ဆွဲချပေးလိုက် တယ်လေ"

သူရဲကောင်း

မုဆိုးလေးဦး ၀ိုင်းဖွဲ့လျှက် အတွေ့အကြုံများ ပြောပြနေကြသည်။ သည်းထိတ်ရင်ဖို ဖြစ်ရပ်များကို ပြောကြခြင်းဖြစ်သည်။ အချင်းချင်းကြွားရန်လည်း ဆန္ဒရှိနေကြသည်။

ပထမမုဆိုး စပြောသည် ... ... ...

(ကျုပ်တောပစ်တုန်းက ကျွဲရိုင်းကြီးတစ်ကောင် အဝေးကနေပြေးလာတာဗျာ ... ကျုပ်လည်း အနားကို ဆယ့်ငါးပေလောက်ရောက်တော့မှ သေနတ်နဲ့ ပစ်ချလိုက်တာ တစ်ခါတည်းသေတာပဲဗျ ...)

ဒုတိယမုဆိုး ပြောပြန်သည် ... ... ...

(ကျုပ်တုန်းကတော့ ၀က်ဝံကြီးဗျာ .. မာန်ဖီပြီး ကျုပ်ဆီကို တည့်တည့်ပြေးလာတာဗျ .. ဘယ်ရမလဲ အနားကို ဆယ်ပေလောက် အကပ်ခံပြီးမှ ပစ်လိုက်တာ ကွက်တိပဲဗျို့ ...)

တတိယမုဆိုး အလှည့်ဖြစ်သည် ... ... ...

(အင်း ကျုပ်ကတော့ ကြံ့ကြီးနဲ့တိုးတာဗျ .. ဒုန်းစိုင်းပြေးလာတာများ ခင်ဗျားတို့မြင်စေချင်တယ် ... ကြောက်စရာကောင်းသဗျာ ကျုပ်လည်း အနားကို ငါးပေလောက်အထိရောက်လာမှ ပစ်ချလိုက်ဗျာ ချက်ကောင်းထိသွားတာပေါ့ ...)

နောက်ဆုံး တစ်ယောက်စပြောရန်ပြင်သည် ...

(ကျွန်တော်ကတော့ အာဖရိကခြင်္သေ့ကြီးနဲ့တွေ့တာဗျ .. အဲဒီအချိန် အရက်ကလည်း နည်းနည်းမူးနေသေးတယ် .. ကျွန်တော့်ကိုမြင်တာနဲ့ ဟိန်းဟောက်တော့တာပဲ ... ကျွန်တော်လည်း သူ့အနားကို

နှစ်ပေလောက်ထိကပ်သွားလိုက်တယ် .. ပြီးတော့ သူ့အပေါ်ကို ရှုရှုပန်းချလိုက်တယ်ဗျ) ....

ကျန်မုဆိုးများ စိတ်ဝင်စားသွားကြသည် ... (နောက် ဘယ်လိုဆက်ဖြစ်တုန်း) ဟု စိတ်ဝင်စားစွာမေးကြရာ ...

(ဘာဖြစ်ရမတုန်းဗျ ... တိရိစ္ဆာန်ရုံဝန်ထမ်းတွေ ကျုပ်ကို ဆွဲထုတ်သွားတော့.တာပေါ.ဗျာ ...)
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10913
Re: အမောပြေဟာသမှတ်စု
« Reply #491 on: July 23, 2011, 10:32:24 AM »
အိမ်ရှင်မ..

ပီတာတစ်ယောက်အိမ်ကိုပြန်ရောက်ရောက်ချင်း မြင်လိုက်ရတဲ့မြင်ကွင်း ကြောင့်အံ့ဩမှင်တက်သွားပါတယ်။တစ်အိမ်လုံးလည်း ရှုပ်ပွ၊သူ့ကလေး တွေကလည်း အိမ်ရှေ့က ဗွက်အိုင်တွေထဲမှာ ည၀တ်အင်္ကျီတွေ ဝတ်ပြီး လူးလှိမ့်ဆော့နေကြ၊ဧည့်ခန်းထဲမှာလည်း စားထားသောက်ထားတဲ့အခွံ တွေ၊အမှိုက်တွေ ဗရပွ၊မီးဖိုချောင်ထဲမှာလည်း ဆေးစရာပန်းကန်တွေက အပုံလိုက်နဲ့ အိပ်ခန်းဆီလာတဲ့ လမ်းမှာတောင် အ၀တ်တွေ၊ ကစားစရာ တွေကို ၀င်တိုက်မိပြီး ချော်လဲမလိုတောင် ဖြစ်လိုက်ပါသေး တယ်။ ဒါနဲ့ သူ့မိန်းမကိုရှာတော့ အိပ်ခန်းထဲမှာ စာဖတ်နေတာကို တွေ့ လိုက်ရပါ တယ်။
ဒီတော့ ပီတာက "ဒီနေ့ ဒီမှာဘာတွေဖြစ်ထားတာလဲ"လို့ စိတ်ဆိုးဆိုးနဲ့ မေးလိုက် ပါတယ်။ ဒီတော့ သူ့မိန်းမက သူ့ကို ပြုံးပြုံးကြီးကြည့်ပြီး "နေ့တိုင်း ရှင်အလုပ်က ပြန်လာပြီဆို ကျွန်မကို ဒီနေ့ဘာလုပ်သလဲလို့ မေးတယ်မဟုတ်လား"လို့ဆိုတော့ ပီတာက "အင်း"လို့ ပြန်ဖြေလိုက်ပါ တယ်။ဒီတော့ သူ့မိန်းမဆက်ပြောတာက "အေးလေကျွန်မဒီနေ့ ရှင်မေး တာကို မလုပ်ထားဘူးလေ"


တော်သူ...

မူလတန်းကျောင်းတစ်ကျောင်းမှာ ဆရာမက ကျောင်းသားတွေကို စက်ပစ္စည်းတစ်ခုခုယူခိုင်းခဲ့ပြီး အဲဒီပစ္စည်းရဲ့ အသုံးဝင်ပုံကို ရှင်းပြ ခိုင်းပါတယ်။
ကျောင်းသားတစ်ယောက်က ကက်ဆက်ကိုယူလာပြီး"ဒီကက်ဆက်က သီချင်းနားထောင်လို့ ရပါတယ်"လို့ ရှင်းပြပါတယ်။ နောက်တစ်ယောက် က သံဘူးတွေဖွင့်တဲ့ စက်ယူလာပြီး "ဒါက သံဘူးတွေကို ဖွင့်တာပါ"လို့ ဆိုပါတယ်။
ဒါနဲ့ ဂျွန်နီလေးအလှည့်မှာ လက်ထဲ ဘာမှပါမလာတဲ့ ဂျွန်နီလေးကို ဆရာမက ဘာမှယူမလာဘူးလားလို့မေးတော့ သူက
အတန်းနောက်မှာထားတဲ့ စက်ကို ပြရင်း "ဒါက နှလုံးခုန်စက်ပါ။ ဆေးရုံ တွေမှာ သုံးပါတယ်။ နှလုံးကို ဆက်လက်အလုပ်လုပ်နိုင်အောင် ပြုလုပ် ပေးပါတယ်" လို့ဆိုပါတယ်။ ဆရာမက ဂျွန်နီလေးကို အထင်ကြီးစွာနဲ့ "မင်းဒီစက်ယူလာတော့ မင်းအဖေဘာပြောလဲ" လို့ မေးတော့
ဂျွန်နီလေးက ပြန်ဖြေတာက "အား ..." လို.ပြန်ဖြေတယ်
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10913
Re: အမောပြေဟာသမှတ်စု
« Reply #492 on: July 23, 2011, 10:39:44 AM »




၁၆ နှစ်ကလေး

ပေါင်မုန့်ဆိုင်ပိုင်ရှင် ဂျိုးက တစ်ရက်မှာ ကလေးငယ်တစ်ဦးကို လက်ဆွဲ ပြီး သူ့ကိုလာတွေ့တဲ့ အမျိုးသမီးတစ်ဦးကြောင့် အကြီးအကျယ်ထိတ် လန့်သွားရပါတယ်။
ကလေးက ဂျိုးရဲ့ကလေးလို့ဆိုပြီးကလေးအတွက် တာဝန်ယူတဲ့အနေနဲ့ ကလေးအသက် ၁၆ နှစ်ပြည့်တဲ့အထိ ပေါင်မုန့်ပေးရမယ်လို့ အမျိုးသမီး က တောင်းဆိုပါတယ်။
အဲဒီနေ့ကစပြီး ဂျိုးက တစ်ရက်ပြီး တစ်ရက် ရက်တွေ လတွေ ရေတွက် ရင်းကုန်လွန်လာခဲ့လိုက်တာ မနက်ဖြန် ဆိုရင် သူ့ဆီပေါင်မုန့် နေတိုင်း လာယူတဲ့ကောင်လေးရဲ့ အသက် ၁၆ နှစ် ပြည့်တော့ပါမယ်။
ကောင်လေးပေါင်မုန့်လာယူတော့ ဂျိုးကကောင်လေးကို"ဟေ့ကောင်လေးမနက်ဖြန်နောက်ဆုံးနေ့နော်"လို့သတိပေးတော့ကောင်လေး ပြန်ပြောတာက "အမေက ပြောပါတယ်။ ဒီ၁၆ နှစ်လုံးလုံး အသားတွေရော၊ သစ်သီး တွေရော၊ ကုန်ခြောက်တွေ ရော၊ နွားနို့တွေရော အလကားရခဲ့သလို ပေါင်မုန့်တွေပါ ရခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့"
+4
« Last Edit: July 23, 2011, 01:13:55 PM by tunaye2011 »

Offline pywargyi

  • ပထမနှစ်
  • *
  • Posts: 4
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +9
Re: အမောပြေဟာသမှတ်စု
« Reply #493 on: July 24, 2011, 12:16:17 AM »
>> >> *တတိယနှစ်M.B,B.Sခေတ်သစ်ရည်းစားစာ*
>> >> သို့
>> >>         မမအင်ဇာ
>> >>
>> >>
မင်းကိုမြင်တိုင်းကိုယ့်နှလုံးသားလေးအဖျားတက်နေပြီ..............................................
>> >> အချစ်ရယ်biogesicမဟုတ်ရင်တောင်paracetamolလေးတော့ပေးသနားလှည့်ပါ။
>> >>
မင်းရဲ့အေးမြတဲ့အလှကြောင့်ကိုယ့်မျက်လုံးတွေလည်းအအေးမိပြီး...................................
>> >>
ဟတ်ချိုးဟတ်ချိုးနဲ့ပေါ့။cetrizineမကယ်နိုင်သလိုamoxicillinလည်းမကယ်နိုင်ပါဘူး
>> >> ယုံပါအချစ်ရယ်
>> >> နှလုံးခုန်သံမမှန်တာကိုdiazepam
>> >> နဲ့လဲမကုစားနိုင်ပါဘူး။...............................................
>> >>
တကယ်တော့နှလုံးသားလေးgoutနေတာကြာပါပြီ.......................................................
>> >> cochicineနဲ့NSAID
>> >> ကတောင်လက်မြောက်အ၇ှုံးပေးထားတာ...................................
>> >> ကြာလှေ၇ာပေါ့။
>> >> ဒါပေမယ့်အချစ်ဆိုတာလည်းMorphineလိုအမြဲတမ်းနာကျင်မှုတွေ
>> >>
ကင်းဝေးစေတဲ့အရာမှမဟုတ်တာ...................................................................................
>> >> Atropine
>> >>
အသုံးများရင်ဝမ်းချုပ်သလိုမျိုး....................................................................
>> >>
မင်းကိုမမြင်ရရင်နေမထိထိုင်မသာဖြစ်လို့ပေါ့။...................................................................
>> >> အချစ်ရေ..အသည်းလေးcirrhosisဖြစ်ရင်တောင်
>> >>
မင်းကြောင့်လို့မထင်ရက်ပါဘူး။...............................................
>> >> မျက်လုံးချင်းဆုံလိုက်တိုင်းAdrenalineသုံးစရာမလိုဘဲအလိုလိုheart
>> >> rateမြန်လာတာကိုရော
>> >> မင်းလေးသတိပြုမိရဲ့လား?...........................
>> >> အချစ်ရယ်
>> >> ကိုယ့်စာကိုဖတိပြီးခေါင်းကိုက်သွားရင်လည်းဆောရီးပါနော်။
>> >> LEN SENလေးသာသောက်လိုက်လန်းဆန်းသွားလိမ့်မယ်။
>> >> လည်ချောင်းထဲကချွဲသလိပ်တွေကိုရှင်းဖို့flemaxဆေးသုံးသလို
>> >> ကိုယ့်ရဲ့အချစ်ကို၇ှင်းဖို့မာယာတွေမသုံးပါနဲ့နော်။
>> >> ကိုယ့်အချစ်ကOramin-Gလိုကံစမ်းမဲမပါပေမယ့်
>> >> viceeလိုအမြဲတမ်းတက်ကြွနေမယ်ဆိုတာယုံနော်။
>> >> ဒါပါပဲကွယ်။
>> >>                                                 မှ
>> >>                                                 ကိုကိုဘာမီတွန်
+1

Offline pywargyi

  • ပထမနှစ်
  • *
  • Posts: 4
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +9
Re: အမောပြေဟာသမှတ်စု
« Reply #494 on: July 24, 2011, 12:18:04 AM »
2018 World Cup အိမ်ရှင် မြန်မာနိုင်ငံ

 

2018 Word Cup ကျင်းပခွင့် အား အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံကိုရွှေးချယ်လိုက်ကြောင်း FIFA မှ ဇူလိုင်လ 11 , 2010 ရက်နေ့ က တရားဝင်ထုတ်ပြန်ကြေငြာလိုက်သည်။ 2014  ပြိုင်ပွဲကို တောင်အမေရိကတိုက်မှ ဘရာဇီး နိုင်ငံတွင်ကျင်းပမည်ဖြစ်သည်။ 2018 ခုနှစ် တွင် အာရှတိုက်မှလက်ခံကျင်းပရမည်ဖြစ်သောကြောင့် အိမ်ရှင်အဖြစ်လျှောက်ထားသော အာဖဂန်နစတန် ၊ အီ၇တ် ၊ အရှေ့တီမော ၊ မြန်မာ ၊ မော်ဒိုက်၊ ဘူတန် ၊ မြောက်ကိုရီးယား စသည့် နိုင်ငံများထဲမှ အသင့် တော်ဆုံး မြန်မာနိုင်ငံ ကိုမဲအများဆုံးနှင့် ရွှေးချယ်ခဲ့ခြင်းဖြစ်သည်။

 မြန်မာနိုင်ငံ ဘောလုံးအဆင့် အတန်းမြင့် မားမှု ၊ ပြည်တွင်း ကလပ်အသင်းများ ကြွှေးမြီဝန်ထုတ်ဝန်ပိုး ကင်းရှင်းမှု ၊  ပြိုင်ပွဲဝင်အသင်းများနှင့်ပရိတ်သတ်များ အတွက်လုံခြုံရေးစိတ်ချရမှု ၊ သယ်ယူပို့ ဆောင်ရေးနှင့်  ဘောလုံးအခြေခံအဆောက်အအုံများ ကောင်းမွန်ပြည့် စုံမှု တို့ ကြောင့် ရွှေးချယ်ရခြင်းဖြစ်ကြောင်း FIFA ပြန်ကြားေ၇းအရာရှိ Mr. Doberman ကထုတ်ဖော်ပြောဆိုခဲ့ သည် ။

 ဇူလိုင်လ 12 ၇က်နေ့ ၊ ရန်ကုန်မြို့ ၊ Goal Hotel တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် မှ President ဦးဂေါ်ဂေါ်၊ First Secretary ဦးဘန်နီဖင်ပြောင် ၊ Media Officer ဦးဆိုးမိုး ( ABC) ( IBC မဟုတ်ပါ ABC  beer ) တို့  ကပြိုင်ပွဲအစီအစဉ်များနှင့်ပက်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ သည် ။

 President ဦးဂေါ်ဂေါ်က“မြန်မာနိုင်ငံရဲ့ လက်ရှိ ဘောလုံးအဆင့် အတန်းမှာ အလွန်မြင့်မားနေပြီဖြစ်ကြောင်း  ၊ ဘရုနိင်း ၊ ဖိလစ်ပိုင် ၊ အရှေ့တီမော ၊ ဖီဂျီ ၊ မော်ဒိုက် ၊ နီပေါ ဘူတန် ၊ ဆိုမာလီယာ ၊ ဂ်ီနီ ၊ ဆူဒန်   စသည့်နိုင်ငံ အသင်းများထက် သာလွန်နေပြီဖြစ်ကြောင်း ၊ ထိုသို့ မြင့်မားစေရန် ပေါ်တူဂီလူမျီုး မောင်ရင်တို အားနည်းပြချုပ်အဖြစ် ခန့် အပ်ပြီး ၊ Assistant Coach များ အဖြစ် ဦးဖင်မြင့်တောင် နှင့် ဦးမျိုးလှိုင်ဂွင်း တို့ အား တာဝန်ပေးအပ်ထားကြောင်း ၊ ထို့ ပြင် Myanmar National League ပြိုင်ပွဲဝင် Yadanabon FC မှ အိုင်ဗရီကို့ ကစားသမား ဂနွန်ဆီယန် နှင့် ကမ်ဘူး ၊ Yangon United FC မှ ဂါနာ ကစားသမား ဟန်ဆန် ၊ ဘမ်ဘာ နှင့် ဘတ်ဖိုးဂျီယန် ၊ Delta United FC မှ နိုင်ဂျီးရီးယား လူမျိုး စတန်လေ တို့ ကို အမည်မဖေါ်လို သူ မြန်မာမင်းသမီး ၊ အဆိုတော် များ ဖြစ် က်ြသော နံတာလှိုင် ၊ စုတ်ပြတ်နံတာ ၊ စန်နီမျောက်လွင် ၊ တင်ဆာဝင့်ကျော်, ဖြဲဖြဲကျော်သိန်း ၊ ဂွင်းနီ တို့  နှင့် လက်ထပ်စေ ပြီး နိုင်ငံသားခံယူစေခဲ့ခြင်းကြောင့် ဖြစ်ကြောင်း”

  ထို့ အပြင် “ ဥရောပတိုက်ရှိ ကလပ်အသင်းကြီးများဖြစ်သော Manchester United , Liverpool FC , West ham United, Post mouth FC , AC Milan, FC Juventus, AS Roma, SS Lazio, FC Parma , FC Valencia , FC Depotivo La Caruna , FC Barcelona , FC Real Betis Olympics , FC Altaico de Bilbao ,  FC de Olympic Lyonnis , FC de Bordourex   စသည့် ကလပ်အသင်းကြီးများ ကြွှေးမြီဝန်ထုတ်ဝန်ပိုး ပြသာနာများ ရှတ်ထွေးနေချိန် Yadanabon FC , Yangon United FC , Delta United FC , , ,Nay Pyi Taw FC , Southern Myanmar FC , Zay Yar Shwe Myay FC , Kan Baw Za FC, Magway FC, Zwel Ka Pin United FC    စသည့် ပြည်တွင်း ကလပ်အသင်းများ ကြွှေးမြီဝန်ထုတ်ဝန်ပိုး ကင်းရှင်းမှု ကို များစွာဂုဏ်ယူမိကြောင်း”  ရှင်းလင်းပြောဆို သွားခဲ့ သည်။

 ထို့ နောက် First Secretary   ဦးဘန်နီဖင်ပြောင်က “၊ ပြိုင်ပွဲဝင်အသင်းများနှင့် ပရိတ်သတ်များ အတွက်လုံခြုံရေးစိတ်ချရ စေရန် 100% အာမခံပါကြောင်း ၊ 2007 ခုနှစ် စက်တင်ဘာလအတွင်း ရဟန်းရှင်လူ အင်အား လေးသိန်း ခန့် ပါဝင်သော လူထုလှုပ်ရှားမှုများကို နှစ်ရက် ခန့်အတွင်း ဖျြိုခွင်းနိုင်သောအဖွဲ့ အစည်းများရှိကြောင်း ၊ထို့ကြောင့်နိုင်ငံတကာမှဘောလုံးလူရမ်းကားများကို အေးအေးသက်သာ ထိန်းသိမ်းနိုင် ကြောင်းပြောဆိုခဲ့သည် ။

 ထို့ အပြင် “ကွင်းအတွင်းပိ၇ိတ်သတ် ရမ်းကားမှုများလည်းမရှိကြောင်း ၊ MNL ပြိုင်ပွဲများတွင် ကွင်းလုံခြုံရေး ရဲတပ်ဖွဲ့ ဝင်များပါ အရက်သောက်၊ ကွမ်းစား ၊ ဘောလုံးပွဲလောင်း ပြီး ဘောလုံးပွဲများကိုအေးအေးဆေးဆေး ကြည့်ရှနိုင်ကြောင်း ၊ ရုပ်သံကြည့်ပရိတ်သတ်များ အငြင်းအခုံ များမဖြစ်ပွားစေရန် အတွက်လည်း တိုက်ရိုက်ထုတ်လွှင့်နေချိန် ကွင်းအတွင်း ကစားသမားများ ခိုက်ရန်ဖြစ်ပွားခြင်း ၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းများဖြစ်ပွားပါက မပြသပဲ Score Board ကြီးကိုသာ ရိုက်ပြသည့် စနစ်များလည်းထားရှိကြောင်း” ပြောဆိုသွားသည်။

 ထို့အပြင်   ဆက်လက်ပြီး “ပွဲစဉ်များကို ရန်ကုန်ျြမို့ အောင်ဆန်ကွင်း ၊ Y T C ကွင်း နှင့်  မနျွှလေးမြို့ ဗထူးကွင်း များတွင် ကျင်းပမည်ဖြစ်ကြောင်း ၊ သယ်ယူပို့  ဆောင်ရေးအတွက် ပြိုင်ပွဲ ကျင်းပချိန်တွင် ယာဉ်ကြောပိတ်ဆို့ မှု ကင်းဝေးစေရန် Bus Cars များ ထားရှိမည်မဟုတ်ပဲ ခြေလျှင်သာသွားကြရမည်ဖြစ်ကြောင်း ၊ လာရောက်ကြည့်ရှမည့် နိုင်ငံတကာ ခေါင်းဆောင်များနှင့် Celebrities များအတွက်မှူ ဆိုက်ကား နှင့် ဂါလီ များအလုံအလောက်ထားရှိပေးသွားမည်” ဟု အကျယ်တဝင့် ပြောဆိုသွားသည်။

 ထိုနောက် Media Officer ဦးဆိုးမိုး (ABC) က “ပြိုင်ပွဲ Logo အဖြစ် “““ ဆင်ဖြူတော် လေးကောင်ဘောလုံးကန်သည့်ပုံ ”””” အား ရွှေးချယ်အတည်ပြုပြီးဖြစ်ကြောင်း

လာပ်ကောင် အရုပ်အဖြစ် င်္ခြသေ့စောင့်ကြောင့်ထိုင်နေသည့် အရုပ် ကို သတ်မှတ်ထားကြောင်း ၊ ဝေဖန်မှုများ မရှိစေရန် ပေါ့ပါးသော Addidas Co. ထုတ် Jabulani , Teamgrist , Roteiro စသည့်ဘောလုံးများ ၊ Nike Co. ထုတ် Arrow 90 + , Arrow Final 50+  , Arrow Orange 90+  စသည့်ဘောလုံးများ အသုံးပြုမည်မဟုတ်ပဲ မှော်ဘီစက်ရုံထွက် ဘောလုံးများကိုအသုံးပြုမည်ဖြစ်ကြောင်း ၊ ပြိုင်ပွဲအဖွင့်သီချင်း အဖြစ် နာမည်ကျော်

 တေးရေး ဆရာ X ခိုင် ရေးသားသီကုံး ကော်ပီကူးချ ထားသော ““ ဟေးလား ဝါးလား မြန်မာကွ ”””” (waka waka africa မဟုတ်ပါ ) သီချင်းကို နာမည်ကျော် လူငယ် Hip Hop နှင့် Pop အဆိုတော် ဂွင်းနီ က Sexy Dance , Nature of  Wild Sexual Life n Environmental Friendly  Performance တို့ ဖြင့် သီဆိုဖျော်ဖြေ ကပြ သွားမည်ဖြစ်ကြောင်း

 ““လက်မှတ်မရရှိသော နိုင်ငံတကာပရိတ်သတ်များအတွက် ပွဲစဉ်များ အားလုံးကို ကြည့်ရှနိင်ရန် Fan Fests များအဖြစ် ရန်ကုန် နှင့် မနျွှလေး မြိုများရှိ K T V lounge များ ၊ Massage Centers များ ၊့် Beer Stations များနှင့် လက်ဖက်ရည်ဆိုင်များ တွင် ဈေနှုန်း ချိုသာစွာဖြင့် ပြသပေးသွားမည်ဖြစ်ကြောင်း””””

 ထို့ အပြင် “ ပရိတ်သတ် များတီးမှုတ်အားပေးနိုင်ရန် မြန်မာ့ ရိုးရာ ဝါးပုလွေ များ၊   ဝါးလက်ခုပ်များ၊ လင်းကွင်းများ နှင့် နှဲများ ၊   မိမိနိုင်ငံအသင်းများကို ထိရောက်စွာ အားပေးနိုင်ရန် မြန်မာ့ ရိုးရာ လောက်လေးဂွ ၊ လောက်စာလုံး နှင့် ဂျင်ကလိ များကို

ဈေးနှုန်းချိုသာစွာဖြင့် အများအပြား ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်း ””

ရှင်းလင်းတင်ပြသွားသည်။

 

ထိုနောက် Journalists များ၊ သတင်းစာဆရာများ မေးမြန်းသော ချောင်ပိတ်မေးခွန်းများကို ပါးနပ်စွာဖြေကြားရင်း သတင်းစာရှင်းလင်းပွဲ ကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည် ၊၊        ။
+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10913
Re: အမောပြေဟာသမှတ်စု
« Reply #495 on: July 24, 2011, 07:34:45 PM »
ဆိုင်းဘုတ်

ဂျင်မီတစ်ယောက် အသစ်ဖွင့်ထားတဲ့ သူ့ရဲ့ ကုန်စုံဆိုင်ကိုကြည့်ရင်း ၀မ်းသာမဆုံးဖြစ်နေပါတယ်။

ဆိုင်အ၀င်ဝမှာ 'အကောင်းဆုံး ၀န်ဆောင်ပေးသည်'ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ပြီး ရောင်းအားကောင်းတဲ့ဆိုင်ဖြစ်အောင် လုပ်မယ် ဆိုတဲ့ ဂျင်မီရဲ့ ရည်ရွယ်ချက်က နောက်တစ်နေ့ မနက်မှာတော့မရေမရာ ဖြစ်လာ ပါတယ်။

အကြောင်းရင်းကတော့ သူ့ဆိုင်ဘေးမှာ တခြားကုန်စုံဆိုင်သစ်ကြီး တစ်ဆိုင်ကို အပြိုင်အဆိုင်ဖွင့်လာတဲ့အပြင်တပ်ထားတဲ့ ဆိုင်းဘုတ် ကလည်း ဂျင်မီ့ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

'အနည်းဆုံးဈေးနှင့် ရောင်းချပေးသည်'တဲ့။

ဒါနဲ့ ဒီဆိုင်ထက်သာအောင် ဘယ်လိုဆိုင်းဘုတ်များတင်ရင်ကောင်းမလဲလို့ အကြံထုတ်ရင်း နောက်ဆုံးတော့ ဆိုင်းဘုတ်တစ်ခုကို ဂျင်မီတင်လိုက်ပါတယ်။

'ပင်မ၀င်ပေါက် ဒီမှာ'


အင်တာဗျူးမှာ ....

အလုပ်အင်တာဗျူး တစ်ခုမှာ မန်နေဂျာက အလုပ်လာ လျှောက်တဲ့ က လေးမလေး ကိုအသက်ဘယ်လောက် လဲ မေးလိုက်ပါတယ်။

လက်တွေတစ်ချောင်း ချင်းချိုး၊ ခြေချောင်းတွေပါ ထည့် ရေပြီး ၂၀ လို့ ပြန်ဖြေပါတယ်။ "မင်းအရပ်ဘယ်လောက်လဲ"လို့ ထပ်မေးတော့ သူက မတ်တတ်ရပ်၊အိတ်ထဲပါလာတဲ့ ပေတံနဲ့တိုင်းပြီး"ငါးပေခြောက်လက်မ" တဲ့။နာမည်ကိုမေးတော့ သူက မျက်စိခဏမှိတ်ပြီး"ရိုစီ"လို့ ဖြေပါတယ်။

မန်နေဂျာကနားမလည်နိုင်အောင်ဖြစ်သွားရင်း" မင်းအသက်တွေ၊အရပ် တွေကတော့ဟုတ်ပါရဲ့ ... မင်းနာမည်ကိုရော ဘယ်လိုမှတ်လဲ"လို့မေး တော့သူကဒီလိုပြန်ဆိုပြပါတယ်။"ဟက်ပီဘက်ဒေးတူးယူ ဟက်ပီဘက် ဒေးတူးယူ ..ဟက်ပီဘက်ဒေး ချစ်သော ရိုစီ..ဟက်ပီဘက်ဒေးတူးယူ"

+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10913
Re: အမောပြေဟာသမှတ်စု
« Reply #496 on: July 24, 2011, 07:47:13 PM »
အရောင်းဝန်ထမ်းကောင်း ...

ဘန်နီက စူပါ မားကက် တစ်ခုက အရောင်း ၀န်ထမ်းလေးပါ။ တစ်ရက် သူတို့ဆီ မှာ ပစ္စည်းတွေ အရောင်းမြှင့်တင်တော့ ဘန်နီက ခေါင်းဖြီးတဲ့ ဘီးတွေ ရောင်းရပါတယ်။ ဒါနဲ့ သူက သူ့ဘီး တွေကို ဘယ်လောက် မာ တယ် ဆိုတာကို ကြော်ငြာတဲ့ အနေနဲ့ ကွေးပြပါတယ်။

"ဒီဘီးတွေက ဘယ်လောက်ခိုင်သလဲဆိုရင် လုံးဝကိုမကျိုးဘူးဗျ။ ဆူမို နပန်း သမား တောင် တက်ခုန်ဦး မလား။ မကျိုးနိုင် ဘူးဗျ၊ ကျွန်တော် ထက်ပိုင်း ကွေးပြဦး မယ်"ဆိုပြီး ဘီးကို အဆုံးအစွန် ကွေးပြ လိုက်တဲ့ အချိန်မှာဘီးက ကျိုးသွားပါတယ်။

အဲဒီအခါမှာ ဘန်နီဆက်ပြောတာက"ကြွရောက်လာတဲ့ လူကြီးမင်းများ ခင်ဗျာ .. ဒီမကျိုးနိုင်တဲ့ ဘီးရဲ့ အတွင်းပိုင်းဟာဆိုရင် ..."


ချစ် ဖေဖေ ...

လူတစ်ယောက်က ဆရာဝန်ဆီအရေးတကြီး ဖုန်းဆက် လာပါတယ်။
"ဒေါက်တာ .. အမြန်လာပါဦးဗျာ။

ကျွန်တော့သားလေး ကျွန်တော့်ရဲ့ မုတ်ဆိတ်ရိတ်တံက ဓားကို မျိုချ ထားလို့ဗျ"

ဒါနဲ့ ဆရာဝန်က "ခင်ဗျား သိပ်ပြီး စိတ်လှုပ်ရှားမနေနဲ့။ ကျွန်တော်ခု ချက်ချင်းလာခဲ့မယ်။ ဒါနဲ့ ခင်ဗျားရောအခုထိ ဘာလုပ်ပြီးထားပြီလဲ" လို့မေးလိုက်ပါတယ်။

ဒါနဲ့ဟိုဘက်ကပြန်ဖြေတာက"ကျွန်တော်ကတော့ လျှပ်စစ်မုတ်ဆိတ် ရိတ်တံနဲ့ ရိတ်ပြီးပြီဆရာ.."

[

+1
« Last Edit: July 25, 2011, 09:19:24 AM by tunaye2011 »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10913
Re: အမောပြေဟာသမှတ်စု
« Reply #497 on: July 24, 2011, 07:55:46 PM »
မကြောက်ဘူးဟေ့

ခင်ပွန်းဖြစ်သူက အရက်သောက်လွန်းလို့ဆူဆန်တစ်ယောက်စိတ်ညစ် လွန်းတာနဲ့ သူ့ယောက်ျားကိုတစ္ဆေဟန်ဆောင်လို့ ပညာပေးမှဖြစ်တော့ မယ်ဆိုပြီး တစ္ဆေလို ၀တ်ပြီး သူ့ခင်ပွန်းပြန် လာတော့ ထပြီး ခြောက်ပါ တယ်။
ဒါပေမယ့် သူ့ခင်ပွန်းက တုန်လှုပ် ဟန်တောင်မပြဘဲ "ဒီမယ် ..တစ္ဆေ .. မင်းငါ့ကို ခြောက်လို့မရပါဘူးကွာ"လို့ ဆိုပါတယ်။ ပြီးတော့ တစ်ဆက် တည်းထပ်ပြောတာက "ငါက မင်းထက် ကြောက်စရာကောင်းတဲ့ မင်း အစ်မ နဲ့ တောင် လက်ထပ်ခဲ့ သေးတာပဲ .. မင်းလောက်ကတော့ မကြောက်ဘူးဟေ့"

ကူပါဦးနော်

ဆမ်လေးက အိမ်အပြင်မှာ သူ့အမေရဲ့ တံမြက်စည်းကြီးကို ယူဆော့ပါ တယ်။ ပြီးတော့ နောက်ဖေးဂိုဒေါင် ထဲမှာ ပစ်ထားခဲ့ပါ တယ်။ ညဘက် ရောက်တော့ သူ့အမေက အိမ်လှဲဖို့ တံမြက်စည်းမရှိတာနဲ့ ဆမ့်ကို မေး ပါတယ်။ ဆမ်ကလေးက ဂိုဒေါင်ထဲ မှာလို့ ပြောတော့ သူ့အမေက သွား ယူခိုင်း ပါတယ်။ ဂိုဒေါင်ထဲက မှောင်နေတော့ဆမ်က သွားမယူရဲဘူးလို့ ပြန်ပြောတော့"မကြောက်ပါနဲ့သားရဲ့ .. ဂိုဒေါင်ထဲမှာ နတ်သားကြီး ရှိပါ တယ်"လို့ပြောပါတယ်။ ဒါနဲ့ဆမ်လေးက ဂိုဒေါင်တံခါးကို နည်းနည်းဖွင့် အထဲကိုလက်ဆန့်ပေးရင်း ဆိုလိုက်တာက"အထဲကနတ်သားကြီးရေ .. ကျွန်တော့ကို တံမြက်စည်းလေးတစ်ချက်လောက် ကမ်းပေးစမ်းပါဗျာ"
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10913
Re: အမောပြေဟာသမှတ်စု
« Reply #498 on: July 24, 2011, 08:04:38 PM »
သတင်းကောင်း

ဂျွန်နဲ့အေမီက လက်ထပ် ပြီးခါစ ဇနီးမောင်နှံပါ။ တစ်နေ့တော့ အလုပ်က နေ ဂျွန်ပြန်လာတဲ့အချိန်မှာ အိမ်အ၀ကနေ အေမီက ဆီးကြိုရင်း "မောင့် ကို သတင်းကောင်း ပြောစရာရှိတယ်သိလား" လို့ ဆိုတာကြောင့် ဂျွန်က အံ့ဩ စိတ်လှုပ်ရှားသွားပြီး "ဘာများလဲ အချစ်ရဲ့" လို့မေးလိုက်ပါတယ်။
"ကျွန်မတို့အိမ်လေးမှာကျွန်မတို့နှစ်ယောက်တည်းမဟုတ်တော့ဘူး။ သုံး ယောက် ဖြစ်တော့မယ်"လို့ အေမီကပြောတော့ ဂျွန်က၀မ်းသာ အားရနဲ့ "ပျော်လိုက်တာကွာ..ကိုယ်ကတော့ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားဖြစ် နေပြီ"လို့ ဆိုပါတယ်။
ဒါနဲ့ အေမီပြန် ပြော တာက "မောင် ဒီလို ပြောတာ ၀မ်းသာလိုက်တာ .. မနက်ဖြန်ကစပြီး အမေက ချစ်တို့နဲ့ လာနေတော့မယ်"


ဒီလိုလား ...

မေရီက ကား မောင်းလာရင်း သူ့ နောက်က ရဲ ကား လိုက်လာ တာမြင် တော့ ငါဘာများမှားလို့ပါလိမ့်။ အမြန် မောင်းတာလည်းမဟုတ်ဘူး၊ အ ရက်လည်းသောက်တာလည်းမဟုတ်ဘူး။ခါးပတ်လည်းပတ်ထားတယ်။ ဘာမှ အမှား မလုပ်ပါဘဲနဲ့ လို့ ပြန်စဉ်းစားရင်း ကားကို ရပ်ပေးလိုက် ပါ တယ်။ ကားပေါ်ကရဲသားဆင်းလာတော့သူ့ကိုစကားပြောတဲ့အခါ မေရီ က နားရွက်ကို လက် ညှိုးထိုး၊ ခေါင်းခါပြရင်း သူနားမကြားဘူးလို့ပြော တော့ ရဲသားကပြုံးရင်း လက်ဟန်ခြေဟန်နဲ့ရှင်းပြတာက "ခင်ဗျားဟွန်း ကပ်နေတယ်။ အခုထိမြည်နေတုန်း"
+5

Offline longhairlover

  • အငြိမ်းစား ကထိက
  • ***
  • Posts: 2172
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +8447
Re: အမောပြေဟာသမှတ်စု
« Reply #499 on: July 25, 2011, 07:25:15 AM »
အရမ်း ရမ်းကို ရယ်ရလွန်းလို့...ဖတ်ကြည့်ပါ....။ ကောလိပ်ကျောင်းသား နဲ့ သူ့အမေ တို့ရဲ့ အပြန်အလှန်ပေးစာ

credit to ရဲရင့်အောင် (Mr. Joker) အချစ်မြို့တော်


၁။ ကောလိပ်ကျောင်းရောက် သားထံမှ မိဘများသို့ ပေးစာ
အဖေနဲ့ အမေ ခင်ဗျား ... ကျန်းခံ့သာလို့ မာပါစ။ဒီမှာတော့ ကျောင်းရောက်တဲ့ ပထမတစ်လလုံးလုံး ဘာစာမှ မသင်ရပါဘူး။ စာသင်ခန်းတွေဆီမှ မသွားဖြစ်လို့၊၊ သွားဖြစ်တဲ့ တစ်ရက်ကလည်း ညဘက် ဖြစ်နေတယ်။ အဲဒီညက မီးမလာဘူး။ ပြီးတော့ ဆရာလည်း မလာဘူး။
စာသင်တဲ့ တစ်နေ့မှာကျတော့ ဆရာက အတန်းထဲမှာ ပြောတယ်၊ `ဒီအခန်းထဲမှာ နလပိန်းတုံးရှိရင် မတ်တတ်ရပ်စမ်းဟေ့´တဲ့။ သားတို့ တစ်တန်းလုံးငြိမ်ပြီး ဘယ်သူမှ မလှုပ်ကြဘူး။ ဒါနဲ့ ခဏနေတော့ သား မတ်တတ်ရပ်လိုက်တယ်။ အခန်းထဲမှာ ဆရာတစ်ယောက်တည်း ရပ်နေတာကို အားနာလို့။
ကောလိပ်ကျောင်းသားဆိုပြီး ဘောင်းဘီနဲ့ ရှူးဖိနပ်နဲ့ ကျောင်းတက်လို့ မရပါဘူးဗျာ။ သချာင်္တွက်ချိန်ကျလို့ ဆယ်ဂဏန်းကျော်သွားရင် ရှူးဖိနပ်ကို ချွတ်ပစ်နေရတာ အလုပ်ရှုပ်လွန်းလို့။
ကောလိပ်ကျောင်းမှာ ကျောင်းသူလေးတွေ ချောတယ်။ အဖေတို့ အမေတို့အတွက် ချွေးမလောင်းကိုရွေးပြီး ရည်းစားစာတစ်စောင် အင်္ဂလိပ်လိုရေးပြီး ပေးလိုက်တယ်။ သားကို အင်္ဂလိပ်လို တက်လှပြီမထင်နဲ့။ သားမရေးတတ် ပါဘူး။ ဒါပေမယ့် ကိစ္စမရှိဘူး။ ကောင်မလေးကလည်း အင်္ဂလိပ်လို မဖတ်တတ်ဘူး။
စာရေးတာ နားဦးမယ်။ သား သိပ်နေမကောင်းဘူး။ ဟိုတစ်ပတ်က ဆရာက `မင်းတို့ အပြင်စာတွေ များများ ဖတ်ရမယ်´ဆိုတာနဲ့ ညဘက်အပြင်ထွက်ပြီး စာဖတ်တာ အအေးမိသွားတယ်။ နေမကောင်းဖြစ်လိုက်တာ ပိန်သွားလို့ ရွာကယူလာတဲ့ ဦးထုပ်တောင် မတော်တော့ဘူး။ အဲဒါ နောက်စေ့ကို တူနဲ့ ထုထားရတယ်။ ဒီတော့မှ နောက်စေ့မှာ ဘုထွက်ပြီး ဦးထုပ်က ကျွတ်မကျတော့ဘူးပေါ့။
ပြီးတော့ မနက်ဖြန်မှာ သားတို့ကို Blood Test စစ်မယ်ဆိုလို့ ဒီည တစ်ညလုံး စာကြည့်ရဦးမယ်။

ချစ်သားစာကြွင်း ။ ။ ဒါနဲ့ အမေ၊ နောက်တစ်ပတ်မှာ ဘရစ်နေးစပီးယားစ်အကြောင်း အရေးတကြီး လေ့လာရဦးမယ်။ အဲဒါပိုက်ဆံလိုတယ် ပို့ပေးပါဦး။

၂။ ကောလိပ်ကျောင်းရှိ သားထံ အမေ့ပေးစာ
ချစ်စွာသောသား....အမေ အသက်ရှင်နေဆဲပဲ ရှိသေးတယ်ဆိုတာ သားသိရအောင် စာလှမ်းရေးလိုက်တာပါ။ မင်း စာမြန်မြန် မဖတ်နိုင်မှန်းသိလို့ အမေ ဒီစာကို ဖြည်းဖြည်းပဲ ရေးလိုက်တယ်။မင်း အိမ်ပြန်လာရင် အိမ်ဘယ်မှာမှန်းသိမှာ မဟုတ်ဘူး။ အမေတို့ ပြောင်းသွားကြပြီ။မင်းအဖေလား။ အခု အလုပ်ကောင်းကောင်း တစ်ခုရနေပြီ။ သူ့အောက်မှာ လူ ၅၀၀ လောက်ရှိတယ်။ သချိုင်းမှာ မြက်ရိပ်နေရတယ်လေ။အခု အမေတို့အိမ်အသစ်မှာ အ၀တ်လျှော်စက်တစ်လုံးရှိတယ်။ သိပ်တော့ မကောင်းလှပါဘူး။ ပြီးခဲ့တဲ့ အပတ်က အမေအဲဒီထဲ ရှပ်အကျီ ၁၄ထည် ထည့်တယ်။ ပြီး ခလုပ်နှိပ်လိုက်တာ အဲဒီအကျီတွေကို အဲဒီကတည်းက ပြန်မတွေ့ရတော့ပါဘူး။သားအမ မမရီလည်း ဒီနေ့မနက်ပဲ ကလေးမွေးတယ်။ သားလေးလား၊ သမီးလေးလားတော့ အမေ မသိသေးဘူး။ အဲဒီတော့ မင်းက အန်တီဖြစ်မလား၊ အန်ကယ်လ်ဖြစ်မလား အမေလည်း မပြောတတ်ဘူး။ပြီးခဲ့တဲ့အပတ်ထဲမှာ မင်းရဲ့ အန်ကယ်ချစ်လည်း တို့မြို့က အရက်ချက်စက်ရုံမှာ ၀ီစကီကန်ထဲ ကျပြီးနစ်လို့ သူ့လုပ်ဖော်ကိုင်ဖက်အချို့က ခုန်ဆင်းပြီးကယ်ကြသေးတယ်။ ဒါပေမယ့် သူက ကယ်တဲ့သူအားလုံးကို သတ္တိရှိရှိ တွန်းလှန်နိုင်ခဲ့တယ်။ သူ့ကို သဂြိုဟ်တော့ အဲဒီမီးကို ငြိမ်းရတာ ၃ ရက်ကြာတယ်။ပြီးခဲ့တဲ့အပတ်က မိုး ၂ ခါရွာတယ်။ တစ်ခါက ၃ ရက်ကြာပြီး နောက်တစ်ခါက ၄ ရက်ကြာတယ်။ တနင်္လာနေ့တုန်းကများ လေတွေတိုက်လိုက်တာ ခြံထဲက ကြက်မတစ်ကောင်ဟာ ကြက်ဥတစ်လုံးတည်းကို လေးခါ ဥရတယ်။အသုဘအလောင်းပြင်ဆင်ပေးတဲ့ အိမ်က စာတစ်စောင်မနေ့က ရတယ်။ သူက အမေတို့ပေးစရာရှိတဲ့ ကြွေးကျန်ကို ၇ ရက်အတွင်း မပေးရင် မင်းဘွားအေကြီးကို ပြန်ထအောင် လုပ်လိုက်မယ်တဲ့။ချစ်တဲ့ အမေ

P.S : အမေ သားအတွက် ငွေ၅ထောင်-ထည့်ပို့မလို့ပဲ။ ဒါပေမယ့် စာအိတ်က ပိတ်ပြီးသွားပြီ။ပြုံးပျော်နိုင်ပါစေ..

   
+5
လိင်ဇတ်လမ်းများ ၏မာတိကာကို စာမျက်မှာ (၁) မှာတွေ့နိုင်ပါတယ်၊ မိမိသိလိုသော ဇတ်လမ်းကို browser မှာ edit ကိုနှိပ် ပြီးရင် find ကို နှိပ်ပြီးရှာပါ၊ တွေ့ရင် ဖေါ်ပြထားသော စာမျက်နှာ နှင့် Reply # ဆီသွား၍ ဒေါင်းနိုင်ပါသည်၊ ဒေါင်းလို့မရပါက ဇတ်လမ်းနံမည်ပြောပြီး အကြောင်းကြားပါက တတ်နိုင်သမျှ အဆင်ပြေအောင်ဆောင်ရွက်ပေးပါမည်၊

Tags: