Author Topic: အမောပြေဟာသမှတ်စု  (Read 449435 times)

0 Members and 2 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10923
Re: အမောပြေဟာသမှတ်စု
« Reply #450 on: June 22, 2011, 03:15:40 PM »
ကူညီပါ့မယ်

ဟင်းသီးဟင်းရွက်သည်ကို အဘွားကြီးကပြောသည်

"အားလူးငါးပိဿာဝယ်မလို့ သမီးရယ်။ ဒါပေမယ့် မသယ်နိုင်မှာ စိုးတယ်ကွယ်။"

"မပူပါနဲ့ အဘွား။ အဘွား သယ်နိုင်အောင် ကျွန်မချိန်ပေးလိုက်ပါ့မယ်"

နောက်ဆုံးပေါ်အိမ်သားသုံးစက္ကူ
ကမ္ဘာ့အကောင်းဆုံး အိမ်သားသုံးစက္ကူ ပြိုင်ပွဲကျင်းပသည်။ အမေရိကန်ကိုယ်စားလှယ်က ခလုတ်ကို နှိပ်လိုက်သည်။ စက္ကူလိပ် အလိုအလျောက် လည်လာပြီးလိုသလောက် ဖြတ်ပေးသည်။ ပရိသတ်အားလုံး အံ့သြတကြီး လက်ခုပ်တီးသြဘာပေးကြသည်။
ပြင်သစ်ကိုယ်စားလှယ် မိမိနိုင်ငံထုတ်စက္ကူကို ပြသည်။ စက္ကူသည် Channel No.5ရေမွှေးကဲ့သို့ သင်းပျံ့ထုံကြိုင်နေသည်။ ပရိသတ်များ အလုအယက် နမူနာတောင်းကြသည်။
ဂျပန်နိုင်ငံမှ ကိုယ်စားလှယ် စင်မြင့်ပေါ်မှ ဆင်းလာပြီး အကဲဖြတ်ဒိုင်လူကြီးများကို ဆေးပြားတစ်ပြားစီ ပေးသည်။ ဒိုင်လူကြီးများ နေရာမှထသွားကြသည်။

"ဘယ်လိုလဲ၊ ဘယ်နှယ့်လဲဟင်"

"ထုပ်ပိုးပြီးသား အိတ်ကလေးနဲ့ ပြန်ထွက်လာတယ်။ အံ့ရော"

မထိုင်နဲ့လေ

အိမ်ထောင်ပရိဘောဂဆိုင်သို့ လူကြီးတစ်ယောက် ၀င်လာပြီး ဆိုင်ရှင်ကိုမကျေမနပ် ပြောသည်။

"မနေ့က ခင်ဗျားဆိုင်က ကျွန်တော် ကုလာထိုင်ဝယ်သွားတယ်။ ဒီနေ့ ကျိုးသွားပါပကော။"

"မဟုတ်မှလွဲရော၊ တစ်ယောက်ယောက် တက်ထိုင်လိုက်ပြီ ထင်တယ်။"


+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10923
Re: အမောပြေဟာသမှတ်စု
« Reply #451 on: June 22, 2011, 03:22:03 PM »
ဘာမှမရှိဘူး

လူတစ်ယောက် စားသောက်ဆိုင်သို့ ၀င်လာပြီး စားပွဲထိုးကို မေးသည်

"ခင်ဗျားတို့ဆီမှာ ငါးဟင်းရလား"

"မရပါဘူး"

"အမဲနှပ်ရော"

ွှ"မရှိပါဘူး"

"ဟင်းသီးဟင်းရွက်ကြော်ကော"

"အဲဒါလည်း မရှိပါဘူး"

ယောက်ျားကြီး စိတ်ပျက်ပြီး ဆိုင်ထဲမှထွက်လာသည်။ နောက်မှ စားပွဲထိုး
ပြေးလိုက်လာပြီး အော်ပြောသည်။

"ကျွန်တော်တစ်ခု ပြောဖို့ မေ့သွားပါတယ်။ ကျွန်တော်တို့ဆိုင်မှာ
ဝက်သားဟင်းလဲ မရပါဘူး"

အကြံကောင်း

အရက်ဆိုင်ပိုင်ရှင်ကို ဧည့်သည်က ပြောသည်

"ခင်ဗျားတို့ဆိုင်က တစ်နေ့တစ်နေ့မှာ စည်ဘီယာ ဘယ်နှစ်လီတာ ရောင်းရသလဲ"

"လီတာ ၂၀၀ လောက်ပါ"

"တစ်နေ့ကို လီတာ ၃၀၀ လောက် မရောင်းရချင်ဘူးလား"

"ရောင်းချင်တာပေါ့ဗျာ. နည်းရှိရင် မစပါလား"

"ဖန်ခွက်ထဲကို ဘီယာ အပြည့်ထည့်"

မည်သူမပြု မိမိမှု

"အန်ကယ့်သမီး ကျွန်တော့်ကို လက်ထပ်ဖို့ သဘောတူလိုက်ပြီ ခင်ဗျ။"

ထိုအခါ အဖိုးကြီးက

"အဲဒါကတော့ မည်သူမပြု မိမိမှုပဲ၊ မောင်ရင်သာ အန်ကယ်တို့အိမ်ကို ညနေတိုင်း
မလာခဲ့ဘူးဆိုရင် ဒီလိုဖြစ်လာစရာ အကြောင်းမရှိဘူး"


+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10923
Re: အမောပြေဟာသမှတ်စု
« Reply #452 on: June 22, 2011, 03:32:04 PM »
ကောင်းကင်ဘုံတခါးဝတွင် ရောက်လာသူများကို ကောင်းကင်တမန်မှ စစ်ဆေးနေသည်။

ပထမလူ- ကျွန်တော်အိုင်စတိုင်းပါ ဝင်ခွင့်ပြုပါ၊

တမန် - အိုင်စတိုင်းဖြစ်ကြောင်း သက်သေပြပါ၊

ထိုအခါ ပထမလူသည် အိုင်စတိုင်းဧ။် သီအိုရီများကို ရှင်းပြလေသည်။ ထို့ကြောင့်

တမန်-ကောင်းပြီ ငါလက်ခံပါပြီ ၊ ဝင်ပါလေ။

ဒုတိယလူ - ကျွန်တော် ပီကာဆိုပါ

တမန် - ကောင်းပြီ ၊သက်သပြပါ၊

ဒုတိယလူသည် လှပသောပန်းချီကား တစ်ချပ်ကို လျှင်မြန်စွာရေးဆွဲပြလေသည်။

တမန်-ဟုတ်ပါပြီ ငါယုံကြည်ပါသည်၊ ဝင်ပါလေ။

တတိယလူ - ကျွန်တော် ဂျော့ဒဘလူဘုခ်ျပါ

တမန် - အင်း အိုင်စတိုင်းနဲ့ ပီကာဆို ကတော့ သက်သေကောင်းကောင်းပြနိုင်ခဲ့တယ်၊ သင်လည်းပြပါ၊
တတိယလူ - (အတန်ငယ် စိတ်ရှုပ်ထွေးဟန်ဖြင့် စဉ်းစားပြီးနောက်) ၊သူတို့က
ဘယ်သူတွေလည်းဗျာ၊

တမန် - ဟာ--ကောင်းပြီ ဂျော့ ငါယုံကြည်ပါပြီ၊ သူတို့အထဲမှာရှိတယ်၊ ဝင်ပါလေ။

+3
« Last Edit: June 22, 2011, 03:56:01 PM by tunaye2011 »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10923
Re: အမောပြေဟာသမှတ်စု
« Reply #453 on: June 22, 2011, 03:46:35 PM »
စာရင်းကိုင်ဆိုတာ...........
စာရင်ကိုင်တစ်ဦး ဆရာဝန်ထံရောက်လာပြီး သူခံစားနေရသော ဝေဒနာလေးအား ပြောပြလေသည်။
စာရင်းကိုင်။ ။ ဒေါက်တာ......၊ ကျွန်တော် ညဘက်မှာအိပ်လို့မရဘူး။
ဆရာဝန်။ ။ ဒါဆိုရင်......ကိန်းဂဏာန်းတွေ တစ်ကနေပြီး ၅၀၀ အထိ ရေတွက်ပါ၊
အိပ်ပျော်သွားပါလိမ့်မယ်။
စာရင်းကိုင်။ ။ လုပ်ပြီးပါပြီ......အိပ်မပျော်မပါဘူး ဒေါက်တာ။
ဆရာဝန်။ ။ ခင်ဗျားက ကိန်းရဏာန်း ဘယ်လိုရေတွက်လို့လဲ။
စာရင်းကိုင်။ ။ အစဉ်လိုက်ချရေးပါတယ်.။ ရေးရင်းမှားလို့ပြင်ပါတယ်...။
ပြင်ရင်းမှားရင်းနဲ့ မိုးလင်းသွားလို့ပါ.။
ဆရာဝန်။ ။ ဗျာ...........။

ဈေးကြီးလိုက်တဲ့ ကြက်တူရွေး................
အိမ်မွေးတိရစ္ဆာန်များရောင်းသော ဆုင်တစ်ဆိုင်အတွင်း ၀ယ်သူတစ်ဦး ရောက်ရှိလာလေသည်။
ဝယ်သူ။ ။ ကြက်တူးရွေးတစ်ကောင်လောက် လိုချင်တယ်။
ဆိုင်ရှင်။ ။ ရပါတယ်။ ဒီကြက်တူရွေးက ဒေၞလာ ၅၀၀၊ ကွန်ပျူတာ
ကောင်းကောင်းအသုံးပြုတတ်တယ်။
ဝယ်သူ။ ။ တယ်ဟုတ်ပါလား။
ဆိုင်ရှင်။ ။ ဒီကြက်တူရွေးက ရုပ်မြင်သံကြား ဖွင့်တတ်၊ ပိတ်တတ်ပြီး
သီချင်းလည်းဆိုနိုင်ပါတယ်။ ဒေါ်လာ ၁၀၀၀။
ဝယ်သူ။ ။ မဆိုးပါဘူး
ဆိုင်ရှင်။ ။ ဒီကြက်တူရွေးကတော့ ဒေါ်လာ ၃၀၀၀ ပါ။
ဝယ်သူ။ ။ ဈေးကြီးလိုက်တာ ...။ သူကကောဘာတတ်ပါသလဲ.....။
ဝယ်သူ။ ။ ဘာမှတော့မတတ်ပါဘူး။
ဆိုင်ရှင်။ ။ ဟင်ဘာဖြစ်လို့ ဈေးကြီးတာလဲ။
ဆိုင်ရှင်။ ။ မနက်တိုင်း ဟိုကြက်တူရွေးနှစ်ကောင်က သူ့ကို ဆရာကြီးလို့ခေါ်နေလို့ပါ။
+1

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10923
Re: အမောပြေဟာသမှတ်စု
« Reply #454 on: June 22, 2011, 03:54:08 PM »
မတ်တပ်ပဲရပ်ပါ့မယ်..........................
ကျောင်းဆရာတစ်ဦးက သူကိုယ်တိုင် ထုလုပ်ခဲ့သော ရုပ်တုတစ်ခုကို စားပွဲပေါ်၌
တင်ထားကာ ကျောင်းသားများအား မေးမြန်းလေသည်။
ကျောင်းဆရာ ။ ။ ဒီရုပ်တုလက်ရာပေါ်မှာ မင်းတို့အမြင်တွေပြောရမယ်၊ ကဲ ဂျော်နီ
ထပြီးပြောပါဦး။
ဂျော်နီ ။ ။ ဘာရုပ်တုမှန်းကို မသိပါဘူးဆရာ။
ကျောင်းဆရာ ။ ။ မသိရင် အတန်းအပြင်ထွက်၊ မတ်တပ်ရပ်၊ ကဲ ဆန်နီ ထပြီးပြော။
ဆန်နီ ။ ။ ကျွန်တော် မတ်တပ်ပဲ ရပ်လိုက်ပါ့မယ် ဆရာ။
ကျောင်းဆရာ ။ ။ ဟေ................
စဉ်းစားပါ

ဆရာက တပည့်ကို မေးသည်။

ဆရာ.....၀င်ပြီးရင် ပြန်မထွက်ချင်တာ ၂ ခု ရှိတယ်။ အဲဒါဘာလဲ သိလား?

တပည့်.....မသိပါဘူးဆရာ. ကျေးဇူးပြုပြီ ရှင်းပြပေးပါ။

ဆရာ.....တစ်က အချစ်တက္ကသိုလ်၊ ၀င်ပြီးရင် ပြန်ကို မထွက်ချင်တော့ဘူး။

တပည့်.....နောက်တစ်ခုရော ဆရာ.

ဆရာ.....မင်းဟာမင်း စဉ်းစားဦးမှပေါ့ကွ။ နေရာတကာ ငါ့ကိုချည်း အားကိုးမနေနဲ့...

+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10923
Re: အမောပြေဟာသမှတ်စု
« Reply #455 on: June 22, 2011, 03:57:50 PM »
မတူကြဘူး

"ခင်ဗျား ခွက်ထဲ ၀ီစကီ ထပ်ထည့် ပေးရမလား."

"ဟင့်အင်း မထည့်နဲ့! ကျွန်တော် ၀ီစကီ သောက်ပြီးရင် ညအိပ်လို့မရဘူး"

"ကျွန်တော်ကတော့ ခင်ဗျာနဲ့ ဆန့်ကျင်ဘက်ပဲ။ အိပ်နေတုန်း ကျွန်တော် ၀ီစကီ
သောက်လို့ မရဘူး"
အချစ်

"မောင့်ကို ချစ်ရဲ့လားဟင်"

"အရူးအမူးကို ချစ်တယ်"

"မောင့်အတွက် အသက်ကို အသေခံနိုင်ပါ့မလား."

"ဟင့်အင်း.....ခင့်အချစ်က အမြဲတမ်း ရှင်သန်နေတဲ့ အချစ်လေ"
တိုက်ဆိုင်တဲ.သင်ခန်းစာ

သူငယ်ချင်းနှစ်ယောက် ရှိကြသည်။ တစ်ယောက်က အရက်သောက်သည် နောက်တစ်ယောက်က
လုံးဝ မသောက်ချေ။ တစ်နေ့ အရက်သောက်သူ အရက်မူးမူးဖြင့် ကားတက်မောင်းသည်။
အရက် မသောက်သူကို တက်ကြိက်မိသည်။ အရက် မသောက်သူ ပွဲချင်းပြီး သေသွားသည်။

သင်ခန်းစာ - သောက်လျှင်သေမည်၊ မသောက်လျှင်လည်း သေမည်။

+1

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10923
Re: အမောပြေဟာသမှတ်စု
« Reply #456 on: June 22, 2011, 04:04:14 PM »
" ဒါ တော့ သေ ချာ တယ် "

ရုရှားနိုင်ငံ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး တက္ကသိုလ်တွင် ဖြစ်သည် ။
လူတွေ့ စာမေးပွဲလုပ်ရာ ကျောင်းသားသည် ပါမောက္ခမေးသမျှ ဘယ်မေးခွန်းကိုမှ မဖြေနိုင်ချေ..။ ဖြစ်သည့်နည်းဖြင့်
ကျောင်းသားကို " ဂရိတ် သရီး " ရစေချင်သည်နှင့် ပါမောက္ခ ကမေးသည် ။
" နောက်ဆုံး..အလွယ်ဆုံး မေးခွန်းတစ်ခုကိုပဲ ဖြေပါ..ဟုတ်ပြီလား....ကိုင်း
နွားမမှာ နို့ သီးခေါင်း ဘယ်နှစ်ခု ရှိသလဲကွယ့်.."
ကျောင်းသားသည် အတန်ကြာအောင် စဉ်းစားသည် ။ ခေါင်းကိုကုတ်သည် ။ နောက်ဆုံးတွင် အောက်ပါအတိုင်း ဖြေ
လိုက်သည် ။
" ကျနော် မမှတ်မိဘူးဆရာ....ဒါပေမဲ့ ..နို့ ညှစ်တဲ့ မိန်းမမှာ နို့ သီးခေါင်း နှစ်ခု ရှိတာတော့ သေချာတယ် ..ခင်ဗျ..."
မဟာ့မဟာ ပြဿနာ

"ပီတာ မင်းအဖေက ဘယ်သူလဲ" ဆရာမက ပီတာလေးကို မေးသည်

"ဟာ ဆရာမလဲ လုပ်ပြီ.....ဒီကိစ္စနဲ့ပဲ အိမ်မှာ အဖေနဲ့အမေ အမြဲ ရန်ဖြစ်နေကျဗျ..."
ကူညီချင်ပါတယ်

ယောက်ျားကြီးတစ်ယောက် အများသုံး အိမ်သာထဲထိုင်နေသည်။ ကိစ္စပြီးသောအခါ
အိမ်သာထဲ စက္ကူရှာသည်။ ဘယ်မှာမှ မတွေ့ချေ။ ထို့ကြောင့် ဘေးခန်းကို
တံခါးခေါက်ပြီး မေးသည်။

"ခင်ဗျားဆီမှာ စက္ကူပို မပါဘူးလားခင်ဗျား"

"မပါဘူး...အဲ လိုချင်ရင်တော့ ခဲတံပေးနိုင်တယ်၊ ယူမလား"




+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10923
Re: အမောပြေဟာသမှတ်စု
« Reply #457 on: June 22, 2011, 07:56:28 PM »
ငါ့တာဝန်ကျေပြီ

စတိုးဆိုင်တစ်ခုမှ ထွက်ခွါလာသော အမျိုးသမီးကြီးတစ်ဦးသည် ငွေသိမ်းစာရေးအားပြန်အမ်းငွေ မှားနေကြောင်း ပြန်လာပြောပြခဲ့သည်။
စာရေးက "" ကောင်တာမှ မထွက်ခွါမီ စစ်ဆေးယူပါ၊ ကောင်တာမှထွက်ခွါပြီးနောက် မှားယွင်းမှုကို တာဝန်မယူ "" ဟူသော ဆိုင်းဘုတ်ကို
ညွှန်ပြလိုက်သည်။သည်တွင် အမျိုးသမီးကြီးမှ "" ဒါဆိုလည်း ပြီးတာပဲ၊ ငါ့တာဝန်ကျေပြီ၊ငွေငါးရာ ပိုအမ်းလိုက်တော့ ငါမုန့်ဝယ်စားရတာပေါ့ "" ဟုပြောဆိုရေရွတ်လိုက်ပြီးဆိုင်မှ ထွက်ခွါသွားလေသည်။


လစာမြင့်လို့ပါ

လူကြီး။   ။ "" ဦးက ဒီနေရာနဲ့ စိမ်းနေလို့ပါကွယ်၊ ကျေးဇူးပြုပြီး
အနီးဆုံးဘဏ်ကို မင်း ညွှန်နိုင်မလား""
ကလေးငယ်။   ။ "" ရပါတယ်၊ ဒါပေမယ့် ကျွန်တော့်ကို ဆယ်ဒေါ်လာတော့ ပေးရမယ် ""
လူကြီး။   ။ "" ဟ..များလှချေလားကွ....မင်း  တောင်းတာ ...
ကလေးငယ်။   .။ "" ဘဏ်ညွှန်ကြားရေးမှူးတွေဆိုတာ လစာမြင့်တယ်ဗျ..""
+3
« Last Edit: July 21, 2011, 02:45:03 PM by စိုင်းရွှေတိုး »

sysattux

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #458 on: June 24, 2011, 04:18:33 PM »
ကျနော်… ချစ်သူနှင့် လန်ဒန်ကပန်းပုဆရာ

ကျနော့်မှာ ရည်းစားလေးတစ်ယောက် ရှိပါတယ်ဆိုပါစို့…… သူကကျနော့်ကို ချစ်တယ်ပြောမှာပေါ့…… မိန်းကလေးတွေကို မယုံကြည်သင့်ဘူးလို့ ကျနော့်ဆရာတစ်ယောက်က ဆုံးမခဲ့ဖူးတယ်… ဆရာ့စကားကို ကျနော် ပယ်ရှားခဲ့တယ်လေ……  ကျနော်က အိပ်မက်တွေကိုကောက်ဆွဲပြီး လှည့်ထွက်လာခဲ့တဲ့အခါ…… ဆရာကတော့ ခေါင်းကို ပုတ်သင်ညိုလိုလုပ်ပြီး အရက်တစ်ပိုင်းကို ကောက်မော့ကျန်ခဲ့ပါတယ်…..
ကျနော်တွေးကြည့်ပါတယ်…. မိန်းမတွေဟာ… ဘယ်လိုမျိုးပါလဲလို့….. ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ကို ကျနော်မွှေနှောက် ရပါတော့တယ်…..
နောက်ဆုံးမှာ ကျနော်သဲလွန်စတွေ အနည်းငယ် သွားတွေ့ပါတယ်… ဟာသပဒေသာကျမ်းထဲမှာပေါ့…

ဒီလိုမျိုးလေးတစ်ခုကို ကျနော်စတွေ့လိုက်ပါတယ်…

ကောလိပ်ကျောင်းတက်နေရာမှ ကျောင်းပိတ်ရက်ပြန်လာသော ကောင်လေးတစ်ယောက်သည် ရွာထဲမှ သူ့ရည်းစား ကောင်မလေးနှင့် ရွာအပြင်ဖက်ရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် ချိန်းတွေ့ကြပြီး ချစ်သူတို့သဘာဝ ချစ်တင်းနှီးနှော လျက်ရှိကြသည်။ ထို့နောက် ကောင်မလေးသည် ရုတ်တရက် ချုံးပွဲချငိုပြီးပြောလိုက်သည်။
ကောင်မလေး။    ။ဘုန်းတော်ကြီးကို ဘယ်လိုမျက်နှာပြရမလဲမသိတော့ဘူး……
ကောင်လေး။    ။ ဘာဖြစ်လို့လဲ…
ကောင်မလေး။    ။ အပြစ်တစ်ခုကို နှစ်ခါကျူးလွန်မိရင်ပေါ့…
ကောင်လေး။    ။ ဘာပြောတယ်… နှစ်ခါကျုးလွန်တယ်… ဟုတ်လား…
ကောင်မလေး။    ။ ဟုတ်တယ်လေ…
ထိုကောင်မလေးက မျက်ရည်သုတ်ပီး ရှက်ရှက်နှင့်ပြန်ပြောလိုက်သည်မှာ…
မောင်က နောက်တစ်ခါ ထပ်မကျုးလွန်ချင်တော့ဘူးလားဟင်… ဟူသတည်း။


ဒါလေးက ချစ်သူဘ၀လေးထင်ပါတယ်… ဆက်ရှာရင်းနောက်တစ်မျိုးထပ်တွေ့တယ်ဗျ… ဒါကတော့ လက်ထပ်ပြီးစ။

လက်ထပ်ပြီးစ ယောက်ျားတစ်ယောက်သည် ဆေးဆိုင်တစ်ဆိုင်တွင် အိပ်ဆေးများလာဝယ်ရင်း ပြောလိုက်သည်။
ယောက်ျား။ ။ကျနော် ဒီအိပ်ဆေးသာမရှိရင် ဘာလုပ်ရမှန်းတောင်မသိပါဘူး… လုံးဝအနားရမှာလည်း မဟုတ်လောက်ဘူး…
ဆေးရောင်းသူ။    ။ ခင်များ အိပ်ဆေးတွေတော့ သိပ်မသောက်သင့်ဘူးဗျ…
ယောက်ျား။    ။ ဗျာ… ကျနော်သောက်ဖို့… ဟုတ်လား… ကျနော်တစ်ခါမှ အိပ်ဆေးမသောက်ဖူးပါဘူး… အခုဟာက ကျနော့်မိန်းမအတွက်ပါ…
တဲ့ဗျာ.။


နောက်တစ်ခုကတော့ အိမ်ထောင်သက်ကြာလာပြီနဲ့ တူပါရဲ့… ဒီလိုလေးတွေ ဖြစ်ကုန်ပါတော့တယ်…

အမျိုးသမီးတစ်ယောက်သည် တရားရုံးတွင် မျက်ရည်လည်ရွှဲနှင့်ပြောလိုက်သည်။
အမျိုးသမီး။    ။တရားသူကြီးမင်းရှင့်… ကျမယောက်ျားဟာ တစ်ယောက်ယောက်နဲ့ ဖောက်ပြားနေပါတယ်။ ကျမအပေါ်မှာ လုံးဝသစ္စာမရှိပါဘူး…
တရားသူကြီး။    ။မင်းမှာ သက်သေခံအထောက်အထားရှိသလား…
အမျိုးသမီး။         ။ ရှိပါတယ်ရှင့်… ကျမရဲ့ကလေး သုံးယောက်ရဲ့မျက်နှာတွေကိုကြည့်လိုက်တာ… တစ်ယောက်က သူနဲ့လုံးဝမတူလို့ပါ….. တဲ့…။


ဟဟ… လာလာချည်သေးနော်…။ ကျနော့်ကောင်မလေးက ကျနော်ကို ဘယ်လိုမြင်မလဲဆိုတာ ကျနော်တွေးတော မိပါတယ်…
လရောင်ဝေတဲ့ညတွေမှာပေါ့… ကြယ်တွေကိုရေတွက်ရင်း… အရက်ခိုးတွေ တထောင်းထောင်းထနေတဲ့ ညတွေ………
မိန်းကလေးတွေမေးတတ်တဲ့မေးခွန်း ရှိတယ်လို့သိရပါတယ်…။ ကျမကိုဖြတ်မလား… အရက်ကိုဖြတ်မလား  ဘာဘာညာညာပေါ့ဗျာ…
ဒီနေရာမှာ ဟာသလေးတစ်ခုကို ထပ်တွေ့လိုက်ပါတယ်။

အရက်ဆိုင်ထဲသို့ အရက်မူးသမားတစ်ယောက်သည် တရှုံ့ ရှုံ့ ငိုရင်းဝင်လာသည်။ ဆိုင်ရှင်က ဘာဖြစ်လာတာလဲဟု မေးလိုက်သည်။ အရက်မူးနေသူက ငိုရှိုက်သံဖြင့်ပြန်ဖြေသည်။
အရက်သမား။ ။ကျနော် အမှားတစ်ခုလုပ်လိုက်မိလို့ပါဗျာ… စောစောကပဲ အရက်သောက်ချင်တာနဲ့ ကျနော့်မိန်းမကို ၀ီစကီအရက်တစ်လုံးနဲ့ လဲလိုက်မိတယ်ဗျာ… အီးဟီးးဟီးး…
ဆိုင်ရှင်။      ။ဟာ… ခင်များအတော်ဆိုးတဲ့လူပဲဗျာ… အခုတော့နောင်တရပြီး ခင်ဗျားမိန်းမကို ပြန်လိုချင်နေပြီ မဟုတ်လား…
အရက်သမား။ ။ ဟုတ်ပါတယ်ဗျာ… ဟုပြောရင်းငိုနေပြန်သည်။
ဆိုင်ရှင်။  ။ မိန်းမကိုအခုမှ သိပ်ချစ်မှန်း ခင်ဗျားကိုယ်ခင်ဗျားသိလာပြီပေါ့လေ…
အရက်သမား။ ။ မဟုတ်ဘူးဗျ… ကျနော်သူ့ကိုပြန်လိုချင်တာက အရက်ထပ်သောက်ချင်သေးလို့ပါဗျာ……။


ကဲ… ဘယ်လိုလဲဗျ။  ခင်ဗျားဆိုရင်ကော ခင်ဗျားမိန်းမကို အရက်နဲ့လဲသောက်မှာလား….။ ကျနော့်ကောင်မလေးက ကျနော့်အချစ်ဟာ အဲ့သလိုလို့မြင်ပုံရပါတယ်။

တချို့ နေရာကိုလိုက်လိုက်လေ့လာမိတော့… ချစ်သူ… သမီးရည်းစား… လင်မယားတို့ကြားထဲကို အချောင်နှိုက်ချင်တဲ့စိတ်နဲ့ ၀င်လာတတ်တဲ့ ယောက်ျားတစ်ချို့ရှိနေတာကို သွားတွေ့မိပါတယ်… အဲ့လိုလူမျိုးတွေကတော့… အချောင်စားစိတ်ဓာတ်လေးတွေ လက်ကိုင်ထားလို့ပေါ့…။
ဥပမာ… ဒီလိုလေးပါ……။

လက်ထပ်ပြီးစ ဇနီးမောင်နှံနှစ်ယောက်သည် ဟိုတယ်တစ်ခုတွင် အခန်းတစ်ခန်းကို ယူလိုက်ကြသည်။ ဇနီးဖြစ်သူမှာ ချောမောလှပပြီး ကိုယ်လုံးကိုယ်ပေါက်ကလည်း ရုပ်တုတမျှဖြစ်သောကြောင့် ခင်ပွန်းသည်မှာ သဘောကျလျှက်ရှိသည်။ သို့သော် သူတို့နေသည့်အခန်းနှင့် တစ်ဖက်ခန်းမှာ နံရံတစ်ချပ်သာခြားသည်။ အခန်းနံရံမှာလည်း ပါးလွှာသည်။ ထိုတဖက်ခန်းတွင် လူငယ်တစ်ဦးကလည်း တည်းခိုလျှက်ရှိသည်။
ခင်ပွန်းက ဇနီးသည်အား ပြောနေခြင်းဖြစ်သည်။
ခင်ရယ်… ခင်ဟာ သိပ်လှတာပဲ… ဒါကြောင့် မောင်ကလေ… လန်ဒန်ကပန်းပုဆရာခေါ်ပြီး ရုပ်တု ထုထားချင်လိုက်တာကွာ…။
တခဏနေသောအခါတွင် သူတို့အခန်းတံခါးကို လာခေါက်သည့်အသံကြားရသည်။ ခင်ပွန်းသည်ကမေးလိုက်၏။
ဘယ်သူလဲ…
လန်ဒန်က ပန်းပုဆရာပါ…

အဲ့လိုလေးတွေပါ။ ဒီလိုအဖြစ်တွေနဲ့ကြုံလာခဲ့ရင် ကျနော်တို့ယောက်ျားလေးတွေ ဘာလုပ်ကြမှာလဲ…။ နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းကြတာတွေ့ရပေမယ့် ကျနော်ကတော့ အဲ့လိုတွေလုပ်မှာမဟုတ်ပါဘူး… ဘာလို့လဲဆိုတော့ ကျနော်က ကျနော်ပဲလေ… မဟုတ်ဘူးလား။
ဥပမာပြောရရင်ပေါ့ဗျာ… ကျနော့်ကောင်မလေးက အဲ့ဒီလိုအချောင်စား လန်ဒန်ပန်းပုဆရာတွေနဲ့ တွေ့နေတာကို ကျနော့်မိတ်ဆွေတွေက သိပြီး လာမေးပြီဆိုပါစို့…။
ဂရုဏာဒေါသနဲ့အပြစ်တင်ကြမယ်ဆိုပါစို့…။ ဒီဟာသလေးကိုပေးဖတ်လိုက်မှာပေါ့နော်။

ကျေးရွာတစ်ရွာထဲသို့ ကားနှင့်ဖြတ်သွားရင်း အိမ်တစ်အိမ်မီးလောင်နေသည်ကိုတွေ့ရသည်။ ထိုင်အိမ်ရှေ့တွင် သစ်ပင်ကိုမှီပြီး ထိုင်နေသောတောသားတစ်ယောက်ကိုလည်း တွေ့ရသဖြင့် ကားမောင်းလာသူက ရပ်ပြီးမေးလိုက်သည်။
ကားမောင်းသူ။ ။ ဟေ့လူ… ခင်ဗျားအိမ် မီးလောင်နေတယ်မဟုတ်လား။
ထိုသူကမလှုပ်မရှက်နှင့်ပြန်ပြောသည်။
တောသား။  ။ ကျုပ်သိပါတယ်……
ကားမောင်းသူ။ ။ အဲဒါ ခင်ဗျား ဘာမှမလုပ်ဘူးလား…
တောသား။  ။ လုပ်တာပေါ့ဗျ… မီးစလောင်ကတည်းက မိုးရွာအောင်ဆုတောင်းနေတာပေါ့…။


ကျနော်လည်း ဘာမှမတတ်နိုင်တော့တဲ့အချိန်ရောက်ရင် မိုးရွာအောင်ဆုတောင်းရမှာပေါ့ဗျာ… လေကြီးမိုးကြီးရွာစေ… လေကြီးမိုးကြီးရွာစေ…။
ပြဿနာတစ်ခုကို စိတ်လိုက်မာန်ပါမလုပ်ရဘူးလို့… လူတိုင်းပြောသံကြားရပါတယ်… ကျနော်ကတော့ စိတ်နောက်ကိုမာန်ကပါခဲ့လို့ ပြဿနာကြီးရပေါင်းများပါပြီ။
တုတ်တပြက်ဓားတပြက်တွေ… ရပ်ကွက်ရုံးတွေမှာထိုးထားရတဲ့ ကျနော့်လက်မှတ်လေးတွေ… ဆိုတော့ကာ… နောက်ထပ်လည်း ဘာမှမဘာချင်တော့တာကြာပါပြီ။ တစ်ချို့ဆိုရင်တော့ ဒီဟာသလေးလို့လုပ်ကြမလားပဲနော်…။

သေဆုံးကာနီး ဇနီးဖြစ်သူ၏နံဘေးတွင် လင်ယောက်ျားဖြစ်သူကထိုင်နေသည်။ ဇနီးသည်က သူ့အား အသံတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
မိန်းမ။ ။မောင်… ကျမမသေခင်လေ ရှင့်ကိုဝန်ချတောင်းပန်ပါရစေ… ရှင့်မီးခံသေတ္တာထဲက ဒေါ်လာတစ်သောင်းယူတာ တခြားလူမဟုတ်ပါဘူး… ကျမပါ… အဲဒီငွေတစ်သောင်းကိုလေ… ရှင့်သူငယ်ချင်းနဲ့အတူတူ ပျော်ပါးပစ်လိုက်တယ်။ နောက်ပြီး ရှင့်အချစ်တော်ကောင်မလေးကိုလည်း ဒီမြို့မှာမနေနိုင်အောင် လုပ်တာလည်း ကျမပါပဲ… ပြီးတော့ အစိုးရကိုရှင် အခွန်ဆောင်ဖို့ ရှောင်လွဲနေတယ်လို့ တိုင်လိုက်တာလည်း ကျမပဲလေ……
ယောက်ျား။  ။ အဲဒါတွေအားလုံးငါသိပါတယ် မိန်းမရယ်… ဒီအတွက်မင်း ၀မ်းနည်းမနေပါနဲ့… ဒါကြောင့်မို့လို့လည်း… မင်းကို ငါအဆိပ်ခတ်လိုက်တာပေါ့။


ဟဲဟဲ…. ဘယ်လိုလဲမိတ်ဆွေ….။
ကျနော်ကတော့ တော်တော်ပေါချာချာနိုင်တဲ့ လူတစ်ယောက်လို့ ကျနော့်သူငယ်ချင်းတွေက ပြောပါတယ် (တကယ်တော့ သောက်ပေါလို့ဆဲကြတာပါ)။ ဘယ်သူတွေ ဘာပြောပြော ကျနော်ရယ်နေခဲ့ပါတယ်… ဘီလူးရယ်လေးပေါ့… ဟိမ်းဟိမ်းဟိမ်းးဟိမ်းးးနဲ့ပေါ့…။ ကျနော်ဘယ်လောက်ထိပေါချာချာနိုင်သလဲဆိုတော့…
ဥပမာ… ကျနော့်ကောင်မလေးနဲ့ တခြားတစ်ယောက်နဲ့ဘာဘာညာညာပေါ့ဗျာ… အဲ့လိုဖြစ်ခဲ့ရင်တောင်မှ ကျနော်က ဒီဟာသလေးအတိုင်း နေနေမယ့် ကောင်မျိုးလေ။

အရက်မူးနေသောလူတစ်ယောက်ကို အိမ်တစ်အိမ်ရှေ့တွင် တွေ့သဖြင့် ရဲအရာရှိတစ်ယောက်က မေးလိုက်သည်။
ရဲ။ ။ ဒါခင်ဗျားအိမ်လား…
ထိုသူ။ ။ ဟုတ်ပါတယ်ဗျာ… အိမ်တံခါးဖွင့်လိုက်ဦးမယ်… လာ… ကျနော်ခင်ဗျားကိုပြမယ်လေ…
ရဲအရာရှိလည်း ထိုအမူးသမားခေါ်ရာနောက်သို့ လိုက်သွားသည်။ အမူးသမားက အပေါ်ထပ်သို့ခေါ်သွားသည်။ အပေါ်ထပ်ရှိ အခန်းတစ်ခန်းကိုဖွင့်ပြီး ၀င်သွားသည်။
ထိုသူ။ ။ ဒါ… ကျနော့်အိပ်ခန်းပေါ့… တွေ့လား.. ခုတင်။ အဲဒါ ကျနော့်ခုတင်ပေါ့ဗျ… ခုတင်ပေါ်မှာအိပ်နေတဲ့ မိန်းမတစ်ယောက်တွေ့လား… အဲဒါ ကျနော့်မိန်းမပေါ့ဗျ… အဲဒီမိန်းမဘေးမှာ အိပ်နေတဲ့ယောက်ျားတစ်ယောက်ကောတွေ့လား…
ရဲအရာရှိ။  ။ တွေ့တယ်ဗျ…
ထိုသူ။  ။ အဲဒါ… ကျနော့်ပေါ့ဗျ…

အဲလိုလေးနေနေမယ့်ကောင်စားမျိုးက ကျနော်ပါ…။
ခုတော့… မိုးနက်မည်းကြီးတွေလည်း စဲသွားပါပြီ။
ငြိမ်းချမ်းလင်းမြတဲ့ ညည့်ဦးယံမှာ မိုးဦးပေါက်အရက်တစ်လုံးနဲ့ ညည့်သုံးယံလုံးတစ်ဝုန်းဝုန်းနဲ့ ပွင့်ဟစေခဲ့ပါပြီ……။
ကျနော်လည်း… အေးမြငြိမ်သက်… တိတ်ဆိတ်စွာပါပဲ……။

မေတ္တာဖျန်း၍ လန်းကြပါစေ…..
မောင်ဥက္ကာ

Credit:
Code: [Select]
http://oakkarkoko.wordpress.com/2010/07/10/%E1%80%80%E1%80%BA%E1%80%B1%E1%80%94%E1%80%AC%E1%80%B9-%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%9E%E1%80%B0%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%9C%E1%80%94%E1%80%B9%E1%80%92/
+3

sysattux

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #459 on: June 24, 2011, 04:36:49 PM »
ပစ်ဂီသို့ အလွမ်းမပြေ

လွမ်း တယ် “ဝက်မ”ရယ်...

နင့်ရဲ့ ကော့ကန် လန်ထွက်နေတဲ့
နှုတ်ခမ်းသားတစုံကို လွမ်းတယ်...

နင့်ရဲ့ ကြီးမားထောင်လွှား
နားကားကားကြီးကို လွမ်းတယ်...

နင့်ရဲ့ သွက်လက်ချက်ချာ
လျှာနုလွှာကို လွမ်းတယ်...

နင့်ရဲ့ ဖောင်းချည်ဖောင်းရက်
ပါးနှစ်ဘက်ကို လွမ်းတယ်...

နင့်ရဲ့ အမြဲပြုံးနေတဲ့
အသည်းနှလုံးကို လွမ်းတယ်...

နင့်ရဲ့ အဆီထူထူ
ဗိုက်ခေါက်ပူကို လွမ်းတယ်...

နင့်ရဲ့ ဆူဖြိုး တစ်ဖု
ပေါင်သားနုကို လွမ်းတယ်...

နင့်ရဲ့ ဖြူဖွေး တင်းကား
သလုံးသားကို လွမ်းတယ်...

နင့်ရဲ့ ဖွံ့ဖွံ့ထွားထွား
နို့အုံသားကို လွမ်းတယ်

နင့်ရဲ့ နူးညံ့ပျော့ပြဲ
သွေးခဲတုံးကို လွမ်းတယ်...

နင့်ရဲ့ ဝမ်းတွင်းကဗျာ
ကလီစာကို လွမ်းတယ်...

နင့်ရဲ့ ညှီနံ့ ငြီးငြီး
အူမကြီးကို လွမ်းတယ်...

လွမ်းတယ်..
လွမ်းတယ်...
လွမ်းတယ် ကွယ်...

ဒီလိုနဲ့
အလွမ်းဟာ
ဝက်သားတုတ်ထိုးသည်ကြီးရဲ့ အနားက
အားမလို အားမရ ဖြတ်လျှောက်သွားရင်း
သူ့ပါးစောင်ကနေ
သွားရည်တွေ တမြမြ
စီး ကျ လို့ နေ ခဲ့ တယ် ...

းဝ) ကိုလူထွေး

Credit to
Code: [Select]
http://koluuhtwe.blogspot.com/2010/02/blog-post_27.html
+4

Tags: