Author Topic: အမောပြေဟာသမှတ်စု  (Read 476040 times)

0 Members and 2 Guests are viewing this topic.

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #420 on: June 10, 2011, 08:45:49 AM »
ဘယ်သူရူးလဲ

ဆရာကကျောင်းသားတွေကိုစာလိုက်မေးကြည့် တယ်
ကျောင်းသားတစ်ယောက်နဲ့ တွေ့ တော့မေးလိုက်တိုင်း ပြန်ဖြေတဲ့အဖြေတွေက တကယ့် ဗရုသုက္ခတွေချည်းပဲ ဒီတော့ဆရာကကျောင်းသားကို ပြောတယ်
"မင်းနဲ့ငါတစ်ယောက်ယောက်တော့ရူးနေပြီဟေ့ "

နောက်နေ့ ကျောင်းသားက ဆရာ့ကို စာအိတ်တစ်အိတ် ကမ်းပေးတယ်
"ဘာစာအိတ်လဲကွ"

"ကျွန်တော်မရူးကြောင်း မြို့နယ်ဆရာဝန်ကြီးဆီက ထောက်ခံစာပါခင်ဗျာ"
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #421 on: June 10, 2011, 10:05:53 AM »
မဟုတ်ဘူးလား

စိတ်ရောက်ဂါကုဆရာဝန်က သူ့ ရဲ့ လူနာကိုမေးတယ်.........

"၁၀၀ ထဲကနေ ၁ နှုတ်ရင် ဘယ်လောက်ကျန်သလဲ"

လူနာကအတော်ကြာကြာ စဉ်းစားပြီးမှ....

"သုံည (၂) လုံးကျန်မယ်ဆရာ"
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #422 on: June 10, 2011, 10:19:25 AM »
နောက်မဖြစ်အောင်

ဆေးခန်းကို လက်မှာဒဏ်ရာရတဲ့ လူတစ်ယောက်ရောက်လာတယ်။

ဒီတော့ဆရာဝန်က.....

"ဘယ်လိုဖြစ်တာလဲ"

"ကားတံခါးဆွဲပိတ်လိုက်တာ လက်ညှပ်သွားလို့ "

"ခင်ဗျားမူးနေရင်တော့ဒီလို့ ခဏခဏဖြစ်နေမှာပဲ"

"နောက်မဖြစ်တော့ပါဘူး ဆရာ"

"အရက်ဖြတ်မယ်ပေါ့"

"ကျွန်တော် ကားတံခါးကိုဖြုတ်ပစ်လိုက်ပြီဆရာ"

+8

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 758
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +4203
Re: အမောပြေဟာသမှတ်စု
« Reply #423 on: June 16, 2011, 01:53:27 AM »
(ကွဲနေတယ်ဆိုလို့စိတ်ဝင်စားသွားလား......ဟုတ်တယ်.ကွဲနေတယ်.....

..မောင့်ကြောင့် အသည်းတွေကွဲနေတာ) မောင်.... .................
မောင်ကျွန်မကိုလုပ်ရက်တယ်နော်...(လမ်းခွဲတာကိုပြောပါတယ်..........တမျိုးမထင်ပါနဲ့..ရှင်းပြရတာ

....feel အောက်တယ်)
မောင်ရယ်.ကျွန်မကိုမပစ်ဘူး.မပစ်ဘူးဆိုပြီးလက်ထဲမှာက.......ခဲကြ

ီးနဲ့...........
ငါးစိမ်းမြင်လို့ငါးကင်ပစ်သွားတဲ့မောင်ကိုကျွန်မဘယ်လိုနားလည်ရမ

ှာလဲ................
ဒါတွေပြောနေလဲ.မောင့်အတွက်ကျွဲပါးစောင်းတီးဖြစ်နေမှန်းသိပေမဲ့.......မောင်ရယ်ကျွန်မပြောပါရစေ.

.......
မစားရတဲ့အမဲသဲနဲ့ပတ်တယ်လို့ပဲပြောပြော........... ကျွန်မပြောပါရစေ....

 

အတိတ်
မောင်ကလေကျွန်မကိုစတွေ့တုန်းက..................ချစ်တယ်ချစ်တယ်

ဆိုပြီ......
ခရားရေလွတ်တတွတ်တွတ်ပြောခဲ့တာ..............ငါးကြော်မကြိုက်ကြေ

ာင်မိုက်ဆိုသလို.
မောင့်လို.အုတ်စာပေါ..ရုပ်ချောကိုမှပြန်မကြိုက်ရင်.ကျွန်မလူမို

က်ဖြစ်သွားမှာပေါ့
မောင့်လိုပျော့ပျော့လေးနဲ့နံတဲ့ကြောင်ချီးဆိုပြီး........ သူငယ်ချင်တွေတားနေတဲ့ကြားထဲက...

............
ငါ့လှေငါထိုး.ပဲခူးရောက်ရောက်.

..ငါ့မြင်းငါစိုင်း.စစ်ကိုင်း
ရောက်ရောက်.................ဆို

ပြီး
မောင့်ကိုကျွန်မလက်ခံခဲ့တာလေ...

....... ဒါပေမဲ့.မောင်နောက်ကျတော့
ကျောချမှ ဓားပြမှန်းသိ.......ဖွတ်ထွက်မှတောင်ပို့မှန်းသိ.........သလို.ေ

မာင့်အကြောင်းတွေသိခဲ့ရတယ်
မောင်ဟာကျွန်မနောက်ကွယ်မှာ.ငါးရံနှစ်ကောင်တပြိုင်နက်ဖမ်းနေတယ်ဆ

ိုတာပဲ..................
ကျွန်မနဲကထိပ်တိုက်တွေ့တာတောင်မ

ှဘဲ.မောင်ကဆင်သေကိုဆိတ်သားရေနဲ့

ဖုံးချင်သေးတယ်
သူငယ်ချင်းတွေကတော့ပြောပါတယ်...

.......အပြစ်တင်ကြတယ်.
ကိုယ်စိးတဲ့မြင်းအထီးမှန်းမသိ.အ

မမှန်းမသိတဲ့
မောင်ရယ်အဲဒီတုန်းကကျွန်မမေးလိုက်ရမှာ.................ခိုးစား

တဲ့အသီးချိုတယ်ဆိုတာဟုတ်လားလို့

ဒါမေမဲ့မောင့်ရဲ့............
အဲဒီအချိန်က..မျက်နှာကိုမြင်လို

က်ရတော့.ကျွန်မလေ...ပျက်အစဉ်
ပြင်ခဏ.ဆိုပြီးမောင့်ကိုခွင့်လွ

တ်ခဲ့တယ်.....

မောင့်ကလဲကျွန်မကို. ယုံအောင်အယုံသွင်းခဲ့တာကို
ခွေးစကားပုဏ္ဏားယုံ ဆိုသလိုမောင့်စကားကိုကျွန်မ..ချစ်တဲ့စိတ်နဲ့.လုံးဝယုံခဲ့တယ်မော

င်............
နောက်တော့ မောင်က....ဒုံရင်းကဒုံရင်းပါပဲ.

....................
ဘယ်သုမပြုမိမိမှု .ဆိုသလို..............မောင့်ကိ

ုအပြစ်မတင်ပါဘူး..............
အရိပ်ပြလို့မှအကောင်မမြင်တဲ့ကျွ

န်မအပြစ်ပါဘဲ.
ကျွန်မလေ.မောင်ကျွန်မကို..လမ်းခွဲစကားပြောတဲ့အချိန်မှာလေ......

..
ကလေးကျမှလှေကားထောင်.....သူခိုးပြေးမှထိုးကွင်းထဆိုသလို.......

............
ဘာလုပ်ရမှန်းကိုမသိတော့ဘူး

 

လက်ရှိဘဝ
မောင်...........အခုတော့ကျွန်မခံနိုင်ရည်ရှိသွားပါပြီ.........

...................
ကျွန်မဘယ်သူကိုမှဒီအကြောင်းတွေမ

ပြောချင်ဘူး...........
ဟောင်လွန်းသည့်ခွေးလူမလေး.....ဆ

ိုသလို.
ကျွန်မကိုပတ်ဝန်းကျင်ကမုန်းသွား

လိမ့်မယ်...................
ပြီးတော့ကိုယ့်ငါချဉ်ကိုယ်ချဉ်တ

ာတော့မဟုတ်ပါဘူး.
ကျွန်မရဲ့အရည်အချင်းနဲ့............................မောင့်ထက်သ

ာတာတော့အေးဆေးရနိုင်တယ်မောင်
သိသာသိစေမမြင်စေနဲ့..........လိုပဲဆိုဆို.ကျွန်မကတော့မောင့်ကို

စိန်ခေါ်လိုက်တယ်............
အမိမဲ့သားရေနဲငါးလိုမျိုး..ကျွန်မကိုစိတ်ဓါတ်ကျတယ်မထင်ပါနဲ့...

..................မောင်လဲ..
လည်လွန်းတဲ့ဘီးချီးသင့်နေဦးမယ်

နော်......အဲဒီအချိန်မှ.
လွတ်သွားတဲ့ငါးကပိုကြီးတယ်ဆိုပြ

ီးပြန်လာရင်တော့..
ကျွန်မကလက်ခံမယ်များမှတ်နေလား..

..........
ကတုံးပေါ်ထိပ်ကွက်တော့ကျွန်မမလုပ်ရက်ပါဘူး............ငါးကြင်းဆီနဲ့ငါးကြင်းကြော်ရုံလေးပါ.....

...........

မောင်အခုကျွန်မလေ
.မောင်မရှိတဲ့အချိန်မှာ.......ပျော်ပျော်နေသေခဲ......ဆိုပြီးပျော်နေတယ်ဆိုတာတော့သိထားပါ......

..............
ပုဆိုးကြားကလက်သီးပြ.........တယ

်လို့မထင်ပါနဲ့.............
မောင့်ကိုနောက်ဆုံးသတိပေးချင်တာကတော့...အခုခေတ်ကလေ.....ဖက်ပေါ်ဆ

ူးကျလည်းဖက်ပေါက်
ဆုးပေါ်ဖက်ကျလည်းဖက်ပေါက်.ဆိုတဲ့ခေတ်မဟုတ်ဘူးနော်.............

...
ဥပေါ်ခဲကျလည်းဥပဲကွဲတာ.....ခဲပေါ်ဥကျလည်းဥကွဲတဲ့................

...ခေတ်ရောက်နေပြီဆိုတာပါ
(ခဲ=girl)
+3
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #424 on: June 17, 2011, 09:58:08 AM »
နှစ်သိမ့်စကား

အိမ် ရောက်ရောက်ချင်း မေရီ့ကို အငို မျက်နှာနဲ့ မြင်လိုက်ရတော့ သူ့ခင်ပွန်း အသစ် စက်စက်လေးက ဘာများဖြစ်သလဲလို့ ပျာပျာသလဲ မေးတော့ "မောင်ရယ် .. မောင့်အတွက် ဆိုပြီး မေရီက ကြက်ပေါင်းချက်ထားတာ။ အဲဒါ ကြောင်အိမ်ထဲ သိမ်းမလို့ လုပ်နေတုန်း ဖုန်းလာတာနဲ့ စားပွဲပေါ်ထားခဲ့မိတယ်။ ဖုန်းဆက်ပြီးပြန်လာတော့ ဟင်းတွေမရှိတော့ဘူး။

အိမ်ကကြောင် အကုန်စားပြီး ထွက်ပြေးသွားတယ်" လို့ ငိုကြီးချက်မနဲ့ မေရီက သူ့ခင်ပွန်း ကို တိုင်ပါတယ်။

စိတ်မကောင်းဖြစ်နေတဲ့ မေရီ့ကိုခင်ပွန်းဖြစ်သူက နှစ်သိမ့်စကားဆိုတာ က "ဝမ်းနည်းမနေ ပါနဲ့ မေရီရယ် .. မနက်ဖြန်ကျရင် မောင်နောက်ထပ် ကြောင်တစ်ကောင် အသစ်ဝယ်ပေး ပါ့ မယ်"


အသက်ပြည့်မှ

နယူးယောက်မြို့တွင် လူတစ်ယောက်သည် မြို့စွန်ရှိ စတိုးဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ၎င်းတွင်ပါလာသော သေနတ်ကိုပြ၍ အရောင်းကောင်တာမှ အမျိုးသမီး အား ရောင်းရငွေအားလုံးကို အိတ်တစ်အိတ်ထဲသို့ ထည့်ရန် ပြောသည်။

ကောင်တာတွင် အကောင်းစား အရက်တစ်ပုလင်းကိုတွေ့၍ ၎င်းအရက်ပုလင်းကိုပါ အိတ်ထဲထည့်ရန် သေနတ်သမားက ပြောရာ အမျိုးသမီးက ငြင်းရင်း

“မင်းအသက် ၂၁ နှစ်ပြည့်ပြီလို့ ငါမထင်ဘူး”ဟုပြောသည်။

ထိုအခါ သေနတ်သမားက ၎င်း၏ယာဉ်မောင်းလိုင်စင်ကို ထုတ်ပြရာ အမျိုးသမီးက ယူကြည့်ပြီးနောက် အရက်ပုလင်းကိုပါ ထည့်ပေးလိုက်သည်။ သေနတ်သမား ထွက်ပြေး သွားသောအခါ အမျိုးသမီးက ရဲစခန်းအား ဖုန်းဆက်၍ အနုကြမ်းစီးသူ၏ နာမည်၊ မှတ်ပုံတင်နံပါတ်နှင့် နေရပ်လိပ်စာကို ပေး၍ ဖမ်းဆီးခိုင်းပါတော့သည်။


တိုက်ဆိုင်လိုက်တာ

လူတစ်ယောက်က စားသောက်ဆိုင် တစ်ခုရဲ့ဘားမှာထိုင်ပြီး ဝိုင်နီ တစ်ခွက် မှာပါတယ်။

သူ့နံဘေးကမိန်းမက ကျွန်မလည်း အဲဒါပဲမှာလိုက်တာလို့ ပြောတော့ သူက "ကျွန်တော် ကတော့ ပျော်စရာကြုံလို့ ဂုဏ်ပြုတဲ့အနေနဲ့သောက်မှာ"လို့ ဆိုပါတယ်။

အမျိုးသမီးကလည်း"တိုက်ဆိုင်လိုက်တာရှင်။ကျွန်မလည်း ပျော်စရာရှိနေလို့ ဝိုင်နီမှာ သောက်တာ "လို့ဆိုတော့ အမျိုးသားက ဘာများလဲလို့ မေးတော့"ကျွန်မတို့လင်မယားက အိမ်ထောင်ကျတာကြာပြီ။ ဒါပေမယ့် ကလေးမရဘူး။ ဒီနေ့ ဆရာဝန်က ကျွန်မမှာ ကိုယ်ဝန် ရှိနေပြီလို့ ပြောလိုက်တာနဲ့ ပျော်နေတာ"လို့ ဆိုပါတယ်။

အဲဒီအခါမှာအမျိုးသားက "တိုက်ဆိုင်လိုက်တာဗျာ။ကျွန်တော်က ကြက်မွေးမြူရေး လုပ်တာ ပါ။ ကျွန်တော့ကြက်မတွေ ဥမဥတာကြာပြီ။ ဒီနေ့ ကြက်မတွေ ဥပြန်ဥလို့ ပျော်နေတာ" လို့ဆိုတော့ အမျိုးသမီးက"ရှင်က ဘယ်လိုနည်းလမ်း သုံးလိုက်လို့တုံး"လို့ မေးပါတယ်။

ဒီတော့သူက "ကျွန်တော်လား၊ ကြက်ဖတွေလဲလိုက်တယ်လေ။ ခင်ဗျားရော"လို့ မေးလိုက် တော့ အမျိုးသမီးက "အို၊ တိုက်ဆိုင်လွန်း လိုက်တာရှင်"

ရီသောသူအသက်ရှည်၏
+4

maryar

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #425 on: June 18, 2011, 04:23:00 AM »
တလွဲတွေးတော့

ဆရာတစ်ဦးက တပည့်များအား ကမ္ဘာ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံ အကြောင်းကို ရှင်းပြနေခဲ့သည်။ အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ကမ္ဘာပေါ်ရှိလူများ စက္ကန့်ပိုင်းတွင် တစ်ဦးဦးသေဆုံးရပုံကို ဤသို့ခိုင်းနှိုင်းပြသည်။
“ဆရာ ထွက်သက်ဝင်သက် ရှူလိုက်တဲ့အချိန်တိုင်း ကမ္ဘာပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်”

ဤတွင် ကျောင်းသားတစ်ဦးပြောလိုက်သည်မှာက “ဆရာနေ့တိုင်း သွားတိုက်သင့်တယ်” ဟူတည်း။

 ;D ;D ;D ;D ;D ;D

ဖတ်ပီး အသံထွက်အောင် ရယ်မိတယ်.. အဟီး
ဒီboard က တော့ပစ်လေးတွေကို အသက်သွင်းပေးနေတဲ့ အကိုတွေ မောင်တွေ အားလုံး ကျေးဇူးပါ
မာယာ စိတ်ပင်ပန်းတဲ့ အခါ မဖတ်ရသေးတဲ့ ဟာသလေးတွေ တခုဆီ လိုက်ဖတ်ဖြစ်တယ်
တကယ် အမောပြေပါတယ်
+2

Offline ဆံတချောင်း

  • စီနီယာ
  • ***
  • Posts: 38
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +2078
Re: အမောပြေဟာသမှတ်စု
« Reply #426 on: June 18, 2011, 04:56:02 AM »
ညစ်ပေ အဖွဲ့ ချုပ်

တစ်နေ့ မြန်မာနိုင်မှာ အခြေစိုက်ပြီး ကမ္ဘာ့ ညစ်ပေများ အဖွဲ့ချုပ်ကိုထောင်ဖို့စီစဉ်ကြတယ်။
ဒီတော့ အဖွဲ့သားတွေက အတွင်းရေးမှုး အဖြစ် ဘယ်သူ့ကိုခန့်ရမလဲဆိုတာ ၀ိုင်းတိုင်ပင်ကြတယ်။
တစ်ယောက်ကပြောတယ်
"ငါတို့ အဖွဲ့ အတွက် အတွင်းရေးလုပ်ရမယ့်သူကို သတင်းစာထဲကနေကြောငြာလိုက်ရအောင်ကွာ၊ အဲသည့်ထဲကမှ အသင့်တော်ဆုံးလူကိုရွေးခန့်မယ်"
အဲလိုပြောတော့ ကျန်တဲ့လူတွေက ၀ိုင်းထောက်ခံကြပြီးပြောတဲ့အတိုင်းလုပ်လိုက်ကြတယ်။
နောက်နေ့ ကျတော့ သူတို့ဆီကို ပထမဦးဆုံးရောက်လာတဲ့စာက

"လူကြီးမင်းများခင်ဗျာ ကျွန်တော်ဟာ အင်မတန်မှ ညစ်ပတ်တဲ့လူဖြစ်ပြီး ရပ်ကွက်ထဲမှာလဲ အော်ကြော့လန်ပါပဲ
ဘယ်လိုတွေ ညစ်ပတ်လဲအကုန် ပြောလိုက်ရရင် စာတော်တော်ရှည်သွားမယ်
ပြောရမယ်ဆိုလို့ရှိရင် အခုရေးလိုက်တဲ့စာဟာ ကျွန်တော် အီအီးကုန်းတဲ့ စက္ကူနဲ့ရေးထားတာပါ
ကျွန်တော့်ကို အတွင်းရေးမှုးခန့် ပါ" တဲ့

အဖွဲ့ ချုပ်ကနေစာပြန်ပါတယ် ပြန်တဲ့စာက

"မိတ်ဆွေ မှာ ညစ်ပတ်တဲ့ အရည်အချင်းတွေ ထိုက်သင့်သလောက်တော့ရှိပါတယ်
ဒါပေမယ့် အဖွဲ့ဝင်ဖြစ်ဖို့တော့ အရည်အချင်းမပြည့် မှီပါဘူး
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အဖွဲ့ဝင်တွေ တစ်ယောက်မှ
အီးအီး မကုန်းကြလို့ပါပဲ"

ကျွန်တော်လည်း...အတွင်းရေးမှုး သွားလျှောက်မလို့ ...ဒီနေ့ က စပြီး ...အီးအီး မကုန်းတော့ ဘူးဗျာ.... :) :) :)
+1

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #427 on: June 18, 2011, 09:24:06 AM »
“ကြက်မှာ အပြစ်မရှိပါ”

‘ကိုရေ . . . မနက်ဖြန် ကျွန်မတို့ အိမ်ထောင်သက် ၁၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ကြက်တစ်ကောင်သတ်စားရအောင်လား’

‘လွန်ခဲ့တဲ့ ၁၅နှစ်က ငါ့အပြစ်အတွက် ကြက်မှာ ဘာအပြစ်မှမရှိပါဘူးကွာ။’

 

“ဆံပင်သန်ဆေး”

‘မင်းဘာကြောင့် နှုတ်ခမ်းမွှေး အဲ့ဒီလောက်ရှည်နေရတာလဲ?’

‘မသိပါဘူးကွာ . . . ဆံပင် သန်ဆေးလီမ်းကတည်းက ဒီလိုဖြစ်သွားတာပဲကွာ။’

 



 
+2
« Last Edit: June 18, 2011, 03:29:45 PM by tunaye2011 »

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #428 on: June 18, 2011, 09:35:41 AM »
“ငါ့မြေး အမြည်းနော်”

တစ်ခါက ရွာကိုလည်လာတဲ့ မြေးကိုအဖိုးဖြစ်သူက ပြောတယ်။

အဖိုး ။ ။ ‘ ငါ့မြေးလာကွာ ထန်းရည်သွားသောက်ရအောင်’

မြေး ။ ။ ‘ ကျွန်တော် ထန်းရည်မသောက်တတ်ဘူး’

အဖိုး ။ ။‘ ဒါဆိုလည်း အမြည်းလိုက်စားပေါ့။’

ထန်းတောတွင် အဖိုးဖြစ်သူက ထန်းရည် တစ်မြူနှင့်ဆတ်သားခြောက် တစ်ပွဲ မှာလိုက်သည်။

ထန်းရည်နှစ်ခွက်လောက်အကုန်တွင် အမြည်းစားရန် ကြည့်လိုက်ရာ

အမြည်းကုန်နေသည်ကိုတွေ့ရသည်။

အဖိုး ။ ။ ‘ငါ့မြေး အမြည်းနော်။’

မြေး ။ ။ ‘စားပါတယ် အဖိုးရ။’

ဆတ်သားခြောက် နောက်တစ်ပွဲ မှာလိုက်သည်။

ထန်းရည်နည်းနည်းသောက်ပြီး အမြည်းစားရန် ကြည့်လိုက်ရာ

အမြည်းထပ်ကုန်နေသည်ကိုတွေ့ရသည်။

အဖိုးက

‘ငါ့မြေး အမြည်းနော်။’

‘စားပါတယ် အဖိုးရ။’

သုံးလေးခါလောက် ဒီအတိုင်းဆက်ဖြစ်နေတော့ အဖိုးဖြစ်သူကဆက် သည်းခံနိုင်စွမ်းမရှိတော့ဘဲ

‘ဟေ့ကောင် . . . နင့်ကို အမြည်းလို့ပြောနေတာ က ငါ သတိပေးနေတာ ထန်းရည်သာကုန်သွားတယ်

အခုထိ ငါတစ်ဖတ်မှ မစားရသေးဘူးကွ။’

ဆိုပြီး နားရင်းထအုပ်လေတော့သည်။
+3

Offline စိုင်းရွှေတိုး

  • ဘွဲ့ရ
  • ******
  • Posts: 1657
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Exercise is good for Health
  • Respect: +10979
Re: အမောပြေဟာသမှတ်စု
« Reply #429 on: June 18, 2011, 02:50:18 PM »
အမဲလိုက် မုဆိုးနှစ်ယောက်ဟာ သစ်တောအုပ်တစ်ခုထဲကို ရောက်နေပါတယ်။ အဲဒီမုဆိုးနှစ်ယောက်ထဲမှ တစ်ယောက်ကတော့ မြေပြင်ပေါ်မှာ လဲကျနေပါတယ်။ သူ့ပုံစံက အသက်ရှူနေလို့တောင် မထင်ရတော့ပါဘူး။ ပြီးတော့ သူ့မျက်လုံးတွေကလည်း ပြူးထွက်နေပါတယ်။ ဒါကြောင့် တခြား မုဆိုးက သူ့ဖုန်းကို ထုတ်လိုက်ပြီး အရေးပေါ်ဌာနကို လှမ်းဆက်ပါတယ်။ သူက ဖုန်းကိုင်တဲ့ သူကို အရေးတကြီးဟန်နဲ့ `ကျွန်တော့် သူငယ်ချင်း သေနေပါတယ်။ ကျွန်တော် ဘာလုပ်လို့ ရနိုင်ပါလဲ´ လို့ မေးပါတယ်။

အဲဒီအခါ ဖုန်းကိုင်တဲ့ သူက အေးဆေးစွာနဲ့ ပြန်ပြောပါတယ်။ `ဒါက လွယ်ပါတယ်။ ကျွန်တော့် အနေနဲ့လည်း ကူညီပေးနိုင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ သူ သေလား၊ မသေလားဆိုတာ သေချာအောင် ကြည့်ပါဦး´

ခဏကြာ တိတ်ဆိတ်သွားပါတယ်။ နောက်တော့ သေနတ်ပစ်သံ တစ်ချက် ထွက်ပေါ်လာပါတယ်။ အဲဒီ မုဆိုးရဲ့ အသံက ဖုန်းလိုင်းပေါ်မှာ ပြန်ပေါ်လာပါတယ်။ ပြီးတော့မှ သူက ပြောလိုက်ပါတယ်။ `အဆင်ပြေသွားပါပြီ။ ခုကော ဘာဆက် လုပ်ရဦးမှာလဲ´




ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီးဖြတ်တိုက် သွားသည်။ ဒါကိုမြင်သော …

အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ၀င်ရှုပ်သွားတာပဲ။
အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကိုမကြိုက်လို့ သူ့ ကိုယ်သူ အဆုံးစီရင်သွားတာ။

လူပျိုလေးအတွေး – တောက် – ဒီကောင်တော့ တစ်သက်လုံးနေရ ခက်နေတော့မှာပါ။
လူပျိုကြီးအတွေး – ကြက်ဖပေမယ့် အတွေးကောင်းရှာတယ်။ ဟို စကားပုံအတိုင်းပေါ့။ တစ်ရက်ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တစ်လပျော်ချင် မိန်းမယူ၊ တစ်နှစ်ပျော်ချင် မယားငယ်ထား၊ တစ်သက်လုံး ပျော်ချင် လူပျိုကြီးပဲလုပ်-တဲ့။ အင်း..ကြက်ဖခမျာ တစ်သက်လုံး ပျော်ချင်လို့နဲ့ တူပါတယ်။င်္

+2
« Last Edit: June 18, 2011, 03:28:46 PM by tunaye2011 »

Tags: