Author Topic: အမောပြေဟာသမှတ်စု  (Read 488753 times)

0 Members and 3 Guests are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +11011
Re: အမောပြေဟာသမှတ်စု
« Reply #440 on: June 19, 2011, 10:08:27 AM »
ရေကူးလို့ရလား

FLORIDA ကမ်းခြေသို့ နိုင်ငံခြားသား ဧည့်သည် တစ်ယောက်ေ၇ာက်လာပြီး သင်္ဘောတစ်စင်း ငှားကာ ငါးဖမ်းထွက်၏။ ငါးမျှားရင်းေ၇ကူးချင်လာသဖြင့် ရေကူးရန်ပြင်သည်
ဒါပေမယ့် သူက မိကျောင်းရှိမှာဆိုးသဖြင့် ဘေးနားက ငါးဖမ်း လှေ ပေါ်မှ လူတစ်ယောက်ကို လှမ်းမေးသည်။
ဒီမှာ မိကျောင်းတွေများရှိသလားဗျ။
မရှိတော့တာနှစ်အတော်ကြာပါပြီဗျာ။
နိုင်ငံခြားသားမှာ အားရဝမ်းသား ရေထဲခုန်ချလိုက်သည်။
ကောင်လိုက်တာဗျာ အေးသွားတာပဲ ။ ဒါနဲ့ မိကျောင်းတွေက ဘယ်လိုပျောက်သွားတာလဲဗျ။
ငါးမန်းတွေရောက်လာလို့ပါဗျာ


ပညာရှင်သုံးဦး

hardware ပညာရှင်တစ်ဦးရယ်၊ system analyst တစ်ဦးရယ် ၊ programmer တစ်ဦးရယ် ကားတစ်စီးပေါ်မှာပါလာကြသည်။ system analyst က ကားမောင်းခြင်းဖြစ်သည်။ တစ်နေရာ ဆင်ခြေလျှောအရောက်တွင် ကားမှာ ဘရိတ်ပေါက်သွားသည်။
သို့နှင့် hand brake ကို ဆွဲသော်လည်း မမိပေ။ ဂီယာကို ချိန်းသော်လည်း အဆင်မပြေဖြစ်နေသည်။ နောက်ဆုံး system analyst က ကြိုးစားရင် ကားမှာ လိမ့်ကာလိမ့်ကာနှင့် ရပ်သွားသည်။
သူတို့ သုံးဦး ကားထဲမှာ တွားသွား ထွက်လာကြပြီး ကားကို ဘယ်လိုလုပ်မလဲဆိုတာကို တိုင်ပင်ကြသည်။
ပထမဆုံး hardware ပညာရှင်က ” ကျွန်တော်ကားထဲ ၀င်ပြီး ဘယ်လိုလုပ်ရမလဲစစ်ကြည့်လိုက်မယ်”
မဟုတ်သေးဘူး ဟု system analyst ကပြောသည်။ ကျွန်တော်တို့ တကယ်တတ်ကျွမ်းတဲ့ ပညာရှင်တစ်ယောက်ရှာပြီး ပြသင့်တာဗျ။
programmer က ” မဟုတ်ဘူးဗျ။ နောက်တစ်ခေါက် ဒါမျိုးမဖြစ်အောင် နောက်တစ်ခေါက်ပြန်လုပ်ကြည့်ပြီး အဖြေရှာရင် မကောင်းဘူးလားဗျ”
+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +11011
Re: အမောပြေဟာသမှတ်စု
« Reply #441 on: June 19, 2011, 07:30:36 PM »
တစ်ပတ်ရိုက်သူ

စားသောက်ဆိုင်တစ်ဆိုင်သို့ အရပ်မြင့်မြင့် ဗလကောင်းကောင်းလူသန်ကြီးတစ်ယောက်ဝင်လာသည်။
''ဒီဆိုင်ထဲမှာစမစ်ဆိုတဲ့ ကောင်ရှိလား'' ဘယ်သူမှအသံမထွက်ချေ။
''ဟေ့ မေးနေတယ်လေ စမစ်ဆိုတဲ့ကောင်ရှိလားလို့''
ထိုအချိန်တွင်ထောင့်တစ်ထောင့်တွင်ထိုင်နေသည့် အကောင်သေးသေးပိန်ပိန်နှင့်လူ့ဖလံလေးတစ်ယောက်
ထွက်လာသည်  ''စမစ်ဆိုတာကျုပ်ပဲ ဘာကိစ္စလဲ'' လူသန်ကြီးကဘာမှမပြောပဲ
လူ့ဖလံလေးကို စိတ်ရှိလက်ရှိထိုးကြိတ်ပြီးထွက်သွားသည်။
လူ့ဖလံလေးဒယီးဒယိုင်ဖြင့်ထလာပြီးပြောသည်
''ဟဲဟဲ ဟိုငနဲကိုကျုပ်တစ်ပတ်ရိုက်လိုက်တာပိုင်တယ်မလား ကျုပ်ကစမစ်မဟုတ်ဘူးဗျ''


ရှင်းရော ..

``မင်း ကဗျာရွတ်ပြိုင်ပွဲမှာ မပါဘူးလား´´ ``ငါ့ .. ငါ့ကို .. မ … မ .. ပြိုင်ရဘူးတဲ့´´ ``ဘာဖြစ်လို့လဲ´´ ``အ .. အရပ် .. ပု .. ပု .. ပုလို့တဲ့။
+5
« Last Edit: June 20, 2011, 09:23:58 AM by tunaye2011 »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +11011
Re: အမောပြေဟာသမှတ်စု
« Reply #442 on: June 19, 2011, 07:42:32 PM »
နှုတ်ဆော့မိခြင်း
ကိုဘမောင်သည် ပါတီပွဲတစ်ခုတွင် မိတ်ဆွေတစ်ယောက်နဲ့ပြန်တွေ့တော့ ၀မ်းသာအားရနှုတ်ဆက်သည်။”ဟေ့....ကိုယ့်လူ။ မတွေ့ရတာကြာပြီပေါ့။ ဒါနဲ့ခင်ဗျားရည်းစားမေရီကော။
သူက ကျုပ်ရည်းစားမဟုတ်တော့ဘူး။”ဟင်..ဟုတ်လား။ ကောင်းပါတယ်။ မေရီက အရမ်းရှုပ်တာ။ ငါးရံ့နှစ်ကောင်အမြဲဖမ်းတယ်။ သူတွဲခုတ်လာတဲ့ ယောက်ျားတွေလည်းအများသား။”
ထိုအခါ မိတ်ဆွေက အံကြီးကြိတ်လျက်
သူကကျုပ်မိန်းမဖြစ်နေပြီဗျ။”

ထူထောင်သူကြီး ဘာလုပ်
မိန်းမပျိုတစ်ဦးကို လူပျိုလှည့်နေခဲ့သော လူရွယ်ကို ထိုမိန်းမပျို၏ ဖခင်ကထူထဲသော မိသားစု ဓါတ်ပုံအယ်လ်ဘမ် တစ်ခုပြသနေခဲ့သည်။ မိသားစုဝင်
 အများအပြား၏ ဓါတ်ပုံများကိုဂုဏ်ယူစွာပြသပြီးနောက်တွင် ခန့် ညားထွားကျိုင်းလှသော သူကြီးတစ်ဦး၏ ဓါတ်ပုံကိုပြသ၍ ၀င်ကြွားစွာဆိုလိုက်သည်။
သူကတော့ ဒီမိသားစုကြီးကို စတင်ထူထောင်လိုက်တဲ့ ငါ့တို့ ရဲ့ ဘိုးအေပေါ့။ဟုတ်လား… သူက ဘာလုပ်ခဲ့သလဲဟုလူရွယ်က မေးလိုက်သည်။
 သူဒီမိသားစုကြီးကိုထူထောင်ခဲ့တာပေါ့ ဟုအဘိုးကြီးက ထပ်ဖြေလိုက်သည်။ကျွန်တော်ဆိုလိုတာက သူဂုဏ်ယူလောက်စရာဘာတွေလုပခဲ့သလဲလို့ 
လူရွယ်လေးက ထပ်မေးလိုက်သည်။
ဟ… အခုလိုထင်ရှားကျော်ကြားအောင်မြင်နေတဲ့တို့ မိသားစုကြီးကိုသူစကန ဦးတည်ထောင်လိုက်တာပေါ့
အဘိုးကြီးကစိတ်မရှည်စွာဖြေလိုက်သည်။လူ၇ွယ်လေးကသက်ပြင်းချ၍ ပြောလိုက်သည်။
အဲဒါကို ကျွန်တော်နားလည်ပါတယ်ဦး၊ ကျွန်တော်ဆိုလိုတာက နေ့ ခင်းဘက်မှာ
သူ ဘာလုပ်ခဲ့လဲလို့ 
+7

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +11011
Re: အမောပြေဟာသမှတ်စု
« Reply #443 on: June 19, 2011, 07:53:53 PM »
အလုပ်ကြိုးစားသူ

“မင်းဟာ တစ်ပတ်အတွင်း ရှစ်ကြိမ်တောင် ဖောက်ထွင်းမှု ကျူးလွန်ခဲ့တယ်လို့ ဆိုထားပါလား”
“ဟုတ်ပါတယ် တရားသူကြီးမင်း။ နေ့မအား ညမအား အလုပ်လုပ်ခဲ့တာပါ။ လူတိုင်း
ကျွန်တော့လိုသာ အလုပ်လုပ်ကြရင် အားလုံးကြွယ်ဝကြမှာ မလွဲပါဘူး”

သွန်သင်ချက်

စက်မှုလုပ်ငန်းပိုင်ရှင် သူဌေးကြီးသည် သူ့စက်ရုံသို့
ရှောင်တခင်ရောက်ရှိလာကာ အလုပ်သမားတစ်ယောက်ကိုမေးမြန်းလိုက်သည်။
“မင်းရဲ့ကြီးကြပ်ရေးမှူးက ဘာတွေ ဘယ်လိုလုပ်ရမယ်ဆိုတာသင်ပြပေးရဲ့လား”
“ဟုတ်ကဲ့ သင်ပေးပါတယ်ခင်ဗျား”
“အေး ကောင်းတယ် ကောင်းတယ်။ အထက်လူကြီးစကားကို ဂရုစိုက်ကွဲ့။ ဒါထက် သူက
ဘာသင်ပေးထားသလဲ”
“သူဌေးလာတာမြင်ရင် သူ့ကို အမြန်လာနှိုးပါလို့ သင်ပေးထားပါတယ်။ အခု
နှိုးပြီးပါပြီခင်ဗျ”

အလှူခံ

ရေကူးကန်ဆောက်လုပ်ရေးအတွက် အလှူငွေကောက်ခံသူများရောက်လာရာ
ယောကျာ်းလုပ်သူက မိန်းမကို လှမ်းအော်ပြီးမေးသည် ။
"မိန်းမရေ...သူတို့ကိုဘယ်လောက်ပေးလိုက်ရမလဲဟေ့ "
"ရေ ၃ ပုံးပေးလိုက် "


+5

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +11011
Re: အမောပြေဟာသမှတ်စု
« Reply #444 on: June 19, 2011, 07:59:48 PM »
ကံကောင်းတယ်

"ခင်ဗျား မနေ့ကအလု ခံရတယ်ဆို "

"ဟုတ်တယ်ဗျာ ၊ လက်ပတ် နာရီနဲ့ ပိုက်ဆံအိတ် ပါသွားတယ် "

"ဒါနဲ့ ခင်ဗျားပြောတော့ သွားလေရာမှာ ခြောက်လုံးပြူးကို ခင်ဗျားအမြဲ
ဆောင်သွားလေ့ရှိတယ်ဆို "

"မှန်ပါတယ် ၊ ဒါပေမဲ့ ကံကောင်းချင်တော့ ခြောက်လုံးပြူးကို
လုတဲ့အကောင်တွေက တွေ့မသွားဘူးဗျ "



ဒါလဲဖြစ်နိုင်တာပဲ


သူငယ်ချင်းနှစ်ယောက် အရက်သောက်နေကြသည် ၊ တစ်ယောက်က ပြောသည် ။

"ငါ့ မိန်းမဟာ ငါ့ အပေါ်မှာသစ္စာမရှိဘူးကွ "

"ဘာဖြစ်လို့လဲ "

"ကြည့်လေ ၊ နယ်ကိုတာဝန်နဲ့ ငါခရီးထွက်တယ် ၊တာဝန်ပြီးဆုံးတော့
ဘယ်နေ့ပြန်ရောက်မယ် ဆိုတာကိုကြေးနန်းနဲ့အကြောင်း ကြားလိုက်တယ် ၊ အဲ ငါအိမ်ပြန်ရောက်တော့ သူ့ကိုတခြား ယောကျာ်း တစ်ယောက်နဲ့ တွေ့တယ် "
ဤသို့ပြောပြီး ခဏကြာတွင် စဉ်းစားဟန်ဖြင့်၎င်း ဆက်ပြောသည် ။"သစ္စာမဲ့တယ်လို့ မုချကြီးတော့စွတ်စွဲလို့ မဖြစ်ဘူး ထင်တယ် ၊ သူ့ခမျာ
ကြေးနန်းကိုမရတာလဲဖြစ် နိုင်တာပဲ "



+4
« Last Edit: June 20, 2011, 09:27:48 AM by tunaye2011 »

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 758
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +4213
Re: အမောပြေဟာသမှတ်စု
« Reply #445 on: June 20, 2011, 01:01:39 AM »
မန်မာအသင်း သည် အိမ်ရှင်အင်္ဂလန်အသင်းကိုငါးဂိုးလေးဂိုးဖြင့်အနိုင်ရဗိုလ်စွဲပြီး

 

ကမ္ဘာ.ချန်ပီယံဖြစ်လာခဲ့သည်။မြန်မာပရိသတ်များကလည်းမြန်မာအသင်းကမ္ဘာ.ချန်ပီယံဖြစ်ခြင်းနှင့်သေချာပေါက်ရှုံးပြီဟု

 

ထင်ထားသောလောင်းကြေးများပြန်လည်အနိုင်ရရှိသဖြင့်အလွန်အမင်းဝမ်းမြောက်ဝမ်းသာဖြစ်ကာရန်ကုန်မြို.အနှံ့ညလုံးပေါက်

 

အောင်ပွဲခံအခမ်းအနားများကျင်းပကြသည်။ညဘက် ၈

 

နာရီကျော်လျှင်အပြင်ထွက်ခွင့်မရသောကောင်မလေးများက

 

မြန်မာအသင်းကိုဂုဏ်ပြုချင်သည်ဟုဆိုကာအပြင်ထွက်လာပြီးချစ်သူတွေနှင့်ချိန်းတွေ.ကြသည်။

 

မြန်မာအသင်းကိုဂုဏ်ပြုသောအားဖြင့်TAXI ကားများက 50% discount

 

ဖြင့်ပြေးဆွဲပေးကြသည်။

 

ဟိုနားဒီနားသွားလိုလျှင်ဆိုက်ကားသမားများကပိုက်ဆံမယူ

 

အလကားလိုက်ပို.ပေးသည်။

 

စည်ဘီယာဆိုင်များကမြန်မာဘီယာတစ်ခွက်သောက်လျှင်ဘဲကင်တစ်စိတ်အလကားကျွေးသည်။

 

(တန်တယ်ဆိုပြီးကျွန်တော်တောင်၎ခွက်သောက်လိုက်သေးသည်)

 

ဘီယာဆိုင်တွင်သီချင်းဆိုသောကောင်မလေးများက "ဦးနှင့်သမီး

 

"သီချင်းအစား"ဂိုးသွင်းကောင်းတဲ့ကိုကို"သီချင်းကိုပြောင်းဆိုသည်။

 

နိုက်ကလပ်များတွင်လည်း dj remix များမဖွင့်ဘဲ "တို.မြန်မာနိုင်ပြီ

 

"သီချင်းကိုဖွင့်ကာကခုန်ကြသည်။

 

မြို.အနှံ့တွင်လည်းအောင်ပွဲခံအခမ်းအနားများဖြင့်စည်ကားနေသည်။ထိုစဉ်ဘောလုံးပွဲပြသောပရိုဂျက်တာများမှသတင်းတစ်ခု

 

ထွက်ပေါ်လာသည်။ထိုသတင်းမှာလာမည့်ကမ္ဘာ.ဖလားဘောလုံးပြိုင်ပွဲအားမြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်

 

ရရှိကြောင်းပင်ဖြစ်သည်။ထိုသတင်းမှာမြန်မာပြည်သူများအတွက်အချိုပေါ်သကာလောင်းသကဲ့သို.ပို၍ချိုမြိန်လှသည်။

 

သိပ်မကြာမီနောက်ထပ်သတင်းတစ်ခုထွက်ပေါ်လာသည်။၎င်းသတင်းသည်မြန်မာပြည်သူတွေအတွက်ကမ္ဘာ.ဖလားအိမ်ရှင်အဖြစ်

 

လက်ခံကျင်းပခွင့်ရရှိခြင်းထက်အဆပေါင်းများစွာပိုမိုပျော်ရွှင်ကြသည်။၎င်းသတင်းမှာ

 

မြန်မာဘောလုံးအသင်းကမ္ဘာ.ဖလားတွင်ဗိုလ်စွဲနိုင်ခြင်းနှင့်မြန်မာနိုင်ငံမှကမ္ဘာ.ဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိ

 

ခြင်းကိုဂုဏ်ပြုသောအားဖြင့်ယနေ.မှစ၍မြန်မာနိုင်ငံတစ်ဝန်းလုံးအား ၂၄

 

နာရီလျှပ်စစ်မီးပေးတော့မည်ဆိုသောသတင်းပင်ဖြစ်သည်။ ။

 

 

ဖျက် ......

.ဟာကွာ..တောက်..... ရေးလို.ကောင်းနေတုန်းမီးကပျက်သွားပြီ။ အင်း...ဘာလုပ်ရင်ကောင်းမလဲ

အိပ်တာဘဲကောင်းပါတယ်လေ ..Z z Z z Zz Z z Z z Z z Z


credit @ ရယ်လိုက်ရအောင်
+5
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

minndattha

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #446 on: June 20, 2011, 01:46:25 PM »
ခွေးချီးကွ

တရံရောအခါက ရွှေအတိပြီးသော မြို့ငယ်လေးတွင် သူတောင်းစားရယ်  ဝန်ထမ်းရယ်  ပညာရှိပရော်ဖတ်ဆြာကြီးတယောက်ရယ် သုံးယောက် အတူလမ်းလျှောက်လာလေသည်

တနေရာ အရောက်တွင် ခွေးချီးပုံ တပုံအား မြင်သော်
သူတောင်းစား
ဟ---ရှေ့မှာခွေးချီးပုံဟ  ဟု တွေးမိပီး ခွကျော်ကာ ဆက်သွားလေသည်

ဝန်ထမ်း
ဟာ----ရှေ့က ဟာ ခွေးချီးလား ဟ? သေချာအောင်ဒုတ်နဲ့ထိုးအုံးမှ ဟုဆိုကာ ဒုတ်တချောင်းဖြင့် မွှေကြည့်ပီးမှ 
သေချာပီ အဒါခွေးချီးဘဲ ဟုဆိုကာ ဆက်သွားလေသည်

ပညာရှိ ပရော်ဖက်ဆြာ

အလို ----ရှေ့မှာ အပုံလေးတပုံဟ ဘာမှန်းမသိဘူး နင်းကြည့်မှ ဟု တွေးကာ ခြေထောက်နှင့် နင်းလိုက်လေသည်
အဲ ဗျစ်---ဆိုပီးအိဝင်သွားတော့ အဒါချီးတမျိုးဘဲ
မှန်း ---ဘာချီးလဲ ခွဲခြားရအောင် အနံ့တော့ ရှူကြည့်မှဟူ့ဆိုကာ ချီးပုံကိုလက်နှင့်ကလော်ပီး နမ်းကြည့်ပီးမှ
ဝေါ့-----ခွေးချီးဟ ဟုပြောကာ ထွက်သွားလေတော့သည်

စကားချပ်းးးးးးးးးးပညာရှိတွေက စူးစမ်းလိုစိတ်ရှိတာနေမှာပါနော်
+6

sysattux

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #447 on: June 21, 2011, 12:20:57 PM »
အသစ်တော့ အသစ်ပဲ


ခေတ်ဆန်သော၊ အလှအပ ကြိုက်တတ်သော၊ ရဲတင်း ပွင့်လင်းသော မိန်းမပျို တဦးသည် လေယာဉ် ခရီးစဉ် တခုတွင် ဘုန်းတော်ကြီး တဦးနှင့် ဘေးချင်း ယှဉ်လျှက် လိုက်ပါလာ၏။

သူမသည် ရင်ခွင်ထဲမှ ခရီးဆောင် လက်ပွေ့အိတ်ကို ဖွင့်ယင်း အထဲမှာ ပါလာသော ပစ္စည်းတခုကို မကြာခဏ ထုတ် ထုတ်ကြည့် နေမိ လေ၏။ သူ၏ မျက်နှာ ပေါ်တွင်လည်း ထိတ်လန့်ခြင်း၊ စိုးရိမ် သောက ဖြစ်ခြင်း၊ ကြံရာ မရ ဖြစ်ခြင်းက ဖုံးမရ ဖိမရ အထင်းသား ပေါ်လွင်လျှက်ရှိသည်။

ထိုသို့ဖြင့် လိုက်ပါလာယင်း မကြာမီတွင် ရုတ်တရက် အကြံတခုရကာ နံဘေးမှ ပတီးစိပ်၍ လိုက်ပါလာသော ဘုန်းတော်ကြီး ဘက်သို့ လှည့်၍...

“တပည့်တော်ကို တခုလောက် ကူညီနိုင်မလား ဘုရာ့” ဟု ပြောလိုက်လေသည်။

ဆိုင်းမဆင့် ဗုံမဆင့် ဆိုလိုက်သော သူမ၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားသော ဖာသာကြီးသည် စိပ်လက်စ ပုတီးကို ပေါင်ပေါ်တင်ရင်း...

“ပြောလေ ဒကာမလေး။ ကိုယ်တော် ကူညီနိုင်တာရှိရင် ကူညီတာပေါ့”

“ဟုတ်ကဲ့။ သမီး ဒီကနေ့ပဲ စူပါမားကက်ကနေ အမျိုးအစား ကောင်းတဲ့ နှုတ်ခမ်းနီတောင့် တတောင့်ကို ဈေးကြီးပေးပြီး ဝယ်လာခဲ့မိ လို့ပါရှင့်။ အသစ် စက်စက်မို့ လေဆိပ်က အကောက်ခွန်မှာ အခွန်တွေ အများကြီး ဆောင်ရမှာ ကြောက်လို့... အဲဒါ ဖာသာကြီးရဲ့ ဝတ်ရုံသင်္ကန်း အောက်ထဲမှာ ဖွက်ပြီး ယူသွားပေးဖို့  အကူအညီ တောင်းကြည့် တာပါ ရှင့်။”

“အင်း... ဒါလောက်တော့ လုပ်ပေးနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းက လိမ်ပြောလို့ မရဘူးကွဲ့။ လေဆိပ်ရောက်လို့ အခွန်ဆောင်စရာ ပါသလား မေးရင် ဘုန်းဘုန်းက အမှန်အတိုင်း ဖြေရမှာ... ဒါလိုဆိုရင်ကော ဖြစ်ပါ့မလား သမီးရဲ့...”

“မှန်ပါ” အမျိုးသမီးမှာ တချက် စဉ်းစားယင်း...

 “ဟုတ်တော့ ဟုတ်တယ် ဘုန်းဘုန်းရဲ့။ ဒါပေမယ့် ဒီလိုလုပ်ရင် မဖြစ်နိုင်ဘူးလား” ဟုဆိုကာ ဘုန်းတော်ကြီးနား နားသို့ တိုးတိုးကပ်ပြော လိုက်သည်။

ထို့နောက် “အဆင်ပြေသွားမှာပါ ဘုရား” ..ဟုဆိုယင်း သူ၏ နှုတ်ခမ်းနီတောင့်ကို အိတ်ထဲမှ ထုတ်၍ ဘုန်းတော်ကြီးအား ပေးလိုက်လေ၏။

... ... ...

လေဆိပ်သို့ ရောက်သောအခါဝယ် တာဝန်ရှိသူ အကောက်အခွန် အရာရှိမှ ဘုန်းတော်ကြီးအား အခွန်ဆောင်ရန် ပစ္စည်းပါလျှင် ထုတ်ပြရန် တောင်းပန်လေ၏။ ထိုအခါ ဘုန်းတော်ကြီးက အမျိုးသမီးငယ် နှင့် တိုင်ပင် ထားသည့်အတိုင်း...

“ဦးခေါင်းကနေ ခါးအထက်အထိတော့ ဘာမှ မပါပါဘူး ဒကာကြီးရဲ့” ဟု ဖြေလိုက်လေသည်။

ဘုန်းကြီး ဖြေလိုက်သော အဖြေကြောင့် ဇဝေဇဝါဖြစ်သွားသော အရာရှိက မကျေနပ်သေးဘဲ...

“ဒါဆို ခါးအောက်ပိုင်းမှာတော့ ပါလာတယ်လား ဘုရာ့” ဟု ပြန်၍ မေးပြန်လေ၏။

“အေးကွဲ့... ခါးအောက်ပိုင်းမှာတော့... ဘုန်းဘုန်းမှာ... အမျိုးသမီးတွေ အတွက် ဟို.. ဟိုဒင်း... ပစ္စည်းတခုတော့ ပါတယ်ကွဲ့... ဒါ.. ဒါပေမယ့် ဘုန်းဘုန်းဘဝမှာ တခါမှတော့ သုံးမကြည့် ဖူးသေးဘူး။ မောင်ရင် ကြည့်ချင်ရင်တော့ ကိုယ်တော် ထုတ်ပြမယ်လေ...”

ထိုသို့ ဖြေလိုက်သော အခါမှာတော့ အကောက်အခွန် အရာရှိ လူငယ်သည် အားရပါးရ ရယ်မောရင်း ဘာမှဆက်၍ မေးမြန်း မနေတော့ဘဲ ဘုန်းတော်ကြီးကို ဆက်လက် ထွက်ခွာခွင့် ပြုလိုက် လေတော့သတည်း။
+6

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +11011
Re: အမောပြေဟာသမှတ်စု
« Reply #448 on: June 21, 2011, 06:56:36 PM »
မိန်းမ၊ ယောက္ခမနှင့် ယောကျာ်း

ကျွန်တော် ကော်ဖီဆိုင်တစ်ခုက ထွက်အလာ တစ်မူထားခြားတဲ့ ဈာပနချပွဲအခမ်းနားတစ်ခု ကိုတွေလိုက်တယ်။ဈာပနချမဲ့ အခေါင်း တစ်ခုရဲ့ နောက်မှာလဲ ပေ ၅၀ လောက် ကွာပြီး နောက်ထပ်
အခေါင်းတစ်ခုက ကပ်ပါလာတယ်။ဒုတိယ အခေါင်းရဲ့ နောက်မှာတော့ ခွေးမဲကြီးတစ်ကောင်နဲ့ လူတစ်ရောက်လမ်းလျှောက်ရင်းလိုက်လာတယ်။အဲ့ဒီလူရဲ့နောက်မှာတော့ အမျိုးသား ၂၀၀ လောက် တန်းစီပြီး လိုက်ပါလာကြတယ်၊၊ကျွန်တော် သိလိုစိတ်က ဘယ်လိုမှတားမရနိုင်တော့တာနဲ့ ခွေး ကိုင်ထားတဲ့လူနား အသာလေးကပ်သွားပြီး.........။
""မိတ်ဆွေရဲ့ ဆုံးရှုံးမှုတွေတွက်တော့ စိတ်မကောင်းပါဘူးဗျာ။ခုချိန်မှာ မိတ်ဆွေကို အနှောက်ယှက်ပေးဖို့ မသင့်တော်မှန်းလဲ ကျွန်တော်သိပါတယ်။ဒါပေမယ့်ပေါ့ ကျွန်တော်ဘဝမှာ ခုချိန်ထိ ဒီလို ဈာပနအခမ်းနားကျင်းပတာမျိုး တစ်ခါမှ မကြုံဖူးလို့ပါ။ဘယ့်သူ့ ရဲ့ ဈာပန မို့လဲဗျ၊""
ထိုလူက တည်ငြိမ်စွာပဲ ပြန်ဖြေတယ်...
"" ပထမ အလောင်းက ကျွန်တော်ရဲ့မိန်းမပေါ့...""
""' မိတ်ဆွေ ရဲ့ မိန်းမက ဘာဖြစ်လို့ ဆုံးသွားတာလဲဗျ...""""
" အင်း....ကျွန်တော်မွေးထားတဲ့
ီဒီခွေးလေ... ဒီကောင်ကြီးကိုက် လို့ ဆုံး သွားတာပေါ့။...""
""ဒါဆိုဗျာ နောက် ထပ်အလောင်း တစ်ခုကရော ဘယ်သူ့ အလောင်း လဲ ဗျ...""""
" အော် အဲ့ ဒါကတော့ ကျွန်တော့် ယောက္ခမ ကြီးပေါ့။
သူကလဲ သူ့ သမီးကိုခွေးကိုက်နေတာ တွေ့တော့ ဝင်ကူညီရင်းသူပါခွေးကိုက်ခံရပြီး ဆုံးသွားတာပါ။""နှစ်ယောက်သား ခဏအကြာတိတ်ဆိတ်နေခဲ့တယ်ခဏ အကြာမှာ တော့ ကျွန်တော် စိတ်အားတက်ကြွစွာနဲ့ မေးလိုက်တယ်......
" ခင်းဗျားရဲ့ ခွေးကို ကျွန်တော့် ငှါးပါလားဗျာ...""""
" ဒါဆို ခင်းဗျားလဲ နောက်မှာ ဝင်တန်းစီလေ...""
+5

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 758
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +4213
Re: အမောပြေဟာသမှတ်စု
« Reply #449 on: June 22, 2011, 06:30:54 AM »
Facebook ၏အလှပဂေးများကိုလိုက်လံငမ်းမောကြည့်ရှုရာမှရရှိလာသောဓါတ်ပုံပညာရပ်ဆိုင်ရာ ဗဟုသုတများကို နောင်လာနောက်သားများအတုယူနိုင်ရန်ဖော်ပြအပ်ပါသည်။

 

- အသုံးအများဆုံးနည်းလေးကတော့ နှုတ်ခမ်းလေးကိုစူရင်စူ၊ ပါးလေးကိုဖောင်းရင်ဖောင်း၊ ဒါမှမဟုတ် လျှာကလေးကိုတစ်လစ်တစ်လစ်လုပ်လိုက်ပါ။ ဒါမှမဟုတ်လည်း ၃ခုလုံးပြိုင်လုပ်ချင်လဲရပါတယ်။ ပိုလှချင်သေးရင်တော့ လက်ညှိုးနဲ့ ပါး ဒါမှမဟုတ် နှုတ်ခမ်းကိုထောက်လိုက်ပါ။ ပြီးတော့ ရိုးသားသယောင်ယောင် (သို့) အံသြသယောင်ယောင် (သို့) Feel တက်နေသယောင်ယောင်မျက်နှာပေးလုပ်ချင်လဲရပါတယ်။ စိတ်ကျေနပ်ပြီဆိုရင်တော့ Camera မီးကျွမ်းအောင်ရိုက်လို့ရပါပြီ။ ဒီရုပ်ဒီရည်နဲ့ ပုံ ၁၀၀ ရိုက်ရင် ၁ပုံတော့လှမှာပဲ။ အင်း၊ ကြိုက်တဲ့ပုံရပြီဆိုရင်တော့ မြန်မြန်သာ Upload လုပ်ပေတော့။ အစ်ကိုကာလသားတွေမြန်မြန်ငမ်းလို့ရအောင်။

 

- နောက်တစ်နည်းကတော့ ကိုင်းထူထူနဲ့မျက်မှန်၊ ဒါမှမဟုတ် မှန်မပါတဲ့မျက်မှန်တပ်ပြီးရိုက်နည်းပါပဲ။ ကိုင်းကအရောင်စုံဆိုရင်ပိုတောင်ကောင်းသေး။ ဘာကြောင့်ဒီနည်းကိုသုံးသင့်လဲဆိုရင် မျက်မှန်ကိုင်းကထူတော့ မျက်နှာပေါ်က တင်းတိပ်၊ ဝက်ခြံ၊ ကြက်ခြံတွေကို ဖုံးပြီးသားဖြစ်သွားတာပေါ့ကွယ်။ ပြီးတော့ မျက်မှန်ကိုပဲ အာရုံရောက်နေကြတော့ ကိုယ်မလှတာလူသတိမထားမိဘူးပေါ့။ ဒါတောင်အဆင်မပြေသေးဘူးဆိုရင်တော့ မျက်နှာတစ်ဝက်လောက်ဖုံးတဲ့ နေကာမျက်မှန်ကြီးတွေတပ်ပြီးရိုက်လို့ရပါသေးတယ်။ အခြောက်ကြီးဆိုရင်တောင်လူသိမှာမဟုတ်ဘူး။ ပြီးတော့ ပျားလိုလို၊ ယင်ကောင်လိုလို၊ ပုတုန်းလိုလိုနဲ့ လူတောင်ရှိန်သေး။

 

- ပိုလှချင်ပါသေးတယ်ဆိုရင်တော့ ဟိုဂျပန်ကာတွန်းကားတွေထဲကလို မျက်ဆံကြီးကြီး အရောင်တောက်တောက်တွေနဲ့ မျက်ကပ်မှန်တွေတပ်ပြီးရိုက်လို့ရပါသေးတယ်။ လန်းလွန်းလို့ ကိုယ့်ရုပ်ကိုယ်တောင်မှတ်မိမှာမဟုတ်ဘူး။ အဲဒီမျက်လုံးတွေကြိုက်တဲ့ကောင်လေးနဲ့တွေ့လို့ ရည်းစားရရင်တော့မပူပါနဲ့။ မျက်ကပ်မှန်ကို အိပ်တဲ့အချိန်ကျမှချွတ်ပေါ့။ အိပ်တဲ့အချိန်ဆိုတော့သူလည်း မျက်လုံးကိုစိတ်ဝင်စားမှာမဟုတ်ပါဘူး၊ (တစ်ခြားစိတ်ဝင်စားစရာတွေရှိတာကိုး)။

 

- အော်၊ ပြီးတော့ မျက်လုံးကြီးကြီးနဲ့တော့လှချင်တယ်၊ ဒါပေမယ့် မျက်ကပ်မှန်မတပ်ချင်ဖူးဆိုလဲ တစ်နည်းရှိသေးတယ်။ အိမ်မှာသကြားရှိတယ်ဟုတ်? အင်း၊ အဲဒီသကြားကို လက်ဘက်ရည်ဇွန်းတစ်ဇွန်းလောက်ခပ်ပြီး စားပွဲပေါ်မှာတင်၊ ပြီးရင် ဘူးအလွတ်တစ်လုံးနဲ့ စောင့်နေ။ ခဏနေ ပုရွက်ဆိတ်တွေလာလိမ့်မယ်။ သူတို့ကိုဘူးနဲ့ဖမ်းပြီး တစ်နေ့တစ်ဘူးမှီဝဲဗျ။ ဘာကောင်းလဲဆိုတော့ မသိဘူးလေ၊ လူကြီးတွေပြောတာက ပုရွက်ဆိတ်စားရင် မျက်လုံးပြူးတယ်ဆို။

 

- နောက်ထပ်တစ်နည်းကတော့ အိမ်မှာ မွှေးပွရုပ်တွေရှိရုံနဲ့ အလုပ်ဖြစ်ပါတယ်။ လုပ်ရမှာက ညဝတ်အင်္ကျီကိုဝတ်၊ ပြီးတော့ဆိုဖာ၊ ဒါမှမဟုတ် ကုတင်ပေါ်မှာထိုင်၊ အရုပ်ကလေးကို ချစ်စဖွယ်ပိုက်ပြီး အိမ်ကလူတစ်ယောက်ယောက်ကို Camera ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင်ဟာ ချစ်စရာ့အရွယ် နို့နံ့မစင်သေးတဲ့ကလေးမငယ်စတိုင် ဓါတ်ပုံတစ်ပုံရဲ့ ဂုဏ်ယူဖွယ်ပိုင်ရှင်ဖြစ်သွားပါပြီ။ သူများတွေလည်းဂုဏ်ယူလို့ရအောင် Facebook မှာတင်ဖို့မမေ့နဲ့အုံးနော်။

 

- တကယ်လို့ Cute ဖြစ်တာမကြိုက်ပဲ ပူစပ်ပူလောင် Hot & Sexy ကိုကြိုက်ပါတယ်ဆိုရင်တော့ပထမဆုံး Stocking တစ်ထည်ရှာပါ၊ အပေါက်တွေပါရင်ပိုကောင်းပါတယ်။ ပြီးတော့အခုဝတ်နေတဲ့အင်္ကျီထက် ၄ ဆိုဒ်လောက်သေးတဲ့အင်္ကျီကိုရှာပါ။ အဲဒါတွေဝတ်ဆင်လိုက်ရင်တော့ မယ်စကြာဝဠာရှူံးလောက်တဲ့၊ ကိုယ့်မှာရှိနေမှန်းတောင်မသိငုပ်လျှိုးနေခဲ့တဲ့ ကျပ်ထုပ်တင်းရင်းနေတဲ့အလှတွေပေါ်ထွက်လာပါလိမ့်မယ်။ ဓါတ်ပုံရိုက်ရင်လည်း ဒီအလှတွေပေါ်အောင်လို့ Camera ကို အပေါ်ကနေချိန်ပြီးရိုက်ပါ။ ရှုခင်းကောင်းတာပေါ့။ ဒါမှမဟုတ်ရင်လည်းမှန်ထဲကနေတစ်ဆင့် Angle ပေါင်းစုံကနေစမ်းပြီးရိုက်ကြည့်ပါ။ ကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီး ကိုယ်ကိုတိုင်တောင် မရိုးမရွဖြစ်လာပြီ ဆိုရင်တော့ သင်ဟာနောက်ထပ်ဂုဏ်ယူဖွယ်ရာ ကောက်ညှင်းထုပ်ဓါတ်ပုံ၏ပိုင်ရှင်ဖြစ်သွား ပြီဆိုတာ သိရှိလိုက်ပါတော့။ ပြီးတော့ဒီနေရာမှာယူတတ်ရင်ရမယ့်အခွင့်အရေးလေးတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ Camera အစား Phone နဲ့ဓါတ်ပုံရိုက်တာပါပဲ။ မှန်ထဲမှာရိုက်တာဆိုတော့ ဓါတ်ပုံထဲမှာ သင့် Phone လဲပါလာမယ်လေ။ သင့်၏ တန်ဖိုးကြီးပြီး ဖန်ရှင်စုံပေသော iPhone 10Gs (သို့) HTC Superhero OMFG! (သို့) Sony Ericsson Zeperia Z20 (သို့) Nokia N-Gazillion အစရှိသောအမျိုးကောင်းသား/သမီး Handsetတို့ကိုအသင်၏ခန္ဓာကိုယ်အလှနောက်ခံထားကာ တစ်ကမ္ဘာလုံးမနာလိုအားကျကြောင်းငှာ ကြွားဝါပြသမည့်အရေး ဤနှယ်ကောင်းမွန်သောအခွင့်အရေးထူးကြီးအား အဘယ်မှာတွေ့ရပါညားအံ့။ ထို့ကြောင့်ဤအခွင့်အရေးထူးကြီးအား လက်မလွတ်ရလေအောင် အမိအရယူပါလေ။

 

- ဒီလိုအံ့မခန်းဓါတ်ပုံတွေရိုက်မယ်ဆိုရင် Setting ကောင်းကောင်းလိုပါတယ်။ Facebook မှာ popular ဖြစ်နေတဲ့နေရာတွေကတော့ Photo studio၊ ပန်းခြံပေါင်းစုံ၊ အဆောက်အဦးများ၏အပေါ်ဆုံးထပ်၊ အင်တာနက်ဆိုင်၊ hotel & restaurants တွေမှာရှိတဲ့ ကျွန်တော့်အခန်းထက်တောင်ကောင်းတဲ့ အဆင့်မှီအိမ်သာကြီးများ၊ ပြီးတော့ အိပ်ခန်း၊ ရေချိုးခန်း အစရှိသဖြင့်ပါပါတယ်။ ကိုယ်ဥာဏ်ရှိရင်ရှိသလောက် ဆန်းသစ်တီထွင်ရိုက်ကူးလို့ရတဲ့အတွက် အကျယ်တဝင့် မညွှန်ကြားတော့ပါဘူး။

 

- နောက်ဆုံးအနေနဲ့ ဓါတ်ပုံရိုက်ပြီးလို့ Profile Picture တင်တော့မယ်ဆိုရင်တော့ photo frame၊ ဒါမှမဟုတ် စာလေးတွေ၊ အသည်းပုံလေးတွေမပါရင်မပြီးပါဘူး။ တွေ့ရတတ်တဲ့ စာလေးတွေကတော့ "ZOMG I’m sO fUCkiNg CuTE!!!!!1122@@", "I miss you so much that I'm posting my cute/revealing photos on Facebook", "I am so hot I'm jealous of myself", "Your boobs are smaller than mine bwaa haa haa" အစရှိသဖြင့်ဖြစ်ပါတယ်.

 

အထက်ပါညွှန်ကြားချက်တွေကိုလိုက်နာခဲ့မယ်ဆိုရင်တော့ သင်ဟာ Friends ရာ၊ ထောင်ချီပိုင်ဆိုင်တဲ့ Facebooker တစ်ယောက်အဖြစ်ကိုမကြာမီရောက်ရှိပါတော့မယ်။ အဲဒီ Friends တွေထဲမှာ ပုရိသတွေကတော့ 99.9999999999% ဆိုတာပြောစရာလိုမယ်မထင်ပါဘူး (အဲဒီလိုဖြစ်အောင် လုပ်ထားတာပဲ ဟာပဲ ဟာပဲ ဟာကို)။

 

ထပ်ပြီးဂုဏ်ယူစရာကတော့ သင်ဟာဒီပုရိသတွေရဲ့ comment တွေနဲ့ ချီးမြောက်မှုတွေကြားမှာ မျက်နှာပန်းပွင့်လန်းလာတော့မှာ မလွဲဧကန်ပါပဲ။ အဲဒီလို ချီးကျူးဂုဏ်ပြုမှုတွေကို ကြိုတင်ခံစားလို့ရအောင် comment နမူနာလေးတွေကို ကျွန်တော့်ရဲ့မှတ်ချက်လေးတွေနဲ့အတူ ဖေါ်ပြပေးပြီး ဒီ Guide ကိုနိဂုံးချုပ်အပ်ပါတယ်။

 

•    "လန်းတယ်နော်" (“ဟုတ်၊ ကျေးဇူးနော်”)

 

•    "so beauty" (English လိုပြောပြီးအထင်ကြီးလဲခံချင်သေး၊ Grammar ကလဲမပိုင်)

 

•    "စားချင်စရာကြီး" (အတော်ပဲ toilet က flush လုပ်လို့မရတာနဲ့)

 

•    “ဘယ်လိုကြည်ကြည်အမြဲလှတယ်”  (မြန်မာစာလုံးတောင်မှန်အောင်မပေါင်းဘူး)

 

•    သြော်--- သဘာဝတရားကို ပိုပြီးပြည့်စုံလှပသွားအောင် လှပနေသူပါလားနော် (“သဘာဝတရားကို အကျည်းတန်အောင် ပေါရဲသူပါလားနော်”)

 

•    _____ ရဲ့ပါးပေါ်က မှဲ. လေးဖြစ်ချင်လိုက်တာ (“ဟင့်အင်း၊ ကျွန်မကမှဲ့ရုပ်ဆိုးကြီးလိုချင်ဘူး”)

 

•    ကြည့်ကောင်းလို့ ______ ရဲ့ ပုံကို desktop မှာတင်ထားလိုက်ပြီ (“ရှင့် PC က Core i7 မဟုတ်ရင်တော့ sorry ပဲ)

 

•    BeeeeeeeeeeeeeeOoooooooooooooTeeeeeeeeeeeeeeeeeeeeFuuuuuuuuuuuuuuuuuuuLLLLLLLLLLLLLLLLLL!! ;) (“Sorry but I don’t talk to people who have trouble spelling.”)

 

ကဲတော်လောက်ပါပြီ၊ ဆက်ရေးလို့ကတော့ပြီးတော့မှာမဟုတ်ဘူး။ ဒါတောင်ဒီ comment တွေက တစ်ယောက်ထဲဆီကယူထားတာ၊ ဘယ်သူလဲဆိုရင်တော့ပြောပြဘူး :P

 

Disclaimer: ဤဆောင်းပါးကိုမည်သူတစ်ဦးတစ်ယောက်ကိုမျှ နာကျင်ထိခိုက်စေလိုသောရည်ရွယ်ချက်ဖြင့် ရေးသားခြင်းမဟုတ်ပါ။ အပျော်သဘောဖြင့်သာရည်ရွယ်ပါသည်။ တိုက်ဆိုင်မှုမရှိကခွင့်လွှတ်စေလိုပါသည် :P

 

ပုံ

Chilly Chan
+2
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Tags: