Author Topic: အမောပြေဟာသမှတ်စု  (Read 488605 times)

0 Members and 2 Guests are viewing this topic.

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #410 on: June 10, 2011, 08:24:31 AM »
င့ါဘာသာပဲငါ

တစ်ခါကဆင်းရဲသောအဖိုးအိုတစ်ယောက်သေခါနီးအချိန်ဖြစ်နေလေသည်။ သူဧ။်ဆွေမျိုးရင်းများမှာ သူ့အနားတွင်စုဝေးလျက် အသက်သာဆုံးနည်းဖြင့် ပြီးမြောက်စေရန်ဆွေးနွေးနေကြသည်။

တစ်ယောက်ကပြောသည်။ "ကျုပ်တို့မှာသယ်စရာလှည်းကလည်းမရှိဘူး။ လှည်းခကလည်းဈေးကြီးနေတယ်။" ထိုအခါ နောက်တစ်ယောက်ကထောက်ခံသည်။ "ဟုတ်တယ်၊

သုသာန်ကလည်းနီးတော့ လှည်းငှားမနေပါနဲ့" ထိုသို့ပြောနေကြသည်ကိုကြားပြီး လူမမာက အသံယဲ့ယဲ့ဖြင့်ပြောလိုက်ဧ။်။ "ငါ့ကိုဖိနပ်ယူပေးကြပါ။ ငါ့ဘာသာငါပဲ

သုသာန်ကိုလမ်းလျှောက်သွားပါ့မယ်"
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #411 on: June 10, 2011, 08:29:04 AM »
ပါးစပ်ပိတ်ထားမှပေါ့

မနက်ခင်းတစ်ခုမှာ မျောက်နှစ်ကောင်လမ်းလျှောက်လာရင်း ၀ီစကီ တစ်ပုလင်းကောက်ရတယ်။  ပုလင်းကအသစ်ဆိုတော့ သူတို့သောက်ပုံမျိုးနဲ့ဆိုရင် လေးရက်လောက်ခံတော့ ဒီနှစ်ကောင် ၀မ်းသာသွားတယ်။
တစ်ကောင်ကစပြောတယ်
"ဟေ့ကောင်ရေ အရက်ပုလင်းကောက်ရတာတော့ဟုတ်ပါပြီ အမြည်းဘယ်ကရမလဲ" တဲ့
ဒီလိုပြောပြီးတော့နှစ်ကောင်လုံးပတ်ဝန်းကျင်မှာ စားစရာဘာရှိလဲ ဝေ့ကြည့်လိုက်တယ်။ အဲသည့်အချိန်မှာ ကျီးတစ်ကောင်က ဘယ်အိမ်ကအလစ်သုတ်လာမှန်းမသိတဲ့ ငါးခြောက်တစ်ခြမ်းကိုက်ထားတယ် ။ အချဉ်တွေ့သွားတဲ့မျောက်နှစ်ကောင်ဟာ ကျီးကန်းကို "ဟေး ကျီးကန်းရေ" လို့နှုတ်ဆက်တယ်
ကျီးကန်းကပြန်ပြီး "အား" လို့ နှုတ်ဆက်တော့ နှုတ်သီးမှာကိုက်ထားတဲ့ ငါးခြောက်က ကျလာတယ် ။
ဒီလိုနဲ့ ပဲ အရက်သမားနှစ်ကောင်အမြည်းရသွားတယ်။

နောက်နေ့တွေ့ ပြန်ရော ကျီးကန်းနဲ့ မျောက်နှစ်ကောင် ၊ ဒီတစ်ခါကျတော့ကျီးကန်းက ငါးကင် ချီလာတယ်
မျောက်နှစ်ကောင်က "ဟေးကျီးကန်းရေ" လို့ သွားနှုတ်ဆက်ပြန်တယ်။ ဒီတစ်ခါတော့ကျီးကန်း နပ်သွားပြီ ပြန်မနှုတ်ဆက်တော့ဘူး ။ ဒီတော့ တစ်ကောင်က အရက်ပုလင်းထောင်ပြပြီး "ဟေ့ကျီးကန်း အရက်သောက်မလား" မေးတယ်
ကျီးကန်းက "အား" လို့ပြန်ဖြေလိုက်တော့ ငါးကင်က ကျလာပြန်ရော။

နောက်နေ့ ထပ်ပြီးတွေ့ ပြန်ပါတယ် ။ ဆုံလည်းဆုံနိုင်ပါ့။ ဒီတစ်ခါ ကျီးကန်းချီလာတာ ကြက်ကင် မျောက်နှစ်ကောင်က ထုံးစံအတိုင်းသွားမေးတယ် "ဟေး ကျီးကန်းရေ" ကျီးကန်းဘာမှပြန်မပြောတော့ဘူး "ရော့ သောက်မလား အရက်"
ကျီးကန်းကလည်း နစ်ခါသေဖူး ပျဉ်ဖိုးနားလည်ပြီ ဆိုတဲ့သဘောနဲ့ ပဲဘာမှပြန်မပြောဘူး။
ဒီတော့ တစ်ကောင်ကမေးတယ် "ဘာလဲမင်းကိုငါတို့ လိမ်မယ်ထင်လို့လားဟ" ဆိုတော့
ကျီးကန်းကခေါင်းငြိမ့်ပြီးအော်လိုက်တယ်
"အားအား"
(ကြက်ကင်ဘုတ်ကနဲ ပြုတ်ကျလာတယ်)
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #412 on: June 10, 2011, 08:30:00 AM »
ဘယ်ဘက်ကစမ်းစမ်းညာဘက်ကစမ်းစမ်း

ကုမ္ပဏီ တစ်ခု ရှေ့တွင် ကြော်ငြာတစ်ခု ကပ်ထားသည်။ဝန်ထမ်းအလိုရှိသည်။လက်နှိပ်စက် ရိုက်တတ်ရမည်။ကွန်ပျူတာကို ကောင်းကောင်း ကိုင်တွယ် အသုံးပြုတတ်ရမည်။ဘာသာစကား နှစ်မျိုး ပြောတတ်ရမည်။တန်းတူ အခွင့်အရေးပေး ဆက်ဆံသည့် အလုပ်ရှင်ဖြစ်သည်။
အဆိုပါကြော်ငြာကို ဖတ်မိသော ခွေးတစ်ကောင် ကုမ္ပဏီရုံးခန်းထဲသို့ ဝင်လာသည်။သဘောပေါက်သွားသော ဧည့်ကြို စာရေးမက ခွေးအား မန်နေဂျာနှင့် ပေးတွေ့သည်။
ခွေးက မန်နေဂျာ စားပွဲရှေ့ရှိ ကုလားထိုင်ပေါ် ခုန်တက်ပြီး မန်နေဂျာအား စိုက်ကြည့်သည်။
မန်နေဂျာ>>>“သြော်...မင်းက အလုပ်လာလျှောက်တာလား..၊ဒါပေမဲ့ မင်းကို ငါဘယ်လို အလုပ်ခန့်ရမှာလဲကွ ၊ အလုပ်လျှောက်တဲ့သူက လက်နှိပ်စက် ရိုက်တတ်ရမယ်လို့ဆိုထားတာ”
ခွေးက ကုလားထိုင်ပေါ်မှ ခုန်ဆင်းပြီး ရုံးခန်းထဲရှိ လက်နှိပ်စက် တစ်လုံးတွင် လက်နှိပ်စက် ရိုက်ပြသည်။ခွေးဆွဲထုတ်ပြီး မန်နေဂျာအားပြသော စာရွက်ကို ကြည့်လိုက်တော့ အမှားအယွင်း တစ်စုံတစ်ခုမျှမတွေ့ ။
ကုလားထိုင်ပေါ် ပြန်တက်လာသော ခွေးအား တအံ့တသြကြည့်၍ မန်နေဂျာ ဆက်ပြောသည်။
မန်နေဂျာ>>>“ကြော်ငြာထဲမှာ အလုပ်လျှောက်တဲ့သူ ကွန်ပျူတာကို ကောင်းကောင်း သုံးတတ်ရမယ်လို့ ပါသေးသကွ”
ခွေးလည်း ကုလားထိုင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာတစ်လုံးရှိရာ သွား၍ ပရိုဂရမ် တစ်ခုကို အသာလေး ဆွဲပြသည်။
မန်နေ၈ျာ မျက်လုံးပြူးသွားသည် ။ မှင်တက်မိနေပြီ ။ ဒါပေမဲ့ ခွေးအား အားနာပါးနာပြောသည်။
မန်နေဂျာ>>>“မင်းက အသိဥာဏ် အင်မတန်ရှိတဲ့ ခွေးမှန်း ငါသိပါပြီကွာ ၊လုပ်ရည်ကိုင်ရည်လည်း ရှိပါတယ် ၊ ဒါပေမဲ့ ငါမင်းကို ဘယ်လိုမှ အလုပ်ခန့်လို့ မရဘူးကွ”
ဒီစကား အကြားမှာ ကုလားထိုင်ပေါ်ကခွေး ခုန်ဆင်းပြီး အခန်းထဲ ကပ်ထားသော အလုပ်ကြော်ငြာရှေ့ သွား၍ တန်းတူ အခွင့်အရေး ဆက်ဆံသည့် အလုပ်ရှင် စာတန်းကို လက်နှင့်ထိုးပြသည်။
ဒါလည်း မန်နေဂျာက အလျှော့ မပေးသေး ။
မန်နေဂျာ>>>“ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ၊ တန်းတူ အခွင့်အရေး ပေးပါတယ် ၊ ဒါပေမဲ့ ကြော်ငြာထဲမှာ ဘာသာစကား နှစ်မျိုး ပြောတတ်ရမယ်လို့ ဆိုထားသေးတယ် ၊ မင်းပြောတတ်လို့လား”
ဒါလည်း ခွေးက အသာလေး မန်နေဂျာကို ခေါင်းညိတ်ပြပြီး စကားတစ်ခွန်းပြောလိုက်လေသည်။
ခွေး>>>>“မီးညှောင်”
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #413 on: June 10, 2011, 08:31:37 AM »
ဒါတော့ကြောက်တယ်

တစ်နေ့ ရထားပေါ်မှာ လူငယ်တစ်ယောက် ကြက်တူရွေးတစ်ကောင်ပုခုံးပေါ်တင်ပြီးစီးလာတယ်။ လက်မှတ်စစ်က တွေ့တော့ လက်မှတ်တောင်းကြည့်တယ်။
ဒီတော့ လူငယ်က -"ဟေ့ ရွှေဂဲ ပြောလိုက်စမ်း"
ကြက်တူရွေး - "နင့်ကြီးတော်ကြီးဆီမှာသွားတောင်း"

ဒီတော့လက်မှတ်စစ်နည်းနည်းလေးတင်းသွားတယ်။ "ဟေ့လူနောက်မနေနဲ့လက်မှတ်ပြပါ" ဆိုတော့
လူငယ်ကကြက်တူရွေးကိုထပ်ပြောတယ် "ဟေ့ ရွေဂဲ ပြောလိုက်စမ်း"
ကြက်တူရွေး - "နင့်ကြီးတော်ကြီး သွားပြခိုင်း"

လက်မှတ်စစ်ကလည်း "ခင်ဗျားလက်မှတ်မပါဘူးဆိုရင်တော့ ဒဏ်ရိုက်ရလိမ့်မယ် "
လူငယ်ကတော့အေးဆေးပဲ "ဟေ့ ရွေဂဲ ပြောလိုက်စမ်း"
ကြက်တူရွေး - "နင့်ဘကြီးကိုသွားရိုက်"

ဒီတစ်ခါလက်မှတ်စစ်ဘိုးတော် တော်တော် တင်းသွားတယ်။
"တိတ်စမ်း ၊ခင်ဗျား ဒဏ်ငွေမဆောင်ဘူးဆိုရင် ရဲခေါ်လိုက်မလား အရိုက်ခံရမယ် ဘာမှတ်လဲ"
လူငယ်ကတော့ ထုံးစံအတိုင်း "ဟေ့ ရွေဂဲ ပြောလိုက်စမ်းပါဦး"
ကြက်တူရွေး- "ကိုဇော်ကြီး ဒီတစ်ခါတော့ ဒဏ်ငွေဆောင်လိုက်တော့ဗျာ ခင်ဗျားလဲသိသားပဲ ကျုပ်က နံပတ်တုတ်တော့ကြောက်တယ်ဗျ..."


+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #414 on: June 10, 2011, 08:33:34 AM »
တွေးကြည့်ရအောင်

ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #415 on: June 10, 2011, 08:34:48 AM »
မလွဲသောအမှား

အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ရောက်လာ၏။

ရွေးချယ်သူ ။ မင်းနာမည်
လူငယ် ။ မောင်လှ
ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် " ဆရာ " ထည့်ဖြေရတယ်ကွ။ ပြန်ပြော
လူငယ် ။ ဟုတ်ကဲ့ " ဆရာမောင်လှ "
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #416 on: June 10, 2011, 08:37:02 AM »
အားနာလို့ ပြန်ပြောရတာပေါ့ ...

လွန်ခဲ့ သော ၁၀ နှစ် ခန့် က ဖြစ်သည်။

နိုင်ငံခြား သို့ ပထမဦး စွာ ရောက်ရှိ ခြင်း ဖြစ် သည်။
အများ သုံး တယ်လီဖုံး မှ တန်း စီပြီး ကိုယ့်အိမ် ကို တယ်လီဖုံးဆက်ရ သည်။ရောက်လျှင်ရောက် ခြင်း
ဖုံးကဒ်ဝယ်ပြီး အိမ် ကို ဖုံး ဆက်ရန် သွားကြ သည်။
ပထမ ဦးစွာ ကျွန်တော့် အိမ် ကို ဆက်သည်။
အိမ်မှ တယ်လီဖုံးကိုင် လျှင် ကိုင်ချင်း၊ ဖုံး ကဒ်မှ ငွေကို အချိုးကျ အလိုအလျောက် နှုတ်သွား သည် ကို သတိထား မိ လိုက်သည်။

အိမ်နှင့်ပြောပြီး သော အခါ ကျွန်တော့် သူငယ်ချင်း ကို နေရာပေးပြီး ကျွန်တော့် သူငယ်ချင်း အလည့်…..
သူသည် ကျွန်တော့်ဘက် လှည့်ပြီး ပြုံး ဖြီး ဖြီး လုပ် ကာ တယ်လီဖုံးကိုင် ရင်း

" YES !!! YES !!!" " OK !!!! OK !!! "

ဟုပြူး ပြူး ပျာ ပျာ ပြော နေ သည်။
ဖုံးကဒ်မှ ပိုက်ဆံလည်းတပြား မှမလျော့။

ကျွန်တော် က မင်း …ဘယ်သူနဲ့ ပြောနေတာလဲလို့ မေး သောအခါ မသိပါဘူး ကွာ ။ အိမ်ကို ဆက်တာ ဘယ်ရောက်သွားလဲ မသိဘူး ။
ကောင်မလေး တယောက်ကွ…ငါ့ ကို ပြောနေ လို့ ပြန်ပြော နေ ရ တယ်ကွ…..ဟဲ ဟဲ…
ကျွန်တော်လည်း အတော်ကို အံ့ဩ ပြီး တယ်လီဖုံး ကို ပြန် ကိုင်… သူငယ်ချင်းရဲ့ နံပါတ်ကို ပြန် ခေါ် သော အခါ ကောင်မလေး အသံကြား ရ ပါ တယ် ။
ကောင်မလေး ပြောနေတာ ကတော့….

The number you have dialed is busy now,…..
please try again later….. တဲ့ ။
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #417 on: June 10, 2011, 08:40:59 AM »
ညစ်ပေ အဖွဲ့ ချုပ်

တစ်နေ့ မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး ကမ္ဘာ့ ညစ်ပေများ အဖွဲ့ချုပ်ကိုထောင်ဖို့စီစဉ်ကြတယ်။
ဒီတော့ အဖွဲ့သားတွေက အတွင်းရေးမှုး အဖြစ် ဘယ်သူ့ကိုခန့်ရမလဲဆိုတာ ၀ိုင်းတိုင်ပင်ကြတယ်။
တစ်ယောက်ကပြောတယ်
"ငါတို့ အဖွဲ့ အတွက် အတွင်းရေးမှူးလုပ်ရမယ့်သူကို သတင်းစာထဲကနေကြော်ငြာလိုက်ရအောင်ကွာ၊ အဲသည့်ထဲကမှ အသင့်တော်ဆုံးလူကိုရွေးခန့်မယ်"
အဲလိုပြောတော့ ကျန်တဲ့လူတွေက ၀ိုင်းထောက်ခံကြပြီးပြောတဲ့အတိုင်းလုပ်လိုက်ကြတယ်။
နောက်နေ့ ကျတော့ သူတို့ဆီကို ပထမဦးဆုံးရောက်လာတဲ့စာက

"လူကြီးမင်းများခင်ဗျာ ကျွန်တော်ဟာ အင်မတန်မှ ညစ်ပတ်တဲ့လူဖြစ်ပြီး ရပ်ကွက်ထဲမှာလဲ အော်ကြော့လန်ပါပဲ
ဘယ်လိုတွေ ညစ်ပတ်လဲအကုန် ပြောလိုက်ရရင် စာတော်တော်ရှည်သွားမယ်
ပြောရမယ်ဆိုလို့ရှိရင် အခုရေးလိုက်တဲ့စာဟာ ကျွန်တော် အီအီးကုန်းတဲ့ စက္ကူနဲ့ရေးထားတာပါ
ကျွန်တော့်ကို အတွင်းရေးမှုးခန့် ပါ" တဲ့

အဖွဲ့ ချုပ်ကနေစာပြန်ပါတယ် ပြန်တဲ့စာက

"မိတ်ဆွေ မှာ ညစ်ပတ်တဲ့ အရည်အချင်းတွေ ထိုက်သင့်သလောက်တော့ရှိပါတယ်
ဒါပေမယ့် အဖွဲ့ဝင်ဖြစ်ဖို့တော့ အရည်အချင်းမပြည့် မှီပါဘူး
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အဖွဲ့ဝင်တွေ တစ်ယောက်မှ
အီးအီး မကုန်းကြလို့ပါပဲ"
+7
« Last Edit: June 18, 2011, 09:35:53 AM by u myo »

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #418 on: June 10, 2011, 08:42:13 AM »
သူမေ့ကိုယ်မေ့

လူတစ်ယောက် အိမ်ပြန်ဖို့ ပါရမီ မီတာတပ် တက္ကစီ ငှားစီးတယ်။
အိမ်ရောက်တဲ့အခါ ကားဆရာကပြောတယ်။
"ဆောရီးပဲကိုယ့်လူရေ ကျုပ်မီတာချိုးဖို့မေ့သွားတယ်"
ဟိုလူကပြန်ပြောတယ်
"ရပါတယ်ဗျာ ကျွန်တော်လည်း ရုံးမှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်"
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #419 on: June 10, 2011, 08:43:48 AM »
တလွဲတွေးတော့

ဆရာတစ်ဦးက တပည့်များအား ကမ္ဘာ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံ အကြောင်းကို ရှင်းပြနေခဲ့သည်။ အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ကမ္ဘာပေါ်ရှိလူများ စက္ကန့်ပိုင်းတွင် တစ်ဦးဦးသေဆုံးရပုံကို ဤသို့ခိုင်းနှိုင်းပြသည်။
“ဆရာ ထွက်သက်ဝင်သက် ရှူလိုက်တဲ့အချိန်တိုင်း ကမ္ဘာပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်”

ဤတွင် ကျောင်းသားတစ်ဦးပြောလိုက်သည်မှာက “ဆရာနေ့တိုင်း သွားတိုက်သင့်တယ်” ဟူတည်း။
+6

Tags: