Author Topic: အမောပြေဟာသမှတ်စု  (Read 440818 times)

0 Members and 2 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10913
Re: အမောပြေဟာသမှတ်စု
« Reply #460 on: June 25, 2011, 03:07:43 PM »
ဘယ်အချိန်လဲ

စမစ်သည် ဆေးရုံတစ်ရုံတွင် အလုပ်လုပ်နေရင်း ၂၄/၇ ဟုခေါ်သည့် ပိတ်ရက်မရှိ ၂၄နာရီ လူနာများအတွက် စုံစမ်းမှုများကို ဖုန်းဖြင့် ပြောကြားပေးရသည်။ တစ်နေ့တွင် ပြင်ပမှ ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာသည်။

“ဖုန်းနဲ့ ဖြေကြားတဲ့စနစ်က တစ်နေ့ဘယ်နှနာရီဖွင့်ပါသလဲ ခင်ဗျာ”

“ ပိတ်ရက်မရှိ၊ ၂၄ နာရီဖွင့်ပါတယ်ခင်ဗျာ” ဟု စမစ်က ပြန်ဖြေရာ တစ်ဖက်က ဖုန်းခေါ်ဆိုသူက

“အရှေ့တိုင်းအချိန်လား၊ အနောက်တိုင်းအချိန်လား” ဟု ထပ်မေးပါ၏

စမစ်ကလည်း စကားမြန်မြန်ဖြတ်လိုသဖြင့်

“အနောက်တိုင်းအချိန်ပါ” ဟု ပြန်ပြောလိုက် မှ တစ်ဘက်ကဖုန်းချသွား၏

+1
« Last Edit: July 21, 2011, 02:44:01 PM by စိုင်းရွှေတိုး »

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 756
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +3984
Re: အမောပြေဟာသမှတ်စု
« Reply #461 on: June 25, 2011, 11:16:35 PM »
အချစ်လေးရေ နေမကောင်းတဲ့ မင်းကိုသတိရစွာနဲ့ ဒီစာကိုရေးလိုက်ပါတယ်။ မင်းနေမကောင်းတဲ့ အကြောင်းကို မင်းရဲ့ Wall မှာရေးတင်လိုက်တာ မင်းရဲ့ ၅ ထောင် နီးပါးရှိတဲ့ သူငယ်ချင်းများက ကွန်မန့်ပေါင်း ၁သောင်းကျော်နဲ့ Wall Post ပေါင်း ၂ထောင်ကျော်တင်ကြတယ်လေ။ အချစ်လေးရဲ့ နေမကောင်းမှုကို စာနာတဲ့ အနေနဲ့ပေါ့။ တချို့မတွေ့တာကြာနေတဲ့သူတွေဆို ချစ်လေး Wall မှာတင် စကားလက်ဆုံကျနေ ကြသေးတယ်။ သူငယ်ချင်းဟောင်းတွေပြန်တွေ့တာ ကြည်နှုးစရာပေါ့ကွယ်။

 

တချို့က လူကိုယ်တိုင်လူနာလာမေးချင်တော့ နေရာမသိလို့ မေးနေကြတယ်။ အခု GSM က အင်တာနက်ရပြီဆိုတော့ ချစ်လေး ဆေးရုံကနေ Check-in ဝင်လိုက်ဦးနော်။ ဒါမှ သူတို့ ဘယ်ကိုလာရမလဲ သိသွားမှာ။ ချစ်လေးကို ကုပေးနေတဲ့ ဆရာဝန်က ဆေးစစ်ချက်တွေရရင် ပို့ပေးပါဆိုလို့ scan ဖတ်ပြီး ပုံကို Tag ပေးထားလိုက်တယ်။

 

သူနဲ့ ကိုယ်နဲ့က City Ville မှာ အိမ်နီးနားချင်းတွေလေ။ Mafia တုန်းကလဲ ကိုယ်တို့ အတူလက်တွဲပြီး တိုက်ခဲ့ကြတာ။ အခု Empire & Alliances မှာလဲ ကိုယ်တို့ လက်တွဲညီတုန်းပဲ။ အခုလဲ သူ့ကိုကျေးဇူးတင်လို့ City Ville က Present Package တခုဝယ်ပြီးလက်ဆောင်ပို့ပေးလိုက်တယ်လေ။

 

နေမကောင်းပေမယ့် နောက်ပိုင်းကိစ္စတွေကို စိတ်မပူနဲ့နော် ချစ်လေး။ အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ကိုလဲ ပိုက်ဆံသိမ်းပေးထားတယ်။ မြေကွက်တွေမှာလဲ ရိတ်သင့်တာရိတ်၊ စိုက်သင့်တာတွေ စိုက်ထားတယ်။ ချစ်လေးနည်းနည်းသက်သာသွားရင် အခုအသစ်ပေါ်တဲ့ GSM အင်တာနက်နဲ့ ပြန်စစ်ကြည့်ပါဦး။ သူလဲ ခုမှ စပြီးလိုင်းချကာစဆိုတော့ အတော်မြန်နေဦးမှာ။ သူပြန်နှေးသွားတဲ့ အချိန်ရောက်ရင်လဲ ချစ်လေးဆေးရုံက ဆင်းပြီဆိုတော့ ပူစရာမလိုတော့ဘူးလေ။

 

ချစ်လေးသူငယ်ချင်း ဗိုက်ပူမ သူဇာလေမှတ်မိလား။ သူအခုမွေးပြီ။ သူ့ကလေးပုံတွေကို ၁၀၀ ကျော်တောင် Album လုပ်ပြီးတင်ထားသေးတယ်။ ကိုယ်တို့ကိုလဲ Tag လုပ်ထားတယ်လေ။ သူက အရင်မွေးတာဆိုတော့ ကြွားအားရှိတာပေါ့။ ကိုယ်တို့ အလှည့်ကျမှ ဓာတ်ပုံရော၊ ဗီဒီယိုပါ ရိုက်ပြီးတင်ပစ်လိုက်မယ်။ အခုတော့ သူ့ဓာတ်ပုံတွေကို Like လုပ်ပြီး Comment ပေးရုံရှိတာပေါ့။

 

အခုလဲ ချစ်လေး Wall မှာ နေမကောင်းလို့ ဝမ်းနည်းကြောင်းရေးထားတာတွေကို Like လုပ်ရတာတင် ၃ နာရီလောက်ကြာသွားတယ်။ တော်ကြာမကောင်းဘူးလေ။ သူတို့က တကူးတက လာရေးထားရတာ။ ကိုယ်က အသိအမှတ်ပြုပေးမှပေါ့ မဟုတ်ဖူးလား ချစ်လေးရယ်။

 

စာလဲရှည်သွားပြီး။ Note ကို ဒီလောက်ပဲရေးပြီး ချစ်လေးကို Tag လိုက်တော့မယ်။ ကိုယ့်ကို သတိရရင် Like လုပ်ပြီး Comment ရေးထားနော်။ ဒါပြီးတာနဲ့ ကိုယ်လဲ အိမ်ကလိုတဲ့ ပစ္စည်းတွေယူပြီး ဆေးရုံလာခဲ့တော့မယ်။ mwarrrr :*

 

အရမ်းချစ်တဲ့မောင် @ Home
+3
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline cyberzeus

  • စီနီယာ
  • ***
  • Posts: 81
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +1004
Re: အမောပြေဟာသမှတ်စု
« Reply #462 on: June 27, 2011, 01:36:34 PM »
ကျည်ဆံနဲ့ ကလေး


ကိုယ်ဝန်သည် မိန်းမတစ်ယောက် ဘဏ်ထဲသို့ ၀င်လာပြီး ငွေသွင်းရန်အတွက် စောင့်နေသည်။ ထိုအချိန်မှာပင် ဘဏ်ကို ဓားပြအတိုက်ခံရပြီး ထိုကိုယ်ဝန်ဆောင်မှာ ၀မ်းဗိုက်အား ကျည်ဆန်သုံးချက် အပစ်ခံရသည်။ သူမ ဆေးရုံသို့ အပြေးအလွှားသွားပြီး ကုသမှု ခံယူသည်။ သူမ ထွက်လာသောအခါ ဆရာဝန်အား သူမ ကလေးအကြောင်း မေး၏။

ဆရာဝန်က ပြောသည်။ “အိုး. . .ခင်ဗျားဟာ သုံးမွှာပူးမွေးလိမ့်မယ်. . .ကလေးအားလုံးက ကျန်းမာပါတယ်. . ဒါပေမဲ့ သူတို့ ဗိုက်ထဲမှာ သေနတ်ကျည်ဆံတစ်တောင့်စီ ရှိနေတယ်. . .ဒါပေမဲ့ မစိုးရိမ်ပါနဲ့. . .ကျည်ဆံတွေက ပုံမှန်ဖြစ်စဉ်တွေအတိုင်း ကိုယ်တွင်းက ပြန်ထွက်သွားလိမ့်မယ်. .

ကိုယ်ဝန် နေ့စေ့သောအခါ ထိုအမျိုးသမီးတွင် မိန်းကလေး ၂ ယောက်နှင့် ယောက်ျားလေးတစ်ယောက် ၃ မွှာပူး မွေးလာလေသည်။

၁၂ နှစ်ခန့် ကြာသောအခါ. . . မိန်းကလေးတစ်ယောက် မိခင်ရှိရာသို့ အပြေးအလွှားရောက်လာပြီး ပြောသည်။ “မေမေရေ. . .အရမ်းထူးဆန်းတာ ဖြစ်သွားတယ်”

သူမမိခင်က ဘာဖြစ်သည်ကို မေးသောအခါ သမီးဖြစ်သူက ပြန်ဖြေသည်။ “သမီး အိမ်သာတက်နေရင်းနဲ့ ကျည်ဆံတစ်တောင့် ထွက်သွားတယ်. . .” မိခင်က သမီးအားနှစ်သိမ့်လိုက်ပြီးနောက် ဘဏ်ထဲတွင်ဖြစ်ခဲ့သည့် ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်သည်။

ရက်သတ္တပတ်အနည်းငယ်ကြာသောအခါတွင် အခြားသမီးတစ်ယောက် မျက်ရည်အရွှဲသားနှင့် ရောက်လာပြန်ပြီး “မေမေရေ. . .သမီးတော့ ဘာဖြစ်မှန်းမသိဘူး” အမေဖြစ်သူက ပြော၏။ “မေမေ မှန်းကြည့်မယ်. . .သမီး အိမ်သာတက်နေရင်း ကျည်ဆံထွက်သွားတယ်. . ဟုတ်တယ်မလား?” သမီးက မျက်ရည်များကြားမှ ကြည့်ကာ ပြော၏။ “အင်း. . မေမေ ဘယ်လိုသိတာလဲ?” အမေဖြစ်သူက သမီးအား နှစ်သိမ့်လိုက်ပြီး ဘဏ်ထဲတွင် ဖြစ်ပျက်ခဲ့သည်တို့ကို ပြန်ရှင်းပြလိုက်သည်။

နောက်တစ်လကြာသောအခါတွင် သားဖြစ်သူရောက်လာပြန်ပြီး ပြောသည်။ “မေမေရေ. . သားတွေ အရမ်းဆိုးရွားတဲ့ ဟာတစ်ခုကို လုပ်မိပြီ”

အမေက မေးသည်။ “မင်း အိမ်သာတက်နေရင်း သေနတ်ကျည်ဆံ ထွက်သွားတယ်. . ဟုတ်တယ်မလား?”

သားဖြစ်သူက ပြောလိုက်သည်မှာ “ဟင့်အင်း. . ကျွန်တော် ဂွင်းထုနေရင်းနဲ့ ခွေးကို ကျည်ဆံနဲ့ ပစ်သတ်မိတယ်”
+6

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10913
Re: အမောပြေဟာသမှတ်စု
« Reply #463 on: June 29, 2011, 07:49:52 PM »
မျက်မမြင် ဟာသ

မျက်မမြင်တစ်ဦးသည် လမ်းထောင့်တစ်နေရာတွင် ၎င်း၏ ခွေးနှင့် အတူ ရပ်နေစဉ် ခြေထောက်ပေါ်သို့ ခွေးသေပန်းသောကြောင့် မျက်မမြင်၏ ဘောင်းဘီ ရှည်မှာ သေးစိုသွား၏။ ထိုအခါ မျက်မမြင်သည် ၎င်း အကျီင်္အိတ်ထဲမှ ဘီကွတ်တစ်ချပ်ကို ထုတ်လိုက်ရာ ထိုဖြစ်ရပ်ကို ကြည့်နေသူတစ်ဦးက အလျင်အမြန်ပြော၍ ``ခင်ဗျားဒီလိုမလုပ်သင့်ပါဘူး။ ခွေးက ဒီလိုသေးနဲ့ပန်းတာတောင် ဘီစကွတ်တစ်ချပ်ထုတ် ကျွေးမယ်ဆိုရင် သူ့လုပ်ရပ်ကို အားပေးရာေ၇ာက်နေမှာပေါ့`` ဟု ဝင်တား၏ ။ ထိုအခါ ၎င်းက ဒေါသနှင့် ပြောလိုက်သည်မှာ ``ဘယ်ကလာ… ဆု ချရမှာလဲ။ ကျွန်တော်က သူ့ပါးစပ်ဘယ်နားမှာလဲ သိအောင်လုပ်တာ ။ ခြေထောက်နဲက ဆောင့်ကန်မလို့`` ဟူ၍……….။

တက်လည်းတက်နိုင်ပါပေ့..

တစ်နေ့ ဆပ်ကပ်ပိုင်ရှင်တစ်ယောက်ဟာ ဆိုင်ဆစ်ဆိုင်ထဲမှာ စားပွဲတစ်လုံးကို လူတွေဝိုင်းအုံ ကြည့်နေတာတွေ့တော့ ရောယောင်ပြီး စိတ်ဝင်တားနဲ့ ဝင်ကြည့်ဖြစ်ပါတယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ စားပွဲပေါ်ကမှောက်ထားတဲ့ အိုးပေါ်မှာဘဲတစ်ကောင်ဟာ ခြေထောက်ကို စည်းချက်ညီညီကနေတယ်။ အားလုံးက ဘဲကို စိတ်ဝင်တစားနဲ့ ကြည့်နေတာကို အကဲခတ်ရင်း ဆပ်ကပ်ပိုင်ရှင်ဟာ အရမ်းကိုသဘောကျသွားပြီး ဆိုင်ရှင်ဆီကနေ ဘဲကို ဝယ်ပါတယ်။ဈေးကညှိရင်း ဘဲရော သူကနေကျ အိုးပါ အပါအဝင် ဒေါ်လာ တစ်သောင်းနဲ့ ဈေးတည့်သွားတယ်။ ဝယ်ပြီးသုံးရက်လောက် အကြာမှာတော့ ဆပ်ကပ်ပိုင်ရှင်ဟာ ဒေါသတကြီးနဲ့ ဆိုင်ကိုရောက်ချလာတယ်။ ``ဒါ… ကျုပ်ကို သက်သက်နှိပ်ချလိုက်တာပဲ။ ပရိတ်သတ်ရှေ့မှာ ဒီဘဲကို အိုးပေါ်တင်ပေးလိုက်မိတာ ဘယ်နှယ့်ဗျာ ခင်ဗျားဘဲက ခြေတစ်လှမ်းတောင်မရွေ့ဘူး``စိတ်ရှုပ်သွားတဲ့ အရင်ဘဲပိုင်ရှင်ကခဏစဉ်းစားပြီး မေးလိုက်တဲ့ မေးခွန်းက`အိုးအောက်မှာ ဖယောင်းတိုင်မီးထွန်းထားဖို့ ခင်ဗျားသတိရခဲ့ရဲ့လား`

`ဇနီးပျောက်ရှာနည်

အမျိုးသားတစ်ယောက်ဟာ စူပါမားကက်ကြီးတစ်ခုထဲမှာ ဈေးဝယ်နေရင်း ခပ်လှလှအမျိုးသမီးတစ်ယောက်နား ကပ်သွားပြီး `` ကျွန်တော့် အမျိုးသမီးနဲ့ လူချင်းကွဲသွားလို့ဗျ။ ခဏစကားပြောလို့ ရမလား``ရှင်အမျိုးသမီးပျောက်တာနဲ့ ကျွန်မနဲ့ စကားပြောတာဘာဆိုလို့လဲ`` လို့ အမျိုးသမီးက ဟောက်လိုက်တယ်။`အေးဗျာ… ခင်ဗျားလို ခပ်ချောချော အမျိုးသမီးတွေနဲ့  စကားပြောတိုင်း သူအနား​ရောက်ရောက်လာတက်လို့ပါ` /winner
+7
« Last Edit: July 21, 2011, 02:40:57 PM by စိုင်းရွှေတိုး »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10913
Re: အမောပြေဟာသမှတ်စု
« Reply #464 on: June 30, 2011, 11:37:18 AM »
မဝယ်မိပါဘူး

ခွင့်မှ ပြန်လာသော မိန်းမက အိမ်တံခါး ဖွင့်ဖွင့်ချင်း ယောက်ျားကို
 လှမ်းအော်သည်။
"အိမ်ခန်းတစ်ခုလုံးကို ပုလင်းလွတ်တွေနဲ့ ပြန့်ကျဲ့နေအောင် ရှင်ဘာဖြစ်လို့
လုပ်ရတာလဲ"
ယောက်ျားဖြစ်သူသည် ခေါင်းကုတ်စဉ်းစားရင်း ဖြေသည်။
"မပြောတတ်ဘူးကွာ၊ ပုလင်းလွတ် တစ်ပုလင်းမှ ငါမဝယ်ခဲ့မိဘူးလို့ ထင်တာပဲ"

ခေတ်လူငယ်တွေ ခက်ကိုခက်တယ်

"ဒေါ်ပု၊ ရှင့်သားက ကျွန်မကို ဝက်မကြီးလို့ ခေါ်တယ်ရှင့်"
"ခုခေတ်လူငယ်တွေ အင်မတန်ကို ပြောရဆိုရခက်တယ်တာပါကလား။
 လူတစ်ယောက်ကို အပြင်ဘန်းအမြင်နဲ့ ဘယ်တော့မှ မဆုံးဖြတ်နဲ့လို့
အကြိမ်ကြိမ်ပြောလဲ မရဘူး"


မှတ်ဥာဏ်နည်းတဲ့ ယောက်ျား

လင်မယား ကွာရှင်းလိုမှုကို တရားရုံးတွင် စစ်ဆေးနေသည်။
 တရားသူကြီးက မိန်းမက မေးသည်။
"ခင်ဗျားက ခင်ဗျားယောက်ျားကို ပါးရိုက်တယ်လို့ ဆိုထားတယ်၊ ဟုတ်သလား"
"မဟုတ်ပါဘူး"
"ဗြောင်လိမ်တာပါ"ဟု ယောက်ျားက ဝင်ပြောသည်။
"ရှင့် ပါးစပ်ကို ပိတ်ထားစမ်း၊ နောက်တစ်ချက် ထပ်လိုချင်လို့လား"
 ဟု အမျိုးသမီးက စိတ်မရှည်စွာဖြင့် အော်ပြောလိုက်သည်။ /winna
+6
« Last Edit: July 21, 2011, 02:39:00 PM by စိုင်းရွှေတိုး »

Offline paungpage

  • ပထမနှစ်
  • *
  • Posts: 2
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +7
Re: အမောပြေဟာသမှတ်စု
« Reply #465 on: July 02, 2011, 08:33:46 PM »
စောစောအိပ်ကြမယ်

သူဌေးကြီးတစ်ယောက် သားသုံးယောက်ကို အိမ်ထောင်ချပေးပြီးသော်လည်း ၂-နှစ်၊ ၃-နှစ်ကြာလာသော်လည်း
မြေးမချီရသေးပေ။ မြေးအရမ်းလိုချင်နေသော သူဌေးကြီးမှာ အကြံတစ်ခုပေါ်လာသဖြင့် ညစာစားပြီးချိန်တွင်
သားများနှင့်ချွေးမအားလုံကိုခေါ်ကာ .....
“သားတို့ သမီးတို့ အဖေအခုအစီအစဉ်တစ်ခုလုပ်ထားတယ် ....အဲဒါကတော့ မင်းတို့ထဲက အယင်ဆုံးမွေးလာမဲ့ ကလေးကို
အဖေ့ရဲ့ စည်းစိမ်တွေပုံပြီးပေးဖို့ပဲကွ ဒါကြောင့် ..........”
အဖေဖြစ်သူ စကားမဆုံးခင်မှာ အားလုံးထထွက်သွားကြတာနဲ့ ...... “ဟေ့ကောင်တွေ ဘယ်သွားမလို့လဲ ငါ့စကားမဆုံးသေးဘူးလေ”
ထိုအခါ သားများက ပြိုင်တူပြောလိုက်တာက ......
 “ကျွန်တော်တို့ ဒီနေ့ကစပြီး စောစောအိပ်တော့မလို့ပါ....” ဟူသတည်း။
+3

Offline paungpage

  • ပထမနှစ်
  • *
  • Posts: 2
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +7
Re: အမောပြေဟာသမှတ်စု
« Reply #466 on: July 02, 2011, 08:37:15 PM »
A to Z အတင်းများတဲ့

 ညည်း A...

 
B လူးကိုမှ

 
C ပင်သာယာမှာ အလုပ်, လုပ်ခိုင်းရသလားဟယ်၊

 
D လိုကောင်တွေနဲ့ ပေါင်းမိမှတော့

 
တ E အီးတအားအားနဲ့ လည်ချောင်း F သံပေါက်အောင် ကြုံးအော်နေကြတော့မှာပေါ့

 
လမ်းထိပ်က G ပုန်းတွေကလည်း တမျိုးတော်...

 
H အိုင်ဗွီတွေ အလကား ဝေနေသလား မှတ်ရတယ်... တကတည်း

 
ဟိုတစ်ယောက်ကတော့ I ကောင်းစားတာကို J ဝင်နေကြတယ်လေ

 
သူ့ယောက်ကျားကဖြင့် ဘာအလုပ်မှ မလုပ်ပဲ K သနေပြီး

 
L နေတဲ့ သူ့အတ္တဘောကြီးမှ အားမနာ လတ်လျားလတ်လျားနဲ့။

 
M မာ... မပြောချင်ပါဘူး

 
ပြောရရင် N ချင်စရာတောင်ကောင်းတယ်၊ O နေတဲ့ သူ့ရုပ်နဲ့

 
ကလေးအမေ P ပြင်လွန်းနေတာတောင် အကောင်တွေကို လိုက်, လိုက် Q နေတာ အရှက်ကို မရှိဘူး

 
R ရိုက်တာကလည်း လွန်ရောလွန်ရော

 
ရူးနှမ်းချက်များပြောပါတယ်၊ နွေခေါင်ခေါင် S ကီးမိုးတွေ ဝတ်တဲ့ အင်္ကျီမျိုးဝတ်၊

 
ပြီးတော့ T ကောင်ဆားတို့သလိုပဲ ကဲနေကြတာ အံ့ပါရဲ့

 
သြော်...ဒါနဲ့ U သိမလား မသိဘူး...

 
ဟို V လိန်ရုပ်နဲ့ ကောင်၊ မယားကို W ထားတဲ့ ကောင်လေ ... အေး ဟုတ်တယ် အဲ့ကောင်ပေါ့

 
သင်္ကြန်တုန်းက အရက်မူးပြီး လမ်းပေါ်မှာ X နေလို့တဲ့

 
Y ယာလက်ကားတွေ နဲ့ ဆေးရုံကို ခေါ်သွားတာ

 
ဆေးရုံမှာ ကမြင်းကြောထပ်ထလို့ ကုတင်ပေါ်က ပြုတ်ကျ Z ကျိုးပြီး သေပြီတဲ့...
+4

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10913
Re: အမောပြေဟာသမှတ်စု
« Reply #467 on: July 06, 2011, 12:12:16 PM »
ဖျားလောက်တဲ့ရိုက်ချက်
သူငယ်ချင်းပြောပြသောသူ့အကြောင်း
ဂေါက်ကွင်းတစ်ခုမှာ ပထမရက် မှာဂေါက်သွားရိုက်ကြတယ်။
နောက်တစ်ရက် ဂေါက်ကွင်းရောက်လို့ ဂေါက်ရိုက်ခါနီးမှာ ကယ်ဒီ က ဆရာ ရယ် ဆရာ့ရိုက်ချက်တွေကဖျားလောက်ပါပေတယ်ဆိုပြီးပြောတော့
သူငယ်ချင်းက သူ့ကိုယ်သူအထင်ကြီးသွားပြီး ကယ်ဒီကို ပြန်မေးတာပေါ့ ဘယ်အချိန်က ဘယ်ရိုက်ချက်က ဒီလောက်တောင်ကောင်းရသလဲဆိုတော့
ကယ်ဒီက ဒီလိုပြန်ဖြေတယ်
ဆရာရယ် ဆရာရိုက်လိုက်တဲ့ဂေါက်သီးတွေက ရေကန်ထဲချည်းပဲကျကျနေတော့ ကျွန်တော်ဆင်းဆင်းပြီး ဆယ်နေရတာအအေးပတ်ပြီး ဖျားတော့မယ်။
+3
« Last Edit: July 21, 2011, 01:53:15 PM by စိုင်းရွှေတိုး »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10913
Re: အမောပြေဟာသမှတ်စု
« Reply #468 on: July 06, 2011, 12:14:33 PM »
ရယ်စရာ ရည်းစားစာ

" အင်တာနတ်မင်းကြီး " မ " ပါ > > ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန်တဲ့ ၊ခက်ပါ့ဟာ ၊ ကျုပ်သိသလောက်တော့ ဒေါ့ဆိုတာ ဒီအိုဂျီ (dog) ခွေး တဲ့၊ပါဠိလိုတော့ "သုနက္ခ" ပေါ့ဟာ ၊ ဒါပေမယ့် နင်ပေးတဲ့ လိပ်စာက ဒေါ့ကျတော့ အင်္ဂလိပ်လို ဖူးစတော့လို့ခေါ်တဲ့ဟာကြီး ၊ ခက်ပါဘိ ရွှေမိရယ်… ဘကြီးဘုန်းကြီးရှေ့မှာသာ ဒီလိုဖတ်လို့ကတော့ဟာ ကျောင်းတိုင်ကိုဖက်ပြီး ကြိမ်နဲ့အနှက် ခံရမှာ သေချာတယ် ။နောက်ပြီး ကွန် ဆိုတာကပါသေးတယ် ၊ ကျုပ်သိသထားသလောက်ကတော့ ကွန်ဆိုတာ ငါးပစ်ပြီးဖမ်းတဲ့ဟာကြီး ၊ အကုသိုလ် သိပ်များတာပေါ့ဟာ ။ နင်ပြောလို့သာ အဲဒီကွန်ကြီးကို သုံးပြီး ခေတ်မှီအောင် အင်တာနတ် ကနေ အီးမေးဆိုတာကြီးနဲ့ ရည်းစားစကား ပြောရတယ် လို့ဟာ ၊ကြား မကြားဖူးပါဘူး ၊ နင့်အမေကြီး ဆုတောင်းနေတဲ့ ဟို ဘာလဲ အတွင်း ၃၇မင်း ၊ အပြင် ၃၇မင်း ၊ အရံ ၃၇မင်း ၊၁၁၁ ပါးသောနတ်မင်းတွေထဲမှာတော့ အဲဒီ အင်တာနတ်မင်းကြီးကို မကြားဖူးပါဘူးဟာ ၊ ကျုပ်အထင်တော့ သူက၃၈ မင်းမြောက်ထင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ရွှေမိ ရယ် …နင့်ကိုသာကျုပ်ချစ်ရမယ် ဆိုလို့ကတော့ဟာ အင်တာနတ်မကလို့ ဘယ်နတ်မင်းကြီးပဲ ပင့်ရပင့်ရ ကျုပ် ပင့်ပါ့မယ် ရွှေမိရယ် ….အဟုတ်ပြောတာ ။ ။

> > > ကျုပ်အချစ်ဆုံး အကြိုက်ဆုံး ကွယ်လွန်သူ တေးရေးတေးဆို ဓာတ်ရှင်မင်းသားကြီး တွံတေး သိန်းတန် ရဲ့သီချင်းထဲမှာတော့ " ကျေးမစေ ၊ စာလွှာတွေမပို့ပဲ လမင်းကတစ်ဆင့် ချစ်တဲ့အကြောင်းတွေ ပြောပါမယ် " လို့ပဲကြားဖူးပါတယ် ရွှေမိရယ် ၊ အဲ…အဲ နင်အသစ်ပြောင်းထားတဲ့ "အင်ဂျလီနာ ညိုမီ" ရယ်….ကျုပ်ကတော့ နင့်ကိုရွှေမိလို့ပဲခေါ်နေကြမို့ နှုတ်ကျိုးနေပြီဟာ ။ ဒါနဲ့နေပါဦး ရွှေမိရယ် နင်ပြောတဲ့အဲဒီ အင်တာနတ်မင်းကြီးက အောင်သွယ်တော်လုပ်ပေးတဲ့ အချစ်နတ်မင်းကြီးလားဟ ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်သာကျုပ်ကို ပြန်ချစ်မယ်ဆိုလို့ကတော့ရိုးရာ ကိုင် ချင်ကိုင်ပါစေဟာ အဲဒီ နင်ပြောတဲ့ အင်တာနတ်မင်းကြီးကိုပဲ "မ" ခိုင်းမယ်ဟာ ၊ တကယ်……တကယ် ။ > > > ရွှေမိရယ် နင်ကမြို့မှာကျောင်းသွားတတ်တာ အရမ်းပြောင်းလဲလာတယ်နော် ၊ နင်ဝတ်နေကျ လုံချည်နဲ့ နင်ဖြီးနေကျ ဆံပင်က"တို"သွားပြီး နင်စီးနေတဲ့ ဖိနပ်ဒေါက်နဲ့ နင့်လက်သည်းတွေ "ရှည်"လာတာရော ၊နောက်ပြီးအရင်ကဆို ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ဖတ်တိုင်း စူဠသုဘဒ္ဒါက ဘယ်လိုလုပ်ပြီး ဆင်စွယ်ကို ပန်နိုင်မှာလဲလို့ ကျုပ်စဉ်းစားမိတယ် သိလား ၊ အခုတော့ နင့်နားမှာ အမျိုးမျိုးပြောင်းနေတဲ့ နားဆွဲတွေကိုမြင်ပြီး ကျုပ်ယုံသွားပါပြီ ရွှေမိရယ် ။ ပြီးတော့ နင်ကမျက်နှာဖြူစကားတွေလည်း တော်တော်ပြောတတ်လာတယ်နော် ၊ နင်ပြောပြောနေတဲ့ ဘာလဲဟို….၀က်ဆိုဒ် ဆိုလား ၀က်ဆိုင်ဆိုလားဟာ အေး အဲဒီဟာကြီးက နင်တော်တော်ကြိုက်တယ် ထင်တယ် ၊ ကျုပ်သိတာကတော့ ရွာဈေးက ကိုဖိုးသောင်း ၀က်ဆိုင်ပဲ သိတယ် ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်ကြိုက်ရင် ဘယ်လောက်ပဲ ဈေးကြီးကြီး ကျုပ်ဝယ်ကျွေးပါ့မယ်ဟာ ။

> > > ပြီးတော့ ကျန်ပါသေးတယ် ဘာတဲ့ အော် ဒေါင်းလုပ်ဆိုလား ဒေါင်းရုပ်ဆိုလားဟာ ၊ နင်ကြိုက်တယ်ဆိုရင် ဈေးကြီးစမ်းပါစေဟာ ကျုပ်ဝယ်ပြီးလက်ဆောင်ပေးပါ့မယ်ဟာ ။ ဒါနဲ့နေစမ်းပါဦး အဲဒီအရုပ်က တို့ ဖိုးဝရုပ်ထက်လှလားဟ ၊ အေးပါ လှလှ မလှလှ နင်ကြိုက်ရင် ကျုပ်လည်းကြိုက်တယ် ၊ နင်ပြောရင်ကျုပ်နားထောင်မယ် ၊ နင်ယုံတဲ့အဲဒီ အင်တာနတ်မင်းကြီးကို ကျူပ်လည်းယုံပါတယ်ဟာ ။ နောက်ပြီး နင်ပြောပြောနေတဲ့ ဟိုကမ္ဘာကြီးက ပူနွေးလာပြီဆိုလားပဲ ၊ ဟုတ်တယ် ကျုပ်ထင်ပါတယ် ၊ ဘာလိုလဲဆိုတော့ နင်ဝတ်တဲ့ အင်္ကျီတွေ စကဒ်တွေကို ကြည့်ပြီးကျုပ်တို့ရွာလေးတောင် တော်တော်ပူနေမှန်းသိလိုက်ရတယ် ။ ဒါ့ကြောင့် ကျုပ်လည်းဒီနေ့ကစပြီး နင်ဝတ်သလိုမျိုးစွပ်ကျယ်အင်္ကျီနဲ့ ပုဆိုးခါးတောင်းကြိုက်ပြီးတော့ပဲ နေတော့မယ်ဟာ ။ ကျုပ်ကစကဒ်မှဝတ်လို့ မရတာ ၊ ဒီတော့လဲအဆင်ပြေသလို လုပ်ရတာပေါ့ဟာ ။ ဘာပဲဖြစ်ဖြစ် ကျုပ်ကိုနင် ပြန်ချစ်ရင်ပြီးတာပါပဲ ရွှေမိရာ….။

> > > ဘကြီးဘုန်းကြီး ကတော့ပြောပါတယ် ရွှေမိရယ် ၊ က္ကတ္တိဝင်္က နဒီဝင်္က တဲ့ မိန်းမနဲ့ မြစ်တို့သည် ကောက်ကွေ့သောသဘောရှိသည် "တဲ့ ၊ နင့်ဆံပင်လိုပေါ့ရွှေမိရယ်။ ဒါပေမယ့်ရွှေမိရယ် ဘကြီးဘုန်းကြီးက ဘကြီးဘုန်းကြီးပါဟာ ၊ ကျုပ်ကပုထုဇဉ်လေ ဘကြီးဘုန်းကြီးမှ မဟုတ်တာ နော့် ။ "ပုထုဇန္နော ဥမ္မာတကော" တဲ့ ရွှေမိရဲ့ ပုထုဇဉ်ဆိုတာ အရူးလို့ တို့ ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့တယ်လေ ။ ကျုပ်လည်း နင့်ကိုချစ်မိတော့ ရူးနေပြီပေါ့ ရွှေမိရယ် ။ ဘကြီးဘုန်းကြီး ကတော့ဘယ်သိပါ့မလဲ သူက လောကုတ္တရာသမားကိုး ၊ ကျုပ်တို့ကလောကီသား ၊အဲဒီတော့လည်း နင့်ကိုကျုပ်က ချစ်ရတာပေါ့ ရွှေမိရယ် ၊ ဘကြီးဘုန်းကြီးကတော့ ပြောပါတယ် "ဒကာလေးကအပူ ရှာနေတာကိုး "တဲ့ ၊ ကျုပ်ကလည်း"တပည့်တော် စွပ်ကျယ်ဝတ်ထားပါတယ်ဘုရား"လို့ မပြောတော့ပါဘူး ရွှေမိရယ် သူကတရားသဘောနဲ့ပဲမြင်တာကိုး ၊ ကျုပ်ကတော့ "ပိယေဟိ ၀ိပ္ပယောဂေါဒုက္ခော"ဆိုတဲ့ ချစ်သူနဲ့ကွေကွင်းရခြင်း ဒုက္ခ ကိုမခံစားနိုင်ဘူုးဗျ ၊ အဲဒါကြောင့် နင့်ကို ချစ်ရတာပါ ရွှေမိရယ်….။

> > > ကျုပ်က နင့်ရဲ့အဇ္ဇတ္တကိုလည်းချစ်တယ် ၊ ဗဟိဒ္ဒ ကိုလည်းချစ်တယ် ၊ မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် စိတ် ဆိုတဲ့ အာရုံခြောက်ပါးလုံးနဲ့ ချစ်တယ်ဟာ ။ ရှင်းရှင်းပြောရရင် နင်နဲ့ကျုပ်နဲ့ က ဓမ္မာ ၊သောက ၊အင်းဝ၊ရာဇာ ပဲဖြစ်နေပါစေ ကျုပ်ကချစ်တယ်ဟာ ၊ ကိန္နရီ ကိန္နရာ မောင်နှံဟာ တစ်ညတာဝေးတာကို နှစ်ပေါင်းခုနှစ်ရာ ၇၀၀ ဆွေး လို့မပြေဘူးတဲ့ ၊ ကျုပ်ကလည်းနင့်ကို သူတို့ထက်မလျော့အောင်ချစ်ပြမှာပါဟာ ။ တကယ်ပါ ရွှေမိရယ် "လူတွေဟာ ချစ်သူရဲ့ အသံကိုကြားရတဲ့နေရာမှာ တင်းတိမ်မှု့မရှိနိုင်ဘူး "တဲ့ ၊ ကျုပ်လဲနင့်အသံလေးကိုပဲ အမြဲကြားချင်နေတာပါ ။ နင်ကကျုပ်အတွက်တော့ ဓာတုကလျာ ၊ ရှင်နှောင်း ၊ ရခိုင်မင်းသမီး ၊ ဒိုင်းခင်ခင် ၊ ၀ဏ္ဏပဘာ ပါပဲဟာ ၊ ကျုပ်ကနင့်အတွက်ဆို " ကောင်းကင်တမွတ် ကြယ်ကိုဆွတ် " မယ့်သူပါဟာ ။ တကယ်ပါ ရွှေမိ ကျုပ်ကနင့်ရဲ့ ပထ၀ီတစ်လုံး အာကာတစ်လုံး ဖြစ်နေတဲ့ မျက်လုံးလေးကစပြီး ကြေးညိုရောင် ခြေဖျားလေးအထိ ချစ်ပါတယ် ရွှေမိရယ် ။ ဒါပေမယ့် ရွှေမိရယ် ကျုပ်ကနင့်ကိုချစ်တဲ့ အထဲမှာလေ ဘာလောဘမှ မပါပါဘူးဟာ ။

> > > ဆယ်တန်းတင်မကပထမနှစ်မှာပါ စာကျေအောင်ဆိုပြီး ၃နှစ်ဆီနေခဲ့တဲ့ နင့်ရဲ့ပညာရေးဂုဏ်ကို လည်း ကျုပ်မမက်ပါဘူး ရွှေမိ ။ ပြီးတော့ ဟိုးအရင်ဘ၀က ဘုန်းကြီးကျောင်းသူများရဲ့ ခေါင်းလောင်းအလှူပွဲမှာ ထမင်းစားကောင်း အောင် သာဓု ၀င်ခေါ်ခဲ့တဲ့ဆုလို့ ထင်ရလောက်အောင် အသံကောင်းတဲ့နင့်အမေ ၊ စကားတစ်ခွန်းကို အရပ်ဆယ် မျက်နှာက ခုနှစ်အိမ်စေ့ ကြားနိုင်အောင် ပြောနိုင်တဲ့သူ ၊ အရင်ဘ၀က ရေဒီယိုလှူခဲ့ဖူးသလား မှတ်ရအောင် သတင်း၊အတင်း စုံတဲ့မှတ်ဥာဏ်နဲ့ နင့်အမေ ၊ လဆန်းနဲ့ လလယ် ရောက်တိုင်း ကန်တော့ပွဲထဲ ဘောက်ချာထိုးပြီး အတွင်း ၃၇မင်း ၊အပြင် ၃၇မင်း ၊အရံ ၃၇မင်း ၁၁၁ပါးသောနတ်မင်းတွေနဲ့ ဘိုးတော်အပေါင်းကို ရန်မဖြစ်ဖြစ် အောင် ထမင်းတစ်ဝိုင်းတည်းပြင်ပြီး ဖိတ်ကျွေးတတ်တဲ့ နင့်အမေ ၊ ဈးထိပ်နားကညောင်ပင်အောက်မှာ သူ့ဘာသာသူ တစ်ယောက်တည်း နေတတ်တဲ့ အရူးမကြီးကို ဒီနေ့ဘာကောင်းလဲလို့ တစ်နေ့နှစ်ခါမေးပြီး ဂရုစိုက်တတ်တဲ့ နင့်အမေရဲ့ စေတနာ ၊ မေတ္တာ ၊ ဂုဏ်သတင်းတွေ ကိုမက်လို့လည်း နင့်ကိုကျုပ်ချစ်ခဲ့တာ မဟုတ်ပါဘူး ရွှေမိရယ် ။

> > > သေသွားတာ ၂နှစ်လောက်ကြာပြီဖြစ်တဲ့ သင်တုန်းဓားလောက်ပဲ ကိုင်ဖူးတဲ့ ရွာထိပ်က ကိုရင်ကြီး လူထွက် ဦးပြောင်ကြီးဆီမှာ အရက်တစ်လုံးကို တစ်ယောက်တစ်ဝက်သောက် ၊ ကိုယ့်ဘာသာကို ဆရာတင် ၊ ကိုယ့်ဘာသာကို တပည့်လုပ်ပြီး တစ်ညနေတိတိ ပညာဆည်းပူးလာတဲ့ ဆံပင်ညှပ်သမား ညည်းအဖေ ၊ တစ်ရွာ လုံးကယောကျာင်္းတွေ သူ့လက်အောက်ကထွက်တာပါလို့ မကြာမကြာ မူးတိုင်းပြော ၊ ဆံပင်သာကုန်စေ ရမယ် ပညာမကုန်စေရဘူးဆိုတဲ့ ရှေ့တစ်လက်မနောက်ပြောင်ပုံစံကို မူပိုင်ခွင့်ယူထားတဲ့ ညည်းအဖေ ဦးကတုံး ၊ အဲအဲ ညည်းအခေါ်ကတော့ ရန်ကုန်မှာ တိုနီထွန်းထွန်း ၊ တို့ရွာမှာတော့ တိုနီကတုံး ၊ ကိုရီးယားကတောင် လာငှားရဆိုတဲ့ ဟဲယားဒီဇိုင်းနာဆိုတာကြီးပေါ့ ၊ အေး နင့်ကိုကျုပ် ချစ်တာ က လည်း နင့်အဖေကြီးရဲ့ အဲဒီ လ္ဘက်ရည်ဖိုး သာသာ ၀င်ငွေကိုမက်မောလို့ မဟုတ်ပါဘူး ရွှေမိရယ် ။

> > > နောက်ပြီး နင့်အစ်ကို ၊ တစ်ရပ်ကွက်လုံးက သတ်မှတ်ထားကြတဲ့ သင်္ဘောသား ၊ သင်္ဘောနဲ့ ပတ်သတ် လို့ကတော့ နိုင်ငံခြားသင်္ဘော ၊ ပြည်တွင်းသင်္ဘော ကိုထားဦး လှေရဲ့လှော်တက်မပြောနဲ့ ရေတောင် ကိုယ့်ကိုယ်ကို မသေအောင်တောင် မကူးတတ်တဲ့ နင့်အစ်ကို ၊ သဘောင်္ပင်ရဲ့အသားလို အစိုလည်းသုံးမရ ၊ အခြောက်လည်း အသုံးမ၀င်လို့ ခေါ်ရတဲ့သင်္ဘောသား ၊ ချဉ်ဖတ်ရောင်းတဲ့ဆိုင်မှာတောင် ၀ယ်လို့မရတဲ့ ရှားရှား ပါးပါး ရပ်ကွက် ချဉ်ဖတ်ကြီး ၊ ရှစ်တန်းမှာ နှစ်ခါကျပြီး ကျောင်းခေါ်ကြိမ်စာအုပ်က သူ့နာမည်ကို ယမကာ ဆိုင် အကြွေးစာရင်းမှာပြောင်းရေး ၊ သူ့လက်ကအနုပညာသည်လက်ဆိုပြီး ဘာအလုပ်မှ လက်ကြောတင်း အောင် မလုပ်ပဲ သင်္ဘောသားဖြစ်နေတဲ့ နင့်အစ်ကိုရဲ့ ဂုဏ်အရှိန်အ၀ါတွေကို မက်မောပြီး ကျုပ်ကနင့်ကိုချစ်ခဲ့တာ မဟုတ်ရပါဘူး ရွှေမိရယ် ။ > > > ဟောဒီရင်ဘတ်ကြီးထဲကဘုံးဘုံး( ရင်ဘတ်ပုတ်သံ ) မိ…မိ….မိ…မိ…မိ…မိ… လို့အော်နေတဲ့ ငါ့နှလုံးသား ကြောင့်ပါဟာ ၊ လုံးကြီးတင်ကို ၀တ်ဆံခတ် ၀စ္စနှစ်လုံးပေါက်ထည့်ပြီးတော့ တော့မဖတ်လိုက်ပါနဲ့ ရွှေမီး ရယ် ဟယ်ဟုတ်ပါဘူး ရွှေမိ ရယ်……… ။ > > >

ကျုပ်ကနင်ပြောပြောနေတဲ့ ဆော့ဖ်ဝဲဆိုလားဘာဝဲဆိုလားအဲဒီဝဲဆေးဖော်ရောင်းပြီး အရမ်းချမ်းသာ နေတဲ့ အမေရိကန်ဆိုတဲ့ တိုင်းပြည်က ဇောတိကကြီး ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးလို ချမ်းသာမှ ပြန်ချစ်မှာလား ရွှေမိ ရယ် ၊ " တူနှစ်ကိုယ် တဲအိုပျက်မှာနေရ "ဆိုတဲ့သီချင်းကို နင်က မြို့ပေါ်က ရက် သီချင်းတွေလောက်မကြိုက်ပေမယ့် ကျုပ်ကတော့ လက်ခံတယ် ရွှေမိ လက်ခံတယ် ၊ နင်က ဒေးဗစ်ဘက်ခမ်းဆိုတဲ့ ဗြိတိသျှဘောလုံးသမားပုံပါတဲ့ အင်္ကျီလက်ပြတ်ကိုဝတ် ရွာရိုးကိုးပေါက် လျှောက်ပြီး စိတ်ကူးပဲယဉ်နေတော့မှာလား ရွှေမိရယ် ။ နင့်ကိုကျုပ်ပြောဖူးပါတယ် "အပုပ်ကောင်ရုပ်ဆောင်နေကြတာပါ"လို့ ၊ လောကဓံရှစ်ပါးကို နင်ပြောတဲ့ ၀ဲဆေးဆရာ ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ရော၊ ဟိုဘောသမားရော ဒေးဗစ်ဆိုတဲ့ပုဂ္ဂိုလ်ရော ကြုံရမှာပဲရွှေမိ ၊ အေးအဲဒီလိုပဲ နင်လည်း လောကဓံရှစ်ပါးကိုကြုံရတဲ့အခါ နင့်ဘေးမှာကျုပ်ရှိနေချင်တယ်ဟာ ။ > > > ကိုင်း အဲဒီတော့ ဆိုင်ရာပိုင်ရာများနဲ့ အတွင်း ၃၇ မင်း ၊ အပြင် ၃၇ မင်း ၊ အရံ ၃၇ မင်း ၁၁၁ပါးသော မင်း တွေရဲ့ နောက် ကမ္ဘာ့ရွာကြီးကို အပိုင်စားရတော်မူသော ၁၁၂ မင်းမြောက် အင်တာနတ် မင်းကြီးခင်ဗျား တပည့်တော်ရဲ့ နှလုံးသား ၀က်ဆိုင်က ( Website ) ဒီရည်းစားစာ ကို ရွှေမိ ဒေါင်းရုပ် ( download ) လုပ်ပါစေလို့ ဆုတောင်းရင်း ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန် ဆိုတဲ့ လိပ်စာကို ခေတ်မှီအောင် အမြန်ချော နဲ့ ကမ္ဘာ့ရွာတောင်ပိုင်းနေ ဘုန်းကြီးကျောင်းသား ကိုရင်ညိန်းမှ ကမ္ဘာ့ရွာတောင်ပိုင်းမှာပဲ နေတဲ့ ဘုန်းကြီးကျောင်းရဲ့ နှစ်အိမ်ကျော်က အင်ဂျလီနာညိုမီ့ ထံ ပေးပို့လိုက်ရပါတယ် ။ > >

နင့်ကိုခေတ်မှီအောင် ချစ်ချင်တဲ့ ကိုရင်ညိန်း ( ကမ္ဘာ့ရွာတောင်ပိုင်း ဘုန်းကြီးကျောင်း)

@ FWD Mail
+1
« Last Edit: July 21, 2011, 02:07:28 PM by စိုင်းရွှေတိုး »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10913
Re: အမောပြေဟာသမှတ်စု
« Reply #469 on: July 06, 2011, 12:28:33 PM »
ခုနစ်ရက်သားသမီးအပေါင်းတို့၏ အကျိုးငှာဤစာကို ရေးသားလိုက်ရသည်။

နေ့စဉ်ရက်ဆက် တစ်နေ့တစ်ခါ Facebook စစ်ပါ။
Request များကို စီစစ်ပါ။ လက်ခံလိုလျှင် လက်ခံပါ။ လက်မခံလိုလျှင် ပယ်လိုက်ပါ။ ကြိုးရှည်ရှည်နဲ့ လှန်မထားပါနဲ့။
ပရိသတ် ၅၀၀၀ ကျော်အောင် စွံသူများ Page လုပ်ကြပါ။
တစ်နေ့တစ်မျိုး မရိုးရအောင် status message တင်ပါ။
တစ်ပတ်တစ်ခါ မရိုးရအောင် profile photo ပြောင်းပါ။
တစ်လတစ်ခါ မမှတ်မိအောင် နာမည် ပြောင်းပါ။

 စင်ကာပူမှ Web Developer မိသက် Facebook မတက်သဖြင့် သူဌေးမှ အင်တာနက်သုံး၍ အလုပ်မလုပ်ဟုထင်ကာ အလုပ်ဖြုတ်လိုက်သဖြင့် လှိုင်သာယာတွင် အကြော်ဆိုင်ဖွင့်နေရသည်။
ချင်းမိုင်မှ မင်းခိုင် သူဌေး Request ကို မစီစစ်ပဲ Reject လုပ်သဖြင့် အမြင်ကတ်ပုဒ်မဖြင့် အလုပ်ပြုတ်ကာ လယ်ဝေး တွင် ဆိုင်ကယ် ကယ်ရီပြေး နေရသည်။
မလေးမှ သာအေး ဓာတ်ပုံမပြောင်း၊ နာမည် မပြောင်းသဖြင့် အော်ပရာစီဝင်ရာ လူကိုမှတ်မိသဖြင့် ပါသွားရာ မြန်မာနိုင်ငံပြန်ပို့ခံရပြီး ယခု ကမ်းနားလမ်းမှာ ကုန်တွေထမ်းနေရသည်။
စလုံးမှ ဖြူလုံး Facebook တွင် Post အတင်များသဖြင့် စာမေးပွဲဖြေပြီးနောက်နေ့ အလုပ်တန်းရသည်။
ဘန်ကောက်မှ မောင်ဘောက် သူငယ်များအရေအတွက်ကို ပတ်လည်ထိုးသဖြင့် ထိုင်းထီပေါက်သည်။
မလေးရှားနေ ကိုအေးငွေ တစ်လတစ်ခါ နာမည်ပြောင်းသဖြင့် သုံးနှစ်အထိ အိုဗာစတေးနေနိုင်သည်။

ဤစာကို သူငယ်ချင်း (၇) ယောက်၏ Wall တွင်ဖြန့်ဝေပါ။
 ထောက်ကြန့်လမ်းဆုံ က ဂျမ်းဘုံ မဖြန့်ဝေသဖြင့် အင်တာနက်ဆိုင်မှအထွက် ခွေးဆွဲခံရသည်။ (လိုင်းမကောင်းလို့ သုံးဖို့စောင့်ရင်းမိုးချုပ်သွားတာ)
တာမွေဈေးမှ မမြအေး ဖြန့်ဝေသဖြင့် ဘတ်စ်ကား စပယ်ယာမှ အသစ်စက်စက် ၁၀၀ တန်ပြန်အမ်းငွေရခဲ့သည်။
မြစ်ကြီးနားမှ မိဆွာနား မဖြန့်ဝေသဖြင့် ၃ ရက်ထမင်းမစားရဖြစ်ခဲ့သည်။ (ခေါက်ဆွဲနဲ့ ဒံပေါက်ပဲစားနေတာလေ)
တောင်ကြီးမှ လျောင်ကီး ဖြန့်ဝေသဖြင့် ခေါက်ဆွဲဆိုင်ရောင်းကောင်းသည်။ (ကြော်ငြာပါ ထည့်ဝေတာကိုး)
မိတ္ထီလာမှ မနီလာ မဖြန့်ဝေသဖြင့် အိမ်မီးလောင်သည်။ (တော်သေးတာပေါ့.. ကစားစရာအိမ်ဖြစ်နေလို့)
လက်ပံတန်းမှ လှလှသန်း ဖြန့်ဝေသဖြင့် အမေရိကန် DV ပေါက်သည်။

ဤသည်ကား မှော်ဘီမှ ဂေါ်ဖီစားကာ တော်ကီပွားသော ပထမံ ဆြာသိန်း အိပ်မက်အလိုတည်း..

by Myanmar Jokes
+2
« Last Edit: July 21, 2011, 02:14:06 PM by စိုင်းရွှေတိုး »

Tags: