Author Topic: အမောပြေဟာသမှတ်စု  (Read 464599 times)

0 Members and 1 Guest are viewing this topic.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #430 on: June 18, 2011, 05:12:08 PM »
သူတို့မသိဘူး

မိမိကိုယ်မိမိ စပါးစေ့ဟု ထင်နေသော စိတ်ဝေဒနာရှင် တစ်ယောက် စိတ်ရောဂါ
အထူးကု ဆေးရုံသို့ ရောက်လာသည်။

လအနည်းငယ်ကြာ ကုသမှု ခံယူပြီးနောက် မိမိကိုယ်မိမိ လူဖြစ်သည်ဟု
အသိအမှတ်ပြုသောကြောင့် ဆေးရုံမှ

ဆင်းခွင့်ပေးလိုက်သည်။ သို့သော် ဆေးရုံမှ ထွက်ပြီး မိနစ်ပိုင်းအတွင်း
ကြောက်လန့်တကြားဖြင့် ဆေးရုံထဲငှင်းပြန်ပြေးဝင်လာသည်။ ဆရာဝန်ကမေးသည်။

“ဘာဖြစ်လာတာလဲဗျ”

“လမ်းပေါ်မှာ ကြက်တွေ တွေ့လို့ဗျ”

“အဲဒါ ဘာဖြစ်လဲ၊ ခင်ဗျား ဘာကို ကြောက်စရာလိုလဲ အခုခင်ဗျားဟာ လူဖြစ်တယ်
စပါးစေ့ မဟုတ်ဘူးဆိုတာ ခင်ဗျားသိနေတာပဲ”

“ဒါပေမဲ့ ကြက်တွေ အဲဒါကို မသိဘူးခင်ဗျ”

စိုးရိမ်လို့ပါ..

ရောဂါကြီးသဖြင့် လုံးဝ မျှော်လင့်ချက်မရှိတော့သော လူနာအဖြစ် ဆရာဝန်များ
လက်လျှော့ထားကြသော ကိုမေတ္တာက

ဇနီးသည်ကို ပြောသည်။

ယောက်ျား။ ။”မင်း ငါ့အပေါ် တစ်သက်လုံး သစ္စာစောင့်ခဲ့တဲ့ မိန်းမ
ဖြစ်ကောင်းဖြစ်မယ်။ သစ္စာဖောက်ခဲ့တာလည်း

ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘယ်လိုလိုပဲဖြစ်ဖြစ် ငါမသေခင် အမှန်ကို
သိသွားချင်တယ်ကွာ.. ငါ့ကို

မှန်မှန်ပြောပါ။ ငါ့ကိုမင်း သစ္စာ ဖောက်ခဲ့ဖူးသလား”

မိန်းမ။ ။”မတော်တဆ ရှင်မသေရင် ဘယ့်နှယ် လုပ်မလဲ”

+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #431 on: June 18, 2011, 05:27:27 PM »



နတ်ပြည်သွားချင်သလား
အရက်ဘားအတွင်းသို့ဘုန်းတော်ကြီးတစ်ပါးဝင်ရောက်လာပြီးလူတစ်ယောက်အား

ဘုန်းတော်ကြီး ။ ။ မင်းနတ်ပြည်သွားချင်သလား..

ပထမလူ ။ ။ သွားချင်ပါတယ်…

ဘုန်းတော်ကြီး ။ ။ဒါဆို ဒီဘက်မှာလာရပ်ချေ..

နောက်တယောက်အားလည်း

ဘုန်းတော်ကြီး ။ ။ မင်းရောနတ်ပြည်သွားမလား…

ဒုတိယလူ ။ ။ သွားချင်ပါတယ်. ဖာသာ..

ဘုန်းတော်ကြီး ။ ။ ဒါဆိုမင်းလည်းဒီဘက်လာရပ်…

ဘုန်းတော်ကြီးလည်းနောက်ဆုံးတစ်ဦးအား

ဘုန်းတော်ကြီး ။ ။ မင်းရော နတ်ပြည်လိုက်မယ်မလား….

တတိယလူ ။ ။ ဟင့်အင်း..

ဘုန်းတော်ကြီး ။ ။ ဘာဖြစ်လို့တုန်း… မင်းသေရင်နတ်ပြည်မရောက်ချင်ဘူးလားကွ…

တတိယလူ ။ ။ အော်သေမှလား ကျွန်တော်ကအခုချက်ချင်းသွားဖို့လူစုနေတာမှတ်လို့.
+3
« Last Edit: June 20, 2011, 09:18:34 AM by tunaye2011 »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #432 on: June 18, 2011, 05:28:50 PM »
ဒီလောက်တော့ရှိပြီပေါ့

ပြီးခဲတဲ့အားလပ်ရပ်မှာကျွန်တော်လည်း ပြတိုက်သို့သွားလေ့လာဖြစ်ခဲ့သည်။ ဒိုင်နိုဆောအရိုးစုများပြသသောနေရာအရောက်တွင် Tyrannosaurus (T Rex) အရိုးစုတစ်ခုအားကြည့်ရင်း နဘေးမှ ပြတိုက်ဝန်ထမ်းအားမေးလိုက်မိသည်။

ကျွန်ပ် ။ ။ ဒီအကောင်ကြီးတွေ ရဲ့သက်တမ်းဘယ်လောက်များရှိသွားပလဲဗျ

ဝန်ထမ်း ။ ။ နှစ်ပေါင်း ၆၅သန်း၊ နှစ်နှစ်၊ လေးလ နဲ့ ၂၈ရက်ရှိပြီဗျ…

ကျွန်တော်လဲအံ့အားသင့်သွားပြီး

ကျွန်ပ် ။ ။ ဘာလို့ဒီလောက်တောင်အတိအကျပြောနိုင်ရတာလဲ

ဝန်ထမ်း ။ ။ လွန်ခဲ့တဲ့ နှစ်နှစ်နဲ့လေးလ ကျော်က ကျွန်တော်အလုပ်ဝင်တုန်းက ဒီကောင်ကြီးတွေ သက်တမ်းက ၆၅သန်းလေ… ဒီလောက်တော့အသာလေးရှိပြီပေါ့ဗျာ….တဲ့

ချစ်စရာကောင်းသော ချစ်သူ

ချစ်သူနှစ်ယောက် အလွန်သာယာသော လယ်ကွင်းပြင်သို့ လက်တွဲ၍ လမ်းလျှောက်လာကြသည်။
လမ်းတွင် နွားမကြီးက နွားကလေးလေးအား နမ်းနေသည်ကို တွေ့ကြသောအခါ ကောင်လေးက ကောင်မလေးအား ပြောလိုက်သည်
“အချစ်ရယ် ကြည့်စမ်း ဟိုမှာ နွားမကြီးက နွားကလေးကို နမ်းနေတာ ဘယ်လောက် အားကျစရာကောင်းလဲ ကိုယ်လဲ အဲ့လိုနမ်းချင်လိုက်တာ”
ကောင်မလေးပြန်ပြောလိုက်သည်မှာ “မောင် နမ်းချင် သွားနမ်းလေ ချစ် ဒီကစောင့်နေမယ်”
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #433 on: June 18, 2011, 05:31:00 PM »
လက်မရွံလူသတ်သမား

စီအိုင်အေသည် လက်မရွံလူသတ်သမား အတွက်လူရွေးချယ်လျှက်ရှိသည်။ နောက်ခံကိုယ်ရေးရာဇ၀င်များ၊ အင်တာဗျူးများနှင့် စစ်ဆေးမှုများပြုလုပ်ပြီးနောက် ဇကာတင်အဖြစ်သုံးယောက်ထွက်ပေါ်လာသည်။ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။

နောက်ဆုံးစစ်ဆေးမှုအနေဖြင့် တစ်ဦးချင်းကို သထ္တုခန်းမကျယ်တစ်ခုဆီသို့ခေါ်ဆောင်သွားပြီး သေနတ်တစ်လက်ပေးလေ၏။

အရာရှိ ။ ။” မင်းတို့ဘယ်လိုအခြေအနေနဲ့ပဲကြုံကြုံအားလုံးအမိန့်ကိုလိုက်နာရမယ်ဆိုတာသိတယ်မဟုတ်လား, ဒီအခန်းထဲမှာမင်းရဲ့မိန်းမ ထိုင်ခုံတလုံးပေါ်မှာထိုင်နေလိမ့်မယ် သူ့ကိုပစ်သတ်လိုက် ”

ပထမယောင်္ကျား ။ ။ ” ခင်ဗျားဘာတွေလာပြောနေတာလဲ. ကျုပ်မိန်းမကိုတော့မသတ်နိုင်ဘူး။ ”

အရာရှိ ။ ။ “ဒါဆိုမင်းမဖြစ်နိုင်ဘူး။”

ဒုတိယောက်ျားအလှည့်တွင်လည်းအလားတူအမိန့်ပေးလေသည်။ ဒုတိယလူလည်း သေနတ်ယူကာအခန်းတွင်းသို့ဝင်လေသည်။ ငါးမိနစ်ခန့်ငြိမ်သက်သွားပြီးနောက်… မျက်ရည်တွဲလဲဖြင့်ပြန်ထွက်လာလေသည်။

ဒုတိယယောက်ျား ။ ။ “ကျွန်တော်ကြိုးစားပြီးပြီဗျာ… ဒါပေမဲ့ကျွန်တော်မိန်းမကိုတော့မသတ်ရက်ဘူး”

အရာရှိ ။ ။ “ဒါဆိုမင်းမှာလဲလိုအပ်တဲ့အရည်အချင်းမရှိဘူး.. မင်းမိန်းမကိုခေါ်ပြီးပြန်တော့”

နောက်ဆုံးအမျိုးသမီးအလှည့်တွင်လည်း၎င်း၏လင်ယောက်ျားဖြစ်သူကိုသတ်ရန်အမိန့်ပေးပြန်၏။
အမျိုးသမီးလည်း သေနတ်ယူကာအခန်းတွင်းသို့ဝင်လေသည်။ ထိုနောက် သေနတ်ပစ်ခတ်သံများတချက်ပြီးတချက်ကြားရလေသည်။ ၎င်းနောက် အော်ဟစ်သံများ၊ ကွဲရှသံများနှင့် နံရံကိုထုနှက်သံများကိုကြားရလေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက်တိတ်ဆိတ်သွားပြီး တံခါးကိုဖြေးညှင်းစွာပွင့်သွားပြီးအမျိုးသမီးထွက်လာလေသည်။နဖူးပေါ်မှချွေးများကိုသုတ်လိုက်ပြီးနောက် ပြောလိုက်ပါ သည်။

“ရှင်တို့ကကျည်တွေကို ဗလာတွေထည့်ထားတာကိုး
ကျွန်မမှာသူ့ကိုခုံနဲ့မနည်းရိုက်သတ်လိုက်ရတယ်”
+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #434 on: June 18, 2011, 05:34:28 PM »
မလောက်လို့
ခါးပိုက်နှိုက်တစ်ဦးသည်တရားရုံးတွင် အပြစ်ရှိကြောင်းထင်ရှား၍ ထောင်ဒဏ် ၈လ (သို့) ဒေါ်လာ ၂၀၀ဒဏ်ဆောင်ရန်တရားသူကြီးမှအမိန့်ချလေသည်။ တရားခံရှေ့နေသည် ၎င်း၏အမှုသည်မှာ ဒဏ်ငွေမပေးနိုင်မှန်းသိသဖြင့်အောက်ပါအတိုင်းလျှောက်ထားလေသည်။

“တရားသူကြီးခင်ဗျား… ကျွန်တော်၏အမှုသည်မှာ ဒဏ်ငွေ ဒေါ်လာ ၅၀သာဆောင်နိုင်ပါတယ်။ ဒါပေမဲ့ သူကို့လူတွေကြားမှာမိနစ်အနည်းငယ်နေခွင့်ပြုရင်တော့ ဒေါ်လာ ၂၀၀ တတ်နိုင်ပါလိမ့်မယ်….”

ကိုယ်လိုလူပဲမို့
ပယမလူ၊            ၊ ဟေ့ မင်း မိန်းမ မယူသေးဘူးလား
ဒုတိယလူ၊       ။ မစဉ်းစားရဲသေးပါဘူးကွာ၊
ပထမလူ၊         ။ဟာ…ဘာဖြစ်လို့လိုလဲ၊
ဒုတိယလူ၊        ။နေစရာအိမ်မှ မဝယ်နိုင်သေးတာ၊
ပထမလူ၊           ။ဟာ……ဒါများဘာခက်တာမှတ်လို့၊ ယူပြီးယောက္ခမအိမ်ပေါ် တက်နေလိုက်၊ နောက်မှ စုဆောင်းပြိးကိယ့်ဟာကိုယ် အိမ်ခွဲဆင်းကြပေါ့၊
ဒုတိယလူ၊          ။ အဲဒါ ခက်တာပေါ့၊ ငါတက်နေမယ့် ယောက္ခမတွေတောင် သူတို့ရဲ့ယောက္ခအိမ်မှခုထိကပ်နေကြတုန်းမို.လို.ပါ။

ပိုင်ရှင်
ကိုမြ။                  ။ ဟာ…..ကိုလှပါလား၊ အတော်ပဲဗျို့၊ ခင်ဗျားဟိုတစ်နေ့က ကျုပ်ဆီက ငှားသွားတဲ့ ဖောင်တိန်လေးပြန်လိုချင်လို့၊
ကိုလှ၊                 ။ အယ်……ဒုက္ခပဲ၊ အဲဒီဖောင်တိန်ကို ကျနော် သူငယ်ချင်းတစ်ယောက်က ခဏဆိုပြီး ထပ်ငှားသွားတယ်ဗျ၊ ခင်ဗျားကအခုချက်ချင်းပြန်ယူချင်လို့လား၊
ကိုမြ၊           ။ ကျနော် က ပြန်မယူချင်ပါဘူး၊ ခုအဲဒီဖောင်တိန်ပိုင်ရှင်က ကျနော်ကို လာတောင်းနေလို့ပါ၊
+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #435 on: June 18, 2011, 05:38:07 PM »
အလစ်သမား
ဂျာကင်တစ်ထည်ကိုကိုင်ပြီးလျှောက်လာသောလူငယ်ကိုလူကြီးတစ်ယောက်ကမေးသည်..
“မောင်ရင့်လက်ထဲက ဂျာကင်အင်မတန်လှပါလား၊ဘယ်ဆိုင်ကလဲ..”
“တစ်လမ်းကျော်က စတိုးဆိုင်ကပါ..”
“၀ယ်နေတဲ့လူ များလား..”
…”ဟင့်အင်း တစ်ယောက်မှမရှိဘူး..အရောင်းစာေ၇းလဲမရှိဘူး…..ဆိုင်မဖွင့်သေးဘူးနဲ့တူတယ်..”

ဂလဲ့စား…


ဟိုးရှေ့ရှေ့တုန်းကရွာတစ်ရွာမှာအရမ်းခင်တဲ့သူငယ်ချင်းနှစ်ယောက်ရှိကြတယ်…သူတို့နှစ်ယောက်ထဲက

( ၁ )ယောက်မှာကမြင်း(၁)ကောင်ရှိပြီးကျန်(၁)ယောက်မှာကလှေတစင်းရှိတယ်…

အဲတနေ့မှာတော့လှေပိုင်ရှင်ကကုန်းလမ်းခရီးတခုသွားစရာရှိလို့ဆိုပြီးမြင်းပိုင်ရှင်ဆီကနေမြင်းခဏငှားပါလေရော..

မြင်းပိုင်ရှင်ကလည်းသူ့မြင်းကိုညှာတာစွာစီနင်းပါလို့မှာပြီးပေးလိုက်တယ်…အဲလိုနဲ့လှေဆရာကမြင်းကိုငှားသွားပြီးနောက်နေ့မနက်မှပြန်လာပို့တယ်..

.မြင်းပိုင်ရှင်ကသူ့မြင်းကကြည့်လိုက်တော့ပင်ပန်းနေတာကိုတွေ့တော့အရမ်းဒေါသထွက်သွားတယ်…ဒီကောင်လုပ်ရက်တယ်ပေါ့လေ..

.အဲနောက်နေ့မှာတော့မြင်းဆရာကအကြောင်းမရှိအကြောင်းရှာပြီးလှေကိုငှားပါလေရော..

နောက်မြစ်ထဲကိုသွားပြီးအသေပိတ်လှော်တော့တာပဲ…သူ့လက်ပန်းကျမျက်လုံးတွေပြာလာမှနားလိုက်ပြီးခပ်တိုးတိုးလေးပြောလိုက်တယ်..

“မှတ်ပြီလား”
+2

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #436 on: June 18, 2011, 05:48:19 PM »


ပုရွက်ဆိတ်..
ထောက်ဒဏ်၁၂နှစ် ကျခံနေတဲ့ လူတစ်ယောက်ဟာ ထောင်ထဲမှာ ပျင်းနေခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ လူစကားကို နားလည်တဲ့ ပုရွတ်ဆိတ်တစ်ကောင်ကို သူတွေ့ခဲ့တယ်။ လူစကားကို နားလည်တဲ့ ပုရွတ်ဆိတ်ကို ကင်းမြီးကောက်ထောင်ခိုင်း၊ နောက်ဂျွမ်းပစ်ခိုင်း.. စတာတွေ လေ့ကျင့်ပေးပြီး အကျေနပ်ကြီး ကျေနပ်နေခဲ့တယ်။
ဒီလိုနဲ့ ထောင်ထွက်တဲ့နေ့မှာပဲ သူလေ့…ကျင့်ထားတဲ့ ပုရွတ်ဆိတ်ကို ကြွားချင်လွန်းလို့ လူစည်ကားတဲ့ အရက်ဆိုင်တစ်ဆိုင်ကို သူသွားခဲ့တယ်။
အရက်တစ်ခွက်မှာပြီး အင်္ကျီအိတ်ထဲက ပုရွတ်ဆိတ်ကို ထုတ်ပြီး ခုန်ပေါ်တင်လိုက်တယ်။ ပြီးတော့ စားပွဲထိုးကို ” ဒီပုရွတ်ဆိတ်ကို ကြည့်စမ်း” လို့ ပြောလိုက်တယ်။

စားပွဲထိုးက ပုရွတ်ဆိတ်ကို လက်ဖဝါးနဲ့ ချက်ချင်းရိုက်ချလိုက်ပြီး အားတုန့်အားနာနဲ့ ” ဆောရီးနော်..ကျွန်တော် နောက်တစ်ခွက် ချက်ချင်းလဲပေးမယ်” ။
+2
« Last Edit: June 20, 2011, 09:24:59 AM by tunaye2011 »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #437 on: June 18, 2011, 05:53:46 PM »


ဒုက္ခိတ ကြက်

စားသောက်ဆိုင်တွင်ဖြစ်သည် ။

” ဟေ့.. ဘွိုင်  မင်းတို. ကြက်က ခြေထောက်တစ်ဖက်
တိုနေပါလားကွ  ဟေ..။”

“လူကြီးမင်း က တွဲကမှာလား ၊စားမှာလား ခင်ဗျာ…။”
+5
« Last Edit: June 20, 2011, 09:24:31 AM by tunaye2011 »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #438 on: June 18, 2011, 05:59:20 PM »
ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
“ဟေ့ကောင်ကြီး….အိမ်မှာဘယ်လိုအခြေအနေရှိလဲ..အေးဆေးပဲလား”
“ဟာ….မအေးဆေးဘူးဆရာ….ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ”
“ဟေ…မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်…”
“ကျွေးပါတယ်ဆရာရယ်…”
“အေး…ကျွေးရင်ပြီးရော….သေတာကသေသွားပြီ..ရှိစေတော့…ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ…အအေးမိတာလား”
“မဟုတ်ဘူးဆရာ….အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ”
“ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက”
“ဆ..ဆရာ…စိတ်မဆိုးရဘူးနော်..
ပြီးတော့…ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်…..”
“အေးပါ…မြန်မြန်ပြောစမ်းပါ…”
“ဟိုလေ….ဆရာ.မြင်းကြီး….အဲလေ…ဆရာ့မြင်းကြီးအသားအပုပ်တွေ…..”
“ဘာ….ငါ့မြင်းကြီး…ဟုတ်လား..”
“ဟုတ်…ဟုတ်…သေသွားပြီဆရာ..”
“ဟေ!!!!….”
“သူကတော့ပင်ပန်းပြီးသေတာဆရာ”
“ဘာကွ…မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား..”
“မဟုတ်ဘူးဆရာ…ရေ…ရေသယ်ရလို့ပါ…”
“ဘာ!!!!…ရေ………ဟုတ်လား….????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ”
“ဟို..ဟိုလေ….မီးလောင်လို့…”
“ဘာ!!!!!! မီးလောင်လို့ဟုတ်လား….ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်..”
“ဆရာ.အိမ်ပေါ့ဆရာရယ်”
“ဘာကွ…ဟေ့ကောင်….ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်”
“ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က”
“…အ..အ…အသုဘ…ဘယ်..ဘယ်သူလဲဟင်”
“ဆရာမိန်းမ့အမေ….”
“ဘာကွ..သူ.့အမေသေပြီ…ဟုတ်လား…အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ”
“ဒီလိုပါဆရာရယ်…အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ…လူရိပ်တစ်ရိပ်…ဖျတ်ခနဲမြင်တာနဲံ့..
ဟ..သူခိုးဟ..ဆိုပြီး…အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာမိန်းမ့အမေဖြစ်နေတယ်
တခါတည်းပွဲချင်းပြီးသွားတယ်…ဆရာ..”
“ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း…မင်း..သေပြီသာမှတ်.”
+8

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10971
Re: အမောပြေဟာသမှတ်စု
« Reply #439 on: June 18, 2011, 06:13:47 PM »
ကျမ ပေါက်က ကျင်းနေတာ …………….
ပခုက္ကူဘက်က မြို့လေးတွေ နာမည်တစ်လုံးစီပဲရှိတာ သိမှာပေါ့ ။ ပခုက္ကူကနေမြောက်ဘက်တက်သွားရင် ပေါက် ၊ မြိုင် ၊ ကျင်း အဲလို
တစ်လုံးတည်းမြို့တွေ အများကြီးပဲ ။ ဘတ်စ်ကားတွေလဲပြေးတယ် ။တစ်ခါတော့……စကားဝဲတဲ့ အဖွါးကြီးတစ်ယောက် ကားပေါ်တက်လာတယ် ။
ခဏကြာတော့ စပယ်ယာက မေးတယ် ။ ဘယ်မှာနေလို့ ဘယ်ဆင်းမတုန်းတဲ့။ဇာတ်ဆရာလေသံနဲ့ …..။ အဖွါးကြီးကလဲ စကားမြန်တယ်။
သူပြောချင်တာက………… ကျမ ပေါက်မှာနေတယ် ။ ခုတော့ ကျင်းမြို့မှာ
နေတာကြာပြီ ။ ရှေ့နားကျရင် ဆင်းမယ် ချပေးလို့ ပြောတာစကားကမြန်တော့ …..
ကျမ ပေါက်က ကျင်းနေတာ ကြာပြီ ။ ရှေ့နားကျ ချပေး။
စပယ်ယာခမျာ ဘာပြောရမှန်းတောင်မသိတော့ဘူး။
+6

Tags: