Author Topic: အမောပြေဟာသမှတ်စု  (Read 482393 times)

0 Members and 3 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #470 on: July 06, 2011, 12:33:22 PM »
သိချင်ရင်
တစ်ခါက လူတစ်ယောက်ဟာ ဘဲကင်ဆိုင်တစ်ဆိုင်ထဲ ဝင်ပြီး ဘဲကင်ဝယ်ခဲ့တယ်။ ဘဲကင်မဝယ်ခင် ကောင်တာက အရောင်းစာရေးမကို ဘာဘဲအမျိုးအစားတွေ ရှိသလဲလို့ မေးလိုက်တယ်။

စာရေးမ...."ကျွန်မတို့မှာ ပီကင်းဘဲနဲ့ နန်ကျင်းဘဲဆိုပြီးရှိတယ်။ ဘယ်ဘဲမျိုးကို လိုချင်ပါသလဲ"
 လူငယ်..... "အဲဒီဘဲနှစ်မျိုးကို ဘယ်လိုခွဲခြားပါသလဲ"

ဘဲအမျိုးအစားကို ခွဲခြားဖို့ စာရေးမက လူငယ်ကို မီးဖိုထဲခေါ်သွားခဲ့တယ်။ အဲဒီနောက် ဘဲလှောင်အိမ်ထဲက ဘဲတစ်ကောင်ကို ထုတ်ပြီး ဘဲဖင်ကို လက်နဲ့နိုက်လိုက်တယ်။ ဘဲက "ဂွတ်.. ဂွတ်" နဲ့ ထအော်တယ်။
 
"ကြားလား.. ဒီလိုအော်တာက နန်ကျင်းဘဲ"

စာရေးမက နောက်ဘဲတစ်ကောင်ကို ထုတ်ပြီး ဖင်ကိုလက်နဲ့ နိုက်လိုက်ပြန်တယ်။ ဘဲက "ဂတ်.. ဂတ်."နဲ့ ထအော်တယ်။

"ကြားလား .. ဒီလိုအော်တာ ပီကင်းဘဲ" လို့ လူငယ်ကိုရှင်းပြတယ်။ လူငယ်က ဘဲကင်တစ်ကောင်ကိုဝယ်ပြီး ဆိုင်က လှည့်ထွက်ခါနီးမှာ စာရေးမကို မေးလိုက်တယ်။
 
"ဒါနဲ့ ခင်ဗျားဘယ်မြို့ကလဲ.. "

အရောင်းစာရေးမ ပြန်ဖြေလိုက်တာက.. " သိချင်ရင် ဘေစင်မှာလက်ဆေးပြီးနောက်ဖေးခန်းကို လိုက်ခဲ့ပါ"
+2
« Last Edit: July 21, 2011, 02:15:13 PM by စိုင်းရွှေတိုး »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #471 on: July 07, 2011, 05:01:10 PM »
ယုတ္တိဗေဒ


စာအုပ်တစ်အုပ်ကို ဖတ်နေသော လူတစ်ယောက်ကို ကိုဘမောင်က မေးသည်။

‘ဟေ့လူ ဘာစာအုပ်မို့လို့ ဒီလောက်သဲကြီးမဲကြီး ဖတ်နေရတာတုန်းဗျ’

‘ယုတ္တိဗေဒ ကကြီးခခွေးတဲ့’

‘ယုတ္တိဗေဒ ဆိုတာ ဘာလဲဗျ’

‘နားထောင်ရှင်းပြမယ်။ မင်းမှာ မီးခြစ်ရှိလား’

‘အင်း… ရှိတယ်’

‘မီးခြစ်ဆောင်ရင် ဆေးလိပ်သောက်လို့ပေါ့။ ဆေးလိပ်သောက်တဲ့လူဟာ အရက်လဲ သောက်တယ်။ အရက်သောက်ရင် ပိုက်ဆံရှိလို့ပေါ့။ ပိုက်ဆံရှိတဲ့လူဟာ မိန်းကလေးတွေနဲ့ တတွဲတွဲနေတက်တယ်။ မိန်းမတွေနဲ့ တတွဲတွဲနေတက်မှတော့ သူဟာ ယောက်ျား မပီသတဲ့သူ (Impotent) မဖြစ်နိုင်တော့ဘူး။ မဟုတ်ဘူးလား’

‘သိပ်ဟုတ်တာပေါ့’

‘အေး… အဲ့ဒါကို ယုတ္တိဗေဒပဲ’

‘ကြိုက်သွားပြီဗျာ’

ထိုသို့ပြောပြီး ကျေနပ်သည့် အမူအယာဖြင့် ကိုဘမောင် အိမ်သို့ ပြန်အလာ လမ်းတွင်အသိတစ်ယောက်နှင့် တွေ့သည်။

‘ဟေ့… သူငယ်ချင်း မင်းယုတ္တိဗေဒ ဆိုတာ သိလား’

‘ဟင့်အင်း မသိဘူး’

‘အေး… ငါရှင်းပြမယ် နားထောင်မလား’

‘ပြော’

‘မင်းမှာ မီးခြစ်ရှိသလား’

‘ဟင့်အင်း မရှိဘူး’

‘ဟာ… ဒါဆို မင်း Impotent ပဲ’

Ref : Hello
+2
« Last Edit: July 21, 2011, 02:15:59 PM by စိုင်းရွှေတိုး »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #472 on: July 07, 2011, 05:04:05 PM »
ကွန်ပျူတာခေတ်

အမေရိကန် ဧည့်သည်များ ရုရှားသို့ ရောက်လာပြီး အိမ်ရှင်တို့ကို မေးသည်။

‘ရုရှားမှာ ကလေးတွေ ဘယ်အရွယ်ကစပြီး ကွန်ပျူတာသုံးတတ်အောင် သင်သလဲ’

‘ပထမတန်းက စပြီးတော့ပါ’

‘ဟုတ်လား။ အားကျစရာပဲ။ ကလေးတွေ ကွန်ပျူတာအသုံးပြုပုံ လိုက်ကြည့်လို့ရမလား’

‘ရပါတယ်။ ရပါတယ်’

အမေရိကန်တို့ကို ပထမတန်းသို့ ခေါ်လာသည်။ စာသင်ခန်းရှေ့ ခုံတန်းရှည်တွင် ကွန်ပျူတာ လေးလုံးတင်ထားသည်။ ဆရာမက ပြောသည်။

‘အီဗန်နော့၊ ကွန်ပျူတာတစ်လုံးကို ယူပြီး ပြတင်းပေါက် ဘောင်ပေါ်တင်လိုက်စမ်း’

ချာတိတ်တစ်ယောက်ထွက်လာပြီး ပြတင်းပေါက်ဘောင်ပေါ် တင်လိုက်သည်။ ဆရာမက မေးသည်။

‘ကလေးတို့ရေ၊ ခုံတန်းပေါ်မှာ အခု ကွန်ပျူတာ ဘယ်နှစ်လုံး ကျန်သလဲကွယ်’

Ref : Hello

+2
« Last Edit: July 21, 2011, 02:16:57 PM by စိုင်းရွှေတိုး »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #473 on: July 07, 2011, 05:05:58 PM »
ပြောင်းလဲမှု

အိမ်ထောင်သည်များ ကလေးရလာပါက ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ကလေး တစ်ယောက်ထပ်ရတိုင်း ပြောင်းလဲမှုများ ထပ်မံဖြစ်ပေါ်လာသည်။
အဝတ်အစား

ပထမကလေး - သားဖွားဆရာဝန်က ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း အတည်ပြုပြီးချိန်မှာပင် ဗိုက်ဖုံးအင်္ကျီစတင် ဝတ်ဆင်ပါသည်။

ဒုတိယကလေး - ဝတ်နေကျ အဝတ်အစားများကို တတ်နိုင်သမျှ အချိန်ကြာကြာ ဝတ်သည်။

တတိယကလေး - ဗိုက်ဖုံးအင်္ကျီများမှာ သင်ဝတ်နေကျ အဝတ်အစားများဖြစ်လာသည်။

ကလေးနာမည်

ပထမကလေး - နာမည်ပေးနည်းစာအုပ်များ၊ ဗေဒင်ဆရာများနှင့် တိုင်ပင်၍ ကလေး နာမည်အမျိုးမျိုးပေးကြည့်၊ အသံထွက် ရွတ်ဖတ်ကြည့်ကြသည်။

ဒုတိယကလေး - ကလေးနာမည်ကို အဘိုး၊ အဘွားတွေက ရွေးပေးကြသည်။ ကိုယ်ကိုယ်တိုင်လည်း ပေးတာလည်း ဖြစ်နိုင်သည်။

တတိယကလေး - ကလေးနာမည်ပေးနည်းစာအုပ်ကိုဖွင့်ပြီး နာမည်တစ်ခု မျက်စိမှိတ် ရွေးလိုက်ပါသည်။
/7days news
+3
« Last Edit: July 21, 2011, 02:26:41 PM by စိုင်းရွှေတိုး »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #474 on: July 07, 2011, 07:06:18 PM »
.အတုပေါလိုက်ပုံများ

တရုတ်ပြည်မကြီးမှာအတုပေါလိုက်ပုံများ အကျီင်္လက်ရှည်ဝယ်ပြီးလျှော်လိုက်​ရင် လက်စက (သို့) လက်တိုဖြစ်သွားတယ်။ ဒါနဲ့ အရာရာ မှာ
ပေါ့.... အတုတွေပေါလို့စိတ်ညစ်တယ်ကွာ လူ့လောကကြီးကိုစိတ်ကုန်ပြီ မနေချင်တော့ဘူးဆိုပြီး အဆိပ်သောက်သေလိုက်တာ အဆိပ်ကအတုဖြစ်နေလို့မသေပါဘူးတဲ့​ ကဲ...........ဒီတော့မသေတော့လဲ ဆက်နေရတာပေါ့ သေနေ့မစေ့သေးဘူးထင်ပါရဲ့ ဒါဆိုရင်တော့ ပျော်...ရွှင်ပွဲအထိမ်းအမှတ်အဖြစ်နဲ့....​......သူငယ်ချင်းတွေနဲ့တူတူပျော်ပျော်ပါးပါး အရက်သောက်အုံးမယ်ကွာ ဆိုပြီး အရက်တွေ သောက်လိုက်ကာမှ အရက်အတုတွေနဲ့မိပြီးသေပါလေရော.... susan


လီရှောလေ

မူလတန်းတုန်းက မှတ်မိနေတဲ့အဖြစ်အပျက်လေးပါ ... မိုးကုတ်ဒေသလေးက အေးချမ်းပြီး လူကြီးမိဘဆရာသမားတွေကို ရိုသေလေးစားကြပြီးအချင်းချင်းရိုင်းပင်းကူညီတတ်ကြပါတယ်
စကားပြောလဲယဉ်ကျေးပြီးအားလည်းအရ​မ်းအားနာတတ်ကြတယ် ... ရှမ်း ဗမာ လီရှောလူမျိုးများပါတယ် ... လီရှောလူမျိုးတော်တော်များများက​ဗမာစကားရည်လည်အောင်မပြောတတ်ကြပါ​ဘူး...
စကားလုံးအသုံးအနှုန်းတွေကိုရှင်းရှင်းလင်း​လင်းမသိတာလဲပါပါတယ် .. ဥပမာ ဗမာစကားမှာ မိမိကိုယ်ကိုယ်ကိုစားပြုပြောတဲ့​နေရာမှာ ငါ ၊ ကျွန်တော် ၊ ကျုပ် စသဖြင့်ကွဲတတ်တာတွေကိုအကုန်မမှတ်ထားနိုင်တာမျိုးပေါ့
ကျွန်တော်တို့  ၁တန်း ၂ တန်း လောက်တုံးက ... တနေ့ ကျောင်းမှာ ... မိုးကုန်မြို့ ကျောင်းကိုအသစ်ပြောင်းလာတဲ့ ဆရာမက့ အတန်းထဲကလီရှောကောင်လေးတစ်ယောက်ကို စကားပြောရိုင်းလို့ ဆိုပြီအတန်းရှေ့ ခေါ်ပါတယ်
ဆရာမ : နင်ဘာလို့ စကားပြောဒီလောက်ရိုင်းရတာလဲ
ကျောင်းသား : ဆရာမ ငါ နင့် ကို ရိုင်းရိုင်းမပြောဘူး လေ ...
ဆရာမလဲပိုတင်းသွားပြီး ... "နောက်နေ့ နင့်မိဘခေါ်လာခဲ့ နင့်ကိုစကားပြောယျဉ်ကျေးအောင်မသ​င်ပေးဘူးလားခေါ်ခဲ့နောက်နေ့ "
ကျောင်းသား(မျတ်နှာငယ်လေးဖြင့်)​ ... "အေးဆရာမ ငါမနတ်ဖြန်ခေါ်လာခဲ့မယ်" ...
နောက်နေ့ ကျောင်းတတ်တော့ လီရှောကောင်လေး သူ့ အဖေကိုခေါ်လာပါတယ် အတန်းထဲရောက်တော့ဆရာမဆီသွားပြီး​ လက်လေးပိုက်ပြီး သူ့ ဘေးမှာရပ်နေတဲ့သူ့ အဖေကိုညွှန်ပြပြီး....
"ဆရာမ နင်မနေ့ ကခေါ်ခိုင်းတဲ့ ငါ့အဖေဆိုတာ ဒီကောင်ဘဲ"
black
+4
« Last Edit: July 21, 2011, 02:30:03 PM by စိုင်းရွှေတိုး »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #475 on: July 07, 2011, 07:09:22 PM »
စိတ်မပူနဲ့

စိတ်ရောဂါကုဆေးရုံကိုရောက်လာပြီးဖြေဖျော်မယ့်တေးသံရှင် တစ်ဦးက ပရိသတ်ထဲကလူနာတစ်ယောက်ကို
..."" ဒီမှာ ခင်ဗျား ကျွန်တော်ဘယ်သူလဲ ဆိုတာသိလား ""
""ဗျာ ""
"" ကျွန်တော်ဘယ်သူလဲ ဆိုတာသိလား လို့မေးတာ ""
လူနာကသေသေချာချာကြည့်လိုက်ပြီး
"" စိတ်မပူပါနဲ့ဗျာ ဆရာဝန်ကြီးလာတော့သူပြောပြပါလိမ့်​မယ် ။ ကျွန်တော်တို့လဲ ဒီရောက်စက ကိုယ့်ကိုကိုယ် ဘယ်သူမှန်းမသိကြပါဘူး ""

..............................​..............................​..............................​............

ထင်မြင်ချက်

စိတ်ဝေဒနာရှင်တွေကို ဖြေဖျော်တဲ့ အမျိုးသမီး အဆိုတော်တစ်ယောက် ထူးထူးဆန်းဆန်း ဝတ်စုံကိုဝတ် အစရှည်ကြီးတွေက တန်းလန်း တန်းလန်းနဲ့ ခုန်ပေါက်အော်ငေါက်ပြီးသီချင်းဆိုနတာကို ကြည့်နေတဲ့ ကိုချမ်းသာက
"" တစ်ယောက်ယောက်နဲ့ရန်ဖြစ်ထားပုံရ​တယ်၊ အတော်ကိုဒေါသကြီးနေတာ ""
"" စိတ်ပြေမှဆိုဖို့ကောင်းပါတယ်ကွာ​ ။ တီးဝိုင်းကလဲဘာလို့များမြှောက်ပ​င့်ပေးနေတယ်မသိဘူး""
+3
« Last Edit: July 21, 2011, 02:31:41 PM by စိုင်းရွှေတိုး »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #476 on: July 07, 2011, 07:13:25 PM »
အပြစ်ကင်းရခြင်းအကြောင်း

မိခင် နဲ့ ဖခင်ဟာ သူတို့ရဲ့မွေးကင်းစ သားဦးလေးကိုကြည့်ပြီး........
..."" မွေးကတည်းက စကားပြောတတ် သွားတတ် လာတတ် ဆိုကောင်းမှာနော် ""
"" အဲ့ သလိုဆိုရင် ကလေးဆိုတာ အပြစ်ကင်းတယ်ဆိုတဲ့စကားမှားသွား​မှာ/

မြန်အောင်လို့

လူနာဆောင်ထဲမှာ လူနာလာမေးတဲ့ လူတွေနဲ့ပြည့်နှက်နေတယ် ။ လူနာက (၁၀) ယောက် ၊ လာမေးသူက (၅၀) လောက် ၊ ဆရာဝန်ကြီးက စစ်ဆေးဖို့လှည့်လာရာကနေ တံခါးဝနားရောက်တော့
"" ဆရာမ ""
""ဟုတ်ကဲ့""
"" အေးအေးဆေးဆေးကြည့်လို့ရအောင်လူနာတွေကိုအပြင်ခေါ်ထုတ်လိုက်ပါ ။ဧည့်သည်တွေအပြင်ထွက်ပေးဖို့ပြောရင် ကြာနေမှာစိုးလို့""
+2
« Last Edit: July 21, 2011, 01:46:23 PM by စိုင်းရွှေတိုး »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #477 on: July 07, 2011, 07:48:21 PM »
စကားဝှက်
စစ်အေးတိုက်ပွဲကာလက ဆိုဗီယက်ကမီခေးဂေါ်ဘာချော.က တို. နိုင်ငံလုံခြုံရေး အတွက်ဆိုပြီးရသမျှသတင်းတွေသေချာစုဆောင်း ဖို.တပ်လှန်.ထားပါတယ်။
တစ်နေ.ကျတော.စာတိုလေးဝင်လာတာထူးဆန်းပြီးဖော်မရဘဲနေတယ်။ နောက်စုံစမ်းတော.အမေရိကန်ဆီကဖြစ်နေလို.ရအောင်ဖော်စေတယ်။ဂေါ်ဘာချော.
လဲစိတ်ဝင်စားပြီးသူ.ကိုပြစေတယ်။စာက 370HSSVO773H.................................ဂေါ်ဘာချော.ကလာပြတဲ.ကိုယ်ရေးအရာရှိကို
 ဒေါသထွက်လို.တစ်ခွန်းဆဲလိုက်ပြီး..ခေါင်းကိုတစ်ချက်ရိုက်လိုက်တယ်။ပြီးမှ
ငါ.ဘက်ကလာကြည်.စမ်းဆိုပြီးပြောလိုက်တယ်။
+6
« Last Edit: July 21, 2011, 01:47:16 PM by စိုင်းရွှေတိုး »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #478 on: July 17, 2011, 11:08:50 AM »
မိန်းမဉာဏ် . . .


ကားနှစ်စီးတိုက်မိပြီး အပြင်းအထန်ပျက်စီးသွားပေမယ့် ယာဉ်မောင်းလာသူ အမျိုးသမီးနဲ့ အမျိုးသားက ဘာဒဏ်ရာမှမရပါဘူး။

ဒါနဲ့ အသီးသီးကားအပြင်ထွက်လာပြီးပျက်စီးသွားတဲ့ သူတို့ကားတွေကို ကြည့်နေပါတယ်။

အမျိုးသမီးက"ကားကတော့ ရစရာမရှိအောင် ပျက်စီးသွားပြီ။ တော်သေးတယ်။ လူတွေ ဘာမှမဖြစ်လို့။ ကျွန်မတို့နှစ်ယောက်ကို သူငယ်ချင်းတွေ ဖြစ်စေဖို့များ ဒီလို ဆုံစေ လိုက်သလားမသိဘူး"လို့ ဆိုတော့ အမျိုးသားကလည်း ရောချပြီး "ဟုတ်တာပေါ့။ ခင်ဗျားနဲ့ ကျွန်တော် ရေစက်ရှိလို့ပဲ" လို့ဆိုပါတယ်။ ဒါနဲ့ အမျိုးသမီးက သူ့ကားထဲက ဝိုင်ကို ယူလာပြီး ဒီလိုဆုံတွေ့မှု အထိမ်းအမှတ်အနေနဲ့ သောက်ကြရအောင်ဆိုတော့ အမျိုးသားကသောက်လိုက်ပါတယ်။

အမျိုးသမီးကို မသောက်ဘူးလားလို့ ပြန်မေးတော့ သူပြန်ဖြေတာက "ဟင့်အင်း။ ကျွန်မကတော့ ရဲတွေလာမယ့် အချိန်ပဲစောင့်တော့မယ်"

စိတ်ပူရှာတဲ့ယောက်ျား . . .



ကိုယ်ဝန်ဆောင်သည် တစ်ယောက်က သူ့ဆရာဝန်ကို မဝံ့မရဲနဲ့ တစ်ခုခုကို မေးဟန်ပြင်နေတော့ ဆရာဝန်က မေးစရာရှိတာ မေးပါလို့ ပြောလိုက်ပါတယ်။

ဒါနဲ့သူက "ဟို .. ဆရာ .. ကျွန်မယောက်ျားက မေးခိုင်းလိုက်လို့ပါ ... ဟို..."ဆိုပြီး ဆက်မမေးနိုင် ဖြစ်နေတာနဲ့ ဆရာဝန်က နားလည်သဘော ပေါက်ဟန်နဲ့ ပြုံးပြီး "ခင်ဗျားယောက်ျား မေးခိုင်းတာကို ကျွန်တော် နားလည်ပါတယ်။ စိတ်မပူပါနဲ့ ကိုယ်ဝန်ရင့်တဲ့ အချိန်လဲ ခင်ဗျားတို့ အတူနေလို့ ရပါတယ်" လို့ ပြောလိုက်ပါတယ်။

အဲဒီအခါမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ပြန်ပြောတာက "ဟို..ကျွန်မ ယောက်ျား မေးခိုင်းထားက အဲဒါမဟုတ်ပါဘူး။ ဘယ်အချိန်လောက်ထိ မြက်ရိတ်စက်သုံးပြီး ကျွန်မမြက်ရိတ်လို့ ရနိုင်လဲလို့ သူကမေးခိုင်းလိုက်တာပါ"
+4
« Last Edit: July 21, 2011, 01:48:09 PM by စိုင်းရွှေတိုး »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10994
Re: အမောပြေဟာသမှတ်စု
« Reply #479 on: July 19, 2011, 04:57:57 PM »
ဘိုင်စံသိန်း
သဘော်သားစံသိန်းစင်ကာပူရောက်တော.သူငယ်ချင်းတွေဆီကိုဆိုင်တစ်ဆိုင်ကနေဖုန်းဆက်တယ်။

ပြီးတော.ကျသင်.ငွေရှင်းပါတယ်။ဆိုင်မှအဒေါ်ကြီးကငွေလက်ခံပြီးဘိုင်စံသိန်းလားဟုပြောသည်။

စံသိန်းအံ.သြပြီး သူ.နာမည်ဘယ်လိုသိတာလဲလို.ပြန်မေးလိုက်သည်။ အဒေါ်ကြီး မှမဟုတ်ဘူး

ယူဘိုင်စံသိန်းလား ဆိုပြိးပိုက်ဆံနဲ.ဆိုင်ကမုန်.တွေကိုပြမှ.............အော်..ငါ.နှယ်.. ဆိုပြီးသဘောပေါက်သွားတော.တယ်။

အဒေါ်ကြီးပြောတာက

YOU BUY SOMETHING LARR (မင်းတစ်ခုခုဝယ်ပါ၊ ဖုန်းပြောတာသိပ်မကုန်ကျဘ.ဲအမ်းရမယ်.ငွေများလို.)
သူငယ်ချင်းစံသိန်းအမှတ်တရ
+4
« Last Edit: July 21, 2011, 01:50:21 PM by စိုင်းရွှေတိုး »

Tags: