Author Topic: အမောပြေဟာသမှတ်စု  (Read 445119 times)

0 Members and 1 Guest are viewing this topic.

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #400 on: June 10, 2011, 08:13:37 AM »
ရေတွက်ပုံချင်းမတူ

" စိတ်ဆိုးမယ်ကြံတိုင်း တစ်၊ နစ်၊ သုံး၊ လေး၊ တစ်ဆယ်ထိရေပါလို့ သားကိုပြောထားသားနဲ့၊ အခု ရန်ဖြစ်လာပြန်ပြီလား "
" အဲဒီလို ရေမိလို့ အခုလို အထိုးခံရတာပေါ့ "
" ဘာဖြစ်လို့လဲကွ "
" ဟိုကောင့် အမေက သူ့သားကို ငါးအထိပဲ ရေခိုင်းထားတာ အဖေရဲ့ "
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #401 on: June 10, 2011, 08:14:25 AM »
များပေမယ့် နည်းတယ်

ရန်ကုန်မြို့ -ဘက်စ် ကားတစ်စီးပေါ် အဘွားအိုတစ်ဦးတက်လာတယ်။
လေးငါးမှတ်တိုင်ရောက်တဲ့အထိ သူ့ ကိုနေရာဖယ်ပေးမယ့်သူက တစ်ယောက်မှမရှိ
ဒီတော့ နည်းနည်းတင်းသွားပြီးအားလုံးကြားအောင်ပြောလိုက်တယ်။

"သြော် .. ဒီမြို့ မှာယဉ်ကျေးမှုရှိတဲ့လူတစ်ယောက်မှ မရှိတော့ဘူးထင်တယ်"
ဒီတော့တစ်ယောက်က ပြောတယ်
"အဘွားကြီး .. ဒီမြို့ မှာ ယဉ်ကျေးတဲ့လူတွေ များလိုက်တာများ ရိုက်သတ်လို့ မကုန်ဘူး၊
ဒါပေမယ့် ထိုင်ခုံနေရာကတော့ နည်းနည်းလေး ဗျ "
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #402 on: June 10, 2011, 08:15:27 AM »
ဆိုမှဆိုတက်ပဲဟာ

" ရုပ်ရှင်ညပွဲပြီးလို့ သမီး အိမ်ပြန်လာတော့ လမ်းထိပ်မှာ အရက်မူးသမား အုပ်စုနဲ့ တွေ့တယ် မေမေ။ သူတို့က သမီးကို သီချင်းဆိုခိုင်းတယ် ။ မဆိုပြရင် ဖက်နမ်းရလိမ့်မယ်လို့ ခြိမ်းခြောက်ကြတယ် မေမေ "
" အဲဒီတော့ သမီးက ဆိုပြလိုက်တယ်ပေါ့ "
" ဟွန့် မေမေ သိသားနဲ့ သမီးမှ မဆိုတက်တဲ့ဟာ "
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #403 on: June 10, 2011, 08:16:44 AM »
မှတ်သားလောက်တယ်

သူငယ်ချင်း မင်း.....ဘယ်မြို့ကမယ် ၊ ဘယ်တိုင်းကမယ် ၊ မယ်ဗမာ ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား

အေး...ကြားဖူးတယ်။ ဘာဖြစ်လို့လဲ

ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့
သူဘာမယ်ဆိုတာ ပြောပြတယ်ကွ။ မင်း..သိမှာ မဟုတ်ပါဘူး။

ဟုတ်လားကွ...." ဘာမယ်တဲ့တုန်း "

" ပါးကျိုးမယ် " တဲ့
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #404 on: June 10, 2011, 08:17:30 AM »
ကျေးဇူးပါ

ကုမ္ပဏီပိုင်ရှင်တစ်ယောက်က ၃လ အတွင်း မန်နေဂျာရာထူးအထိရောက်ရှိလာသော လူငယ်တစ်ယောက်အား ခေါ်ယူကာ ချီးကျူးပြောဆိုလေသည်။

ပိုင်ရှင်။ ။ မင်းဟာ ဒီအလုပ်ကို လွန်ခဲ့တဲ့ ၃ လမှ စလုပ်တယ်။ ၂ ပတ်အတွင်းမှာပဲ ရာထူးတက်တယ်။ နောက် ၁ လ အကြာမှာ လက်ထောက်မန်နေဂျာဖြစ်လာတယ်။ နောက် ၆ ပတ် အကြာကြတော့ မင်း မန်နေဂျာရာထူးအထိ ရောက်လာတယ်။ မင်းတော်တော်ကြိုးစားတဲ့ သူငယ်ပဲ။ မင်းကိုပိုင်ဆိုင်ရတဲ့အတွက် ဂုဏ်ယူတယ်ကွာ။ ကဲ… ဘာပြောချင်သေးလဲ။

လူငယ်။ ။ ကျေးဇူးပါအဖေ။
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #405 on: June 10, 2011, 08:18:42 AM »
ဟိုတုန်းကလို

အမေရိကန်နိုင်ငံ တက္ကဆပ် ပြည်နယ်မှာပေါ့၊..
ကောင်းဘွိုင်တွေရှိတဲ့နယ်မြေပါ။ သိမှာပါ သူတို့ က မြန်မာပြည်ကကောင်းဘွိုင်တွေလို လေးဂွကိုင်တာတော့မဟုတ်ပါဘူး။ သေနတ်ကိုင်တာ။ ဒီတော့ သူတို့ကို နည်းနည်းတော့ လူရှိန်ကြတာပေါ့။ (အမှန်တော့ လူတွေက အသုံးကျချင်မှာကျမယ် လက်နက်အားကိုးကြတော့ လူရှိန်တာပေါ့ဗျာ ) တစ်နေ့အဲသည့်ကဘီယာဘားတစ်ခုအထဲကို လူတစ်ယောက်ဝင်လာပြီး
အားလုံးကြားအောင်အော်ပြောလိုက်တယ်။
"ဟေ့..အားလုံးနားထောင်ကြစမ်း၊ ကျုပ် အပြင်မှာရပ်ထားတဲ့မြင်းကိုတွေ့ လား၊ သူ့ ကို ဘယ်မအေ××× လက်ကမြင်းပြီး ဆေးသုတ်သွားတယ်မသိဘူး၊ ကျုပ်မြင်း တစ်ကိုယ်လုံး အစိမ်းရောင်ဖြစ်ကုန်ပြီ။ အဲဒါ အခုချက်ချင်း တစ်ခုခုလုပ်ပေးရင်လုပ်ပေး မလုပ်ပေးလို့ကတော့ .. လွန်ခဲ့တဲ့ နှစ် ၂၀ က ကျုပ်အဖေလုပ်သလို လုပ်ရလိမ့်မယ်။"

လူတွေက သူ့စကားကြားတော့ ထိတ်ထိတ်ပြာပြာ ဖြစ်သွားကြတယ်။ ရေပုံးကိုင်သူကကိုင် ဘရက်ရှ် ဆွဲသူကဆွဲနဲ့အားလုံးက ၀ိုင်းသမပေးလိုက်တော့ နာရီပိုင်းအတွင်းမှာ မြင်းက ဆေးရောင်တွေပျောက်သွားတယ်။

သည်အချိန်မှာ လူတစ်ယောက်သူ့နားကပ်လာပြီး မ၀ံမရဲမေးတယ်။
"နောင်ကြီးအဖေက လွန်ခဲ့တဲ့ နှစ်၂၀က ဘာတွေများလုပ်ပစ်လိုက်လဲဟင် .."

အဲသည့် တော့ဟိုဘဲကြီးပြန်ဖြေတာက-

"ဘာလုပ်ရမှာလဲဗျ ....... မြင်းတစ်ကောင် အသစ်ထပ်ဝယ်လိုက်ရတာပေါ့ "
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #406 on: June 10, 2011, 08:20:12 AM »
နည်းနည်းစောင့်ပါ

ပထ၀ီဝင်ဆရာမ - " ရှမ်းကုန်းပြင်မြင်နဲ့ ပတ်သက်လို့ မင်းတို့သိသမျှ ပြောပြစမ်းကွာ "
တပည့် - " လောလောဆယ်တော့ ဘာမှ မသိသေးပါဘူး ခင်ဗျာ။ ဒါပေမဲ့ သိသိချင်း ပြောပြပါ့မယ်



မသိသေးပါဘူး

သင်္ချာဆရာက ကျောင်းသားတစ်ယောက်ကို စာမေးနေတယ်။
"ချက်စူ.. ထပါ
ဆရာမင်းအဖေကို ငွေတစ်သောင်းချေးလိုက်တယ်။ မင်းအဖေက တစ်လတစ်ထောင်ပြန်ဆပ်ပါမယ်လို့ကတိပေးတယ်။ ခြောက်လကြာရင် မင်းအဖေ ဆရာ့ကို ဘယ်လောက်ပေးဖို့ကျန်မလဲ"
"တစ်သောင်းကျန်ပါ့မယ်ဆရာ"
"ခက်ပါ့လား မင်းကအခုထိ ငါ့သင်္ချာအကြောင်း မသိသေးဘူးပဲ"
"ဆရာလည်း ကျွန်တော့အဖေအကြောင်း မသိသေးပါဘူး" ။
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #407 on: June 10, 2011, 08:21:10 AM »
အချစ်အတွက်ဆိုရင်

" အချစ်အတွက်ဆိုရင် ဘာပဲ လုပ်ရလုပ်ရ ၊ ဘာနဲ့မှ မလဲနိင်ဘူး ။ အရာအားလုံးကို စွန့်လွှတ်ရဲတယ်ဘယ်အရာမှ လာပြီး တားလို့ မရဘူးကွ "
" ကဲပါ ယုံပါပြီ ရှင်ရယ် ၊ ဒီညနေ ရုပ်ရှင်လိုက်ပြဖို့ ချိန်းထားတာလည်း မေ့မနေနဲ့ဦးနော် "
" စိတ်ချ စိတ်ချ ဖဲဝိုင်းမလုပ်ဖြစ်ဘူးဆိုရင် ဆက်ဆက် လာခေါ်မယ် စောင့်နေ "
+1

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #408 on: June 10, 2011, 08:22:37 AM »
သူ.ဖာသာသူ အဆုံးစီရင်တာ မဟုတ်ပါဘူးရှင်

ိ စိတ္တဇ ဆေးရုံမှာ စိတ္တဇ ဝေဒနာရှင် လူနာ အမျိုးသမီး တဦးနှင်. အမျိုးသား
 တစ်ဦး ရှိပါသည်။ တနေ. သူတို.၂ယောက် အတူလမ်းလျှောက်နေတုန်း
 ဆေးရုံရဲ.ရေကူးကန်နား ရောက်တော. အမျိုးသား က ကန်ထဲသို.
 ခုန်ဆင်းချလိုက်ပါတယ်။ ပြီးတော. ရေနစ်တော.တာပဲ။ ဒါနဲ. အမျိုးသမီး ကလဲ
 အလျှင်အမြန်ခုန်ဆင်းပြီး ကုန်းပေါ်သို.ဆွဲတင် ကယ်ဆယ် လာခဲ.ပါတယ်။

 အမျိုးသမီးရဲ. ကောင်းမွန်တဲ.ပြုမူချက်ကြောင်.၊ စိတ်ပြန်လည် လာသည်မှတ်ကာ
 ဆရာဝန်ကြီး က သူ.အား ဆေးရုံက ဆင်းခွင်.ပေးဖို. ခွင်.ပြုလိုက်ပါတယ်။ ဒါနဲ.
 ဆရာဝန်ကြီးကိုယ်တိုင် ထိုအမျိုးသမီးဆီသွားပြီး

 ဆရာဝန် - နေကောင်းလား ခင်ဗျာ။ ခင်ဗျားကို သတင်းကောင်း တခု နဲ.
 သတင်းဆိုးတခု ပြောစရာရှိတယ်ဗျ။ သတင်းကောင်းကတော. ခင်ဗျား ပုံမှန်လူတွေ
 လို စိတ်ပြန်လည်လာလို. ဆေးရုံက ဆင်းခွင်.ပေးလိုက်မယ်။ သတင်းဆိုးကတော.
 ခင်ဗျားကယ်ခဲ.တဲ. အမျိုးသားလူနာ ခုနလေးကပဲ ရေချိုးခန်းထဲမှာ တံဘတ် နဲ.
 ဆွဲကြိုးချပြီး ကိုယ်.ကိုယ်ကိုယ် အဆုံးစီရင်သွားရှာတယ်။
 စိတ်မကောင်းပါဘူးခင်ဗျာ။

 အမျိုးသမီး - အော်ဟုတ်လား၊ သူ.ဖာသာသူ အဆုံးစီရင်တာ မဟုတ်ပါဘူးရှင် ၊
 ကျွန်မကိုယ်တိုင်သူကို. ရေတွေ စိုနေလို. ခြောက်သွားအောင်
 လှန်းပေးလိုက်ခဲ.တာပါ။
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #409 on: June 10, 2011, 08:23:26 AM »
ပါတော့ ပါသွားတယ်

ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါ အလွန်စိုးရိမ်
တက်သော ဆရာက

ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ.....ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ
+3

Tags: